Final

2.3K 212 29
                                    

          ဆေးရုံကုတင်ပေါ်တွင် ငြိမ်သက်စွာ အိပ်ပျော်နေသောသူလေး၏ လက်ကလေးကို ဆုပ်ယူကာ Mean မိမိ၏ ပါးပြင်ကို အသာ ကပ်ထားမိသည် ~ ဆရာဝန်က အခြေနေ တည်ငြိမ်သွားပြီဟု
ပြောလာသည့်တိုင် သူ့ရဲ့ စိုးရိမ်မှု နှလုံးသားလေးကတော့ မတည်ငြိမ်နိုင်သေး ~~
         လေးလံနေသော မျက်ဝန်းများကို Plan  အားယူစွာ ဖွင့်ကြည့်မိတော့ ဆေးရုံဟုယူဆရသော အခန်း၏ မျက်နှာကျက်ဖြူက မြင်ကွင်းထဲ ဝင်ရောက်လာသည် ~~ တစ်ကိုယ်လုံး အရိုက်ခံရသည့်နှယ် နာကျင်နေသေးပေမဲ့ အသက်ရှင်နေသေးသည်ဟူသော အသိကြောင့် တော်သေးသည်ဟူသော အဓိပ္ပါယ်ဖြင့် သက်ပြင်းငယ်တစ်ခုကို ချမိသည် ~
      သူ၏ လက်ကို ဆုပ်ကိုင်ထားသော နွေးထွေးသော ခံစားချက်ကြောင့် Plan အားတင်းကာ မူးမိုက်နေချင်သည့် ကြားမှ ခေါင်းကို ဝေ့ဝိုက်ကြည့်မိတော့ သူ့လက်ကို ဆုပ်ကိုင်လျက် အိပ်ပျော်နေသည့် Mean ~
အပြုံးငယ် တစ်ခုက အလိုအလျောက် ဖြစ်ပေါ်လာရင်း ညာလက်ကို အားပြု မယူ၍ Mean ရဲ့ ဆံနွယ်တစ်ချို့ကို အသာ သပ်တင်ပေးမိသည်~
         သူ့ရဲ့ ထိတွေ့မှုကြောင့်လားမသိ မကြာခင်ဘဲ လှုပ်လှုပ်ရှားရှား ဖြစ်လာသော Mean ! ဝမ်းသာမှုနဲ့အတူ စိတ်မကောင်းဖြစ်နေသည့် Mean ကို သူအားတင်းစွာ
ပြုံးပြမိသည်~

Plan : Mean ~

Mean : Plan ~ မင်းအိပ်ပျော်နေတာ ၂ရက်တောင် ရှိသွားပြီ ~ ငါ ဘယ်လောက် စိတ်ပူနေလဲ သိရဲ့လား? မင်း မနိုးလာရင် ဘယ်လိုလုပ်မလဲ ဆိုပြီးတော့ 😓

Plan : Mean ကလဲ အစကတည်းက ငါအိပ်ပုတ်ကြီးတာ သိရဲ့သားနဲ့

         Mean စိတ်ပြေလက်ပျောက်ဖြစ်စေရန်အလို့ငှာ Plan ဟာသမမည်သော စနောက်မှုကို ပြုလုပ်မိ၏
ထို့နောက် Mean က သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်၍ ဆံနွယ်တစ်ချို့ကိုလဲ အသာအယာ ပွတ်သပ်ပေးလျက်

Mean : ကျေးဇူးတင်ပါတယ် Plan ~ ငါ့ဆီကို
ပြန်လာပေးတာ~~ ပြီးတော့ ငါ မင်းကို အရမ်းချစ်တယ် Plan ! 

       Plan တုံ့ပြန်မှုအနေဖြင့် Mean ကို ပိုပြီး တင်းတင်းကြပ်ကြပ် ပြန်လည် ထွေးပွေ့ထားမိသည်~

Plan : ငါရောဘဲ Mean ! မင်းချစ်တယ်ဆိုတာထက် ငါမင်းကို ပိုချစ်တယ်

LOVE MiracleWhere stories live. Discover now