စာအုပ်ကို အာရုံစိုက်ထားသော
မျက်တောင်စင်းလေးတွေ။
တစ်ချက်ချက် နှုတ်ခမ်းကို စွတ်စိုစေသော
လျှာရဲရဲလေး။
ပုံကျသပ်ရပ်နေတတ်သည့် ဆံပင်မည်းတို့က
အိမ်မှာနေတဲ့အချိန်ဆို
ပုံမကျတော့ဘဲ ဟိုတစ်စ ဒီတစ်စဖြင့်
နဖူးပေါ်ဝဲကျနေတတ်သည်။
စာအုပ်ထဲမှာ အာရုံစိုက်ထားပုံကတော့
စာဖတ်နေရင်း မျက်နှာကိုပါ
တစ်ချက်ချက်ပြုံးစေသည်။
စားပွဲပေါ် လက်နှစ်ဖက်ထောက်တင်ကာ
လက်ဖဝါးနှစ်ဖက်ကြား မျက်နှာတင်လျက်
အားရပါးရငေးနေမိပါ၏။
"ဟေ့.....စာလုပ်လေ။"
မျက်လုံးကိုလှန်ကြည့်၍ ခပ်မာမာဆိုသည့်အခါ
အတွေးလွန်သည့်သူ့ကိုယ်လေး ဆတ်ကနဲ
တုန်သည်။
ဟီးကနဲ ရယ်ပြသည့်အခါ
ကိုကိုက သူ့ကို
မျက်မှောင်ကျုံ့ လျက်ကြည့်ပါ၏။
အင်း မထူးတော့ပါဘူးလေ။
"ကို .....ကို "
နောက်ကိုမှီထိုင်ကာ
ကုတင်ထက် လဲလျောင်းနေသော ကိုကို့ထံ
ဦးစွာ ချဉ်းကပ်မိပါ၏။
"အင်း.....ပြော။"
ရိုဆန်လိုက်တဲ့ ကိုကိုရယ်ပါ။
သို့ပေမယ့် စာအတင်းပြန်မလုပ်ခိုင်းတာပင်
တော်ပါသေး၏။
"ကိုကိုလို့ ။"
ကုတင်စွန်းက ကိုကို့ဘေးနေရာကို
အသာ ကပ်ထိုင်သည်။
လက်မောင်းတစ်ဖက်ကို မ,ကာ
ခပ်တင်းတင်းပိုက်လိုက်ပြီး။
"ဒီနေ့လေ ......"
"အင်းး ......"
သူ့ကိုမကြည့်ဘဲ စာအုပ်ထဲပဲ အာရုံစိုက်ကာ
စာရွက် တစ်ရွက်လှန်ရင်း ထူးလာပါ၏။
"ကျွန်တော် ပြောတာ အရင်နားထောင်ကွာ။"
"အင်း "
သူပြောတာမကြားဘဲ စွတ်အင်းနေပုံပါပဲ။
"အဲ့စာအုပ်ကို ချထား။"
လက်မောင်းကို ကိုင်လှုပ်ခါးယမ်းပစ်တော့မှ
"အဲ နေ....နေ.....အုံး
ရပြီ။"
စာရွက်ကိုခေါက်ကာ စာအုပ်ပိတ်၍
သူ့ဘက်အသာစောင်းငဲ့ကြည့်လာပါ၏။
"ဘာပြောမလို့လဲ ....ပြောလေ။"
ခန္ဓာကိုယ်ကိုပါ တစ်ဖက်အသာလှည့်လာ၍
သူ့စကားကို
အသေအချာနားထောင်တော့မည့်ပုံပါပဲ။
"ဒီနေ့လေ
ဘေးအခန်းက ကောင်မလေးတွေက
ကျွန်တော့်ဆီလာပြီး
ကျွန်တော့်ဖုန်းနံပါတ်လာတောင်းတယ်။"
ခေါင်းလေးကိုငုံ့ကာ မဝံ့မရဲလေးဆိုပြီး
ကိုကို့ကို အသာလေး မျက်လွှာကြည့်မိတော့
"အင်း "
ကိုကိုက ပကတိ မျက်ဝန်းများနဲ့ပါပဲလား။
သူ နှုတ်ခမ်းစူမိသွားရပြီ။
"ဟင် အဲ့တော့ ဘာဖြစ်လဲလို့ Kun ရဲ့။"
ကြည့်စမ်း။
ဒီအခြေအနေမှာ ပြောရမယ့်စကားက ဒါလား၊
"ကိုကို ကျွန်တော်ပြန်တော့မယ်။"
အစက ဖက်တွယ်ထားသည့်
ကိုကို့လက်မောင်းကိုပါ
ပြန်ပုတ်ထုတ်လိုက်သည်။
"ဟော ဘာဖြစ်လို့တုန်း။"
ကိုယ့်ချစ်သူ ဘာဖြစ်လဲဆိုတာတောင် မသိဘဲ
အူကြောင်ကြောင်ကြီး ပြန်မေးနေတာဟာ
ကိုကို့ကို စမတ် မကျစေဘူးနော်။
ကိုကို သိရဲ့လား။
"ဟင် ပြောလေ
အကောင်းကြီးကနေ ဘာထဖြစ်တာတုန်း။"
သူ လက်ကို ဖျစ်ညှစ် ဆုပ်ကိုင်လာသည့် ကိုကို
ကြည့်။ပြောပုံကြီးက မသိရင် ကျွန်တော်ကပဲ
စိတ်မမှန်သလိုလို။
"ပြန်မလို့
ကောင်မလေးတွေကို ဖုန်းခေါ်မလို့။"
သူစိတ်ဆိုးစွာဖြင့် အော်လိုက်တာကိုပင်
ကိုကိုက ပြုံးလာပါ၏။
ဒါဟာ သူ့ဒေါသကို ပိုတိုးစေတာပါနော်။
"ဘာပြုံးတာလဲ ....မပြုံးနဲ့နော် "
ပြောရင်းမှ ရယ်လာတာများ
သွားတွေပါပေါ်တဲ့အထိ။
"အရူးလေး။"
ကိုကိုက သူ့ခေါင်းကို လက်သီးဆုပ်နဲ့ ဖွဖွထုသည်။
"ဘာအရူးလဲ ဘာအရူးလဲ
ကျွန်တော်က မရူးဘူးနော်
ကိုကိုကပဲ ရူးတာ။"
ပြန်အော်ရင်းနဲ့မှ သူ့ဦးခေါင်းကို
ထိပုတ်ကစားဖို့ လှမ်းလာသော
ကိုကို့လက်ကိုလည်း ပုတ်ထုတ်ရသေးသည်။
"ကိုယ့်ကောင်လေးကိုတောင်
သဝန်တိုရကောင်းမှန်းမသိဘူး။"
ခပ်တိုးတိုးလေးရေရွတ်ပြီး စားပွဲပေါ်က
စာအုပ်တွေကို သိမ်းရသည်။
သို့တိုင်အောင် ကိုကိုက ပြုံးကြည့်နေဆဲ။
လိုက်ခေါ်နိုးနိုးဖြင့် ပြန်လာတာ
ကိုယ့်အခန်းကိုယ်ရောက်တဲ့အထိပဲ။
ကိုကိုက သူ့ကို့ ပြန်မခေါ်၊ဖုန်းမဆက်နဲ့
တစ်ညလုံးအပြင်
နောက်တစ်မနက်လုံးအထိ ပစ်ထားခဲ့ပါသည်။
နေ့လည်ထမင်းစားချိန် ရောက်တော့
ကန်တင်းက စားပွဲမှာ
တစ်ယောက်တည်းထိုင်နေရင်းက
စာတစ်စောင်၊ဖုန်းတစ်ကောမှ ဝင်လာခြင်း
အလျဉ်းမရှိတဲ့ ဖုန်းလေးကို
ငိုင်ကြည့်နေမိသည်။
သူများတွေကတော့ သာယာလိုက်တာ
ဆိုင်အနှံ့က ခုံတိုင်းမှာ လူတွေပြည့်နေလျက်
ရယ်မောပျော်ရွှင်နေကြသည်။
ဟွန့်
မကောင်းလိုက်တဲ့ ရည်းစားကြီး။
ငယ်ငယ်ကသာ အစစအရာရာ ဂရုစိုက်တာ။
ခုများတော့ သူ့ကို ဖုတ်လေတဲ့ငါးပိ
ရှိတယ်တောင် ထင်မှာမဟုတ်ဘူး။
မနေ့ကလည်းကြည့်။
သူ့လို အထက်တန်းကျောင်းသား
နုနုထွတ်ထွတ်လေးက
သူ့ထက် ၁၀ နှစ်ကျော်လောက်ကြီးတဲ့
ချစ်သူကို ချွဲချင်တာပေါ့။
ချွဲချင်လို့လည်း စာလိုက်လုပ်မယ့်
အကြောင်းပြချက်ပြပြီး
အိပ်ခန်းထဲ ထိ ရောက်အောင်
အတင်းဇွတ်လိုက်လာခဲ့တာလေ။
ဒါကိုတောင် အဖက်မလုပ်ဘဲ
စာအုပ်ချည့်ဖတ်နေပြီး
စိတ်ဆိုးပြီးပြန်အောင်လည်း လုပ်သေးတာ။
နုံလိုက်တာလည်း လွန်ရော။
ချစ်သူနဲ့ အတူရှိနေရင်
အသားယူရကောင်းမလားမသိ။
အချွဲခံရကောင်းမှန်းမသိနဲ့။
Kun က ငယ်သေးတယ်။
ကလေးပဲရှိသေးတယ်ဆိုတာနဲ့ချည့်
ဆင်ခြင်နေတော့တာ။
အခုထိ နဖူးလေးပဲ နမ်းဖူးတာ။
ချစ်သူဖြစ်တယ်ဆိုတာကလည်း
ကိုယ်က အရင်စလိုက်လို့ပါ။
မဟုတ်ရင်
အခုလို အခြေအနေဖြစ်လာမှာကို မဟုတ်ဘူး။
ငယ်ငယ်ကအတူရှိဖူးတဲ့သူနဲ့ ချစ်သူဖြစ်ရတာ
လည်း မလွယ်ဘူးနော်။
အမြဲတမ်း ကလေးလို့ပဲ မြင်နေတော့
ကိုယ့်မှာ ရောက်သင့်တဲ့ အဆင့်မရောက်။
ကျွန်တော်လူကြီးဖြစ်နေပါပြီလ်ို့
ဒဲ့ပြောပြီး သေချာပြလိုက်ချင်တော့တာပဲ။
(မှတ်ပုံတင်ပြမှာပြောပါတယ်။)
'"ဟွန့်"
ဖုန်းကို စားပွဲပေါ်သို့ ဂွက်ကနဲ ချသည်။
လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး
မထူးတော့ပါဘူးလေ။
ကိုကို့ချော့မှာကို မျှော်ရမှာပဲ။
"Kun လေး"
"ဟင်"
ဆိုင်ဝ အပြင်မှနေ သူ့အမည်ကိုခေါ်လာသော
ကိုကို။
သူအံ့သြတကြီးကြည့်လိုက်မိသည်။
"ဘယ်သူလဲဟ
ဒါ Xukun ကို တစ်ခါခါ
ကားနဲ့လာကြိုတတ်တဲ့
အစ်ကိုကြီးမဟုတ်လား။"
"woww စမတ်ကျလိုက်တာ။"
"ဓာတ်ပုံခိုးရိုက်ကြရအောင်။"
ကန်တင်းမှ လူတွေရဲ့ အသံကျိတ်ကျိတ်တွေ။
"Kun "
ထိုင်ရာမှ မထမိသော သူ့ထံ
ကိုကိုက ခြေလှမ်းကျယ်ကြီးနဲ့လှမ်းလာသည်။
ဘာများဖြစ်တာပါလိမ့်ဟု အံ့သြလို့မဝသေးခင်
"Kun "
ကိုကိုက သူ့အမည်ကို တမ်းတမ်းတတနဲ့
ကြင်ကြင်နာနာခေါ်လာလေသည်။
"မင်းက ကိုကို့ တစ်ယောက်တည်းအပိုင်နော်"
ကိုကိုက ခါးကို ငုံ့ကိုင်းကျလျက်မှနေ
ူ့သူ့မေးဖျားကို ဆွဲပင့်ယူကာ
အနမ်းခြွေလာလေတော့သည်။
သူလည်း အလန့်တကြား
မျက်လုံးကို ပိတ်ချပစ်လိုက်မိသည်။
နှုတ်ခမ်းသားအိအိများဖြင့်
ထွေးပွေ့ခံနေရသော နှုတ်ခမ်းများကြောင့်
ရင်တွေခုန်နေတာများ
လန့်စရာတောင်ကောင်းတယ်။
နောက်ပြီး
ကိုကို့ တံဆိပ်ခတ်နှိပ်ပုံကလည်း
ဆန်းကျယ်သားနော်။
"ဟဲ့ ဟဲ့
ဘဲကြီးက ပိုင်ရှင်ရှိတယ်ဟဲ့။"
ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်မယ့်ကောင်မလေးအားလုံး ဖုန်းပြန်သိမ်းကြလေတော့သည်။
************************************
ကိုကိုးရဲ့အဆက်ပါ
#HisArcher