Beyond the galaxy(ZG+Uni)

By Zeon_Limit

22.8K 2.8K 522

တစ္ေန႕ငါတို႕စျကာဝ႒ာရဲ႕အစြန္းတစ္ေနရာကိုေရာက္ေအာင္သြားျကမယ္ မင္းရယ္ငါရယ္ဆိုတာပဲရွိတဲ႔ေနရာကိုေပါ့......! (Unicod... More

Introduction
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part25
Part-26
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34

Part-27

467 40 11
By Zeon_Limit

(Zawgyi)

ၾကည္လင္ေတာက္ပေနတဲ့ေကာင္းကင္ႀကီး ဆီကေနျပန္႔လြင့္လာၾကတဲ့ ေနေရာင္ျခည္အလင္းတန္းေတြက သီဟရဲ႕အခန္းေလးထဲ အၿပိဳင္အဆိုင္တိုးေ၀ွ႔၀င္ေနၾကတယ္။

ေနေၾကာင့္အိမ္အခန္းထဲပူေနေပမယ့္ သစ္သားၾကမ္းျပင္ၾကားထဲက ေလေအးေတြက တိုးေ၀ွ႔တိုက္ခတ္ေနၾကတယ္။

ခြၽင္.....

"ရၿပီ..."

ေခြၽးတစ္စက္စက္က်ၿပီးႀကိဳးစားခဲ့သမွ်ေနာက္ဆံုး မင္းရာဇာလက္ေမာင္းထဲက က်ည္ဆံအျပင္သို႔ထြက္သြားခဲ့ေလၿပီျဖစ္တယ္။

သီဟတစ္ေယာက္တာ၀န္ေက်သြားတဲ့ရုပ္နဲ႔ နွာဖူးေပၚ၀ဲတင္ေနၾကတဲ့ေခြၽးေစးေတြကို လက္ဖ်ံနဲ႔တစ္ခ်က္ပြတ္တင္လိုက္ၿပီး အနာကိုလက္စသတ္ ပတ္တီးစည္းေပးလိုက္ေလတယ္။

ဒဏ္ရာကိစၥသူ အကုန္တာဝန္ေက်ျပီဆိုေတာ့မွ ပစၥည္းေတြသိမ္းဆည္းျပီး အိပ္ယာေပၚလွဲေလ်ာင္းေနတဲ့ မင္းရာဇာေဘးနား ဝင္လွဲကာ ေမးေထာက္ျပီး ေမ့ေျမာေနတဲ့ လူတစ္ေယာက္ရဲ႕ပံုစံအေနအထားကို ေလ့လာေလတယ္။

"ေသခ်ာျကည့္ရင္ မင္းကေတာ္ေတာ္ေခ်ာတာပဲ မင္းရာဇာ"

ေျပာရင္းဆိုရင္းနဲ႔ စကားေနာက္မွာ သက္ပ်င္းသံတစ္ခ်က္ကပါသြားေလသည္။

"ဟူး...မင္းမ်ားဘယ္လိုေတာင္ကံေကာင္းတာလဲ။ပိုက္ဆံလဲရွိ ရုပ္ရည္လည္းရွိ ဒီျကားထဲအရမ္းလွတဲ့ေကာင္မေလးလည္း ေဘးနားရွိ သာယာလိုက္တာေနာ္"

သီဟတစ္ေယာက္မင္းရာဇာရဲ႕မ်က္နွာကိုျကည့္ေနရင္းနဲ႔ပဲ တျဖည္းျဖည္း အေပၚဗလာျဖစ္ေနတဲ့ မင္းရာဇာရဲ႕ရင္ဘတ္ပိုင္းကို မ်က္လံုးကမထင္မွတ္ပဲေရာက္သြားေလေတာ့တယ္။ဆြဲေဆာင္မႈ႕ရွိတဲ့ရင္ဘတ္ေဖာင္းေဖာင္းနွစ္ျခမ္းရယ္ အျဖဴေရာင္အသားအရည္ေပၚက ေခ်ာကလက္ေရာင္ နို႔သီေခါင္းေလးေတြရယ္ ေျခာက္တံုးအတန္းလိုက္စီရီေနတဲ့ ဗိုက္ျကြက္သားေတြရယ္ ထိုအရာေတြျကားထဲ သီဟခဏတာ ဆြံ႕အနစ္မြန္းသြားခဲ့သည္မွာအမွန္။

"မင္းကအဲ့ေလာက္ျပည့္စံုေနစရာလိုလို႔လား"

"အဲ႔ဒါမနာလိုေနတဲ့ရုပ္လား"

ရုတ္တရက္ထြက္တဲ့မင္းရာဇာအသံေျကာင့္ သီဟအျကည့္ကိုခ်က္ခ်င္းေနရာလႊဲလိုက္ေလတယ္။

"ေတာ္စမ္းပါ အားအားယားယား"

"ေျသာ္ ခုနကငါ့ကိုေနအနွံ႔အားအားယားယား ျကည့္ျပီးေဝဖန္ေနတာဘယ္သူလဲ"

"မင္း နိုးေနရဲ႕သားနဲ႔ဘာလို႔ထမလာတာလဲ"

"မင္းဖီးလ္တက္ေနတာကိုျကည့္ခ်င္လို႕"

"လဲေသျပီး အဝီစိသာေျပးဆင္းသြားလိုက္ေတာ့ ေခြမသား"

မင္းရာဇာ ရဲ႕႐ုပ္က အရမ္းကိုတည္ၿငိမ္ေနၿပီး လူတစ္ေယာက္ကို စေနာက္ေနတဲ့ပံုစံနဲ႔မတူဘူး။အကယ္၍သီဟေနရာမွာသာ တျခားလူတစ္ေယာက္ဆိုရင္ သူ႕ရဲ႕အၾကည့္ေတြကိုခံႏိုင္ရည္ရိွမွာေတာင္မဟုတ္ဘူး သီဟေတာင္ တစ္ခါတစ္ေလ မ်က္ႏွာလႊဲၿပီးစကားေျပာရတဲ့အထိ စူးရွစြာစိုက္ၾကည့္ၿပီး စကားေျပာတတ္သူျဖစ္တယ္။

ေရႊေရာင္စူးရွေနတဲ့ ပူျပင္းတဲ့ ေနမင္းႀကီးရယ္ ပူေလာင္တဲ့ ေလေျပေတြရယ္ ကြဲအက္ေနတဲ့ ေျမႀကီးေတြရဲ႕ အလယ္ၾကားမွာ ေအးစက္စက္မ်က္ဝန္းတစ္စံု တည္ရိွေနေလတယ္။

ဘယ္သူမွသတိမထားမိလိုက္ႏိုင္တဲ့ ထိုတိတ္ဆိတ္ေနတဲ့ အခ်ိန္တိုအတြင္းမွာပဲ အခန္းထဲကိုလြင့္လာတဲ့ တစ္စံုတစ္ရာကို မင္းရာဇာ အံ့ဩစြာႏုဲ႔လွမ္းၾကည့္လိုက္ေလတယ္။

"သီဟ..."

ထိုအသံရဲ႕ အဆံုး ၾကမ္းျပင္ေပၚက်ေရာက္သြားတဲ့ မီးခိုးဗံုးဆီက အေငြ႕ေတြ တစ္အိမ္လံုးကိုဖံုးအုပ္သြားေတာ့တယ္။

ခ်က္ခ်င္းဆိုသလိုပဲ သီဟရဲ႕လက္ကိုမင္းရာဇာ လွမ္းဆြဲလိုက္ၿပီး အဝတ္ဗီ႐ိုႀကီးထဲ ဝင္ပုန္းေနလိုက္ေလတယ္။

မ်က္ႏွာခ်င္းဆိုင္အေနအထားျဖစ္ေနတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ ရင္ခုန္သံနဲ႔အသက္႐ႈသံေတြကလည္း ေရာယွက္လို႔ေနတယ္။

'ဒိုင္း ဒိုင္း ...'

အျပင္ကေနၾကားလိုက္ရတဲ့ က်ယ္ေလာင္တဲ့ ေသနတ္သံႏွစ္ခ်က္အၿပီးမွာ သီဟပထမဆံုး သတိရလိုက္တာက

"အေမ...အေမ"

ေသနတ္သံေၾကာင့္ သီဟဆီကထြက္လာတဲ့အသံက တုန္ရီေနတယ္။ခ်က္ခ်င္းဆိုသလို ဗီ႐ိုထဲကေနေျပးထြက္ၿပီး တံခါးကိုေျခေထာက္နဲ႔ေဆာင့္ကန္ဖြင့္လိုက္တယ္။

သူထင္ထားခဲ့တဲ့အတိုင္းပင္...

တံခါးဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရတာက ေသြးအိုင္ထဲလဲေနတဲ့ အသက္ေမ်ာ့ေမ်ာ့ကေလးသာက်န္ေသာ ေဒၚႏွင္းဆီ
တစ္ကိုယ္လံုးလည္းတုန္ရီေနၿပီး ေသြးစြန္းေသာ မ်က္ဝန္းတို႔ျဖင့္သီဟကို ေမာ့ၾကည့္ေလသည္။

"သ...သား"

သီဟေသြးအိုင္ထဲလဲေနတဲ့ ေဒၚႏွင္းဆီကို ကတုန္ကယင္နဲ႔ ေကာက္ေပြ႕လိုက္တယ္။

"အေမ အေမမေသရဘူး သားတို႔ေဆး႐ံုသြားၾကမယ္ အေမမေသရဘူးေနာ္ ေနာ္ "

"သားရယ္ ေတာ္ၿပီ အေမဒီေန႔မေသလဲ တစ္ေန႔ေန႔ေသရမွာပဲ
သားဘဝကို သားလြတ္လြတ္လပ္လပ္ေလွ်ာက္လွမ္းပါ ငါ့သားေလး"

မနည္းအားယူၿပီးေျပာေနရတာေၾကာင့္ အသံကိုတိုးတိုးသာၾကားရေပမယ့္ သီဟလို အကြာအေဝးမွာ ရိွေနတဲ့လူကေတာ့ ၾကားႏိုင္သေလာက္ရိွသည္။

"ေဆး႐ံုသြားလည္းမမီွဘူးသားအေမသိတယ္။
အေမသားကိုခ်စ္တယ္ သီဟ... "

"မဟုတ္ဘူးအေမ ခဏေလာက္အားတင္းထားေပးပါေနာ္ သားေတာင္းပန္ပါတယ္"

ေသြးစြန္းထင္းသၫ့္ တုန္ရီေနေသာ အေရတြန႔္လက္ကေလးမ်ား ၿငိမ္သက္သြားခဲ့ၿပီျဖစ္သည္။
သီဟကိုၾကၫ့္သၫ့္ မ်က္ရည္အိုင္ေသာ မ်က္၀န္းေလးမ်ားလည္း အသက္မပါေတာ့။

"အေမ......"

ငယ္သံပါေသာေအာ္သံက ပတ္၀န္းက်င္ရိွ အရာအားလံုးကို တုန္လႈပ္သြားခဲ့ေစသည္။

သံုးနာရီ.....

သီဟ မိခင္၏ ရုပ္အေလာင္းကို ဖက္၍ထိုင္ေနခဲ့သည္မွာ သံုးနာရီမ်ွပင္ၾကာေလၿပီ။တိတ္ဆိတ္မႈ့က ႀကီးစိုးေနခ်ိန္ျဖစ္သည္‌။

အရာအားလံုးၿပီးဆံုးသြားခဲ့ၿပီ။

"သီဟ...."

"ငါမင္းအသံမၾကားခ်င္ဘူး မင္းထြက္သြားေပးပါ"

မင္းရာဇာ ေသနတ္‌ဒဏ္ရာကိုဖိရင္း ထိုေနရာမွ တိတ္တဆိတ္ထြက္ခြာလာခဲ့သည္။‌
‌ေန႔ခင္းဘက္ဆိုေသာ္လည္း အရာအားလံုး အေမွာင္အတိၿပီး၏။

"ဒါငါဘယ္သူနဲ႔မွ အနီးကပ္မေနခ်င္ရတဲ့ အေၾကာင္းအရင္းပဲ သီဟ"

စိမ္းညိဳေရာင္ဖံုတဲ့ ေျမသြင္ျပင္ေပၚ ေႂကြက်လွဲေလ်ာင္းေနၾကတဲ့ ဘဝမဲ့ သစ္ရြက္ကေလးေတြ
နင္းမိလိုက္တဲ့အခါမွာေတာ့ သူတို႔ေလးေတြသာ ထပ္ၿပီး
နာက်င္ရျပန္တယ္။

ဘဝဆိုတာ အဲ့ဒီလိုမ်ဳိး

ေသေနတဲ့လူေတြကိုသာ အဖန္ဖန္ေသေစဖို႔ ဖန္တီးေပးတယ္။နိမ့္ေနတဲ့လူေတြေပၚသာ အေလးပိေစတယ္။ေျမနိမ့္ရာ လွံ စိုက္ေစတယ္။

"ကဲ အခုမင္း လူတစ္ေယာက္ကို ထပ္ၿပီးဒုကၡ ေပးခဲ့ျပန္ၿပီ
မင္းရာဇာ မင္းေၾကာင့္ ဒဏ္ရာရခဲ့တဲ့လူေတြထဲ မင္းခ်စ္ခဲ့တဲ့လူေတြပဲ မင္းေနာက္ထပ္ဘယ္သူ႕ကိုမွ ထပ္မခ်စ္ပါနဲ႔ေတာ့ မင္းဘာသာ ေနစမ္းပါ"

သက္ျပင္းနဲ႔အတူ ေကာင္းကင္မိုးအထိ ပ်ံ႕လြင့္သြားၾကတဲ့ ေဆးလိပ္ေငြ႕ေတြ က တိမ္တိုက္ေတြထက္ေတာင္ မဲေမွာင္လို႔ေနၾကတယ္။
(ေဆးလိပ္ေသာက္ျခင္းသည္ က်န္းမာေရးကို ဆိုးရြားစြာ ထိခိုက္ေစပါသည္။)

"ငါ မင္းရာဇာ ဆိုတဲ့ေကာင္က ဘဝမွာ ခ်စ္ရသူမွန္သမွ် ဆံုး႐ံႉးခဲ့ရၿပီးၿပီ ေနာက္ထပ္လဲ ဆံုး႐ံႈးေနရဦးမွာပဲ ဒီေတာ့ ငါမင္းကိုဆက္မခ်စ္ပါရေစနဲ႔။ ငါစြန္႔လႊတ္ဖို႔ ႀကိဳးစားပါရေစ။"

ေသြးစို႔ေနတဲ့ ေသနတ္ဒဏ္ရာေလးကို ဖိရင္း မင္းရာဇာ ထပ္ၿပံဳးလိုက္သည္။ ေအးစက္စက္ဟုဆိုႏိုင္သလို ေႏြးေထြးမႈ႕လည္းျပည့္ေနသည့္ အၿပံဳးျဖစ္သည္။

"ေက်းဇူးတင္ပါတယ္ သီဟဆက္... "

(Unicode)

ကြည်လင်တောက်ပနေတဲ့ကောင်းကင်ကြီး ဆီကနေပြန့်လွင့်လာကြတဲ့ နေရောင်ခြည်အလင်းတန်းတွေက သီဟရဲ့အခန်းလေးထဲ အပြိုင်အဆိုင်တိုးဝှေ့ဝင်နေကြတယ်။

နေကြောင့်အိမ်အခန်းထဲပူနေပေမယ့် သစ်သားကြမ်းပြင်ကြားထဲက လေအေးတွေက တိုးဝှေ့တိုက်ခတ်နေကြတယ်။

ချွင်.....

"ရပြီ..."

ချွေးတစ်စက်စက်ကျပြီးကြိုးစားခဲ့သမျှနောက်ဆုံး မင်းရာဇာလက်မောင်းထဲက ကျည်ဆံအပြင်သို့ထွက်သွားခဲ့လေပြီဖြစ်တယ်။

သီဟတစ်ယောက်တာဝန်ကျေသွားတဲ့ရုပ်နဲ့ နှာဖူးပေါ်ဝဲတင်နေကြတဲ့ချွေးစေးတွေကို လက်ဖျံနဲ့တစ်ချက်ပွတ်တင်လိုက်ပြီး အနာကိုလက်စသတ် ပတ်တီးစည်းပေးလိုက်လေတယ်။

ဒဏ်ရာကိစ္စသူ အကုန်တာဝန်ကျေပြီဆိုတော့မှ ပစ္စည်းတွေသိမ်းဆည်းပြီး အိပ်ယာပေါ်လှဲလျောင်းနေတဲ့ မင်းရာဇာဘေးနား ဝင်လှဲကာ မေးထောက်ပြီး မေ့မြောနေတဲ့ လူတစ်ယောက်ရဲ့ပုံစံအနေအထားကို လေ့လာလေတယ်။

"သေချာကြည့်ရင် မင်းကတော်တော်ချောတာပဲ မင်းရာဇာ"

ပြောရင်းဆိုရင်းနဲ့ စကားနောက်မှာ သက်ပျင်းသံတစ်ချက်ကပါသွားလေသည်။

"ဟူး...မင်းများဘယ်လိုတောင်ကံကောင်းတာလဲ။ပိုက်ဆံလဲရှိ ရုပ်ရည်လည်းရှိ ဒီကြားထဲအရမ်းလှတဲ့ကောင်မလေးလည်း ဘေးနားရှိ သာယာလိုက်တာနော်"

သီဟတစ်ယောက်မင်းရာဇာရဲ့မျက်နှာကိုကြည့်နေရင်းနဲ့ပဲ တဖြည်းဖြည်း အပေါ်ဗလာဖြစ်နေတဲ့ မင်းရာဇာရဲ့ရင်ဘတ်ပိုင်းကို မျက်လုံးကမထင်မှတ်ပဲရောက်သွားလေတော့တယ်။ဆွဲဆောင်မှု့ရှိတဲ့ရင်ဘတ်ဖောင်းဖောင်းနှစ်ခြမ်းရယ် အဖြူရောင်အသားအရည်ပေါ်က ချောကလက်ရောင် နို့သီခေါင်းလေးတွေရယ် ခြောက်တုံးအတန်းလိုက်စီရီနေတဲ့ ဗိုက်ကြွက်သားတွေရယ် ထိုအရာတွေကြားထဲ သီဟခဏတာ ဆွံ့အနစ်မွန်းသွားခဲ့သည်မှာအမှန်။

"မင်းကအဲ့လောက်ပြည့်စုံနေစရာလိုလို့လား"

"အဲ့ဒါမနာလိုနေတဲ့ရုပ်လား"

ရုတ်တရက်ထွက်တဲ့မင်းရာဇာအသံကြောင့် သီဟအကြည့်ကိုချက်ချင်းနေရာလွှဲလိုက်လေတယ်။

"တော်စမ်းပါ အားအားယားယား"

"သြော် ခုနကငါ့ကိုနေအနှံ့အားအားယားယား ကြည့်ပြီးဝေဖန်နေတာဘယ်သူလဲ"

"မင်း နိုးနေရဲ့သားနဲ့ဘာလို့ထမလာတာလဲ"

"မင်းဖီးလ်တက်နေတာကိုကြည့်ချင်လို့"

"လဲသေပြီး အဝီစိသာပြေးဆင်းသွားလိုက်တော့ ခွေမသား"

မင်းရာဇာ ရဲ့ရုပ်က အရမ်းကိုတည်ငြိမ်နေပြီး လူတစ်ယောက်ကို စနောက်နေတဲ့ပုံစံနဲ့မတူဘူး။အကယ်၍သီဟနေရာမှာသာ တခြားလူတစ်ယောက်ဆိုရင် သူ့ရဲ့အကြည့်တွေကိုခံနိုင်ရည်ရှိမှာတောင်မဟုတ်ဘူး သီဟတောင် တစ်ခါတစ်လေ မျက်နှာလွှဲပြီးစကားပြောရတဲ့အထိ စူးရှစွာစိုက်ကြည့်ပြီး စကားပြောတတ်သူဖြစ်တယ်။

ရွှေရောင်စူးရှနေတဲ့ ပူပြင်းတဲ့ နေမင်းကြီးရယ် ပူလောင်တဲ့ လေပြေတွေရယ် ကွဲအက်နေတဲ့ မြေကြီးတွေရဲ့ အလယ်ကြားမှာ အေးစက်စက်မျက်ဝန်းတစ်စုံ တည်ရှိနေလေတယ်။

ဘယ်သူမှသတိမထားမိလိုက်နိုင်တဲ့ ထိုတိတ်ဆိတ်နေတဲ့ အချိန်တိုအတွင်းမှာပဲ အခန်းထဲကိုလွင့်လာတဲ့ တစ်စုံတစ်ရာကို မင်းရာဇာ အံ့ဩစှာနုဲ့လှမျးကွည့ျလိုကျလတေယျ။

"သီဟ..."

ထိုအသံရဲ့ အဆုံး ကြမ်းပြင်ပေါ်ကျရောက်သွားတဲ့ မီးခိုးဗုံးဆီက အငွေ့တွေ တစ်အိမ်လုံးကိုဖုံးအုပ်သွားတော့တယ်။

ချက်ချင်းဆိုသလိုပဲ သီဟရဲ့လက်ကိုမင်းရာဇာ လှမ်းဆွဲလိုက်ပြီး အဝတ်ဗီရိုကြီးထဲ ဝင်ပုန်းနေလိုက်လေတယ်။

မျက်နှာချင်းဆိုင်အနေအထားဖြစ်နေတဲ့ သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံနဲ့အသက်ရှုသံတွေကလည်း ရောယှက်လို့နေတယ်။

'ဒိုင်း ဒိုင်း ...'

အပြင်ကနေကြားလိုက်ရတဲ့ ကျယ်လောင်တဲ့ သေနတ်သံနှစ်ချက်အပြီးမှာ သီဟပထမဆုံး သတိရလိုက်တာက

"အမေ...အမေ"

သေနတ်သံကြောင့် သီဟဆီကထွက်လာတဲ့အသံက တုန်ရီနေတယ်။ချက်ချင်းဆိုသလို ဗီရိုထဲကနေပြေးထွက်ပြီး တံခါးကိုခြေထောက်နဲ့ဆောင့်ကန်ဖွင့်လိုက်တယ်။

သူထင်ထားခဲ့တဲ့အတိုင်းပင်...

တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက သွေးအိုင်ထဲလဲနေတဲ့ အသက်မျော့မျော့ကလေးသာကျန်သော ဒေါ်နှင်းဆီ
တစ်ကိုယ်လုံးလည်းတုန်ရီနေပြီး သွေးစွန်းသော မျက်ဝန်းတို့ဖြင့်သီဟကို မော့ကြည့်လေသည်။

"သ...သား"

သီဟသွေးအိုင်ထဲလဲနေတဲ့ ဒေါ်နှင်းဆီကို ကတုန်ကယင်နဲ့ ကောက်ပွေ့လိုက်တယ်။

"အမေ အမေမသေရဘူး သားတို့ဆေးရုံသွားကြမယ် အမေမသေရဘူးနော် နော် "

"သားရယ် တော်ပြီ အမေဒီနေ့မသေလဲ တစ်နေ့နေ့သေရမှာပဲ
သားဘဝကို သားလွတ်လွတ်လပ်လပ်လျှောက်လှမ်းပါ ငါ့သားလေး"

မနည်းအားယူပြီးပြောနေရတာကြောင့် အသံကိုတိုးတိုးသာကြားရပေမယ့် သီဟလို အကွာအဝေးမှာ ရှိနေတဲ့လူကတော့ ကြားနိုင်သလောက်ရှိသည်။

"ဆေးရုံသွားလည်းမမှီဘူးသားအမေသိတယ်။
အမေသားကိုချစ်တယ် သီဟ... "

"မဟုတ်ဘူးအမေ ခဏလောက်အားတင်းထားပေးပါနော် သားတောင်းပန်ပါတယ်"

သွေးစွန်းထင်းသည့် တုန်ရီနေသော အရေတွန့်လက်ကလေးများ ငြိမ်သက်သွားခဲ့ပြီဖြစ်သည်။
သီဟကိုကြည့်သည့် မျက်ရည်အိုင်သော မျက်ဝန်းလေးများလည်း အသက်မပါတော့။

"အမေ......"

ငယ်သံပါသောအော်သံက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်လှုပ်သွားခဲ့စေသည်။

သုံးနာရီ.....

သီဟ မိခင်၏ ရုပ်အလောင်းကို ဖက်၍ထိုင်နေခဲ့သည်မှာ သုံးနာရီမျှပင်ကြာလေပြီ။တိတ်ဆိတ်မှု့က ကြီးစိုးနေချိန်ဖြစ်သည်။

အရာအားလုံးပြီးဆုံးသွားခဲ့ပြီ။

"သီဟ...."

"ငါမင်းအသံမကြားချင်ဘူး မင်းထွက်သွားပေးပါ"

မင်းရာဇာ သေနတ်ဒဏ်ရာကိုဖိရင်း ထိုနေရာမှ တိတ်တဆိတ်ထွက်ခွာလာခဲ့သည်။
နေ့ခင်းဘက်ဆိုသော်လည်း အရာအားလုံး အမှောင်အတိပြီး၏။

"ဒါငါဘယ်သူနဲ့မှ အနီးကပ်မနေချင်ရတဲ့ အကြောင်းအရင်းပဲ သီဟ"

စိမ်းညိုရောင်ဖုံတဲ့ မြေသွင်ပြင်ပေါ် ကြွေကျလှဲလျောင်းနေကြတဲ့ ဘဝမဲ့ သစ်ရွက်ကလေးတွေ
နင်းမိလိုက်တဲ့အခါမှာတော့ သူတို့လေးတွေသာ ထပ်ပြီး
နာကျင်ရပြန်တယ်။

ဘဝဆိုတာ အဲ့ဒီလိုမျိုး

သေနေတဲ့လူတွေကိုသာ အဖန်ဖန်သေစေဖို့ ဖန်တီးပေးတယ်။နိမ့်နေတဲ့လူတွေပေါ်သာ အလေးပိစေတယ်။မြေနိမ့်ရာ လှံ စိုက်စေတယ်။

"ကဲ အခုမင်း လူတစ်ယောက်ကို ထပ်ပြီးဒုက္ခ ပေးခဲ့ပြန်ပြီ
မင်းရာဇာ မင်းကြောင့် ဒဏ်ရာရခဲ့တဲ့လူတွေထဲ မင်းချစ်ခဲ့တဲ့လူတွေပဲ မင်းနောက်ထပ်ဘယ်သူ့ကိုမှ ထပ်မချစ်ပါနဲ့တော့ မင်းဘာသာ နေစမ်းပါ"

သက်ပြင်းနဲ့အတူ ကောင်းကင်မိုးအထိ ပျံ့လွင့်သွားကြတဲ့ ဆေးလိပ်ငွေ့တွေ က တိမ်တိုက်တွေထက်တောင် မဲမှောင်လို့နေကြတယ်။
(ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။)

"ငါ မင်းရာဇာ ဆိုတဲ့ကောင်က ဘဝမှာ ချစ်ရသူမှန်သမျှ ဆုံးရံှူးခဲ့ရပြီးပြီ နောက်ထပ်လဲ ဆုံးရှုံးနေရဦးမှာပဲ ဒီတော့ ငါမင်းကိုဆက်မချစ်ပါရစေနဲ့။ ငါစွန့်လွှတ်ဖို့ ကြိုးစားပါရစေ။"

သွေးစို့နေတဲ့ သေနတ်ဒဏ်ရာလေးကို ဖိရင်း မင်းရာဇာ ထပ်ပြုံးလိုက်သည်။ အေးစက်စက်ဟုဆိုနိုင်သလို နွေးထွေးမှု့လည်းပြည့်နေသည့် အပြုံးဖြစ်သည်။

"ကျေးဇူးတင်ပါတယ် သီဟဆက်... "

Continue Reading

You'll Also Like

602K 23K 54
Sit there and take it like a good girl You dirty dirty girl , i was talking about the book🌚🌝
291K 18.9K 48
The story of two souls who have experienced utmost love as well as heartbreak. What happens when two of them collide accidently? Will they heal each...
982K 30.4K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
199K 15.5K 35
𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet introvert with a passion for books and study. She thrives in the world of words, finding solace in...