PURPLE || KV || ✔

De Roxanne_kv

290K 26.7K 1.9K

This story is my first Hybrid Creation 💕 I hope you'll enjoy Baby Tae and Daddy Jeon 🐰🐯 Mais

Intro
Episode.1
Episode.2
Episode.3
Episode.4
Taekook!!!!
Episode.5
Episode.6
Episode.7
Episode.8
Episode.9
Episode.10
Episode.12
Episode.13
Episode.14
Episode.15
Episode .16
Episode.17
Episode.18
Episode.19
° Final °

Episode.11

10.7K 850 65
De Roxanne_kv

Zawgyi

Seoulၿမိဳ႕ရဲ႕အခ်က္အခ်ာက်က်ၿမိဳ႕လယ္ေခါင္
'Royal Ink' ဆိုတဲ့ Tattoo ဆိုင္ႀကီးဟာ
အခုဆိုရင္ေတာ့ျဖင့္ 'Vincent Graham'
ဆိုတဲ့ဆိုင္းဘုတ္ႀကီးနဲ႔ လူႀကီးလူငယ္မေရြး
ဝင္ထြက္ေနၾကတဲ့ Art Gallery ႀကီးတစ္ခု
ျဖစ္ေနခဲ့ၿပီ ။

အႏုပညာကိုစိတ္ဝင္စားၾကတဲ့ လူအမ်ားစု
အတြက္ေတာ့ Vincent ဟာေတာ္ေတာ္
ေလးကိုသေဘာက်စရာေကာင္းသည္ ။
ပန္းခ်ီဆရာရယ္လို႔သီးသီးျခားျခား
သတ္မွတ္ၿပီးဆြဲထားတာမ်ိဳးမဟုတ္ေနဘဲ
ကိုယ့္အေတြးကိုယ့္အျမင္ေတြကို လြတ္လပ္စြာ
ပံုေဖာ္လို႔ရတဲ့ေနရာမ်ိဳးေလး ။

*Woahh... ဒီပန္းခ်ီကားက မိုက္လိုက္တာ*

*ကာလာစပ္လဲ သိပ္ေကာင္းတာပဲ...*

*ပံုေဖာ္ထားတဲ့Ideaေလးကလဲ တမိ်ဳးေလးနဲ႔*

ဘက္ေပါင္းစံုေအာင္ကြၽမ္းက်င္ပိုင္ႏိုင္လြန္းတဲ့
Jungkookဟာ 'Royal Ink' ကိုစဖြင္ခဲ့
တာကလဲ ပန္းခ်ီအေျခခံပညာရပ္တစ္ခုျဖစ္တာ
မို႔ ေလ့လာလိုတဲ့သေဘာနဲ႔ဖြင့္ခဲ့ျခင္းသာ ။

သို႔ေသာ္ ရင့္က်က္လာတာႏွင့္အမ်ွနားလည္
လာခဲ့သည္က သူဒီအလုပ္နဲ႔တစ္သက္လံုး
ေ႐ွ႕ဆက္ဖို႔ဆိုတာမ်ိဳးႀကီးဟာ မျဖစ္ႏိုင္ ။
ဝင္ေငြေကာင္းတယ္ ၊ ကိုယ္ပိုင္လုပ္ငန္းလဲ
ျဖစ္တယ္ ၊ ပင္ပင္ပန္းပန္းစိတ္ဖိစီးရတာမ်ိဳးလဲ
မဟုတ္တာေၾကာင့္လဲ Jungkookကိုယ္တိုင္
ေရြးခ်ယ္ခဲ့ဖူးေသာ္လည္း အခုသူ႔အေျခအေန
ဟာအရင္လိုမဟုတ္ေတာ့ ။

Jeon Groupပိုင္႐ွင္ရဲ႕သားတစ္ေယာက္ဟာ
ပညာတတ္ၿပီး Tattoဆိုင္ဖြင့္စားတယ္ဆိုတဲ့
ပုတ္ခတ္ျခင္းမ်ိဳးကုိ သူဂ႐ုမစိုက္ေပမဲ့
သူ႔ကေလးအတြက္ေတာ့ ဂ႐ုစိုက္ရမယ္ေလ ။
သူ႔အတြက္သာ Tattoဆိုတာအႏုပညာတစ္ရပ္
အေနနဲ႔ရသေျမာက္ေနေပမဲ့ လူအမ်ားအျမင္မွာ
ဒါဟာ ကိုယ့္အသားအနာခံၿပီးေတြ႔ရာေလ်ွာက္
ဆြဲထားတာလို႔သာျမင္မွာ ေသခ်ာသည္ ။

ပိုဆိုးသည္က Tae ေလး....
တခ်ိန္ကေပြခဲ့႐ႈပ္ခဲ့ဖူးတဲ့သူဟာ Playboyဘြဲ႔ကို
PhDရၿပီးသားသူမို႔ သူအတည္ခ်စ္ပါတယ္
ေျပာလဲ ပတ္ဝန္းက်င္ဆိုတာႀကီးကေတာ့
Tae ကိုသူအေပ်ာ္ဝယ္ထားတဲ့ Slave
တစ္ေယာက္အျဖစ္ျမင္ေနၾကသည္ ။

ကေလးက သူတို႔စကားသံေတြဘာမွ
နားမလည္လုိ႔ျပန္မေမးတာမွန္ေပမဲ့ တေန႔
သိသြားတဲ့အခ်ိန္မွာ စိတ္ထိခိုက္မယ္ဆိုတာ
ေသခ်ာသည္ ။ ဒီေတာ့သူ႔အမူအက်င့္ေတြကို
တျဖည္းျဖည္းေျပာင္းယူဖို႔ႀကိဳးစားေတာ့တယ္
ခ်စ္တာကိုးးး ကေလးေလးရဲ႕!

" Jungkook အျပင္မွာေမွာင္ေနၿပီ ။ ဆြဲလက္စ
ဆိုလဲ ေနာက္ေန႔မွလက္စသတ္ခ်ည္ ။ အိမ္မွာ
အငယ္ေလး ေစာင့္ေနေရာေပါ့ "

"ဘယ္ႏွစ္နာရီေတာင္႐ွိသြားၿပီလဲ Hobi hyung?"

"ေျခာက္ခြဲၿပီ ။ ေဆာင္းတြင္းဆိုေတာ့ မိုးခ်ဳပ္တာ
ကလဲျမန္တယ္ ။ မင္းျပန္ရင္ျပန္ေတာ့ေလ "

"ဒါဆို က်ေတာ္ျပန္ၿပီ Hyung ။ See Ya!"

ဒီဇင္ဘာေက်ာင္းပိတ္ရက္ျဖစ္တာကတေၾကာင္း
သူကိုယ္တိုင္ကလဲ Art Gallery ဘက္ကို
ဦးစားေပးေနတာတေၾကာင္းေၾကာင့္
ထိုကေလးေလးနဲ႔ သိပ္ၿပီးဖက္လွဲတကင္း
မေနျဖစ္ ။ သူလဲမအားတာေၾကာင့္ ကေလးနဲ႔
ၾကာၾကာမေနေပးႏိုင္ဘဲ တီဗီသာေပးၾကည့္
ထားရသည္ ။

အျပန္လမ္းမွာ ခရစၥမတ္ေရာက္ခါနီးၿပီ
ျဖစ္တာေၾကာင့္ ျမဴ လိုလို ႏွင္းလိုလိုအမႈန္ျဖဴ ျဖဴ
ေလးေတြက ဟိုတစ္စဒီတစ္စနဲ႔က်ေနေသး
သည္ ။ လမ္းထိပ္နားေရာက္ေတာ့ သူထိုင္ေနက် ေကာ္ဖီဆိုင္ေလးမပိတ္ေသးတာေၾကာင့္
အေကာင္ေပါက္ေလးအတြက္ ေခ်ာကလက္
ေဖ်ာ္ရည္ပူပူေလး ဝယ္သြားေပးဖို႔ဆံုးျဖတ္
မိသည္ ။

*ခုနစ္နာရီေတာင္ခြဲၿပီ ။ ဟိုကေလးေလးသူ႔ကို
ေမ်ွာ္ေလာက္ေရာေပါ့ *

အေတြးနဲ႔တင္ဆိုင္ထဲကေကာင္တာမွာ
ေခ်ာကလက္ေဖ်ာ္ရည္မွာရင္းေစာင့္ေနတဲ့
ေကာင္ေလးဟာ ဝမ္းသာရိပ္သန္းစြာနဲ႔
ေက်ေက်နပ္နပ္ျပံဳးေနခဲ့သည္ကို
ေကာင္တာက ေကာင္မေလးကေတာ့ထူးဆန္း
စြာၾကည့္ေနခဲ့ရသည္ ။

>> P U R P L E <<

"Tae? ကိုယ္ျပန္ေရာက္ၿပီ ။ အေပၚမွာပဲတီဗီ
ေတြၾကည့္မေနနဲ႔ ။ ကိုယ့္ဆီလာပါဦး "

လူရိပ္လူေျခမေတြ႔ရတဲ့အိမ္ေၾကာင့္Jungkook
ခ်က္ခ်င္းအေပၚထပ္ကိုတက္သြားလိုက္သည္ ။
Tae ေလး႐ွိမေန ။ က်စ္! ဒီေကာင္ေလးဘယ္ကို
ထြက္သြားရျပန္ၿပီတုန္း! နာရီကိုၾကည့္ေတာ့
႐ွစ္နာရီထိုးခါနီးၿပီ ။

သူလိုျဖဴ ျဖဴ ေသးေသး
ေကာင္ေလးတစ္ေယာက္ ဒီအခ်ိန္ႀကီးလမ္းေပၚ
ေလ်ွာက္သြားေနတာအႏၱရာယ္မ်ားလြန္းသည္ ။
အထူးသျဖင့္ ေပါက္စဟာ Hybridေလး
ျဖစ္တာေၾကာင့္ သူ႔စိုးရိမ္စိတ္ေတြတရိပ္ရိပ္
တက္လာခဲ့ရသည္ ။

"ေဘဘီ ႐ွာခ့္တူးတူး တူ တူတူ...
မာမီ ႐ွာခ့္တူးတူး တူ တူတူ...
ဒယ္ဒီ ႐ွာ့ခ္တူးတူး တူ... အမေလး ပါပါး႐ွာခ့္ရဲ႕!"

မိုးျပာေရာင္ေက်ာပိုးအိတ္ေလးကို
သူ႔လက္ေလးႏွစ္ဖက္နဲ႔တင္းတင္းဆုပ္ရင္း
အိမ္ထဲကိုသီခ်င္းတေၾကာ္ေၾကာ္ဖင္တလႈပ္လႈပ္
နဲ႔ ဝင္လာတဲ့ေကာင္ေလးကို စိတ္႐ွိတိုင္းသာဆို
အဲ့ဖင္ေလးကို သံုးေလးခ်က္ခပ္ဆတ္ဆတ္
႐ိုက္ပစ္လိုက္ခ်င္သည္ ။

ဒါေပမဲ့ ဟိုတခါလိုသူစိတ္မထိန္းႏိုင္ျဖစ္မွာကို
စိုးရိမ္တာေၾကာင့္ ေကာင္ေလးကိုသာ
ခါးေထာက္ရင္း ျပာမက်ရံုတမယ္ၾကည့္ေနမိ
သည္ ။ ၾကည့္ေန... ဒင္းေလးကိုဒီည ပညာ
ေကာင္းေကာင္းႀကီးကိုျပဦးမွာ!

"ပါပါး ျပန္ေရာက္ၿပီလား! ဒီေန႔Taetaeထက္
ေတာင္ေစာတာပဲေနာ္ "

"ဘယ္အခ်ိန္႐ွိၿပီလဲ?"

သူေလသံခပ္မာမာနဲ႔ေမးလိုက္ေတာ့
ျပံဳးၿဖီးေနတဲ့မ်က္ႏွာေလးကခ်က္ခ်င္းႏႈတ္ခမ္းႀကီး
ဆူထြက္လာတာ! ငါ့ႏွယ္... ဆူတာေတာင္
ေကာင္းေကာင္းမဆူရဘူး ။ အာေျခာက္လြန္း
လို႔ေရေသာက္ၿပီးမွျပန္လာဆူရတယ္ ။

"႐ွစ္နာရီပါ ပါပါး..."

"ညစာစားၿပီးၿပီလား?"

"ဟင့္အင္း..."

"သြား... ေရမိုးခ်ိဳးခ်ည္ ။ ကိုယ္ညစာျပင္ေပးမယ္"

ေခါင္းေလးအသာညႇိမ့္ျပရင္း သူ႔ေ႐ွ႕ကေန
ကုပ္ကုပ္ကုပ္ကုပ္ျဖတ္သြားတဲ့ ပိစိေလးကို
ၾကည့္ရင္း အသဲယားမိသည္ ။ သူလဲဆူမဲ့စခန္း
မေရာက္ဘဲ ညစာျပင္ေပးမဲ့အျဖစ္ကို
ႏႈတ္ခမ္းေလးဆူရံုနဲ႔တင္ေရာက္သြားရသည္ ။
အင္းး.... ေနာက္မွပဲေအးေဆးဆူပါမယ္ေလ ။

💜💜💜

"ညစာစားၿပီးရင္ တီဗီသြားၾကည့္ဖို႔ျပင္မေနနဲ႔ ။
ဧည့္ခန္းကိုလာခဲ့ဦး ၾကားလား Tae?"

"ဟုတ္ကဲ့ ပါပါး "

ဘာရယ္မဟုတ္ဘဲ အာဏာျပလိုရံုသက္သက္
ေၾကာင့္ အသံကိုအမိန္႔ဆန္ဆန္ခပ္မာမာ
ေျပာေတာ့ ေခါင္းေလးညႇိမ့္ျပသည္ ။
ခက္တယ္! ဒီဟာေလးကဒီလိုမ်ိဳးေတြေနျပ
ေနေတာ့ သူကဘယ္လိုစိတ္နဲ႔သြားဆူရမွာတဲ့
တုန္း! ပါးစပ္ေလးတျမႇံဳ႕ျမႇံဳ႕နဲ႔စားေနတဲ့အေကာင္
ေပါက္ေလးကို ဆက္မၾကည့္ေနမိေတာ့ေအာင္
သူကပဲဧည့္ခန္းကိုဦးေအာင္
ထြက္ခဲ့ရေတာ့သည္ ။

>> P U R P L E <<


နီညိဳေရာင္ညအိပ္ဝတ္စံုဝမ္းဆက္ေလး
ဝတ္ထားတဲ့ ထိုပိစိက စားၿပီးေသာက္ၿပီးေတာ့
သူ႔ေဘးနားမွာ ပံု႔ပံု႔ေလးထိုင္ရင္း
သူ႔ကိုၾကည့္လိုက္ ဖြင့္ထားတဲ့တီဗီကိုၾကည့္လိုက္
ႏွင့္ အလုပ္႐ႈပ္ေနသည္ ။

"ဘယ္သူကအိပ္ခိုင္းေသးလို႔ Eye maskေတြ
ဘာေတြပါ ႀကိဳတပ္ထားတာတုန္း?"

တပ္ထားတဲ့Eye maskေလးကိုသူ႔စကား
ေၾကာင့္ခ်က္ခ်င္းျပန္ျဖဳတ္ေတာ့ ဆံပင္ဝါဝါေလး
ေတြကပါ ေခြးေပါက္ေလးလိုစုတ္ဖြားေလး
ျဖစ္သြားရသည္ ။ သူ႔ကိုမရဲတရဲခိုးခိုးၾကည့္ေန
တာသိေပမဲ့ သူကလဲမ်က္ႏွာထားကိုလံုးဝ
မေလ်ာ့ေပး ။

*စိတ္ထိန္းစမ္း Jeon Jungkook! မင္းက
သာမန္မဟုတ္ဘူး ေစာက္ေခ်ာႀကီး! ဒီကေလး
ေလးရဲ႕စနက္မွာ အရည္ေပ်ာ္လို႔မျဖစ္ဘူး*

"ပါပါး... Taetaeကိုဘာေျပာမလို႔လဲဟင္..."

"ေနဦး ။ ကိုယ္တီဗီၾကည့္ေနတယ္ ၿပီးမွေျပာ
မယ္ "

သူလဲ Ironman 3 ဆီကိုအာရံုလႊဲပစ္လိုက္
တယ္ ။ ဟင္း ဟင္း~ ဒီတခါ Jeon Jungkook
တို႔ အေကာင္ေသးေလးကိုေကာင္းေကာင္း
ႀကီးပညာျပႏိုင္ေတာ့မွာကို ႀကိဳေတြးရင္း
Smirk တခုခ်ိတ္ဆြဲလိုက္တာကိုေတာ့
Jeon Taehyung ေလးတစ္ေယာက္
မျမင္လိုက္ရ ။

💜💜💜

နာရီသံတခ်က္ခ်က္ႏွင့္ တီဗီဖန္သားျပင္ေပၚမွ
စကားသံတခ်ိဳ႕မွလြဲ၍ အိမ္ႀကီးတစ္ခုလံုးမွာ
တိတ္ဆိတ္လြန္းေနသည္ ။ သူကသာ
Ironmanကိုစိတ္ဝင္စားတာ ၊ ဟိုကေလးေလး
ကေတာ့ပ်င္းလြန္းလို႔ ဟိုေရႊ႔ဒီေရႊ႔နဲ႔တြန္႔လိမ္
ေနတာ အခုဆိုၾကမ္းျပင္ေပၚမွာေတာင္
ဝမ္းလ်ားေလးေမွာက္ေန႐ွာၿပီ ။

အိပ္ေတာ့မအိပ္ေသး ။ သူဘာေျပာမလဲကို
ေစာင့္ေနရင္းနဲ႔ပ်င္းလိမ္ၿပီး ၾကမ္းျပင္ေပၚ
ေရာက္သြားျခင္းသာ ။

"ပါပါး... အိပ္ခ်င္ေသးဘူးလားဟင္..."

*ကိုယ့္မ်က္စိေ႐ွ႕မွာ ေပါက္စအခုလိုေနေနသ၍
ေတာ့ ကိုယ္အိပ္ေပ်ာ္မယ္မထင္ဘူး ေပါက္စ*

"Tae အိပ္ခ်င္ၿပီလား? "

"ပါပါး Tateaeကိုဘာေျပာမလဲဆိုၿပီးေစာင့္ေန
တာပါ... "

"အင္းး ခဏေလး "

သူေမ့ေနတာ ၊ Taeအတြက္ဆိုၿပီးဝယ္လာတဲ့
ေခ်ာကလက္ေဖ်ာ္ရည္ေလး ။ ခုေလာက္ဆို
ေအးသြားၿပီမို႔ ေႏြးေႏြးေလးျဖစ္ေအာင္
ျပန္ေႏႊးဖို႔ျပင္လိုက္သည္ ။ ေပါက္စကေတာ့
မ်က္လံုးေလးကလယ္ကလယ္နဲ႔ သူမီးဖိုခန္း
ထဲဝင္သြားတာကို ေသခ်ာလိုက္ၾကည့္ေန႐ွာ
သည္ ။

*ဘယ္လို ကေလးေလးမွန္းလဲမသိဘူး*

ညလဲဆယ္နာရီထိုးေနၿပီျဖစ္တာေၾကာင့္
မုန္႔အခ်ိဳေတြမေကြၽးေတာ့ဘဲ ေႏႊးထားတဲ့
ေခ်ာကလက္ေဖ်ာ္ရည္ေလးပဲ ဖန္ခြက္ေလးထဲ
ထည့္ရင္းအိမ္ေ႐ွ႕ကိုျပန္သြားလိုက္သည္ ။

*ေဟာဗ်ာ! ဒါကေရာဘာလုပ္ေနရျပန္ၿပီတုန္း
ပိစိရဲ႕!*

ေျခေထာက္ေလးႏွစ္ေခ်ာင္းကိုမိုးေပၚေထာင္
လိုက္ ၊ ျပန္ခ်လိုက္နဲ႔ရယ္ ။ တီဗီကလဲသူစိတ္
ဝင္စားတဲ့ဇာတ္လမ္းမဟုတ္တာေၾကာင့္
တခ်က္ေတာင္လွည့္မၾကည့္ ။ စားပြဲေပၚကို
သူဖန္ခြက္တင္လိုက္တဲ့အသံေလးၾကားေတာ့
ရက္ကန္ရက္ကန္ေလးလုပ္ေနရင္းက
လက္ေလးႏွစ္ဖက္ကမ္းေပးၿပီး သူ႔ကိုထူေပးပါ
ဆိုတဲ့ အၾကည့္ေလးေတြနဲ႔...~

*မရေတာ့ဘူး ။ ေစာက္ေခ်ာႀကီးလဲ အရည္
ေပ်ာ္သြားၿပီ :') *

အသည္းတစ္ယားယားနဲ႔လက္ေလးႏွစ္ဖက္ကို
ထူေပးလိုက္ေတာ့သူ႔ေပၚကိုအသာမွီရင္း
မ်က္လံုးေလးေတြမွိတ္က်သြားသည္အထိ
ျပံဳးျပလာျပန္တယ္ ။ ကဲ! ဒီတစ္သက္
Jeon Jungkookတို႔ဆူျဖစ္ပါေတာ့မယ္တဲ့လား!

"ပါပါး~ Taetaeေလ ညေနကဗိုက္ဆာလို႔
လမ္းထိပ္က Minimartမွာေခါက္ဆြဲျပဳတ္
သြားစားတာပါ ။ သူတို႔ဆိုင္ကတီဗီမွာ Taetae
မၾကည့္ဖူးေသးတဲ့ ကာတြန္းမို႔ၿပီးေအာင္ၾကည့္
ေနရင္း ေနာက္က်သြားတာပါ "

*ၾကည့္ပါဦး ။ သူအထင္လြဲမွာစိုးလို႔ဆိုၿပီး
မ်က္လံုးဝိုင္းဝိုင္းေလးေတြနဲ႔ ကေလးခမ်ာ႐ွင္း
ျပေန႐ွာတာ*

"Taetaeေတာင္းပန္ပါတယ္ ။ စိတ္ဆိုးေျပပါ
ေတာ့ေနာ္ ။ Taetaeကိုအဲ့လိုႀကီးစကားမေျပာ
ဘဲမေနပါနဲ႔... Taetaeတကယ္မေနတတ္လို႔ပါ"

*ေစာက္ေခ်ာႀကီးဟာ အရည္အျဖစ္သို႔ဘဝ
ေျပာင္းသြားခဲ့ပါၿပီ :')*

"ကိုယ္စိတ္မဆိုးေတာ့ပါဘူး ကေလးရယ္ ။
ဒါေပမဲ့ေနာက္ဆို Taeဘယ္သြားမယ္ ၊ ဘာလုပ္မယ္ဆိုတာ ကိုယ့္ဆီအရင္Phoneဆက္ေပါ့ ။"

"ဟုတ္သားပဲ... Taetaeေမ့သြားတာ"

"အ႐ူးေလး~ ေနာက္ဆိုမေမ့နဲ႔ ။ ၿပီးေတာ့အိမ္
ျပန္တာေျခာက္နာရီထက္မေနာက္က်ေစနဲ႔
ၾကားလား ?"

"ဟုတ္ ကဲ့! "

"ေရာ့... ဒီေခ်ာကလက္ေဖ်ာ္ရည္ေလးေသာက္
လိုက္ဦး ။ ေႏြးေနတုန္းေလး ၊ Taeႀကိဳက္တယ္
မလား "

"အင္း ႀကိဳက္တယ္ ပါပါး ။ အခန္းထဲေရာက္မွ
တူတူေသာက္မယ္ေလ ။ ေနာ္~ "

သူ႔ပခံုးကိုလက္ေလးနဲ႔အသာတို႔ေတာ့
ထံုးစံအတိုင္း ထိုကေလးကိုအိ္ပ္ဖို႔အတြက္
အခန္းထဲBridal Styleနဲ႔ေပြ႔ခ်ီလိုက္သည္ ။

*အလည္ေလး~ သိပ္ခြ်ဲတတ္တာပဲ*

(A/N: I'm literally obessed with these cutie pies!!😭)

ဒီလိုနဲ႔ပဲက်ေတာ္ဒီကေလးေလးကို
ရင္ခြင္ထဲထည့္ေပြ႔ၿပီးအိပ္ရတဲ့ရက္ေလး
တစ္ရက္တိုးလာခဲ့သည္ ။

ယခင္ဆို ခုတင္ေပၚကိုယ္ကလြဲ၍တျခားလူ
လာေနတာမ်ိဳးမႀကိဳက္တတ္တဲ့
Jungkookဟာ အခုမ်ားေတာ့ျဖင့္လည္း
Jeon Taehyungဆိုတဲ့အခြၽဲေလးကို
မဖက္ရရင္ျဖင့္ကို အိပ္မေပ်ာ္ႏိုင္ေတာ့ေပ ။



TBC ♥
Thank you for reading ♥

Unicode

Seoulမြို့ရဲ့အချက်အချာကျကျမြို့လယ်ခေါင်
'Royal Ink' ဆိုတဲ့ Tattoo ဆိုင်ကြီးဟာ
အခုဆိုရင်တော့ဖြင့် 'Vincent Graham'
ဆိုတဲ့ဆိုင်းဘုတ်ကြီးနဲ့ လူကြီးလူငယ်မရွေး
ဝင်ထွက်နေကြတဲ့ Art Gallery ကြီးတစ်ခု
ဖြစ်နေခဲ့ပြီ ။

အနုပညာကိုစိတ်ဝင်စားကြတဲ့ လူအများစု
အတွက်တော့ Vincent ဟာတော်တော်
လေးကိုသဘောကျစရာကောင်းသည် ။
ပန်းချီဆရာရယ်လို့သီးသီးခြားခြား
သတ်မှတ်ပြီးဆွဲထားတာမျိုးမဟုတ်နေဘဲ
ကိုယ့်အတွေးကိုယ့်အမြင်တွေကို လွတ်လပ်စွာ
ပုံဖော်လို့ရတဲ့နေရာမျိုးလေး ။

*Woahh... ဒီပန်းချီကားက မိုက်လိုက်တာ*

*ကာလာစပ်လဲ သိပ်ကောင်းတာပဲ...*

*ပုံဖော်ထားတဲ့Ideaလေးကလဲ တမျိုးလေးနဲ့*

ဘက်ပေါင်းစုံအောင်ကျွမ်းကျင်ပိုင်နိုင်လွန်းတဲ့
Jungkookဟာ 'Royal Ink' ကိုစဖွင်ခဲ့
တာကလဲ ပန်းချီအခြေခံပညာရပ်တစ်ခုဖြစ်တာ
မို့ လေ့လာလိုတဲ့သဘောနဲ့ဖွင့်ခဲ့ခြင်းသာ ။

သို့သော် ရင့်ကျက်လာတာနှင့်အမျှနားလည်
လာခဲ့သည်က သူဒီအလုပ်နဲ့တစ်သက်လုံး
ရှေ့ဆက်ဖို့ဆိုတာမျိုးကြီးဟာ မဖြစ်နိုင် ။
ဝင်ငွေကောင်းတယ် ၊ ကိုယ်ပိုင်လုပ်ငန်းလဲ
ဖြစ်တယ် ၊ ပင်ပင်ပန်းပန်းစိတ်ဖိစီးရတာမျိုးလဲ
မဟုတ်တာကြောင့်လဲ Jungkookကိုယ်တိုင်
ရွေးချယ်ခဲ့ဖူးသော်လည်း အခုသူ့အခြေအနေ
ဟာအရင်လိုမဟုတ်တော့ ။

Jeon Groupပိုင်ရှင်ရဲ့သားတစ်ယောက်ဟာ
ပညာတတ်ပြီး Tattoဆိုင်ဖွင့်စားတယ်ဆိုတဲ့
ပုတ်ခတ်ခြင်းမျိုးကို သူဂရုမစိုက်ပေမဲ့
သူ့ကလေးအတွက်တော့ ဂရုစိုက်ရမယ်လေ ။
သူ့အတွက်သာ Tattoဆိုတာအနုပညာတစ်ရပ်
အနေနဲ့ရသမြောက်နေပေမဲ့ လူအများအမြင်မှာ
ဒါဟာ ကိုယ့်အသားအနာခံပြီးတွေ့ရာလျှောက်
ဆွဲထားတာလို့သာမြင်မှာ သေချာသည် ။

ပိုဆိုးသည်က Tae လေး....
တချိန်ကပွေခဲ့ရှုပ်ခဲ့ဖူးတဲ့သူဟာ Playboyဘွဲ့ကို
PhDရပြီးသားသူမို့ သူအတည်ချစ်ပါတယ်
ပြောလဲ ပတ်ဝန်းကျင်ဆိုတာကြီးကတော့
Tae ကိုသူအပျော်ဝယ်ထားတဲ့ Slave
တစ်ယောက်အဖြစ်မြင်နေကြသည် ။

ကလေးက သူတို့စကားသံတွေဘာမှ
နားမလည်လို့ပြန်မမေးတာမှန်ပေမဲ့ တနေ့
သိသွားတဲ့အချိန်မှာ စိတ်ထိခိုက်မယ်ဆိုတာ
သေချာသည် ။ ဒီတော့သူ့အမူအကျင့်တွေကို
တဖြည်းဖြည်းပြောင်းယူဖို့ကြိုးစားတော့တယ်
ချစ်တာကိုးးး ကလေးလေးရဲ့!

" Jungkook အပြင်မှာမှောင်နေပြီ ။ ဆွဲလက်စ
ဆိုလဲ နောက်နေ့မှလက်စသတ်ချည် ။ အိမ်မှာ
အငယ်လေး စောင့်နေရောပေါ့ "

"ဘယ်နှစ်နာရီတောင်ရှိသွားပြီလဲ Hobi hyung?"

"ခြောက်ခွဲပြီ ။ ဆောင်းတွင်းဆိုတော့ မိုးချုပ်တာ
ကလဲမြန်တယ် ။ မင်းပြန်ရင်ပြန်တော့လေ "

"ဒါဆို ကျတော်ပြန်ပြီ Hyung ။ See Ya!"

ဒီဇင်ဘာကျောင်းပိတ်ရက်ဖြစ်တာကတကြောင်း
သူကိုယ်တိုင်ကလဲ Art Gallery ဘက်ကို
ဦးစားပေးနေတာတကြောင်းကြောင့်
ထိုကလေးလေးနဲ့ သိပ်ပြီးဖက်လှဲတကင်း
မနေဖြစ် ။ သူလဲမအားတာကြောင့် ကလေးနဲ့
ကြာကြာမနေပေးနိုင်ဘဲ တီဗီသာပေးကြည့်
ထားရသည် ။

အပြန်လမ်းမှာ ခရစ္စမတ်ရောက်ခါနီးပြီ
ဖြစ်တာကြောင့် မြူ လိုလို နှင်းလိုလိုအမှုန်ဖြူ ဖြူ
လေးတွေက ဟိုတစ်စဒီတစ်စနဲ့ကျနေသေး
သည် ။ လမ်းထိပ်နားရောက်တော့ သူထိုင်နေကျ ကော်ဖီဆိုင်လေးမပိတ်သေးတာကြောင့်
အကောင်ပေါက်လေးအတွက် ချောကလက်
ဖျော်ရည်ပူပူလေး ဝယ်သွားပေးဖို့ဆုံးဖြတ်
မိသည် ။

*ခုနစ်နာရီတောင်ခွဲပြီ ။ ဟိုကလေးလေးသူ့ကို
မျှော်လောက်ရောပေါ့ *

အတွေးနဲ့တင်ဆိုင်ထဲကကောင်တာမှာ
ချောကလက်ဖျော်ရည်မှာရင်းစောင့်နေတဲ့
ကောင်လေးဟာ ဝမ်းသာရိပ်သန်းစွာနဲ့
ကျေကျေနပ်နပ်ပြုံးနေခဲ့သည်ကို
ကောင်တာက ကောင်မလေးကတော့ထူးဆန်း
စွာကြည့်နေခဲ့ရသည် ။

>> P U R P L E <<

"Tae? ကိုယ်ပြန်ရောက်ပြီ ။ အပေါ်မှာပဲတီဗီ
တွေကြည့်မနေနဲ့ ။ ကိုယ့်ဆီလာပါဦး "

လူရိပ်လူခြေမတွေ့ရတဲ့အိမ်ကြောင့်Jungkook
ချက်ချင်းအပေါ်ထပ်ကိုတက်သွားလိုက်သည် ။
Tae လေးရှိမနေ ။ ကျစ်! ဒီကောင်လေးဘယ်ကို
ထွက်သွားရပြန်ပြီတုန်း! နာရီကိုကြည့်တော့
ရှစ်နာရီထိုးခါနီးပြီ ။

သူလိုဖြူ ဖြူ သေးသေး
ကောင်လေးတစ်ယောက် ဒီအချိန်ကြီးလမ်းပေါ်
လျှောက်သွားနေတာအန္တရာယ်များလွန်းသည် ။
အထူးသဖြင့် ပေါက်စဟာ Hybridလေး
ဖြစ်တာကြောင့် သူ့စိုးရိမ်စိတ်တွေတရိပ်ရိပ်
တက်လာခဲ့ရသည် ။

"ဘေဘီ ရှာခ့်တူးတူး တူ တူတူ...
မာမီ ရှာခ့်တူးတူး တူ တူတူ...
ဒယ်ဒီ ရှာ့ခ်တူးတူး တူ... အမလေး ပါပါးရှာခ့်ရဲ့!"

မိုးပြာရောင်ကျောပိုးအိတ်လေးကို
သူ့လက်လေးနှစ်ဖက်နဲ့တင်းတင်းဆုပ်ရင်း
အိမ်ထဲကိုသီချင်းတကြော်ကြော်ဖင်တလှုပ်လှုပ်
နဲ့ ဝင်လာတဲ့ကောင်လေးကို စိတ်ရှိတိုင်းသာဆို
အဲ့ဖင်လေးကို သုံးလေးချက်ခပ်ဆတ်ဆတ်
ရိုက်ပစ်လိုက်ချင်သည် ။

ဒါပေမဲ့ ဟိုတခါလိုသူစိတ်မထိန်းနိုင်ဖြစ်မှာကို
စိုးရိမ်တာကြောင့် ကောင်လေးကိုသာ
ခါးထောက်ရင်း ပြာမကျရုံတမယ်ကြည့်နေမိ
သည် ။ ကြည့်နေ... ဒင်းလေးကိုဒီည ပညာ
ကောင်းကောင်းကြီးကိုပြဦးမှာ!

"ပါပါး ပြန်ရောက်ပြီလား! ဒီနေ့Taetaeထက်
တောင်စောတာပဲနော် "

"ဘယ်အချိန်ရှိပြီလဲ?"

သူလေသံခပ်မာမာနဲ့မေးလိုက်တော့
ပြုံးဖြီးနေတဲ့မျက်နှာလေးကချက်ချင်းနှုတ်ခမ်းကြီး
ဆူထွက်လာတာ! ငါ့နှယ်... ဆူတာတောင်
ကောင်းကောင်းမဆူရဘူး ။ အာခြောက်လွန်း
လို့ရေသောက်ပြီးမှပြန်လာဆူရတယ် ။

"ရှစ်နာရီပါ ပါပါး..."

"ညစာစားပြီးပြီလား?"

"ဟင့်အင်း..."

"သွား... ရေမိုးချိုးချည် ။ ကိုယ်ညစာပြင်ပေးမယ်"

ခေါင်းလေးအသာညှိမ့်ပြရင်း သူ့ရှေ့ကနေ
ကုပ်ကုပ်ကုပ်ကုပ်ဖြတ်သွားတဲ့ ပိစိလေးကို
ကြည့်ရင်း အသဲယားမိသည် ။ သူလဲဆူမဲ့စခန်း
မရောက်ဘဲ ညစာပြင်ပေးမဲ့အဖြစ်ကို
နှုတ်ခမ်းလေးဆူရုံနဲ့တင်ရောက်သွားရသည် ။
အင်းး.... နောက်မှပဲအေးဆေးဆူပါမယ်လေ ။

💜💜💜

"ညစာစားပြီးရင် တီဗီသွားကြည့်ဖို့ပြင်မနေနဲ့ ။
ဧည့်ခန်းကိုလာခဲ့ဦး ကြားလား Tae?"

"ဟုတ်ကဲ့ ပါပါး "

ဘာရယ်မဟုတ်ဘဲ အာဏာပြလိုရုံသက်သက်
ကြောင့် အသံကိုအမိန့်ဆန်ဆန်ခပ်မာမာ
ပြောတော့ ခေါင်းလေးညှိမ့်ပြသည် ။
ခက်တယ်! ဒီဟာလေးကဒီလိုမျိုးတွေနေပြ
နေတော့ သူကဘယ်လိုစိတ်နဲ့သွားဆူရမှာတဲ့
တုန်း! ပါးစပ်လေးတမြှုံ့မြှုံ့နဲ့စားနေတဲ့အကောင်
ပေါက်လေးကို ဆက်မကြည့်နေမိတော့အောင်
သူကပဲဧည့်ခန်းကိုဦးအောင်
ထွက်ခဲ့ရတော့သည် ။

>> P U R P L E <<

နီညိုရောင်ညအိပ်ဝတ်စုံဝမ်းဆက်လေး
ဝတ်ထားတဲ့ ထိုပိစိက စားပြီးသောက်ပြီးတော့
သူ့ဘေးနားမှာ ပုံ့ပုံ့လေးထိုင်ရင်း
သူ့ကိုကြည့်လိုက် ဖွင့်ထားတဲ့တီဗီကိုကြည့်လိုက်
နှင့် အလုပ်ရှုပ်နေသည် ။

"ဘယ်သူကအိပ်ခိုင်းသေးလို့ Eye maskတွေ
ဘာတွေပါ ကြိုတပ်ထားတာတုန်း?"

တပ်ထားတဲ့Eye maskလေးကိုသူ့စကား
ကြောင့်ချက်ချင်းပြန်ဖြုတ်တော့ ဆံပင်ဝါဝါလေး
တွေကပါ ခွေးပေါက်လေးလိုစုတ်ဖွားလေး
ဖြစ်သွားရသည် ။ သူ့ကိုမရဲတရဲခိုးခိုးကြည့်နေ
တာသိပေမဲ့ သူကလဲမျက်နှာထားကိုလုံးဝ
မလျော့ပေး ။

*စိတ်ထိန်းစမ်း Jeon Jungkook! မင်းက
သာမန်မဟုတ်ဘူး စောက်ချောကြီး! ဒီကလေး
လေးရဲ့စနက်မှာ အရည်ပျော်လို့မဖြစ်ဘူး*

"ပါပါး... Taetaeကိုဘာပြောမလို့လဲဟင်..."

"နေဦး ။ ကိုယ်တီဗီကြည့်နေတယ် ပြီးမှပြော
မယ် "

သူလဲ Ironman 3 ဆီကိုအာရုံလွှဲပစ်လိုက်
တယ် ။ ဟင်း ဟင်း~ ဒီတခါ Jeon Jungkook
တို့ အကောင်သေးလေးကိုကောင်းကောင်း
ကြီးပညာပြနိုင်တော့မှာကို ကြိုတွေးရင်း
Smirk တခုချိတ်ဆွဲလိုက်တာကိုတော့
Jeon Taehyung လေးတစ်ယောက်
မမြင်လိုက်ရ ။

💜💜💜

နာရီသံတချက်ချက်နှင့် တီဗီဖန်သားပြင်ပေါ်မှ
စကားသံတချို့မှလွဲ၍ အိမ်ကြီးတစ်ခုလုံးမှာ
တိတ်ဆိတ်လွန်းနေသည် ။ သူကသာ
Ironmanကိုစိတ်ဝင်စားတာ ၊ ဟိုကလေးလေး
ကတော့ပျင်းလွန်းလို့ ဟိုရွှေ့ဒီရွှေ့နဲ့တွန့်လိမ်
နေတာ အခုဆိုကြမ်းပြင်ပေါ်မှာတောင်
ဝမ်းလျားလေးမှောက်နေရှာပြီ ။

အိပ်တော့မအိပ်သေး ။ သူဘာပြောမလဲကို
စောင့်နေရင်းနဲ့ပျင်းလိမ်ပြီး ကြမ်းပြင်ပေါ်
ရောက်သွားခြင်းသာ ။

"ပါပါး... အိပ်ချင်သေးဘူးလားဟင်..."

*ကိုယ့်မျက်စိရှေ့မှာ ပေါက်စအခုလိုနေနေသ၍
တော့ ကိုယ်အိပ်ပျော်မယ်မထင်ဘူး ပေါက်စ*

"Tae အိပ်ချင်ပြီလား? "

"ပါပါး Tateaeကိုဘာပြောမလဲဆိုပြီးစောင့်နေ
တာပါ... "

"အင်းး ခဏလေး "

သူမေ့နေတာ ၊ Taeအတွက်ဆိုပြီးဝယ်လာတဲ့
ချောကလက်ဖျော်ရည်လေး ။ ခုလောက်ဆို
အေးသွားပြီမို့ နွေးနွေးလေးဖြစ်အောင်
ပြန်နွှေးဖို့ပြင်လိုက်သည် ။ ပေါက်စကတော့
မျက်လုံးလေးကလယ်ကလယ်နဲ့ သူမီးဖိုခန်း
ထဲဝင်သွားတာကို သေချာလိုက်ကြည့်နေရှာ
သည် ။

*ဘယ်လို ကလေးလေးမှန်းလဲမသိဘူး*

ညလဲဆယ်နာရီထိုးနေပြီဖြစ်တာကြောင့်
မုန့်အချိုတွေမကျွေးတော့ဘဲ နွှေးထားတဲ့
ချောကလက်ဖျော်ရည်လေးပဲ ဖန်ခွက်လေးထဲ
ထည့်ရင်းအိမ်ရှေ့ကိုပြန်သွားလိုက်သည် ။

*ဟောဗျာ! ဒါကရောဘာလုပ်နေရပြန်ပြီတုန်း
ပိစိရဲ့!*

ခြေထောက်လေးနှစ်ချောင်းကိုမိုးပေါ်ထောင်
လိုက် ၊ ပြန်ချလိုက်နဲ့ရယ် ။ တီဗီကလဲသူစိတ်
ဝင်စားတဲ့ဇာတ်လမ်းမဟုတ်တာကြောင့်
တချက်တောင်လှည့်မကြည့် ။ စားပွဲပေါ်ကို
သူဖန်ခွက်တင်လိုက်တဲ့အသံလေးကြားတော့
ရက်ကန်ရက်ကန်လေးလုပ်နေရင်းက
လက်လေးနှစ်ဖက်ကမ်းပေးပြီး သူ့ကိုထူပေးပါ
ဆိုတဲ့ အကြည့်လေးတွေနဲ့...~

*မရတော့ဘူး ။ စောက်ချောကြီးလဲ အရည်
ပျော်သွားပြီ :') *

အသည်းတစ်ယားယားနဲ့လက်လေးနှစ်ဖက်ကို
ထူပေးလိုက်တော့သူ့ပေါ်ကိုအသာမှီရင်း
မျက်လုံးလေးတွေမှိတ်ကျသွားသည်အထိ
ပြုံးပြလာပြန်တယ် ။ ကဲ! ဒီတစ်သက်
Jeon Jungkookတို့ဆူဖြစ်ပါတော့မယ်တဲ့လား!

"ပါပါး~ Taetaeလေ ညနေကဗိုက်ဆာလို့
လမ်းထိပ်က Minimartမှာခေါက်ဆွဲပြုတ်
သွားစားတာပါ ။ သူတို့ဆိုင်ကတီဗီမှာ Taetae
မကြည့်ဖူးသေးတဲ့ ကာတွန်းမို့ပြီးအောင်ကြည့်
နေရင်း နောက်ကျသွားတာပါ "

*ကြည့်ပါဦး ။ သူအထင်လွဲမှာစိုးလို့ဆိုပြီး
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကလေးခမျာရှင်း
ပြနေရှာတာ*

"Taetaeတောင်းပန်ပါတယ် ။ စိတ်ဆိုးပြေပါ
တော့နော် ။ Taetaeကိုအဲ့လိုကြီးစကားမပြော
ဘဲမနေပါနဲ့... Taetaeတကယ်မနေတတ်လို့ပါ"

*စောက်ချောကြီးဟာ အရည်အဖြစ်သို့ဘဝ
ပြောင်းသွားခဲ့ပါပြီ :')*

"ကိုယ်စိတ်မဆိုးတော့ပါဘူး ကလေးရယ် ။
ဒါပေမဲ့နောက်ဆို Taeဘယ်သွားမယ် ၊ ဘာလုပ်မယ်ဆိုတာ ကိုယ့်ဆီအရင်Phoneဆက်ပေါ့ ။"

"ဟုတ်သားပဲ... Taetaeမေ့သွားတာ"

"အရူးလေး~ နောက်ဆိုမမေ့နဲ့ ။ ပြီးတော့အိမ်
ပြန်တာခြောက်နာရီထက်မနောက်ကျစေနဲ့
ကြားလား ?"

"ဟုတ် ကဲ့! "

"ရော့... ဒီချောကလက်ဖျော်ရည်လေးသောက်
လိုက်ဦး ။ နွေးနေတုန်းလေး ၊ Taeကြိုက်တယ်
မလား "

"အင်း ကြိုက်တယ် ပါပါး ။ အခန်းထဲရောက်မှ
တူတူသောက်မယ်လေ ။ နော်~ "

သူ့ပခုံးကိုလက်လေးနဲ့အသာတို့တော့
ထုံးစံအတိုင်း ထိုကလေးကိုအိပ်ဖို့အတွက်
အခန်းထဲBridal Styleနဲ့ပွေ့ချီလိုက်သည် ။

*အလည်လေး~ သိပ်ချွဲတတ်တာပဲ*

(A/N: I'm literally obessed with these cutie pies!!😭)

ဒီလိုနဲ့ပဲကျတော်ဒီကလေးလေးကို
ရင်ခွင်ထဲထည့်ပွေ့ပြီးအိပ်ရတဲ့ရက်လေး
တစ်ရက်တိုးလာခဲ့သည် ။

ယခင်ဆို ခုတင်ပေါ်ကိုယ်ကလွဲ၍တခြားလူ
လာနေတာမျိုးမကြိုက်တတ်တဲ့
Jungkookဟာ အခုများတော့ဖြင့်လည်း
Jeon Taehyungဆိုတဲ့အချွဲလေးကို
မဖက်ရရင်ဖြင့်ကို အိပ်မပျော်နိုင်တော့ပေ ။



TBC ♥
Thank you for reading ♥

Continue lendo

Você também vai gostar

42.9K 6.2K 39
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
494K 67.1K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
155K 9.2K 19
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
236K 23.1K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...