The Dimple On His Cheek ( Com...

aseinnkyaw tarafından

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... Daha Fazla

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Pre - Ending

12.6K 705 85
aseinnkyaw tarafından

The Dimple on his cheek

Unicode

"ဒကာလေးတို့နှစ်ယောက်လုံး လောကီကို စွန့်ခွာ
ပြီးသာသနာ့ဘောင်ထဲ တကယ်ဝင်မယ်လို့ စိတ်ပိုင်းဖြတ်နိုင်တာ သေချာရဲ့လားကွဲ့ "

ကျောင်းထိုင်ဘုန်းကြီးကမိန့်လိုက်တာမို့ ထူးထက်
ခေါင်က စိုင်းစင်ခေးဆိုင်ဘက် ဖြတ်ခနဲ မျက်လုံး ဝှေ့ကြည့်လိုက်သည်။

အကြည့်ကိုက မင်းသေချာရဲ့လား ဆိုတဲ့
အကြည့်မျိူး .....

"သေချာပါတယ် ဘုရား "

"ဟိုဘက်က အသေးလေးကရော ဖြစ်ပါ့မလား "

စိုင်းစင်ခေးဆိုင်အား မယုံသင်္ကာအကြည့်နဲ့
ဘုန်းဘုန်း၏ နောက်ဆက်တွဲ မိန့်သံ။

"သေ....သေချာပါတယ် ဘုရား တပည့်
တော်တကယ် ဝတ်.....ဝတ်ချင်တာပါ "

ထူးထက်ခေါင်က စကားတွေ အထစ်အထစ်အငေါ့ငေါ့ဖြစ်နေသော စိုင်းစင်ခေးဆိုင်အား ဘုကြည့်လှမ်းကြည့်သည်။

မနေ့ညနေကတော့ သူပဲ Boss ဝတ်ရင် ကျွန်တော်လည်း လိုက်ဝတ်မှာဆိုပြီး ဦးဇင်းမှမဝတ်ရရင်ချက်ချင်းပဲ လဲသေတော့မလို တောင်းဆိုခဲ့ပြီးတော့များ။

"ဦးဇင်းဝတ်ရင် ညစာမစားရဘူးနော် အသေးလေး"

"တင်ပါ့ ဘုရား "

"ကဲ နှစ်ယောက်လုံးသေချာပြီဆိုတော့ ကိုယ်တော်တို့ အခုပဲ ဆံချလိုက်ကြရအောင် "

"တင်ပါ့ ဘုရား "

ကျောင်းထိုင် ဘုန်းကြီးက မိန့်လို့အပြီးမှာတော့ သူတို့ နှစ်ယောက်လုံး ကျောင်းတိုက်ထဲကထွက်လာခဲ့သည်။ထို့နောက် သော်တာက

" Boss ခေါင်းလျှော်လို့ရပြီ "

ဟု ပြောလာသဖြင့် ထူးထက်ခေါင်ရော စိုင်းစင်ခေးဆိုင်ပါ ဆံမချမှီ ခေါင်းလျှော်ရန် ရေချိူးခန်းဆီသို့ ထွက်လာကြသည်။

"စိုင်းစင်ခေးဆိုင် "

လမ်းလျှောက်နေရင်း ထူးထက်ခေါင်ကနောက်ကနေ လှမ်းခေါ်လိုက်တာမို့ ရှေ့ကသွက်သွက်သွားနေသော ခေးဆိုင်က လှည့်ကြည့်လာသည်။

"ဗျာ "

"မင်းက ဘာကိစ္စ ငါနဲ့ ဦးဇင်းလိုက်ဝတ်ချင်ရတာ တုန်း "

"အဲတာက..... ဟို......"

ထူးထက်ခေါင်က စိတ်ဝင်တစားမေးလိုက်သော်
လည်း စိုင်းစင်ခေးဆိုင်သည် မဖြေပဲ ဟိုလိုလိုဒီလိုလို နဲ့ အင်တင်တင်လုပ်နေပေသည်။

ကိုကို့ကြောင့် အသဲကွဲလို့ဆိုတာ ဘယ်သူ့ကိုမှ ပေးမသိချင်ပါဘူး။

"သူ မပြောလည်း သော်တာပြောပြမယ် Boss ခေးဆိုင်က သူကြိုက်နေတဲ့ ကိုကိုကြောင့် အသဲ
ကွဲပြီး ဦးဇင်း ဝတ်တာလေ ကိုကိုက သူ့ကို ပြန်မကြိုက်လို့တဲ့ "

စိုင်းစင်ခေးဆိုင်က မျက်စိပျက်မျက်နှာပျက်နဲ့ခေါင်းတရမ်းရမ်းလုပ်ကာ အံကြီးကြိတ်လျက်အသံတိတ်တားနေပေမဲ့ သူ့ကို အာရုံလာပုံမရတဲ့ သော်တာက အာပေါင်အာရင်း သန်သန်နဲ့ပြောချလိုက်သည်။

"ကိုကို ဟုတ်လား.. ဘယ်က ကိုကိုလဲ "

ထူးထက်ခေါင်၏ မျက်ခုံးတွေကို ဟန်ပါပါ
တွန့်ကွေး မျက်မှောင် ကျုံ့ရင်း မေးလိုက်သံ။

"ကိုကို ဆိုတာ ချမ်းမြေ့ကိုကိုပေါ့ ဟို နာမည်ကြီးအကအဖွဲ့လေ Sakura အဖွဲ့ခေါင်းဆောင် ။သွားတတ်လေးနဲ့ ဆံပင်ဖွာဖွာလေးနဲ့တစ်ယောက်လေ။ချောချောလေး ဟီး ခေးဆိုင်မပြောနဲ့ သော်တာတောင် ကြိုက်မိ....... "

"ဘာ....... "

ထူးထက်ခေါင်ရဲ့ဘာဆိုတဲ့ အထိတ်ထလန့်အသံကြီးက ကျယ်သွားတာမို့ ပြီတီတီကြီး ပြောနေတဲ့သော်တာပင် ဆတ်ခနဲတုန်သွားရသည်။

"မင်းက ချမ်းမြေ့ကို ကြိုက်တယ် ဟုတ်လား
လုံးဝမလိုက်ဖက်တာကိုကွာ ဒီအဆင်နဲ့ဒီအဆင် ချမ်းမြေ့ အစားရင်နာလိုက်တာ ကျွတ်စ် "

ထူးထက်ခေါင် ဒီအဆင်နဲ့ ဒီအဆင်ဟူသောစကားကို ပြောနေရင်းမှ မျက်မှောင်ကြီးကြုတ်လျက် လက်ညိုးနဲ့ လက်မကို မြင်သာအောင် ယှဉ်ပြလိုက်ပြီး ကျွတ်စ်ခနဲ စိတ်ပျက်သယောင်တမင်ပြောနေတာမို့ စိုင်းစင်ခေးဆိုင်၏ မျက်နှာသည် ဒေါသကြောင့် နီရဲလာကာရှူးရှူးရှဲရဲဖြစ်လာပေသည်။

သူ Boss ကို တစ်ခါမှ ခုလောက်ထိ စိတ်မဆိုးဖူးဘူးဘယ်နှယ့် ကိုကို နဲ့ ကျွန်တော့်ကိုများပြောရက်လိုက် တာ။ သဘောမတူရအောင် ကိုကိုက သူမွေးထားတဲ့ သားလည်း မဟုတ်ပဲနဲ့။

သူနဲ့ကိုရှင်းက ကျတော့ရော ဘာထူးသေးလဲ ။
ကိုရှင်းက ဖြူဖြူနုနု ဥဥထွတ်ထွတ်လေးရယ်။ အခု Boss ဖြစ်နေပုံကိုလည်း မှန်ထဲပြန်ကြည့်မိရင် သူ့ကိုယ်သူ ဆယ်ခါပြန်လောက်တောင် သတ်သေချင်စိတ်ပေါက်နိုင်တာကို။ အမွှေးတွေက ရှည်ရှည်နဲ့ တကယ့်မျောက်အိုကြီး အတိုင်းပဲ

ခုနေ Boss ပုံစံသာ ကိုယ် ရှင်းမြင်လိုက်ရင် ဒီအဆင် ဒီ,ဒီဇိုင်းကို ငါးနှစ်လောက်စွဲစွဲလမ်းလမ်းချစ်ခဲ့မိလေခြင်းဆိုပြီး ယူကျူံးမရတောင်ဖြစ်သွားဦးမှာ။ တစ်သက်လုံး စိတ်ဒဏ်ရာတောင် အကြီးကြီး ရသွားနိုင်တယ် ။

"လိုက်လိုက် မလိုက်လိုက် ကျွန်တော်ကတော့ ကိုကို့ကိုကြိုက်မှာပဲ Boss မနာလိုမဖြစ်ပါနဲ့ ကိုယ့်အကန့်နဲ့ကိုယ်နေပါ "

စိုင်းစင်ခေးဆိုင် တစ်ခါမှမပြောစဖူးမှင်သေသေနဲ့ အကြောက်အလန့်မရှိ ပြောချလိုက်သည်။

ထိုအခါမှထူးထက်ခေါင်က စိုင်းစင်ခေးဆိုင်ကိုဒိုင်းခနဲ့ ကြည့်လျက်

"အိမ်း ငါနော် ခဏနေ သာသနာ့ဘောင်ဝင်ရ
တော့မှာမို့လို့ စိတ်ကိုမနဲလျော့ထားရတာ လူပြန်ထွက်မှ မင်းနဲ့ငါတွေ့မယ် ဟေ့ကောင် "

သော်တာကတော့ မကြီးမငယ်နဲ့ Boss နဲ့ခေးဆိုင်နှစ်ယောက်သား ရန်ဖြစ်နေကြသည်ကိုကြည့်ရင်းဘေးကနေ တခွီးခွီး နဲ့ ကြိတ်ရယ်နေလေသည်။

Bossလည်း ဟိုတစ်လောက သူ့ကောင်လေးဆီက အငြင်းခံလိုက်ပြီးကတည်းက တစ်ခါတည်း
ဦးနှောက်ပါ ထိသွားသလားမသိ။အပြောအဆို
အနေအထိုင်တွေဟာလည်း အရင်နဲ့မတူတော့ပါပဲ တဖြေးဖြေး ကလေးဆိုးကြီးလို ဖြစ်လို့လာသည်။

"ဒကာလေးတို့ဆံချလို့ရပြီ တစ်ယောက်တစ်လှည့်ဆီ ဆံချရမှာ ကိုယ်တော်တွေက ဆွမ်းစားကြွ ကုန်လို့ ဦးဇင်းတစ်ယောက်တည်း ကျန်ခဲ့လို့ "

"တင်ပါ့ တပည့်တော်အခုပဲ လာခဲ့ပါ့မယ် "

တကူးတက ရေချိူးခန်းနားထိ လိုက်လာကာပြောပေးရှာသောဦးဇင်းကိုလက်အုပ်ချီရင်းပြော
လိုက်သော ထူးထက်ခေါင်က စိုင်းစင်ခေးဆိုင်ဘက်ကိုပါ တစ်ချက်လှည့်ကြည့်လိုက်ကာ

"ငါက Boss ဆိုတော့ အရင်တုံးမယ် ပြီးမှ မင်းတုံး အလှည့် မင်းနဲ့သော်တာက ဘေးကနေအဝတ်စ ကိုင်ပေးလှည့် "

ဟု ပြောလိုက်ပြီး ရေချိူးခန်းထဲ ရှုတည်တည်နဲ့
ဝင်သွားလေတော့သည်။

ဆယ်မိနစ်လောက်အကြာမှာတော့ သော်တာနဲ့ခေးဆိုင်က တစ်ယောက်တစ်ဖက်စီ ပိတ်စအဖြူကို ကိုင်ထားကာ ကျလာမည့် ဆံပင်တွေကို အောက်ကနေ ခံပေးထားပြီး ဦးဇင်းက ဘရိတ်ဓားကိုကိုင်လျက်အသင့် စောင့်ဆိုင်းနေလေသည်။

ထူးထက်ခေါင်က အဆင်သင့်ဖြစ်ကာ ခေါင်းကိုလည်းငုံ့လိုက်ရော ....

"ဒကာလေး ယားလည်း မလှုပ်နဲ့နော် ငြိမ်ငြိမ်နေလှုပ်ရင်ခေါင်းရှမှာစိုးလို့ " ဟုဆိုကာဦးဇင်းက
မောင်းတင်လျက် ရှေ့ဆံပင်တွေမှတဆင့် အစုလိုက်အစုလိုက် ဘရိတ်ဓားနဲ့ဆွဲဖြတ် နေလေပြီ။

"Boss ဘယ်နှစ်နှစ် ဝတ်မှာလဲဟင် တစ်နှစ်လား နှစ်နှစ်လား ...ဟင့်.....ရွှတ်... "

သော်တာက ငိုမဲ့ငိုမဲ့လေး မေးလိုက်ပေမယ့် စိတ်ထဲတွင်တော့ ကြိတ်ပျော်နေလေသည်။ တကယ်က တစ်သက်လုံးဝတ်လိုက်စေချင်တာ ။ ပါးစပ်ကသာ ထုတ်မပြောတာ Boss ရုံးမလာတဲ့ ရက်တွေတုန်းက အပျော်ဆုံးက သူဖြစ်နေတာ။

ဘယ်လိုပဲ Boss ကို ချစ်တယ် ကြည်ညိုလေးစားတယ်ပဲပြောပြော Boss ရုံးလာရင် မနားမနေနဲ့တရစပ်ဇယ်ဆက်သလို လုပ်နေရတာမို့ Boss ရုံးထိမလာပဲ အိမ်ကနေ ဖုန်းနဲ့ပဲညွှန်းကြားလေလေ မိသော်တာတို့ကတော့ ကြိုက်လေပဲ ။

"ဘာလဲ ငါ့ကို တစ်သက်လုံးဝတ်စေချင်နေတာလား ဟမ် တစ်လပဲဝတ်မှာကွ တစ်လပဲ ညီ့ကိုချစ်တဲ့ စိတ်တွေကို တရားသဘောနဲ့ ဖြေလျော့ပြီးတာနဲ့ ပြန်ထွက်လာမှာ "

ထူးထက်ခေါင်က ခေါင်းငုံ့ကာ ဆံပင်အရိတ်ခံနေရင်းမှ ပါးစပ်ပွစိပွစိပြောနေလေသည်။သော်တာ့နည်းတူ တစ်ဖက်က စိုင်းစင်ခေးဆိုင်သည်လည်းမျက်နှာကြီးက ထမင်း ၇ ရက်မစားရတဲ့ ရုပ်လို မှိုင်တွေနေကာမျက်ရည်တွေက အသံတိတ်ပိုးပိုး ပေါက်ပေါက်ကျရင်း နှုတ်ခမ်းကြီးကို ဆူထော်ထားသည်။

ခဏနေဆို သူလည်း Boss လမ်းစဉ်လိုက်ရတော့မှာ။ Boss လိုပဲ တရားအားထုတ်ရင်း ကိုကို့ကို မေ့ဖို့ကြိုးစားရတော့မှာ။

တွေးရင်း တွေးရင်း စိုင်းစင်ခေးဆိုင်က နှာခေါင်းတရှုံ့ရှုံ နဲ့လုပ်ကာ အသံတိတ်ကျနေသော မျက်ရည် တွေက အတောမသပ်နိုင်တော့။

ဒီအတောအတွင်း ကိုကိုက ကိုရှင်းအနားမှာပဲနေနေတာ။ ကျွန်တော့်ဆီ တစ်ခါလေးတောင်ယောင်လို့ပေါ်မလာဘူး။ ကိုကို့ဘက်ကသာ သတိရတယ် ခေးဆိုင်ရာ လို့ တစ်ခွန်းလောက်ပဲဖြစ်ဖြစ်ပြောလာရင်တောင် Boss နဲ့အတူ ဦးဇင်းလိုက်ဝတ်ဖို့ ကျွန်တော် ယောင်လို့တောင် စဉ်းစားမိမှာမဟုတ်ဘူး။

အခုတော့ ကိုကို့ အချစ်တွေကို ဘယ်တော့မှမရနိုင်မယ့်အတူတူ ကိုကို့ကို စွဲလမ်းစိတ်တွေ ဖြေလျော့မှရတော့မယ့် ရောဂါကျွမ်းနေပြီဖြစ်တဲ့အခြေအနေမို့ Boss ရဲ့လမ်းစဉ်လိုက်ဖို့ ရုတ်တရက် ဆုံးဖြတ်ချက် ချမိခြင်း။ ဒီအချိန် ကိုကိုသာဟတ်ချလောင်းဆို ရုတ်တရက်ပေါ်လာပြီး အချိန်မှီလေး လာတားရင် သိပ်ကောင်းမှာပဲ ။

"ခေးဆိုင် "

အတွေးထဲမျောဝင်နေဆဲမှာပင် ရုတ်တရက်ပေါ်
လာသော အိမ်မက်လား တကယ်လားဟုပင် ဝေခွဲမရနိုင်သည့် နောက်ကျောဘက်က ယောကျ်ားသံ သြသြတစ်ခု။

"ခေးဆိုင် ....မလုပ်နဲ့ "

စိုးရိမ်တကြီးတားလိုက်တဲ့ အသံနဲ့အတူ အမော
တကော ပြေးလာတဲ့ လူတစ်ယောက်သည် ထူးထက်ခေါင်အား ဆံချနေသည့် နေရာသို့ရောက်သောအခါ ဒူးနှစ်ဖက်ကို ကွေးညွှတ်ထားပြီးကိုယ်ကိုကုန်းကာ လက်ဖြင့်ထောက်ထားလျက် ဟောဟဲ ဟောဟဲဖြင့် အမောဖြေနေလေသည်။

"ဟယ် ...ချမ်း.....ချမ်း....ချမ်းမြေ့ကိုကို
တကယ့် ချမ်းမြေ့ကိုကို အစစ်ကြီးပါနော် "

မယုံကြည်နိုင်မှုများနဲ့အလန့်တကြားပြောလိုက် သော သော်တာရဲ့အသံ။

"ကိုကို "

ခေးဆိုင်က သူ့ရှေ့မှာ ဒူးထောက်လျက် အမော
ဖြေနေသော ချမ်းမြေ့ကိုကိုအားကြည့်ရင်း မျက်
ရည်က တဖြေးဖြေးကျလာတာ ဟီးခနဲငိုချလိုက်သည်။

"ခေးဆိုင် မငိုနဲ့လေကွာ ကိုကိုက အချိန်မှီတားဖို့လိုက်လာတာကို လာ ကိုကိုနဲ့လိုက်ခဲ့... ရှင်း မင်းကခေးဆိုင်နေရာမှာ ဝင်ကိုင်ပေးလိုက် ငါ ခေးဆိုင်ကို ခေါ်သွားတော့မယ် "

ချမ်းမြေ့က ခေးဆိုင်လက်ထဲက ပိတ်စကို ရှင်းလက်ထဲထည့်ပေးလျက် ခေးဆိုင်လက်ကိုဆွဲကာ ဘုရားကျောင်းဝန်းထဲက ပြေးထွက်သွားတော့
သည်။ ရှင်းကတော့ ချမ်းမြေ့ပေးသွားတဲ့အဝတ်စကို ယောင်တောင်တောင်နဲ့ကိုင်လျက်ဆံချနေသော လူတစ်ယောက်ရှေ့တွင် ငြိမ်သက်စွာထိုင်နေရင်း ကျန်ခဲ့၏။

" အဟမ်း "

ရှင်းရဲ့အချက်ပေး ချောင်းဟန့်သံကြားမှ အသိ
စိတ်လွတ်ကာ အသက်ရှူရပ်လုမတတ်ဖြစ်နေသော ထူးထက်ခေါင်သည် လက်သီးကိုတင်းတင်းဆုပ်လိုက်မိရင်း ရှက်လွန်းသဖြင့် မျက်လုံးကို ဖိညှစ်ကာ တင်းတင်းမှိတ်ထားမိသည်။တစ်ဖက်ကလည်းဦးဇင်းက ခေါင်းကိုဖိကိုင်ကာ ဆံပင်တွေကို မညှာမတာရိပ်နေဆဲဖြစ်ပြီး ခေါင်းငုံ့ထားသော်လည်း ထူးထက်ခေါင်ရဲ့မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်နေသည်ကို ကြည့်ရင်း ရှင်းက ရယ်နေလေသည်။

"ဦးဇင်း ခဏ တပည့်တော် သင်္ကန်းမစီးတော့ပဲနေလို့ရလားဟင် "

ရုတ်တရက် မျက်လုံးကြီးပွင့်လာကာ ဆံပင်ရိတ်နေသော ဦးဇင်းကို တောင်းပန်တိုးလျှိူးလိုက်သော ထူးထက်ခေါင်၏ အသံတိုးတိုး။

"ဟမ် ..ဒကာလေး...ဘာပြောလိုက်တယ် "

ထူးထက်ခေါင်၏ အသံသည်တိုးလွန်းတာကြောင့်ဘရိတ်ဓားအပေါ် အာရုံနစ်နေပုံရသော ဦးဇင်းကဆံပင်ရိတ်မပျက်သေးပဲ ဟင်ခနဲ ထပ်မေးလိုက်သည်။ ထိုအခါမှထူးထက်ခေါင်က ဦးဇင်းကို စိတ်မရှည်တော့သလို သက်ပြင်းရှည်ကြီး ဆွဲချလျက်

"တပည့်တော် ချစ်တဲ့သူရောက်လာလို့ ဦးဇင်းမဝတ်ချင်တော့ဘူးလို့ပြောတာပါဘုရား ဆံပင်ရိတ်နေတာကြီး အခုရပ်လိုက်ပါတော့ ဘုရား "

ထူးထက်ခေါင်ရဲ့အူကြောင်ကြောင်လျှောက်လဲ
ချက်ကိုနားနဲ့ဆတ်ဆတ်ကြားလိုက်ရတဲ့သော်တာက တခွီးခွီး ရယ်နေလေသည်။ ရှင်းလေးကတော့ ကတုံးပြောင်ပြောင်တစ်ခြမ်း ဆံပင်တွေက
တခြမ်း ဖြစ်နေတဲ့ ထူးထက်ခေါင်ကို ကြည့်လျက် ပါးချိူင့်လေးတွေပင်ပေါ်သည့်အထိ ပြုံးနေလေသည်။ တအောင့်လောက်ကြာမှ ထူးထက်ခေါင်ရဲ့အော်သံကျယ်ကြီးကို ပီပီသသကြားသွားပုံရတဲ့ ဦးဇင်းကလည်း ဆံပင်ရိတ်နေရာမှ တိခနဲရပ်ပစ်လိုက်ကာ....

"အဲဒါကြောင့် ဒါကာလေးကို အစောကတည်းကကျောင်းထိုင်ဘုန်းကြီးကမိန့်တယ်မလား သေချာစိတ်ပိုင်းဖြတ်ပြီးမှဝင်ပါလို့ အခုတော့ကြည့်စမ်း ဒါကာလည်း ငရဲရ ဦးဇင်းတို့လည်း အလုပ်ရှုပ် အိမ်း သံယောဇဉ်ဆိုတာ ဖြတ်ရတော်တော်ခက်
ပါလား "

ဦးဇင်းက သူ့ဘာသာသူ မိန့်ကြားလျက် ထိုနေရာမှ ကြွသွားတော့ ထူးထက်ခေါင်က ရှင်းလေးကိုမဝံမရဲ ကြည့်လိုက်ကာ

"ညီ ဘာလို့ ကိုယ့်နောက်လိုက်လာတာလဲဟင် "

ထူးထက်ခေါင်က သူ့ဘာသာသူ ရှက်ရမ်းရမ်းပြီး
လည်ဂုတ်ကိုလည်း လက်တစ်ဖက်နဲ့ဟိုဘက်ဒီဘက်ပွတ်နေကာ ရှင်းကို ရီဝေသော မျက်လုံးများဖြင့်ငေးစိုက်ကြည့်နေလေသည်။

ရှင်းကလည်းသူ့ကို မျက်တောင်မခတ်ငေးကြည့်နေတဲ့ထူးထက်ခေါင်ကို အချစ်ရိပ်တွေ လဲ့ဖြာနေတဲ့ မျက်ဝန်းများဖြင့်စိုက်ကြည့်နေလျက်

"အရာအားလုံးကို သေသေချာချာနားလည်သွားလို့ Bro ရဲ့အချစ်တွေကို အကြွင်းမဲ့ယုံကြည်သွားလို့ ။ ပြီးတော့ ငါးနှစ်လုံးလုံးနာကျင်နေခဲ့ရတဲ့ ကျွန်တော့် နှလုံးသားလေးကိုရော ထပ်မနှိပ်စက်ချင်တော့လို့ ကျွန်တော့်နားက အပြီးထွက်သွားဖို့ပြင်နေတဲ့ Bro လက်တွေကိုအချိန်မှီ ဖမ်းဆုပ်ဖို့လာခဲ့တာ ပထမအကြိမ်တုန်းကလည်း Bro သတ္တိမရှိလို့
ကျွန်တော်တို့ဝေးခဲ့ကြပြီးပြီ။အခုတစ်ကြိမ်တော့ ထပ်အဝေးမခံနိုင်တော့လို့ ကျွန်တော်ဘက်က အရင်စပြီး သတ္တိရှိပြလိုက်တာ Bro ကိုစောင့်နေရင်း ကျွန်တော် အဘိုးကြီး ဖြစ်သွားမှာစိုးလို့လေ "

ရှင်းက သူ့ကို ရွှန်းစိုသောမျက်ဝန်းများဖြင့်ကြည့်
ကာဆိုလိုက်ရင်း သူ့ဘာသာရှက်ကိုးရှက်ကန်း နဲ့ရယ်နေလေသည်။ထူးထက်ခေါင် တစ်ယောက်ကတော့ဒီစကားတွေကို သူ့နားနဲ့ဆတ်ဆတ်ကြားခဲ့တာဟုတ်မှဟုတ်ရဲ့လားဟုပင်တွေးတောရင်းနှုတ်ခမ်းအစုံဟာ ခပ်ဟဟပွင့်လျက်ကြက်သေသေနေမိ၏။

"ညီ အခုဖြစ်နေတာ အိမ်မက်လား တကယ်လားဆိုတာ ကိုယ်မယုံနိုင်ဘူး ကိုယ့်မျက်စိရှေ့မှာ ညီရောက်နေတယ် ဆိုတာ အိမ်မက်တစ်ခုလိုဖြစ်နေတယ် ကိုယ်ရူးသွားပြီလား မသိဘူး ညီ ဒါဟာတကယ်ဆိုတာ ယုံကြည်လို့ရအောင် ကိုယ့်ပါးကိုပဲ ဖြစ်ဖြစ် ညီ့လက်နဲ့ ရိုက်လိုက်စမ်းပါ "

ထူးထက်ခေါင်အသံတွေက တကယ်ဝေခွဲမရဖြစ်နေပြီး တုန်လှုပ်နေသည့်ဟန်။ သူမျက်စိရှေ့ကပန်းနုရောင် Shirt နဲ့ Style Pant အဖြူကို လူကြီးဆန်ဆန် အထာကျကျလေး ဝတ်ဆင်ထားတဲ့လူတစ်ယောက်ဟာ သူအရူးအမူးချစ်ခဲ့ရတဲ့ ညီမှဟုတ်ရဲ့လားဟုပင် သံသယဝင်နေမိသည်။

သူ့မျက်စိရှေ့က ထိုကောင်လေးကို ကြည့်ရင်း သူ့သွေးကြောတွေသည်လည်းမရပ်မနားပင် ဆူပွက်လာကာ အညှာအတာ ကင်းမဲ့စွာပင် ပေါက်ကွဲလုမတတ် တဒိတ်ဒိတ်နဲ့ဆောင့်ခုန်နေလေသည်။

ရှင်းက အသိစိတ်လွတ်ကာတောင့်တောင့်ကြီးရပ်နေသော ထူးထက်ခေါင်ကို ကြည့်လျက် ပါးချိူင့်ကလေးများပေါ်နေသည် ရယ်မောလို့သာနေပေသည်။

ထို့်နောက် ရှင်းကဘခြေဖျားကို မမှီတမှီလှမ်းထောက်လိုက်လျက် အနဲငယ်ချောင်ချနေသော ထူးထက်ခေါင်ရဲ့ ပါးနှစ်ဖက်ကိုသူ့လက်ဖဝါးနုနုလေးတွေနဲ့ လှမ်းကိုင်လိုက်ပြီး နမ်းတော့မည့်ဟန်နှင့် တဖြေး
ဖြေး အရှေ့ကိုတိုးလာလေ၏။

ရုတ်တရက်ဆိုသလို ရှင်း ပြုမူလိုက်သည်ကို လန့်သွားပုံရတဲ့ ထူးထက်ခေါင်ကလည်းကြောင်အမ်းအမ်း ဖြစ်နေရာမှမျက်တောင်စင်းစင်းများကိုအောက််သို့ ထိုးစိုက်သွားသည်အထိ မျက်လုံးများကို အားနဲ့မှိတ်ချလိုက်သည်။

ရှင်းကလည်း သူ့ဘက်ကို မျက်နှာမူထားရင်း ကတုံးပြောင်ပြောင်တခြမ်း ဆံပင်တစ်ခြမ်းနဲ့ မျက်စိကြီး မှိတ် နှုတ်ခမ်းကိုဆူထော်ထားကာ အသင့်စောင့်ဆိုင်းနေသော ထူးထက်ခေါင်ရဲ့မျက်နှာကိုကြည့်လျက် ရုတ်တရက် ရယ်ချင်လာတာမို့ ထူးထက်ခေါင်ရဲ့ပါးကိုကိုင်ထားတဲ့ သူ့လက်တွေကို ဖြတ်ခနဲလွတ်ချလိုက်ကာ ဗိုက်က်ိုဖိနှိပ်လျက် အူလှိုက်သည်းလှိုက် ရယ်နေမိတော့သည်။

ထိုအခါမှ ထူးထက်ခေါင်က စွပ်ကျယ်အဖြူကြီး ဝတ်လျက် ကတုံးတစ်ခြမ်းနဲ့ Ro မိနေသော သူ့အဖြစ်သူ သတိရသွားလျက် ရှက်သွေးဖြာလာကာပါးနှစ်ဖက်က အရှိန်ပြင်းပြင်းနဲ့ ပေါက်ကွဲတော့မည့် ပန်းသီးတစ်လုံးလို နီရဲလာလေသည်။

"ဟာ.......ညီကကွာ"

ရှက်တတ်တတ်နှင့်မျက်နှာကိုရှုံ့မဲ့ကာ ပြောလိုက်သည့်ဟန်လေးကပင် ထူးထူးခြားခြား ချစ်စဖွယ်ကောင်းလွန်းနေတာမို့ ရှင်းက ထူးထက်ခေါင်၏ထိုချစ်စရာအမူအရာတွေကိုကြည့်ပြီး ရယ်နေတာကို အတောမသတ်နိုင်တော့ ။တကယ်ကိုတလုံးတခဲကြီးနဲ့ ချစ်ဖို့ကောင်းနေတဲ့ Bro ပါပင် ။

"တော်.... တော်ပြီ ညီ ကိုယ့်ကို လှောင်နေတာ  ဒီလောက်ဆိုတော်လောက်ပြီ"

မျက်နှာရဲရဲနဲ့ အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည့် အမိန့်မမည်သော အမိန့်သံ။

"မရဘူး Bro ပုံစံက အရမ်း ရယ်စရာကောင်းနေတာ ကို ကျွန်တော်ထိန်းမရဘူး"

မျက်လုံးများမှေးစင်းသည်အထိ ပါးချိူင့်ခွက်များကိုအထင်အရှားမြင်နေရသည်အထိ အူလှိုက်
သည်းလှိုက်ရယ်မောကာ ပြောလာသော ရှင်း။

"အဲတာဆို အဲဒီထိန်းမရတဲ့ ပါးစပ်ကိုကိုယ်ပိတ်ပေးမယ် "

ထူးထက်ခေါင်က ခိုင်မာစွာပြောလိုက်ပြီးနောက်ရှင်းတစ်ကိုယ်လုံးကို သူ့ဘက် ဆတ်ခနဲလှမ်းဆွဲလိုက်ရင်း လက်တစ်ဖက်က ရှင်းရဲ့လည်ပင်းကိုသိုင်းဖက်လိုက်ပြီး နောက်တစ်ဖက်က ခါးသေးသေးကို ပွေ့ဖက်လိုက်လျက် သူ့နှုတ်ခမ်းအစုံကို ရှင်းနှုတ်ခမ်းများ စိုစွတ်သွားသည်အထိ အပေါ်ကနေ ဖိညစ်ကာ အနမ်းမိုးများရွာချလိုက်သည်။

ညီ့ ရဲ့ဖူးနုနေတဲ့ နှုတ်ခမ်းလေးရဲ့အရသာဟာဘယ်လောက်တောင် ဆွဲဆောင်မှုရှိလိုက်သလဲ။

ငါးနှစ်လုံးလုံးတောင်းတခဲ့ရတဲ့ ညီနှုတ်ခမ်းရဲ့အရသာဟာ ကမ္ဘာပေါ်မှာရှိတဲ့ အချိုဆုံးအရာတွေ ထိုင်ငိုရလောက်တဲ့အထိ ချိူအီပြင်းရှလွန်းတာမို့ သူ မက်မောလွန်းစွာ အတောမသပ်နိုင်တော့တဲ့အထိ ဆက်တိုက်နမ်းရှိုက်နေမိသည်။ ညီ့ အပေါ်နှုတ်ခမ်းလွှာအောက်နှုတ်ခမ်းလွှာ နှစ်ခုလုံးကိုသူ့နှုတ်ခမ်းတွေနဲ့အုပ်မိုးထားပြီး အနွေးဓာတ်များပေးနေမိသည်။

ရှင်းကလည်း Broရဲ့ပထမဆုံးအနမ်းအတွက်ငြင်းဆန်ခြင်းမပြုတော့ပဲ အလိုက်တသိလေးငြိမ်နေပေးကာ Bro သိပ်မကုန်းရအောင် ခြေဖျားလေးကိုပင် လိုလိုလားလား ထောက်ပေးလိုက်သေး၏

ထူးထက်ခေါင်က ရှင်းမျက်နှာနဲ့ အံ့ဝင်ဂွင်ကျဖြစ်အောင်ကိုယ်ကိုကိုင်းကာ ခေါင်းငုံ့ပေးထားရပြီးအရပ်ပိုပုတဲ့ ရှင်းက ခြေဖျားလေးကို မမှီတမှီ ထောက်ထားလျက် ကြည်နူးစွာအနမ်းပေးနေကြသည့်မြင်ကွင်းလေးဟာ ချစ်စဖွယ်ကောင်းလွန်းတာမို့ ဘေးက သော်တာကတော့လက်ညှိုးလေးကိုက်လျက် မျက်နှာတစ်ခုလုံးဖြီးနေသည်မှာအိန္ဒြေပင်မဆယ်နိင်တော့။

ထိုကြည်နူးဖွယ်မြင်ကွင်းလေးအား ကားပေါ်ကလှမ်းကြည့်နေတဲ့ လူနှစ်ယောက်ကတော့အခုထိဘာစကားမှမဆိုပဲ ရင်ခုန်စိတ်လှုပ်ရှားမှုကိုတိတ်
ဆိတ်ခြင်းနဲ့ ဖုံးကွယ်နေဆဲ။

"ခေးဆိုင် အကို့ပုံစံက ရယ်ချင်စရာကြီးနော် ဟား ဟား ရှင်းလေးသနားပါတယ်ကွာ အချိန်မှီတားဖို့လာပေမဲ့နဲနဲကပ်လွဲသွားတယ် သူ့ခမျာရယ်ရမလို ငိုရမလို ဖြစ်နေမှာ "

ချမ်းမြေ့က ထူးထက်ခေါင်နှင့် ရှင်းတို့စုံတွဲကိုကြည့်ကာသူ့ဘာသာတစ်ယောက်တည်းပြောရင်း ရယ်နေလေသည်။ အကို့ ပုံစံကရယ်စရာကောင်းသည်မှာ မှန်နေသော်လည်း အမှန်တကယ်ကတာ့ သူ့ရဲ့စိတ်လှုပ်ရှားမှုကို ရယ်မောရင်းနှင့်မသိစိတ်ကို ဖုံးကွယ်မိနေခြင်းပင်။

ခုနတုန်းကတော့ ခေးဆိုင် ဦးဇင်းဝတ်သွားမှာ စိုးရိမ်စိတ်နဲ့ သွေးပူနေပြီး အလောကြီးလက်ဆွဲကားပေါ်ခေါ်လာပြီးကာမှ ဘယ်ကနေဘယ်လိုဇာတ်လမ်းစရမယ်မှန်းမသိပဲ ခံစားချက်တွေကလုံးထွေးလာကာ ရှက်စိတ်နဲ့ နေရာမှာတင် အငွေ့ပျံသွားချင်သလိုလိုဖြစ်လာလေသည်။

ခုနတုန်းကမျက်ရည်ရွှဲလဲနဲ့ ခေးဆိုင်ကလည်း အခုကျမှင်သေသေနဲ့ သူမဟုတ်သလို ငြိမ်ကုပ်ကာ နေလေသည်။

"ကိုကို "

မျက်မှန်ကို လက်ညိုးလေးနဲ့ပင့်တင်လိုက်ပြီး သူ့ဘက်လှည့်ကြည့်လာကာ ခပ်သဲ့သဲ့ခေါ်လိုက်သံ။

" Boss နဲ့ ကိုရှင်းကိုအားမကျဘူးလား ကိုကို "

ချမ်းမြေ့ကိုကိုက အံသြတကြီးလှည့်အကြည့်မှာတော့သူ့ကို ရီဝေစွာကြည့်နေသော စိုင်းစင်ခေးဆိုင်ရဲ့ မျက်ဝန်းများနဲ့ တည့်တည့်ဆုံသွားသည်။

ထိုမျက်လုံးလေးများသည် ငိုထားသောကြောင့် နီရဲနေကာ မျက်ရည်စလေးများပင် ဝေ့သီနေသေး၏။

သူ့ကို အားကိုးတကြီး ကြည့်နေသော ခေးဆိုင်၏
မျက်ဝန်းများသည် စကားမပြောတတ်သော်
လည်းမြတ်နိုးရိပ်များစီးဝင်နေသည်ဟု အလိုလိုခံစားမိလာသည်။ ထိုမျက်ဝန်းများသည် သူ့အား ကိုကိုဟု အသံတိတ်ခေါ်နေသယောင်။

ဒီကေလးဟာ သူ့အပေါ်ကို........

အဆင့်များစွာကို ဖြတ်ကျော်လိုက်ရင်းမရိုးမသားတွေးလိုက်မိခြင်းနဲ့အတူ ချမ်းမြေ့ကိုကိုရဲ့ ဘယ်ဘက် ရင်ဘတ်တစ်ခြမ်းသည်လည်း ဒိတ်ခနဲဆောင့်တတ်ကာ ခုန်လာသည်။

ရှင်းရဲ့ပတ်သက်တဲ့ နာကျင်စရာတွေကို အနယ်ထိုင်အောင် နှစ်လလောက်ကြိုးစားမေ့ပစ်ခဲ့ရပြီးမှ အိပ်ပျော်လုနီးပါးဖြစ်နေတဲ့ သူ့နှလုံးသားကိုဖြတ်ခနဲ လန့်နိုးလာစေသော အကြည့်တစ်ချက်

"ကိုကို ဘော့စ်နဲ့ကိုရှင်းကို အားမကျဘူးလားလို့ ကျွန်တော်တော့ အရမ်းအားကျတာပဲ "

ဒုတိယအကြိမ် ဆွေးဆွေးမြေ့မြေ့လေးပြောလိုက်သည်က သူ့အား လက်မနှေးပါနဲ့တော့ ကိုကို ဟုသတိပေးလိုက်ဟန် ။

"ကိုကို တစ်ခုခု ပြောဦးလေ ခုနကတော့ ကျွန်တော့်လက်ကို အတင်းဆွဲခေါ်လာပြီးတော့ "

ချမ်းမြေ့ကိုကိုက သူ့အား စိတ်မရှည်သလိုပြောနေသော ခေးဆိုင်ကို လုံးဝလှည့်မကြည့်သေးပဲတောင့်တောင့်ကြီးသာ ထိုင်နေလေသည်။

ရှင်းနဲ့ပတ်သက်ပြီး လက်ရဲဇက်ရဲရှိခဲ့တဲ့ သူဟာခေးဆိုင် ရှေ့မှာကျမှ ဘာကြောင့် ကျောက်ရုပ်ကြီးလို အေးတိအေးစက် ဖြစ်နေရတာလည်း သူကိုယ်တိုင်လည်း နားမလည်နိုင်တော့ ။

"ရွှန်းရွှန်းနဲ့ရောအဆက်အသွယ်ရသေးလား "

မည်သို့မှမသက်ဆိုင်ပေမဲ့ စကားစရှာမရ၍ယောင်တောင်တောင်နဲ့မေးလိုက်မိလေခြင်း။

ချမ်းမြေ့ကိုကို မင်း ရူးနေပြီ......
ဒီကလေးလေးကို ဘာတွေကြောက်နေတာလဲ...

"ကိုကို စကားလမ်းကြောင်းတွေ လွှဲမနေပါနဲ့တော့ အီး.....ကျွန်တော် ကိုကို့ကို ချစ်တယ် အရမ်းချစ်တာ နှစ်လလုံး ကိုကို့အကြောင်းပဲတွေးနေခဲ့တာကိုကို နဲ့ခွဲနေရမှ ကိုကို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်တော် တဖြေးဖြေးသိလာတာ.......
အီး....ကျွန်တော့်အချစ်ကို ကိုကိုလက်မခံနိုင်ဘူးဆိုရင်လည်း အခုပဲ ကျွန်တော် ဦးဇင်းပြေးဝတ်လိုက်တော့မယ်.... အီး..ဟီး... "

စိုင်းစင်ခေးဆိုင်က ဗလုံးဗထွေးပြောရင်း အော်
ကြီးဟစ်ကျယ် ငိုချလိုက်သည်။ ချမ်းမြေ့ကိုကိုကလည်း သူ့အားငိုကြီးချက်မနှင့်ရောယောင်ပြီး
Propose လုပ်သွားသော စိုင်းစင်ခေးဆိုင်ကိုမျက်လုံးလေးပေကလပ် ပေကလပ်နှင့်ပင်ကြောင်ငေးနေပေသည်။ထို့နောက် ခေးဆိုင်က

"ကိုကို ကျွန်တော့်အချစ်ကို လက်မခံနိုင်ဘူးမလား အခုထိ ကိုရှင်းကို ချစ်နေတုန်းမလား "

ဟုပြောရင်း မျက်ရည်များက သနားစွယ် ပိုးပိုးပေါက်ပေါက်ကျလာနေ၏

"ကိုကို ဘာမှပြန်မပြောရင် လက်မခံဘူးလို့သတ်မှတ်ပြီး ကျွန်တော် သွားတော့မယ် "

ခေးဆိုင်သည် တစ်ဖက်ကလည်းအကျပ်ကိုင်ရင်း
မျည်ရည်ပေါက်ကြီးငယ်နဲ့ ဗလုံးပထွေးပြောနေတာတောင် နဲနဲလေးမှ လှုပ်ခတ်မလာသော ချမ်းမြေ့ကိုကို ကိုကြည့်ရင်း စိတ်ဓာတ်ကျချင်လာသလိုပင် ဖြစ်ကာ တံခါးကို ဆွဲဖွင့်လျက်ကားပေါ်က ထွက်သွားဖို့ပြင်လိုက်သည်။

ထိုအခါမှချမ်းမြေ့ကိုကိုက ကားတံခါးဖွင့်ဖို့ပြင်နေသော ခေးဆိုင်ရဲ့လက်ကို သူ့ဘက်ကို လျှပ်တပြက် ဆောင့်ဆွဲလိုက်ရင်းခေးဆိုင်ရဲ့တစ်ကိုယ်လုံးကို သူ့ခန္ဓာကိုယ်ကြီးနဲ့ သိမ်းကြုံးဖက်လိုက်သည်။

"မသွားပါနဲ့ ခေးဆိုင် ကိုကိုလည်း မင်းကိုချစ်ပါတယ် ရှင်းနဲ့မတူညီတဲ့ အချစ်မျိူးနဲ့မင်းကိုလည်း ကိုကို ချစ်ပါတယ် "

တုန်ရီစွာထွက်လာသော ချမ်းမြေ့၏ စကားသံတိုးတိုးကြားထဲမှ ကလေးဆိုးကြီးတစ်ယောက်လို လိုချင်တာရသွားလို့ ပြုံးပျော်သွားပုံရသော ခေးဆိုင်၏ တောက်ပသွားသော မျက်ဝန်းများ။

"ကိုကို ကျွန်တော့်ကို အဖြေပေးလိုက်တာလား"

"အင်းပေါ့ ကိုကိုမှပြန်မချစ်ရင်ဒီကလေးက
တတ်ချက်လုမတတ် အော်ငိုနေတာကို..."

"ဒာဆို ကိုကိုက နားငြီးလို့ ကျွန်တော့်ကိုပြန်ချစ်လိုက်တာလား "

ခေးဆိုင်ဟာ ဒီလောက် ချစ်စရာကောင်းမှန်းအခုမှသိတဲ့ သူ့ကိုယ်သူတောင်နောင်တရမိသလို။ တကယ်မထင်ထားရလောက်အောင်စကားတတ်တဲ့ ကလေးလေး။

ချမ်းမြေ့က ပြုံးလိုက်ရင်း ခေးဆိုင်ရဲ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ အမြတ်တနိုးငေးကြည့်လိုက်သည်။

"ကလေး ကိုကို ရှင်းကို ချစ်ခဲ့တာ ဝန်ခံပါတယ်။ဒါပေမဲ့ ကလေးကိုချစ်တာက ရှင်းနဲ့မတူဘူး။ ပြီးတော့ ကလေးက ကိုယ့်ဘဝရဲ့နောက်ဆုံးအချစ်
ကိုကိုရဲ့အချစ်တွေအားလုံး အခုအချိန်ကစပြီး ကလေးကိုပဲအကုန်ပုံအောပေးမှာမို့ ကလေး 
ကျေနပ်တော့နော် "

ချမ်းမြေ့ကိုကိုက စိုင်းစင်ခေးဆိုင်ရဲ့ မေးစေ့လေးကို ကိုင်ထားရင်း ခပ်ဟဟပွင့်နေတဲ့ နှုတ်ခမ်းလေးကို လှစ်ခနဲ နမ်းလိုက်သည်။ ခေးဆိုင်ကလည်းထိုအခွင့်အရေးကို အလွတ်မပေးတော့ပဲ ချမ်းမြေ့ရဲ့ခါးကို ပြန်ဆွဲဖက်လိုက်ကာ နှုတ်ခမ်းတွေကိုပါ သူ့ နှုတ်ခမ်းနဲ့ဖိကပ်ရင်း မက်မက်မောမောနမ်းရှိုက်သည်။

အနမ်းတွေနဲ့ပတ်သက်လာလျှင် အမြဲသွက်သွက်လက်လက်ရှိခဲ့သော ချမ်းမြေ့ကိုကိုသည်လည်းပဲ ယခုတစ်ကြိမ်မှာတော့ ခေးဆိုင်၏ဉီးဆောင်မှုအောက် တွင် အလိုက်သင့်လေးပါလာကာ ထိုအနမ်းများတွင် နူးညံ့စွာ ပျော်၀င်နေလေသည်။

ထို့နောက်မှာတော့ ဘုန်းကြီးကျောင်း၀န်းထဲတွင် ကတုံးတခြမ်းနဲ့ရိုနေသောအတွဲရယ် ငိုကြီးချက်မနဲ့ Propose လုပ်သော အတွဲရယ် အနမ်းချင်း အားပြိုင်နေကျတော့သည်။
.
.
.

ကျွန်တော့် နှလုံးသားရဲ့မြစ်ဖျားခံရာမှာ

ညီရဲ့ပါးချိုင့်ခွက်လေးတွေတည်ရှိတယ်

အစွဲအလမ်းတွေကိုဖက်တွယ်နေတတ်တဲ့

ပုထုဇဉ်လူသားဖြစ်နေသ၍တော့

ညီရဲ့ပါးချိုင့်ခွက်လေးတွေကြားထဲမှာပဲ

ကျေကျေနပ်နပ်ကြီး ကျရှုံးနေရဉီးမယ်

ထူးထက်ခေါင်


Zawgyi

"ဒကာေလးတို႔ႏွစ္ေယာက္လုံး ေလာကီကို စြန႔္ခြာၿပီးသာသနာ့ေဘာင္ထဲ တကယ္ဝင္မယ္လို႔ စိတ္ပိုင္းျဖတ္နိုင္တာ ေသခ်ာရဲ႕လားကြဲ႕ "

ေက်ာင္းထိုင္ဘုန္းႀကီးကမိန႔္လိုက္တာမို႔ ထူးထက္ေခါင္က စိုင္းစင္ေခးဆိုင္ဘက္ ျဖတ္ခနဲ မ်က္လုံး ေဝွ႕ၾကည့္လိုက္သည္။

အၾကည့္ကိုက မင္းေသခ်ာရဲ႕လား ဆိုတဲ့
အၾကည့္မ်ိဴး .....

" ေသခ်ာပါတယ္ ဘုရား "

"ဟိုဘက္က အေသးေလးကေရာ ျဖစ္ပါ့မလား "

စိုင္းစင္ေခးဆိုင္အား မယုံသကၤာအၾကည့္နဲ႕ဘုန္းဘုန္း၏ ေနာက္ဆက္တြဲ မိန႔္သံ။

"ေသ....ေသခ်ာပါတယ္ ဘုရား တပည့္
ေတာ္တကယ္ ဝတ္.....ဝတ္ခ်င္တာပါ "

ထူးထက္ေခါင္က စကားေတြ အထစ္အထစ္အ ေငါ့ေငါ့ျဖစ္ေနေသာ စိုင္းစင္ေခးဆိုင္အား ဘုၾကည့္လွမ္းၾကည့္သည္။

မေန႕ညေနကေတာ့ သူပဲ Boss ဝတ္ရင္ ကြၽန္ေတာ္လည္း လိုက္ဝတ္မွာဆိုၿပီး ဦးဇင္းမွမဝတ္ရရင္ခ်က္ခ်င္းပဲ လဲေသေတာ့မလို ေတာင္းဆိုခဲ့ၿပီးေတာ့မ်ား။

"ဦးဇင္းဝတ္ရင္ ညစာမစားရဖူးေနာ္ အေသးေလး"

"တင္ပါ့ ဘုရား "

"ကဲ ႏွစ္ေယာက္လုံးေသခ်ာၿပီဆိုေတာ့ ကိုယ္ေတာ္တို႔ အခုပဲ ဆံခ်လိဳက္ၾကရေအာင္ "

"တင္ပါ့ ဘုရား "

ေက်ာင္းထိုင္ ဘုန္းႀကီးက မိန႔္လို႔အၿပီးမွာေတာ့ သူတို႔ ႏွစ္ေယာက္လုံး ေက်ာင္းတိုက္ထဲကထြက္လာခဲ့သည္။ထို႔ေနာက္ ေသာ္တာက

" Boss ေခါင္းေလွ်ာ္လို႔ရၿပီ "

ဟု ေျပာလာသျဖင့္ ထူးထက္ေခါင္ေရာ စိုင္းစင္ေခးဆိုင္ပါ ဆံမခ်မွီ ေခါင္းေလွ်ာ္ရန္ ေရခ်ိဴးခန္းဆီသို႔ ထြက္လာၾကသည္။

" စိုင္းစင္ေခးဆိုင္ "

လမ္းေလွ်ာက္ေနရင္း ထူးထက္ေခါင္ကေနာက္ကေန လွမ္းေခၚလိုက္တာမို႔ ေရွ႕ကသြက္သြက္သြားေနေသာ ေခးဆိုင္က လွည့္ၾကည့္လာသည္။

"ဗ်ာ "

"မင္းက ဘာကိစၥ ငါနဲ႕ ဦးဇင္းလိုက္ဝတ္ခ်င္ရတာတုန္း "

"အဲတာက..... ဟို......"

ထူးထက္ေခါင္က စိတ္ဝင္တစားေမးလိုက္ေသာ္
လည္း စိုင္းစင္ေခးဆိုင္သည္ မေျဖပဲ ဟိုလိုလိုဒီလိုလို နဲ႕ အင္တင္တင္လုပ္ေနေပသည္။

ကိုကို႔ေၾကာင့္ အသဲကြဲလို႔ဆိုတာ ဘယ္သူ႕ကိုမွ ေပးမသိခ်င္ပါဖူး ။

"သူ မေျပာလည္း ေသာ္တာေျပာျပမယ္ Boss ေခးဆိုင္က သူႀကိဳက္ေနတဲ့ ကိုကိုေၾကာင့္ အသဲကြဲၿပီး ဦးဇင္း ဝတ္တာေလ ကိုကိုက သူ႕ကို ျပန္မႀကိဳက္လို႔တဲ့ "

စိုင္းစင္ေခးဆိုင္က မ်က္စိပ်က္မ်က္ႏွာပ်က္နဲ႕ေခါင္းတရမ္းရမ္းလုပ္ကာ အံႀကီးႀကိတ္လ်က္အသံတိတ္တားေနေပမဲ့ သူ႕ကို အာ႐ုံလာပုံမရတဲ့ ေသာ္တာက အာေပါင္အာရင္း သန္သန္နဲ႕ေျပာခ်လိဳက္သည္။

" ကိုကို ဟုတ္လား.. ဘယ္က ကိုကိုလဲ "

ထူးထက္ေခါင္၏ မ်က္ခုံးေတြကို ဟန္ပါပါ
တြန႔္ေကြး မ်က္ေမွာင္ က်ဳံ႕ရင္း ေမးလိုက္သံ။

"ကိုကို ဆိုတာ ခ်မ္းေျမ့ကိုကိုေပါ့ ဟို နာမည္ႀကီးအကအဖြဲ႕ေလ Sakura အဖြဲ႕ေခါင္းေဆာင္ သြားတတ္ေလးနဲ႕ ဆံပင္ဖြာဖြာေလးနဲ႕တစ္ေယာက္ေလေခ်ာေခ်ာေလး ဟီး ေခးဆိုင္မေျပာနဲ႕ ေသာ္တာေတာင္ ႀကိဳက္မိ....... "

"ဘာ....... "

ထူးထက္ေခါင္ရဲ႕ဘာဆိုတဲ့ အထိတ္ထလန႔္အသံႀကီးက က်ယ္သြားတာမို႔ ၿပီတီတီႀကီး ေျပာေနတဲ့ေသာ္တာပင္ ဆတ္ခနဲတုန္သြားရသည္။

"မင္းက ကေလးကို ႀကိဳက္တယ္ ဟုတ္လား
လုံးဝမလိုက္ဖက္တာကိုကြာ ဒီအဆင္နဲ႕ဒီအဆင္ကေလးအစားရင္နာလိုက္တာ ကြၽတ္စ္ "

ထူးထက္ေခါင္ ဒီအဆင္ နဲ႕ ဒီအဆင္ဟူေသာစကားကို ေျပာေနရင္းမွ မ်က္ေမွာင္ႀကီးၾကဳတ္လ်က္ လက္ညိုးနဲ႕ လက္မကို ျမင္သာေအာင္ ယွဥ္ျပလိုက္ၿပီး ကြၽတ္စ္ခနဲ စိတ္ပ်က္သေယာင္တမင္ေျပာေနတာမို႔ စိုင္းစင္ေခးဆိုင္၏ မ်က္ႏွာသည္ ေဒါသေၾကာင့္ နီရဲလာကာရႉးရႉးရွဲရဲျဖစ္လာေပသည္။

သူ Boss ကို တစ္ခါမွ ခုေလာက္ထိ စိတ္မဆိုးဖူးဖူး ။

ဘယ္ႏွယ့္ ကိုကို နဲ႕ ကြၽန္ေတာ့္ကိုမ်ားေျပာရက္လိုက္တာ ။

ၿပီးေတာ့ ကေလးတဲ့ ဘာကေလးလဲ? ?
ကိုကိုက သူေမြးထားတဲ့ သားလည္း မဟုတ္ပဲနဲ႕။ကြၽန္ေတာ့္ရဲ႕ တစ္ဦးတည္းေသာ ကိုကို႔ ကိုမ်ားသူက ကေလးဆိုပဲ ။

သူနဲ႕ကိုရွင္းက က်ေတာ့ေရာ ဘာထူးေသးလဲ ။ကိုရွင္းက ျဖဴျဖဴႏုႏု ဥဥထြတ္ထြတ္ေလးရယ္။အခု Boss ျဖစ္ေနပုံကိုလည္း မွန္ထဲျပန္ၾကည့္မိရင္သူ႕ကိုယ္သူဆယ္ခါျပန္ေလာက္သတ္ေသခ်င္စိတ္ေပါက္မွာ။ ႏႈတ္ခမ္းေမႊးရွည္ရွည္ ဆံပင္က ရွည္ရွည္နဲ႕ တကယ့္ေမ်ာက္အိုႀကီး အတိုင္းပဲ

ခုေန Boss ပုံစံသာ ကိုယ္ ရွင္းျမင္လိုက္ရင္ ဒီအဆင္ ဒီ,ဒီဇိုင္းကို ငါးႏွစ္ေလာက္စြဲစြဲလမ္းလမ္းခ်စ္ခဲ့မိေလျခင္းဆိုၿပီး ယူက်ဴံးမရေတာင္ျဖစ္သြားဦးမွာ။ တစ္သက္လုံး စိတ္ဒဏ္ရာေတာင္ အႀကီးႀကီး ရသြားနိုင္တယ္ ။

"လိုက္လိုက္မလိုက္ ကြၽန္ေတာ္ကေတာ့ ကိုကို႔ကိုႀကိဳက္မွာပဲ Boss မနာလိုမျဖစ္ပါနဲ႕ ကိုယ့္အကန႔္နဲ႕ကိုယ္ေနပါ "

စိုင္းစင္ေခးဆိုင္ တစ္ခါမွမေျပာစဖူးမွင္ေသေသနဲ႕ အေၾကာက္အလန႔္မရွိ ေျပာခ်လိဳက္သည္။

ထိုအခါမွထူးထက္ေခါင္က စိုင္းစင္ေခးဆိုင္ကိုဒိုင္းခနဲ႕ ၾကည့္လ်က္

"အိမ္း ငါေနာ္ ခဏေန သာသနာ့ေဘာင္ဝင္ရ
ေတာ့မွာမို႔လို႔ စိတ္ကိုမနဲေလ်ာ့ထားရတာ လူျပန္ထြက္မွ မင္းနဲ႕ငါေတြ႕မယ္ ေဟ့ေကာင္ "

ေသာ္တာကေတာ့ မႀကီးမငယ္နဲ႕ Boss နဲ႕ေခးဆိုင္ႏွစ္ေယာက္သား ရန္ျဖစ္ေနၾကသည္ကိုၾကည့္ရင္းေဘးကေန တခြီးခြီး နဲ႕ ႀကိတ္ရယ္ေနေလသည္။

Bossလည္း ဟိုတစ္ေလာက သူ႕ေကာင္ေလးဆီက အျငင္းခံလိုက္ရၿပီးကတည္းက တစ္ခါတည္း
ဦးႏွောက္ပါထိသြားသလားမသိ။အေျပာအဆို
အေနအထိုင္ေတြဟာလည္း အရင္နဲ႕မတူေတာ့ပါပဲ တေျဖးေျဖး ကေလးဆိုးႀကီးလို ျဖစ္လို႔လာသည္။

"ဒကာေလးတို႔ဆံခ်လိဳ႕ရၿပီ တစ္ေယာက္တစ္လွည့္ဆီ ဆံခ်ရမွာ ကိုယ္ေတာ္ေတြက ဆြမ္းစားႂကြကုန္လို႔ ဦးဇင္းတစ္ေယာက္ က်န္ခဲ့လို႔ "

"တင္ပါ့ တပည့္ေတာ္အခုပဲ လာခဲ့ပါ့မယ္ "

တကူးတက ေရခ်ိဴးခန္းနားထိ လိုက္လာကာေျပာေပးရွာေသာဦးဇင္းကိုလက္အုပ္ခ်ီရင္းေျပာလိုက္ေသာ ထူးထက္ေခါင္က စိုင္းစင္ေခးဆိုင္ဘက္ကိုပါ တစ္ခ်က္လွည့္ၾကည့္လိုက္ကာ

"ငါက Boss ဆိုေတာ့ အရင္တုံးမယ္ ၿပီးမွ မင္းတုံးအလွည့္ မင္းနဲ႕ေသာ္တာက ေဘးကေနအဝတ္စကိုင္ေပးလွည့္ "

ဟု ေျပာလိုက္ၿပီး ေရခ်ိဴးခန္းထဲ ရႈတည္တည္နဲ႕
ဝင္သြားေလေတာ့သည္။

ဆယ္မိနစ္ေလာက္အၾကာမွာေတာ့ေသာ္တာနဲ႕ေခးဆိုင္က တစ္ေယာက္တစ္ဖက္စီ ပိတ္စအျဖဴကို ကိုင္ထားကာ က်လာမည့္ ဆံပင္ေတြကို ေအာက္ကေန ခံေပးထားၿပီး ဦးဇင္းက ဘရိတ္ဓားကိုကိုင္လ်က္အသင့္ ေစာင့္ဆိုင္းေနေလသည္။

ထူးထက္ေခါင္က အဆင္သင့္ျဖစ္ကာ ေခါင္းကိုလည္းငုံ႕လိုက္ေရာ

"ဒကာေလး ယားလည္း မလႈပ္နဲ႕ေနာ္ ၿငိမ္ၿငိမ္ေနလႈပ္ရင္ေခါင္းရွမွာစိုးလို႔ " ဟုဆိုကာဦးဇင္းက ေမာင္းတင္လ်က္ ေရွ႕ဆံပင္ေတြမွတဆင့္ အစုလိုက္အစုလိုက္ ဘရိတ္ဓားနဲ႕ဆြဲျဖတ္ေနေလၿပီ။

"Boss ဘယ္ႏွစ္ႏွစ္ ဝတ္မွာလဲဟင္ တစ္ႏွစ္လားႏွစ္ႏွစ္လား ...ဟင့္.....႐ႊတ္... "

ေသာ္တာက ငိုမဲ့ငိုမဲ့ေလး ေမးလိုက္ေပမယ့္ စိတ္ထဲတြင္ေတာ့ ႀကိတ္ေပ်ာ္ေနေလသည္။ တကယ္က တစ္သက္လုံးဝတ္လိုက္ေစခ်င္တာ ။ ပါးစပ္ကသာ ထုတ္မေျပာတာ Boss ႐ုံးမလာတဲ့ ရက္ေတြတုန္းက အေပ်ာ္ဆုံးက သူျဖစ္ေနတာ။

ဘယ္လိုပဲ Boss ကို ခ်စ္တယ္ ၾကည္ညိုေလးစားတယ္ဟေျပာေျပာ Boss ႐ုံးလာရင္ မနားမေနနဲ႕တရစပ္ဇယ္ဆက္သလို လုပ္ေနရတာမို႔ Boss ႐ုံးထိမလာပဲ အိမ္ကေန ဖုန္းနဲ႕ပဲၫႊန္းၾကားေလေလ မိေသာ္တာတို႔ကေတာ့ ႀကိဳက္ေလပဲ ။

"ဘာလဲ ငါ့ကို တစ္သက္လုံးဝတ္ေစခ်င္ေနတာလား ဟမ္ တစ္လပဲဝတ္မွာကြ တစ္လပဲ ညီ့ကိုခ်စ္တဲ့စိတ္ေတြကို တရားသေဘာနဲ႕ ေျဖေလ်ာ့ၿပီးတာနဲ႕ ျပန္ထြက္လာမွာ "

ထူးထက္ေခါင္က ေခါင္းငုံ႕ကာ ဆံပင္အရိတ္ခံေနရင္းမွ ပါးစပ္ပြစိပြစိေျပာေနေလသည္။ေသာ္တာ့နည္းတူ တစ္ဖက္က စိုင္းစင္ေခးဆိုင္သည္လည္း မ်က္ႏွာႀကီးက ထမင္း ၇ ရက္မစားရတဲ့ ႐ုပ္လို မွိုင္ေတြေနကာမ်က္ရည္ေတြက အသံတိတ္ပိုးပိုးေပါက္ေပါက္က်ရင္း ႏႈတ္ခမ္းႀကီးကို ဆူေထာ္ထားသည္။

ခဏေနဆို သူလည္း Boss လမ္းစဥ္လိုက္ရေတာ့မွာ ။ Boss လိုပဲ တရားအားထုတ္ရင္း ကိုကို႔ကိုေမ့ဖို႔ႀကိဳးစားရေတာ့မွာ။

ေတြးရင္း ေတြးရင္း စိုင္းစင္ေခးဆိုင္က ႏွာေခါင္းတရႈံ႕ရႈံ နဲ႕လုပ္ကာ အသံတိတ္က်ေနေသာ မ်က္ရည္ေတြက အေတာမသပ္နိုင္ေတာ့။

ဒီအေတာအတြင္း ကိုကိုက ကိုရွင္းအနားမွာပဲေနေနတာ။ ကြၽန္ေတာ့္ဆီ တစ္ခါေလးေတာင္ေယာင္လို႔ေပၚမလာဖူး။ ကိုကို႔ဘက္ကသာသတိရတယ္ ေခးဆိုင္ရာ လို႔ တစ္ခြန္းေလာက္ပဲျဖစ္ျဖစ္ေျပာလာရင္ေတာင္ Boss နဲ႕အတူ ဦးဇင္းလိုက္ဝတ္ဖို႔ ကြၽန္ေတာ္ ေယာင္လို႔ေတာင္ စဥ္းစားမိမွာမဟုတ္ဖူး။

အခုေတာ့ ကိုကို႔ အခ်စ္ေတြကို ဘယ္ေတာ့မွမရနိုင္မယ့္အတူတူ ကိုကို႔ကို စြဲလမ္းစိတ္ေတြ ေျဖေလ်ာ့မွရေတာ့မယ့္ ေရာဂါကြၽမ္းေနၿပီျဖစ္တဲ့အေျခအေနမို႔ Boss ရဲ႕လမ္းစဥ္လိုက္ဖို႔ ႐ုတ္တ ရက္ ဆုံးျဖတ္ခ်က္ ခ်မိျခင္း။ ဒီအခ်ိန္ ကိုကိုသာဟတ္ခ်ေလာင္းဆို ႐ုတ္တရက္ေပၚလာၿပီး အခ်ိန္မွီေလး လာတားရင္ သိပ္ေကာင္းမွာပဲ ။

"ေခးဆိုင္ "

အေတြးထဲေမ်ာဝင္ေနဆဲမွာပင္႐ုတ္တရက္ေပၚလာေသာ အိမ္မက္လား တကယ္လားဟုပင္ ေဝခြဲမရနိုင္သည့္ ေနာက္ေက်ာဘက္က အသံၾသၾသတစ္ခု။

"ေခးဆိုင္ ....မလုပ္နဲ႕ "

စိုးရိမ္တႀကီးတားလိုက္တဲ့ အသံနဲ႕အတူ အေမာ
တေကာ ေျပးလာတဲ့ လူတစ္ေယာက္သည္ ထူးထက္ေခါင္အား ဆံခ်ေနသည့္ ေနရာသို႔ေရာက္ေသာအခါ ဒူးႏွစ္ဖက္ကို ေကြးၫႊတ္ထားၿပီးကိုယ္ကိုကုန္းကာလက္ျဖင့္ေထာက္ထားလ်က္ေဟာဟဲ ေဟာဟဲျဖင့္ အေမာေျဖေနေလသည္။

"ဟယ္ ...ခ်မ္း.....ခ်မ္း....ခ်မ္းေျမ့ကိုကို
တကယ့္ ခ်မ္းေျမ့ကိုကို အစစ္ႀကီးပါေနာ္ "

မယုံၾကည္နိုင္မႈမ်ားနဲ႕အလန႔္တၾကားေျပာလိုက္ေသာ ေသာ္တာရဲ႕အသံ။

" ကိုကို "

ေခးဆိုင္က သူ႕ေရွ႕မွာ ဒူးေထာက္လ်က္ အေမာ
ေျဖေနေသာ ခ်မ္းေျမ့ကိုကိုအားၾကည့္ရင္း မ်က္ ရည္က တေျဖးေျဖးက်လာတာ ဟီးခနဲငိုခ်လိဳက္သည္။

"ေခးဆိုင္ မငိုနဲ႕ေလကြာ ကိုကိုက အခ်ိန္မွီတားဖို႔လိုက္လာတာကို လာ ကိုကိုနဲ႕လိုက္ခဲ့ ရွင္း မင္းကေခးဆိုင္ေနရာမွာ ဝင္ကိုင္ေပးလိုက္ ငါ ေခးဆိုင္ကို ေခၚသြားေတာ့မယ္ "

ခ်မ္းေျမ့က ေခးဆိုင္လက္ထဲက ပိတ္စကို ရွင္းလက္ထဲထည့္ေပးလ်က္ ေခးဆိုင္လက္ကိုဆြဲကာဘုရားေက်ာင္းဝန္းထဲက ေျပးထြက္သြားေတာ့သည္။ ရွင္းကေတာ့ ခ်မ္းေျမ့ေပးသြားတဲ့အဝတ္စကို ေယာင္ေတာင္ေတာင္နဲ႕ကိုင္လ်က္ဆံခ်ေနေသာ လူတစ္ေယာက္ေရွ႕တြင္ ၿငိမ္သက္စြာထိုင္ေန ရင္း က်န္ခဲ့၏

" အဟမ္း "

ရွင္းရဲ႕အခ်က္ေပးေခ်ာင္းဟန႔္သံၾကားမွ အသိ စိတ္လြတ္ကာအသက္ရႉရပ္လုမတတ္ျဖစ္ေနေသာ ထူးထက္ေခါင္သည္ လက္သီးကိုတင္းတင္းဆုပ္လိုက္မိရင္း ရွက္လြန္းသျဖင့္ မ်က္လုံးကို ဖိညွစ္တာ တင္းတင္းမွိတ္ထားမိသည္။တစ္ဖက္ကလည္းဦးဇင္းက ေခါင္းကိုဖိကိုင္ကာ ဆံပင္ေတြကို မညွာမတာရိပ္ေနဆဲျဖစ္ၿပီး ေခါင္းငုံ႕ထားေသာ္လည္း ထူးထက္ေခါင္ရဲ႕မ်က္ႏွာ အပ်က္ပ်က္အယြင္းယြင္းျဖစ္ေနသည္ကို ၾကည့္ရင္း ရွင္းကရယ္ေနေလသည္။

"ဦးဇင္း ခဏ တပည့္ေတာ္ သကၤန္းမစီးေတာ့ပဲေနလို႔ရလားဟင္ "

႐ုတ္တရက္ မ်က္လုံးႀကီးပြင့္လာကာ ဆံပင္ရိတ္ေနေသာ ဦးဇင္းကို ေတာင္းပန္တိုးသ်ိဴးလိုက္ေသာ ထူးထက္ေခါင္၏ အသံတိုးတိုး။

" ဟမ္ ..ဒကာေလး...ဘာေျပာလိုက္တယ္ "

ထူးထက္ေခါင္၏ အသံသည္တိုးလြန္းတာေၾကာင့္ဘရိတ္ဓားအေပၚ အာ႐ုံနစ္ေနပုံရေသာ ဦးဇင္းကဆံပင္ရိတ္မပ်က္ေသးပဲ ဟင္ခနဲ ထပ္ေမးလိုက္သည္။ ထိုအခါမွထူးထက္ေခါင္က ဦးဇင္းကို စိတ္မရွည္ေတာ့သလို သက္ျပင္းရွည္ႀကီး ဆြဲခ်လ်က္

"တပည့္ေတာ္ ခ်စ္တဲ့သူေရာက္လာလို႔ ဦးဇင္းမဝတ္ခ်င္ေတာ့ဖူးလို႔ေျပာတာပါဘုရား ဆံပင္ရိတ္ေနတာႀကီး အခုရပ္လိုက္ပါေတာ့ ဘုရား "

ထူးထက္ေခါင္ရဲ႕အူေၾကာင္ေၾကာင္ေလွ်ာက္လဲ ခ်က္ကိုနားနဲ႕ဆတ္ဆတ္ၾကားလိုက္ရတဲ့ေသာ္တာက တခြီးခြီး ရယ္ေနေလသည္။ ရွင္းေလးကေတာ့ ကတုံးေျပာင္ေျပာင္တစ္ျခမ္း ဆံပင္ေတြက တျခမ္း ျဖစ္ေနတဲ့ ထူးထက္ေခါင္ကို ၾကည့္လ်က္ ပါးခ်ိဴင့္ေလးေတြပင္ေပၚသည့္အထိ ၿပဳံးေနေလသည္။ တေအာင့္ေလာက္ၾကာမွ ထူးထက္ေခါင္င္ရဲ႕ေအာ္သံက်ယ္ႀကီးကို ပီပီသသၾကားသြားပုံရတဲ့ ဦးဇင္းကလည္း ဆံပင္ရိတ္ေနရာမွ တိခနဲရပ္ပစ္လိုက္ကာ

"အဲဒါေၾကာင့္ ဒါကာေလးကို အေစာကတည္းကေက်ာင္းထိုင္ဘုန္းႀကီးကမိန႔္တယ္မလားေသခ်ာစိတ္ပိုင္းျဖတ္ၿပီးမွဝင္ပါလို႔ အခုေတာ့ၾကည့္စမ္းဒါကာလည္း ငရဲရ ဦးဇင္းတို႔လည္း အလုပ္ရႈပ္ အိမ္း သံေယာဇဥ္ဆိုတာ ျဖတ္ရေတာ္ေတာ္ခက္ ပါလား "

ဦးဇင္းက သူ႕ဘာသာသူ မိန႔္ၾကားလ်က္ ထိုေနရာမွ ႂကြသြားေတာ့ ထူးထက္ေခါင္က ရွင္းေလးကိုမဝံမရဲ ၾကည့္လိုက္ကာ

"ညီ ဘာလို႔ ကိုယ့္ေနာက္လိုက္လာတာလဲဟင္ "

ထူးထက္ေခါင္က သူ႕ဘာသာသူ ရွက္ရမ္းရမ္းၿပီးလည္ဂုတ္ကိုလည္း လက္တစ္ဖက္နဲ႕ဟိုဘက္ဒီဘက္ပြတ္ေနကာ ရွင္းကို ရီေဝေသာ မ်က္လုံးမ်ားျဖင့္ေငးစိုက္ၾကည့္ေနေလသည္။ ရွင္းကလည္းသူ႕ကို မ်က္ေတာင္မခတ္ေငးၾကည့္ေနတဲ့ထူးထက္ေခါင္ကို အခ်စ္ရိပ္ေတြလဲ့ျဖာေနတဲ့ မ်က္ဝန္းမ်ားျဖင့္စိုက္ၾကည့္ေနလ်က္

"အရာအားလုံးကို ေသေသခ်ာခ်ာနားလည္သြားလို႔ Bro ရဲ႕အခ်စ္ေတြကို အႂကြင္းမဲ့ယုံၾကည္သြားလို ၿပီးေတာ့ ငါးႏွစ္လုံးလုံး နာက်င္ေနခဲ့ရတဲ့ ကြၽန္ေတာ့္ ႏွလုံးသားေလးကိုေရာ ထပ္မႏွိပ္စက္ခ်င္ေတာ့လို႔ ကြၽန္ေတာ့္နားက အၿပီးထြက္သြားဖို႔ျပင္ေနတဲ့Bro လက္ေတြကိုအခ်ိန္မွီ ဖမ္းဆုပ္ဖို႔လာခဲ့တာ ပထမအႀကိမ္တုန္းကလည္း Bro သတၱိမရွိ လို႔ ကြၽန္ေတာ္တို႔ေဝးခဲ့ၾကၿပီးၿပီ အခုတစ္ႀကိမ္ေတာ့ ထပ္အေဝးမခံနိုင္ေတာ့လို႔ ကြၽန္ေတာ္ဘက္ကအရင္စၿပီး သတၱိရွိျပလိုက္တာ Bro ကိုေစာင့္ေနရင္း ကြၽန္ေတာ္ အဘိုးႀကီး ျဖစ္သြားမွာစိုးလို႔ေလ "

ရွင္းက သူ႕ကို ႐ႊန္းစိုေသာမ်က္ဝန္းမ်ားျဖင့္ၾကည့္
ကာဆိုလိုက္ရင္း သူ႕ဘာသာရွက္ကိုးရွက္ကန္း နဲ႕ရယ္ေနေလသည္။ထူးထက္ေခါင္ တစ္ေယာက္ကေတာ့ဒီစကားေတြကို သူ႕နားနဲ႕ဆတ္ဆတ္ၾကားခဲ့တာဟုတ္မွဟုတ္ရဲ႕လားဟုပင္ေတြးေတာရင္းႏႈတ္ခမ္းအစုံဟာ ခပ္ဟဟပြင့္လ်က္ၾကက္ေသေသေနမိ၏။

"ညီ အခုျဖစ္ေနတာ အိမ္မက္လား တကယ္လားဆိုတာ ကိုယ္မယုံနိုင္ဖူး ကိုယ့္မ်က္စိေရွ႕မွာ ညီေရာက္ေနတယ္ ဆိုတာ အိမ္မက္တစ္ခုလိုျဖစ္ေနတယ္ ကိုယ္႐ူးသြားၿပီလား မသိဖူး ညီ ဒါဟာတကယ္ဆိုတာ ယုံၾကည္လို႔ရေအာင္ ကိုယ့္ပါးကိုပဲ ျဖစ္ျဖစ္ ညီ့လက္နဲ႕ ရိုက္လိုက္စမ္းပါ "

ထူးထက္ေခါင္အသံေတြက တကယ္ေဝခြဲမရျဖစ္ေနၿပီး တုန္လႈပ္ေနသည့္ဟန္။ သူမ်က္စိေရွ႕ကပန္းႏုေရာင္ Shirt နဲ႕ Style Pant အျဖဴကို လူႀကီးဆန္ဆန္ အထာက်က်ေလး ဝတ္ဆင္ထားတဲ့လူတစ္ေယာက္ဟာ သူအ႐ူးအမူးခ်စ္ခဲ့ရတဲ့ ညီမွဟုတ္ရဲ႕လားဟုပင္ သံသယဝင္ေနမိသည္။ သူ႕
မ်က္စိေရွ႕က ထိုေကာင္ေလးကို ၾကည့္ရင္း သူ႕ေသြးေၾကာေတြသည္လည္းမရပ္မနားပင္ ဆူပြက္လာကာ ေပါက္ကြဲလုမတတ္ အညွာအတာ ကင္းမဲ့စြာပင္ တဒိတ္ဒိတ္နဲ႕ေဆာင့္ခုန္ေနေလသည္။

ရွင္းက အသိစိတ္လြတ္ကာေတာင့္ေတာင့္ႀကီးရပ္ေနေသာ ထူးထက္ေခါင္ကို ၾကည့္လ်က္ ပါးခ်ိဴင့္ကေလးမ်ားေပၚေနသည္ ရယ္ေမာလို႔သာေနေပသည္။

ထို႔္ေနာက္ရွင္းကေျခဖ်ားကိုမမွီတမွီလွမ္းေထာက္လိုက္လ်က္ အနဲငယ္ေခ်ာင္ခ်ေနေသာ ထူးထက္ေခါင္ရဲ႕ ပါးႏွစ္ဖက္ကိုသူ႕လက္ဖဝါးႏုႏုေလးေတြနဲ႕ လွမ္းကိုင္လိုက္ၿပီး နမ္းေတာ့မည့္ဟန္ႏွင့္တေျဖးေျဖးအေရွ႕ကိုတိုးလာေလ၏။

႐ုတ္တရက္ဆိုသလိုရွင္း ျပဳမူလိုက္သည္ကို
လန႔္သြားပုံရတဲ့ ထူးထက္ေခါင္ကလည္းေၾကာင္အမ္းအမ္း ျဖစ္ေနရာမွမ်က္ေတာင္စင္းစင္းမ်ားကိုေအာက္္သို႔ ထိုးစိုက္သြားသည္အထိ မ်က္လုံးမ်ားကို အားနဲ႕မွိတ္ခ်လိဳက္သည္။

ရွင္းကလည္း သူ႕ဘက္ကို မ်က္ႏွာမူထားရင္း ကတုံးေျပာင္ေျပာင္တျခမ္း ဆံပင္တစ္ျခမ္းနဲ႕ မ်က္စိႀကီးမွိတ္ ႏႈတ္ခမ္းကိုဆူေထာ္ထားကာ အသင့္ေစာင့္ဆိုင္းေနေသာ ထူးထက္ေခါင္ရဲ႕ မ်က္ႏွာကိုၾကည့္လ်က္ ႐ုတ္တရက္ ရယ္ခ်င္လာတာမို႔ ထူးထက္ေခါင္ရဲ႕ ပါးကိုကိုင္ထားတဲ့ သူ႕လက္ေတြကို ျဖတ္ခနဲလြတ္ခ်လိဳက္ကာ ဗိုက္ေတြ အူေတြကိုဖိႏွိပ္လ်က္ခြက္ထိုးခြက္လန္ ရယ္ေနမိေတာ့သည္။

ထိုအခါမွ ထူးထက္ေခါင္က စြပ္က်ယ္အျဖဴႀကီးဝတ္လ်က္ ကတုံးတစ္ျခမ္းနဲ႕ ရိုမိေနေသာ သူ႕အျဖစ္သူ သတိရသြားလ်က္ရွက္ေသြးျဖာလာကာပါးႏွစ္ဖက္က အရွိန္ျပင္းျပင္းနဲ႕ ေပါက္ကြဲေတာ့မည့္ ပန္းသီးတစ္လုံးလို နီရဲလာေလသည္။

"ဟာ.......ညီကကြာ"

ရွက္တတ္တတ္ႏွင့္မ်က္ႏွာကိုရႈံ႕မဲ့ကာ ေျပာလိုက္သည့္ဟန္ေလးကပင္ ထူးထူးျခားျခား ခ်စ္စဖြယ္ေကာင္းလြန္းေနတာမို႔ ရွင္းက ထူးထက္ေခါင္၏ထိုခ်စ္စရာအမူအရာေတြကိုၾကည့္ၿပီး ရယ္ေနတာကို အေတာမသတ္နိုင္ေတာ့ ။တကယ္ကိုတလုံးတခဲႀကီးနဲ႕ ခ်စ္ဖို႔ေကာင္းေနတဲ့ Bro ပါပင္ ။

"ေတာ္.... ေတာ္ၿပီ ညီ ကိုယ့္ကို ေလွာင္ေနတာဒီေလာက္ဆိုေတာ္ေလာက္ၿပီ"

မ်က္ႏွာရဲရဲနဲ႕ အထစ္ထစ္အေငါ့ေငါ့ေျပာလိုက္သည့္ အမိန့္မမည္ေသာ အမိန့္သံ။

"မရဖူး Bro ပုံစံက အရမ္း ရယ္စရာေကာင္းေနတာ ကို ကြၽန္ေတာ္ထိန္းမရဖူး "

မ်က္လုံးမ်ားေမွးစင္းသည္အထိ ပါးခ်ိဴင့္ခြက္မ်ားကိုအထင္အရွားျမင္ေနရသည္အထိ အူလွိုက္
သည္းလွိုက္ရယ္ေမာကာ ေျပာလာေသာ ရွင္း။

"အဲတာဆို အဲဒီထိန္းမရတဲ့ ပါးစပ္ကိုကိုယ္ပိတ္ေပးမယ္ "

ထူးထက္ေခါင္က ခိုင္မာစြာေျပာလိုက္ၿပီးေနာက္ရွင္းတစ္ကိုယ္လုံးကို သူ႕ဘက္ ဆတ္ခနဲလွမ္းဆြဲလိုက္ရင္း လက္တစ္ဖက္က ရွင္းရဲ႕လည္ပင္းကိုသိုင္းဖက္လိုက္ၿပီး ေနာက္တစ္ဖက္က ခါးေသးေသးကို ေပြ႕ဖက္လိုက္လ်က္ သူ႕ႏႈတ္ခမ္းအစုံကို ရွင္းႏႈတ္ခမ္းမ်ား စိုစြတ္သြားသည္အထိ အေပၚကေန ဖိညစ္ကာ အနမ္းမိုးမ်ား႐ြာခ်လိဳက္သည္

ညီ့ ရဲ႕ဖူးႏုေနတဲ့ ႏႈတ္ခမ္းေလးရဲ႕အရသာဟာဘယ္ေလာက္ေတာင္ ဆြဲေဆာင္မႈရွိလိုက္သလဲ။

ငါးႏွစ္လုံးလုံးေတာင္းတခဲ့ရတဲ့ ညီႏႈတ္ခမ္းရဲ႕အရသာဟာ ကမၻာေပၚမွာရွိတဲ့ အခ်ိဳဆုံးအရာေတြပင္ ထိုင္ငိုရေလာက္တဲ့အထိ ခ်ိဴအီျပင္းရွလြန္းတာမို႔ သူ မက္ေမာလြန္းစြာ အေတာမသပ္နိုင္ေတာ့တဲ့အထိ ဆက္တိုက္နမ္းရွိုက္ေနမိသည္။ ညီ့ အေပၚႏႈတ္ခမ္းလႊာေအာက္ႏႈတ္ခမ္းလႊာႏွစ္ခုလုံးကိုသူ႕ႏႈတ္ခမ္းေတြနဲ႕အုပ္မိုးထားၿပီး အႏြေးဓာတ္မ်ားေပးေနမိသည္။

ရွင္းကလည္း Broရဲ႕ပထမဆုံးအနမ္းအတြက္ျငင္းဆန္ျခင္းမျပဳေတာ့ပဲ အလိုက္တသိေလးၿငိမ္ေနေပးကာ Bro သိပ္မကုန္းရေအာင္ ေျခဖ်ားေလးကိုပင္ လိုလိုလားလား ေထာက္ေပးလိုက္ေသး၏

ထူးထက္ေခါင္က ရွင္းမ်က္ႏွာနဲ႕ အံ့ဝင္ဂြင္က်ျဖစ္ေအာင္ကိုယ္ကိုကိုင္းကာ ေခါင္းငုံ႕ေပးထားရၿပီးအရပ္ပိုပုတဲ့ ရွင္းက ေျခဖ်ားေလးကို မမွီတမွီ ေထာက္ထားလ်က္ ၾကည္ႏူးစြာအနမ္းေပးေနၾကသည့္ျမင္ကြင္းေလးဟာ ခ်စ္စဖြယ္ေကာင္းလြန္းတာမို႔ ေဘးက ေသာ္တာကေတာ့လက္ညွိုးေလးကိုက္လ်က္ မ်က္ႏွာတစ္ခုလုံးၿဖီးေနသည္မွာ အိႏၵျေပင္မဆယ္နိင္ေတာ့။

ထိုၾကည္ႏူးဖြယ္ျမင္ကြင္းေလးအား ကားေပၚကလွမ္းၾကည့္ေနတဲ့ လူႏွစ္ေယာက္ကေတာ့အခုထိဘာစကားမွမဆိုပဲ ရင္ခုန္စိတ္လႈပ္ရွားမႈကိုတိတ္ ဆိတ္ျခင္းနဲ႕ ဖုံးကြယ္ေနဆဲ။

"ေခးဆိုင္ အကို႔ပုံစံက ရယ္ခ်င္စရာႀကီးေနာ္ ဟား ဟား ရွင္းေလးသနားပါတယ္ကြာ အခ်ိန္မွီတားဖို႔လာေပမဲ့နဲနဲကပ္လြဲသြားတယ္ သူ႕ခမ်ာရယ္ရမလို ငိုရမလို ျဖစ္ေနမွာ "

ခ်မ္းေျမ့က ထူးထက္ေခါင္ႏွင့္ ရွင္းတို႔စုံတြဲကိုၾကည့္ကာသူ႕ဘာသာတစ္ေယာက္တည္းေျပာရင္း ရယ္ေနေလသည္။ အကို႔ ပုံစံကရယ္စရာေကာင္းသည္မွာ မွန္ေနေသာ္လည္း အမွန္တကယ္ကတာ့ သူ႕ရဲ႕စိတ္လႈပ္ရွားမႈကို ရယ္ေမာရင္းႏွင့္မသိစိတ္ကို ဖုံးကြယ္မိေနျခင္းပင္။

ခုနတုန္းကေတာ့ ေခးဆိုင္ ဦးဇင္းဝတ္သြားမွာ စိုးရိမ္စိတ္နဲ႕ ေသြးပူေနၿပီး အေလာႀကီးလက္ဆြဲကားေပၚေခၚလာၿပီးကာမွ ဘယ္ကေနဘယ္လိုဇာတ္လမ္းစရမယ္မွန္းမသိပဲ ခံစားခ်က္ေတြကလုံးေထြးလာကာ ရွက္စိတ္နဲ႕ ေနရာမွာတင္ အေငြ႕ပ်ံသြားခ်င္သလိုလိုျဖစ္လာေလသည္။

ခုနတုန္းကမ်က္ရည္႐ႊဲလဲနဲ႕ ေခးဆိုင္ကလည္း အခုက်မွင္ေသေသနဲ႕ သူမဟုတ္သလို ၿငိမ္ကုပ္ကာ ေနေလသည္။

" ကိုကို "

မ်က္မွန္ကို လက္ညိုးေလးနဲ႕ပင့္တင္လိုက္ၿပီး သူ႕ဘက္လွည့္ၾကည့္လာကာ ခပ္သဲ့သဲ့ေခၚလိုက္သံ။

" Boss နဲ႕ ကိုရွင္းကိုအားမက်ဖဴးလားကိုကို "

ခ်မ္းေျမ့ကိုကိုက အံၾသတႀကီးလွည့္အၾကည့္မွာေတာ့သူ႕ကို ရီေဝစြာၾကည့္ေနေသာ စိုင္းစင္ေခးဆိုင္ရဲ႕ မ်က္ဝန္းမ်ားနဲ႕ တည့္တည့္ဆုံသြားသည္။ထိုမ်က္လုံးေလးမ်ားသည္ ငိုထားေသာေၾကာင့္ နီရဲေနကာ မ်က္ရည္စေလးမ်ားပင္ ေဝ့သီေနေသး
၏။

သူ႕ကို အားကိုးတႀကီး ၾကည့္ေနေသာ ေခးဆိုင္၏မ်က္ဝန္းမ်ားသည္ စကားမေျပာတတ္ေသာ္လည္းျမတ္နိုးရိပ္မ်ားစီးဝင္ေနသည္ဟု အလိုလိုခံစားမိလာသည္။ ထိုမ်က္ဝန္းမ်ားသည္ သူ႕အား ကိုကိုဟု အသံတိတ္ေခၚေနသေယာင္။

ဒီေကလးဟာ သူ႕အေပၚကို........

အဆင့္မ်ားစြာကို ျဖတ္ေက်ာ္လိုက္ရင္းမရိုးမသားေတြးလိုက္မိျခင္းနဲ႕အတူ ခ်မ္းေျမ့ကိုကိုရဲ႕ ဘယ္ဘက္ ရင္ဘတ္တစ္ျခမ္းသည္လည္း ဒိတ္ခနဲေဆာင့္တတ္ကာ ခုန္လာသည္။

ရွင္းရဲ႕ပတ္သက္တဲ့ နာက်င္စရာေတြကို အနယ္ထိုင္ေအာင္ ႏွစ္လေလာက္ႀကိဳးစားေမ့ပစ္ခဲ့ရၿပီးမွအိပ္ေပ်ာ္လုနီးပါးျဖစ္ေနတဲ့ သူ႕ႏွလုံးသားကိုျဖတ္ခနဲ လန႔္နိုးလာေစေသာ အၾကည့္တစ္ခ်က္

" ကိုကို ေဘာ့စ္နဲ႕ကိုရွင္းကို အားမက်ဖဴးလားလို႔ ကြၽန္ေတာ္ေတာ့ အရမ္းအားက်တာပဲ "

ဒုတိယအႀကိမ္ ေဆြးေဆြးေျမ့ေျမ့ေလးေျပာလိုက္သည္က သူ႕အား လက္မႏွေးပါနဲ႕ေတာ့ ကိုကို ဟုသတိေပးလိုက္ဟန္ ။

"ကိုကို တစ္ခုခု ေျပာဦးေလ ခုနကေတာ့ ကြၽန္ေတာ့္လက္ကို အတင္းဆြဲေခၚလာၿပီးေတာ့ "

ခ်မ္းေျမ့ကိုကိုက သူ႕အား စိတ္မရွည္သလိုေျပာေနေသာ ေခးဆိုင္ကို လုံးဝလွည့္မၾကည့္ေသးပဲေတာင့္ေတာင့္ႀကီးသာ ထိုင္ေနေလသည္။

ရွင္းနဲ႕ပတ္သက္ၿပီး လက္ရဲဇက္ရဲရွိခဲ့တဲ့ သူဟာေခးဆိုင္ ေရွ႕မွာက်မွ ဘာေၾကာင့္ ေက်ာက္႐ုပ္ႀကီးလို ေအးတိေအးစက္ ျဖစ္ေနရတာလည္း သူကိုယ္တိုင္လည္း နားမလည္နိုင္ေတာ့ ။

"႐ႊန္း႐ႊန္းနဲ႕ေရာအဆက္အသြယ္ရေသးလား "

မည္သို႔မွမသက္ဆိုင္ေပမဲ့ စကားစရွာမရ၍ေယာင္ေတာင္ေတာင္နဲ႕ေမးလိုက္မိေလျခင္း။

ခ်မ္းေျမ့ကိုကို မင္း ႐ူးေနၿပီ......
ဒီကေလးေလးကို ဘာေတြေၾကာက္ေနတာလဲ...

"ကိုကို စကားလမ္းေၾကာင္းေတြ လႊဲမေနပါနဲ႕ေတာ့ အီး.....ကြၽန္ေတာ္ ကိုကို႔ကို ခ်စ္တယ္ အရမ္းခ်စ္တာ ႏွစ္လလုံး ကိုကို႔အေၾကာင္းပဲေတြးေနခဲ့တာကိုကို နဲ႕ခြဲေနရမွ ကိုကို႔ကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာ ကြၽန္ေတာ္ တေျဖးေျဖးသိလာတာ.......
အီး....ကြၽန္ေတာ့္အခ်စ္ကို ကိုကိုလက္မခံနိုင္ဖူးဆိုရင္လည္း အခုပဲ ကြၽန္ေတာ္ ဦးဇင္းေျပးဝတ္လိုက္ေတာ့မယ္.... အီး..ဟီး... "

စိုင္းစင္ေခးဆိုင္က ဗလုံးဗေထြးေျပာရင္း ေအာ္ႀကီးဟစ္က်ယ္ ငိုခ်လိဳက္သည္။ ခ်မ္းေျမ့ကိုကိုကလည္း သူ႕အားငိုႀကီးခ်က္မႏွင့္ေရာေယာင္ၿပီး Propose လုပ္သြားေသာ စိုင္းစင္ေခးဆိုင္ကိုမ်က္လုံးေလးေပကလပ္ ေပကလပ္ႏွင့္ပင္ေၾကာင္ေငးေနေပသည္။ထို႔ေနာက္ ေခးဆိုင္က

"ကိုကို ကြၽန္ေတာ့္အခ်စ္ကို လက္မခံနိုင္ဖူးမလား အခုထိ ကိုရွင္းကို ခ်စ္ေနတုန္းမလား "

ဟုေျပာရင္း မ်က္ရည္မ်ားက သနားစြယ္ ပိုးပိုးေပါက္ေပါက္က်လာေန၏

"ကိုကို ဘာမွျပန္မေျပာရင္ လက္မခံဖူးလို႔သတ္မွတ္ၿပီး ကြၽန္ေတာ္ သြားေတာ့မယ္ "

ေခးဆိုင္သည္ တစ္ဖက္ကလည္းအက်ပ္ကိုင္ရင္း
မ်ည္ရည္ေပါက္ႀကီးငယ္နဲ႕ ဗလုံးပေထြးေျပာေနတာေတာင္ နဲနဲေလးမွ လႈပ္ခတ္မလာေသာ ခ်မ္းေျမ့ကိုကို ကိုၾကည့္ရင္း စိတ္ဓာတ္က်ခ်င္လာသလိုပင္ ျဖစ္ကာ တံခါးကို ဆြဲဖြင့္လ်က္ကားေပၚက ထြက္သြားဖို႔ျပင္လိုက္သည္။

ထိုအခါမွခ်မ္းေျမ့ကိုကိုက ကားတံခါးဖြင့္ဖို႔ျပင္ေနေသာ ေခးဆိုင္ရဲ႕လက္ကို သူ႕ဘက္ကို လွ်ပ္တျပက္ ေဆာင့္ဆြဲလိုက္ရင္းေခးဆိုင္ရဲ႕တစ္ကိုယ္လုံးကို သူ႕ခႏၶာကိုယ္ႀကီးနဲ႕ သိမ္းႀကဳံးဖက္လိုက္သည္။

"မသြားပါနဲ႕ ေခးဆိုင္ ကိုကိုလည္း မင္းကိုခ်စ္ပါတယ္ ရွင္းနဲ႕မတူညီတဲ့ အခ်စ္မ်ိဴးနဲ႕မင္းကိုလည္း ကိုကို ခ်စ္ပါတယ္ "

တုန္ရီစြာထြက္လာေသာ ခ်မ္းေျမ့၏ စကားသံတိုးတိုးၾကားထဲမွ ကေလးဆိုးႀကီးတစ္ေယာက္လို လိုခ်င္တာရသြားလို႔ ၿပဳံးေပ်ာ္သြားပုံရေသာ ေခးဆိုင္၏ ေတာက္ပသြားေသာ မ်က္ဝန္းမ်ား။

"ကိုကို ကြၽန္ေတာ့္ကို အေျဖေပးလိုက္တာလား"

"အင္းေပါ့ ကိုကိုမွျပန္မခ်စ္ရင္ဒီကေလးက
တတ္ခ်က္လုမတတ္ေအာ္ငိုေနတာကို..."

"ဒာဆို ကိုကိုက နားၿငီးလို႔ ကြၽန္ေတာ့္ကိုျပန္ခ်စ္လိုက္တာလား "

ေခးဆိုင္ဟာ ဒီေလာက္ ခ်စ္စရာေကာင္းမွန္းအခုမွသိတဲ့ သူ႕ကိုယ္သူေတာင္ေနာင္တရမိသလို။ တကယ္မထင္ထားရေလာက္ေအာင္စကားတတ္တဲ့ ကေလးေလး။

ခ်မ္းေျမ့က ၿပဳံးလိုက္ရင္း ေခးဆိုင္ရဲ႕ပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ကာ အျမတ္တနိုးေငးၾကည့္လိုက္သည္။

"ကေလး ကိုကို ရွင္းကို ခ်စ္ခဲ့တာ ဝန္ခံပါတယ္ဒါေပမဲ့ ကေလးကိုခ်စ္တာက ရွင္းနဲ႕မတူဖူး ၿပီးေတာ့ ကေလးက ကိုယ့္ဘဝရဲ႕ေနာက္ဆုံးအခ်စ္ကိုကို ရဲ႕အခ်စ္ေတြအားလုံးအခုအခ်ိန္ကစၿပီး ကေလးကိုပဲအကုန္ပုံေအာေပးမွာမို႔ ကေလးေက်နပ္ေတာ့ေနာ္ "

ခ်မ္းေျမ့ကိုကိုက စိုင္းစင္ေခးဆိုင္ ရဲ႕ ေမးေစ့ေလးကို ကိုင္ထားရင္း ခပ္ဟဟပြင့္ေနတဲ့ ႏႈတ္ခမ္းေလးကို လွစ္ခနဲ နမ္းလိုက္သည္။ ေခးဆိုင္ကလည္းထိုအခြင့္အေရးကို အလြတ္မေပးေတာ့ပဲ ခ်မ္းေျမ့ရဲ႕ခါးကို ျပန္ဆြဲဖက္လိုက္ကာ ႏႈတ္ခမ္းေတြကိုပါ သူ႕ ႏႈတ္ခမ္းနဲ႕ဖိကပ္ရင္း မက္မက္ေမာေမာနမ္းရွိုက္သည္။

အနမ္းေတြနဲ႕ပတ္သက္လာလွ်င္ အၿမဲသြက္သြက္လက္လက္ရွိခဲ့ေသာ ခ်မ္းေျမ့ကိုကိုသည္လည္းပဲ ယခုတစ္ႀကိမ္မွာေတာ့ ေခးဆိုင္၏ဉီးေဆာင္မႈေအာက္တြင္ အလိုက္သင့္ေလးပါလာကာ ထိုအနမ္းမ်ားတြင္ ႏူးညံ့စြာ ေပ်ာ္၀င္ေနေလသည္။

ထို႔ေနာက္မွာေတာ့ ဘုန္းႀကီးေက်ာင္း၀န္းထဲတြင္ကတုံးတျခမ္းနဲ႕ရိုေနေသာ အတြဲရယ္ ငိုႀကီးခ်က္မနဲ႕ Propose လုပ္ေသာ အတြဲရယ္ အနမ္းခ်င္း အားၿပိဳင္ေနက်ေတာ့သည္။
.
.
.

ကြၽန္ေတာ့္ ႏွလုံးသားရဲ႕ျမစ္ဖ်ားခံရာမွာ

ညီရဲ႕ပါးခ်ိဳင့္ခြက္ေလးေတြတည္ရွိတယ္

အစြဲအလမ္းေတြကိုဖက္တြယ္ေနတတ္တဲ့

ပုထုဇဥ္လူသားျဖစ္ေနသ၍ေတာ့

ညီရဲ႕ပါးခ်ိဳင့္ခြက္ေလးေတြၾကားထဲမွာပဲ

ေက်ေက်နပ္နပ္ႀကီး က်ရႈံးေနရဉီးမယ္

ထူးထက္ေခါင္

Okumaya devam et

Bunları da Beğeneceksin

8.3K 436 58
ဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......
149K 4.3K 40
(This is season 2) နွေတစ်ခေတ်သျှား×တိမ်ယံသွေးသစ် တိမ်စိုင်ဆိုတာ ဘယ်တုန်းကမှ ဖမ်းဆုပ်မရခဲ့တဲ့ ဒဏ်ရာလေးဘဲ... နွေ့နှလုံးသားနှင့်ရင်းကာ အသက်တမျှ နင့်အော...
312K 13.6K 42
This is not about male pregnant!!! ရတု ဥာဏ် သွယ်
467 90 15
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️