ချစ်သောနှင်းဆီ / ချစ်သောနှင်း...

By Snowtowel

70.1K 4K 380

Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation... More

Story Info
Story Info
ချစ်သောနှင်းဆီ ( 10.1 )
ချစ်သောနှင်းဆီ ( 10.1 )
ချစ်သောနှင်းဆီ ( 10.2 )
ချစ်​​သောနှင်းဆီ ( 10.3 )
ချစ်သောနှင်းဆီ ( 10.3 )

ချစ်သောနှင်းဆီ ( 10.2 )

6.1K 820 90
By Snowtowel

ဆယ်ကျော်သက်လေးသည် ရုပ်ထုရှေ့မှောက်တွင် အချိန်အတန်ကြာအောင် ဝတ်ပြုဆုတောင်းနေပြီး အလင်းနတ်ဘုရားလည်း သူ့ကို မှော်ကြည့်မှန်ကနေတဆင့် စူးစိုက်၍ငေးကြည့်နေတာ အချိန်အတန်ကြာနေပြီ။ မွှေးပြီးချိုအီသောအနံ့ရှိသည့် ရွှေရောင်ဝိုင်ထည့်ထားသော သူ့လက်ထဲကဖန်ခွက်ကို လှုပ်ခါလိုက်သည်။ ခါတိုင်းဆိုလျှင် ဝိုင်ကို ဖြည်းဖြည်းချင်းစုပ်သောက်ပြီး အရသာခံဖို့ အဲအနံ့က သူ့ကို ဆွဲဆောင်နိုင်ပေမယ့် ဒီနေ့တော့ သူ ဝိုင်အပေါ် စိတ်မဝင်စားနိုင်ပေ။

ကောင်လေးရဲ့ပန်းရောင် နှုတ်ခမ်းပါးကနေ ထွက်ကျလာတဲ့ ချစ်စဖွယ်စကားတွေက ဝိုင်အားလုံးထက် ပိုအရသာရှိနေသည်။ တခြားလက်တစ်ဖက်ကို ပါးပေါ်ထောက်ကာ မပွင့်တပွင့်မျက်ခွံများဖြင့် သူ့ပုံစံက ယစ်မူးနေဟန်ပေါ်နေသည်။

နောက်ဆုံးတော့ ကောင်လေး၏တစ်နေ့တာ ဝတ်ပြုဆုတောင်းခြင်း ပြီးဆုံးသွားသည်။ အပြာရောင်မျက်လုံးများ ပွင့်လာပြီး ရုပ်ထုဆီ တဖြည်းဖြည်းလျှောက်သွားကာ အနည်းငယ်မျက်မှောင်ကြုပ်ပြီးနောက် ဖခင်၏ခြေထောက်ကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။ အဲနေရာတွင် အချိန်အတန်ကြာတဲ့အထိ မှီနေပြီးမှ စိတ်မပါစွာ ထလိုက်သည်။ မျက်ရည်များ စွန်းထင်းနေသည့် သူ့မျက်တောင်တွင် မျက်ရည်များ ပိုမိုဖွဲ့တည်လာပြီး တဆတ်ဆတ်တုန်နေပုံက သနားစရာကောင်းသလို ချစ်စရာလည်း ကောင်းလှသည်။

အလင်းနတ်ဘုရားသည် ဖန်ခွက်ကို ချလိုက်ကာ မျက်လုံးအိမ်က နက်ရှိုင်းလာပြီး အာရုံစူးစိုက်လိုက်သည်။ လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ကောင်လေးရဲ့မျက်ခုံးကြားအမှတ်ဆီ ညင်သာစွာ ညွှန်ပြရင်း သန့်စင်ပြီး ထုထည်ကြီးမားကာ ပြောင်လက်တောက်ပနေသည့် ရွှေရောင်အလင်းတန်း မှော်ကြည့်မှန်ကို ဖြတ်သန်းကာ ကောင်လေးရဲ့ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်။

ကျူးယွင်ရှန့်သည် ဖခင်၏ခြေထောက်ကို နမ်းပြီး ထထွက်သွားရန် ပြင်ဆင်နေစဉ် စွမ်းအားလှိုင်းလုံးကြီး နဖူးကနေ တကိုယ်လုံးပျံ့နှံ့သွားသည်ကို ခံစားလိုက်ရပြီး နွေးထွေးကာ သက်တောင့်သက်သာရှိလှသောကြောင့် ညည်းညူလုနီးပါးဖြစ်သွားသည်။

ဒါ... ဖခင်ဆီက လက်ဆောင်လား...။ သူ အရမ်းစိတ်လှုပ်ရှားသွားသည်။ သူ ထွက်သွားဖို့မေ့သွားကာ ဆက်လက်ဒူးထောက်ပြီး ဖခင်၏ခြေချင်းဝတ်ကို ဖက်တွယ်ကာ ရုပ်ထုကို ဖြူဖွေးနေသည့်သူ့ပါးဖြင့် ပွတ်သပ်ရင်း နောက်ဆုံးတော့ စိုစွတ်နေသည့်သူ့မျက်ဝန်းက ကြည်လင်သည့်မျက်ရည်နှစ်စက် ကျဆင်းလာခဲ့သည်။ ပါးပြင်တစ်လျှောက် စီးဆင်းလာပြီး မေးစေ့တွင် တွယ်ကပ်နေပုံက သနားစရာကောင်းလှသည်။

" ဖခင် နတ်ဘုရား... သားတော် ဆုတောင်းတာ ကြားလိုက်လား။ ဖခင်... သားတော် ဖခင်ကို ဘယ်လောက်ချစ်မြတ်နိုးလဲ သိရဲ့လား...။ ဖခင် နတ်ဘုရား... သားတော်ရဲ့ဖခင်... သားတော်ရဲ့ဘဝ... ပြီး သားတော်ရဲ့စိတ်ဝိညာဉ် အားလုံး ဖခင်ပိုင်ဆိုင်တာပါ။ ကျေးဇူးပြုပြီး အားလုံးကို ယူလိုက်ပါ "
သူ ဖခင်ကို ထားရစ်ပြီး မိနစ်ပိုင်းလေးတောင် မထွက်သွားချင်တော့ဘူး။

ထိုအချိန်တွင် တံခါးတွင် စောင့်နေသော အစေခံက တိုးတိုးလေး ပြောလာသည်။
" အရှင်... ဒုတိယမင်းသားရဲ့ နှစ်ခြင်းမင်္ဂလာကျင်းပမယ့်အကြောင်း ဆွေးနွေးဖို့ အရှင်ကို ဆွေးနွေးဆောင်ဆီသွားဖို့ ဂိုဏ်းချုပ်က မှာလိုက်ပါတယ်။ "

ကျူးယွင်ရှန့်သည် ဘာမှမကြားသလို ဖခင်၏ခြေချင်းဝတ်ကို မျက်စိလည်လမ်းမှားပြီး နောက်ဆုံး မိဘရင်ခွင်ထဲ ပြန်ရောက်လာသည့် သိုးငယ်လေးလို အတင်းဖက်တွယ်ထားသည်။ သူ ခြေလှမ်းတစ်လှမ်းလေးတောင် ရွေ့ပြီးစွန့်ခွာသွားချင်စိတ်မရှိတော့ဘူး။

အလင်းနတ်ဘုရားသည် တင်ပျဉ်ခွေထိုင်နေရာမှ မတ်မတ်ထထိုင်လိုက်ပြီး အနည်းငယ်ကျဉ်းမြောင်းနေသည့် သူ့မျက်ဝန်းထဲတွင် နူးညံ့သည့်ပြုံးရိပ်လေးသန်းလာသည်။ ကိုယ့်ကိုယ်ကို ကြံ့ကြံ့ခံပြီးထိန်းချုပ်ဖို့ ကြိုးစားပေမယ့် နောက်ဆုံး သည်းမခံနိုင်တော့ဘဲ သူ့နှလုံးသားထဲ ထကြွသောင်းကျန်းလာကာ နောက်တစ်ဖန် ကောင်လေးနဖူးကြား လက်ညှိုးထပ်ညွှန်လိုက်သည်။

ပထမတစ်ခါထက် ပိုသန့်စင်ပြီး အားကောင်းသည့်စွမ်းအင်တွေသည် ကြီးမားလှသော သမုဒ္ဒရာလှိုင်းလုံးကြီးလို စီးဝင်လာပြီး ကောင်လေးရဲ့ဝိညာဉ်စွမ်းအား မြှင့်တက်လာကာ တဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ ရုတ်တရတ် စွမ်းအင်တွေ စီးဝင်လာတာကြောင့် သူ့ခြေလက်တွေကို မထိန်းချုပ်နိုင်တော့ဘဲ အံ့သြသင့်စွာဖြင့် တောင့်တောင့်ကြီး ရပ်နေမိတော့သည်။ ဖခင်၏သဘောကောင်းလှသော လက်ဆောင်ကြောင့် အရမ်းစိတ်တုန်လှုပ် ခြောက်ခြားသွားသည်။ သေးငယ်သောသူ့နှုတ်ခမ်းပါးလေးကို တင်းတင်းစေ့ပြီး ငိုကြွေးတော့သည်။ ဖျော့တော့နေသည့် မျက်နှာက တဖြည်းဖြည်း နီရဲလာကာ နွမ်းလျခွေယိုင်နေပြီး တရားလွန် ဖြားယောင်းသွေးဆောင်နေဟန် ပေါ်နေသည့် သူ့သွင်ပြင်က နတ်ဘုရားတွေကိုတောင် အရူးအမူးဖြစ်သွားစေနိုင်သည်။

မှော်ကြည့်မှန်ပေါ်ထိထားသည့် အလင်းနတ်ဘုရား၏လက်ဖျားထိပ်လေးသည် ရုတ်တရတ် အေးခဲသွားပြီး အချိန်အတန်ကြာမှ ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။ သတိလက်လွတ်ဖြင့် သူ့လက်ချောင်းကို ဆုပ်နယ်နေမိပြီး လောင်ကျွမ်းသလိုခံစားနေရသည့် ခံစားချက် ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားသည်။

အလင်းနတ်ဘုရားသည် သူ့လက်ချောင်းကို ​မြှောက်​လိုက်ပြီး အံ့သြဆွံ့အစွာ ငေးကြည့်နေလိုက်သည်။ ရွှေရောင်ဖျော့ဖျော့မျက်လုံးများသည် သန့်စင်သောအနက်ရောင်က အလင်းကို သိုသိုသိပ်သိပ် ဖိနှိပ်သကဲ့သို့ ရွှေရောင်ရင့်ရင့်အရောင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာသည်။

ကောင်လေးကို အကြိမ်ပေါင်းများစွာ သတိပေးနေသည့် အစေခံသည် တုန့်ပြန်မှုမရှိတာကြောင့် နောက်ဆုံးတွင် တွေ့ဆုံဆွေးနွေးခန်းဆီ သတင်းပို့ရန် ပြန်သွားလိုက်သည်။ နောက်မှ ဂိုဏ်းချုပ်သည် လက်ထောက်ဂိုဏ်းချုပ်ကို လွှတ်လိုက်သည်။ အဲဒါမှပဲ ဆယ်သက်ကျော်ကောင်လေး အဲနေရာကနေ ထဖို့ စိတ်ကူးတော့မှာ။

ထိုအချိန်၌ သူ့လက်ချောင်းတွင် တစစ်စစ်ဖြစ်နေသည့် ထူးခြားသောခံစားချက် ပျောက်သွားလို့ မှော်ကြည့်မှန်ဆီ အလင်းနတ်ဘုရား ပြန်ကြည့်လိုက်ပေမယ့် ခန်းမထဲတွင် သေးသွယ်ပြီး ချစ်စဖွယ်ကောင်းသည့်ပုံရိပ်လေး ပျောက်နေပြီဖြစ်သည်။ သူ့နှလုံးသားထဲ ထိရှခံစားနေရသည့် ပျော်ရွှင်မှုလေး ဖြတ်သန်းတိုက်ခတ်သွားသည့် လေပြေလေးလို လွင့်စင်ပပျောက်သွားပြီး ထူးထူးခြားခြား ဖြေ့လျော့နေသည့် မျက်ခုံးသည် ပုံမှန်အတိုင်း ပြန်တွန့်ကွေးသွားကာ မျက်နှာလည်း တင်းမာခက်ထန်သွားသည်။

" ဖခင်... အစေခံတစ်ယောက် ဘုရားကျောင်းကနေ ထွက်ပြေးသွားပါပြီ...။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အမိန့်ညွှန်ကြားပေးပါ "
အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် နတ်ဘုရားတစ်ပါးသည် ကြောက်လန့်မှုဖြင့် မျက်နှာ အောက်ချပြီး ဒူးထောက်ကာ ပြောလိုက်သည်။

ဘယ်အချိန်က စမှန်းမသိပေမယ့် ကရုဏာတရား ကြီးမားသော ဖခင်သည် ပျောက်ကွယ်သွားပြီး ကြိုတင်မမှန်းဆနိုင်သော စိတ်နေစိတ်ထားရှိသည့် ဥာဏ်မမှီနိုင်လောက်အောင် ခက်ခဲနက်နဲသည့် နတ်တစ်ပါးအဖြစ် ပြောင်းလဲသွားသည်။ ကုန်းမြေမှာရှိသည့် သက်ရှိသတ္တဝါအားလုံးကတော့ နတ်ဘုရားတွေက သူတို့ကို စွန့်ခွာသွားတာလို့ တွေးမိကြလိမ့်မည်။ ဒါပေမယ့် နတ်ဘုရားတွေက သူတို့ကို ထားရစ်စွန့်ခွာသွားတာ မဟုတ်ဘဲ တင့်တယ်လှပခြင်း နှင့် ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုသည့် အလင်းနတ်ဘုရား၏လက်အောက်မှာ သူတို့အားလုံး ကျဆုံးပျက်စီးသွားတယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။

ကိုးထပ်မြောက်ကောင်းကင်ဘုံအောက်က ကုန်းမြေကို ဖျက်ဆီးချင်ပုံပေါ်ပေမယ့် တကယ့်ဖျက်ဆီးတော့မယ့်အချိန်ရောက်ရင် သူ့စိတ်က ပြောင်းလဲသွားပြန်တယ်။ သူ့ရဲ့အရေးမထား ဂရုမစိုက်သည့်သဘောထားသည် အရွယ်ရောက်ကြီးပြင်းလာလို့ အရုပ်ဆော့ဖို့ စိတ်မဝင်စားတော့ဘဲ ပျင်းလာတဲ့အချိန်မှ ဆော့ကစားသလိုပုံစံ ဖြစ်နေပေမယ့် အချိန်အများစုကတော့ လျစ်လျူရူထားသည်။ ပိုထူးခြားတဲ့အချက်ကတော့ သူက သူ့ကိုယ်သူ စိတ်ကူးယဉ်ဆန်ပြီး ထူးဆန်းတဲ့ဆန္ဒ၊အလေ့အကျင့်တွေ ဘယ်တော့မှရှိမှာမဟုတ်ဘူး ဟု လက်ခံထားပေမယ့်လည်း ချောမောလှပသည့်ကောင်လေးတွေကို စတင်စုဆောင်းတော့သည်။ ပြီးတော့ ငွေရောင်ဆံပင်နှင့် အပြာရောင်မျက်ဝန်း ဒါမှမဟုတ် ဆံပင်အနက်ရောင်နှင့် နက်မှောင်သည့်မျက်ဝန်းပိုင်ရှင် ဆယ်ကျော်သက်လေးများကိုသာ စိတ်ဝင်စားသည်။

သို့ပေမယ့် သူတို့တွေ စုစည်းသည့်ဘယ်အချိန်မဆို ဖျတ်ခနဲမျက်စိတစ်ချက်သာ ဝေ့ကြည့်ပြီး ဘေးသို့တွန်းပို့ထားလိုက်သည်။ သူရဲ့အာရုံစူးစိုက်အလေးပေးခံရဖို့အတွက် အချင်းချင်း သာလွန်အောင်ကြိုးစားနေရင်တောင်မှ အေးတိအေးစက်နေ,နေမြဲပဲ။ သူတို့ကို ရွေ့လျားနိုင်သော အထူးကောင်းမွန်သည့် အဆင်တန်ဆာတွေကို ကြည့်သလို အေးစက်ပြီး အကြင်နာကင်းမဲ့သည့် မျက်လုံးဖြင့်သာ ကြည့်နေခဲ့သည်။

တကယ်တော့ အရင်ကထက် ပိုအစွမ်းထက်လာတာကြောင့် အကယ်၍များ သူ့ရဲ့နတ်ဘုရားပုံစံသာ မရှိရင် အလင်းနတ်ဘုရားအစစ်ကို ဆိုးသွမ်းသောဝိညာဉ်က ဘယ်သူမှမသိအောင် ဖယ်ရှားနေရာယူထားတယ်လို့ သံသယဝင်မိလိမ့်မည်။

အလင်းနတ်ဘုရားသည် တန်ဆာဆင်မှုတစ်ခု ဆုံးရှုံးသွားသလို စိတ်မဝင်စားစွာ ပြောလာသည်။
" ၎င်းကို ဒီတိုင်းထားလိုက်တော့ "

" သူ " တောင်မဟုတ် " ၎င်း " လို့ သုံးပြီး ပြောလိုက်ပုံကို နားထောင်ကြည့်ရုံနဲ့ ဖခင်က အဲကောင်လေးကို တစ်ကြိမ်တခါလေးတောင် နည်းနည်းလေးမှ တန်ဖိုးထားနေရာမပေးတာ အသေအချာပါပဲ။ နတ်ဘုရားသည် သူ့ခေါင်းကို နိမ့်နိုင်သမျှ နိမ့်ချပြီး ထပ်ပြောလိုက်သည်။
" ၎င်းက ဖခင်ရဲ့လက်စွပ်တစ်ကွင်းကိုလည်း ခိုးယူသွားသေးတယ် "

အဲလိုပြောလည်း အလင်းနတ်ဘုရားက စိတ်ဝင်စားပုံမပေါ်ပေ။ သေခြင်းကိုအစိုးမရတဲ့ လူသား အလွယ်တကူ ထိကိုင်နိုင်တဲ့အရာဝတ္ထုက ဘာအတွက် နတ်ဘုရားရဲ့ကိုယ်ပိုင်ပစ္စည်းအဖြစ် ပြန်လည်ရယူဖို့ ထိုက်တန်ရမှာလဲ။ အဲဒါ တော်တော်ရယ်စရာကောင်းတာပဲ။

နတ်ဘုရားသည် သူ မလိုအပ်ဘဲ ရေးကြီးခွင်ကျယ်လုပ်မိတာကို သဘောပေါက်နားလည်လိုက်ပြီး မျက်နှာဖျော့တော့သွားကာ ကမန်းကတန်း နောက်ပြန်ဆုတ်သွားသည်။

နှစ်ထောင်ပေါင်းများစွာ ကြာပြီးချိန်မှ အစေခံတစ်ယောက် ပထမဆုံးအကြိမ် ထွက်ပြေးသွားပြီး ကောင်လေးရဲ့ ဝတ်ပြုဆုတောင်းစကားကလည်း တကယ့်ကို သူရဲ့စိတ်တည်ငြိမ်မှုတွေကို ပျက်စီးသွားအောင် လုပ်နိုင်တယ်။

ကောင်လေးက စာနာညှာတာမှုမရှိ အကြင်နာကင်းမဲ့တဲ့ နတ်ဘုရားကို ကြောက်လန့်နေတယ်လို့ ပြောလို့ရပြီး နောက်ဆုံးတော့ သူ လူသားတွေရဲ့ဆင်းရဲဒုက္ခကို သတိပြုမိလိုက်သည်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ကျူးယွင်ရှန့်သည် တွေ့ဆုံဆွေးနွေးခန်းက ပြန်လာပြီး Joshua ကို ဒုတိယမင်းသား ပေးထားသည့်ဆေးရည်အား မြောင်းထဲ သွန်ချလိုက်သည်။ အလင်းနတ်ဘုရားကို အရူးအမူးစွဲလမ်းနေသူ အနေဖြင့် စိတ်ကူးယဉ်ဆန်ဆန် နတ်ဝင်သည် ဖန်တီးခြင်းကဲ့သို့သော ကိစ္စမျိုးကို မလုပ်နိုင်ပေ။ သူ့နှလုံးသားထဲတွင် အတိတ်ကအချစ်အတွက် အပြစ်မကင်းသလို ခံစားနေရပြီး ထမင်းတောင်မစားနိုင်ဘဲ ပြတင်းပေါက်ဘောင်ကို မှီကာ မိုးကုတ်စက်ဝိုင်းအောက် နေဝင်ချိန်ကို စိတ်ပျက်အားလျှော့စွာ ငေးကြည့်နေသည်။

သူသည် တစ်နာရီ နှစ်နာရီကြာအောင် ထိုင်နေပြီး ဝမ်းနည်းဆွေးမြေ့နေသည့် သူ့မျက်လုံးများသည် ရုတ်တရတ် ကြည်လင်ကာ အရည်လဲ့လာသည်။ သူသည် ရေချိုးဆောင်ထဲ ပြေးသွားကာ ဝတ်ရုံတောင် မချွတ်တော့ဘဲ ရေပူစမ်းကန်ထဲ ခုန်ချလိုက်သည်။ သူ့မျက်နှာကို ရေထဲနစ်ထားပြီး မျက်နှာအား တွန့်လိမ်ရှုံ့တွထားသည်။

အား... ငါ ရုပ်ထုရှေ့မှာ ငိုခဲ့တာ! တစ်နေ့လုံး ရုပ်ထုကို မြှောက်​ပင့်​​ပြောဆို​ပြီး အချိန်ဖြုန်းနေခဲ့တာ! ထွက်သွားဖို့ တွန့်ဆုတ်နေပြီး ရုပ်ထုရဲ့ခြေချင်းဝတ်ကိုတောင် တင်းတင်းဖက်ထားပြီး ထိခိုက်လွယ်သူလို ငိုကြွေးလိုက်သေးတယ်! အော်ဂလီဆန်ချင်စရာ ကောင်းလိုက်တာ! ငါ ကြက်သီးထစရာကောင်းတာတွေ လုပ်ခဲ့တာပါလား!

သူ လက်သီးကျစ်ကျစ်ဆုပ်ပြီး အံကြိတ်ကာ မိုက်ရူးရဲဆန်တဲ့သူ့လုပ်ရပ်တွေကို ပြင်းထန်စွာ အပြစ်တင်တော့သည်။

ငါ တော်တော်မိုက်မဲတာပဲ။

သူ့အပြုအမှုတွေကို ပြန်တွေးမိလိုက်တာနဲ့ ကိုယ့်မျက်လုံးကို ပြန်ဖောက်ထုတ်ချင်စိတ်ပေါက်သွားသည်။

မျက်နှာမဲ့ကာ ရေပူဖောင်းများစွာ မှုတ်ထုတ်ပြီးနောက် သူ ရေထဲမှ ပြန်ထွက်လာခဲ့သည်။ သူ့အမူအယာက ချက်ချင်းပဲ နူးညံ့သိမ်မွေ့သွားပြီး ဣနြေ္ဒမပျက် ကြည်လင်အေးချမ်းနေသည်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ကြောင့် ကြီးမားတဲ့အလင်းစွမ်းအင်ဝေစု နှစ်ခါတောင် ရလိုက်တာ။ သူ ပြန်တွေးကြည့်တိုင်း အော့အန်ချင်နေရင်တောင် ဒီတိုင်းဆက်သွားရမှာပဲ။

အဲဒါကို တွေးမိလိုက်တာနဲ့ နောက်ဆုံးတော့ သူ စိတ်တည်ငြိမ်သွားကာ ရေကောင်းကောင်ချိုးပြီး ဆံပင်တွေကို ခြောက်သွေ့အောင် မလုပ်တော့ဘဲ အိပ်ရာပေါ်တက်ကာ တချိုးတည်းအိပ်လိုက်တော့သည်။

- - - - - - - - - - - - - - - - - - - - - - - - - - - - -

နှစ်ပတ်ကြာပြီးနောက် ဒုတိယမင်းသား Alger ရဲ့ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ ရောက်ရှိလာသည်။ သူရဲ့နှစ်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပပြီးတာနဲ့ လှည့်လည်ခရီးသွားရမှာဖြစ်ပြီး နှစ်နှစ်ကြာအောင် အင်ပါယာမြို့တော်ဆီ ပြန်မလာရဘဲ မြောက်မြားစွာသော လုပ်ငန်းတာဝန်များကို လုပ်ဆောင်ရမှာဖြစ်သည်။ ဒီကုန်းမြေက ငြိမ်းချမ်းနေတာမဟုတ်လို့ ဆွေကြီးမျိုးကြီးတွေတောင် လုံလောက်တဲ့ခွန်အားရအောင် စုဆောင်းဖို့ လိုအပ်သည်။ မဟုတ်ရင် သူတို့တွေ အချိန်မရွေး အသတ်ခံရနိုင်သည်။

ပင်ကို အလင်းစွမ်းအင်ပိုင်ဆိုင်သူက ရှားပါးပေမယ့် တခြားအရည်အချင်းစွမ်းအင်ရှိတဲ့သူနဲ့ စစ်သည်တွေကတော့ တော်တော်ပေါများပြီး သူတို့ထဲတွင် စွမ်းအားကြီးတဲ့သူ အမြောက်အများရှိသည်။ ဒါပေမယ့် အဲဒါက အသွားနှစ်ဖက်ရှိတဲ့ ဓားရှည်လိုပဲ။ မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်တဲ့အခါ ဘယ်သူမဆို မကောင်းဆိုးဝါးမျိုးစေ့ ကူးစက်ဝင်ရောက်နိုင်ပြီး ကျိုးကြောင်းဆင်ခြင်နိုင်မှု ဆုံးရှုံးကာ တနယ်တည်းသားများစွာကို စတင်သတ်ဖြတ်ဖျက်ဆီးတော့သည်။

အဲလူက စွမ်းအားကြီးလေလေ မကောင်းဆိုးဝါးတွေကို ဆွဲဆောင်နိုင်ဖို့ လွယ်လေလေဖြစ်သည်။ မကောင်းဆိုးဝါးများသည် အလွန်ဥာဏ်ကောင်းပြီး စွမ်းအားအကြီးဆုံးသူကို ရှာဖို့အတွက် လူပေါင်းများစွာဆီ ကူးပြောင်းကာ အဲလူတွေကို မှီခိုပြီး သူတို့ရဲ့ပစ်မှတ်အမှန်ဆီ တဖြည်းဖြည်း ချဉ်းကပ်ကာ အခွင့်အရေးရအောင် စောင့်ဆိုင်းတတ်ကြသည်။

ဒါကြောင့် လှည့်လည်ခရီးသွားနေစဉ်အတွင်း အဖွဲ့တစ်ဖွဲ့စီတွင် အလင်းစွမ်းအင်ပိုင်ဘုန်းကြီးတစ်ပါး ပါရှိရသည်။ လူတိုင်းတိုက်ခိုက်နေချိန်တွင် အလင်းစွမ်းအင်ပိုင်ဘုန်းကြီးက တိုက်ပွဲအတွင်း လှည့်လည်သွားလာကာ မကောင်းဆိုးဝါးများ၏ ထွက်ပေါက်ကို ပိတ်ဆို့ရန် အလင်းစက်ဝန်းကို ဖန်တီးပေးရသည်။ ဒါအပြင် သူတို့အဖွဲ့သားတွေကို မကောင်းဆိုးဝါးကပ်ညှိခြင်းမခံရစေရန် ကာကွယ်ပေးရသည်။ တကယ်လို့ သူတို့၏စွမ်းအင်က လုံလောက်အောင်ကြီးမားလျှင် အလင်းဂါထာကို အသုံးပြုရွတ်ဆိုကာ ခန္ဓာကိုယ်ထဲ ဝင်ရောက်နေသည့် မကောင်းဆိုးဝါးကို ထွက်လာအောင်လုပ်ပြီး သတ်နိုင်သည်။

' Sagya ' နိုင်ငံတွင် အလင်းစွမ်းအင်ပိုင်ဘုန်းကြီးသုံးပါးသာ ရှိသည်။ တစ်ပါးက ဂိုဏ်းချုပ်၊ နောက်တစ်ပါးက လက်ထောက်ဂိုဏ်းချုပ်ဖြစ်ပြီး နောက်ဆုံးကတော့ Joshua ဖြစ်သည်။ ဂိုဏ်းချုပ်က အိုမင်းနေပြီး Joshua က အရွယ်မရောက်သေးတာကြောင့် ဒုတိယမင်းသား၏ ခရီးစဉ်တွင် လက်ထောက်ဂိုဏ်းချုပ်တစ်ပါးသာ အတူလိုက်ပါနိုင်မှာ ဖြစ်သည်။

ဂိုဏ်းချုပ်သည် ဒုတိယမင်းသားကို ရေဖျန်းမင်္ဂလာပြုကာ ဆုမွန်ကောင်းတောင်းပေးပြီး အခမ်းအနားပြီးတာနဲ့ ဘုရင်မင်းမြတ်ကို စကားတောင်မပြောတော့ဘဲ ချက်ချင်းထွက်ခွာသွားသည်။

ယုံကြည်ချက်အပြည့်ရှိနေသည့် ဒုတိယမင်းသားသည် ဘာမှမတုန့်ပြန့်နိုင်အောင် အတန်ကြာ ကြောင်ကြည့်နေပြီးမှ သူနဲ့စကားပြောရန် Joshua ကို ချောင်ကျတဲ့ ထောင့်တစ်နေရာဆီ ခေါ်လာရန် သူ့အစေခံကို အမိန့်ပေးလိုက်သည်။

" Joshua ... မင်း ငါ့ကို ကတိပေးထားတာ မေ့သွားပြီလား... ။ ငါ ' Sagya ' နိုင်ငံရဲ့အုပ်ချုပ်သူ မဖြစ်ရင် ငါ့အစ်ကိုက မကောင်းဆိုးဝါးတွေကို တိုက်ထုတ်ဖို့ ငါ့ကို နယ်စပ်ဒေသဆီ နယ်နှင်ဒဏ်ပေးလိမ့်မယ်။ ဒါဆို ငါတို့တွေ ဘယ်တော့မှ နောက်ထပ်ပြန်ဆုံနိုင်မှာမဟုတ်တော့ဘူး။ "

ကျူးယွင်ရှန့်ရဲ့ဦးနှောက်က ကိုယ့်ကိုယ်ကို အိမ်မွေ့ချစိတ်ညှို့ထားတာကြောင့် သေချာမစဉ်းစား မဆင်ခြင်နိုင်ပေမယ့် ဒုတိယမင်းသား Joshua ကို ဘယ်လိုအသုံးချခဲ့တယ်ဆိုတာတော့ မမေ့ဘူး။

Joshua ရဲ့အကူအညီမပါဘဲ ' Sagya ' နိုင်ငံရဲ့ထီးနန်းကို သိမ်းပိုက်ဖို့ ဒုတိယမင်းသား ဘယ်လိုလုပ်မလဲဆိုတာ သူ စောင့်ကြည့်ချင်တယ်။

ဒါပေမယ့် ဒုတိယမင်းသား၏ ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူကို စော်ကားမိလောက်အောင်တော့ မမိုက်မဲသေးဘူး။ ဒုတိယမင်းသား၏ အနာဂတ်သခင်မလောင်းရဲ့ နောက်ခံအသိုင်းအဝိုင်းက အရမ်းခိုင်မာလွန်းသည်။ ဘယ်ဘက်မှာ အလင်းနတ်ဘုရား၊ ညာဘက်မှာ အမှောင်နတ်ဘုရား ပြီးရင် Beast ဘုရင်၊ ပုပ်ရဟန်းမင်းကြီးနဲ့ နတ်သူငယ်ဘုရင်တို့လည်း ရှိသေးသည်။ ကမ္ဘာကြီးကို စိုးမိုးခြယ်လှယ်နိုင်ဖို့ ခြေတစ်လှမ်းအကွာပဲ လိုတော့သည်။ ဒီသန်မာတဲ့အုပ်စုကို ပွင့်ပွင့်လင်းလင်း မျက်နှာချင်းဆိုင်တိုက်ခိုက်ဖို့ ခက်ခဲတာကြောင့် သူ အကောဏ်ဥာဏ်သုံးပြီးမှာပဲ သူတို့အပေါ် အသာစီးရအောင် လုပ်ရမယ်။

သူ့မျက်ဝန်းတွင် သလင်းရောင်မျက်ရည်ကြည်လေးတွေ ပြည့်နှက်လာပြီး သူ့နှလုံးသားကို ကွယ်ဝှက်ကာ အလွန်ဝမ်းနည်းဖွယ်ကောင်းသောအသံဖြင့်
" Alger ... ဘာလို့များ ကျွန်တော် အချစ်မြတ်နိုးဆုံးဖခင်ကို သစ္စာဖောက်ဖို့ ကျွန်တော့်ကို တိုက်တွန်းနေရတာလဲ။ နတ်ဝင်သည်အဖြစ် လုပ်ကြံပြောဆိုတာ... နတ်ဘုရားအဖြစ်ဟန်ဆောင်တာက ငရဲမီးထဲ လောင်ကျွမ်းပြာကျလောက်တဲ့အထိ ပြစ်ဒဏ်ခံရနိုင်အောင် အပြစ်ကြီးမားလွန်းတယ်။ မဟုတ်သေးဘူး... အဲထက်တောင်ဆိုးဝါးနိုင်သေးတယ်။ ဖခင်ရဲ့ကောင်းချီးမင်္ဂလာကို ဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ။ ရှက်စရာကောင်းတဲ့ ဖခင်ကို ပြစ်မှားပြောဆိုသူဖြစ်သွားမှာ...။ တစ်သက်လုံး လူတိုင်း အထင်သေးပြီး နှိပ်​စက်​ညှင်းပန်းခံရမှာ... ရက်စက်တဲ့နိုင်ငံသားတွေကြောင့် ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခံရပြီး သေတောင်သေသွားနိုင်သေးတယ်။ အဲဒါက အရှင့်သားဖြစ်စေချင်တဲ့ ကျွန်တော့်အနာဂတ်လား။ မျှော်လင့်ချက်မရှိတဲ့ချောက်နက်ထဲ ကျွန်တော့်ကို တွန်းချဖို့ စိတ်အားထက်သန်နေတာလား အရှင့်သား... ။ Alger...... ကျွန်တော့်ကို အရှင့်သား တကယ်ချစ်မြတ်နိုးတာ ဟုတ်ရဲ့လားလို့ ကျွန်တော် သံသယဝင်စပြုလာပြီ။ "

ဒုတိယမင်းသားသည် စကားပြောနိုင်အောင် ဆွံ့အမှင်တက်သွားသည်။ ရက်အနည်းငယ်အတွင်း Joshua ရဲ့ အာရုံခံစားမှုက ဘာကြောင့် တည်ငြိမ်လေးနက်သွားလဲဆိုတာ သူ နားမလည်နိုင်တော့ဘူး။ ဟုတ်တယ်... တကယ်လို့ Joshua သာ သူ အကြုံပြုတိုက်တွန်းသလို အမှန်တကယ် လုပ်ခဲ့မယ်ဆိုရင် အဲအကျိုးဆက်တွေကို ရင်ဆိုင်ရဖို့ အလားအလာရှိတယ်။

လက်ထောက်ဂိုဏ်းချုပ်မှာ တရားမဝင်ကလေးရှိပြီး သူ့ဂုဏ်သတင်းက ပျက်စီးနေပြီးသားဖြစ်လို့ လုပ်ပိုင်ခွင့်ဆက်ခံဖို့ အခွင့်အလမ်း ဆုံးရှုံးပြီးသားဖြစ်သည်။ နောက်ဂိုဏ်းချုပ်ရာထူးက Joshua ဖြစ်လာဖို့ အခိုင်အမာ သေချာပြီးသားဖြစ်ပြီး ဂိုဏ်းချုပ်ရဲ့အမိန့်စကားက ဘုရင့်ရဲ့အမိန်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်။ ဒုတိယမင်းသားအနေဖြင့် Joshua ကို ချော့မော့ဖို့ အရမ်းနောက်ကျသွားပေမယ့် လေးစားထိုက်တဲ့သူ့ဂုဏ်သိက္ခာကို အစော်ကားမခံနိုင်တာကြောင့် ချက်ချင်းပဲ Joshua အပေါ် တရားမျှတမှုမရှိတဲ့ကိစ္စရပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ကြောင်း ကျိန်ဆိုလိုက်သည်။ Joshua နဲ့အတူရှိချင်တဲ့ သူ့ဆန္ဒတွေကြောင့် ကျိုးကြောင်းဆင်ခြင်ဖို့ မေ့သွားတာဖြစ်ကြောင်း ပြောကြားပြီး သူ့အမှားတွေကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုလိုက်သည်။

ကျူးယွင်ရှန့်သည် တိတ်တဆိတ် ခေါင်းငြိမ့်လိုက်ပြီး ဒုတိယမင်းသား၏မျက်လုံးထဲ စူးစူးနစ်နစ် စိုက်ကြည့်ပြီးနောက် အဝေးသို့လမ်းလျှောက်ထွက်သွားလိုက်သည်။ ထိုအကြည့်ထဲတွင် အတိတ်ကရှိခဲ့သည့် ချစ်ခြင်းတရားတွေ ကင်းမဲ့နေတာကြောင့် ဒုတိယမင်းသား စိုးရိမ်သွားသည်။ သူသည် အချိန်အတန်ကြာအောင် ထိုနေရာတွင် ရပ်နေပြီးမှ စိတ်မပါစွာဖြင့် ထွက်သွားလိုက်သည်။

ကိုးထပ်မြောက် အထက်ကောင်းကင်ဘုံတွင် အလင်းနတ်ဘုရားသည် ထိုအဖြစ်အပျက်ကို အစအဆုံး မြင်ကွင်းကျယ်အနေဖြင့် တွေ့လိုက်ရသည်။ ထုံးစံအတိုင်း သူသည် အဆင်တန်ဆာများစွာ ဆင်ယင်ထားသော ညောင်စောင်းထက် မှီခိုလှဲလျောင်းနေပြီး သူ့နဘေးတွင် လှပသောဆယ်ကျော်သက်လေးများစွာ ဝန်းရံနေသည်။ တစ်ချို့က သူ့အတွက် ဝိုင်ထည့်ပေးနေသလို တစ်ချို့က သီချင်းသီဆိုနေကာ တချို့ကတော့ ငြိမ်သက်အေးချမ်းသောအပြုံးလေးဖြင့် သူ့ခြေရင်းတွင် နွေးထွေးဇိမ်ကျအောင် ညင်ညင်သာသာ ပြုစုပေးနေကြသည်။ သူတို့တွေက သူတို့၏နတ်ဘုရားကို ချစ်ကြည်ညိုသည့်မျက်ဝန်းများဖြင့် ကြည့်နေပေမယ့် သူတို့၏နတ်ဘုရားကတော့ ဝိုင်ကို အရသာခံသောက်ရင်း မျက်လုံးတွေက တစ်ခြားလူအပေါ် အာရုံစိုက်ငေးကြည့်နေမှန်း မသိကြပေ။

မလှမ်းမကမ်းတွင်ရပ်နေသည့် နတ်ဘုရားသာ ဖခင်၏စိတ်ခံစားချက် ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။ ရွှေရောင်ဖျော့ဖျော့မျက်လုံးတွေက အနက်စက်တွေရောနှောနေသည့် ရွှေရောင်ရင့်ရင့်အဖြစ် ပြောင်းလဲသွားသည်။ အကယ်၍ မျက်လုံးတွေ လုံးဝအနက်ရောင်အဖြစ် ပြောင်းလဲသွားရင် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး ကြီးမားသောနတ်ဘုရား၏တန်ခိုးအစွမ်းကြောင့် ဘုရားကျောင်း ပျက်စီးသွားလိမ့်မည်။ အဲလိုဖြစ်တာ တစ်ကြိမ်မကတော့ပေ။

နတ်ဘုရားသည် ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ချွေးပျံလာပြီး ဖခင်ကို အမျက်ဒေါသထွက်အောင်လုပ်သည့် လက်သည်တရားခံကို မပြီးနိုင်မစီးနိုင် ကျိန်ဆဲတော့သည်။ သူ့အရှေ့ကအရင်လူလည်း ဖခင် နောက်ဆုံးအကြိမ် အမျက်ဒေါသ ပေါက်ကွဲထွက်ချိန် သေဆုံးသွားပြီး ရုပ်အလောင်း ကျန်ရှိဖို့နေနေသာသာ ထိုနတ်ဘုရား၏ဝိညာဉ် အပိုင်းအစလေးတွေတောင် အစအနရှာမရအောင် ပျက်စီးပျောက်ကွယ်သွားသည်။

ကျူးယွင်ရှန့်သည် ခန်းမဆီ လျှောက်လာပြီး အလင်းနတ်ဘုရား၏ခြေတော်ရင်းတွင် မှောက်လျက်လဲချလိုက်သည်။

သူ့မျက်လုံးထဲ ဖခင်တစ်ဦးတည်းကိုပဲ မြင်ယောင်တာ၊ သူ့နှလုံးသားက ဖခင်ကိုပဲ ခံစားလို့ရတာ၊ သူ့စိတ်ဝိညာဉ်ထဲလည်း ဖခင်နဲ့ပဲ ပြည့်နှက်နေတာ၊ ဒုတိယမင်းသားနဲ့ပတ်သက်တဲ့ မှတ်ဥာဏ်က သူနဲ့မသက်ဆိုင်တာတောင်မှ အဲအကြောင်းက သူ့ကို အနေရခက်အောင် လုပ်နေတုန်းပဲ။ ဖခင်ကို သစ္စာဖောက်မိသလို ခံစားရပြီး အဲဒါက အလွယ်တကူ ခွင့်လွှတ်မပေးနိုင်တဲ့ အပြစ်ပဲ။ ကြိုးပြတ်သွားသည့် ပုလဲလုံးလေးတွေလို ကြီးမားသည့် မျက်ရည်ပေါက်တွေ ချက်ချင်းပဲ စီးကျလာကာ ဖခင်၏ခြေဖမိုးပေါ် စွန်းထင်းကျန်ရစ်ရင်း အသံထွက်ကာ ငိုကြွေးတော့သည်။

သူ့မျက်လုံးတွေကို မှိတ်၊ ပါးပြင်နှစ်ဖက်က စွတ်စိုနေပြီး ဖြူဖွေးနေသည့်သွားများက နှုတ်ခမ်းပါးလေးကို ကြေးနီရောင်ထလာအောင် ကိုက်ထားပုံက မကြာခင်ပဲ သွေးထွက်လာတော့မယောင်... ဒါပေမယ့် သူ နည်းနည်းလေးတောင် နာကျင်မှုမခံစားရဘဲ ဖခင်၏ခြေချင်းဝတ်ကို မြဲမြဲကျပ်ကျပ်ဆုပ်ကိုင်ထားပြီး နောင်တကြီးစွာဖြင့် ထိန်းချုပ်မရနိုင်အောင် ရှိုက်ကြီးတငင် ငိုကြွေးနေသည်။

" ဖခင်...

သားတော် ဘယ်လိုထုတ်ဖော်ပြောကြားရမလဲ...

သူခိုးတစ်ယောက်ရဲ့အလိမ်အညာစကားကို ယုံကြည်ပြီး ဖခင်အပေါ်ထားရှိတဲ့ သားတော်ရဲ့ချစ်မြတ်နိုးခြင်းကို မေ့လုနီးပါးဖြစ်သွားခဲ့တယ်။

ဖခင်... ...

ဖခင် ပိုင်ဆိုင်ခွင့်ရှိတဲ့ ဖြောင့်မတ်သည့်ဘာသာတရားကိုင်းရှိုင်းမှုကဲ့သို့သော သားတော်၏ အဖိုးထိုက်တန်ဆုံး ပိုင်ဆိုင်မှုကို သားတော် ဆုံးရှုံးသွားပြီ။

ဒါကြောင့် အဲအတွက် ပြန်ပြင်ဆင်ခွင့်ရဖို့ ငရဲမီးကို ကြံ့ကြံ့ခံ သည်းခံဖို့ သားတော် ဆန္ဒရှိပါတယ်။

ဖခင်... ...

သားတော်ရဲ့အပြစ်ကို ဖခင်ထံ ဝန်ခံပါတယ်

သနားစရာသားတော်ကို ခွင့်လွှတ်ပေးဖို့ အနူးအညွှတ်တောင်းပန်ပါတယ်

အတွင်းစိတ်ထဲ စိတ်မသန့်ဘဲ အပြစ်ရှိသလို ခံစားနေရပြီး နောင်တကြီးစွာရခြင်းက တမြေ့မြေ့နဲ့ သားတော်ကို သတ်ဖြတ်နေပါတယ်

ဖခင်... ...

ကျေးဇူးပြုပြီး သားတော်ကို ကြိမ်ဒဏ် ပေးလိုက်ပါ

ကျေးဇူးပြုပြီး ဆူပူကြိမ်းမောင်းလိုက်ပါ

ကျေးဇူးပြုပြီး လောင်ကျွမ်းပြာချလိုက်ပါ

ပြီးရင် ကျေးဇူးပြုပြီး သားတော်ကို ဆက်လက် ချစ်မြတ်နိုးပေးပါ!

ကျေးဇူးပြုပြီး ဆက်ချစ်မြတ်နိုးပေးပါ... ... ... "

အေးစက်နေသည့်ရုပ်ထုပေါ် သူ့မျက်နှာကို တင်းတင်းကျပ်ကျပ် ဖိကပ်ထားပြီး လမ်းပျောက်နေသည့် ကလေးငယ်လို ငိုကြွေးနေသည်။ သူ့မျက်နှာက အလွန်ဖျော့တော့နေပြီး မျက်လုံးတွေနဲ့နှာခေါင်း နီရဲနေပုံက အလွန်သနားစရာကောင်းနေသလို အလွန်ချစ်စရာလည်းကောင်းလှသည်။

အလင်းနတ်ဘုရား၏မျက်လုံးထဲက အနက်ရောင်အလင်းတန်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သက်ပြင်းချကာ ကောင်လေး၏မေးစေ့တွင် တွဲလွဲကျနေသည့်မျက်ရည်များကို မှော်ကြည့်မှန်မှတဆင့် ပွတ်သပ်ပေးလိုက်သည်။ သူက ဆယ့်ခြောက်နှစ်အရွယ်ပဲရှိသေးတယ်... ဆယ့်ခြောက်နှစ်ဆိုတာ... မရင့်ကျက်သေးတဲ့ အရွယ်... ... ဘယ်လိုလုပ် လူတွေရဲ့နှလုံးသားထဲ ဖုံးအုပ်နေတဲ့ လိမ်လှည့်လှည်ဖြားမှုတွေကို မြင်တွေ့နိုင်မှာလဲ... ။ ယုတ်မာတဲ့လူလိမ်ရဲ့ လှည့်စားမှုခံရပြီး စွန့်စားဖို့ကြိုးစားမိတာ... အဲဒါ သူ့အပြစ်မှ မဟုတ်တာ... ။

ဖြစ်ပေါ်နေသည့်သူ့ဒေါသသည် တဖြည်းဖြည်း လွင့်စင်ပပျောက်သွားသည်။ အလင်းနတ်ဘုရားသည် ပျော့ခွေနေသည့်ကောင်လေးအား မှော်ကြည့်မှန်ကို ဖြတ်ပြီး ဆွဲခေါ်ကာ သူ့ဒူးခေါင်းပေါ်တင်ပြီး သလင်းကျောက်ပမာ မျက်ရည်များ သန့်ရှင်းသွားအောင် ဖွဖွလေးသုတ်ပေးရင်း နူးညံ့စွာ နှစ်သိမ့်ချော့မြူချင်စိတ်ပြင်းပြသွားသည်။

ဒါ... သူရဲ့ယုံကြည်ကိုးကွယ်သူလေး... သူ့ကလေး... ဘယ်သူမှ သူ့ကို ဝမ်းနည်းညှိုးငယ်နေအောင် လုပ်ဖို့ အရည်အချင်းမရှိကြဘူး။ သူရဲ့ခရီးလမ်းမှာ လမ်းပျောက်လုနီးပါးဖြစ်သွားပေမယ့် အတားအဆီးတွေကို ကျော်ဖြတ်ပြီးချိန် သူရဲ့ချစ်ခြင်းတရားနှင့် သူ၏နတ်ဘုရားအပေါ် ရိုသေကိုင်းရှိုင်းမှုတွေကပဲ ပိုနက်ရှိုင်းလာတယ်။

နောင်တကြီးစွာရခြင်းနှင့် သူ့စိတ်ဝိညာဉ်၏ နက်ရှိုင်းသောအတွင်းကျကျ အစိတ်အပိုင်းထဲက လေးစားမှုကို လေ့လာမိတာကြောင့် အလင်းနတ်ဘုရားသည် သူ့လက်ချောင်းထိပ်လေးကို ဆန့်ထုတ်ကာ နွေးထွေးပြီးတောက်ပသော ရွှေရောင်အလင်းတန်းကို ကောင်လေး သောကရောက်ခြင်းမှ ရပ်တန့်သွားစေရန် အလို့ငှာ ကောင်လေး၏ခန္ဓာကိုယ်ထဲ စီးဝင်စေလိုက်သည်။

မျက်ရည်များဖြင့် ညစ်ပတ်ပေပွနေသော ကောင်လေးသည် ရုတ်တရတ် အံ့သြသွားပြီး မလှုပ်ရှားနိုင်ဖြစ်သွားသည်။ မယုံကြည်နိုင်စွာဖြင့် သူ့နဖူးကို ထိလိုက်ပြီးနောက် မျက်စိကိုဖမ်းစားနိုင်သော ဆွဲဆောင်မှုရှိကာ တောက်ပသည့်အပြုံးလေး ဖြစ်ပေါ်လာသည်။

" ဖခင်... သားတော်ကို ခွင့်လွှတ်လိုက်တာလား... ကရုဏာကြီးမားတဲ့ဖခင်က သားတော်ရဲ့အမှားကို ခွင့်လွှတ်ပေးမှာ သားတော် သိတယ်။ အခုအချိန်ကစပြီး ဖခင်ကို အလုပ်အကျွေးပြုမည့် သားတော် Joshua ... ဖခင်ကလွဲပြီး တခြားဘယ်သူ့ကိုမှ မကြည့်တော့ဘူး။ ဖခင်က သားတော်ရဲ့အရာရာဆိုတာ သိတယ်မလား။ ဒီကမ္ဘာမှာ ဘယ်ရတနာပစ္စည်းမှ ဖခင်နဲ့ နှိုင်းယှဉ်လို့မရဘူး။ သားတော်... Alger ကို မေ့ပြီး ဖခင်အတွက်ပဲ ဆက်လက် အသက်ရှင်သန်တော့မယ်။ "
ဖြူဖွေးနေသည့်သူ့မျက်နှာဖြင့် ရုပ်ထုကို ညင်ညင်သာသာပွတ်သပ်ကာ မျက်လုံးထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်ပေမယ့် မျက်နှာတွင်တော့ ချိုမြိန်သည့်အပြုံးလေး ပန်ဆင်ထားသည်။

အလင်းနတ်ဘုရားသည် ရွှေရောင်ရင့်ရင့်မျက်ဝန်းများဖြင့် စောင်းငဲ့ကြည့်ပြီး ကောင်လေး၏လှုပ်ရှားမှုတိုင်းကို အာရုံစူးစိုက်ကြည့်နေသည်။ ယုံကြည်သူလေးက Joshua လို့ခေါ်တယ်တဲ့လား ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်တဲ့ နာမည်လေးလဲ ... ... ။ သူက ဖခင်အတွက်ပဲ အသက်ဆက်ရှင်ချင်တယ်တဲ့လား... ... ခိုင်မာတဲ့ သူ့ကတိစကားလေးတောင် ချစ်စရာကောင်းနေလိုက်တာ... ... ။

အလင်းနတ်ဘုရားသည် ပြုံးလိုက်ပြီး ခေါင်းငုံကာ သူ့ခြေထောက်ကို ငေးကြည့်ရင်း စဉ်းစားလိုက်သည်။ တကယ်လို့ ကောင်လေးက သူ့အနား ရှိနေပြီး သူ့လက်မောင်းတွေနဲ့ သူ့ကို ရစ်ပတ်လွှမ်းခြုံကာ ရုပ်ထုကို ဖက်သလိုမျိုး သူ့ကို ဖက်ထားရင် ဘယ်လိုခံစားရမလဲ......?

သူသည် နှစ်သက်ပျော်ရွှင်ဖွယ် စိတ်ကူးယဉ်ကမ္ဘာထဲ လွင့်မျောသွားသည်။

နတ်ဘုရားသည် မှော်ကြည့်မှန်မှ ထွက်သည့်အလင်းတန်းကိုပဲ မြင်တွေ့နိုင်ပြီး အကြောင်းအရာကိုတော့ ဖခင် ကြည့်ခွင့်မပြုလျှင် မမြင်တွေ့နိုင်ပေ။ ဒါပေမယ့် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အခုလောလောဆည် သူ မှော်ကြည့်မှန်ကို ထိုင်ရှိခိုးချင်စိတ်ပေါက်သွားသည်။ ဒေါသအမျက်ခြောင်းခြောင်းထွက်နေသည့် တန်ခိုးရှင်ဧကရာဇ်သည် တိုတောင်းလှသည့်အချိန်အတွင်း သူ့ဒေါသတွေကို ဖြေဖျောက်လိုက်တာ... အလင်းနတ်ဘုရား တည်ရှိနေတဲ့ နှစ်သန်းပေါင်းထောင်ချီအတွင်း တခါမှ ဒီလိုမဖြစ်ဖူးသေးဘူး။

ဘယ်အရာကများ ဧကရာဇ်ကို စိတ်ဝင်စားအောင် လုပ်နေတာလဲ။ သူ့ကို ဆွဲဆောင်နိုင်တဲ့တစ်ယောက်ယောက် ဘုရားကျောင်းထဲ ရှိနေတာလား... ... ။

သူရဲ့ထင်မြင်မှန်းဆချက်တွေ ထောင်ပေါင်းများစွာ ထွက်ပေါ်လာပေမယ့် သူ့ထင်မြင်ချက်ကို ထုတ်မမေးရဲချေ။ သူသည် လက်ဝေ့ယမ်းကာ အပြင်ပန်းက ရိုသေကျိုးနွံ့ပုံပေါ်ပြီး အတွင်းစိတ်ထဲ ကြောက်လန့်နေကြသည့် အစေခံကောင်လေးများအုပ်စုကို အနားယူရန် ပြောလိုက်သည်။

ကျူးယွင်ရှန့်သည် တစ်နေ့လုံး နောင်တ တရားများဖြင့် ဖွင့်ဟဝန်ခံရင်း ကုန်ဆုံးခဲ့ပြီး နောက်ဆုံးတွင် သူ့အိပ်ဆောင်ဆီ နေဝင်ချိန်၌ ပြန်ရောက်လာသည်။

သူသည် ရေချိုးခန်းထဲ အပြေးအလွှားပြေးဝင်သွားကာ ရေထဲခုန်ချပြီး ရေများ ပြင်းထန်စွာ လှုပ်ရှားစင်ထွက်သွားရန် လက်သီးဖြင့် ရေမျက်နှာပြင်ကို ရိုက်နှက်ရင်း စိတ်ထဲ အော်ဟစ်လိုက်သည်... ... အဓိပ္ပါယ်မရှိလိုက်တာ... တကယ့်ကို ကလေးတစ်ယောက်လို ငိုကြွေးခဲ့တာပါလား ! ရှက်လွန်းလို့ တိုင်ကို ခေါင်းနဲ့တိုက်ပြီး သတ်သေချင်စိတ်တောင် ပေါက်တယ်... ! ဘယ်လောက်တောင် ဥာဏ်မရှိလိုက်တဲ့ ဝိညာဉ်လဲ! အရူးအမူးစွဲလမ်းယုံကြည်သူတွေ သူတို့ဘုရားသခင်အတွက် သူတို့ကိုယ်သူတို့ စတေးချင်စိတ်ပြင်းပြတာ အံ့သြစရာမရှိဘူး။ အခုတော့ သူတို့ကို ကောင်းကောင်းနားလည်သွားပြီ...။

အလင်းနတ်ဘုရားကို ချစ်မြတ်နိုးသူ ပျောက်ကွယ်သွားပြီး ကျိုးကြောင်းဆင်ခြင်နိုင်သည့် ကျိုးယွင်ရှန့် ပြန်ရောက်လာကာ ရှုပ်ထွေးစရာစိတ်ခံစားချက်တွေကြောင့် ရေကန်ထဲတွင် ဆောင့်ကြောင့်ထိုင်ကာ မျက်နှာမဲ့လိုက် မခံမရပ်နိုင်ဖြစ်လိုက်နှင့် အမျိုးမျိုးလုပ်နေပုံက အလွန်ရယ်စရာကောင်းနေသည်။

ချစ်စဖွယ်ကောင်းသော ယုံကြည်သူလေးကို တွေ့ရှိပြီးနောက် အလင်းနတ်ဘုရားသည် သူ့ကို စောင့်ကြည့်ရန် ဝတ်ပြုဆုတောင်းချိန်အတွင်းသာ မှော်ကြည့်မှန်ကို ဆင့်ခေါ်သည်။ ဒါမှသာ သူ့ကို တွေ့မြင်နိုင်သလို ချိုသာသော ချစ်ခြင်းမေတ္တာတရားပြည့်နှက်နေသည့်စကားများကို နားထောင်နိုင်မည်ဖြစ်သည်။ ဒါပေမယ့် အချိန်ကြာလာသည်နှင့်အမျှ သူ့၏ယုံကြည်သူလေးကို နှစ်သက်မြတ်နိုးလာပြီး သူ့ကို ခိုးကြည့်သည့်အချိန်ကလည်း ပိုရှည်ကြာလာသည်။

လေ့လာမိသလောက် ကောင်လေးသည် နေ့တိုင်းနေ့တိုင်း အိပ်ရာထတာနဲ့ မှန်ကိုကြည့်ပြီး သူ့အချစ်တွေကို အတည့်အလင်းဝန်ခံတယ်။ နှစ်လိုဖွယ်ကောင်းပေမယ့် တည်ကြည်လေးနက်သောအကြည့်က အလင်းနတ်ဘုရားကို အသံထွက် ရယ်မောစေလောက်စေတဲ့အထိ သဘောကျနှစ်ခြိုက်စေသည်။ အဓိကကျွန်းဆွယ်ရှိ တစ်ပါးတည်းသောနတ်ဘုရား ဖြစ်တာကြောင့် တခြားသူတွေ၏ရိုသေကိုင်းရှိုင်းမှုကိုလည်း ခံယူရပေမယ့် ဘယ်သူ့ကမှ သူ့စိတ်ကို ပြောင်းလဲသွားအောင် မလုပ်နိုင်ကြဘူး။ စွမ်းအားအကြီးဆုံး ပုပ်ရဟန်းမင်းကြီးတောင်မှ သူ အားလပ်ချိန် အပျင်းပြေကစားသည့် အရုပ်သာသာပဲ... ။

ပုပ်ရဟန်းမင်းကြီး၏ရည်မှန်းချက်ကို သူ သဘောကျသည်။ ထိုသူက အလင်းစွမ်းအင်ပိုင် ဘုန်းတော်ကြီး ဖြစ်နေပေမယ့် သူ့နှလုံးသားထဲ ပုန်းလျှိုးကွယ်လျှိုးရှိနေသည့် အမှောင်အရိပ်တွေက မကောင်းဆိုးဝါးတွေထက်တောင် ပျက်စီးယိုယွင်းနိုင်စွမ်းရှိနေသေးသည်။ အဲဒါက အလင်းနတ်ဘုရားကို ရဲဘော်ရဲဘက်အနေဖြင့် ခံစားရစေပြီး သူ့ကို ချုပ်ကိုင်ထားရတာ သူ့အတွက် စိတ်အနှောင့်အယှက်မဖြစ်ဘူး။ ကုန်းမြေကို ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းမလဲဆိုတာ သူ စောင့်ကြည့်ချင်မိသည်။ ဖျက်ပဲဖျက်ဆီးပစ်မလား... ဒါမှမဟုတ် အသစ်တဖန်ပဲ ပြန်မွေးဖွားပေးမလား......။

အဲလိုတွေလက်လွတ်စပယ်လုပ်နေတာက ရိုးရိုးသားသားပြောရရင်တော့ ကုန်းမြေနဲ့ပတ်သက်ပြီး သူ ဘယ်လိုလုပ်ရမလဲ မသိတော့လို့...။ သူ စိတ်မဝင်စားတော့လို့ တခါတလေ ဖျက်ဆီးချင်ပေမယ့် တကယ့်အရေးကြီးအချိန်ရောက်လာရင် အမြဲတမ်း သူ့ကိုယ်သူ ချုပ်တည်းမိပြန်တယ်။ အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခု ကမ္ဘာကြီးထဲ ပုန်းကွယ်နေတယ်ဆိုတဲ့ ခံစားချက်ဖျော့ဖျော့လေး သူ ခံစားနေရတယ်။

သူ အဲရတနာကို ရယူပိုင်ဆိုင်ရမယ်... ဒါကြောင့် ကုန်းမြေပေါ်က သက်ရှိသတ္တဝါတွေ ဆက်လက်ရှင်သန်နေဖို့ လိုအပ်တယ်။

နှစ်သန်းပေါင်းရာချီကြာပြီးနောက်တွင် ပြောင်းလဲလွယ်ပြီး တစ်ကိုယ်ကောင်းဆန်သည့် လူသားတို့၏သဘောသဘာဝကိုသာ သူ မြင်တွေ့ခဲ့ရပြီး နတ်ဘုရားလို့ ခေါ်တွင်နိုင်သူတွေတောင်မှ ကွယ်ဝှက်ထားသည့် အကြောင်းအရင်းတွေရှိနေကာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်တိုက်ခိုက်နေကြသည်။ အမှန်တကယ် စစ်မှန်သည့်လူသား... သန့်ရှင်းစင်ကြယ်သည့် အဖြူရောင် စိတ်ညာဉ်... ဘယ်လိုလုပ် အဲလိုလူမျိုး ရှိနေနိုင်မလဲ... ... ။

ဒါပေမယ့် သူ ဘာတွေရှာတွေ့ထားလဲ ကြည့်ပါဦး... ... ... သူ၏ယုံကြည်သူလေးရဲ့စိတ်ဝိညာဉ်က သန့်ရှင်းစင်ကြယ်သည့်အဖြူရောင် ဖြစ်နေပြီး အလင်းနတ်ဘုရားထံ အမှန်တကယ် နစ်မြုပ်ထားသူတွေသာ ပိုင်ဆိုင်နိုင်သော ဝင်းလဲ့လဲ့တောက်ပသည့်ရွှေရောင်လည်း ရောယှက်နေသေးသည်။ အရမ်းလှပလွန်းသည်... မျက်စိကျိန်းလောက်အောင် တောက်ပလွန်းသည်... အရမ်းနှစ်သက်စွဲမက်ဖွယ်ကောင်းလှသည်... ။

သူ့ကို စောင့်ကြည့်ရတာ တခါမှမငြီးငွေ့ဘူး။

ယုံကြည်သူလေး ဝတ်ပြုဆုတောင်းချိန်တွင် ဘာသာတရားကိုင်းရှိုင်းမှုသက်သက်ကိုသာ သူ ခံစားရပေမယ့် အိပ်ဆောင်ထဲ ပြန်ရောက်သွားတာနဲ့ တခြားစီဖြစ်သွားသည်။ သူရဲ့အတွေးအမှန်ကို မဖတ်နိုင်ပေမယ့် ယုံကြည်သူလေး ပြသနေတဲ့ တခြားအမူအယာတွေကို နားလည်သဘောပေါက်နိုင်သည်။ အမူအယာတွေက ပုံမှန် ကြင်နာနူးညံ့မှုနှင့် ဆိတ်ငြိမ်ခြင်းကနေ တော်တော် ကွဲပြားခြားနားနေသည်။

သွားဖြဲပြလိုက်... စိန်းစိန်းဝါးဝါးကြည့်လိုက်... ဒေါသတကြီး ရေကို ရိုက်လိုက်ဖြင့်... ဖျတ်လတ်တက်ကြွပြီး ချစ်စဖွယ်ကလေးငယ်လေး မလိုမကျဖြစ်ပြီး စိတ်ကောက်နေဟန် ပြုမူနေသည်။ မဟုတ်သေးဘူး... ... သူက ကလေးလေးပဲရှိသေးတယ်... ဖျတ်လတ်တက်ကြွသင့်တာပေါ့...။ သူ မေ့သွားတာ 16 နှစ်ဆိုတာ တော်တော်ငယ်သေးတယ်... တကယ်လို့ သူသာ နတ်ဘုရားဖြစ်ရင် အခုမှ နို့စို့ကလေးအရွယ်ပဲ ရှိနေဦးမှာ... ။

အလင်းနတ်ဘုရား၏ ဘာသာရေးဆိုင်ရာအချက်အလက်တွေ လေ့လာသင်ယူရခြင်းက အရမ်းခက်ခဲနက်နဲလွန်းတာကြောင့် အနည်းငယ် ပိတ်လှောင်မိနေသလို ခံစားရတာ မဆန်းပါဘူး။

အလင်းနတ်ဘုရားသည် ပြုံးလိုက်ရင်း ရေချိုးပြီးထွက်လာသည့် လှပသည့်ကောင်လေးကို သဘောကျနှစ်သက်စွာ ကြည့်လိုက်ပြီး ဆံပင်စိုစိုဖြင့် အိပ်ရာဝင်တော့မည်ကို ဆက်ကြည့်နေလိုက်သည်။

ထုံးစံအတိုင်း သူ့စွမ်းအင်ကို အသုံးပြုကာ ယုံကြည်သူလေး၏ဆံသားများကို ခြောက်သွေ့အောင် ပြုလုပ်လိုက်သည်။

အလင်းနတ်ဘုရားသည် မှော်ကြည့်မှန်ကို ပြန်မသိမ်းသေးဘဲ သလင်းကျောက်ခွက်ထဲမှ ဖျော်ရည်ယမကာကို ဖြည်းဖြည်းချင်း စုပ်သောက်ရင်း ယုံကြည်သူလေး အိပ်ပျော်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။ သူ့ပါးစပ်ထဲစီးဝင်လာသည့် ဖျော်ရည်ယမကာက အရင်ကထက် ပိုချိုနေသယောင်ယောင်...... ။

ကျူးယွင်ရှန့်သည် ထနေကျအချိန်အတိုင်း နိုးထလာပြီး ကိုယ့်ကိုယ်ကို လေးလေးနက်နက် အိပ်မွေ့ချပြီးနောက် အလင်းနတ်ဘုရားအပေါ် ထားရှိသည့် အရူးအမူးချစ်ခြင်းတရားများနှင့်အတူ ဘုရားကျောင်းဆီ လျှောက်လှမ်းသွားလိုက်သည်။

အစေခံတစ်ဦးသည် ပူဇော်ပသသည့်စားပွဲရှည်ကို သန့်ရှင်းရေးလုပ်နေသည်။ ဝိုင်၊ အဆာသွတ်မုန့်များ၊ ပန်းများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် နှစ်များစွာ မပျက်စီးဘဲ သိမ်းထားလို့ရသည့် တခြားပစ္စည်းများ ပါရှိသော်လည်း အဲဒါက နတ်ဘုရားကို စူးရှနာကျင်စေရန် ပြစ်မှားပြောဆိုတာနဲ့ အတူတူပဲ။ ဒါကြောင့် ရိက္ခာဖြည့်တင်းရေးကို ချက်ကျောင်းက တရားဝင်ကြီးကြပ်ပြီး ပူဇော်ပသသည့်ပစ္စည်းများ နှစ်ပတ်ပြည့်သွားသည့်အချိန်တိုင်း လဲလှယ်ပေးရမည်ဖြစ်သည်။

လွန်ခဲ့သော ရာပေါင်းများစွာသောနှစ်အနည်းငယ်က အဲအလုပ်တွေကို အလင်းစွမ်းအင်ပိုင်ဘုန်းကြီးတွေက ကိုင်တွယ်ဖြေရှင်းရပေမယ့် ချက်ကျောင်း၏တန်ခိုးအာဏာ ကြီးမားလာသည်နှင့်အမျှ ဘုန်းကြီးတွေက အထက်တန်းကျကျ ကြီးပြင်းလာရတာကြောင့် ငြီးငွေ့ဖွယ်ကောင်းပြီး နိမ့်ကျသည့်အဲလိုအလုပ်မျိုးကို နောက်ထပ် ဘယ်သူကမှ မလုပ်ချင်ကြတော့ပေ။

အတိတ်တုန်းက Joshua သည် အသေးစိတ်ကိစ္စများကို သတိမပြုမိပေမယ့် အခုတော့ သူက အရူးအမူးစွဲလမ်းနေတဲ့ ကျူးယွင်ရှန့် ဖြစ်နေပြီလေ... သေချာပေါက် အဲကိစ္စကို စဉ်းစားမိမှာပဲ...။ ချက်ချင်းပဲ အစေခံကို တားမြစ်လိုက်ပြီး သူ့အပြစ်ကို အသနားခံ တောင်းပန်ရန် ဖခင်၏ခြေတော်ရင်းရှေ့ ဒူးထောက်ချလိုက်သည်။

" ငါ ဘယ်လောက်တောင် ဖခင်ကို လျစ်လှူရှုထားမိလိုက်တာလဲ... ဖခင်အတွက် ပူဇော်ပသမယ့်ပစ္စည်းတွေအားလုံး ငါ့လက်နဲ့ကိုယ်တိုင် ကိုင်တွယ်သင့်တယ်။ ပူဇော်ပသဖို့ ကန်တော့ပွဲအတွက် ငါ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို နစ်မြုပ်၊ ကိုယ်စွမ်းကိုယ်စနဲ့ပြုလုပ်ပြီး ဖခင်ကို ပျော်ရွှင်အောင် လုပ်ပေးသင့်တယ်... ။ မင်းတို့အားလုံး ထွက်သွားတော့... နောက်ဆို ဒီအလုပ်တွေအားလုံး ငါပဲလုပ်မယ်... မင်းတို့တွေ တာဝန်ယူစရာမလိုတော့ဘူး... ။ "
သူသည် အစေခံနှစ်ယောက်ကို လက်ဝေ့ယမ်းကာ ထွက်သွားခိုင်းပြီးနောက် စားပွဲပေါ်ရှိပစ္စည်းများကို ခြင်းတောင်းထဲ စုစည်းထည့်လိုက်သည်။

007 သည် သူ၏ရုပ်ခန္ဓာဆိုင်ရာအမှတ်များကို အလင်းစွမ်းအင်ပိုင်ဆိုင်ရန်အလို့ငှာ သုံးစွဲလိုက်တာကြောင့် သူ့ခွန်အားက သန်သန်မာမာမဟုတ်ပေ။ ထို့ကြောင့် တံခါးဘောင်နားရောက်သွားချိန်တွင် လေးလံသည့်ခြင်းတောင်းကို တခြားလက်တစ်ဖက်ဆီ ပြောင်းရွေ့လိုက်တာကြောင့် ဟန်ချက်ပျက်သွားကာ ဘေးဘက်သို့ ပြိုလဲကျသွားသည်။

သူ့နဖူးသည် မာကြောသောတိုင်ဖြင့် ဆောင့်မိလိုက်ပေမယ့် နာကျင်မှုတစ်စုံတစ်ရာ မခံစားလိုက်ရပေ။

အလင်းနတ်ဘုရားသည် ကောင်လေး၏ " ပူဇော်ပသဖို့ ကန်တော့ပွဲအတွက် ငါ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို နစ်မြုပ်၊ ကိုယ်စွမ်းကိုယ်စနဲ့ပြုလုပ်ပြီး ဖခင်ကို ပျော်ရွှင်အောင် လုပ်ပေးသင့်တယ်... " ဟူသော စကားစုကြောင့် နိုးထလာပြီး မှော်ကြည့်မှန်ကို ဆင့်ခေါ်လိုက်ချိန် အန္တရာယ်ရှိသောထိုမြင်ကွင်းကို တွေ့လိုက်သည်။ မျက်လုံးအရောင်က အနည်းငယ် နက်မှောင်သွားပြီး ချက်ချင်း သူ၏ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ကာ နုနယ်သောကောင်လေး၏ ချောမွေ့နေသည့်နဖူးပြင်ကို ရစ်ပတ်လိုက်သည်။

ကျယ်လောင်သော ဘုန်းခနဲမြည်အောင် ဆောင့်မိသံကြောင့် တံခါးနားက အစေခံများ ထိတ်လန့်သွားပြီး တံခါးဘောင်မှထွက်လာသည့်ဖုန်မှုန့်များကို ကြောင်ကြည့်နေမိကြသည်။ နောက်မှ ဘုန်းကြီး၏အခြေအနေကို ကြည့်ရန် ကမန်းကတမ်း အပြေးအလွှားရောက်လာကြသည်။ အသံကို နားထောင်ကြည့်ရတာတော့ ဘုန်းကြီး တော်တော်နာသွားလောက်တယ်။

ကျူးယွင်ရှန့်သည် ယိမ်းယိုင်သွားပြီး မတ်တပ်ရပ်လိုက်သည်။ သူ့အမူအယာက အရမ်းထူးဆန်းနေသည်။ သူ့နဖူးက လုံးဝမနာကျင်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် တစ်ယောက်ယောက်က သူ့လက်ဖဝါးနဲ့ကာကွယ်ပေးလိုက်သလို နွေးထွေးပြီးနူးညံ့သည့်ခံစားချက်ကို ခံစားလိုက်ရသည်။ ဒါကြောင့် သူ ဒဏ်ရာမရတော့တာ...... ။

ပူဇော်ပသသည့်ပစ္စည်းများကို သယ်ကူပေးရန် ပြင်နေသည့် အစေခံကို နောက်တခါ ပြန်လွှတ်လိုက်ပြီး တိုင်ကိုကိုင်ကြည့်ကာ မာကြောကြောင်း သေချာအတည်ပြုပြီးနောက် စဉ်းစားရင်း ထွက်သွားလိုက်သည်။

Continue Reading

You'll Also Like

967K 183K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
168K 6K 25
လူငယ် BL Fiction စာရေးဆရာလေး ပြည့်စုံစွမ်းနှင့် ဟိုတယ် ပိုင်ရှင်ကြီး ဦးတေဇာစည်သူ တို့၏ အချစ်ဇာတ်လမ်း၌ ပြည့်စုံစွမ်း ၏ အမေက အမွှေကလေး နည်းနည်းပါးပါး ဝ...
2.2M 147K 104
Doctor Handsome & Medical Student