Happy Ending-Chapter-25

3.6K 462 48
                                    

“မနေ့က ကောင်းကောင်းတောင်မနှုတ်ဆက်လိုက်ရဘူး။ Krist တို့ကခု ပြန်တော့မှာလား။”

“ဟုတ်ကဲ့ New . ပိတ်ရက်ဆိုပေမယ့် မနက်ဖြန်ပဲ ကျွန်တော် overtime ဆင်းဖို့ရှိနေတာ.။Sing က ပြန်မလာနိုင်သေးတာနဲ့ လာကြည့်တာ.။ New ခြေထောက်ကရော အဆင်ပြေရဲ့လားဟင်။အရမ်းဖျားနေတယ်ဆိုကတည်းက လာကြည့်ချင်နေတာပါ.”

New က အဆင်ပြေကြောင်းကို ခေါင်းညိတ်ကာရယ်ပြလျက်သိစေသည်။ပြုံးလိုက်လျှင် စိတ်လိုလက်ရအပြုံးနှင့် New က အမှန်တကယ်ကို နှစ်လိုခင်မင်ဖွယ်ကောင်းသည်။ ဒီလိုလူကို သူက မနေ့က Singto ကျောပေါ်ရှိနေတာလေး တစ်ခုတည်းနှင့်ပင် မျက်နှာစူပုတ်ပုတ်ကိုပြမိသည့်အတွက် အားနာရ၏။

အဲ့ဒါတွေ အကုန်လုံး Sing မကောင်းလို့ဖြစ်တာ.။

“Tay တို့ မနက်စာသွားဝယ်တာလည်း ကြာလိုက်တာ။ အိမ်မှာက ဘာမှမရှိတာနဲ့.ဗိုက်ဆာနေပြီလား krist.”

“အာ-မဆာပါဘူး။ မနက်ကမထွက်လာခင်လေး မုန့်နည်းနည်းစားခဲ့သေးတယ်.”

Krist က အိမ်ခန်းပတ်လည်ကို ဝေ့ကြည့်သည်။သိပ်မကျယ်သောခြံဝင်းထဲက တစ်ထပ်တိုက်အိမ်ပုလေးသည် Tay အိမ်ဟုသိရပြီး ချစ်သူတွေဖြစ်ကတည်းက မိဘတွေမရှိတော့သည့် New ကို ခေါ်ကာ တူတူနေခဲ့ခြင်းဖြစ်သည်ဟု Singto က ပြောပြထားသည်။

“ဒါနဲ့ မနေ့ညက Singto ရဲ့တိုက်ခန်းမှာပဲ တူတူအိပ်တာလား.”

“ဟုတ်ကဲ့. မိုးချူပ်နေတာနဲ့ အိမ်လည်းပြန်မနေတော့ဘဲ အိပ်လိုက်တာ။ တစ်ယောက်တစ်ခန်းစီအိပ်တာပါ.သူ့အခန်းပိုတစ်ခုရှိတယ်.”

“ကျွန်တော်က ဒီတိုင်းမေးတာပါ krist က ဘာတွေအသည်းအသန်ရှင်းပြနေတာလဲ”

ပြုံးစစဖြင့် New ၏အမေးကြောင့် အိုးမလုံအုံပွင့်ရှာသော သူ့အဖြစ်သည် အဖြေတစ်ခုကို အပြေးအလွှားစဉ်းစားရပြန်ပါပြီ။ New ၏ရယ်သံတိုးတိုးထွက်ပေါ်လာသည်.။ စနောက်နေမှန်းလည်းသိသည်။ သို့ပေမယ့် ဘာပြန်ပြောရမည်ကိုမသိတာ။ New က ဒီလိုမျိုး သူများကို စနောက်တတ်လိမ့်မည်ဟု ထင်တောင်မထင်မိ။

“New ကလည်းဗျာ. ကျွန်တော်က  ဒီတိုင်းပြောပြတာ.”

“ဟုတ်ပါပြီ ဘာလို့ နားရွက်တွေကနီရဲလာတာလဲ.။ဒါနဲ့လေ တကယ်ပဲ တစ်ယောက်တစ်ခန်းအိပ်တာလားဟင်.”

Happy EndingWhere stories live. Discover now