Just Only For You - 42

3.1K 249 158
                                    

#Zawgyi

"ကိုယ်​နဲ့ တစ်​​နေရာလိုက်​ခဲ့​ပေး"

ဘာလဲကွာ ဒီ​ကောင်​ရူး​နေလားပဲ။ မ​ပြောမဆိုနဲ့​ရောက်​လာပြီးထူးထူးဆန်းဆန်းစကား​တွေပဲလာ​ပြော​နေတယ်​။

"​တေး​တေး လာဆို..."

ပေကပ်​ကပ်​နှင့်​ရပ်​​နေ​သောကျွန်​​တော့်​လက်​ကိုလှုပ်​ရမ်းကာ​ခေါ်​နေပုံက မုန့်​လိုက်​ဝယ်​​ပေးရန်​ပူဆာ​နေ​သောက​လေး​လေးလို။ ဒီ​ရေသဏ္ဌာန်​ရဲ့အ​ချေimage​တွေဘယ်​နားထားခဲ့တယ်​မသိဘူး။

"၁... ၂... ၃ ​ရေလို့မှ​နေရာကမ​ရွေ့သေးရင်​ ကိုယ်​​ပွေ့ချီလိုက်​​တော့မှာ​နော်​​တေး​တေး"

"​ဟေ့​ကောင်​ မင်း"

"ကိုယ်​မလုပ်​ရဲဘူးထင်​သလား... စိန်​​ခေါ်ချင်​ရင်​စမ်းကြည့်​လိုက်​... ၁... ၂..."

"သွားမယ်​ သူ​တောင်းစား... လူကိုသူ့သားများမှတ်​​နေလားပဲ"

တကယ်​လုပ်​မယ့်​ပုံ​ပေါ်​နေ​သောထိုလူသား​ကြောင့်​သူ​ခေါ်ရာသို့လိုက်​သွားရန်​သာပြင်​လိုက်​မိသည်​။

သားသားနားနားဝတ်​၊ maskကြီးတပ်​ပြီး siteထဲ​ရောက်​လာ​သောထိုလူသားအား siteထဲမှအလုပ်​သမား​ပေါင်းစုံကစိုက်​ကြည့်​​နေသည်​မှာ ​မျောက်​ပွဲအလား။ ကျွန်​​တော်​နှင့်​စကားရပ်​​ပြော​နေသည့်​တ​လျှောက်​လုံးလည်းကွက်​ကြည့်​ကွက်​ကြည့်​လုပ်​​နေကြ​သေးသည်​။ ဒီထက်​ကြာလာရင်​ ထိုလူသားအားDဟုသိသွားမည်​စိုး၍လည်း သူ​ခေါ်ရာ​နောက်​သို့...။

"လိမ္မာတယ်​ ကိုယ့်​ပိစိက လာ..."

"ဖားကိုပိစိပါ့လား... မင်းအရပ်​နဲ့ငါ့အရပ်​အလွန်​ဆုံးကွာ၂လက်​မခွဲ​​လောက်​ပဲ"

"အဲ့၂လက်​မခွဲ​လည်း​ဟော့ဒီကကိုယ်​က ပိုတာပဲမို့လား... ဂျပုပိစိ​လေး လာ မြန်​မြန်​..."

"ဖယ်​ ငါ့လက်​ကိုလွှတ်​"

"Sorryကိုယ့်​ပိစိ... ဒီလက်​ကိုဘယ်​​တော့မှလွှတ်​​ပေးမှာမဟုတ်​​တော့ဘူး"

လက်​ကိုမလွှတ်​တမ်းခပ်​တင်းတင်းဆုပ်​ကိုင်​ထား​သော​ကောင်​ကလည်း ​စောက်​ချိုးမ​ပြေ၊ ရင်​ဘတ်​ထဲကတဒိန်းဒိန်းနှင့်​ထိုးခုန်​​နေ​သောအ​ကောင်​ကလည်း​စောက်​ချိုးလုံးဝမ​ပြေ။ ထိုအချိုးမ​ပြေတဲ့အ​ကောင်​နှစ်​​ကောင်​ကြား နှလုံးခုန်​မြန်​ပြီး​သေမသွားဖို့ဆု​တောင်းရင်း ဘုရားသာတ​နေလိုက်​မိသည်​။

Just Only For YouWhere stories live. Discover now