အပိုင်း - ၂💛

39.3K 2.8K 53
                                    

အခန်းတံခါးကိုအဆက်မပြတ်ခေါက်သံကြောင့် နိုရာမနေနိုင်တော့ဘဲ နိုးထလာရသည်။

"ဘယ်သူလဲ"

"ဒေါ်ကြီးပါ ... ၇နာရီထိုးနေပြီနိုရာ ... ထတော့လေ"

"ဟုတ်"

နိုရာ အိပ်ရာဘေးကိုကြည့်လိုက်သည့်အခါ လွန်းမရှိတော့ပါ။

*ကိုကိုလွန်းရုံးသွားပြီထင်တယ် ... အစောကြီးပဲ*

အခန်းကိုဝေ့ကြည့်လိုက်တော့ ဗီရိုတံခါးမှာစာရွက်လေးတစ်ရွက်ကပ်ထားသည်ကို နိုရာတွေ့လိုက်ရသည်။ ခြုံထားသောစောင်ကိုဖယ်ကာ ကုတင်ပေါ်မှဆင်းပြီးထိုစာရွက်လေးဆီသို့ သွားလိုက်သည်။

ဒီနေ့လည်းကိုယ်နောက်ကျမယ်နိုရာ မစောင့်နဲ့တော့နော်။

"အင်းပါကိုကိုလွန်းရယ် ... ကျွန်တော့်ကိုမချစ်မှန်းကျွန်တော်
သိပါတယ် ... ဒါပေမဲ့ အခုကျွန်တော်တို့ကလက်ထပ်ပြီးသွားပြီလေ ... ကိုကိုလွန်းကိုကျွန်တော်ပိုင်တယ်မဟုတ်ဘူးလား ... တစ်ခါတစ်လေ ဒီကိစ္စတွေဆင်ခြင်ပေးလို့မရဘူးလားဟင်"

နိုရာ ခံစားရနေရသည့်ခံစားချက်များကိုမိုးပြာရောင်စာအုပ်ကလေးပေါ်တွင် ဝန်ခံရေးသားလိုက်သည်။ မျက်နှာသစ်ရန်ရေချိုးခန်းထဲဝင်တော့ ဆင်တူသွားပွတ်တံလေးနှစ်ချောင်းနဲ့ အသုံးအဆောင်အားလုံးနီးပါးဆင်တူလေးတွေဖြစ်နေတာကြောင့် နိုရာပြုံးမိပြန်သည်။

"အင်းလေ ... ကိုကိုလွန်းပျော်နေရင်ပြီးတာပါပဲ"

နိုရာတက်နိုင်သမျှပြုံးလိုက်ပြီး မျက်နှာသစ်သွားတိုက်လိုက်သည်။

"ဒေါ်ကြီးရေ ... ဒေါ်ကြီး"

"နိုရာ မနက်စာစားတော့မှာလား"

"မစားချင်သေးဘူး ... ကိုကိုလွန်းမနက်စာစားသွားလား"

"စားသွားတယ် ... ပြီးတော့ နိုရာကြိုက်တဲ့ဆန်းဒဝေ့ချ်လည်း လွန်းကိုယ်တိုင်လုပ်ပေးသွားတယ် ... စားတော့မလား"

"ဟင် ကိုကိုလွန်းကလုပ်ပေးသွားတာလား ... စားမယ် အပေါ်ထပ်အခန်းကိုပဲပို့ပေးပါနော်"

"အေးအေး ... ဒေါ်ကြီးလာပို့ပေးမယ်"

နိုရာ ဖုန်းလေးကိုင်ပြီးအပေါ်ထပ်သို့ပြန်တက်သွားသည်။ ခဏအကြာတွင် ဒေါ်ကြီးက လွန်းလုပ်ပေးသွားတဲ့မုန့်ကိုလာပို့ပေးသည်။ နိုရာသည်မုန့်ကိုမစားသေးဘဲ ဓာတ်ပုံအရင်ရိုက်သည်။ ချက်ချင်းပုံကိုprintထုတ်ပြီး အံဆွဲလေးထဲကမိုးပြာရောင်စာအုပ်လေးကိုထုတ်ကာ စာအုပ်လေးရဲ့စာမျက်နှာလေးတစ်ခုပေါ်တွင် ပုံလေးအားကပ်လိုက်သည်။

Just For You💛Where stories live. Discover now