Just For You💛

Par PannWintHlwar

788K 51K 1.8K

လွန်းဂုဏ်ရှိန် 💛 နိုရာ ကိုယ်ချစ်နေရသူက ပွေလွန်းရှုပ်လွန်းသူဖြစ်နေသည့်အခါ မိမိကိုချစ်မြတ်နိုးလာနိုင်ပါ့မလား... Plus

အပိုင်း - ၁💛
အပိုင်း - ၂💛
အပိုင်း - ၃💛
အပိုင်း - ၄💛
အပိုင်း - ၅💛
အပိုင်း - ၆💛
အပိုင်း - ၇💛
အပိုင်း - ၈💛
အပိုင်း - ၉💛
အပိုင်း - ၁၀💛
အပိုင်း - ၁၁💛
အပိုင်း - ၁၂💛
အပိုင်း - ၁၃💛
အပိုင်း - ၁၄💛
အပိုင်း - ၁၅💛
အပိုင်း - ၁၆💛
အပိုင်း - ၁၇💛
အပိုင်း - ၁၉💛
အပိုင်း - ၂၀💛
အပိုင်း - ၂၁💛
အပိုင်း - ၂၂💛
ဇာတ်သိမ်းပိုင်း💛
Nora's Thingyan💦
Announcement 💙

အပိုင်း - ၁၈💛

25.5K 1.7K 39
Par PannWintHlwar

"သော့ပေး ... သော့ သော့ ... master keyပေး"

လွန်း receptionမှာသော့ကိုအတင်းတောင်းနေမိသည်။ စင်္ကာမှာသွားပြီး မြန်မာလိုပြောနေမိမှန်းပြီးမှသတိထားလိုက်မိသည်။

"Sorry.Give me the key ... Room 1005 ... Loon Gone Shain"

ဧည့်ကြိုကောင်တာမှမိန်းကလေးတွေကလည်းသော့ကိုထုတ်ပေးလိုက်သည်။ လွန်းနဲ့ရှင်း နိုရာ့ဆီကိုမြန်မြန်ပြေးလာခဲ့ကြသည်။

"ဘာလို့လဲ ... ဘာလို့ မင်းဒီလိုတွေလုပ်နေရတာလဲ"

ပိုင်ခန့် နိုရာ့လည်ပင်းကိုဆေးထိုးမည်လုပ်နေစဉ် နိုရာမေးလိုက်သည်။ နိုရာမျက်ရည်များတသွင်သွင်စီးကျလာသည်။ ပိုင်ခန့် မိမိပြုနေသမျှကို ရပ်တန်းပြီးနိုရာ့ကိုကြည့်လိုက်သည်။

"ဟက်! ငါလိုချင်တဲ့အချစ်ကိုရဖို့ မင်းပျက်စီးမှရမယ်"

"ကိုကိုလွန်းက မင်းကိုမှမချစ်တာ ... ငါပျက်စီးသွားတော့ရော သူကမင်းဆီလာမှာတဲ့လား"

"မင်းကဘယ်လိုသိတာလဲ ... ငါကအစ်ကိုလွန်းကိုချစ်တယ်ဆိုတာ"

"ငါကြားခဲ့တယ် ... လေဆိပ်မှာမင်းနဲ့ကိုကိုလွန်းပြောနေတာတွေကိုငါအကုန်ကြားတယ် ... ငါမသိချင်ယောင်ဆောင်နေခဲ့တာ ... မင်းဒီလိုလုပ်လိမ့်မယ်လို့ငါမထင်မိဘူး ... မင်းမှာပညာတွေသင်ထားတာ စဉ်းစားဉာဏ်တောင်မရှိတော့ဘူးလား ... မင်းပဲထိခိုက်ရမှာလေ ... မင်းပဲနာကျင်ရမှာ"

"မင်းလိုရောဂါသည်ပြောတာတွေကို ငါကနားထောင်မယ်များထင်နေလား ... မင်းအနားမှာနေခဲ့တာလည်း အစ်ကိုလွန်းကြောင့်ပဲ ... ရောဂါသည်အနားကိုကပ်ချင်လွန်းလို့ကပ်နေတာ်ထင်မနေနဲ့"

"မင်းမှားနေပြီ ... အချစ်အတွက်နဲ့မင်းဘဝကိုဆုံးရှုံးခံတော့မလို့လား"

"ဘာပဲဖြစ်ဖြစ် အစ်ကိုမင်းကိုရွံသွားစေရမယ်"

ပိုင်ခန့် လုပ်ငန်းကိုဆက်လိုက်သည်။ ဆေးထိုးအပ်အဖုံးကိုပါးစပ်ဖြင့်ကိုက်ဖွင့်လိုက်သည်။ နိုရာမျက်လုံးတွေမှိတ်ချထားလိုက်သည်။ နိုရာ့မှာရုန်းနိုင်သည့်အင်အားမရှိတော့ပါ။ အသက်ကိုပင် မနည်းလုရှူနေရသည်။

"မင်းတစ်နေ့နောင်တရလိမ့်မယ် ပိုင်ခန့်"

လွန်း အခန်းတံခါးကိုအမြန်ဆုံးဖွင့်လိုက်သည်။ မြင်လိုက်ရသည့်မြင်ကွင်းက နိုရာ့၏လက်တွေအချည်ခံထားရပြီး အပေါ်ပိုင်းတွင်အင်္ကျီမရှိတော့ပါ။ ပိုင်ခန့်ကနိုရာ့အ‌ပေါ်မှတက်ခွထားပြီး လက်ထဲကဆေးထိုးအပ်ကိုလွန်းမြင်လိုက်သည်။ ကုတင်ပေါ်က ပိုင်ခန့်ကိုဆွဲထူလိုက်ပြီး စိတ်မကျေနပ်မချင်း ဆွဲထိုးတော့သည်။ ပိုင်ခန့်၏မျက်နှာတစ်ခုလုံးလည်းသွေးများဖြင့်နီရဲနေသည်။

"ကိုကို တော်ပါတော့ ... သေသွားလိမ့်မယ် ... တော်ပါတော့"

လွန်းကိုနိုရာလှမ်းတားလိုက်သည်။ လှမ်းဆွဲချင်သော်လည်းဆွဲလို့မရပါ။ လက်ကိုချည်နှောင်ခြင်းခံထားရသည်။

"ကိုကိုလွန်း နိုရာလက်အရမ်းနာတယ် ... ဖြည်ပေးပါ"

နိုရာ့ဆီကို လွန်းသွားလိုက်သည်။ လက်ကချည်ထားတာကိုဖြည်ပေးလိုက်သည်။ နိုရာ အသက်ကိုလုရှူနေရသည်။

"ကလေး!"

"ရင်ဘတ်အောင့်တယ် ... ဆေး ... ဆေးတိုက်ပါ"

"ခဏလေးနော် ... ခဏလေး"

လွန်း ဆေးများထည့်ထားသည့်အိတ်ဆီကိုအပြေးသွားပြီး ဆရာဝန်ပေးထားသည့် အရေးပေါ်ဆေးနှစ်လုံးကို နိုရာ့ကိုတိုက်လိုက်သည်။ နိုရာ ရေတောင်မသောက်နိုင်ဘဲဆေးတွေကိုမြိုချပစ်လိုက်သည်။

"ပိုင်ခန့် မင်းကိုငါတစ်သက်မကျေဘူး ... တရားဥပဒေအတိုင်းပဲ ရှင်းတာပေါ့ ... အခုတော့ မင်းသွားလိုက်တော့ ... ငါ့မျက်စိရှေ့ကထွက်သွား"

နိုရာ ကြောက်လွန်းလို့ တစ်ကိုယ်လုံးတုန်ရီနေသည်။ လွန်းကိုဆုပ်ကိုင်ထားသည့်လက်ကလေးတွေက တဆက်ဆက်နဲ့တုန်ရီလို့နေသည်။ လွန်း နိုရာ့ကိုဖက်ထားလိုက်သည်။

"ဘာမှမဖြစ်တော့ဘူး ... ကိုယ်ရောက်လာပြီ ... သူဘာမှမလုပ်နိုင်တော့ဘူး ... ကလေး စိတ်ကိုလျှော့လိုက်တော့နော်"

နိုရာ လွန်း၏ခါးကအင်္ကျီစကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ငြိမ်နေသည်။ ခဏကြာတော့ နိုရာအသက်ရှူသံမှန်လာသည်။ ရင်ခွင်ထဲကနိုရာ့ကိုထုတ်လိုက်သည်။

"သက်သာလား နိုရာ ... ရင်ဘတ်အောင့်သေးလား ... ရေရောသောက်ဦးမလား"

နိုရာ စကားမပြောဘဲ ခေါင်းကိုသာခါရမ်းပြသည်။ လွန်း ဘယ်လိုမှမတွေးဝံ့တော့ပါ။ သူသာနောက်ကျသွားခဲ့ရင် နိုရာ့အသက်ကိုတောင်ဆုံးရှုံးရလိုက်နိုင်သည်။ ပိုင်ခန့် အောက်တန်းကျသည့်လုပ်ရပ်မျိုးလုပ်လိမ့်မည်ဟုလည်း လွန်းမထင်မှတ်မိခဲ့ပါ။

"ရှင်း ... ဟိုတယ်မန်နေဂျာနဲ့တွေ့ပြီးသေချာပြောပြလိုက် ... လုံခြုံရေးတွေတိုးမြှင့်ပေးဖို့လည်းပြောခဲ့ ... ပြီးတော့ အမှုဖွင့်လိုက်"

"ဟုတ်ကဲ့ပါ CEO"

ရှင်းထွက်သွားသည်နှင့်နိုရာ့ကိုစောင်နဲ့ပတ်လိုက်ပြီး ရေချိုးခန်းထဲသို့ပွေ့ချီသွားလိုက်သည်။ နိုရာ့ကိုဘေစင်ဘောင်ပေါ်မှာတင်လိုက်သည်။

"နိုရာ ... ကိုယ်ရေပတ်တိုက်ပေးမယ်နော် ... ပြီးရင် အဝတ်အစားလဲကြရအောင်"

"နိုရာ့ဘာသာလုပ်မယ် ... ကိုကိုအပြင်ထွက်နေပေးပါ"

နိုရာစိတ်ငြိမ်သွားပါသော်လည်း အသံလေးတွေကတော့အနည်းငယ်တုန်ရီနေသေးသည်။

"နိုရာခေါင်းမမာနဲ့ကွာ"

စောင်ကိုဖြည်ချရန်လုပ်သည့်အချိန် နိုရာကစောင်ကိုအတင်းဆွဲထားသည်။ လွန်း အားစိုက်ထုတ်ပြီး နိုရာ့လက်တွေကိုဖယ်ချပစ်လိုက်သည်။

"မကြည့်ပါနဲ့လို့"

နိုရာ မျက်ရည်လေးတွေကျလာပြန်သည်။ ကလေးငယ်၏ရင်ဘတ်တစ်ခုလုံးမှာ မြင်၍ပင်မကောင်းလှအောင် နီရဲနေလေသည်။ ဒါက နိုရာသူ့ကိုအပြင်ထွက်ခိုင်းတဲ့အကြောင်းအရင်းပေါ့။ လွန်းလည်း မျက်ရည်တွေကျရင်းနဲ့ နိုရာ့ကိုရေပတ်တိုက်ပေးသည်။ လက်ကလေးကိုကြည့်လိုက်ပြန်တော့လည်း လက်ကောက်ဝတ်ကလေးကနီရဲနေပြန်သည်။ အားနည်းတဲ့ကလေးငယ် ချူချာတဲ့ကလေးငယ်ကို ပိုင်ခန့်မို့လို့လုပ်ရက်သည်။ နိုရာ့ကျန်းမာရေးအခြေအနေဘယ်လိုဆိုတာသိနေပါလျက်နဲ့ သူ့ကိုလိုချင်သည်နဲ့နိုရာ့ကိုလုပ်ရက်သည်။ သူလည်း သူ့ကိုယ်သူဒေါသထွက်မိသည်။

"ကိုယ်မင်းကို မိဘတွေနဲ့ပဲထားခဲ့သင့်တာ ... ကိုယ်အရမ်းမှားသွားပြီ ... ကိုယ်တကာ်နောင်တရနေမိပြီ ... ကိုယ်မင်းကိုထားခဲ့သင့်တာ"

လွန်းငိုနေတော့ နိုရာကလွန်း၏လည်ပင်းကိုဖက်ပြီး ပုခုံးပေါ်မှာမေးလေးတင်ထားလိုက်သည်။

"ကိုကိုရောက်မလာတော့ဘူးလို့ထင်တာ ... နိုရာသေပြီလို့ထင်ခဲ့တာ ... ပိုင်ခန့်ကလူမဟုတ်သလိုပဲ ... နိုရာကြောက်တယ် ... ကိုကိုကပြန်မချစ်တာနဲ့ပဲနိုရာ့ကိုဘာလို့အခုလိုလုပ်ရတာလဲ"

"ဘာပြောလိုက်တယ် ... မင်းဘယ်လိုသိတာလဲ"

"လေဆိပ်မှာတုန်းက ပိုင်ခန့်နဲ့ကိုကိုပြောနေတာတွေနိုရာကြားတယ်"

"ကလေး! မင်း ..."

"ဘာမှမဖြစ်ပါဘူး ... နိုရာကကိုကို့ကိုယုံပြီးသား ... ဒါပေမဲ့ ပိုင်ခန့်အခုလိုလုပ်မယ်လို့တော့မထင်မိဘူး"

"ကိုယ်တောင်းပန်ပါတယ် ... ကိုယ့်ကြောင့် ..."

"မဟုတ်ပါဘူး ... ကိုကိုရောက်လာခဲ့တယ်လေ ... ကိုကိုကအမြဲတမ်းနိုရာ့ရဲ့ဟီးရိုးကြီးလေ ... ကိုကိုရောက်လာမယ်ဆိုတာ နိုရာသိတယ်"

"ကိုယ်မင်းကိုဘယ်လိုမျက်နှာပြရမလဲမသိတော့ဘူး"

"အများကြီးချစ်ပေး ... နိုရာ့ကိုအများကြီးချစ်ပေးရင်ရပြီ"

"အဲ့ဒါကပြောစရာမလိုပါဘူးကလေးရယ် ... အခု စိတ်သက်သာသွားပြီလား"

"အင်း"

"ဒါဆို သန့်ရှင်းရေးလုပ်ပြီးအဝတ်အစားလဲလိုက်ရအောင်နော်"

"ဟုတ်"

အိပ်ချင်လွန်းလို့တဝါးဝါးသမ်းနေပြီး မျက်ရည်တွေတောင်ပြည့်လျှံလာရသည်အထိဖြစ်နေသည်ကိုပင်မအိပ်သေးဘဲ ငုတ်တုပ်ကလေးထိုင်နေသည့်ကလေးငယ်။

"နိုရာ ... ကလေးအိပ်ချင်နေပြီလေ ... ဘာလို့ထိုင်နေရသေးတာလဲ"

"ဟင့်အင်း မအိပ်ဘူး ... နိုရာအိပ်ပျော်နေတုန်း တစ်ယောက်
ယောက်လာမှာစိုးလို့"

နိုရာ့စကားက လွန်းကိုပိုနာကျင်စေရသည်။

"လာပါ ... ကိုကိုရှိတယ်လေ ... ကိုကို့ရင်ခွင်ထဲမှာအိပ် ကိုကိုကနိုရာ့ကိုသေချာဖက်ထားမှာ ... နိုရာ့ကိုဘယ်သူမှဘာမှမလုပ်စေရဘူး ... အပြင်မှာအစောင့်တွေလည်းရှိတယ် ... ဒီမှာကိုကိုလည်းရှိတယ် ... နိုရာပြောတော့ ကိုယ်ကနိုရာ့ရဲ့ဟီးရိုးကြီးပါဆို ... ဟီးရိုးကြီးကနိုရာ့ကိုကာကွယ်ပေးမှာ ... အဲ့တာကြောင့် အိပ်ပါကလေးရယ်"

လွန်း သေချာနားချမှ လွန်းရင်ခွင်ထဲကိုတိုးဝင်လာပြီး ငြိမ်ကျသွားသည်။ လွန်းရင်ဘတ်မှာမျက်နှာကလေးအပ်ပြီး ငြိမ်နေသည်။

*အိပ်ချင်နေရဲ့သားနဲ့နိုရာရယ်*

ရန်ကုန်ပြန်ရောက်ရင် ဆရာ့ဆီသွားဖို့လည်းလွန်းဆုံးဖြတ်လိုက်သည်။

"ကိုယ်ရှိတယ်နိုရာ ... စိတ်ချလက်ချသာအိပ်"

ညဘက်ရောက်သည့်အခါ နိုရာလေးကထထအော်သည်။ တစ်ခါမကတော့သည့်နောက် လွန်းမအိပ်နိုင်တော့ပါ။ ကြောက်စိတ်ကြောင့် အဖျားကလည်းပြန်ဝင်လာသည်။ အိပ်နေရင်းလည်း မလုပ်ပါနဲ့လို့ယောင်နေသေးသည်။ ငယ်စဉ်ကတည်းကချူချာတဲ့ကလေးမို့ လွန်းအတွက်စိုးရိမ်စိတ်ကပိုများလာရသည်။ လွန်း စိတ်မချသည့်အဆုံး ဆေးရုံသို့သာခေါ်လာခဲ့တော့သည်။

"CEO ... ဆရာဝန်ကနိုရာ့ကို မြန်မာပြည်ပြန်ခေါ်သွားဖို့ပြောတယ် ... ဒီမှာအဖြစ်ဆိုးတွေဖြစ်ခဲ့တာမို့ ကြာကြာမနေတာကောင်းပါတယ်တဲ့"

"လေယာဉ်လက်မှတ်ဖြတ်လိုက်တော့ ... အဖျားကျပြီဆိုတော့ ပြန်ခေါ်သွားလို့ရပြီ ... စာချုပ်ချုပ်တာကိုတော့ မင်းပဲလုပ်လိုက်ပါတော့ ... ငါဒီလိုပုံစံနဲ့ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"

"ဟုတ်ကဲ့ပါ"

"အမှုအခြေအနေရော"

"ဟုတ်ကဲ့ အမှုဖွင့်လိုက်ပါပြီ ... သက်သေတွေလည်းပို့လိုက်ပါပြီ ... မနက်ဖြန်လောက်ဆိုဆင့်ခေါ်စာရောက်သွားလောက်ပါပြီ"

"အေး ကျေးဇူးပဲကွာ ... ဒါဆို ငါမနက်ပြန်တော့မယ်နော်"

"ဟုတ်ကဲ့CEO ... စိတ်ချလက်ချသာပြန်ပါ ... အားလုံးအဆင်ပြေအောင်လုပ်လိုက်ပါ့မယ်"

မနက်ရောက်သည့်အခါ ဆေးရုံကနေလေဆိပ်ကိုတန်းဆင်းရမည်ဖြစ်တာကြောင့် နိုရာ့ကိုနှိုးလိုက်ရသည်။

"ကလေးရေ မျက်နှာသစ်ရအောင် ... ပြီးရင်ပြန်ကြမယ် "

အိပ်နေသည့်နိုရာ့ကိုအသာလေးဆွဲပွေ့လိုက်တော့ လည်ပင်းကို သိုင်းဖက်လာသည်။

"ကိုကို ..."

"အင်း ကိုယ်ပါ ... မလန့်နဲ့နော် ... မျက်နှာသစ်ပေးမလို့"

မျက်နှာသစ် အဝတ်အစားတွေလဲပေးပြီး လေဆိပ်သို့တန်းလာခဲ့လိုက်ကြသည်။ မာမားတို့ကို ကြိုတင်အကြောင်းကြားထားသည်မို့ မာမားတို့ကလေဆိပ်ကနေစောင့်နေကြသည်။ နိုရာ့ကိုပွေ့ချီလာသည့်လွန်းကိုတွေ့တော့ အပြေးရောက်လာကြသည်။

"အဆင်ပြေရဲ့လား ... နိုရာ မာမားတို့ရှိတယ်နော် ... ဘာမှမကြောက်နဲ့"

ကလေးငယ်ကမှိန်းနေရှာသည်။ မျက်နှာလေးကလည်းချောင်ကျသွားသည်။

"မာမား ကျွန်တော်ဆေးရုံသွားပြမလို့ ... ကားသော့လေး ..."

"ဪ အေး ... မာမားတို့အနောက်ကလိုက်ခဲ့မယ်"

"မာမားနဲ့ပါပါးကို ကျွန်တော်တောင်းပန်ပါတယ်"

"မဟုတ်တာတွေပြောမနေစမ်းပါနဲ့ ... မြန်မြန်သွားတော့"

ဆရာဝန်က နိုရာ့ကိုဆေးရုံခဏတက်ရန်အကြံပေးတော့ နိုရာဆေးရုံတက်ရပြန်သည်။ လွန်း နိုရာ့နဖူးလေးကိုစမ်းကြည့်လိုက်သည်။

"တော်ပါသေးရဲ့ ကိုယ်ပူကျသွားလို့"

နိုရာကတော့ ဆေးအရှိန်တွေကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ နိုရာအိပ်ပျော်နေသည့်အချိန် ဆရာဝန်နဲ့သွားတွေ့လိုက်သည်။

"ဆရာ နိုရာ့အခြေအနေလေး"

"အဖျားလည်းကျသွားပြီ ... နှလုံးကလည်းဖြေးဖြေးနဲ့ပုံမှန်လေးအလုပ်လုပ်နေတယ်ဆိုပေမဲ့ ပိုပြီးသတိထားပေးပါ ... နောက်တစ်ခါဆိုရင်တော့ နှလုံးကသူ့ဘာသာသူအလုပ်လုပ်နိုင်မယ်မထင်ဘူး ... အဲ့အခါ နှလုံးခုန်တဲ့အကြိမ်ရေနည်းလာမယ် ... စက်ထည့်ရလိမ့်မယ် ... သတိထားပေးပါ ... ပြီးတော့ နိုရာကညဘက်အော်တယ်လို့ပြောတယ်နော် ... စိတ်ကျန်းမာရေးနဲ့ဆိုင်သွားပြီ ... နိုရာ့ကိုဆေးရုံသေချာပြပေးဖို့အကြံပေးချင်တယ်"

"ဟုတ်ကဲ့ပါဆရာ ... ကျွန်တော်သေချာစီစဉ်လိုက်ပါ့မယ် ... ခွင့်ပြုပါဦးနော်"

"အေးအေး ကောင်းပါပြီ"

လွန်း အခန်းကိုပြန်‌ရောက်လာသည့်အခါ နိုရာနိုးနေပြီဖြစ်သည်။ ဘေးနားမှာမာမားရောက်နေလို့တော်ပါသေးသည်။ မဟုတ်ရင် ကလေးငယ်လန့်နေဦးမည်။

"ကိုကိုလွန်း!"

သူ့ကိုမြင်မြင်ချင်းလက်ကလေးနှစ်ဖက်ကမ်းလာသည်ကြောင့် ဘေးနားမှာထိုင်ပြီးလက်ကလေးတွေကိုဆုပ်ကိုင်လိုက်သည်။

"လွန်း ... ဆရာဝန်ကဘာပြောလဲ"

"နှလုံးကဖြေးဖြေးနဲ့မှန်မှန်လေးအလုပ်လုပ်တယ်တဲ့ ... ဒါပေမဲ့ ပိုပြီးသတိထားပေးရမယ်တဲ့"

"တော်ပါသေးရဲ့"

နိုရာက လွန်းကိုပြုံးပြနေသည်။ ဒီအပြုံးလေးမတွေ့ရတာ
ကြာလှလေပြီ။

"ဘယ်လိုလဲနိုရာ ... နေရတာအဆင်ပြေရဲ့လား ... ကိုယ်တွေလက်တွေကိုက်သေးလား"

"ဟင့်အင်း ... အဆင်ပြေတယ်"

ထိုစဉ် လူတစ်ယောက် အခန်းထဲသို့ဝင်လာလေသည်။

"ကျွန်တော်က စိုးမင်းသူပါ ... နိုရာ့အမှုရဲ့တာဝန်ခံပါ ... နိုရာ့ကိုမေးချင်တာလေးတွေရှိလို့ပါ"

"ဟုတ်ကဲ့ လာပါ ... ကျွန်တော်လည်းတွေ့ချင်နေတာနဲ့အတော်ပဲ"

အမှုစစ်နဲ့စကားပြောနေသည့်လွန်းကို နိုရာလက်ဆွဲထားလိုက်ပြီး .....

"နိုရာ တရားမစွဲချင်ဘူးကိုကို"

"ဘာ ... နိုရာ ဘာပြောလိုက်တယ် ...."

"တရားမစွဲချင်ဘူးကိုကို"

To Be Continued ...

ဒီအပိုင်းလေးကိုဖတ်ပြီး ချောင်းရိုက်ချင်သေးတဲ့သူများရှိသေးလားတော့မသိ ရိုက်မယ်ဆိုလည်း ကြိုပြောနော် ပုန်းနေလို့ 😁သွားမယ်နော် ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်💛 ဒီနေ့တော့ ဒီလောက်က်ပါပဲသဲငယ်လေးတို့ရေ😚 သဘက်ခါကျရင် အလင်္ကာနဲ့လီယိုတို့ကိုအက်ပုဒိတ်ပေးမယ်နော်😚


"ေသာ့ေပး ... ေသာ့ ေသာ့ ... master keyေပး"

လြန္း receptionမွာေသာ့ကိုအတင္းေတာင္းေနမိသည္။ စကၤာမွာသြားၿပီး ျမန္မာလိုေျပာေနမိမွန္းၿပီးမွသတိထားလိုက္မိသည္။

"Sorry.Give me the key ... Room 1005 ... Loon Gone Shain"

ဧည့္ႀကိဳေကာင္တာမွမိန္းကေလးေတြကလည္းေသာ့ကိုထုတ္ေပးလိုက္သည္။ လြန္းနဲ႕ရွင္း နိုရာ့ဆီကိုျမန္ျမန္ေျပးလာခဲ့ၾကသည္။

"ဘာလို႔လဲ ... ဘာလို႔ မင္းဒီလိုေတြလုပ္ေနရတာလဲ"

ပိုင္ခန႔္ နိုရာ့လည္ပင္းကိုေဆးထိုးမည္လုပ္ေနစဥ္ နိုရာေမးလိုက္သည္။ နိုရာမ်က္ရည္မ်ားတသြင္သြင္စီးက်လာသည္။ ပိုင္ခန႔္ မိမိျပဳေနသမွ်ကို ရပ္တန္းၿပီးနိုရာ့ကိုၾကည့္လိုက္သည္။

"ဟက္! ငါလိုခ်င္တဲ့အခ်စ္ကိုရဖို႔ မင္းပ်က္စီးမွရမယ္"

"ကိုကိုလြန္းက မင္းကိုမွမခ်စ္တာ ... ငါပ်က္စီးသြားေတာ့ေရာ သူကမင္းဆီလာမွာတဲ့လား"

"မင္းကဘယ္လိုသိတာလဲ ... ငါကအစ္ကိုလြန္းကိုခ်စ္တယ္ဆိုတာ"

"ငါၾကားခဲ့တယ္ ... ေလဆိပ္မွာမင္းနဲ႕ကိုကိုလြန္းေျပာေနတာေတြကိုငါအကုန္ၾကားတယ္ ... ငါမသိခ်င္ေယာင္ေဆာင္ေနခဲ့တာ ... မင္းဒီလိုလုပ္လိမ့္မယ္လို႔ငါမထင္မိဘူး ... မင္းမွာပညာေတြသင္ထားတာ စဥ္းစားဉာဏ္ေတာင္မရွိေတာ့ဘူးလား ... မင္းပဲထိခိုက္ရမွာေလ ... မင္းပဲနာက်င္ရမွာ"

"မင္းလိုေရာဂါသည္ေျပာတာေတြကို ငါကနားေထာင္မယ္မ်ားထင္ေနလား ... မင္းအနားမွာေနခဲ့တာလည္း အစ္ကိုလြန္းေၾကာင့္ပဲ ... ေရာဂါသည္အနားကိုကပ္ခ်င္လြန္းလို႔ကပ္ေနတာ္ထင္မေနနဲ႕"

"မင္းမွားေနၿပီ ... အခ်စ္အတြက္နဲ႕မင္းဘဝကိုဆုံးရႈံးခံေတာ့မလို႔လား"

"ဘာပဲျဖစ္ျဖစ္ အစ္ကိုမင္းကို႐ြံသြားေစရမယ္"

ပိုင္ခန႔္ လုပ္ငန္းကိုဆက္လိုက္သည္။ ေဆးထိုးအပ္အဖုံးကိုပါးစပ္ျဖင့္ကိုက္ဖြင့္လိုက္သည္။ နိုရာမ်က္လုံးေတြမွိတ္ခ်ထားလိုက္သည္။ နိုရာ့မွာ႐ုန္းနိုင္သည့္အင္အားမရွိေတာ့ပါ။ အသက္ကိုပင္ မနည္းလုရႉေနရသည္။

"မင္းတစ္ေန႕ေနာင္တရလိမ့္မယ္ ပိုင္ခန႔္"

လြန္း အခန္းတံခါးကိုအျမန္ဆုံးဖြင့္လိုက္သည္။ ျမင္လိုက္ရသည့္ျမင္ကြင္းက နိုရာ့၏လက္ေတြအခ်ည္ခံထားရၿပီး အေပၚပိုင္းတြင္အကၤ်ီမရွိေတာ့ပါ။ ပိုင္ခန႔္ကနိုရာ့အ‌ေပၚမွတက္ခြထားၿပီး လက္ထဲကေဆးထိုးအပ္ကိုလြန္းျမင္လိုက္သည္။ ကုတင္ေပၚက ပိုင္ခန႔္ကိုဆြဲထူလိုက္ၿပီး စိတ္မေက်နပ္မခ်င္း ဆြဲထိုးေတာ့သည္။ ပိုင္ခန႔္၏မ်က္ႏွာတစ္ခုလုံးလည္းေသြးမ်ားျဖင့္နီရဲေနသည္။

"ကိုကို ေတာ္ပါေတာ့ ... ေသသြားလိမ့္မယ္ ... ေတာ္ပါေတာ့"

လြန္းကိုနိုရာလွမ္းတားလိုက္သည္။ လွမ္းဆြဲခ်င္ေသာ္လည္းဆြဲလို႔မရပါ။ လက္ကိုခ်ည္ေႏွာင္ျခင္းခံထားရသည္။

"ကိုကိုလြန္း နိုရာလက္အရမ္းနာတယ္ ... ျဖည္ေပးပါ"

နိုရာ့ဆီကို လြန္းသြားလိုက္သည္။ လက္ကခ်ည္ထားတာကိုျဖည္ေပးလိုက္သည္။ နိုရာ အသက္ကိုလုရႉေနရသည္။

"ကေလး!"

"ရင္ဘတ္ေအာင့္တယ္ ... ေဆး ... ေဆးတိုက္ပါ"

"ခဏေလးေနာ္ ... ခဏေလး"

လြန္း ေဆးမ်ားထည့္ထားသည့္အိတ္ဆီကိုအေျပးသြားၿပီး ဆရာဝန္ေပးထားသည့္ အေရးေပၚေဆးႏွစ္လုံးကို နိုရာ့ကိုတိုက္လိုက္သည္။ နိုရာ ေရေတာင္မေသာက္နိုင္ဘဲေဆးေတြကိုၿမိဳခ်ပစ္လိုက္သည္။

"ပိုင္ခန႔္ မင္းကိုငါတစ္သက္မေက်ဘဴး ... တရားဥပေဒအတိုင္းပဲ ရွင္းတာေပါ့ ... အခုေတာ့ မင္းသြားလိုက္ေတာ့ ... ငါ့မ်က္စိေရွ႕ကထြက္သြား"

နိုရာ ေၾကာက္လြန္းလို႔ တစ္ကိုယ္လုံးတုန္ရီေနသည္။ လြန္းကိုဆုပ္ကိုင္ထားသည့္လက္ကေလးေတြက တဆက္ဆက္နဲ႕တုန္ရီလို႔ေနသည္။ လြန္း နိုရာ့ကိုဖက္ထားလိုက္သည္။

"ဘာမွမျဖစ္ေတာ့ဘူး ... ကိုယ္ေရာက္လာၿပီ ... သူဘာမွမလုပ္နိုင္ေတာ့ဘူး ... ကေလး စိတ္ကိုေလွ်ာ့လိုက္ေတာ့ေနာ္"

နိုရာ လြန္း၏ခါးကအကၤ်ီစကိုက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားၿပီး ၿငိမ္ေနသည္။ ခဏၾကာေတာ့ နိုရာအသက္ရႉသံမွန္လာသည္။ ရင္ခြင္ထဲကနိုရာ့ကိုထုတ္လိုက္သည္။

"သက္သာလား နိုရာ ... ရင္ဘတ္ေအာင့္ေသးလား ... ေရေရာေသာက္ဦးမလား"

နိုရာ စကားမေျပာဘဲ ေခါင္းကိုသာခါရမ္းျပသည္။ လြန္း ဘယ္လိုမွမေတြးဝံ့ေတာ့ပါ။ သူသာေနာက္က်သြားခဲ့ရင္ နိုရာ့အသက္ကိုေတာင္ဆုံးရႈံးရလိုက္နိုင္သည္။ ပိုင္ခန႔္ ေအာက္တန္းက်သည့္လုပ္ရပ္မ်ိဳးလုပ္လိမ့္မည္ဟုလည္း လြန္းမထင္မွတ္မိခဲ့ပါ။

"ရွင္း ... ဟိုတယ္မန္ေနဂ်ာနဲ႕ေတြ႕ၿပီးေသခ်ာေျပာျပလိုက္ ... လုံၿခဳံေရးေတြတိုးျမႇင့္ေပးဖို႔လည္းေျပာခဲ့ ... ၿပီးေတာ့ အမႈဖြင့္လိုက္"

"ဟုတ္ကဲ့ပါ CEO"

ရွင္းထြက္သြားသည္ႏွင့္နိုရာ့ကိုေစာင္နဲ႕ပတ္လိုက္ၿပီး ေရခ်ိဳးခန္းထဲသို႔ေပြ႕ခ်ီသြားလိုက္သည္။ နိုရာ့ကိုေဘစင္ေဘာင္ေပၚမွာတင္လိုက္သည္။

"နိုရာ ... ကိုယ္ေရပတ္တိုက္ေပးမယ္ေနာ္ ... ၿပီးရင္ အဝတ္အစားလဲၾကရေအာင္"

"နိုရာ့ဘာသာလုပ္မယ္ ... ကိုကိုအျပင္ထြက္ေနေပးပါ"

နိုရာစိတ္ၿငိမ္သြားပါေသာ္လည္း အသံေလးေတြကေတာ့အနည္းငယ္တုန္ရီေနေသးသည္။

"နိုရာေခါင္းမမာနဲ႕ကြာ"

ေစာင္ကိုျဖည္ခ်ရန္လုပ္သည့္အခ်ိန္ နိုရာကေစာင္ကိုအတင္းဆြဲထားသည္။ လြန္း အားစိုက္ထုတ္ၿပီး နိုရာ့လက္ေတြကိုဖယ္ခ်ပစ္လိုက္သည္။

"မၾကည့္ပါနဲ႕လို႔"

နိုရာ မ်က္ရည္ေလးေတြက်လာျပန္သည္။ ကေလးငယ္၏ရင္ဘတ္တစ္ခုလုံးမွာ ျမင္၍ပင္မေကာင္းလွေအာင္ နီရဲေနေလသည္။ ဒါက နိုရာသူ႕ကိုအျပင္ထြက္ခိုင္းတဲ့အေၾကာင္းအရင္းေပါ့။ လြန္းလည္း မ်က္ရည္ေတြက်ရင္းနဲ႕ နိုရာ့ကိုေရပတ္တိုက္ေပးသည္။ လက္ကေလးကိုၾကည့္လိုက္ျပန္ေတာ့လည္း လက္ေကာက္ဝတ္ကေလးကနီရဲေနျပန္သည္။ အားနည္းတဲ့ကေလးငယ္ ခ်ဴခ်ာတဲ့ကေလးငယ္ကို ပိုင္ခန႔္မို႔လို႔လုပ္ရက္သည္။ နိုရာ့က်န္းမာေရးအေျခအေနဘယ္လိုဆိုတာသိေနပါလ်က္နဲ႕ သူ႕ကိုလိုခ်င္သည္နဲ႕နိုရာ့ကိုလုပ္ရက္သည္။ သူလည္း သူ႕ကိုယ္သူေဒါသထြက္မိသည္။

"ကိုယ္မင္းကို မိဘေတြနဲ႕ပဲထားခဲ့သင့္တာ ... ကိုယ္အရမ္းမွားသြားၿပီ ... ကိုယ္တကာ္ေနာင္တရေနမိၿပီ ... ကိုယ္မင္းကိုထားခဲ့သင့္တာ"

လြန္းငိုေနေတာ့ နိုရာကလြန္း၏လည္ပင္းကိုဖက္ၿပီး ပုခုံးေပၚမွာေမးေလးတင္ထားလိုက္သည္။

"ကိုကိုေရာက္မလာေတာ့ဘူးလို႔ထင္တာ ... နိုရာေသၿပီလို႔ထင္ခဲ့တာ ... ပိုင္ခန႔္ကလူမဟုတ္သလိုပဲ ... နိုရာေၾကာက္တယ္ ... ကိုကိုကျပန္မခ်စ္တာနဲ႕ပဲနိုရာ့ကိုဘာလို႔အခုလိုလုပ္ရတာလဲ"

"ဘာေျပာလိုက္တယ္ ... မင္းဘယ္လိုသိတာလဲ"

"ေလဆိပ္မွာတုန္းက ပိုင္ခန႔္နဲ႕ကိုကိုေျပာေနတာေတြနိုရာၾကားတယ္"

"ကေလး! မင္း ..."

"ဘာမွမျဖစ္ပါဘူး ... နိုရာကကိုကို႔ကိုယုံၿပီးသား ... ဒါေပမဲ့ ပိုင္ခန႔္အခုလိုလုပ္မယ္လို႔ေတာ့မထင္မိဘူး"

"ကိုယ္ေတာင္းပန္ပါတယ္ ... ကိုယ့္ေၾကာင့္ ..."

"မဟုတ္ပါဘူး ... ကိုကိုေရာက္လာခဲ့တယ္ေလ ... ကိုကိုကအၿမဲတမ္းနိုရာ့ရဲ႕ဟီးရိုးႀကီးေလ ... ကိုကိုေရာက္လာမယ္ဆိုတာ နိုရာသိတယ္"

"ကိုယ္မင္းကိုဘယ္လိုမ်က္ႏွာျပရမလဲမသိေတာ့ဘူး"

"အမ်ားႀကီးခ်စ္ေပး ... နိုရာ့ကိုအမ်ားႀကီးခ်စ္ေပးရင္ရၿပီ"

"အဲ့ဒါကေျပာစရာမလိုပါဘူးကေလးရယ္ ... အခု စိတ္သက္သာသြားၿပီလား"

"အင္း"

"ဒါဆို သန႔္ရွင္းေရးလုပ္ၿပီးအဝတ္အစားလဲလိုက္ရေအာင္ေနာ္"

"ဟုတ္"

အိပ္ခ်င္လြန္းလို႔တဝါးဝါးသမ္းေနၿပီး မ်က္ရည္ေတြေတာင္ျပည့္လွ်ံလာရသည္အထိျဖစ္ေနသည္ကိုပင္မအိပ္ေသးဘဲ ငုတ္တုပ္ကေလးထိုင္ေနသည့္ကေလးငယ္။

"နိုရာ ... ကေလးအိပ္ခ်င္ေနၿပီေလ ... ဘာလို႔ထိုင္ေနရေသးတာလဲ"

"ဟင့္အင္း မအိပ္ဘူး ... နိုရာအိပ္ေပ်ာ္ေနတုန္း တစ္ေယာက္
ေယာက္လာမွာစိုးလို႔"

နိုရာ့စကားက လြန္းကိုပိုနာက်င္ေစရသည္။

"လာပါ ... ကိုကိုရွိတယ္ေလ ... ကိုကို႔ရင္ခြင္ထဲမွာအိပ္ ကိုကိုကနိုရာ့ကိုေသခ်ာဖက္ထားမွာ ... နိုရာ့ကိုဘယ္သူမွဘာမွမလုပ္ေစရဘူး ... အျပင္မွာအေစာင့္ေတြလည္းရွိတယ္ ... ဒီမွာကိုကိုလည္းရွိတယ္ ... နိုရာေျပာေတာ့ ကိုယ္ကနိုရာ့ရဲ႕ဟီးရိုးႀကီးပါဆို ... ဟီးရိုးႀကီးကနိုရာ့ကိုကာကြယ္ေပးမွာ ... အဲ့တာေၾကာင့္ အိပ္ပါကေလးရယ္"

လြန္း ေသခ်ာနားခ်မွ လြန္းရင္ခြင္ထဲကိုတိုးဝင္လာၿပီး ၿငိမ္က်သြားသည္။ လြန္းရင္ဘတ္မွာမ်က္ႏွာကေလးအပ္ၿပီး ၿငိမ္ေနသည္။

*အိပ္ခ်င္ေနရဲ႕သားနဲ႕နိုရာရယ္*

ရန္ကုန္ျပန္ေရာက္ရင္ ဆရာ့ဆီသြားဖို႔လည္းလြန္းဆုံးျဖတ္လိုက္သည္။

"ကိုယ္ရွိတယ္နိုရာ ... စိတ္ခ်လက္ခ်သာအိပ္"

ညဘက္ေရာက္သည့္အခါ နိုရာေလးကထထေအာ္သည္။ တစ္ခါမကေတာ့သည့္ေနာက္ လြန္းမအိပ္နိုင္ေတာ့ပါ။ ေၾကာက္စိတ္ေၾကာင့္ အဖ်ားကလည္းျပန္ဝင္လာသည္။ အိပ္ေနရင္းလည္း မလုပ္ပါနဲ႕လို႔ေယာင္ေနေသးသည္။ ငယ္စဥ္ကတည္းကခ်ဴခ်ာတဲ့ကေလးမို႔ လြန္းအတြက္စိုးရိမ္စိတ္ကပိုမ်ားလာရသည္။ လြန္း စိတ္မခ်သည့္အဆုံး ေဆး႐ုံသို႔သာေခၚလာခဲ့ေတာ့သည္။

"CEO ... ဆရာဝန္ကနိုရာ့ကို ျမန္မာျပည္ျပန္ေခၚသြားဖို႔ေျပာတယ္ ... ဒီမွာအျဖစ္ဆိုးေတြျဖစ္ခဲ့တာမို႔ ၾကာၾကာမေနတာေကာင္းပါတယ္တဲ့"

"ေလယာဥ္လက္မွတ္ျဖတ္လိုက္ေတာ့ ... အဖ်ားက်ၿပီဆိုေတာ့ ျပန္ေခၚသြားလို႔ရၿပီ ... စာခ်ဳပ္ခ်ဳပ္တာကိုေတာ့ မင္းပဲလုပ္လိုက္ပါေတာ့ ... ငါဒီလိုပုံစံနဲ႕ဘာမွလုပ္နိုင္မွာမဟုတ္ဘူး"

"ဟုတ္ကဲ့ပါ"

"အမႈအေျခအေနေရာ"

"ဟုတ္ကဲ့ အမႈဖြင့္လိုက္ပါၿပီ ... သက္ေသေတြလည္းပို႔လိုက္ပါၿပီ ... မနက္ျဖန္ေလာက္ဆိုဆင့္ေခၚစာေရာက္သြားေလာက္ပါၿပီ"

"ေအး ေက်းဇူးပဲကြာ ... ဒါဆို ငါမနက္ျပန္ေတာ့မယ္ေနာ္"

"ဟုတ္ကဲ့CEO ... စိတ္ခ်လက္ခ်သာျပန္ပါ ... အားလုံးအဆင္ေျပေအာင္လုပ္လိုက္ပါ့မယ္"

မနက္ေရာက္သည့္အခါ ေဆး႐ုံကေနေလဆိပ္ကိုတန္းဆင္းရမည္ျဖစ္တာေၾကာင့္ နိုရာ့ကိုႏွိုးလိုက္ရသည္။

"ကေလးေရ မ်က္ႏွာသစ္ရေအာင္ ... ၿပီးရင္ျပန္ၾကမယ္ "

အိပ္ေနသည့္နိုရာ့ကိုအသာေလးဆြဲေပြ႕လိုက္ေတာ့ လည္ပင္းကို သိုင္းဖက္လာသည္။

"ကိုကို ..."

"အင္း ကိုယ္ပါ ... မလန႔္နဲ႕ေနာ္ ... မ်က္ႏွာသစ္ေပးမလို႔"

မ်က္ႏွာသစ္ အဝတ္အစားေတြလဲေပးၿပီး ေလဆိပ္သို႔တန္းလာခဲ့လိုက္ၾကသည္။ မာမားတို႔ကို ႀကိဳတင္အေၾကာင္းၾကားထားသည္မို႔ မာမားတို႔ကေလဆိပ္ကေနေစာင့္ေနၾကသည္။ နိုရာ့ကိုေပြ႕ခ်ီလာသည့္လြန္းကိုေတြ႕ေတာ့ အေျပးေရာက္လာၾကသည္။

"အဆင္ေျပရဲ႕လား ... နိုရာ မာမားတို႔ရွိတယ္ေနာ္ ... ဘာမွမေၾကာက္နဲ႕"

ကေလးငယ္ကမွိန္းေနရွာသည္။ မ်က္ႏွာေလးကလည္းေခ်ာင္က်သြားသည္။

"မာမား ကြၽန္ေတာ္ေဆး႐ုံသြားျပမလို႔ ... ကားေသာ့ေလး ..."

"ဪ ေအး ... မာမားတို႔အေနာက္ကလိုက္ခဲ့မယ္"

"မာမားနဲ႕ပါပါးကို ကြၽန္ေတာ္ေတာင္းပန္ပါတယ္"

"မဟုတ္တာေတြေျပာမေနစမ္းပါနဲ႕ ... ျမန္ျမန္သြားေတာ့"

ဆရာဝန္က နိုရာ့ကိုေဆး႐ုံခဏတက္ရန္အႀကံေပးေတာ့ နိုရာေဆး႐ုံတက္ရျပန္သည္။ လြန္း နိုရာ့နဖူးေလးကိုစမ္းၾကည့္လိုက္သည္။

"ေတာ္ပါေသးရဲ႕ ကိုယ္ပူက်သြားလို႔"

နိုရာကေတာ့ ေဆးအရွိန္ေတြေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည္။ နိုရာအိပ္ေပ်ာ္ေနသည့္အခ်ိန္ ဆရာဝန္နဲ႕သြားေတြ႕လိုက္သည္။

"ဆရာ နိုရာ့အေျခအေနေလး"

"အဖ်ားလည္းက်သြားၿပီ ... ႏွလုံးကလည္းေျဖးေျဖးနဲ႕ပုံမွန္ေလးအလုပ္လုပ္ေနတယ္ဆိုေပမဲ့ ပိုၿပီးသတိထားေပးပါ ... ေနာက္တစ္ခါဆိုရင္ေတာ့ ႏွလုံးကသူ႕ဘာသာသူအလုပ္လုပ္နိုင္မယ္မထင္ဘူး ... အဲ့အခါ ႏွလုံးခုန္တဲ့အႀကိမ္ေရနည္းလာမယ္ ... စက္ထည့္ရလိမ့္မယ္ ... သတိထားေပးပါ ... ၿပီးေတာ့ နိုရာကညဘက္ေအာ္တယ္လို႔ေျပာတယ္ေနာ္ ... စိတ္က်န္းမာေရးနဲ႕ဆိုင္သြားၿပီ ... နိုရာ့ကိုေဆး႐ုံေသခ်ာျပေပးဖို႔အႀကံေပးခ်င္တယ္"

"ဟုတ္ကဲ့ပါဆရာ ... ကြၽန္ေတာ္ေသခ်ာစီစဥ္လိုက္ပါ့မယ္ ... ခြင့္ျပဳပါဦးေနာ္"

"ေအးေအး ေကာင္းပါၿပီ"

လြန္း အခန္းကိုျပန္‌ေရာက္လာသည့္အခါ နိုရာနိုးေနၿပီျဖစ္သည္။ ေဘးနားမွာမာမားေရာက္ေနလို႔ေတာ္ပါေသးသည္။ မဟုတ္ရင္ ကေလးငယ္လန႔္ေနဦးမည္။

"ကိုကိုလြန္း!"

သူ႕ကိုျမင္ျမင္ခ်င္းလက္ကေလးႏွစ္ဖက္ကမ္းလာသည္ေၾကာင့္ ေဘးနားမွာထိုင္ၿပီးလက္ကေလးေတြကိုဆုပ္ကိုင္လိုက္သည္။

"လြန္း ... ဆရာဝန္ကဘာေျပာလဲ"

"ႏွလုံးကေျဖးေျဖးနဲ႕မွန္မွန္ေလးအလုပ္လုပ္တယ္တဲ့ ... ဒါေပမဲ့ ပိုၿပီးသတိထားေပးရမယ္တဲ့"

"ေတာ္ပါေသးရဲ႕"

နိုရာက လြန္းကိုၿပဳံးျပေနသည္။ ဒီအၿပဳံးေလးမေတြ႕ရတာ
ၾကာလွေလၿပီ။

"ဘယ္လိုလဲနိုရာ ... ေနရတာအဆင္ေျပရဲ႕လား ... ကိုယ္ေတြလက္ေတြကိုက္ေသးလား"

"ဟင့္အင္း ... အဆင္ေျပတယ္"

ထိုစဥ္ လူတစ္ေယာက္ အခန္းထဲသို႔ဝင္လာေလသည္။

"ကြၽန္ေတာ္က စိုးမင္းသူပါ ... နိုရာ့အမႈရဲ႕တာဝန္ခံပါ ... နိုရာ့ကိုေမးခ်င္တာေလးေတြရွိလို႔ပါ"

"ဟုတ္ကဲ့ လာပါ ... ကြၽန္ေတာ္လည္းေတြ႕ခ်င္ေနတာနဲ႕အေတာ္ပဲ"

အမႈစစ္နဲ႕စကားေျပာေနသည့္လြန္းကို နိုရာလက္ဆြဲထားလိုက္ၿပီး .....

"နိုရာ တရားမစြဲခ်င္ဘူးကိုကို"

"ဘာ ... နိုရာ ဘာေျပာလိုက္တယ္ ...."

"တရားမစြဲခ်င္ဘူးကိုကို"

To Be Continued ...

ဒီအပိုင္းေလးကိုဖတ္ၿပီး ေခ်ာင္းရိုက္ခ်င္ေသးတဲ့သူမ်ားရွိေသးလားေတာ့မသိ ရိုက္မယ္ဆိုလည္း ႀကိဳေျပာေနာ္ ပုန္းေနလို႔ 😁သြားမယ္ေနာ္ ဖတ္ေပးလို႔ေက်းဇူးတင္ပါတယ္💛 ဒီေန႕ေတာ့ ဒီေလာက္က္ပါပဲသဲငယ္ေလးတို႔ေရ😚 သဘက္ခါက်ရင္ အလကၤာနဲ႕လီယိုတို႔ကိုအက္ပုဒိတ္ေပးမယ္ေနာ္😚

Continuer la Lecture

Vous Aimerez Aussi

4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
2.1M 163K 36
Myanmar × OC 9.10.2022 _ 12.1.2023
179K 8.4K 30
ပထမဆုံးficလေးမို့လို့အရေးအသားညံ့တာသိပါတယ် အများကြီးထပ်ကြိုးစားဖို့လိုသေးတာမို့လို့လိုအပ်ချက်လေးတွေကိုသည်းခံပြီးဝေဖန်ပေးကြပါဗျ🖤
51.6K 1.8K 19
​ မောင့် အချစ်ဟာစာရွက်တစ်ရွက်ဆိုပါဆို့ ခတ်ငယ်က အမုန်းတရားမှင်ချောင်းကို လက်သွယ်သွယ်ဖြင့်ကိုင်ကာ လက်ရေးခတ်သော့သော့ကလေးနဲ့ မောင့် ကို‌မုန်းကြောင်းရေးပါ...