Just Only For You

By ThaePearl

141K 9.4K 2.3K

ပထမဆံုးစ​ေရးဖူးတဲ့Fic​ေလးပါ။ သဲစိန္​ရဲ႕စိတ္​ကူးသက္​သက္​ျဖစ္​တာမို႔ အမွား​ေတြပါသြားခဲ့ရင္​နားလည္​​ေပးၾကဖို႔​ေမ... More

Just Only For You - 1
Just Only For You - 2
Just Only For You - 3
Just Only For You - 4
Just Only For You - 5
Just Only For You - 6
Just Only For You - 7
Just Only For You - 8
Just Only For You - 9
Just Only For You - 10
Just Only For You - 11
Just Only For You - 12
Just Only For You - 13
Middle Logue
Just Only For You - 14
Just Only For You - 15
Just Only For You - 16
Just Only For You - 17
Just Only For You - 18
Just Only For You - 19
Just Only For You - 20
Just Only For You - 21
Just Only For You - 22
Just Only For You - 23
Just Only For You - 24
Just Only For You - 25
Just Only For You - 26
Just Only For You - 27
Sorry for not update
Just Only For You - 28
Just Only For You - 29
Just Only For You - 30
Just Only For You - 31
Just Only For You - 32
Just Only For You - 33
Just Only For You - 34
Just Only For You - 35
Just Only For You - 36
Just Only For You - 37
Just Only For You - 38
Just Only For You - 39
Just Only For You - 40
Just Only For You - 42
Just Only For You - 43
Just Only For You - 44
Just Only For You - 45
🔥 Just Announcement 🔥
Just Only For You - 46
Just Only For You - 47
D's Birthday
Just Only For You - 48
Just Only For You - 49
Just Only For You ( Final )
For You💜

Just Only For You - 41

2.3K 205 51
By ThaePearl

#Zawgyi

​ေမာင္​ဝါသနာပါရာလုပ္​ႏိုင္​ဖို႔ ပါပါးကိုကူညီခဲ့​ေသာ္​ျငား သူမဒီအလုပ္​​ေတြအ​ေပၚစိတ္​ပ်က္​သြားျခင္​းအလ်င္​းမ႐ွိ​ေၾကာင္​း ​ေတးသံသာပိုင္​ သူမကိုယ္​သူမသိသည္​။ ႐ႈပ္​​ေထြးလြန္​း​ေသာစာရင္​းဇယားမ်ားကိုကိုင္​တြယ္​​ေျဖ႐ွင္​း​ေနရျခင္​းက စိတ္​ဝင္​စားဖို႔အလြန္​​ေကာင္​းသည္​။ ​ေဈးကြက္​ထဲက customer​ေတြရဲ႕အသံကိုနား​ေထာင္​ရျခင္​းဟာလည္​း သူမကိုစိတ္​လႈပ္​႐ွားမႈတစ္​စံုတစ္​ရာ​ေပးျမဲ။

"မ' ဘာ​ေတြလုပ္​​ေနလဲ"

ခပ္​ဟဟဖြင္​့ထား​ေသာတံခါးမွတစ္​ဆင္​့ ​ေခါင္​း​ေလးျပဴၾကည္​့လို႔အခန္​းထဲဝင္​လာ​ေသာ​ေမာင္​။ အနားလာထိုင္​မွာ​ေသခ်ာ​ေန​ေသာ​ေၾကာင္​့ ဆိုဖာတစ္​ဖက္​ကုိတိုးထိုင္​​ေပးလိုက္​မိသည္​။

"စာရင္​း​ေလးနည္​းနည္​းျပန္​check​ေနတာပါ​ေမာင္​ရာ"

"​ေမာင္​ကူ​ေပးႏိုင္​တာ႐ွိလား"

"မလိုပါဘူး​ေမာင္​ရယ္... စာရင္​းကနည္​းနည္​းပါ​​ မ'လည္​းဒါၿပီးရင္​ၿပီးၿပီ"

သူမဆို​ေတာ့ ​ေခါင္​း​ေလးကိုလာဖြၿပီး​ေမာင္​့မမပင္​ပန္​း​ေနပါၿပီတဲ့​ေလ။ ခပ္​ဖြဖြ​ျပန္​ျပံဳးျပလို႔ လုပ္​လက္​စအလုပ္​မ်ားအားလက္​စသတ္​လိုက္​​ေတာ့သည္​။

"ဟင္​ ၿပီးသြားၿပီလားမ'က"

Laptopပိတ္​တာျမင္​​ေတာ့ မ်က္​လံုးျပဴး​ေလးနဲ႔​ေမးလာ​ေသာ​ေမာင္​။ ဘယ္​လို​ေန​ေနခ်စ္​ဖို႔​ေကာင္​းတာ ​ေမာင္​့ရဲ႕​ေမြးရာပါအားနည္​းခ်က္​ထင္​ပါရဲ႕။

"ၿပီးၿပီ​ေလ​ေမာင္​ရဲ႕"

"​ေမာင္​့​ေၾကာင္​့လား... ​ေမာင္​လာလို႔အ​ေႏွာင္​့အယွက္​ျဖစ္​သြားတာလားမ' "

"အမ​ေလး ​ေမာင္​က​ေတာ့အ​ေတြးလြန္​​ေနျပန္​ပါၿပီ"

သူ႔ပါး​ေလးႏွစ္​ဖက္​ကိုလက္​ဖဝါးၾကားထည္​့လို႔ ​ေခါင္​း​ေလးဘယ္​ညာရမ္​းရင္​းဆိုမိ​ေတာ့ ခ်စ္​စဖြယ္​ရယ္​ျပ​ေနျပန္​ပါ​ေသးသည္​။ အသက္​၂၃ႏွစ္​ဆိုတာကိုက်ိန္​​ေျပာျပရမယ္​့က​ေလးငယ္​။

"​ေမာင္​့အလုပ္​က​ေရာ အဆင္​​ေျပရဲ႕လား... ဒီကကုမၸဏီနဲ႔​ေရာ​ေဆြး​ေႏြးၿပီးသြားၿပီလား"

"ၿပီးၿပီမ'... မ​ေန႔က​ေရာက္​​ေရာက္​ခ်င္​းပဲသြား​ေတြ႔လိုက္​တာ... ​ေနာက္​လမွာစလုပ္​ဖို႔စီစဥ္​ထားတယ္​"

"ဪ... ရန္​ကုန္​မွာပဲလား​ေမာင္​"

"ဟင္​့အင္​း မဟုတ္​ဘူးမ'... က​ေလာမွာ"

"က​ေလာမွာ..."

​ေမာင္​့စကားကိုသံ​ေယာင္​လိုက္​ကာ​ေျပာမိ​ေတာ့ ​ေခါင္​း​ေလးညိတ္​ျပသည္​။

"ဟုတ္​တယ္​မ'... က​ေလာမွာ"

"....."

"မ..."

သံ႐ွည္​ဆြဲကာ​ေခၚလာ​ေသာ​ေမာင္​့အသံမွာ တစ္​စံုတစ္​ခုကို​ေျပာခ်င​္​ေန​​ပံုရသည္​။ ​ေမာင္​့ကိုျပံဳးျပရင္​း​ေမး​ေငါ့ကာ ​ေျပာဆိုသည္​့သ​ေဘာကိုျပမိ​ေတာ့ အင္​တင္​တင္​လုပ္​ကာ မ်က္​လံုး​ေတြကဂနာမၿငိမ္​​ေတာ့။

"ဘာလဲ​ေမာင္​ရဲ႕... ​ေမာင္​ဘာ​ေျပာစရာ႐ွိ​ေနလို႔လဲ ​ေျပာ​ေလ"

"မ... ဟိုဟာ​ေလ"

"အင္​း"

အ,ထစ္​အ,ထစ္​ျဖစ္​​ေန​ေသာ​ေမာင္​့စကား​ေနာက္​သံ​ေယာင္​လိုက္​​ေပးရင္​း ကိုယ္​့စိတ္​ဝင္​စားမႈအလံုးစံုသူ႔ဆီမွာ႐ွိ​ေၾကာင္​း သူ႔မ်က္​လံုးတည္​့တည္​့ကိုစိုက္​ၾကည္​့လို႔​ေဖာ္​ျပမိသည္​။ ဘယ္​လိုအ​ေၾကာင္​းအရာ​ေတြကမ်ား​ေမာင္​့ကိုတြန္​႔ဆုတ္​သြား​ေအာင္​လုပ္​​ေနရပါလိမ္​့။

"မ'နား​ေထာင္​​ေနတယ္​​ေလ​ေမာင္​"

စကၠန္​႔ပိုင္​းမွ်ၿငိမ္​သက္​​ေန​ေသာ​ေမာင္​့ကိုအသိ​ေပးသလို​ေျပာလိုက္​မိ​ေတာ့မွ တိုးတိတ္​တိတ္​အသံ​ေလးထြက္​လာ​ေတာ့သည္​။ ဒီစကား​ေျပာဖို႔​ေမာင္​ဘယ္​​ေလာက္​​ေတာင္​အားတင္​းထားရသလဲ​ေလ။

"မ... သားသူနဲ႔​ေတြ႔ခဲ့တယ္​"

​ေမာင္​့အသံမည္​မွ်တိုး​ေနသလဲဆို အနားကပ္​ထိုင္​​ေန​ေသာသူမပင္​မနည္​းအားစိုက္​ကာနား​ေထာင္​​ေနရသည္​။ စိတ္​လႈပ္​႐ွားတိုင္​း​ေျပာင္​းသြားတတ္​​ေသာနာမ္​စား​ေလးဟာ ဒီစကား​ေျပာဖို႔မည္​မွ်အားစုိက္​ထားရသလဲသိသာ​ေစသည္​။ သူမ​ေမ့​ေနခဲ့တာပါ ​ေမာင္​့ကိုဒီလိုျဖစ္​​ေအာင္​လုပ္​ႏိုင္​တာတစ္​​ေယာက္​ပဲ႐ွိတယ္​ဆိုတာ...။

"အင္​း ဘယ္​လို​ေတြ႔ခဲ့တာလဲ​ေမာင္​"

"ဟို... ဟို သူကသားတို႔နဲ႔အလုပ္​တြဲလုပ္​မယ္​့ကုမၸဏီကMDတဲ့"

"ဘယ္​လို"

ဘယ္​​ေလာက္​​ေတာင္​ဆန္​းၾကယ္​လိုက္​တဲ့ကံတရားလဲ​ေလ။ တစ္​ႏိုင္​ငံတည္​းမွာ​ေနတာမို႔ တစ္​ခ်ိန္​မဟုတ္​တစ္​ခ်ိန္​မွာ​ေတာ့ထိပ္​တိုက္​ဆံုႏိုင္​​ေပမယ္​့ အခု​ေလာက္​ထိျမန္​ျမန္​ဆံုျဖစ္​သြားလိမ္​့မယ္​လ႔ို​ေတာ့သူမတစ္​ခါမွမတြက္​မိ​ေပ။

"ၿပီး​ေတာ့ ဟို သားတာဝန္​ယူထားရတဲ့ဒီဇိုင္​းက သူ... သူဆြဲထားတဲ့သူ႔ကိုယ္​ပိုင္​ဒီဇိုင္​းတဲ့မ' "

သူမဘာျပန္​​ေျပာလို႔​ေျပာရမယ္​ပင္​မသိ​ေတာ့။ အခု​ေလာက္​ထိတုိက္​ဆိုင္​ဖို႔​ေတာ့​ေကာင္​းသလား။

အံ့ဩၿပီးဘာစကားမွထြက္​မလာႏိုင္​​ေသး​ေသာအ​ေျခအ​ေနဟာ တစ္​ခ်ိန္​လံုး​ေခါင္​း​ေလးငံု႔ၿပီး​ေျပာ​ေန​ေသာ​ေမာင္​့မ်က္​ႏွာ​ေလးျပန္​​ေမာ့လာမွပင္​ မနည္​းျပန္​ထိန္​းလိုက္​ရသည္​။ သူမ​ေတာင္​ဒီ​ေလာက္​ျဖစ္​သြားခဲ့ရင္​ ​ေမာင္​​ေရာ... ​ေမာင္​ဆုိဘယ္​​ေလာက္​​ေတာင္​တုန္​လႈပ္​ခဲ့လိမ္​့မလဲ။ ​ေမာင္​ကသူမထက္​သူ႔ရင္​ထဲကခံစားခ်က္​ကိုပိုသိ႐ွိသူမဟုတ္​ပါလား။

"အဲ့ အဲ့​ေတာ့​ေမာင္​... ​ေမာင္​အဆင္​​ေျပရဲ႕လား"

ဒီ​ေလာက္​ထိန္​း​ေနသည္​့ၾကားကထစ္​သြားသည္​့ သူမကိုယ္​သူမစိတ္​ထဲကဆဲလိုက္​မိသည္​။

"မ​ေန႔က​ေတာ့အဆင္​​ေျပခဲ့တယ္​မ'... ဟို သားစိတ္​ကိုသားထိန္​းႏိုင္​ခဲ့တယ္​"

"....."

"တကယ္​လို႔​ေလ တကယ္​လို႔​ေနာက္​​ေတြ႔ပါမ်ားလာလို႔ သားကိုယ္​သားမထိန္​းႏိုင္​ခဲ့ရင္​ သားဘာလုပ္​ရမလဲဟင္​ မ"

မိဘမသိ​ေအာင္​ခိုးလုပ္​ထားတဲ့ကိစၥအတြက္​ ​ေမ​ေမသိသြားရင္​သားဘာလုပ္​ရမလဲဆိုၿပီးအကူအညီ​ေတာင္​းခံ​ေနသည္​့က​ေလးငယ္​​ေလးလို မ်က္​ႏွာငယ္​​ေလးႏွင္​့​ေမးလာ​ေသာ​ေမာင္​ဟာသနားဖြယ္​အတိ။ ဒီ​ေလာက္​အခ်ိန္​​ေတြၾကာခဲ့တာ​ေတာင္​မွ​ေမာင္​ဟာ...။

"​ေမာင္​က က​ေလာမွာ​ေနရမယ္​မဟုတ္​လား... သူကရန္​ကုန္​မွာ​ေလ​ေမာင္​ရယ္​... ​ေမာင္​တို႔မ​ေတြ႔ႏိုင္​ပါဘူး"

"သားတာဝန္​ယူထားရတာ သူ႔ဒီဇိုင္​း​ေလ မ"

ဟုတ္​သားပဲ ဘယ္​လို​ေတာင္​အစီအ​ေငၚမတည္​့တဲ့စကား​ေတြကို​ေျပာ​ေနမိခဲ့တယ္​မသိ။ ဒီက​ေလး​ေလးတုန္​လႈပ္​​ေနပံုကိုျမင္​လိုက္​ရတာနဲ႔သူမပါတုန္​လႈပ္​သြားဖို႔မ​ေကာင္​း။ ​ေမာင္​့မွာတုိင္​ပင္​စရာဆိုလို႔ သူမပဲ႐ွိတာမဟုတ္​ပါလား။

"ဟို ​ေမာင္​့ကုမၸဏီကို"

​ေမာင္​့ကုမၸဏီဘက္​ကိုအက်ိဳးအ​ေၾကာင္​း​ေျပာျပၿပီးျငင္​းလိုက္​ပါလားလို႔​ေျပာမည္​့စကားဟာ ​ေလထဲမွာတင္​ရပ္​တန႔္​သြားခဲ့သည္​။ ​ေမာင္​ဘယ္​​ေလာက္​ႀကိဳးစားခဲ့ရလို႔ဒီ​ေနရာကိုရခဲ့တာလဲ သူမအသိပဲ​ေလ။ ထို႔​ေၾကာင္​့ ထိုသို႔​ေျပာမထြက္​ရက္​။ ဒါဟာ ​ေမာင္​ကိုယ္​တိုင္​ဦးစီးရသည္​့ပထမဆံုးproject။

"မ'ကိုၾကည္​့စမ္​း​ေမာင္​"

"....."

"​ေမာင္​ႀကိဳးစားမၾကည္​့ခ်င္​ဘူးလား"

"ဟင္​"

"​ေမာင္​့ခံစားခ်က္​​ေတြ​ေနာက္​ကိုလိုက္​ၾကမလား"

သူမစကား​ေၾကာင္​့ ​ေကာ္​ဖီ​ေရာင္​မ်က္​ဆံ​ေလး​ေတြကိုဝန္​းရံထားတဲ့မ်က္​လံုးဝိုင္​းဝိုင္​းတစ္​စံုဟာ သာမန္​ထက္​ပုိ၍ဝိုင္​းစက္​​ေနခဲ့သည္​။ ​ေမာင္​့ကို​ေသခ်ာစိုက္​ၾကည္​့ရင္​း သူမစကားဆက္​လိုက္​မိသည္​။

"တစ္​ခါ​ေလာက္​ ​ေမာင္​့စိတ္​အလိုက် မ'တို႔လိုက္​ၾကည္​့ရ​ေအာင္​... ဘာ​ေဘာင္​ခတ္​မႈမွမပါဘဲ ​ေမာင္​့ႏွလံုးသားကခိုင္​း​ေစခ်က္​အတိုင္​း​ေမာင္​လုပ္​ၾကည္​့ပါလား ဟင္​ ​ေမာင္​"

"မျဖစ္​ဘူးမ'ရဲ႕... အဲ့လိုလုပ္​လို႔ဘယ္​ျဖစ္​မလဲ ဟင္​့အင္​း မျဖစ္​ဘူး... အဲ့လိုလုပ္​လို႔လံုးဝကိုမျဖစ္​ဘူး​ေလမ'ရယ္​"

​ေခါင္​း​ေရာလက္​ပါတစ္​ၿပိဳင္​တည္​းခါရင္​းျငင္​းဆန္​​ေန​ေသာ​ေမာင္​ဟာ သူ႔အတြက္​သူ​ေတြးၿပီးထိုသို႔လုပ္​လိုက္​တာမျဖစ္​ႏိုင္​မွန္​းသူမသိသည္​။ တစ္​ခါ​ေလာက္​ ​ေမာင္​့အစစ္​အမွန္​အတိုင္​းျဖစ္​​ေစခ်င္​တယ္​​ေမာင္​ရယ္​...ဘာကိုမွထည္​့မတြက္​ဘဲ​ေပါ့။

.
.
.
.
.
.
.
.
.
.
.
.
.
.
.

Contactထဲကနံပါတ္​​ေလးတစ္​ခုကို ဖြင္​့ၾကည္​့လိုက္​ ျပန္​ပိတ္​လုိက္​လုပ္​​ေနတာဘယ္​ႏွခါ​ေျမာက္​႐ွိ​ေနၿပီမွန္​းဒီ​ေရမသိ​ေတာ့။

Contact name​ေလးၾကည္​့ရင္​းျပံဳး​ေနမိတာလည္​းအခါခါ။ ထိုနာမည္​​ေလးကိုၾကည္​့​ေနရင္​း ဟို​ေန႔ကဖုန္​းနံပါတ္​​ေတာင္​းသည္​့အခ်ိန္​ကိုျပန္​ျမင္​​ေယာင္​လာ​ေတာ့သည္​။

"ဖုန္​းနံပါတ္​"

အလုပ္​အ​ေၾကာင္​း​ေဆြး​ေႏြး​ေနတုန္​း ႐ုတ္​တရက္​ထ​ေျပာလိုက္​​ေသာကြၽန္​​ေတာ္​့စကားကို နားမလည္​ျဖစ္​သြားပံုပင္​။ ​ေၾကာင္​​ေတာင္​​ေတာင္​​ေလးလာၾကည္​့​ေန​ေတာ့သည္​။

"ဟို ဖုန္​းနံပါတ္​... မင္​းဖုန္​းနံပါတ္​လို႔"

"ဘာလုပ္​ဖို႔တုန္​း"

"ဖုန္​းနံပါတ္​​ေတာင္​းပါတယ္​ဆိုမွ ဆက္​ဖို႔​ေပါ့ကြ"

"ဖုန္​းဆက္​စရာအ​ေၾကာင္​းမွမ႐ွိတာ"

အား ငါအသည္​းယားလာၿပီ​ေနာ္​​ေတးပိစိ။

ကြၽန္​​ေတာ္​့စကားတိုင္​းကို​ေတြ​ေဝျခင္​းမ႐ွိ ဒက္​ခနဲ ဒက္​ခနဲျပန္​ပက္​​ေန​ေသာ​ေကာင္​ငယ္​​ေလးအားၾကည္​့ကာ လူကအသည္​းယားလာ​ေတာ့သည္​။ ဆြဲနမ္​းလိုက္​ရငါမ​ေကာင္​း႐ွိ​ေတာ့မယ္​။

"ဘာလို႔မ႐ွိရမွာလဲ ႐ွိတာ​ေပါ့... အလုပ္​အ​ေၾကာင္​း​ေျပာခ်င္​တဲ့အခါက် မင္​းကိုဘယ္​လိုဆက္​သြယ္​ရမလဲ"

"အခုတစ္​ခါတည္​းအၿပီး​ေျပာမယ္​​ေလ"

"အခုကအက်ဥ္​းခ်ဳပ္​​ေဆြး​ေႏြးတာ​ေလ... ကိုယ္​့designကို မင္​း​ေဆာက္​​ေနရင္​း ကိုယ္​စိတ္​အလိုမက်တဲ့အခါ​ေျပာဖို႔ ကိုယ္​ကမင္​းဆီတကူးတကလာ​ေျပာရမွာလား မင္​းသိပါတယ္​ ကိုယ္​့ဒီဇိုင္​းရဲ႕​ေျမ​ေနရာကဘယ္​မွာလဲဆိုတာ"

ဒီဇိုင္​းဆြဲၿပီးခါစ ဘယ္​မွာ​ေဆာက္​ရမလဲ​ေျမ​ေနရာ႐ွာတုန္​းက က​ေလာကို​ေရြးမိသြားတာတဲ့ကိုယ္​့စိတ္​ကိုပထမဆံုးအႀကိမ္​ခ်ီးက်ဴးလိုက္​ျခင္​းပင္​။ အခုလိုအ​ေျခအ​ေနမ်ိဳးမွာဒီက​ေလးကို​ေပးဖို႔အ​ေၾကာင္​းျပခ်က္​​ေကာင္​းမဟုတ္​လား။ ကြၽန္​​ေတာ္​စကား​ေၾကာင္​့ခဏစဥ္​းစားသြားပံု တစ္​ခ်က္​ၿငိမ္​သြားၿပီးမွ စကားျပန္​​ေျပာသည္​။

"သံုညကိုး........."

ဖုန္​းနံပါတ္​​ေျပာျပတာလား rapရြတ္​သြားတာလား မသဲကြဲလိုက္​။ သူ႔​ေလယူ​ေလသိမ္​းကစအလြတ္​ရ​ေနတဲ့ကြၽန္​​ေတာ္​့​ေၾကာင္​့သာ သူ႔ဖုန္​းနံပါတ္​ကိုအမွီလိုက္​မွတ္​ႏိုင္​လိုက္​ျခင္​းပင္​။ ထိုသို႔​ေတြးမိ​ေတာ့ လူကအသားလြတ္​ဂုဏ္​ဆာမိျပန္​​ေသးသည္​။

"ကိုယ္​့ဖုန္​းနံပါတ္​"

"မလိုဘူး ကြၽန္​​ေတာ္​​ေျပာစရာ႐ွိရင္​ခင္​ဗ်ားရံုးဖုန္​းကိုဆက္လိုက္​​လို႔ရတယ္​"

ကြၽန္​​ေတာ္​့စကားကိုအဆံုးထိအ​ေျပာမခံ ၾကားျဖတ္​​ေျပာလိုက္​​ေသာ က​ေလးပိစိကိုပိတ္​႐ိုက္​ပစ္​ခ်င္​စိတ္​က​ေထာင္​းခနဲ။ ​ေလာ​ေလာလတ္​လတ္​မွတ္​ထားတဲ့ဖုန္​းနံပါတ္​​ေလးဆီအၾကည္​့​ေရာက္​မိသြားလို႔သာ သူ႔ကိုဂ႐ုမထားမိ​ေတာ့တာ။

❤My Heartbeat❤

ႏႈတ္​ခမ္​းလႈပ္​ရံု​ေရရြတ္​မိ​ေတာ့ သူ႔ကိုလြမ္​းစိတ္​ကထိန္​းလို႔မရ​ေတာ့။ ထို​ေန႔​ေတြ႔ၿပီးကတည္​းကမ​ေတြ႔ရ​ေတာ့တာ ဒီ​ေန႔အပါအဝင္​ ငါးရက္​႐ွိၿပီမဟုတ္​လား။

အခုပဲျဖစ္​ျဖစ္​ အသံ​ေလးမွမၾကားရရင္​႐ူးသြား​ေတာ့မယ္​့အ​ေနအထားမွာ​ေရာက္​​ေနတာမို႔ ခုနကတစ္​​ေလ်ွာက္​လံုးစဥ္​းစားခဲ့တဲ့ ဆက္​ရင္​​ေကာင္​းမလား၊ အ​ေႏွာင္​့အယွက္​ျဖစ္​သြားမလားဆိုတဲ့​ေမးခြန္​း​ေတြ​ေနရာမွာ ဆက္​လိုက္​ရင္​မ႐ူး​ေတာ့ဘူးဆိုတဲ့အ​ေျဖကဝင္​​ေရာက္​လာသည္​မို႔...။

တူ...တူ.........တူ

'လူႀကီးမင္​း​ေခၚဆို​ေသာတယ္​လီဖုန္​းမွာ သတ္​မွတ္​ခ်ိန္​အတြင္​းျပန္​လည္​​ေျဖၾကားျခင္​းမ႐ွိပါ၍.....'

အမ္​ ဘာလို႔မကိုင္​တာပါလိမ္​့။

တူ...တူ.........တူ

'လူႀကီးမင္​း​ေခၚဆို​ေသာတယ္​လီဖုန္​းမွာ သတ္​မွတ္​ခ်ိန္​အတြင္​းျပန္​လည္​​ေျဖၾကားျခင္​းမ႐ွိပါ၍.....'

ငါ့ဖုန္​းမွန္​းသိလို႔မကိုင္​တာလား။ ​ေနာက္​တစ္​​ေခါက္​ထပ္​​ေခၚၾကည္​့ဦးမယ္​။

တူ...တူ.........တူ

'လူႀကီးမင္​း​ေခၚဆို​ေသာတယ္​လီဖုန္​းမွာ သတ္​မွတ္​ခ်ိန္​အတြင္​းျပန္​လည္​​ေျဖၾကားျခင္​းမ႐ွိပါ၍.....'

ဘာလို႔လဲ​ေတး​ေတးရာ။ သံုးခါ႐ွိၿပီ​ေခၚ​ေနတာ၊ ဝင္​ရက္​နဲ႔မကိုင္​ဘူး။ ငါ့ဖုန္​းမွန္​းသိလို႔လား။ ဒါမွမဟုတ္​ တစ္​ခုခုမ်ားျဖစ္​​ေနလို႔လား။ ကိုယ္​့အ​ေတြးႏွင္​့ကိုယ္​လူကပူ​ေလာင္​လာသည္​။ မဟုတ္​​ေလာက္​ပါဘူးဟု စိတ္​ကိုအခါခါတင္​းလုိ႔ လက္​ကအဆက္​မျပတ္​လႈပ္​႐ွား​ေနမိတာက ကိုင္​သူမဲ့​ေနတဲ့ဖုန္​း​ေလးကို​ေခၚဖို႔။

"ဖုန္​းကိုင္​ပါကြာ"

တတူတူျမည္​သံ​ေတြၾကား ကိုင္​သူမဲ့​ေနတဲ့ဖုန္​း​ေလးဟာဘယ္​​ေလာက္​​ေတာင္​အထီးက်န္​​ေနမလဲမသိ။

"​ေတး​ေတး plz... ဖုန္​းကိုင္​စမ္​းပါကြာ... ကိုယ္​စိတ္​ပူလို႔႐ူး​ေတာ့မယ္​"

ပါးစပ္​ကလည္​းအဆက္​မျပတ္​ရြတ္​ရင္​း ဖုန္​းကိုလည္​းမနားတမ္​း​ေခၚ​ေနမိသည္​။

တူ....တူ..........တူ

"ဘယ္​သူ​ေတာင္​းစားတုန္​း... အား​ေနယား​ေနလို႔ဖုန္​း​ေခၚခ်င္​ရင္​လည္​းတျခားဖုန္​းကို​ေခၚ... လူအိပ္​ခ်ိန္​ကြ မင္​​းလူလိုနားမလည္​ဘူးလား​ေဟ့​ေကာင္​ရ ဟမ္​"

အမ္​....။ ဖုန္​းကိုင္​သြားလို႔အ​ေပ်ာ္​လြန္​ၿပီးခဏဆြံ႔အ,​ေနမိတဲ့အခိုက္​အတန္​႔ တရစပ္​ထြက္​​ေပၚလာ​ေသာအိပ္​ခ်င္​မူးတူးအသံ​ေလး​ေၾကာင္​့ ဖုန္​းကိုနားမွခြာလို႔ နာရီၾကည္​့လိုက္​မိသည္​။

'2:19(AM)'

ဟုိက္​ အဲ့တာမွမိုးႀကိဳးအစင္​းလိုက္​ပစ္​ခ်တာ။ ကိုယ္​သူ႔ကိုအလြမ္​းလြန္​စိတ္​နဲ႔ဖုန္​း​ေကာက္​​ေခၚမိတာအခ်ိန္​​ေတာင္​မၾကည္​့လိုက္​မိ။ သူ႔ကိုဖုန္​းဆက္​ဖို႔စ​ေတြးမိတုန္​းကည၉နာရီ​ေလာက္​ပဲ႐ွိ​ေသးတာမို႔ အခု​ေလာက္​ထိ​ေနာက္​က်သြားလိမ္​့မယ္​လို႔မထင္​ခဲ့။ ဖုန္​းဆက္​ဖို႔ မဆက္​ဖို႔လြန္​ဆြဲခဲ့တာ ၅နာရီ​ေလာက္​​ေတာင္​ၾကာသြားသတဲ့လား။ မင္​းအ​ေၾကာင္​း​ေတြးလိုက္​တာနဲ႔ ကိုယ္​့မွာနာရီ​ေတြကို​ေတာင္​​ေမ့လို႔ပါကြာ။

"​ေဟ့​ေကာင္​ မင္​းဖုန္​း​ေခၚၿပီး အ,​ေနလား ဟမ္​ စကားျပန္​​ေျပာ​ေလ... ​ေတာင္​းပန္​ဖို႔အစီ"

"​ေတး​ေတး"

ကိုယ္​့ဘာသာအ​ေတြးလြန္​​ေနခိုက္​ ထပ္​ထြက္​လာ​ေသာခပ္​စူးစူးအသံ​ေလး​ေၾကာင္​့သတိျပန္​ဝင္​လာမိသည္​။ သူ႔စကားကိုျဖတ္​ကာ အသံတိုးတိမ္​တိမ္​​ေလးႏွင္​့သူ႔နာမည္​ကို​ေခၚလိုက္​မိ​ေတာ့ ခနတာ​ေပ်ာက္​ကြယ္​သြား​ေသာအသံစူးစူး​ေလး။

"ဒီ... ​ေရ... သဏၭာန္​... လား"

တစ္​လံုးခ်င္​းစီထြက္​က်လာ​ေသာအသံတိုးတိုး​ေလးမွာ ကြၽန္​​ေတာ္​့ႏွလံုးသားတစ္​စံုလံုး​ေပ်ာ္​ဝင္​​ေနပါတယ္​ဆို ကြၽန္​​ေတာ္​လိမ္​တာမဟုတ္​ရပါ။

"အင္​း ​ေတး​ေတး"

"မင္​းကဒီခ်ိန္​ႀကီးဘာလို႔ဖုန္​းဆက္​တာလဲ..."

"အဲ့တာက ဟို... ဟို​ေလ"

"တစ္​ခါ​ေခၚလို႔မကိုင္​ရင္​ ဆက္​မ​ေခၚနဲ႔​ေတာ့​ေလ... ဘာလို႔​ေသမလို​ေတြ​ေခၚ​ေနတာလဲ"

ခပ္​ဆတ္​ဆတ္​ထြက္​လာ​ေသာအသံ​ေနအသံထားအရ မည္​မွ်စိတ္​တို​ေနၿပီမွန္​းသိလိုက္​ရတာမို႔ မိမိအသံကိုအဆံုးထိ​ေလွ်ာ့ခ်လို႔ သနားစဖြယ္​ျဖစ္​​ေအာင္​​ေျပာလိုက္​မိသည္​။

"မင္​းမ်ားတစ္​ခုခုျဖစ္​​ေနလားလို႔..."

"....."

"ဟို မင္​းတစ္​ခုခုျဖစ္​​ေနလားလို႔စိတ္​ပူသြားလို႔"

အဲ့သူ​ေတာင္​းစား အဲ့​ေလာက္​ထိတံုးရသလား။ သူ႔မွာနာရီမ႐ွိဘူးလား။ ဒါမွမဟုတ္​ မ်က္​လံုးကန္​း​ေနသလား။ လူအိပ္​ခ်ိန္​မွန္​းဘာမွန္​းမသိရ​ေအာင္​ အဲ့​ေကာင္​က႐ူးႏွမ္​း​ေနလို႔လား။

စိတ္​တိုတိုႏွင္​့ကာရန္​​ေအာ္​ပစ္​လိုက္​မိသည္​။

"႐ူး​ေနလား... မင္​း႐ူး​ေနလို႔အဲ့လို​ေတြးရတာလား... ဘယ္​ႏွနာရီ႐ွိမွန္​း​ေရာမင္​းမသိဘူးလား"

"ဟို... အဲ့တာက"

သူ​ေျပာလိုက္​​ေတာ့ အ,ထစ္​ အ,ထစ္​ႏွင္​့ထြက္​လာ​ေသာစကားလံုးမ်ားအရ ထိုလူသားနာရီမၾကည္​့ထား​ေၾကာင္​းသိလိုက္​မိသည္​။

"ဘာလို႔ဖုန္​းဆက္​တာလဲ... ဒီခ်ိန္​ထိမအိပ္​​ေသးဘဲဘာလုပ္​​ေနတာလဲ"

"လြမ္​း...လို႔"

"....."

"မင္​းကိုလြမ္​းလို႔"

သူ႔စကားအဆံုး တစ္​ကိုယ္​လံုးမွာ႐ွိသမွ်​ေသြး​ေၾကာမ်ား​ေျပာင္​းျပန္​စီးဆင္​းသြားသ​ေယာင္​။ ဖုန္​းကိုင္​ထား​ေသာလက္​ဟာ ​ေပါ့​ေပါ့ပါးပါးဖုန္​း​ေလးကိုပင္​ထိန္​းႏိုင္​စြမ္​းမ႐ွိ​ေတာ့၊ နားနဲ႔ဖုန္​းနဲ႔လြတ္​သြား​ေတာ့သည္​။ ဆက္​တိုက္​ျမန္​လာ​ေသာႏွလံုးခုန္​သံမ်ား​ေၾကာင္​့အသက္​႐ွဴလည္​းမဝ​ေတာ့။ အိပ္​​ေနရာမွထထိုင္​လို႔ ​ေအာက္​ဆီဂ်င္​ျပန္​ရရန္​မနည္​းႀကိဳးပမ္​း​ေနရသည္​။ စကားမ​ေျပာတတ္​တဲ့အ​ေကာင္​​ေၾကာင္​့ အထဲက​ေကာင္​ကလည္​းအလိုက္​ကမ္​းဆိုးမသိဆက္​တိုက္​ကိုခုန္​​ေန​ေတာ့သည္​။

"Hello ​ေတး​ေတး... Hello ၾကားရလား​ေတး​ေတး"

တစ္​ဖက္​မွဆက္​တိုက္​ထြက္​လာ​ေသာအသံမ်ား​ေၾကာင္​့ အသက္​ကိုဝဝ႐ွဴရင္​းအသံမတုန္​​ေအာင္​ထိန္​းကာ စကားျပန္​​ေျပာရသည္​။

"အင္​း"

"​ေတာ္​​ေသးတာ​ေပါ့ ဖုန္​းခ်သြားၿပီထင္​တာ"

အဲ့လိုထင္​ရ​ေအာင္​မင္​းကအ႐ူးလား။ ဖုန္​းခ်သြားတယ္​မခ်ဘူးဆိုတာမၾကည္​့တတ္​​ေတာ့​ေလာက္​​ေအာင္​ထိ မင္​းအ,​ေနရ​ေအာင္​ အခုမွဖုန္​းသံုးဖူးတဲ့သူလည္​းမဟုတ္​ဘူး။

"မင္​းမနက္​ဘာscheduleမွမ႐ွိဘူးလား... ဒီလိုအဓိပၸါယ္​မဲ့အလုပ္​​ေတြ​ေလွ်ာက္​လုပ္​​ေနရ​ေအာင္​"

"ငါ့အတြက္​ဘယ္​​ေလာက္​ထိအဓိပၸါယ္​​ေတြျပည္​့ဝ​ေနလဲမင္​းမသိပါဘူး​ေတး​ေတးရာ"

ခပ္​​ေအး​ေအး​ေျပာလာ​ေသာသူ႔အသံ​ေၾကာင္​့လည္​း ရင္​ဘတ္​ထဲက​ေကာင္​ကပရမ္​းပတာခုန္​​ေပါက္​​ေနျပန္​သည္​။ မင္​းလည္​းအဓိပၸါယ္​မ႐ွိတာ​ေတြ​ေတာ္​​ေတာ္​လုပ္​။

"​ေအး ငါမသိလည္​းၿပီးတာပဲ အိပ္​ခ်င္​​ေနၿပီဒါပဲ"

"မင္​းမ်က္​လံုး​ေၾကာင္​သြားၿပီမဟုတ္​လား"

ဒါလည္​းမင္​းသိ​ေနျပန္​တာလားသဏၭာန္​ရာ။ အဲ့​ေလာက္​ထိငါ့အ​ေၾကာင္​းကိုသိမ​ေနစမ္​းနဲ႔။ ငါ့အ​ေတြး​ေတြးမွားကုန္​ရင္​ဘယ္​သူ႔အတြက္​မွ​ေကာင္​းမွာမဟုတ္​ဘူးဆိုတာမင္​းသိလား။

"ဟို ငါသီခ်င္​းဆိုျပမယ္​​ေလ"

အခုငါ့ကို​ေခ်ာ့သိပ္​မယ္​လို႔​ေျပာ​ေနတာလားဒီ​ေရသဏၭာန္​။ ငါ​ေလာဘ​ေတြတက္​လာ​ေအာင္​မလုပ္​စမ္​းနဲ႔အ​ေကာင္​စုတ္​ရဲ႕။

"မင္​းမိဘ​ေတြအိပ္​​ေနၿပီမဟုတ္​လား"

အားးး ျငင္​းလိုက္​ရမွာ​ေလ​ေတးကာရန္​ပိုင္​ရာ။ ဘာ​ေတြသြား​ေျပာ​ေနတာလဲကြ။ မင္​းျငင္​းလိုက္​ရမွာ​ေလ။ အခုလို​ေျပာရမွာမဟုတ္​ဘူး​ေလကြာ။

"ငါ့အိမ္​ကအခန္​းတိုင္​းကအသံလံုတယ္​​ေလကြာ"

သူ႔အ​ေျဖအဆံုးမွာသိသိသာသာ​ေပ်ာ္​သြား​ေသာကိုယ္​့စိတ္​ကိုယ္​သိလိုက္​သည္​။ ဒီ​ေလာက္​ထိန္​း​ေနတဲ့ၾကားက လြတ္​လြတ္​ထြက္​ခ်င္​​ေနတဲ့စိတ္​​ေတြ​ေၾကာင္​့လည္​း ပင္​ပန္​းရပါ၏​။ အခုလိုဖုန္​းထဲကအသံ​ေလးၾကားရံုနဲ႔​ေတာင္​ ထိန္​းမနိုင္​သိမ္​းမရျဖစ္​​ေနတာ လူခ်င္​း​ေတြ႔ၾကတဲ့အခါ...။

"နား​ေထာင္​​ေနာ္​​ေတး​ေတး"

ဒီတစ္​ခါပဲ။ ဒီတစ္​ခါပဲစိတ္​ကိုအလိုလိုက္​ပါ့မယ္​။ အရမ္​းၾကားခ်င္​​ေနခဲ့တဲ့အသံ​ေလးမို႔ ဒီတစ္​ခါ​ေတာ့စိတ္​လြတ္​လက္​လြတ္​နား​ေထာင္​ခြင္​့​ေပးပါ။ ဒီသီခ်င္​းဆံုးတာနဲ႔ကိုယ္​့စိတ္​ကိုအၿပီးသတ္​ခ်ဳပ္​ထိန္​းပါ့မယ္​။

Introဝင္​လာတဲ့ ဂစ္​တာသံ​ေလးၾကားတာနဲ႔တင္​လူကဝမ္​းနည္​းလာမိသည္​။ ခုနစ္​ႏွစ္​​ေက်ာ္​အၾကာမွာျပန္​နား​ေထာင္​ရ​ေသာ သူ႔ရဲ႕သီခ်င္​းသံ။ သူကိုယ္​တိုင္​ဆိုျပတဲ့ကိုယ္​တစ္​​ေယာက္​တည္​းသာၾကားႏိုင္​တဲ့သီခ်င္​းသံ။

​ေဝး​ေနခဲ့တဲ့ဒီၾကားထဲကာလ​ေတြမွာသူ႔သီခ်င္​း​ေတြနားမ​ေထာင္​ခဲ့ဘူးဆိုလိမ္​ရာက်​ေပလိမ္​့မည္​။ ထြက္​သမွ်သီခ်င္​း​ေခြတိုင္​းရဲ႕ သီခ်င္​းအပုဒ္​​ေစ့ကိုmusic favourite listထဲထည္​့ကာနား​ေထာင္​ခဲ့သည္​။ interviewတိုင္​းကိုၾကည္​့လို႔ သူ႔ကိုလြမ္​းသမွ်ထိုနည္​းနဲ႔သာ​ေျဖသိမ္​့ခဲ့ရသည္​ကို မိမိကိုယ္​မိမိသာလွ်င္​အသိဆံုး။ interviewတိုင္​းက​ေတာ့ အလြမ္​း​ေျပခဲ့သည္​မဟုတ္​၊ တခ်ိဳ႕interview​ေတြဆိုအနာ​ေပၚဆားသိပ္​သကဲ့သို႔ ဆိုးဆိုးရြားရြားခံစားခဲ့ရသည္​။

သူ႔သီခ်င္​းကိုပဲဆိုျပမည္​ဟုထင္​ခဲ့တဲ့အ​ေတြးဟာ ဂစ္​တာintroသံကို​ေသခ်ာနား​ေထာင္​မိခ်ိန္​မွာ မိမိအ​ေတြးမွားသြားမွန္​းသိလိုက္​ရသည္​။

>> အျပံဳးနဲ႔​ေမွးစက္​​ေတာ့ခ်စ္​သူ​ေရ...

>> ထပ္​ၿပီး​ေတာ့မ​ေဝး​ေတာ့ဘူး... ၿငိမ္​းခ်မ္​းလွပတဲ့ကိုယ္​့အခ်စ္​ မ်ားစြာ ယူ....

>> အလြမ္​းမ်ား​ေၾကာင္​့က်ခဲ့တဲ့မ်က္​ရည္​​ေတြ... ဒီအခ်ိန္​မွာတိတ္​လိုက္​​ေတာ့....

>> ​ေမွ်ာ္​လင္​့ခဲ့ရတဲ့အခ်စ္​ည​ေလး ​အတူတူေရာက္​႐ွိခဲ့​ေပါ့ အတူေရာက္​႐ွိခဲ့​ေပါ့....

>> အျပာ​ေရာင္​အခ်စ္​ည မင္​းလွမ္​းၾကည့္​လိုက္​စမ္​း မိုး​ေကာင္​းကင္​ထက္​ မ်ားတဲ့တို႔အခ်စ္​မ်ား....

>> ၾကယ္​စင္​အားလံုးထက္​ လင္​းတဲ့တို႔အခ်စ္​မ်ား... အျပာ​ေရာင္​အခ်စ္​ည ကမၻာမွာ....

သူ႔သီခ်င္​းသံ​ေၾကာင္​့ အိပ္​ရာ​ေပၚမွျပတင္​းဘက္​ဆီမ်က္​ႏွာမူလို႔ ခပ္​​ေရး​ေရးသာျမင္​​ေနရတဲ့​ေကာင္​းကင္​ကို​ေမာ့ၾကည္​့လိုက္​မိသည္​။ သီခ်င္​းထဲလိုမ်ားျဖစ္​​ေနမလားလို​ေတြးမိ​ေတာ့ ၾကယ္​​ေရာင္​​ေတြမရွိ​ဘဲ မဲ​ေမွာင္​​ေနတဲ့​ေကာင္​းကင္​ႀကီးကိုပဲျမင္​ရတာ ကြၽန္​​ေတာ္​့ရင္​​ေတြမြန္​းၾကပ္​လာခဲ့သည္​။ ကြၽန္​​ေတာ္​​ေမ့​ေနတာ ကြၽန္​​ေတာ္​့အခ်စ္​က ​ေဘာင္​မွမဝင္​ဘဲဟာ။

>> သီခ်င္​း​ေလးနဲ႔​ေခ်ာ့သိပ္​ခ်င္​တယ္​... ဒီရင္​မွာအိပ္​စက္​​ေတာ့...

>> ​ေပ်ာက္​ဆံုးမသြား​ေတာ့မယ့္​အခ်စ္​ည​ေလး... ထာဝရသိမ္​းထားလိုက္​​ေတာ့ သိမ္​းထားလိုက္​​ေတာ့...

>> အျပာ​ေရာင္​အခ်စ္​ည မင္​းလွမ္​းၾကည့္​လိုက္​စမ္​း မိုး​ေကာင္​းကင္​ထက္​ မ်ားတဲ့တို႔အခ်စ္​မ်ား....

>> ၾကယ္​စင္​အားလံုးထက္​ လင္​းတဲ့တို႔အခ်စ္​မ်ား... အျပာ​ေရာင္​အခ်စ္​ည ကမၻာမွာ....

မင္​းက​ေတာ့ဘယ္​အဓိပၸါယ္​နဲ႔ဒီသီခ်င္​းကိုဆိုျပတယ္​မသိဘူး။ ငါက​ေတာ့မင္​းအသံခ်ိဳခ်ိဳ​ေအာက္​က သီခ်င္​းစာသားတစ္​ခုစီကိုလိုက္​လို႔ခံစား​ေနမိတာအ႐ူးလိုပဲ။ ဒီသီခ်င္​း​ေလးအတိုင္​းသာဆိုရင္​....။

>> အိပ္​မက္​​ေတြလွပ​ေစ တို႔ အခ်စ္​ည​ေလး...

>> ​ေတာင္​းဆု​ေတြျပည္​့​ေစ တို႔ အျပာ​ေရာင္​ည​ေလး...

'အင္​့'

"​ေတး​ေတး ဘာျဖစ္​လို႔လဲ..."

ဒီသီခ်င္​းကိုနား​ေထာင္​မိတာ​ေနာက္​ဆံုးအႀကိမ္​ပါ၊ ဒါၿပီးတာနဲ႔ ခံစားခ်က္​အကုန္​​ေျမျမႇဳပ္​ပစ္​လိုက္​ပါမယ္​ဆိုတဲ့အ​ေတြး​ေၾကာင္​့ ရင္​ဘတ္​ထဲဆို႔တက္​လာသမွ် ပါးစပ္​ကပါ႐ႈိက္​သံပါသြားခဲ့သည္​။ သူမၾကားသြား​ေစဖို႔အလ်င္​အျမန္​​ေတာင္​းဆုျပဳမိသမွ် သီခ်င္​းမဆံုး​ေသးဘဲရပ္​သြား​ေသာဂစ္​တာသံက မိမိဆု​ေတာင္​းမျပည္​့မွန္​းအသိ​ေပးသည္​။

"ငို​ေနတာလား​ေတး​ေတး... ဘာလို႔လဲ ဘာလို႔ငို​ေနတာလဲ"

ျပာျပာသလဲအ​ေလာတႀကီး​ေမးသံ​ေတြၾကား ကြၽန္​​ေတာ္​့႐ိႈက္​သံတို႔စိပ္​လာခဲ့သည္​။ ကြၽန္​​ေတာ္​က႐ိႈက္​​ေလ သူကပ်ာယာခတ္​​ေလႏွင္​့ ထိုသံသရာစက္​ဝန္​းထဲတဝဲလည္​လည္​။ စကား​ေျပာဖို႔ငွါလံုးဝမစြမ္​းသာ​ေတာ့တဲ့အ​ေျခအ​ေနမွာ ဖုန္​းခ်ပစ္​ဖို႔လုပ္​ရ​ေတာ့သည္​။ ဖုန္​းမခ်ခင္​ၾကားလိုက္​ရတဲ့စကားသံဟာ လူကိုပို၍က​ေယာက္​ကယက္​ျဖစ္​​ေစသည္​။

"မငိုပါနဲ႔ကြာ... ကိုယ္​႐ူး​ေတာ့မယ္​​ေကာင္​ငယ္​ရ... ဘာလို႔ငို​ေနရတာလဲကြာ"

ငါ့အ​ေတြး​ေတြနဲ႔ ငါ့စိတ္​ကိုငါ​ေတာင္​ထိန္​းမႏိုင္​ခ်င္​တာ မင္​း​ေလသံနဲ႔မင္​းစကားလံုး​ေတြက ငါ့ကိုမီး​ေလာင္​ရာ​ေလပင္​့​ေနသလိုပဲဆိုတာမင္​းသိလား ဒီ​ေရသဏၭာန္​။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

"ဟဲ့ ​ေျပာစမ္​းပါဦး ဒီinterviewမွာနင္​ဘယ္​လို​ေျဖခဲ့တာလဲ"

ရံုးပိတ္​ရက္​ျဖစ္​သည္​့အျပင္​ recordingလုပ္​ဖို႔ပါမ႐ွိတာမို႔အိမ္​မွာနား​ေနခိုက္​ ဖုန္​းဆက္​လာ​ေသာတုတု​ေၾကာင္​့ ဇြဲဆိုင္​သို႔ထြက္​လာခဲ့ရသည္​။ Free architectureတစ္​​ေယာက္​အျဖစ္​ လာအပ္​သည္​့ design​ေတြဆြဲသည္​့အျပင္​ bakeryဆိုင္​​ေလးပါတြဲဖြင္​့ထား​ေသာဇြဲရဲ႕ဆိုင္​​ေလးသည္​ အ​ေတာ္​အသင္​့လူက်သည္​ဟု​ေျပာရမည္​။ အရသာ​ေကာင္​းမြန္​ရံုမက ႐ုပ္​​ေခ်ာ​ေဖာ္​​ေရြလြန္​း​ေသာဇြဲ​ေၾကာင္​့ သူ႔ဆိုင္​မွာပို၍နာမည္​ရသည္​။

​ေရာက္​​ေရာက္​ခ်င္​းထိုင္​ပင္​မထိုင္​ရ​ေသး ဖုန္​းထိုး​ေပးကာ​ေမးလာ​ေသာတုတုအ​ေမးအား မ​ေျဖ​ေသးဘဲအရင္​ထိုင္​လိုက္​မိသည္​။ လူစံု​ေတြ႔ရသည္​က တုတုရဲ႕စနက္​ဆိုတာလြဲမည္​မဟုတ္​။

"ဟာ ဘယ္​လို​ေျဖခဲ့တာလဲသိခ်င္​ရင္​အစအဆံုးၾကည္​့လိုက္​​ေလ"

"မၾကည့္​ရ​ေသးလို႔​ေျပာတာမဟုတ္​ဘူး ၾကည္​့ၿပီးလို႔​ေျပာတာ... အ​ေခါက္​​ေခါက္​အခါခါၾကည္​့ၿပီးလို႔​ေမး​ေနတာ"

တုတုႏွင္​့ကြၽန္​​ေတာ္​သာစကား​ေျပာျဖစ္​ၾကသည္​။ က်န္​သည္​့သူမ်ားကပြဲၾကည္​့ပရိတ္​သတ္​ပမာ ကြၽန္​​ေတာ္​တို႔ႏွစ္​​ေယာက္​ကိုသာဝိုင္​းၾကည့္​​ေနၾက​ေတာ့သည္​။

"ၾကည္​့ၿပီးၿပီဆိုငါ့ကို​ေမးစရာဘာ႐ွိ​ေသးလို႔လဲ"

"D... နင္​​ေဝ့လည္​​ေခ်ာင္​ပတ္​လုပ္​မ​ေနနဲ႔... ငါဘာ​ေမးလဲနင္​သိတယ္​"

"ကဲ အဲ့တာဆိုငါ​ေျဖမွာနင္​မသိလို႔လား"

"D" ဟု ပိတ္​​ေအာ္​လိုက္​​ေသာတုတု​ေၾကာင္​့ က်န္​သည့္​သံုး​ေကာင္​လန္​႔သြားၾကပံု။ ကြၽန္​​ေတာ္​က​ေတာ့ျဖံဳပင္​မျဖံဳ။

"တုတုrelax... ​ေအး​ေဆး​ေျပာၾကတာ​ေပါ့ဟာ ​ေနာ္​"

"ငါ​ေအး​ေဆး​ေျပာ​ေနတာ​ေလ အဲ့​ေကာင္​ကတမင္​ဂ်စ္​​ေနတာနင္​မျမင္​ဘူးလား"

တုတုအားစိတ္​​ေအး​ေအးထားရန္​ဝင္​​ေျပာ​ေသာအလင္​းအား တုတုရန္​႐ွာ​ေန​ေတာ့သည္​။ ဘာမဟုတ္​တာ​ေလးကို ဒီတုတုမဘာျဖစ္​​ေနတယ္​မသိ။

"အင္​း အခုနင္​ကဘာသိခ်င္​တာလဲ​ေျပာတု"

"ဒီinterviewထဲမွာ​ေျပာထားတာဘယ္​သူ႔ကိုလဲ"

"ဘာမ်ားလဲလို႔... ငါ့ခ်စ္​ရသူကို​ေပါ့ဟ"

"Okok... ငါဘယ္​လို​ေမး​ေမးနင္​​ေျဖမွာမဟုတ္​မွန္​းငါသိၿပီ ငါသြားၿပီ ဘိုင္​့"

ကြၽန္​​ေတာ္​့စကား​ေၾကာင္​့ စိတ္​ပ်က္​သလိုလုပ္​ျပကာထထြက္​သြား​ေသာတုတု။ မိန္​းက​ေလး​ေပမယ္​့ စိတ္​ျမန္​လက္​ျမန္​႐ိွသူမို႔ ဘယ္​သူမွမတားလိုက္​ႏုိင္​။ ၿပီး​ေတာ့ တုတု​ေဒါသကိုလည္​းသိၾကသည္​မဟုတ္​လား။

"မင္​းတို႔​ေရာ ဘာသိခ်င္​​ေသးလဲ"

"မင္​းတစ္​ခုခုအဆင္​မ​ေျပတာ႐ွိလို႔လားဒီ​ေရ"

ကြၽန္​​ေတာ္​့အ​ေမးကိုအ​ေမးျဖင္​့ျပန္​တုန္​႔ျပန္​လာ​ေသာ​ေစ့စကားကို ​ေထာက္​ခံသ​ေယာင္​ အလင္​းႏွင္​့ဇြဲက​ေခါင္​းညိတ္​ျပၾကသည္​။

"မ႐ွိပါဘူးကြာ"

"ငါတို႔ကသူငယ္​ခ်င္​း​ေတြဆိုတာသိတယ္​မို႔လား... ဘာမဆိုတိုင္​ပင္​လို႔ရတယ္​​ေနာ္​ မင္​းယံုၾကည္​ရင္​​ေပါ့"

​ေစ့စကားကထိသည္​။ ကြၽန္​​ေတာ္​အခုျဖစ္​​ေနတာကို​ေျပာျပခ်င္​​ေပမယ္​့မ​ေျပာျပရဲ။ သူတို႔​ေတြကြၽန္​​ေတာ္​့ကိုမုန္​းသြားမွာအလြန္​စိုးပါသည္​။ ​ေလာကမွာမိတ္​​ေဆြစစ္​ဆိုတာ႐ွားတယ္​မဟုတ္​ပါလား။ ကြၽန္​​ေတာ္​ပိုင္​ဆိုင္​ထား​ေသာအဖိုးတန္​ရတနာမ်ားကိုမဆံုး႐ႈံးခ်င္​ပါ။ ကြၽန္​​ေတာ္​အတၱႀကီးပါရ​ေစ။

"မဟုတ္​ပါဘူးကြာ... ငါမင္​းတို႔ကုိယံုပါတယ္​ အခုကငါနည္​းနည္​းစိတ္​႐ႈပ္​​ေနလို႔ပါ"

ကြၽန္​​ေတာ္​​ေျပာျပ​ေတာ့လည္​း အား​ေပးသည့္​သ​ေဘာျဖင္​့ ပခံုးကိုခပ္​တင္​းတင္​းဆုပ္​ကိုင္​ရင္​းfightingဟုလာ​ေျပာ​ေနၾကသည္​။ တုတုလိုဘာျဖစ္​​ေနလဲ ဘာညာအတင္​းမ​ေမး၍ ​ေနရထိုင္​ရတာသက္​သာသည္​ဟုပင္​​ေျပာရမည္​။

အခုတ​ေလာ႐ႈပ္​​ေထြး​ေန​ေသာစိတ္​ဟာထိုအႏွီလူသား​ေလး​ေၾကာင္​့။ ဟုိတစ္​​ေန႔ကကြၽန္​​ေတာ္​တို႔ဖုန္​း​ေျပာၿပီးကတည္​းကခုထိအဆက္​အသြယ္​မရ။ ငိုရင္​း႐ိႈက္​ရင္​းဖုန္​းခ်သြားသည္​မို႔ ဘာမ်ားျဖစ္​လို႔လဲဟုစိတ္​ပူရသည္​ကလူကို႐ူးသြား​ေစႏိုင္​​ေလာက္​သည္​အထိ။ ထိုအခ်ိန္​ကတည္​းကပိတ္​သြား​ေသာဖုန္​းဟာ အခုထိဖုန္​းဆက္​တိုင္​း စက္​ပိတ္​ထားပါတယ္​ခ်ည္​း​ေျပာ​ေနတုန္​း။ ​ေနာက္​လမွစခြင္​့ျပဳထား​ေသာprojectကိုအ​ေၾကာင္​းျပၿပီးသြား​ေတြ႔ရင္​လည္​း အ​ေတြ႔ခံမွာမဟုတ္​မွန္​းသိသည္​မို႔ ကိုယ္​လုပ္​စရာ႐ွိတာဆက္​လုပ္​ရင္​းသူ႔ကိုလြမ္​းရပါသည္​။

သီခ်င္​းဆိုျပခ်ိန္​ထိစကား​ေျပာရတာအဆင္​​ေျပတုန္​းပါ။ သီခ်င္​းဆံုးခါနီးမွ႐ိႈက္​သံ​ေလးထြက္​လာတာကဘာလို႔မ်ားပါလိမ္​့။ ခ်စ္​သူ​ေတြဘာ​ေတြမ်ားရ​ေနၿပီလား။ ကြၽန္​​ေတာ္​သီခ်င္​းဆိုျပ​ေနတုန္​းသူ႔ခ်စ္​သူကိုလြမ္​းလို႔ငိုသြားတာလား။ ထိုအ​ေတြး​ေတြနဲ႔ပူ​ေလာင္​​ေနခဲ့ရသည္​မွာယ​ေန႔အထိ။

ခ်စ္​ရတဲ့သူကိုပူပန္​​ေနရ​ေသာစိတ္​ဟာ မည္​သူ႔ကိုမွစိတ္​မ႐ွည္​​ေပးႏိုင္​​ေအာင္​ျဖစ္​ရသည္​။ အဲ့ဒီစိတ္​​ေၾကာင္​့သာ တုတုကိုဘု​ေတာပစ္​လိုက္​မိျခင္​း။ တကယ္​တမ္​းျပန္​​ေတြး​ေတာ့လည္​းတုတုမွာအျပစ္​မွမ႐ွိဘဲဟာ။

"ဒါနဲ႔ ငါတို႔​ေကာင္​ႀကီးတကယ္​စြံ​ေတာ့မွာလား"

ဖုန္​း​ေလး​ေထာင္​ျပကာ​ေမးလာ​ေသာဇြဲစကားကိုခပ္​ျပံဳးျပံဳးသာတုန္​႔ျပန္​လိုက္​မိသည္​။ auto playလုပ္​ထား​ေသာ videoဆီမွအသံတစ္​စြန္​းတစ္​စဟာပ်ံ့လြင္​့လို႔...။

"D​ေရ... ဒီတစ္​ခါလည္​းခါတိုင္​းလိုပဲ Dအခ်စ္​​ေရး​ေလး​ေျပာျပပါဦး"

Interviewerမမရဲ႕ အသံအဆံုးကြၽန္​​ေတာ္​ျပံဳး​ေနမည္​မွာအ​ေသအခ်ာ။

"သတင္​း​ေတြၾကား​ေနရတယ္​ Dမွာခ်စ္​ရသူ႐ွိ​ေနၿပီဆို"

"....."

"အယ္​ Dကမ​ေျဖဘဲျပံဳး​ေနပံု​ေထာက္​​ေတာ့ တကယ္​လားD"

"ဟုတ္​ကဲ့ခင္​ဗ်... ကြၽန္​​ေတာ္​့မွာခ်စ္​ရသူ႐ွိပါတယ္​... ဒီတစ္​​ေခါက္​​ေတြ႔တာနဲ႔ဖြင္​့​ေျပာလိုက္​ဖို႔ဆံုးျဖတ္​ထားပါတယ္​ခင္​ဗ်ာ"

"Woo တကယ္​လားD... Dရဲ႕ခ်စ္​ရသူကဘယ္​သူဘယ္​ဝါပါဆိုတာ အရိပ္​အႁမြက္​​ေလာက္​ျဖစ္​ျဖစ္​မ​ေျပာျပခ်င္​ဘူးလား"

"ဟုတ္​ကဲ့ မ​ေျပာျပခ်င္​ပါဘူးခင္​ဗ်ာ ဟား သူ​ေတာင္​မသိရ​ေသးတာ တျခားသူကိုသူ႔အရင္​​ေပးသိလို႔ဘယ္​​ေကာင္​းမလဲ​ေလ ​ေနာ့"

ထိုinterview​ေလးဟာ ​ေတာ္​​ေတာ္​​ေလးhotျဖစ္​သြားခဲ့သည္​။ အခုသူတို႔သူငယ္​ခ်င္​း​ေတြၾကား​ေျပာစရာျဖစ္​သြားခဲ့သလို တစ္​စံုတစ္​​ေယာက္​ဆီ၌လည္​း...။

.
.
.
.
.

ရက္​အနည္​းငယ္​ၾကာပိတ္​ထား​ေသာဖုန္​း​ေလးကိုဖြင္​့မိ​ေတာ့ missed call​ေပါင္​းမ်ားစြာဟာတတီတီျမည္​သံႏွင္​့အတူဝင္​လာခဲ့သည္​။ တစ္​​ေယာက္​တည္​းကသာ​ေခၚထား​ေသာmissed callမ်ား​ျဖစ္​​ေန၍ ကာရန္​ျပန္​မ​ေခၚ​ေတာ့။ ​ေခၚလို႔လည္​းမျဖစ္​ဘူးမဟုတ္​လား။ ထိုသူႏွင္​့အဆက္​အသြယ္​ျပတ္​ခ်င္​ခဲ့လို႔ဖုန္​းပိတ္​ထားခဲ့မိသည္​ပဲ​ေလ။

တိုက္​႐ိုက္​မဟုတ္​​ေတာင္​သြယ္​ဝုိက္​​ေသာနည္​းျဖင္​့​ေတြ႔ခ်င္​ခဲ့မိ​ေသာသူ႔မ်က္​ႏွာကို fbဖြင္​့ကာ​ေမွ်ာ္​လင္​့မိျပန္​သည္​။ ဘယ္​အခ်ိန္​​ေလာက္​မွထိုလူသားဆီက႐ုန္​းထြက္​ႏိုင္​မည္​မသိ​ေတာ့။

NFအစမွာ​ေပၚလာ​ေသာinterview​ေလးတစ္​ခုက လူကိုမ်ားစြာဆြဲ​ေဆာင္​​ေနခဲ့​ေသာ​ေၾကာင္​့ကြၽန္​​ေတာ္​ဖြင္​့ၾကည္​့လိုက္​မိသည္​။ interview​ေခါင္​းစဥ္​​ေလးကဘာပါလိမ္​့၊ ခ်စ္​ရသူ႐ွိ​ေနၿပီဟု အတိအလင္​း​ေျပာၾကားလာ​ေသာအဆို​ေတာ္​D...။

"အယ္​ Dကမ​ေျဖဘဲျပံဳး​ေနပံု​ေထာက္​​ေတာ့ တကယ္​လားD"

"ဟုတ္​ကဲ့ခင္​ဗ်... ကြၽန္​​ေတာ္​့မွာခ်စ္​ရသူ႐ွိပါတယ္​... ဒီတစ္​​ေခါက္​​ေတြ႔တာနဲ႔ဖြင္​့​ေျပာလိုက္​ဖို႔ဆံုးျဖတ္​ထားပါတယ္​ခင္​ဗ်ာ"

ထိုအစကားအဆံုးမွာ တုန္​ယင္​လာ​ေသာလက္​တစ္​စံုဟာဖုန္​းကိုင္​ႏိုင္​စြမ္​းမဲ့၏။ အိပ္​ရာ​ေပၚပက္​လက္​လွန္​၍ လက္​ကို​ေျမႇာက္​ကာဖုန္​းသံုး​ေနသည္​မုိ႔ လက္​ထဲကဖုန္​းဟာ မ်က္​ႏွာ​ေပၚတည္​့တည္​့ျပဳတ္​က်လာပါ​ေတာ့သည္​။

"အ နာလိုက္​တာ"

ႏႈတ္​ခမ္​း​ေထာင္​့စြန္​း​ေပၚျပဳတ္​က်သည္​မို႔ ပါးစပ္​ထဲပင္​ငံက်ိက်ိအရသာႀကီးခံစားလိုက္​ရသည္​။ မ်က္​လံုးထဲအရည္​ၾကည္​​ေတြခ်က္​ခ်င္​း​ေဝ့လာတာ ႏႈတ္​ခမ္​းကအနာ​ေၾကာင္​့ျဖစ္​မွာပါ။

"နာလိုက္​တာကြာ အီးဟီးဟီး"

ဖုန္​း​ေလး​ေဘးခ်လို႔ခ်က္​ခ်င္​းထငို​ေန​ေသာထိုလူသား။ တကယ္​ပဲသူ​ေျပာသလိုႏႈတ္​ခမ္​းကဒဏ္​ရာ​ေၾကာင္​့ငိုတာဟုတ္​ရဲ႕လား။ ႐ိႈက္​ႀကီးတငင္​ငုိ​ေနပံု​ေထာက္​ရင္​​ေတာ့ အရမ္​းနာလို႔ပဲျဖစ္​ရမည္​။

​ေစာင္​ကို​ေခါင္​းထိဆြဲျခံဳလို႔ တစ္​ဖက္​လွည္​့ကာ​ေကြးလိုက္​သည္​ကပုစြန္​ထုပ္​​ေလးလို။ ထို​ေစာင္​လံုး​ေလးဟာတလႈပ္​လႈပ္​ႏွင္​့႐ိႈက္​သံ​ေတြညံ​ေန​ေတာ့သည္​။

အင္​း... သူအရမ္​းနာသြား႐ွာမွာ​ေပါ့
ဝဲဘက္​ရင္​အံုဆီက....။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

အခုဆိုက​ေလာက သူ႔siteလည္​းစတင္​အလုပ္​လုပ္​​ေနၿပီျဖစ္​သည္​။ qualityျပည့္ဝ​ေ​သာပစၥည္​းစံုကို​ေတြ႔လိုက္​ရ​ေတာ့ သူ႔စကားနား​ေထာင္​သားဟု ၾကံဖန္​​ေတြးမိျပန္​​ေသးသည္​။

အလုပ္​စၿပီျဖစ္​​ေၾကာင္​း အသိ​ေပးစာကလြဲလို႔ကာရန္​ထိုလူသားႏွင္​့မဆက္​သြယ္​မိ။ သူ႔ဘက္​ကဆက္​သြယ္​လာသည္​ကိုလည္​း အ​ေၾကာင္​းအမ်ိဳးမ်ိဳးျပၿပီး​ေ႐ွာင္​ခဲ့သည္​။ ႐ူး႐ူးမိုက္​မိုက္​​ေတြးမိ​ေသာအ​ေတြး​ေတြ​ေရွ႕မ​ဆက္​ႏိုင္​​ေအာင္​လို႔ interviewတစ္​ခုကအ​ေျဖကိုညတိုင္​းၾကည္​့​ေနရသည္​့သူ႔အျဖစ္​ကိုသူသာလွ်င္​အသိဆံုးမဟုတ္​ပါလား။

"ဟာ ဆရာ... ဦးထုပ္​မပါဘဲsiteထဲလွည္​့​ေနတာလား... တစ္​ခုခုျဖစ္​သြားမွျဖင္​့ဆရာရယ္​... ​ေရာ့ ​ေရာ့ ကြၽန္​​ေတာ္​့ဦးထုပ္​​ေဆာင္​းလိုက္​ဆရာ"

"အာ မဟုတ္​တာဦး​ေလးရယ္​... ဦး​ေလးပဲ​ေဆာင္​းထားပါခင္​ဗ်ာ ကြၽန္​​ေတာ္​ကခဏ​ေနရင္​ျပန္​မွာ ဦးထုပ္​က​ေမ့​ေနခဲ့လို႔ ဟီး"

Safetyဦးထုပ္​မပါ၍ သူ႔ဦးထုပ္​ကိုခြၽတ္​​ေပး​ေန​ေသာအလုပ္​သမားဦး​ေလးႀကီးအား အတင္​းျငင္​းဆန္​ကာ​ေျပာလိုက္​မိသည္​။ ကိုယ္​ကခနတျဖဳတ္​siteထဲလိုတာလိုက္​စစ္​​ေနတာ၊ သူတို႔ကဒီsiteထဲမွာ အခ်ိန္​ျပည္​့အလုပ္​လုပ္​​ေနရတာ ကြၽန္​​ေတာ္​့ထက္​သူတို႔မွာအႏၱရာယ္​ပိုမ်ားတာမဟုတ္​လား။ မ​ေဆာင္​းရက္​ပါဘူး အ​ေျခခံအလုပ္​သမား​ေပမယ္​့သူတို႔မွာလည္​းအသက္​အပိုပါတာမွမဟုတ္​တာ။

အလုပ္​စတဲ့ရက္​ကလည္​းတစ္​ပတ္​​ေလာက္​ပင္​႐ွိၿပီမို႔ ဒီကအလုပ္​သမားအားလံုးႏွင္​့လည္​းမိသားစုလိုပင္​ျဖစ္​​ေန​ေပၿပီ။ siteတစ္​​ေလွ်ာက္​လိုတာလိုက္​စစ္​ရင္​း​ေတြ႔သမွ်သူအားလံုးကိုျပံဳးျပျဖစ္​သည္​။

'အ'

​ေ႐ွ႕မဲ​ေလွ်ာက္​​ေနတုန္​း အ​ေနာက္​ဖက္​က​ေနလက္​ကိုအဆြဲခံလိုက္​ရသည္​မို႔ နာသြားကာ​ေအာ္​လိုက္​မိသည္​။ ဆုပ္​ကိုင္​ထား​ေသာလက္​တစ္​ဖက္​မွတစ္​ဆင္​့ သူ႐ွိရာဘက္​မ်က္​ႏွာမူလိုက္​​ေသာသူ​ေၾကာင္​့ ထိုသူကိုျမင္​လိုက္​ရတဲ့အခိုက္​အတန္​႔...။

"ဘယ္​လိုအင္​ဂ်င္​နီယာလဲကြ ဟင္​ safety firstဆိုတာ​ေမ့​ေနသလား... ဦးထုပ္​မပါဘဲsiteထဲ​ေလွ်ာက္​သြား​ေနရ​ေအာင္​ က​ေလး​ေလးလား"

မ်က္​ႏွာခ်င္​းဆိုင္​ျဖစ္​သြား​ေသာအ​ေနအထားမွာ ကြၽန္​​ေတာ္​့ကိုဦးထုပ္​​ေဆာင္​း​ေပးရင္​းခပ္​​ေအး​ေအးဆို​ေန​ေသာထိုလူသားဟာ တကယ္​ပဲကြၽန္​​ေတာ္​့​ေ႐ွ႕​ေရာက္​​ေနခဲ့တာလား။

"အိပ္​​ေပ်ာ္​​ေနတာလား"

ဦးထုပ္​လွ်ာ​ေလးကိုပုတ္​ကာဆိုလိုက္​​ေသာထိုလူသား​ေၾကာင္​့ ​ေယာင္​နနႏွင္​့သူ႔လက္​ကိုဖယ္​လိုက္​မိသည္​။

"အာ ဒီဦးထုပ္​ျပန္​ယူ"

အခုမွသတိဝင္​လာသူလိုက​ေယာင္​ကတမ္​းနဲ႔သူ​ေဆာင္​း​ေပးထား​ေသာဦးထုပ္​ကိုဆြဲခြၽတ္​​ေန​ေသာ ကြၽန္​​ေတာ္​့လက္​ကိုဆုပ္​ကိုင္​ကာ ​ေဆာင္​းထားဟု​ေျပာလာ​ေသာသူ႔စကားအား ကြၽန္​​ေတာ္​မျငင္​းဆန္​လိုက္​မိ။ ခက္​​ေတာ့တာပဲ​ေတးကာရန္​ပိုင္​ရာ။

"Siteအ​ေျခအ​ေနလာၾကည္​့တာလား အခုမွ"

"မဟုတ္​ဘူး မင္​းဆီလာတာ"

"ဟင္​"

ကြၽန္​​ေတာ္​့စကားကိုျဖတ္​​ေျပာလိုက္​​ေသာ သူ႔စကား​ေၾကာင္​့အာ​ေမဋိတ္​သံသာထြက္​သြား​ေသာကြၽန္​​ေတာ္​့အားစိုက္​ၾကည္​့​ေန​ေသာထိုလူသား​ေၾကာင္​့ လူကမလံုမလဲအၾကည္​့လႊဲလိုက္​မိသည္​။

"ကိုယ္​နဲ႔ တစ္​​ေနရာလိုက္​ခဲ့​ေပး"

➳ ➳ ➳ ➳ ❀ ➳ ➳ ➳ ➳ ❀ ➳ ➳ ➳ ➳

>
>
>
>
>
>
>
>
>

#Unicode

မောင်ဝါသနာပါရာလုပ်နိုင်ဖို့ ပါပါးကိုကူညီခဲ့သော်ငြား သူမဒီအလုပ်တွေအပေါ်စိတ်ပျက်သွားခြင်းအလျင်းမရှိကြောင်း တေးသံသာပိုင် သူမကိုယ်သူမသိသည်။ ရှုပ်ထွေးလွန်းသောစာရင်းဇယားများကိုကိုင်တွယ်ဖြေရှင်းနေရခြင်းက စိတ်ဝင်စားဖို့အလွန်ကောင်းသည်။ ဈေးကွက်ထဲက customerတွေရဲ့အသံကိုနားထောင်ရခြင်းဟာလည်း သူမကိုစိတ်လှုပ်ရှားမှုတစ်စုံတစ်ရာပေးမြဲ။

"မ' ဘာတွေလုပ်နေလဲ"

ခပ်ဟဟဖွင့်ထားသောတံခါးမှတစ်ဆင့် ခေါင်းလေးပြူကြည့်လို့အခန်းထဲဝင်လာသောမောင်။ အနားလာထိုင်မှာသေချာနေသောကြောင့် ဆိုဖာတစ်ဖက်ကိုတိုးထိုင်ပေးလိုက်မိသည်။

"စာရင်းလေးနည်းနည်းပြန်checkနေတာပါမောင်ရာ"

"မောင်ကူပေးနိုင်တာရှိလား"

"မလိုပါဘူးမောင်ရယ်... စာရင်းကနည်းနည်းပါ မ'လည်းဒါပြီးရင်ပြီးပြီ"

သူမဆိုတော့ ခေါင်းလေးကိုလာဖွပြီးမောင့်မမပင်ပန်းနေပါပြီတဲ့လေ။ ခပ်ဖွဖွပြန်ပြုံးပြလို့ လုပ်လက်စအလုပ်များအားလက်စသတ်လိုက်တော့သည်။

"ဟင် ပြီးသွားပြီလားမ'က"

Laptopပိတ်တာမြင်တော့ မျက်လုံးပြူးလေးနဲ့မေးလာသောမောင်။ ဘယ်လိုနေနေချစ်ဖို့ကောင်းတာ မောင့်ရဲ့မွေးရာပါအားနည်းချက်ထင်ပါရဲ့။

"ပြီးပြီလေမောင်ရဲ့"

"မောင့်ကြောင့်လား... မောင်လာလို့အနှောင့်အယှက်ဖြစ်သွားတာလားမ' "

"အမလေး မောင်ကတော့အတွေးလွန်နေပြန်ပါပြီ"

သူ့ပါးလေးနှစ်ဖက်ကိုလက်ဖဝါးကြားထည့်လို့ ခေါင်းလေးဘယ်ညာရမ်းရင်းဆိုမိတော့ ချစ်စဖွယ်ရယ်ပြနေပြန်ပါသေးသည်။ အသက်၂၃နှစ်ဆိုတာကိုကျိန်ပြောပြရမယ့်ကလေးငယ်။

"မောင့်အလုပ်ကရော အဆင်ပြေရဲ့လား... ဒီကကုမ္ပဏီနဲ့ရောဆွေးနွေးပြီးသွားပြီလား"

"ပြီးပြီမ'... မနေ့ကရောက်ရောက်ချင်းပဲသွားတွေ့လိုက်တာ... နောက်လမှာစလုပ်ဖို့စီစဉ်ထားတယ်"

"ဪ... ရန်ကုန်မှာပဲလားမောင်"

"ဟင့်အင်း မဟုတ်ဘူးမ'... ကလောမှာ"

"ကလောမှာ..."

မောင့်စကားကိုသံယောင်လိုက်ကာပြောမိတော့ ခေါင်းလေးညိတ်ပြသည်။

"ဟုတ်တယ်မ'... ကလောမှာ"

"....."

"မ..."

သံရှည်ဆွဲကာခေါ်လာသောမောင့်အသံမှာ တစ်စုံတစ်ခုကိုပြောချင်နေပုံရသည်။ မောင့်ကိုပြုံးပြရင်းမေးငေါ့ကာ ပြောဆိုသည့်သဘောကိုပြမိတော့ အင်တင်တင်လုပ်ကာ မျက်လုံးတွေကဂနာမငြိမ်တော့။

"ဘာလဲမောင်ရဲ့... မောင်ဘာပြောစရာရှိနေလို့လဲ ပြောလေ"

"မ... ဟိုဟာလေ"

"အင်း"

အ,ထစ်အ,ထစ်ဖြစ်နေသောမောင့်စကားနောက်သံယောင်လိုက်ပေးရင်း ကိုယ့်စိတ်ဝင်စားမှုအလုံးစုံသူ့ဆီမှာရှိကြောင်း သူ့မျက်လုံးတည့်တည့်ကိုစိုက်ကြည့်လို့ဖော်ပြမိသည်။ ဘယ်လိုအကြောင်းအရာတွေကများမောင့်ကိုတွန့်ဆုတ်သွားအောင်လုပ်နေရပါလိမ့်။

"မ'နားထောင်နေတယ်လေမောင်"

စက္ကန့်ပိုင်းမျှငြိမ်သက်နေသောမောင့်ကိုအသိပေးသလိုပြောလိုက်မိတော့မှ တိုးတိတ်တိတ်အသံလေးထွက်လာတော့သည်။ ဒီစကားပြောဖို့မောင်ဘယ်လောက်တောင်အားတင်းထားရသလဲလေ။

"မ... သားသူနဲ့တွေ့ခဲ့တယ်"

မောင့်အသံမည်မျှတိုးနေသလဲဆို အနားကပ်ထိုင်နေသောသူမပင်မနည်းအားစိုက်ကာနားထောင်နေရသည်။ စိတ်လှုပ်ရှားတိုင်းပြောင်းသွားတတ်သောနာမ်စားလေးဟာ ဒီစကားပြောဖို့မည်မျှအားစိုက်ထားရသလဲသိသာစေသည်။ သူမမေ့နေခဲ့တာပါ မောင့်ကိုဒီလိုဖြစ်အောင်လုပ်နိုင်တာတစ်ယောက်ပဲရှိတယ်ဆိုတာ...။

"အင်း ဘယ်လိုတွေ့ခဲ့တာလဲမောင်"

"ဟို... ဟို သူကသားတို့နဲ့အလုပ်တွဲလုပ်မယ့်ကုမ္ပဏီကMDတဲ့"

"ဘယ်လို"

ဘယ်လောက်တောင်ဆန်းကြယ်လိုက်တဲ့ကံတရားလဲလေ။ တစ်နိုင်ငံတည်းမှာနေတာမို့ တစ်ချိန်မဟုတ်တစ်ချိန်မှာတော့ထိပ်တိုက်ဆုံနိုင်ပေမယ့် အခုလောက်ထိမြန်မြန်ဆုံဖြစ်သွားလိမ့်မယ်လ့ိုတော့သူမတစ်ခါမှမတွက်မိပေ။

"ပြီးတော့ ဟို သားတာဝန်ယူထားရတဲ့ဒီဇိုင်းက သူ... သူဆွဲထားတဲ့သူ့ကိုယ်ပိုင်ဒီဇိုင်းတဲ့မ' "

သူမဘာပြန်ပြောလို့ပြောရမယ်ပင်မသိတော့။ အခုလောက်ထိတိုက်ဆိုင်ဖို့တော့ကောင်းသလား။

အံ့ဩပြီးဘာစကားမှထွက်မလာနိုင်သေးသောအခြေအနေဟာ တစ်ချိန်လုံးခေါင်းလေးငုံ့ပြီးပြောနေသောမောင့်မျက်နှာလေးပြန်မော့လာမှပင် မနည်းပြန်ထိန်းလိုက်ရသည်။ သူမတောင်ဒီလောက်ဖြစ်သွားခဲ့ရင် မောင်ရော... မောင်ဆိုဘယ်လောက်တောင်တုန်လှုပ်ခဲ့လိမ့်မလဲ။ မောင်ကသူမထက်သူ့ရင်ထဲကခံစားချက်ကိုပိုသိရှိသူမဟုတ်ပါလား။

"အဲ့ အဲ့တော့မောင်... မောင်အဆင်ပြေရဲ့လား"

ဒီလောက်ထိန်းနေသည့်ကြားကထစ်သွားသည့် သူမကိုယ်သူမစိတ်ထဲကဆဲလိုက်မိသည်။

"မနေ့ကတော့အဆင်ပြေခဲ့တယ်မ'... ဟို သားစိတ်ကိုသားထိန်းနိုင်ခဲ့တယ်"

"....."

"တကယ်လို့လေ တကယ်လို့နောက်တွေ့ပါများလာလို့ သားကိုယ်သားမထိန်းနိုင်ခဲ့ရင် သားဘာလုပ်ရမလဲဟင် မ"

မိဘမသိအောင်ခိုးလုပ်ထားတဲ့ကိစ္စအတွက် မေမေသိသွားရင်သားဘာလုပ်ရမလဲဆိုပြီးအကူအညီတောင်းခံနေသည့်ကလေးငယ်လေးလို မျက်နှာငယ်လေးနှင့်မေးလာသောမောင်ဟာသနားဖွယ်အတိ။ ဒီလောက်အချိန်တွေကြာခဲ့တာတောင်မှမောင်ဟာ...။

"မောင်က ကလောမှာနေရမယ်မဟုတ်လား... သူကရန်ကုန်မှာလေမောင်ရယ်... မောင်တို့မတွေ့နိုင်ပါဘူး"

"သားတာဝန်ယူထားရတာ သူ့ဒီဇိုင်းလေ မ"

ဟုတ်သားပဲ ဘယ်လိုတောင်အစီအငေါ်မတည့်တဲ့စကားတွေကိုပြောနေမိခဲ့တယ်မသိ။ ဒီကလေးလေးတုန်လှုပ်နေပုံကိုမြင်လိုက်ရတာနဲ့သူမပါတုန်လှုပ်သွားဖို့မကောင်း။ မောင့်မှာတိုင်ပင်စရာဆိုလို့ သူမပဲရှိတာမဟုတ်ပါလား။

"ဟို မောင့်ကုမ္ပဏီကို"

မောင့်ကုမ္ပဏီဘက်ကိုအကျိုးအကြောင်းပြောပြပြီးငြင်းလိုက်ပါလားလို့ပြောမည့်စကားဟာ လေထဲမှာတင်ရပ်တန့်သွားခဲ့သည်။ မောင်ဘယ်လောက်ကြိုးစားခဲ့ရလို့ဒီနေရာကိုရခဲ့တာလဲ သူမအသိပဲလေ။ ထို့ကြောင့် ထိုသို့ပြောမထွက်ရက်။ ဒါဟာ မောင်ကိုယ်တိုင်ဦးစီးရသည့်ပထမဆုံးproject။

"မ'ကိုကြည့်စမ်းမောင်"

"....."

"မောင်ကြိုးစားမကြည့်ချင်ဘူးလား"

"ဟင်"

"မောင့်ခံစားချက်တွေနောက်ကိုလိုက်ကြမလား"

သူမစကားကြောင့် ကော်ဖီရောင်မျက်ဆံလေးတွေကိုဝန်းရံထားတဲ့မျက်လုံးဝိုင်းဝိုင်းတစ်စုံဟာ သာမန်ထက်ပို၍ဝိုင်းစက်နေခဲ့သည်။ မောင့်ကိုသေချာစိုက်ကြည့်ရင်း သူမစကားဆက်လိုက်မိသည်။

"တစ်ခါလောက် မောင့်စိတ်အလိုကျ မ'တို့လိုက်ကြည့်ရအောင်... ဘာဘောင်ခတ်မှုမှမပါဘဲ မောင့်နှလုံးသားကခိုင်းစေချက်အတိုင်းမောင်လုပ်ကြည့်ပါလား ဟင် မောင်"

"မဖြစ်ဘူးမ'ရဲ့... အဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ ဟင့်အင်း မဖြစ်ဘူး... အဲ့လိုလုပ်လို့လုံးဝကိုမဖြစ်ဘူးလေမ'ရယ်"

ခေါင်းရောလက်ပါတစ်ပြိုင်တည်းခါရင်းငြင်းဆန်နေသောမောင်ဟာ သူ့အတွက်သူတွေးပြီးထိုသို့လုပ်လိုက်တာမဖြစ်နိုင်မှန်းသူမသိသည်။ တစ်ခါလောက် မောင့်အစစ်အမှန်အတိုင်းဖြစ်စေချင်တယ်မောင်ရယ်...ဘာကိုမှထည့်မတွက်ဘဲပေါ့။

.
.
.
.
.
.
.
.
.
.
.
.
.
.
.

Contactထဲကနံပါတ်လေးတစ်ခုကို ဖွင့်ကြည့်လိုက် ပြန်ပိတ်လိုက်လုပ်နေတာဘယ်နှခါမြောက်ရှိနေပြီမှန်းဒီရေမသိတော့။

Contact nameလေးကြည့်ရင်းပြုံးနေမိတာလည်းအခါခါ။ ထိုနာမည်လေးကိုကြည့်နေရင်း ဟိုနေ့ကဖုန်းနံပါတ်တောင်းသည့်အချိန်ကိုပြန်မြင်ယောင်လာတော့သည်။

"ဖုန်းနံပါတ်"

အလုပ်အကြောင်းဆွေးနွေးနေတုန်း ရုတ်တရက်ထပြောလိုက်သောကျွန်တော့်စကားကို နားမလည်ဖြစ်သွားပုံပင်။ ကြောင်တောင်တောင်လေးလာကြည့်နေတော့သည်။

"ဟို ဖုန်းနံပါတ်... မင်းဖုန်းနံပါတ်လို့"

"ဘာလုပ်ဖို့တုန်း"

"ဖုန်းနံပါတ်တောင်းပါတယ်ဆိုမှ ဆက်ဖို့ပေါ့ကွ"

"ဖုန်းဆက်စရာအကြောင်းမှမရှိတာ"

အား ငါအသည်းယားလာပြီနော်တေးပိစိ။

ကျွန်တော့်စကားတိုင်းကိုတွေဝေခြင်းမရှိ ဒက်ခနဲ ဒက်ခနဲပြန်ပက်နေသောကောင်ငယ်လေးအားကြည့်ကာ လူကအသည်းယားလာတော့သည်။ ဆွဲနမ်းလိုက်ရငါမကောင်းရှိတော့မယ်။

"ဘာလို့မရှိရမှာလဲ ရှိတာပေါ့... အလုပ်အကြောင်းပြောချင်တဲ့အခါကျ မင်းကိုဘယ်လိုဆက်သွယ်ရမလဲ"

"အခုတစ်ခါတည်းအပြီးပြောမယ်လေ"

"အခုကအကျဉ်းချုပ်ဆွေးနွေးတာလေ... ကိုယ့်designကို မင်းဆောက်နေရင်း ကိုယ်စိတ်အလိုမကျတဲ့အခါပြောဖို့ ကိုယ်ကမင်းဆီတကူးတကလာပြောရမှာလား မင်းသိပါတယ် ကိုယ့်ဒီဇိုင်းရဲ့မြေနေရာကဘယ်မှာလဲဆိုတာ"

ဒီဇိုင်းဆွဲပြီးခါစ ဘယ်မှာဆောက်ရမလဲမြေနေရာရှာတုန်းက ကလောကိုရွေးမိသွားတာတဲ့ကိုယ့်စိတ်ကိုပထမဆုံးအကြိမ်ချီးကျူးလိုက်ခြင်းပင်။ အခုလိုအခြေအနေမျိုးမှာဒီကလေးကိုပေးဖို့အကြောင်းပြချက်ကောင်းမဟုတ်လား။ ကျွန်တော်စကားကြောင့်ခဏစဉ်းစားသွားပုံ တစ်ချက်ငြိမ်သွားပြီးမှ စကားပြန်ပြောသည်။

"သုံညကိုး........."

ဖုန်းနံပါတ်ပြောပြတာလား rapရွတ်သွားတာလား မသဲကွဲလိုက်။ သူ့လေယူလေသိမ်းကစအလွတ်ရနေတဲ့ကျွန်တော့်ကြောင့်သာ သူ့ဖုန်းနံပါတ်ကိုအမှီလိုက်မှတ်နိုင်လိုက်ခြင်းပင်။ ထိုသို့တွေးမိတော့ လူကအသားလွတ်ဂုဏ်ဆာမိပြန်သေးသည်။

"ကိုယ့်ဖုန်းနံပါတ်"

"မလိုဘူး ကျွန်တော်ပြောစရာရှိရင်ခင်ဗျားရုံးဖုန်းကိုဆက်လိုက်လို့ရတယ်"

ကျွန်တော့်စကားကိုအဆုံးထိအပြောမခံ ကြားဖြတ်ပြောလိုက်သော ကလေးပိစိကိုပိတ်ရိုက်ပစ်ချင်စိတ်ကထောင်းခနဲ။ လောလောလတ်လတ်မှတ်ထားတဲ့ဖုန်းနံပါတ်လေးဆီအကြည့်ရောက်မိသွားလို့သာ သူ့ကိုဂရုမထားမိတော့တာ။

❤My Heartbeat❤

နှုတ်ခမ်းလှုပ်ရုံရေရွတ်မိတော့ သူ့ကိုလွမ်းစိတ်ကထိန်းလို့မရတော့။ ထိုနေ့တွေ့ပြီးကတည်းကမတွေ့ရတော့တာ ဒီနေ့အပါအဝင် ငါးရက်ရှိပြီမဟုတ်လား။

အခုပဲဖြစ်ဖြစ် အသံလေးမှမကြားရရင်ရူးသွားတော့မယ့်အနေအထားမှာရောက်နေတာမို့ ခုနကတစ်လျှောက်လုံးစဉ်းစားခဲ့တဲ့ ဆက်ရင်ကောင်းမလား၊ အနှောင့်အယှက်ဖြစ်သွားမလားဆိုတဲ့မေးခွန်းတွေနေရာမှာ ဆက်လိုက်ရင်မရူးတော့ဘူးဆိုတဲ့အဖြေကဝင်ရောက်လာသည်မို့...။

တူ...တူ.........တူ

'လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါ၍.....'

အမ် ဘာလို့မကိုင်တာပါလိမ့်။

တူ...တူ.........တူ

'လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါ၍.....'

ငါ့ဖုန်းမှန်းသိလို့မကိုင်တာလား။ နောက်တစ်ခေါက်ထပ်ခေါ်ကြည့်ဦးမယ်။

တူ...တူ.........တူ

'လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါ၍.....'

ဘာလို့လဲတေးတေးရာ။ သုံးခါရှိပြီခေါ်နေတာ၊ ဝင်ရက်နဲ့မကိုင်ဘူး။ ငါ့ဖုန်းမှန်းသိလို့လား။ ဒါမှမဟုတ် တစ်ခုခုများဖြစ်နေလို့လား။ ကိုယ့်အတွေးနှင့်ကိုယ်လူကပူလောင်လာသည်။ မဟုတ်လောက်ပါဘူးဟု စိတ်ကိုအခါခါတင်းလို့ လက်ကအဆက်မပြတ်လှုပ်ရှားနေမိတာက ကိုင်သူမဲ့နေတဲ့ဖုန်းလေးကိုခေါ်ဖို့။

"ဖုန်းကိုင်ပါကွာ"

တတူတူမြည်သံတွေကြား ကိုင်သူမဲ့နေတဲ့ဖုန်းလေးဟာဘယ်လောက်တောင်အထီးကျန်နေမလဲမသိ။

"တေးတေး plz... ဖုန်းကိုင်စမ်းပါကွာ... ကိုယ်စိတ်ပူလို့ရူးတော့မယ်"

ပါးစပ်ကလည်းအဆက်မပြတ်ရွတ်ရင်း ဖုန်းကိုလည်းမနားတမ်းခေါ်နေမိသည်။

တူ....တူ..........တူ

"ဘယ်သူတောင်းစားတုန်း... အားနေယားနေလို့ဖုန်းခေါ်ချင်ရင်လည်းတခြားဖုန်းကိုခေါ်... လူအိပ်ချိန်ကွ မင်းလူလိုနားမလည်ဘူးလားဟေ့ကောင်ရ ဟမ်"

အမ်....။ ဖုန်းကိုင်သွားလို့အပျော်လွန်ပြီးခဏဆွံ့အ,နေမိတဲ့အခိုက်အတန့် တရစပ်ထွက်ပေါ်လာသောအိပ်ချင်မူးတူးအသံလေးကြောင့် ဖုန်းကိုနားမှခွာလို့ နာရီကြည့်လိုက်မိသည်။

'2:19(AM)'

ဟိုက် အဲ့တာမှမိုးကြိုးအစင်းလိုက်ပစ်ချတာ။ ကိုယ်သူ့ကိုအလွမ်းလွန်စိတ်နဲ့ဖုန်းကောက်ခေါ်မိတာအချိန်တောင်မကြည့်လိုက်မိ။ သူ့ကိုဖုန်းဆက်ဖို့စတွေးမိတုန်းကည၉နာရီလောက်ပဲရှိသေးတာမို့ အခုလောက်ထိနောက်ကျသွားလိမ့်မယ်လို့မထင်ခဲ့။ ဖုန်းဆက်ဖို့ မဆက်ဖို့လွန်ဆွဲခဲ့တာ ၅နာရီလောက်တောင်ကြာသွားသတဲ့လား။ မင်းအကြောင်းတွေးလိုက်တာနဲ့ ကိုယ့်မှာနာရီတွေကိုတောင်မေ့လို့ပါကွာ။

"ဟေ့ကောင် မင်းဖုန်းခေါ်ပြီး အ,နေလား ဟမ် စကားပြန်ပြောလေ... တောင်းပန်ဖို့အစီ"

"တေးတေး"

ကိုယ့်ဘာသာအတွေးလွန်နေခိုက် ထပ်ထွက်လာသောခပ်စူးစူးအသံလေးကြောင့်သတိပြန်ဝင်လာမိသည်။ သူ့စကားကိုဖြတ်ကာ အသံတိုးတိမ်တိမ်လေးနှင့်သူ့နာမည်ကိုခေါ်လိုက်မိတော့ ခနတာပျောက်ကွယ်သွားသောအသံစူးစူးလေး။

"ဒီ... ရေ... သဏ္ဌာန်... လား"

တစ်လုံးချင်းစီထွက်ကျလာသောအသံတိုးတိုးလေးမှာ ကျွန်တော့်နှလုံးသားတစ်စုံလုံးပျော်ဝင်နေပါတယ်ဆို ကျွန်တော်လိမ်တာမဟုတ်ရပါ။

"အင်း တေးတေး"

"မင်းကဒီချိန်ကြီးဘာလို့ဖုန်းဆက်တာလဲ..."

"အဲ့တာက ဟို... ဟိုလေ"

"တစ်ခါခေါ်လို့မကိုင်ရင် ဆက်မခေါ်နဲ့တော့လေ... ဘာလို့သေမလိုတွေခေါ်နေတာလဲ"

ခပ်ဆတ်ဆတ်ထွက်လာသောအသံနေအသံထားအရ မည်မျှစိတ်တိုနေပြီမှန်းသိလိုက်ရတာမို့ မိမိအသံကိုအဆုံးထိလျှော့ချလို့ သနားစဖွယ်ဖြစ်အောင်ပြောလိုက်မိသည်။

"မင်းများတစ်ခုခုဖြစ်နေလားလို့..."

"....."

"ဟို မင်းတစ်ခုခုဖြစ်နေလားလို့စိတ်ပူသွားလို့"

အဲ့သူတောင်းစား အဲ့လောက်ထိတုံးရသလား။ သူ့မှာနာရီမရှိဘူးလား။ ဒါမှမဟုတ် မျက်လုံးကန်းနေသလား။ လူအိပ်ချိန်မှန်းဘာမှန်းမသိရအောင် အဲ့ကောင်ကရူးနှမ်းနေလို့လား။

စိတ်တိုတိုနှင့်ကာရန်အော်ပစ်လိုက်မိသည်။

"ရူးနေလား... မင်းရူးနေလို့အဲ့လိုတွေးရတာလား... ဘယ်နှနာရီရှိမှန်းရောမင်းမသိဘူးလား"

"ဟို... အဲ့တာက"

သူပြောလိုက်တော့ အ,ထစ် အ,ထစ်နှင့်ထွက်လာသောစကားလုံးများအရ ထိုလူသားနာရီမကြည့်ထားကြောင်းသိလိုက်မိသည်။

"ဘာလို့ဖုန်းဆက်တာလဲ... ဒီချိန်ထိမအိပ်သေးဘဲဘာလုပ်နေတာလဲ"

"လွမ်း...လို့"

"....."

"မင်းကိုလွမ်းလို့"

သူ့စကားအဆုံး တစ်ကိုယ်လုံးမှာရှိသမျှသွေးကြောများပြောင်းပြန်စီးဆင်းသွားသယောင်။ ဖုန်းကိုင်ထားသောလက်ဟာ ပေါ့ပေါ့ပါးပါးဖုန်းလေးကိုပင်ထိန်းနိုင်စွမ်းမရှိတော့၊ နားနဲ့ဖုန်းနဲ့လွတ်သွားတော့သည်။ ဆက်တိုက်မြန်လာသောနှလုံးခုန်သံများကြောင့်အသက်ရှူလည်းမဝတော့။ အိပ်နေရာမှထထိုင်လို့ အောက်ဆီဂျင်ပြန်ရရန်မနည်းကြိုးပမ်းနေရသည်။ စကားမပြောတတ်တဲ့အကောင်ကြောင့် အထဲကကောင်ကလည်းအလိုက်ကမ်းဆိုးမသိဆက်တိုက်ကိုခုန်နေတော့သည်။

"Hello တေးတေး... Hello ကြားရလားတေးတေး"

တစ်ဖက်မှဆက်တိုက်ထွက်လာသောအသံများကြောင့် အသက်ကိုဝဝရှူရင်းအသံမတုန်အောင်ထိန်းကာ စကားပြန်ပြောရသည်။

"အင်း"

"တော်သေးတာပေါ့ ဖုန်းချသွားပြီထင်တာ"

အဲ့လိုထင်ရအောင်မင်းကအရူးလား။ ဖုန်းချသွားတယ်မချဘူးဆိုတာမကြည့်တတ်တော့လောက်အောင်ထိ မင်းအ,နေရအောင် အခုမှဖုန်းသုံးဖူးတဲ့သူလည်းမဟုတ်ဘူး။

"မင်းမနက်ဘာscheduleမှမရှိဘူးလား... ဒီလိုအဓိပ္ပါယ်မဲ့အလုပ်တွေလျှောက်လုပ်နေရအောင်"

"ငါ့အတွက်ဘယ်လောက်ထိအဓိပ္ပါယ်တွေပြည့်ဝနေလဲမင်းမသိပါဘူးတေးတေးရာ"

ခပ်အေးအေးပြောလာသောသူ့အသံကြောင့်လည်း ရင်ဘတ်ထဲကကောင်ကပရမ်းပတာခုန်ပေါက်နေပြန်သည်။ မင်းလည်းအဓိပ္ပါယ်မရှိတာတွေတော်တော်လုပ်။

"အေး ငါမသိလည်းပြီးတာပဲ အိပ်ချင်နေပြီဒါပဲ"

"မင်းမျက်လုံးကြောင်သွားပြီမဟုတ်လား"

ဒါလည်းမင်းသိနေပြန်တာလားသဏ္ဌာန်ရာ။ အဲ့လောက်ထိငါ့အကြောင်းကိုသိမနေစမ်းနဲ့။ ငါ့အတွေးတွေးမှားကုန်ရင်ဘယ်သူ့အတွက်မှကောင်းမှာမဟုတ်ဘူးဆိုတာမင်းသိလား။

"ဟို ငါသီချင်းဆိုပြမယ်လေ"

အခုငါ့ကိုချော့သိပ်မယ်လို့ပြောနေတာလားဒီရေသဏ္ဌာန်။ ငါလောဘတွေတက်လာအောင်မလုပ်စမ်းနဲ့အကောင်စုတ်ရဲ့။

"မင်းမိဘတွေအိပ်နေပြီမဟုတ်လား"

အားးး ငြင်းလိုက်ရမှာလေတေးကာရန်ပိုင်ရာ။ ဘာတွေသွားပြောနေတာလဲကွ။ မင်းငြင်းလိုက်ရမှာလေ။ အခုလိုပြောရမှာမဟုတ်ဘူးလေကွာ။

"ငါ့အိမ်ကအခန်းတိုင်းကအသံလုံတယ်လေကွာ"

သူ့အဖြေအဆုံးမှာသိသိသာသာပျော်သွားသောကိုယ့်စိတ်ကိုယ်သိလိုက်သည်။ ဒီလောက်ထိန်းနေတဲ့ကြားက လွတ်လွတ်ထွက်ချင်နေတဲ့စိတ်တွေကြောင့်လည်း ပင်ပန်းရပါ၏။ အခုလိုဖုန်းထဲကအသံလေးကြားရုံနဲ့တောင် ထိန်းမနိုင်သိမ်းမရဖြစ်နေတာ လူချင်းတွေ့ကြတဲ့အခါ...။

"နားထောင်နော်တေးတေး"

ဒီတစ်ခါပဲ။ ဒီတစ်ခါပဲစိတ်ကိုအလိုလိုက်ပါ့မယ်။ အရမ်းကြားချင်နေခဲ့တဲ့အသံလေးမို့ ဒီတစ်ခါတော့စိတ်လွတ်လက်လွတ်နားထောင်ခွင့်ပေးပါ။ ဒီသီချင်းဆုံးတာနဲ့ကိုယ့်စိတ်ကိုအပြီးသတ်ချုပ်ထိန်းပါ့မယ်။

Introဝင်လာတဲ့ ဂစ်တာသံလေးကြားတာနဲ့တင်လူကဝမ်းနည်းလာမိသည်။ ခုနစ်နှစ်ကျော်အကြာမှာပြန်နားထောင်ရသော သူ့ရဲ့သီချင်းသံ။ သူကိုယ်တိုင်ဆိုပြတဲ့ကိုယ်တစ်ယောက်တည်းသာကြားနိုင်တဲ့သီချင်းသံ။

ဝေးနေခဲ့တဲ့ဒီကြားထဲကာလတွေမှာသူ့သီချင်းတွေနားမထောင်ခဲ့ဘူးဆိုလိမ်ရာကျပေလိမ့်မည်။ ထွက်သမျှသီချင်းခွေတိုင်းရဲ့ သီချင်းအပုဒ်စေ့ကိုmusic favourite listထဲထည့်ကာနားထောင်ခဲ့သည်။ interviewတိုင်းကိုကြည့်လို့ သူ့ကိုလွမ်းသမျှထိုနည်းနဲ့သာဖြေသိမ့်ခဲ့ရသည်ကို မိမိကိုယ်မိမိသာလျှင်အသိဆုံး။ interviewတိုင်းကတော့ အလွမ်းပြေခဲ့သည်မဟုတ်၊ တချို့interviewတွေဆိုအနာပေါ်ဆားသိပ်သကဲ့သို့ ဆိုးဆိုးရွားရွားခံစားခဲ့ရသည်။

သူ့သီချင်းကိုပဲဆိုပြမည်ဟုထင်ခဲ့တဲ့အတွေးဟာ ဂစ်တာintroသံကိုသေချာနားထောင်မိချိန်မှာ မိမိအတွေးမှားသွားမှန်းသိလိုက်ရသည်။

>> အပြုံးနဲ့မှေးစက်တော့ချစ်သူရေ...

>> ထပ်ပြီးတော့မဝေးတော့ဘူး... ငြိမ်းချမ်းလှပတဲ့ကိုယ့်အချစ် များစွာ ယူ....

>> အလွမ်းများကြောင့်ကျခဲ့တဲ့မျက်ရည်တွေ... ဒီအချိန်မှာတိတ်လိုက်တော့....

>> မျှော်လင့်ခဲ့ရတဲ့အချစ်ညလေး အတူတူရောက်ရှိခဲ့ပေါ့ အတူရောက်ရှိခဲ့ပေါ့....

>> အပြာရောင်အချစ်ည မင်းလှမ်းကြည့်လိုက်စမ်း မိုးကောင်းကင်ထက် များတဲ့တို့အချစ်များ....

>> ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ... အပြာရောင်အချစ်ည ကမ္ဘာမှာ....

သူ့သီချင်းသံကြောင့် အိပ်ရာပေါ်မှပြတင်းဘက်ဆီမျက်နှာမူလို့ ခပ်ရေးရေးသာမြင်နေရတဲ့ကောင်းကင်ကိုမော့ကြည့်လိုက်မိသည်။ သီချင်းထဲလိုများဖြစ်နေမလားလိုတွေးမိတော့ ကြယ်ရောင်တွေမရှိဘဲ မဲမှောင်နေတဲ့ကောင်းကင်ကြီးကိုပဲမြင်ရတာ ကျွန်တော့်ရင်တွေမွန်းကြပ်လာခဲ့သည်။ ကျွန်တော်မေ့နေတာ ကျွန်တော့်အချစ်က ဘောင်မှမဝင်ဘဲဟာ။

>> သီချင်းလေးနဲ့ချော့သိပ်ချင်တယ်... ဒီရင်မှာအိပ်စက်တော့...

>> ပျောက်ဆုံးမသွားတော့မယ့်အချစ်ညလေး... ထာဝရသိမ်းထားလိုက်တော့ သိမ်းထားလိုက်တော့...

>> အပြာရောင်အချစ်ည မင်းလှမ်းကြည့်လိုက်စမ်း မိုးကောင်းကင်ထက် များတဲ့တို့အချစ်များ....

>> ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ... အပြာရောင်အချစ်ည ကမ္ဘာမှာ....

မင်းကတော့ဘယ်အဓိပ္ပါယ်နဲ့ဒီသီချင်းကိုဆိုပြတယ်မသိဘူး။ ငါကတော့မင်းအသံချိုချိုအောက်က သီချင်းစာသားတစ်ခုစီကိုလိုက်လို့ခံစားနေမိတာအရူးလိုပဲ။ ဒီသီချင်းလေးအတိုင်းသာဆိုရင်....။

>> အိပ်မက်တွေလှပစေ တို့ အချစ်ညလေး...

>> တောင်းဆုတွေပြည့်စေ တို့ အပြာရောင်ညလေး...

'အင့်'

"တေးတေး ဘာဖြစ်လို့လဲ..."

ဒီသီချင်းကိုနားထောင်မိတာနောက်ဆုံးအကြိမ်ပါ၊ ဒါပြီးတာနဲ့ ခံစားချက်အကုန်မြေမြှုပ်ပစ်လိုက်ပါမယ်ဆိုတဲ့အတွေးကြောင့် ရင်ဘတ်ထဲဆို့တက်လာသမျှ ပါးစပ်ကပါရှိုက်သံပါသွားခဲ့သည်။ သူမကြားသွားစေဖို့အလျင်အမြန်တောင်းဆုပြုမိသမျှ သီချင်းမဆုံးသေးဘဲရပ်သွားသောဂစ်တာသံက မိမိဆုတောင်းမပြည့်မှန်းအသိပေးသည်။

"ငိုနေတာလားတေးတေး... ဘာလို့လဲ ဘာလို့ငိုနေတာလဲ"

ပြာပြာသလဲအလောတကြီးမေးသံတွေကြား ကျွန်တော့်ရှိုက်သံတို့စိပ်လာခဲ့သည်။ ကျွန်တော်ကရှိုက်လေ သူကပျာယာခတ်လေနှင့် ထိုသံသရာစက်ဝန်းထဲတဝဲလည်လည်။ စကားပြောဖို့ငှါလုံးဝမစွမ်းသာတော့တဲ့အခြေအနေမှာ ဖုန်းချပစ်ဖို့လုပ်ရတော့သည်။ ဖုန်းမချခင်ကြားလိုက်ရတဲ့စကားသံဟာ လူကိုပို၍ကယောက်ကယက်ဖြစ်စေသည်။

"မငိုပါနဲ့ကွာ... ကိုယ်ရူးတော့မယ်ကောင်ငယ်ရ... ဘာလို့ငိုနေရတာလဲကွာ"

ငါ့အတွေးတွေနဲ့ ငါ့စိတ်ကိုငါတောင်ထိန်းမနိုင်ချင်တာ မင်းလေသံနဲ့မင်းစကားလုံးတွေက ငါ့ကိုမီးလောင်ရာလေပင့်နေသလိုပဲဆိုတာမင်းသိလား ဒီရေသဏ္ဌာန်။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

"ဟဲ့ ပြောစမ်းပါဦး ဒီinterviewမှာနင်ဘယ်လိုဖြေခဲ့တာလဲ"

ရုံးပိတ်ရက်ဖြစ်သည့်အပြင် recordingလုပ်ဖို့ပါမရှိတာမို့အိမ်မှာနားနေခိုက် ဖုန်းဆက်လာသောတုတုကြောင့် ဇွဲဆိုင်သို့ထွက်လာခဲ့ရသည်။ Free architectureတစ်ယောက်အဖြစ် လာအပ်သည့် designတွေဆွဲသည့်အပြင် bakeryဆိုင်လေးပါတွဲဖွင့်ထားသောဇွဲရဲ့ဆိုင်လေးသည် အတော်အသင့်လူကျသည်ဟုပြောရမည်။ အရသာကောင်းမွန်ရုံမက ရုပ်ချောဖော်ရွေလွန်းသောဇွဲကြောင့် သူ့ဆိုင်မှာပို၍နာမည်ရသည်။

ရောက်ရောက်ချင်းထိုင်ပင်မထိုင်ရသေး ဖုန်းထိုးပေးကာမေးလာသောတုတုအမေးအား မဖြေသေးဘဲအရင်ထိုင်လိုက်မိသည်။ လူစုံတွေ့ရသည်က တုတုရဲ့စနက်ဆိုတာလွဲမည်မဟုတ်။

"ဟာ ဘယ်လိုဖြေခဲ့တာလဲသိချင်ရင်အစအဆုံးကြည့်လိုက်လေ"

"မကြည့်ရသေးလို့ပြောတာမဟုတ်ဘူး ကြည့်ပြီးလို့ပြောတာ... အခေါက်ခေါက်အခါခါကြည့်ပြီးလို့မေးနေတာ"

တုတုနှင့်ကျွန်တော်သာစကားပြောဖြစ်ကြသည်။ ကျန်သည့်သူများကပွဲကြည့်ပရိတ်သတ်ပမာ ကျွန်တော်တို့နှစ်ယောက်ကိုသာဝိုင်းကြည့်နေကြတော့သည်။

"ကြည့်ပြီးပြီဆိုငါ့ကိုမေးစရာဘာရှိသေးလို့လဲ"

"D... နင်ဝေ့လည်ချောင်ပတ်လုပ်မနေနဲ့... ငါဘာမေးလဲနင်သိတယ်"

"ကဲ အဲ့တာဆိုငါဖြေမှာနင်မသိလို့လား"

"D" ဟု ပိတ်အော်လိုက်သောတုတုကြောင့် ကျန်သည့်သုံးကောင်လန့်သွားကြပုံ။ ကျွန်တော်ကတော့ဖြုံပင်မဖြုံ။

"တုတုrelax... အေးဆေးပြောကြတာပေါ့ဟာ နော်"

"ငါအေးဆေးပြောနေတာလေ အဲ့ကောင်ကတမင်ဂျစ်နေတာနင်မမြင်ဘူးလား"

တုတုအားစိတ်အေးအေးထားရန်ဝင်ပြောသောအလင်းအား တုတုရန်ရှာနေတော့သည်။ ဘာမဟုတ်တာလေးကို ဒီတုတုမဘာဖြစ်နေတယ်မသိ။

"အင်း အခုနင်ကဘာသိချင်တာလဲပြောတု"

"ဒီinterviewထဲမှာပြောထားတာဘယ်သူ့ကိုလဲ"

"ဘာများလဲလို့... ငါ့ချစ်ရသူကိုပေါ့ဟ"

"Okok... ငါဘယ်လိုမေးမေးနင်ဖြေမှာမဟုတ်မှန်းငါသိပြီ ငါသွားပြီ ဘိုင့်"

ကျွန်တော့်စကားကြောင့် စိတ်ပျက်သလိုလုပ်ပြကာထထွက်သွားသောတုတု။ မိန်းကလေးပေမယ့် စိတ်မြန်လက်မြန်ရှိသူမို့ ဘယ်သူမှမတားလိုက်နိုင်။ ပြီးတော့ တုတုဒေါသကိုလည်းသိကြသည်မဟုတ်လား။

"မင်းတို့ရော ဘာသိချင်သေးလဲ"

"မင်းတစ်ခုခုအဆင်မပြေတာရှိလို့လားဒီရေ"

ကျွန်တော့်အမေးကိုအမေးဖြင့်ပြန်တုန့်ပြန်လာသောစေ့စကားကို ထောက်ခံသယောင် အလင်းနှင့်ဇွဲကခေါင်းညိတ်ပြကြသည်။

"မရှိပါဘူးကွာ"

"ငါတို့ကသူငယ်ချင်းတွေဆိုတာသိတယ်မို့လား... ဘာမဆိုတိုင်ပင်လို့ရတယ်နော် မင်းယုံကြည်ရင်ပေါ့"

စေ့စကားကထိသည်။ ကျွန်တော်အခုဖြစ်နေတာကိုပြောပြချင်ပေမယ့်မပြောပြရဲ။ သူတို့တွေကျွန်တော့်ကိုမုန်းသွားမှာအလွန်စိုးပါသည်။ လောကမှာမိတ်ဆွေစစ်ဆိုတာရှားတယ်မဟုတ်ပါလား။ ကျွန်တော်ပိုင်ဆိုင်ထားသောအဖိုးတန်ရတနာများကိုမဆုံးရှုံးချင်ပါ။ ကျွန်တော်အတ္တကြီးပါရစေ။

"မဟုတ်ပါဘူးကွာ... ငါမင်းတို့ကိုယုံပါတယ် အခုကငါနည်းနည်းစိတ်ရှုပ်နေလို့ပါ"

ကျွန်တော်ပြောပြတော့လည်း အားပေးသည့်သဘောဖြင့် ပခုံးကိုခပ်တင်းတင်းဆုပ်ကိုင်ရင်းfightingဟုလာပြောနေကြသည်။ တုတုလိုဘာဖြစ်နေလဲ ဘာညာအတင်းမမေး၍ နေရထိုင်ရတာသက်သာသည်ဟုပင်ပြောရမည်။

အခုတလောရှုပ်ထွေးနေသောစိတ်ဟာထိုအနှီလူသားလေးကြောင့်။ ဟိုတစ်နေ့ကကျွန်တော်တို့ဖုန်းပြောပြီးကတည်းကခုထိအဆက်အသွယ်မရ။ ငိုရင်းရှိုက်ရင်းဖုန်းချသွားသည်မို့ ဘာများဖြစ်လို့လဲဟုစိတ်ပူရသည်ကလူကိုရူးသွားစေနိုင်လောက်သည်အထိ။ ထိုအချိန်ကတည်းကပိတ်သွားသောဖုန်းဟာ အခုထိဖုန်းဆက်တိုင်း စက်ပိတ်ထားပါတယ်ချည်းပြောနေတုန်း။ နောက်လမှစခွင့်ပြုထားသောprojectကိုအကြောင်းပြပြီးသွားတွေ့ရင်လည်း အတွေ့ခံမှာမဟုတ်မှန်းသိသည်မို့ ကိုယ်လုပ်စရာရှိတာဆက်လုပ်ရင်းသူ့ကိုလွမ်းရပါသည်။

သီချင်းဆိုပြချိန်ထိစကားပြောရတာအဆင်ပြေတုန်းပါ။ သီချင်းဆုံးခါနီးမှရှိုက်သံလေးထွက်လာတာကဘာလို့များပါလိမ့်။ ချစ်သူတွေဘာတွေများရနေပြီလား။ ကျွန်တော်သီချင်းဆိုပြနေတုန်းသူ့ချစ်သူကိုလွမ်းလို့ငိုသွားတာလား။ ထိုအတွေးတွေနဲ့ပူလောင်နေခဲ့ရသည်မှာယနေ့အထိ။

ချစ်ရတဲ့သူကိုပူပန်နေရသောစိတ်ဟာ မည်သူ့ကိုမှစိတ်မရှည်ပေးနိုင်အောင်ဖြစ်ရသည်။ အဲ့ဒီစိတ်ကြောင့်သာ တုတုကိုဘုတောပစ်လိုက်မိခြင်း။ တကယ်တမ်းပြန်တွေးတော့လည်းတုတုမှာအပြစ်မှမရှိဘဲဟာ။

"ဒါနဲ့ ငါတို့ကောင်ကြီးတကယ်စွံတော့မှာလား"

ဖုန်းလေးထောင်ပြကာမေးလာသောဇွဲစကားကိုခပ်ပြုံးပြုံးသာတုန့်ပြန်လိုက်မိသည်။ auto playလုပ်ထားသော videoဆီမှအသံတစ်စွန်းတစ်စဟာပျံ့လွင့်လို့...။

"Dရေ... ဒီတစ်ခါလည်းခါတိုင်းလိုပဲ Dအချစ်ရေးလေးပြောပြပါဦး"

Interviewerမမရဲ့ အသံအဆုံးကျွန်တော်ပြုံးနေမည်မှာအသေအချာ။

"သတင်းတွေကြားနေရတယ် Dမှာချစ်ရသူရှိနေပြီဆို"

"....."

"အယ် Dကမဖြေဘဲပြုံးနေပုံထောက်တော့ တကယ်လားD"

"ဟုတ်ကဲ့ခင်ဗျ... ကျွန်တော့်မှာချစ်ရသူရှိပါတယ်... ဒီတစ်ခေါက်တွေ့တာနဲ့ဖွင့်ပြောလိုက်ဖို့ဆုံးဖြတ်ထားပါတယ်ခင်ဗျာ"

"Woo တကယ်လားD... Dရဲ့ချစ်ရသူကဘယ်သူဘယ်ဝါပါဆိုတာ အရိပ်အမြွက်လောက်ဖြစ်ဖြစ်မပြောပြချင်ဘူးလား"

"ဟုတ်ကဲ့ မပြောပြချင်ပါဘူးခင်ဗျာ ဟား သူတောင်မသိရသေးတာ တခြားသူကိုသူ့အရင်ပေးသိလို့ဘယ်ကောင်းမလဲလေ နော့"

ထိုinterviewလေးဟာ တော်တော်လေးhotဖြစ်သွားခဲ့သည်။ အခုသူတို့သူငယ်ချင်းတွေကြားပြောစရာဖြစ်သွားခဲ့သလို တစ်စုံတစ်ယောက်ဆီ၌လည်း...။

.
.
.
.
.

ရက်အနည်းငယ်ကြာပိတ်ထားသောဖုန်းလေးကိုဖွင့်မိတော့ missed callပေါင်းများစွာဟာတတီတီမြည်သံနှင့်အတူဝင်လာခဲ့သည်။ တစ်ယောက်တည်းကသာခေါ်ထားသောmissed callများဖြစ်နေ၍ ကာရန်ပြန်မခေါ်တော့။ ခေါ်လို့လည်းမဖြစ်ဘူးမဟုတ်လား။ ထိုသူနှင့်အဆက်အသွယ်ပြတ်ချင်ခဲ့လို့ဖုန်းပိတ်ထားခဲ့မိသည်ပဲလေ။

တိုက်ရိုက်မဟုတ်တောင်သွယ်ဝိုက်သောနည်းဖြင့်တွေ့ချင်ခဲ့မိသောသူ့မျက်နှာကို fbဖွင့်ကာမျှော်လင့်မိပြန်သည်။ ဘယ်အချိန်လောက်မှထိုလူသားဆီကရုန်းထွက်နိုင်မည်မသိတော့။

NFအစမှာပေါ်လာသောinterviewလေးတစ်ခုက လူကိုများစွာဆွဲဆောင်နေခဲ့သောကြောင့်ကျွန်တော်ဖွင့်ကြည့်လိုက်မိသည်။ interviewခေါင်းစဉ်လေးကဘာပါလိမ့်၊ ချစ်ရသူရှိနေပြီဟု အတိအလင်းပြောကြားလာသောအဆိုတော်D...။

"အယ် Dကမဖြေဘဲပြုံးနေပုံထောက်တော့ တကယ်လားD"

"ဟုတ်ကဲ့ခင်ဗျ... ကျွန်တော့်မှာချစ်ရသူရှိပါတယ်... ဒီတစ်ခေါက်တွေ့တာနဲ့ဖွင့်ပြောလိုက်ဖို့ဆုံးဖြတ်ထားပါတယ်ခင်ဗျာ"

ထိုအစကားအဆုံးမှာ တုန်ယင်လာသောလက်တစ်စုံဟာဖုန်းကိုင်နိုင်စွမ်းမဲ့၏။ အိပ်ရာပေါ်ပက်လက်လှန်၍ လက်ကိုမြှောက်ကာဖုန်းသုံးနေသည်မို့ လက်ထဲကဖုန်းဟာ မျက်နှာပေါ်တည့်တည့်ပြုတ်ကျလာပါတော့သည်။

"အ နာလိုက်တာ"

နှုတ်ခမ်းထောင့်စွန်းပေါ်ပြုတ်ကျသည်မို့ ပါးစပ်ထဲပင်ငံကျိကျိအရသာကြီးခံစားလိုက်ရသည်။ မျက်လုံးထဲအရည်ကြည်တွေချက်ချင်းဝေ့လာတာ နှုတ်ခမ်းကအနာကြောင့်ဖြစ်မှာပါ။

"နာလိုက်တာကွာ အီးဟီးဟီး"

ဖုန်းလေးဘေးချလို့ချက်ချင်းထငိုနေသောထိုလူသား။ တကယ်ပဲသူပြောသလိုနှုတ်ခမ်းကဒဏ်ရာကြောင့်ငိုတာဟုတ်ရဲ့လား။ ရှိုက်ကြီးတငင်ငိုနေပုံထောက်ရင်တော့ အရမ်းနာလို့ပဲဖြစ်ရမည်။

စောင်ကိုခေါင်းထိဆွဲခြုံလို့ တစ်ဖက်လှည့်ကာကွေးလိုက်သည်ကပုစွန်ထုပ်လေးလို။ ထိုစောင်လုံးလေးဟာတလှုပ်လှုပ်နှင့်ရှိုက်သံတွေညံနေတော့သည်။

အင်း... သူအရမ်းနာသွားရှာမှာပေါ့
ဝဲဘက်ရင်အုံဆီက....။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

အခုဆိုကလောက သူ့siteလည်းစတင်အလုပ်လုပ်နေပြီဖြစ်သည်။ qualityပြည့်ဝသောပစ္စည်းစုံကိုတွေ့လိုက်ရတော့ သူ့စကားနားထောင်သားဟု ကြံဖန်တွေးမိပြန်သေးသည်။

အလုပ်စပြီဖြစ်ကြောင်း အသိပေးစာကလွဲလို့ကာရန်ထိုလူသားနှင့်မဆက်သွယ်မိ။ သူ့ဘက်ကဆက်သွယ်လာသည်ကိုလည်း အကြောင်းအမျိုးမျိုးပြပြီးရှောင်ခဲ့သည်။ ရူးရူးမိုက်မိုက်တွေးမိသောအတွေးတွေရှေ့မဆက်နိုင်အောင်လို့ interviewတစ်ခုကအဖြေကိုညတိုင်းကြည့်နေရသည့်သူ့အဖြစ်ကိုသူသာလျှင်အသိဆုံးမဟုတ်ပါလား။

"ဟာ ဆရာ... ဦးထုပ်မပါဘဲsiteထဲလှည့်နေတာလား... တစ်ခုခုဖြစ်သွားမှဖြင့်ဆရာရယ်... ရော့ ရော့ ကျွန်တော့်ဦးထုပ်ဆောင်းလိုက်ဆရာ"

"အာ မဟုတ်တာဦးလေးရယ်... ဦးလေးပဲဆောင်းထားပါခင်ဗျာ ကျွန်တော်ကခဏနေရင်ပြန်မှာ ဦးထုပ်ကမေ့နေခဲ့လို့ ဟီး"

Safetyဦးထုပ်မပါ၍ သူ့ဦးထုပ်ကိုချွတ်ပေးနေသောအလုပ်သမားဦးလေးကြီးအား အတင်းငြင်းဆန်ကာပြောလိုက်မိသည်။ ကိုယ်ကခနတဖြုတ်siteထဲလိုတာလိုက်စစ်နေတာ၊ သူတို့ကဒီsiteထဲမှာ အချိန်ပြည့်အလုပ်လုပ်နေရတာ ကျွန်တော့်ထက်သူတို့မှာအန္တရာယ်ပိုများတာမဟုတ်လား။ မဆောင်းရက်ပါဘူး အခြေခံအလုပ်သမားပေမယ့်သူတို့မှာလည်းအသက်အပိုပါတာမှမဟုတ်တာ။

အလုပ်စတဲ့ရက်ကလည်းတစ်ပတ်လောက်ပင်ရှိပြီမို့ ဒီကအလုပ်သမားအားလုံးနှင့်လည်းမိသားစုလိုပင်ဖြစ်နေပေပြီ။ siteတစ်လျှောက်လိုတာလိုက်စစ်ရင်းတွေ့သမျှသူအားလုံးကိုပြုံးပြဖြစ်သည်။

'အ'

ရှေ့မဲလျှောက်နေတုန်း အနောက်ဖက်ကနေလက်ကိုအဆွဲခံလိုက်ရသည်မို့ နာသွားကာအော်လိုက်မိသည်။ ဆုပ်ကိုင်ထားသောလက်တစ်ဖက်မှတစ်ဆင့် သူရှိရာဘက်မျက်နှာမူလိုက်သောသူကြောင့် ထိုသူကိုမြင်လိုက်ရတဲ့အခိုက်အတန့်...။

"ဘယ်လိုအင်ဂျင်နီယာလဲကွ ဟင် safety firstဆိုတာမေ့နေသလား... ဦးထုပ်မပါဘဲsiteထဲလျှောက်သွားနေရအောင် ကလေးလေးလား"

မျက်နှာချင်းဆိုင်ဖြစ်သွားသောအနေအထားမှာ ကျွန်တော့်ကိုဦးထုပ်ဆောင်းပေးရင်းခပ်အေးအေးဆိုနေသောထိုလူသားဟာ တကယ်ပဲကျွန်တော့်ရှေ့ရောက်နေခဲ့တာလား။

"အိပ်ပျော်နေတာလား"

ဦးထုပ်လျှာလေးကိုပုတ်ကာဆိုလိုက်သောထိုလူသားကြောင့် ယောင်နနနှင့်သူ့လက်ကိုဖယ်လိုက်မိသည်။

"အာ ဒီဦးထုပ်ပြန်ယူ"

အခုမှသတိဝင်လာသူလိုကယောင်ကတမ်းနဲ့သူဆောင်းပေးထားသောဦးထုပ်ကိုဆွဲချွတ်နေသော ကျွန်တော့်လက်ကိုဆုပ်ကိုင်ကာ ဆောင်းထားဟုပြောလာသောသူ့စကားအား ကျွန်တော်မငြင်းဆန်လိုက်မိ။ ခက်တော့တာပဲတေးကာရန်ပိုင်ရာ။

"Siteအခြေအနေလာကြည့်တာလား အခုမှ"

"မဟုတ်ဘူး မင်းဆီလာတာ"

"ဟင်"

ကျွန်တော့်စကားကိုဖြတ်ပြောလိုက်သော သူ့စကားကြောင့်အာမေဋိတ်သံသာထွက်သွားသောကျွန်တော့်အားစိုက်ကြည့်နေသောထိုလူသားကြောင့် လူကမလုံမလဲအကြည့်လွှဲလိုက်မိသည်။

"ကိုယ်နဲ့ တစ်နေရာလိုက်ခဲ့ပေး"

➳ ➳ ➳ ➳ ❀ ➳ ➳ ➳ ➳ ❀ ➳ ➳ ➳ ➳


Recommended song ~ အျပာ​ေရာင္​ည (မ်ိဳးႀကီး)

Continue Reading

You'll Also Like

264K 8.2K 69
ကိုယ်​သာ​နေကြာပန်းဆိုရင်​ မင်းက ​နေမင်း ညီ... ​နေကြာပန်းဆိုတာ ​နေမင်းကြီးရှိရာအရပ်​ကိုသာ မျက်နှာမူတယ်​.... ကိုယ်​လည်း.........
5.1K 152 18
🅻🅾🆅🅴 🅸🆂🅽'🆃 🆂🅾🅼🅴🆃🅷🅸🅽🅶 🆈🅾🆄 🅵🅸🅽🅳
8.7K 502 61
အတိတ်ကလှမ်းခဲ့တဲ့ခြေရာတွေကိုပြန်ရေတွက်ကြည့်တဲ့အခါ သူနဲ့အတူတူလှမ်းခဲ့တဲ့ခြေရာတွေက ပိုများနေလို့ သူ့ကိုသတိတောင်ရသွားတယ် အမြဲတမ်းအတူတူရှိခဲ့တဲ့ အဲ့ခြေရ...
37.8K 2.4K 29
မင္းကအင္းေရျပင္ႀကီးဆိုရင္ ကိုယ္ကမင္းနဲ႔ အၿမဲတမ္းမ်က္ႏွာခ်င္းဆိုင္ပဲရွိေနမယ့္ ေကာင္းကင္ျပာျကီးေပါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျ...