BGM For this Part
ဒီသီချင်းလေး ဖွင့်ရင် ဖတ်ရင် ပိုပြီး Feelလို့ ကောင်းမှာပါ 😉
Chen ရဲ့ Cherry Blossom (OST)လေးပါ
အားလုံးအဆင်ပြေအောင် Mmsub လေးရှာပေးထားပါတယ်
☆☆☆☆ LoVe MiracLe ☆☆☆
D Day 📅
Mae : ဟိုရောက်တာနဲ့ ဖုန်းဆက်နော် သား
Mark : Kurp! Mae တို့ သွားစရာရှိသေးတယ်မလား! ပြန်ကြတော့လေ ! ဒီမှာက ကြာဦးမှာ
Mae : အင်း ! ဟိုမှာ ဂရုစိုက်နော် Mark
Mae နှင့် Pa တို့က သူ့ကို လိုက်ပို့ပြီးနောက် အရေးကြီးကိစ္စရှိနှင့်သေး၍ လေယာဉ်ချိန်ထိ စောင့်မနေခိုင်းတော့ဘဲ ပြန်လွှတ်လိုက်သည်~ P'Mean ကတော့ ထပ်စောင့်ပေးမည်ဟု ဆိုကာ မပြန်သေး~
မကြာခင် P'Plan ပါရောက်ချလာ၏ ~ စောင့်မျှော်နေသူများ ပါလာလေမလား မျှော်လင့်ချက်ဖြင့် P'Plan နောက် ဝေ့ဝိုက်ရှာဖွေမိသော်လည်း အချည်းနှီးသာ ~ အပြေးရောက်လာသောP'Plan ကတော့ အတော်လေး မောဟိုက်နေ၏ ~
Plan : 😥 ဟူး!!! တော်သေးတယ် ! မမီလိုက်မှာ စိုးနေတာ ! ရော့ Mark ! လက်ဆောင် ! 🎁
Mark : P'Plan 😮 P'Mean ဆီကနေတစ်ဆင့် လက်ဆောင်ပေးပြီးသွားပြီမလား? ဘာလို့ ထပ်ပေးနေတာလဲ?
Plan : Mark မင်းလဲ စကားကိုများတယ်! ပေးရင် ယူလိုက်ပေါ့
မိမိလက်ထဲ အတင်းထိုးထည့်ပေးနေသောကြောင့် ~
Mark : အင်းပါ P'ရဲ့
Plan : Arr! P'Gun က ဒီနေ့ အရေးကြီး Project ရှိလို့ မလာဖြစ်လောက်ဘူး ထင်တယ်
Mark : အင်း
Mark အားတင်းကာ P'Plan ကို ပြုံးပြလိုက်သည် ~
Mean : Mark ! အထဲဝင်တော့ ! အချိန်နီးနေပြီ
Mark : အင်း ! P'Plan သွားပြီနော် ~ P'Mean ☺ ကို သေချာအပ်ခဲ့မယ်
Plan : အင်း
☆☆☆☆☆☆☆
GATEကိုမဖြတ်မီ Mark မျှော်လင့်ချက်ဖြင့် နောက်ဆုံး အကြိမ် ထပ်မံ လှည့်ကြည့်မိပြန်၏ ~ သက်ပြင်းအစုံချလိုက်ရင်း မိမိကိုယ်ကို
နှစ်သိမ့်စကားဆိုလိုက်၏ ~
Mark : P'Gunမှ မအားတာ ! ကျောင်းမှာ ရှိနေမဲ့သူကို ဘာလို့ လိုက်ရှာနေရတာလဲ ? စိတ်ထိန်းစမ်း Mark 😔
စိတ်ပိုင်းဖြတ်ပြီး Gate ကို ဝင်နှင့်သွားသော ကောင်လေးသည် နောက်တစ်ကြိမ် ထပ်မံ လှည့်၍ အသေချာ ဝေ့ဝိုက်ကြည့်ခဲ့မိပါက ထောင့်တစ်နေရာတွင် ပုန်းခို၍ သူ့အား ငေးရှုနေသူတစ်ဦးအား မြင်တွေ့ကောင်း
မြင်တွေ့ ခဲ့ပါလိမ့်မည် !
လေယာဉ်ပေါ်သို့ မတက်မီ မိနစ်၃၀ ခန့်မျှသာ လိုတော့၏ ~ Mark ဖုန်းကို အတန်ကြာ ကြည့်၍ Message ပို့ရနိုးနိုး မပို့ရနိုးနိုး ဗျာများနေ၏ ~ တော်ကြာ သူ့ Messageကြောင့် တစ်ဖက်လူကို စိတ်အနှောင့်ယှက် မဖြစ်စေလိုတော့~
~ သို့သော်လည်း နောက်ဆုံးတစ်ကြိမ်တည်းပါဟု စိတ်ထဲမှတ်ယူ၍ Send ခလုတ်နေရာကို မချင့်မရဲနှိပ်လိုက်လေသည်~
ခုံတန်းရှည်တွင် ထိုင်ကာ စောင့်စားရင်း Mark
မြင်ကွင်းထဲ ရောက်လာတာက ဘေးတွင် ချထားသော လက်ဆောင်ဘူးလေး ~ ရုတ်တရက် သိချင်စိတ်ကြောင့် ဗူးကို လှမ်းယူလိုက်ရင်း အသာ ဖွင့်ကြည့်မိသည်~
Mark : ဒါက ......
ဗူးထဲတွင် ရှိနေတာက မာဖလာ တစ်ခုနှင့် စာတစ်စောင်~~
မာဖလာက Mark နှင့် အတော်လေးကို ရင်းနှီးနေသည်~ သူအသေချာ မှတ်မိသေးပါ၏ ~ ထိုနေ့က နှစ်သစ်ကူး ကျောင်းပိတ်ရက် P'Gun ပထမဆုံး သူ့ဆီ စာလာသင်တဲ့နေ့က P'Gun ကို သူပေးခဲ့တဲ့ ပထမဆုံး လက်ဆောင်လေး ~~ အမြဲလိုလို သူနဲ့ အတွေးမတူတဲ့အတွက် အ့တုန်းက သူအမြင်မကြည်ခဲ့တဲ့ P'Gunက သူပေးတဲ့ မာဖလာကို လက်မခံလို့ သူစိတ်ဆိုးပြီး လွှင့်ပစ်ဖို့တောင် ပြောပစ်ခဲ့သေးသည်~~
အတိတ်အကြောင်းတို့က ပြန်လည် အမှတ်ရလေပြန်တော့ စိတ်လှုပ်ရှားစွာ ဗူးထဲမှ စာကို လျင်မြန်စွာ ဖွင့်ယူ ဖတ်မိသည်~
📄 📃📄📃📃📄
Mark
အဲ့မာဖလာကို မှတ်မိသေးလား? အဲ့နေ့က အရမ်းအေးနေရဲ့သားနဲ့ မင်းနဲ့ စကားများဖြစ်အောင် P' လုပ်ခဲ့မိသေးတယ်~~
အဲ့နေ့က မင်းကျေးဇူးကြောင့်
နွေးထွေးတဲ့နေ့လေးဖြစ်ခဲ့တယ်~ တကယ်တမ်းပြောရရင် မင်းက အမြဲ P'ကို နွေးထွေးတယ်လို့ ခံစားရစေတဲ့ သူမျိုးပါ ~ အဲ့အတွက်လဲ အမြဲကျေးဇူးတင်ပါတယ် Mark ! အဆုံးစွန်ထိ မင်းကို ဆွဲထားချင်ခဲ့ပေမဲ့ အဲ့လို မလုပ်နိုင်ခဲ့တာကိုလဲ တောင်းပန်ပါတယ်~
ဟိုမှာ အစစအရာရာ အဆင်ပြေဖို့ မင်း ပျော်ရွှင်ဖို့
P'အမြဲ ဆုတောင်းပေးနေတယ် ~
အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် Mark
Gun
ခံစားချက်ပေါင်းများစွာ ရောထွေး ပြွတ်သိပ်ကာ မွန်းကျပ်လွန်းလှသည်~ စာရွက်ပေါ်သို့ကျရောက်လာသော မျက်ရည်တစ်စက နှလုံးသား၏ ထွက်ပေါက်တစ်ခု
☆☆☆ LoVe MiracLe ☆☆☆
ထွက်ခွာသွားနှင့်ပြီဖြစ်သော ကျောပြင်အား ကြည့်၍ Gun သက်ပြင်းချကာ အနီးနားမှ ခုံတန်းတစ်ခုပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချမိသည်~
Vibration ကြောင့် တုန်ရီလာသော ဖုန်းကို အိတ်ကပ်မှ အသာထုတ်ကာ ကြည့်မိတော့ ~~
📲📲 One Message from Mark
P'Gun
ကျွန်တော် Mark ပါ~ ဒီစာကို ဖတ်နေတဲ့ အချိန် ကျွန်တော်လဲ ဒီနိုင်ငံထဲမှာ မရှိလောက်တော့ဘူးထင်တယ်
ပထမဆုံး ပြောချင်တာက တောင်းပန်ပါတယ်လို့ ~
P'ဘဝထဲ အတင်းတိုးဝင်မိပြီး နာကျင်စေခဲ့မိတယ်~
ဒါပေမဲ့ ကျွန်တော် နောင်တတော့ မရဘူး P'Gun
ကျွန်တော့်ဘဝရဲ့ အမှတ်တရအဖြစ်ဆုံး အပျော်ရွှင်ရဆုံး ပုံရိပ်တွေထဲမှာ P'Gun က အမြဲရှိနေတယ်~ လူတစ်ယောက်ယောက်ကို ဒီလို စွဲစွဲလမ်းလမ်း ချစ်မိသွားခဲ့မယ်လို့ ဘယ်တော့မှ စိတ်မကူးခဲ့မိဖူးဘူး~ အဲ့နေ့ ကမ်းခြေမှာတုန်းက ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေခဲ့တာ ~ အဲ့နေ့က First Kiss က ကျွန်တော်အမြဲ အမှတ်ရနေတဲ့ အခိုက်တန့်ပါ ~ အဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်P'
ဟိုနေ့တုန်းက P'နာကျင်အောင် အတင်းကြပ် လုပ်ခဲ့မိတာအတွက် တောင်းပန်ပါတယ် ~
P'လဲ နာကျင်နေမယ်ဆိုတာ သိသိကြီးနဲ့ စိတ်မထိန်းနိုင်ခဲ့ဘူး~ P'ကို မျက်ရည်ကျစေတဲ့ သူက ကျွန်တော်ဆိုတဲ့ အမှန်တရားက အရမ်း ခါးသီးလွန်းတယ် P' ~ ကျွန်တော် P' ပျော်ရွှင်ဖို့ဘဲ မျှော်လင့်ခဲ့ပေမဲ့~~
အားလုံးအတွက် တောင်းပန်ပါတယ်
P'ကို ချစ်မိတဲ့အတွက်လဲ တောင်းပန်ပါတယ်
ဒါပေမဲ့ ကျွန်တော် P'Gunကို ဆက်ချစ်နေအုံးမှာ
×××××××××××××
မငိုတော့ဘူးဟု စိတ်အားဆုံးဖြတ်ထားသော်လည်း အထမမြောက်ခဲ့ ~ ဖုန်းScreen ပေါ်ကို ကျရောက်လာသော မျက်ရည်များက အမြင်အာရုံကို ထပ်မံ ဝေဝါးစေပြန်သည်~ Gun ပြောပြချင်တာက နာကျင်မှုတွေဘဲ သူရခဲ့တာမဟုတ်ဘူးဆိုတာ ~ သူ့ဘဝရဲ့ အပျော်ရွှင်ဆုံးအခိုက်တန့်တွေကိုလဲ Mark ကြောင့် ပိုင်ဆိုင်ခဲ့ရတယ်ဆိုတာ 😢 အချိန်မမီတော့ပေမဲ့ မပြောပြဖြစ်ခဲ့တာက ကမ်းခြေနေ့တုန်းက သူတို့ရဲ့ First Kiss မဟုတ်ခဲ့ဘူးဆိုတာပါဘဲ~
လောကကြီးဟာ Gunကို ပျက်ရယ်
ပြုနေသလိုဘဲ ~ အနားမှာ ရှိနေတုန်းကတည်းက
ပြောပြခဲ့နိုင်တဲ့ ပုံပြင်တွေကို ခုချိန်ကျမှ နောင်တတစ်ဖွဲသားနဲ့ ငိုကြွေးနေရတာဟာ သိပ်ပြီး ရင်နာစရာ ကောင်းလှတယ် ~ နောက်ဆုံးအကြိမ် သူ့ကို ထပ်ငိုခွင့် ပေးပါ ~
☆☆☆ LoVe MiracLe ☆☆☆
Mean လက်ဖဝါးပြင်ကျယ်ကြီးထဲတွင် နစ်မြုပ်နေသော မိမိလက်တစ်စုံကို Plan ကြည်နူးစွာ ကြည့်မိသည် ~ အနည်းဆုံးတော့ သူတို့ အတူရှိနေသေးသည်ဆိုသော သတိလေးက Plan ကို
ပျော်ရွှင်စေသည် ~~ အကယ်၍ သူတို့၂ယောက်လဲ P'Gunနဲ့ Mark တို့လို ဖြစ်လာရင် သူရင်ဆိုင်နိုင်မည်မဟုတ် ~
Mean : ဘာတွေ တွေးနေတာလဲ? Plan
Plan: 😮 😅 ဘာမှ မဟုတ်ဘူး ! ဒါနဲ့ 😓 P'Gun တကယ် မလာဘူးဘဲ ~ ~ အနည်းဆုံးတော့ ~~
ပြောနေသော စကားများ ရပ်တန့်သွားသောကြောင့် Plan ငေးနေရာဘက်ကို Mean ပါ လိုက်ပါ ငေးကြည့်မိတော့ ခုံတန်းတစ်နေရာတွင် ထိုင်ကာ ဖုန်းမျက်နှာပြင်ကို ကြောင်ငေးကြည့်နေသော Gun~~
Plan : " P'Gun "
လှည့်ကြည့်လာသော နီရဲနေသည့် မျက်လုံးများက ငိုထားကြောင်း သက်သေပင်~
Gun : Plan !
Plan : P'လာတာဘဲ~~ Mark က အထဲဝင်သွားပြီ
Gun : အင်း
ပြုံးပြနေသော P'Gunမှာ အတော်လေး အသက်မပါ~
Mean : ပြန်တော့မယ်ဆိုရင် ကျွန်တော်တို့
ပြန်လိုက်ပို့ပေးပါရစေ
Plan : ဟုတ်တယ် P' တူတူပြန်ရအောင်
Gun : ရပါတယ် ကျွန်တော့်မှာလဲ ကားပါလာတယ်ဆိုတော့ စိတ်ထဲ မထားပါနဲ့ ~
Plan : P'Gun မပြန်သေးဘူးလား ! တူတူသွားမယ်လေ
Gun : အင်း
☆☆☆☆
လေဆိပ်မှ သုံးယောက်သား တူတူ
ပြန်ထွက်လာခဲ့ကြရင်း ~~~ Plan ကတော့ Gun နားကပ်ကာ စကားတစ်ချို့ပြောနေသောကြောင့် Mean လဲ မသိချင်ယောင်ဆောင်ပေးကာ ၂ဦး၏ ရှေ့မှ အနည်းငယ် ကွာ၍ အရင် လျှောက်လာခဲ့လိုက်သည်~
အပြင်ဘက်ရောက်တော့ Gun နဲ့ နှုတ်ဆက်နေသေးတဲ့ Plan ကို စောင့်ရင်း အိတ်ကပ်ထဲမှ ဖုန်းမြည်သံကြောင့် ကိုင်လိုက်မိတော့~
Mean : Hello !
"Mean အမေပါ ! "
မည်သူမည်ဝါမှန်း သိရသောအခါ အလိုမကျမှုဖြင့် Mean မျက်ခုံးတို့ တွန့်ကွေးရသည်~
Mean : ကျွန်တော်တို့ ပြောစရာမရှိတော့ဘူးလို့ ပြောထားခဲ့ပြီးပြီမလား
"Mean ! ခု ဘယ်မှာဘဲရှိရှိ အိမ်အမြန်ပြန်တော့ ! Mean ငါပြောတာ ကြားလား ?? "
တစ်ဖက်လူ ပြောနေသော အကြောင်းအရာများကို Mean နားမလည်တော့~ တစ်ဖက်လေလိုင်းမှ တစ်စုံတစ်ခုအား အမြန်လိုနေကာ အလွန်မင်း တုန်လှုပ်ခြောက်ခြားလျက် ~~ အသက်ရှူသံတို့ကလဲ မြန်ဆန်လျက်ရှိသည်~
" Mean ငါပြောတာ နားထောင်နေလား?"
ဆက်၍ ထွက်ပေါ်လာသော ကျယ်လောင်သော အော်ခေါ်သံတစ်ခု ~~
"MEAN !!!!!! "
Plan အတတ်နိုင်ဆုံး P'Gun ကို နှစ်သိမ့်ပေးဖြစ်သည်~ နာကျင်မှုတွေ မပြေပျောက်နိုင်တာ သိပေမဲ့ အနည်းငယ် ပြေလျော့လိုငြား ~~
Plan : အရမ်းလဲ စိတ်ထဲ မထားပါနဲ့ P'Gun ~ အားလုံး အဆင်ပြေသွားမှာပါ ~ Mark က P'ပျော်နေဖို့ဘဲ လိုလားမှာ P'လဲ သိတယ်မလား
Gun : အင်း
Plan တစ်ဖက်တွင် စကားပြောရင်း မလှမ်းမကမ်းတွင် ဖုန်းရပ်ပြောနေသော Mean ဆီ အကြည့်တို့က ရောက်မိသည် ~ ထိုအချိန်မှာဘဲ Mean ရှိရာဆီ အရှိန်ဖြင့် အပြေးလာနေသော ကားသေးတစ်စီး ~ အစတော့ လေဆိပ်အပေါက်ဝတွင် ရပ်တန့်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား အရှိန်သတ်ခြင်းမရှိဘဲ Meanရှိရာဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်လာနေသည်~ ကျောပေး၍ ရပ်လျက်ရှိတဲ့ ဖုန်းကို အာရုံရောက်နေတဲ့ Mean ကတော့ သတိထားမိဟန်မတူ ~~
" MEAN !!!!! "
ခါးအောက်ပိုင်းတစ်နေရာကို အရှိန်ပြင်းတစ်ခုခုဖြင့်
ဖြတ်တိုက်ခံရသော ခံစားချက်က အလွန်မင်း ဆိုးရွားလှသော ခံစားချက်ဖြစ်သည်~ တဒင်္ဂခန့် တစ်ကိုယ်လုံး လေပေါ် မြောက်တက်သွားချိန်တွင် ပေါ့ပါးမှုကို ခံစားမိပေမဲ့ မြေပြင်ပေါ် အရှိန်နဲ့ ပြန်ကျကာ လမ်းမ ကတ္တရာနဲ့ ပြန်ရိုက်မိတဲ့အခါ နာကျင်မှုက အသွေးအသားများ တစ်စစီ ဆုတ်ဖြဲခံရသကဲ့သို့ Plan ခံစားရသည်~ သို့သော်လည်း Plan ကျေနပ်သည်~~ အနည်းဆုံးတော့ သူ့ရဲ့ Mean မနာကျင်ရရင် ~ သူဒီထက်ပိုဆိုးဝါးတဲ့ နာကျင်မှုတွေပါ ခါးစည်းခံနိုင်ပါ၏ ~
စီးကျလာသော အရည်ပြစ်ပြစ်တစ်ချို့ကြောင့် Plan အမြင်အာရုံများက ပိုမိုဝေဝါးလာသည်~ စကားတစ်ချို့ပြောချင်နေပေမဲ့ လေးလံလာသော မျက်တောင်များက သူ့ကို ခွင့်မပြုတော့ ~~
ရုတ်တရက်မို့ Mean အခြေနေတို့ကို နားမလည်နိုင် ~ ရုတ်တရက် ဆောင့်တွန်းခံရခြင်းနဲ့အတူ သတိဝင်လာကာ စိုးရိမ်စွာ လှည့်ကြည့်မိချိန် မလှမ်းမကမ်တွင် ငြိမ်သက်စွာ လဲကျနေသော ခန္ဓာကိုယ်လေး ~
နွေခေါင်ခေါင် မိုးကြိုးပစ်ခံရသလို ~ မယုံကြည်နိုင်စွာ ငြိမ်သက်နေနှင့်ပြီဖြစ်သော ကိုယ်လေးကို အပြေးပွေ့ဖက်မိသည်~
Mean : Plan ! Plan ! Plan !
နှုတ်မှလဲ မဆက်မပြတ် ခေါ်ဆိုနေမိသော်လည်း တစ်ဖက်သူမှာ တုံ့ပြန်မှုအလျင်းမရှိ မိမိရင်ခွင်ထဲ စိဆ်ချလက်ချ အိပ်စက်နေသည်~~ သွေးပေနေသော ကိုယ်လေးကို အတင်းကြပ်ဆုံး ထွေးပွေ့ထားမိလျက်~
Mean : မင်း ဘာမှ မဖြစ်ရဘူး Plan 😢 မင်း ဘာမှ မဖြစ်စေရဘူး
☆☆☆☆ LoVe MiracLe ☆☆☆☆
At Hospital🏥🏥🏥
ခွဲစိတ်ခန်းရှေ့တွင် Mean အသက်မဲ့စွာ ထိုင်ချမိသည် ~~ ဖြစ်ပျက်သွားသော အခြေနေတို့ကို လက်မခံနိုင်သေး~~ လက်ထဲတွင် သွေးစတစ်ချို့ ပေကျံနေသော Plan ရဲ့ ဆွဲကြိုးကို တင်းတင်းဆုပ်ကိုင်ထားမိသည် ~~
Gun : Plan အဆင်ပြေလောက်မှာပါ ! Plan အမေတို့ကို ဖုန်းဆက်ထားတယ် ခဏနေ
ရောက်လာကြလိမ့်မယ်
Mean ခေါင်းတစ်ချက်သာ ညိမ့်ပြနိုင်သည်~~
Gun ကတော့ သူပခုံးကို တစ်ချက် ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလာသည်~
မကြာခင် အခန်းနား အပြေးလာနေသော
ခြေလှမ်းကျယ်ကျယ်များကြောင့် Mean
ခေါင်းမော့ကြည့်မိသောအခါ သူ ယခု မမြင်ချင်ဆုံးသူ ~~
Mean : ခင်ဗျား ဒီကို ဘာလုပ်ချင်သေးလို့ ထပ်လာရတာလဲ? ခုထိ မကျေနပ်နိုင်သေးဘူးလား? ဘာလို့ ....... ဘာလို့ ကျွန်တော်တန်ဖိုးထားတဲ့သူတွေကို ကျွန်တော့်ဘေးကနေ ဆွဲထုတ်ချင်နေရတာလဲ??!!!!
ကျယ်လောင်သော အပြစ်တင်သံများက ခွဲစိတ်ခန်းရှေ့ ထွက်ပေါ်လာသည်~~ မျက်ရည်များက အတားအဆီးမရှိ ပြိုကျလာရင်း Mean ထိုနေရာတွင်ပင် ဒူးထောက်ထိုင်ကျသွားသည်~~
Mean : ဘာလို့လဲ !!!!!
"ငါတကယ် မရည်ရွယ်ခဲ့ပါဘူး ~~ တောင်းပန်ပါတယ် " 😢😢 "ငါ တကယ် တောင်းပန်ပါတယ်"
Christine တကယ် မရည်ရွယ်ခဲ့ပါ ~~ သူဘယ်လောက်ဘဲ ဆိုးရွားနေတဲ့သူ ဖြစ်နေပါစေ ~ သူ့သားရဲ့ အသက်ဖြင့် ကစားရလောက်အောင် အတင့်မရဲ~~ လောင်းကစားကြွေးများ နစ်နေသော သူ့တွင် တစ်ခုတည်းသော မျှော်လင့်ချက်က သူ့သားသာ ~ ပထမတော့ သူ့အသက်ကို ခြိမ်းခြောက်၍
ကြွေးတောင်းလာသော ထိုလူမိုက်များ ~ သူက မမူသောအခါ တစ်ဆင့်တိုး၍ Mean အသက်ကို ခြိမ်းခြောက်လာခြင်း ~~ အကြောင်းစုံသိ၍ သူ ဖုန်းဆက် သတိပေးခဲ့ပေမဲ့ အရာအားလုံးက ခြေတစ်လှမ်း နောက်ကျနေခဲ့ပြီ ~~~~
သိပ်မကြာမီ အချိန်တွင်ပင် Plan အမေနှင့် ညီမဖြစ်သူတို့ ရောက်လာကြ၏ ~~ Mean ကတော့ Plan မိသားစုကို အကြောင်းပြချက် ဆင်ခြေပေးရန် မရှိတော့~ သူ မကာကွယ်နိုင်ခဲ့သော သူ့ချစ်ရသူ၏ မိဘကို သူ မျက်နှာပြရန် မရဲဝံ့တော့ပြီ
Mean : ကျွန်တော် တောင်းပန်ပါတယ် အန်တီ ! ကျွန်တော့်ကြောင့် ဖြစ်ရတာ !! ကျွန်တော် မကာကွယ်နိုင်ခဲ့လို့ ခုလို ဖြစ်ရတာပါ
Plan အမေကတော့ ဘာမှ ပြောမလာတော့~ သားဖြစ်သူ အန္တရာယ်ကင်းဖို့သာ ဆုတောင်းနေမိသည်~
၁နာရီ🕛
၂နာရီ🕧
၃နာရီ🕐
တဖြည်းဖြည်းနှင့် အချိန်တို့ ကုန်ဆုံးလာပေမဲ့ အခန်းတွင်း ဘာအရိပ်ယောင်မှ မရှိ၍ Mean ပို၍ စိတ်ပူပြီးရက်း စိတ်ပူလာရသည်~~
များမကြာမီ ခွဲခန်းထဲမှ အပြေးထွက်လာသော သူနာပြုအား မျှော်လင့်ချက်တစ်စုံတစ်ရာဖြင့် အပြေးသွားမေးမိသည်~
Mean : Plan ! Plan အဆင်ပြေရဲ့လား?
Nurse : လူနာက သွေးထွက်လွန်နေလို့ စိုးရိမ်ရတဲ့ အခြေနေမှာ ရှိနေတယ်
သူနာပြု၏ စကားအဆုံး ယိုင်ကျသွားသော အမေဖြစ်သူကို Ley ဘေးမှ အသာလှမ်းထိန်းရသည်
Nurse : လူနာရဲ့ သွေးအမျိုးစားက ဆေးရုံမှာလဲ မရှိတော့ဘူး ~ တခြား ဆေးရုံတစ်ခုက အရေးပေါ် လှမ်းမှာထားပေမဲ့ လူနာက အဲ့အချိန်ထိ အဆင်ပြေမယ်လို့ အာမ မခံနိုင်ဘူး ~ ရှင်တို့ထဲမှာ လူနာနဲ့ သွေးအုပ်စု တူတဲ့ သူရှိရင် ကျေးဇူးပြုပြီး သွေးအမြန် လှူပေးဖို့ တိုက်တွန်းချင်တယ်
Ley : P'Plan က AB-negative မို့လို့ အိမ်မှာတောင် သူနဲ့ သွေးတူတဲ့ သူမရှိဘူးရေ 😦😢
ဖြစ်နိုင်လျှင် Mean အသွေးအသားတို့ကို
ဖောက်ထုတ်ပစ်ရပါစေ Plan အတွက်ဆိုပါက စွန့်လွှတ်နိုင်သော်လည်း ကံတရားက အမြဲ သူ့ဘက်တွင် မရှိခဲ့ ~~ Mean လောကကြီးတစ်ခုလုံး အမှောင်ကျသွားသည်~~ သူချစ်ရတဲ့သူက သေမင်းနဲ့ ရင်ဆိုင်တွေ့နေရတဲ့အချိန်မှာ သူဘာမှ မတတ်စွမ်နိုင်ဘူး~
အများရှေ့ ကျဆင်းလာနေသော မျက်ရည်ပေါက် ကြီးငယ်တို့က တားဆီး၍ မရနိုင်တော့~~
ထိုစဉ် ခဏ ထွက်ပေါ်လာသော အသံကြောင့် အားလုံးရဲ့ အကြည့်က သူမဆီသို့ ~~
"ကျွန်မ လှူပါမယ် ~ ကျွန်မလဲ AB-negative ပါဘဲ"
To Be Continued ▪▪▪▪▪▪▪▪▪▪
Final Part Is Coming Soon ~~~~~