Fake Love🔞 (Complete )
By layaung95
1M 53K 1.3K
(Unicode)"အချစ်ဟုတ်လား.......ကျွန်တော့်မှာယောကျာ်းတစ်ယောက်အတွက်အချစ်ဆိုတာမရှိဘူး..........." "ငါမင်းကိုချစ်သလ... More
intro(Unicode/Zawgyi)
Part 1(Unicode/Zawgyi)
Part 2(Unicode/Zawgyi)
Part3(Unicode/Zawgyi)
Part4(Unicode/Zawgyi)
Part 5(Unicode/Zawgyi)
Part6.(Unicode/Zawgyi)
Part7(Unicode/Zawgyi)
Part8(Unicode/Zawgyi)
Part 9(Unicode/Zawgyi)
Part10(Unicode/Zawgyi)
Part 11(Unicode/Zawgyi)
Part 12(Unicode/Zawgyi)
Part 13(Unicode/Zawgyi)
Part 14(Unicode/Zawgyi)
Part 15(Unicode/Zawgyi)
Part 16(Unicode/Zawgyi)
Part 17(Unicode/Zawgyi)
Part 18(Unicode/Zawgyi)
Part 19(Unicode/Zawgyi)
Part 20(Unicode/Zawgyi)
Part 21(Unicode/Zawgyi)
Part 22(Unicode/Zawgyi)
Part 23(Unicode/Zawgyi)
Part 24(Unicode/Zawgyi)
Part 25(Unicode/Zawgyi)
Part 26(Unicode/Zawgyi)
Part 27(Unicode/Zawgyi)
Part28(Unicode/Zawgyi)
Part 29(Unicode/Zawgyi)
Part 30(Unicode/Zawgyi)
Part 31(Unicode/Zawgyi)
Part 32(Unicode/Zawgyi)
Part 33(Unicode/Zawgyi)
Part 34(Unicode/Zawgyi)
Part 35(Unicode/Zawgyi)
Part 36(Unicode/Zawgyi)
Part 37(Unicode/Zawgyi)
Part 38(Unicode/Zawgyi)
Part39(Unicode/Zawgyi)
Part 40(Unicode/Zawgyi)
Part 41(Unicode/Zawgyi)
Part 42(Unicode/Zawgyi)
Part 43(Unicode/Zawgyi)
Part 44(Unicode/Zawgyi)
Part 45(Unicode/Zawgyi)
Part 46(Unicode/Zawgyi)
Part 47(Unicode/Zawgyi)
Part 48(Unicode/Zawgyi)
Part 49(Unicode/Zawgyi)
Part 50(Unicode/Zawgyi)
Part 51(Unicode/Zawgyi)
Part 52(Unicode/Zawgyi)
Part 54(Unicode/Zawgyi)
Part 55(Unicode/Zawgyi)
Part 56(Unicode/Zawgyi)
Part 57(Unicode/Zawgyi)
ဇာတ်သိမ်းပိုင်း(Unicode/Zawgyi)
ကျေးဇူးတင်လွှာ (Uni/Zaw 🙁)
Part 53(Unicode/Zawgyi)
11.4K 656 20
By layaung95
[Unicode]ကံသီသွား၍ သူ waiterလုပ်နေမှန်း ဘုန်းမြတ်သိမသွားပေ။
ဆိုင်ကနေအေးဆေးစွာထွက်လာနိုင်ခဲ့သည်။ ကားထဲမှာ သာယာဖွယ်သီချင်းအေးအေးလေးတစ်ခုကိုဖွင့်ထားကာ မောင်းနှင်လာခဲ့သည်။
မူပိုင်တစ်ယောက်တော့ အသံတိတ်ကာပါလာလျှက်. . .အိမ်သို့ပြန်ရောက်လာကြသည်။
''မိုးတောင်ချုပ်နေပြီ ပြန်တော့လေ. . . ''
သနားစရာကိုဘုန်းမြတ်လေး ကားပေါ်ကတောင်မဆင်းရသေး ချက်ချင်းအိမ်ကိုတန်းပြန်ခိုင်းသောမူပိုင်စကားကြောင့် မျက်နှာပျက်သွားရသည်။
''သွားရတော့မှာပေါ့လေ . . . ကိုယ်စဉ်းစားနေတာသိလား ခုနက waiterလေ  စိတ်မှန်ရဲ့လားမသိဘူးနော် ကိုယ်ကမင်းကိုဘာလုပ်ဖို့ခေါ်တာလဲတဲ့ haha. . . ချစ်လို့အတူစားဖို့ခေါ်လာတာလေ နော့်. . . . ''
ဘုန်းမြတ်ကတော့ အခက်ခဲမရှိ ပေါ့ပါးစွာစကားစလိုက်သည်။ ဒါပေမယ့် မူပိုင်အသံကစိုးထိတ်သွားရသည့်ပုံနှင့်ပြန်ပြောလာသည်။
''အင်း.. . .''
''မင်းကို သူသိသလိုပြောနေတာနော် မင်းတို့အသိတွေမို့လို့လား  . . ''
''ဘယ်. . . ဘယ်လိုသိမှာလဲ တစ်ခါမှတောင်မတွေ့ဖူးတာ. . . ''
''သြော် အင်း. . . သူလူမှားတာဖြစ်မယ် . . ''
''နောက်အဲ့ဒီဆိုင် မသွားချင်ဘူး ကျွန်တော်မကြိုက်ဘူး . . . ''
မကြိုက်တဲ့ပုံစံနဲ့ သူတားလိုက်၍ ဘုန်းမြတ်အနည်းငယ်နားမလည်နိုင်ဖြစ်သွားရသည်။ ဒါပေမယ့် သူ့ရည်းစားလေးအကြိုက်လိုက်ပေးလိုက်၏။
''အင်း မင်းမကြိုက်ရင်မသွားတော့ဘူးလေ နော့်. . . . ''
''အင်း. . . ပြန်တော့လေ ကျွန်တော်လည်းပင်ပန်းနေပြီ နားတော့မယ်. . . ''
''ပြန်တော့ပဲပြောမှာလား. . . . ဟင့်. . . ''
ကြက်တူရွေးအရှုံးပေးရလောက်အောင်ထော်ထွက်လာသောဘုန်းမြတ်နှုတ်ခမ်းကြီး။
''ဟာ အဲ့ဒါကြီးကဘာဖြစ်တာတုန်းဗျာ . . . မြင်လို့မှမကောင်း. . ''
''အပြန်လက်ဆောင်အနမ်းလေးဘာလေးမပေးချင်ဘူးလား. . ''
''မပေးချင်ပါဘူး ပြန်တော့. . . ''
''လိုချင်တဲ့ဟာကို မူပိုင်မကောင်းဘူးကွာ. . . ''
''ကျွန်တော်မကောင်းတာအခုမှသိတာလား ''
ပြောစရာတောင်မရှိလှတော့ မျှော်လင့်ချက်မဲ့သွားရကာ ခေါင်းငေါက်စိုက်ချရင်း ဘုန်းမြတ်စိတ်လေတော့သည်။
*လက်ထပ်ခွင့်တောင်းတဲ့နေ့တောင် ချစ်သူဆီကချစ်တယ်အဖြေလည်းမရ အနမ်းလည်းမရ ငါကပဲညံ့နေလို့လားကွာ. . .dramaကားတွေကပဲ မဖြစ်နိုင်တာတွေ roပြထားကြတာလားလေ  *
ထိုအချိန်မှ သူ့ရဲ့ပါးတစ်ဖက်သို့ကျရောက်လာသော အိစက်စက်နှုတ်ခမ်းလေးတစ်စုံ။
မကြာပါဘူး။ ခဏလေးပါ။ သူ့ခမျာနမ်းတယ်လို့တောင်မသိလိုက်ရ။
''ဟာ. . . မူပိုင်. . . . ''
''အနမ်းပေးပြီးပြီနော် ပြန်တော့. . . ''
''ခုနကပြောတော့မနမ်းဘူးဆို. . . ''
''အခုနမ်းချင်စိတ်ပေါက်လာလို့. . . နမ်းလိုက်တာ. . . ''
''ကြိုပြောလေကွာ. . . ''
''surpriseလုပ်ချင်လို့မပြောတာလေ ''
''ဘာမှမခံစားလိုက်ရဘူး ပြန်နမ်းပေး. . . ''
''ဟာ တော်ပါနော် တစ်ခါပဲ . . . သွားပြီ. . . . ''
အချေတော်လေးက နောက်တီးနောက်တောက်စသွားပြီး အိမ်ထဲကိုတန်းနေအောင်ပြေးသွားလေသည်။
*ကလေးစုတ်လေး အသည်းယားအောင်နှောင့်သွားတယ်. . . ရင်တောင်ဘယ်နားကခုန်ထွက်သွားလဲမသိ. . . *
ဒါပေမယ့်လည်း နမ်းသွားတယ်ဆိုတဲ့အသိကြောင့် သူ့ပါးသူပြန်ကိုင်ကာကျေနပ်နေရင်း ပြန်သွားရသည်။
🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽
''ဟေ့ကောင် အစုတ်ပလုတ် မင်းကမာနအကြီးသားနော်. . . ငါ့ကိုမနေ့ကအဖက်တောင်မလုပ်ဘူး. . . ''
တစ်နေ့ အလုပ်မှာပြန်တွေ့ကြတော့ ထိုwaiterကသူ့ကိုမကျေနပ်စွာပြောလာပါတော့သည်။
''မဟုတ်ပါဘူး မင်းနိုင်ရာ ဒီတိုင်းပါပဲ အဲ့ဒီနေ့ကငါ့ဧည့်သည်နဲ့မို့ပါ''
''အေးပါကွာ ''
မင်းနိုင်ဆိုတဲ့အရပ်ရှည်ရှည် အသားညိုညို ကောင်လေးတစ်ယောက်နဲ့ မူပိုင် စကားဆိုနေရင်း မှာသူတွေများလာတာကြောင့် စကားလက်စကိုဖြတ်ပြီး မင်းနိုင်ထွက်သွားလေသည်။
မူပိုင်ကတော့ ပန်းကန်တွေဆေးနေရင်း ကျန်ရစ်နေခဲ့လေသည်။
. . . . . . ဟေ့ ဟေ့ မြန်မြန်လှမ်းယူ. . . . . .
ထိုစဉ် တခြားwaiterတစ်ယောက် စားသောက်ပြီးသားပန်းကန်အထပ်လိုက် မနိုင်မနင်းမလာလေသည်။ ဒါနဲ့ မူပိုင်လည်းအပြေးအလွှားသွားထိန်းပေးလိုက်ရတာပေါ့။
'' ရလား အကို. . . ''
သူတို့နှစ်ယောက်ထိန်းနေရင်းမှ လက်ချော်ကာ ထိပ်ဆုံးကပန်းကန်တစ်ခုကွဲကျလေတော့သည်။
. . . . . . . ခလွမ်. . . . . . . . .
''ဟာ ကွဲပြီ. . . . . ''
နှစ်ယောက်စလုံးလည်း လန့်သွားတဲ့ပုံနဲ့ လက်ထဲကပန်းကန်တွေကို စားပွဲတစ်ခုပေါ်သို့အမြန်တင်လိုက်ရသည်။
''ဖြစ်ပြန်ပြီ . . . ဆေးတဲ့နေရာမှာဆိုရင် ပန်းကန်ကွဲသံမကြားလို့မရဘူးလား  ဒါလေးကိုသေချာမထိန်းနိုင်ဘူး ကွဲပြန်ပြီ. . . ''
အသံကြားတာနဲ့ ဆိုင်ရှင်ရဲ့လက်ထောက်က ပေါက်ပေါက်ဖောက်ပါတော့သည်။ လစာဖြတ်မှာကြောက်၍ ထိုပန်းကန်ကွဲတွေကိုနှစ်ယောက်သားအမြန်ကောက်လိုက်ရ၏။
. . . . . . . .အကိုကောက်လိုက်မယ်. . . . .
. . . . . . . . . . .ရတယ် ကျွန်တော်ကောက်မယ်. . . . . . . .
. . . . .အ. . . . . . . . . . . .
လောနေတာမို့ သူ့လက်ချောင်းတွေကို ထိုပန်းကန်ကွဲတွေရှလာသော်လည်း မထီမဲ့မြင်ပြုကာ မြန်မြန်အမှိုက်တောင်းထဲထည့်လိုက်ရသည်။
''တောင်းပန်ပါတယ်ဗျာ မတော်တဆပါ တစ်ခါခွင့်လွှတ်ပေးပါနော် နောက်မဖြစ်စေရပါဘူး. . . . ''
ထိုတစ်ယောက်ကလည်း လက်ထောက်အား အနူးညွှတ်တောင်းပန်နေလေ၏။
''အေး နောက်တစ်ခါထပ်ဖြစ်ရင် လစာဖြတ်မယ်''
ခြိမ်းခြောက်စကားနှင့်အတူ ခက်ထန်သောမျက်နှာထားနှင့်ထွက်သွားလေသည်။ ထိုအခါမှ ထိုwaiterလည်း တခြားဖက်သို့ထွက်သွား၏။
ပန်းကန်ဆေးတဲ့နေရာသို့ မူပိုင်ပြန်နေရာယူလိုက်ရာ ဆပ်ပြာရေတွေဟာ သူ့ရဲ့ရှထားသောလက်ချောင်းကြားထဲစိမ့်ဝင်လာလေတော့ တဆစ်ဆစ်နဲ့စပ်လှလေသည်။
. . . . . . . .အ. . . . . . .စပ်တာ. . . . . . .
အမှတ်တမဲ့ဖြစ်သွားတာမို့ သူ့လက်တွေကို လေထဲတစ်ခါလောက်ခါရမ်းလိုက်ပြီး ထပ်၍ကြိတ်မှိတ်ကာ ပန်းကန်များကိုဆေးကြောနေခဲ့၏။
🏢🏢🏢🏢🏢🏢🏢🏢🏢🏢🏢🏢🏢🏢
''ဒီနေ့ အစည်းအဝေးကို ဒီမှာပဲ ရပ်နားလိုက်ပါ့မယ် ''
ဈေးကွက်တွေအကြောင်း အသစ်ပြန်လည်ဆွေးနွေးရင်း company profitတွေကိုတွက်ဆရင်း အစည်းအဝေးကိုရပ်လိုက်၏။
ထိုအခါမှ အဖွဲ့ဝင်များ နေရာမှထကာ သက်ဆိုင်ရာနေရာတွေသို့ပြန်လာကြလေသည်။
ဘုန်းမြတ်လည်း ကော်လံကနေနက်ခ်တိုင်ကိုအနည်းငယ်ဖြေလျော့လိုက်ရင်း သူ့ရုံးခန်းသို့ပြန်လာ၏။
*ဟူး . . . မောလိုက်တာ. . . . . . *
စိတ်ဖိစီးမှုတွေကိုလျှော့ချလိုက်ရင်း သူ့ခုံပေါ်သို့ ထိုင်ချလိုက်သည်။
ဘေးမှာ ထွန်းကိုတစ်ယောက် မတ်တတ်ရပ်ကာအရိုအသေပေးနေ၏။
သူ့မျက်နှာကိုကြည့်ရသည်က မလုံမလဲဖြစ်နေသည့်ပုံဖြစ်တာကြောင့် ဘုန်းမြတ်မေးလိုက်မိသည်။
''ဟေ့ကောင် မင်းမျက်နှာကလည်းမူန်သုန်နေတာပဲ. . . ဘာဖြစ်ထားလို့လဲ ဘာအဆင်မပြေလို့လဲ. . . ''
ဘုန်းမြတ်မေးတော့ သူတစ်ခုခုကိုပေါ်သွားမှာကြောက်နေသည့်ပုံနှင့် လန့်သွားရှာသည်။
*သူဌေးကအခုပင်ပန်းနေတာ. . . ငါပြောလိုက်ရင်ထပ်ပြီးရှော့ရသွားလိမ့်မယ်. . . သူ့ရောဂါကအခုမှသက်သာခါစရှိသေးတာကိုး*
ဘုန်းမြတ်မေးနေတာအတော်ကြာတဲ့အထိ ထွန်းကိုပြန်မဖြေ။ ခဏနေမှ သတိပြန်ဝင်လာ၏။
''သြော်. . . ဘာမဟုတ်ပါဘူး. . . သူဌေးပင်ပန်းနေတာကိုကြည့်ပြီးနည်းနည်းစိတ်မသက်မသာဖြစ်လို့ပါ. . . သူဌေးဆေးသောက်ဖို့အချိန်ရောက်တော့မယ် ထမင်းစားတော့မလား. . ကျွန်တော်ကားပြင်လိုက်မယ်. . . ''
ထွန်းကိုကသူ့အရိပ်အခြေကိုကြည့်ပြီး တစ်စုံတစ်ခုကိုဖုံးကွယ်ကာစကားလမ်းကြောင်းပြောင်းလိုက်၍ ဘုန်းမြတ်လည်းသတိမမူမိပဲ ထမင်းစားဖို့ထွက်လာခဲ့လိုက်သည်။
🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮
1Kကျော်သွားတာကို promotion မချရသေးလို့နှစ်ပိုင်းလာအပ်တာပါ😁😁
စကားမစပ် ထွန်းကိုဘာပြုနေတာလဲမသိဘူးနော် 🙄🤔
Authorရဲ့ acc ပါ....
အကောင့်နာမည်လေးတွေပြောပေးခဲ့ကြနော်
မသိရင်လက်မခံပေးပဲကျန်နေခဲ့မှာစိုးလို့ပါ 😇
ချေတယ်လို့လည်းမဟုတ်ပါဘူး
Thx for your voting and feedback
Continue ❤
[Zawgyi]ကံသီသွား၍ သူ waiterလုပ်နေမှန်း ဘုန်းမြတ်သိမသွားပေ။
''အင်း.. . .''
''ဟာ. . . မူပိုင်. . . . ''
''ကြိုပြောလေကွာ. . . ''
🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽
''အေးပါကွာ ''
'' ရလား အကို. . . ''
. . . . . . . ခလွမ်. . . . . . . . .
''ဟာ ကွဲပြီ. . . . . ''
. . . . . . . .အကိုကောက်လိုက်မယ်. . . . .
. . . . .အ. . . . . . . . . . . .
. . . . . . . .အ. . . . . . .စပ်တာ. . . . . . .
🏢🏢🏢🏢🏢🏢🏢🏢🏢🏢🏢🏢🏢🏢
*ဟူး . . . မောလိုက်တာ. . . . . . *
🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮
Authorရဲ့ acc ပါ....
Continue ❤
Continue Reading
You'll Also Like
321K 21.2K 10
အချစ်ဆိုတဲ့အရာဟာဆန်းကြယ်လွန်းတယ်.... ဘယ်အချိန်ဘယ်​နေရာမှာဘယ်လိုပုံစံနဲ့​ရောက်လာမလဲဆိုတာကြိုတင်မခန့်မှန်းနိုင်ဘူး..... ​နွ...
1.6M 131K 28
သောင်းဆင့်ဆက်နိုင် နှင်းဆီဘွဲ့ဆူး
124K 13.8K 113
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
608K 43K 50
Uni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတ...