အကြိမ်ကြိမ် ကြိုးစားဖို့....
မဟုတ်သေးဘူး ရယူဖို့ကြိုးစားခဲ့တယ်။
ခဏတာ စည်းချက်မညီတဲ့
ရင်ခုန်သံတွေကြားမှာ စကားလှလှလေးတွေနဲ့
နှလုံးသားတခုလုံးကို သိမ်းပိုက်ပစ်ချင်တယ်တဲ့။
ဖြစ်နိုင်ရင် ရပ်ပေးပါတော့လား...
ခင်ဗျားကစားနေတာ ကျတော့်နှလုံးသား
ဆိုတဲ့အသိလေး ဝင်ပေးပါတော့နော်။
|| C Y C L A M E N ||
_____________________________
တစ်နေ့တစ်နေ့ နေရစားရတာ
တကယ်ပင်ပန်းလွန်းတယ်။
ဘာလုပ်လုပ် အကောင်းမမြင်တတ်တဲ့
အဆိုးမြင်ဝါဒ်ီစွဲလူသားတွေကြားမှာ
အသက်ရှူ နေရတာကအစ
ကြမ်းတမ်းလွန်းလာတယ်လို့ပဲမြင်နေမိတယ်။
အမယ်...ကြီးကြီးကျယ်ကျယ်တွေပြောနေတယ်
ဆိုပြီး ကျတော့်ကိုအထင်တွေ
လွှတ်ကြီးမနေကြနဲ့ဦးနော်။
ကျတော်ဆိုတဲ့ကောင်ကလဲ ဘာလုပ်လုပ်
စောက်ချိုးပြေပြေလုပ်တတ်တဲ့လူစားမျိုး
ထဲပါဖို့ရာ ဝေလာဝေး...
တက္ကသိုလ်လာတာ ဘာလုပ်ဖို့လဲ?
အင်းးး...ဒီမေးခွန်းကနက်နဲတယ်။
ပေါ့ပေါ့ပါးပါးတွေးရင်တော့ စာသင်ဖို့ပေါ့လေ။
မလောက်လေးမလောက်စား
ကလေးစိတ်တွေကတော့ပြောကြမယ်။
အိမ်ကလွှတ်လို့လာတယ်ပေါ့...
သူတို့ပြောတာလဲ မမှားဘူးလေ,
အိမ်ကမလွှတ်ရင် သူတို့လဲဘယ်လာချင်မလဲ။
ကဲ...ဒီတော့ ကျတော့်အမြင်လေးပြောမယ်။
အတန်းပုံမှန်တက်ဖို့က နံပါတ်တစ်,
Lectureတွေသေချာနားထောင်ဖို့က
နံပါတ် နှစ်,
နောက်ဆုံးအနေနဲ့တော့ တက္ကသိုလ်ကပေးတဲ့
Presentationတွေ Tutoတွေကို
အတတ်နိုင်ဆုံးအမှတ်ကောင်းအောင်
ဖြေနိုင်ဖို့ပေါ့...။
ခင်ဗျားတို့ရော အဲ့အချက်တွေနဲ့
ကိုက်ညီကြလား?
Sorry...ကျတော်ကတော့ အတန်းထဲ
နေဖြစ်တာတောင် ခပ်ရှားရှားပဲ။
ဆရာလုပ်တယ်တော့မထင်နဲ့ဗျာ။
တက္ကသိုလ်လာပြီး စော်တပွေ ဘဲတပွေနဲ့
ရွယ်တူချင်း ကိုကိုတွေ အသဲလေးတွေ
လုပ်ပြနေတာတွေကို ကြည့်မရတာတော့
ကျတော့်ရဲ့ Universal Truthပဲ။
အထင်လဲမကြီးဘူး စောက်ဂရုလဲမစိုက်ဘူး,
အော်...အဲ့လိုဆိုလို့ကျတော့်ကို
ခင်ဗျားတို့လိုဌက်ပျောပင်ပိုင်ရှင်FAတွေလို့
တော့ မထင်လိုက်နဲ့နော်။
ကျတော်ကနည်းနည်းပွေတယ်...
ဘယ်လိုပြောရမလဲ,, လက်တည့်စမ်းတဲ့
သဘောပေါ့...ကျတော့်ရုပ်ရည်ကလဲ
အပြစ်အနာအဆာရှိတယ်ရဲ့မှမဟုတ်ဘဲ။
အဲ့တော့ စော်တွေ ဘဲတွေဆိုတာ
ကျတော့်အတွက်တော့Limited Edition
လို့မပြောလိုဘူး။
"ထယ်ယောင်းးး!!!"
"What the....လန့်လိုက်တာဂျီမင်ရာ။
ငါစဉ်းစားနေတာတွေFeelအောက်တယ်,
အသံဆိုးကြီးနဲ့ကွာ!!"
"အသံဆိုးလုပ်မနေနဲ့။ ငါတို့ကိုဒီအပတ်တင်
ခိုင်းတဲ့Assignmentပြီးပြီလား?"
"ငါကမင်းဆီက ကူးနေကြလေ။ ဘာလို့ငါလာ
ပြန်မေးနေတာလဲ ဂျီမင်?"
"Aishh...ငါဒီအပတ်ရေးဖို့မေ့သွားလို့ပေါ့"
"မင်းတောင်မေ့တယ်ဆိုတော့ ငါဆိုတာသတိ
ရစရာအကြောင်းမရှိဘူးလေ။ နေပါဦး...
မင်းကမမေ့စဖူးမေ့ရအောင် ဘာတွေလုပ်
နေလို့လဲ?"
"ထယ်ယောင်း...ငါလေ...ငါ...ငါကြိုက်နေတဲ့လူ
ရှိနေပြီ"
အသက်17နှစ်အရွယ်ကောင်လေး
တစ်ယောက်မှာ ကြိုက်ရမဲ့လူရှိတယ်ဆိုတာ
ထူးဆန်းရယ်တယ်တော့လဲမဟုတ်။
ဒါပေမဲ့ Jimin ကသူ့လိုငပွေငရှုပ်
လူစားမျိုးထဲမပါဝင်...ကျောင်းစောင့်နတ်နဲ့
တည့်တဲ့လူစားမျိုးလေးပေါ့။
"ချောလား?"
"မင်းဆိုတာကလဲလေ...အချစ်မှာမျက်စိမရှိဘူး
ဆိုတာမင်းနားမလည်ဘူးလား??"
"ဘာလဲ...မင်းကြိုက်တဲ့တစ်ယောက်က
မျက်စိမရှိဘူးလား?"
"မဟုတ်ဘူး...နည်းနည်းမှေးတာ"
ဂျီမင့်စကားကြောင့် ခပ်ဟဟရယ်မိသည်။
ဒီလောက်ဆို ဂျီမင်ကြိုက်တာ
ဘယ်သူလဲ သူသဘောပေါက်လိုက်ပြီ။
သူတို့ကျောင်းက Basketball Captainကြီး
မင်ယွန်ဂီဆိုတာသေချာသလောက်ပဲလေ။
အသားဖြူ ဖြူ မျက်လုံးမှေးမှေး
လူကတော့ ရေလည်ချေသလားမပြောနဲ့။
နောက်ဆုံးချေစရာမရှိရင်
စက္ကူ စုတ်ကိုထိုင်ပြီးလုံးချေနေမဲ့ရုပ်ကြီး။
Basket ball Captainသာပြောတယ်
အရပ်ကလဲ သူ့ပုခုံးလောက်ပဲရှိတာပါ။
ဂျီမင်ပြောတာ မှန်တယ်...
အချစ်က မျက်လုံးနည်းနည်းမှေးတာတဲ့။
"အဲ့ဘိုးတော်က Final Yearကမလား?"
"အေး...ဒါပေမဲ့သူကငါ့ထက်ရှစ်နှစ်လောက်
ကြီးမယ်ထင်တယ်။ ကျောင်းနားထားတာ
သုံးနှစ်တောင်လေ"
"ကြည့်လုပ်ပါ ဂျီမင်ရာ။ အဲ့လောက်အသက်ကြီး
ကြီးဘိုးတော်ကို မင်းမို့...
"အချစ်က အရောင်မဲ့တယ် ထယ်..."
မျက်လုံးထဲမှာရုတ်တရက်ပေါ်လာမိသည်က
ယုန်သွားလို ခပ်ကြီးကြီးသွားပိုင်ရှင်လူသား။
ဘာရယ်မဟုတ်ပေမဲ့ တွေးမိသွားသည်။
သူဆိုင်ကိုမလာတာ နှစ်ရက်ရှိပြီ။
ကျောင်းပြီးပြီးသားဆိုတော့
ကျတော့်ထက် ခြောက်နှစ်ခုနစ်နှစ်လောက်
တော့ ကြီးလိမ့်မည်။
သူကကော်ဖီမကြိုက်ဘူး...
ဝါသနာပါတာက Programmingတဲ့။
အော်...ကျတော်သိတဲ့သူ့အကြောင်းက
ဒါအကုန်ပဲတဲ့လား။
နေ့တိုင်းမြင်ဖူးတွေ့ဖူးနေတဲ့Timetableတောင်
ခုချိန်ထိမမှတ်မိနိုင်သေးတဲ့ကျတော်က
ဂျွန်ဂျောင်ကုအကြောင်းကျ
တခုမကျန်မှတ်မိနေတယ်တဲ့နော်...
ကျတော့်ဦးနှောက်ကြီးက ဘက်လိုက်တာပဲ။
______________________________
ရင်ထဲမှာ ဟာသလိုလိုဆာသလိုလို
ခံစားချက်မျိုးကြီး။
မုန်းလိုက်တာ...ခေါက်ဆွဲဗူးလဲစားပစ်နေတာ
လေးဗူးရှိနေပြီ။
ကြည့်ရတာ ဗိုက်ဆာတာမဟုတ်ဘူးထင်တယ်။
ပျင်းပျင်းနဲ့Phone Screenပဲဖွင့်မိတယ်။
သူသိပ်ချစ်တဲ့လူသားရဲ့Wallpaperလေး...
ဒါပေမဲ့ စိတ်ကအဲ့ထဲသိပ်မရောက်ဘူး။
Galleryထဲမွှေမိတယ်...
သူသီးသန့်ထားတဲ့ Albumလေးကို
ကြည့်တာ ဒီတခါနဲ့ဆိုခြောက်ခါမြောက်ပဲ။
ပုံမှန်ဆို တစ်ပတ်နေလို့တစ်ခါတောင်
မဝင်ဖြစ်တဲ့ Instgram ကိုနေ့တိုင်းဝင်
နေခဲ့တာ အခုဆိုနှစ်ပတ်ကျော်ပြီ။
နာရီလက်တံသံကလွဲရင်
ဘာမှမကြားရတဲ့ အိမ်ကြီးထဲမှာ
တစ်ယောက်တည်းနေရတာ တကယ်
ပျင်းဖို့ကောင်းလွန်းတယ်။
Barကိုလဲမသွားဖြစ်တာနှစ်ရက်ရှိပြီ။
Barမှာကခုန်နေတဲ့လူတွေကိုမြင်ရရင်
လူကအလိုလိုနေရင်း ခေါင်းတွေမူးလာသလိုပဲ။
ဟိုကောင်လေးရှိတဲ့Cafeကိုလဲ
သွားရတာ အားနာလာတယ်။
ကော်ဖီကိုမှအမျိုးအစားအစုံသီးသန့်ရောင်းတဲ့
သူတို့ဆိုင်မှာ သူ့လိုကော်ဖီမကြိုက်တဲ့
လူတစ်ယောက်အတွက် Americano
တစ်ခွက်နဲ့အကြာကြီးသွားသွားထိုင်ရတာ
အတန်ငယ်တော့ မျက်နှာပူသည်။
မြင်မြင်ချင်းတုန်းကသိအောင်ရှာတယ်။
သိတော့ နေ့တိုင်းမြင်ချင်တယ်။
မြင်ပါများတော့ စကားပြောချင်မိပြန်ရော။
တစ်ဆင့်ထပ်တစ်ဆင့်တက်တက်လာတဲ့
သူ့အပြု အမူတွေကို ကောင်လေးရိပ်မိမှာလည်း
စိုးရိမ်မိတယ်...ဟက် မသိရင်အခုမှ
ရည်းစားထားဖူးတဲ့ ကလေးကျလို့။
တွေးနေရင်း တွေးနေရင်းနဲ့
နာရီလက်တံသံကပိုပိုကျယ်လာခဲ့တယ်။
ရှစ်နာရီ ဆယ်မိနစ်....
တိတ်ဆိတ်နေတဲ့အိမ်ကြီးက နေ့မှန်းမသိ
ညမှန်းမသိရလောက်အောင်ကို
အထီးကျန်ဆန်လွန်းသည်။
မထူးဘူး...တစ်ယောက်တည်းထိုင်နေမဲ့
အတူတူ CafeမှာAmericanoလေးမှာပြီး
အလှကြည့်လဲမဆိုးဘူးလေ...။
ဟိုကောင်လေးလဲ ရှိလိုရှိငြားပေါ့။
______________________________
"Americano တခွက်!"
ဆိုင်ပိတ်ခါနီးအချိန်မို့ Customerဦးရေ
က များများစားစားမရှိပေ။
ရုတ်တရက်ကြားလိုက်ရတဲ့Orderမှာသံက
သူ့ဝဲဘက်ရင်အုံကို တဒင်ကလေး
လှုပ်ခတ်သွားစေတယ်။
ဟုတ်တယ်...ဒီလူပဲ...ဂျွန်ဂျောင်ကု။
သူ့ကိုကြည့်ရတာ တခုခုကို
အလျင်စလိုဖြစ်နေသလိုပဲ။
"Umm...ထယ်...Americanoက
ပါဆယ်ယူမှာ။ ဗူးထဲပြန်ပြောင်းပေးလို့ရမလား"
"အာ...ဟုတ်။ ရတယ် အကို"
စိတ်ထဲဇနိုးဇနောင့်ဖြစ်သွားတာတော့
အမှန်ပဲ။ ကော်ဖီမကြိုက်တဲ့အကိုက
ကော်ဖီကိုပါဆယ်ယူတယ်? အကို့အိမ်မှာ
ဧည့်သည်ရှိနေလို့လား။
အော်...ကင်မ်ထယ်ယောင်းရယ်
မင်းတောင် အကို တွေဘာတွေခေါ်
တတ်နေပြီတဲ့လား....
"ဒါနဲ့ ထယ် တို့ဆိုင်ပိတ်တော့မှာလား?"
"ဟုတ်တယ် အကို။ ခဏနေပိတ်တော့မှာ"
"ကိုယ်အဲ့တာဆိုအပြင်မှာပဲစောင့်နေ
တော့မယ်။ ထယ့်ကိုအိမ်ပြန်လိုက်ပို့ပေးချင်လို့
အဆင်ပြေတယ်မလား?"
"ဗျာ? ဟို...ကျတော်ကဒီတိုင်း
"အိုခေ...ကိုယ်စောင့်နေမယ်နော်"
အမှန်တိုင်းပြောရရင် ကျတော်အနည်းငယ်...
မဟုတ်သေးဘူး တော်တော်ရင်ခုန်နေတယ်။
သူကျတော့်ကိုတွေ့ချင်လို့
ဒီအထိလိုက်လာတယ်ဆိုတဲ့သဘောလား?
ဝိုးး...နှင်းဖွဲဖွဲလေးကြားထဲမှာ
Americanoပူပူလေးတစ်ခွက်နဲ့
သူ့လက်လေးကိုတွဲရင်းလမ်းလျှောက်...
အလဲ့...ကင်မ်ထယ်တို့က
ဒါမျိုးဆိုစောက်ရမ်းကဗျာဆန်တာဗျ။
တွေးရင်းနဲ့တောင်လူက အီစီကလီMood
ဝင်လာပြီ...ဆိုင်မြန်မြန်သိမ်းမှပဲ။
__________________________________
"ထယ်? နေမကောင်းဘူးလား?
ထယ့်ကြည့်ရတာ တမျိုးပဲ"
ဘယ်မျက်နှာကောင်းမတုန်း...
သူတွေးထားတဲ့ ရိုဆန်ဆန်လက်ကလေး
ကိုင်မဲ့ Dateလေးကအခုတော့ဖြင့်
ကားပေါ်မှာ ကော်ဖီခွက်ကိုင်ရင်း
မီးပွိုင့်စောင့်နေရသတဲ့လေ။
"အာ...ဘာမှမဖြစ်ပါဘူး။ ဒီလိုပါဘဲ"
ဆူပုတ်ပုတ်မျက်နှာပေးလေးက
အသဲယားစရာကောင်းသလို
ဘာကိုအလိုမကျမှန်းမသိဘဲ ထော်ထွက်နေတဲ့
နှုတ်ခမ်းရဲရဲလေးကလဲ ဆွဲနမ်းပစ်ချင်
စရာကောင်းလွန်းသည်။
Calvinပြောတာ မှန်တယ်...ဒီကလေးက
အင်နိုးစန့်လေးအတိုင်းပဲ...။
"အကို...ဘာလို့နှုတ်ခမ်းတွေခဏခဏ
သပ်နေတာလဲ? ရေဆာလို့လား?"
"အော်...အင်း...ဟုတ်တယ်
နည်းနည်းရေဆာလို့"
"ဒီကော်ဖီဖြစ်ဖြစ်သောက်လိုက်ပါလား
ကော်ဖီကမပူတော့ပါဘူး"
"ကိုယ်က
"အာ...ဆောရီး အကိုကကော်ဖီမကြိုက်ဘူးပဲ"
"ထယ် မှတ်မိသားပဲ"
"အင်း ကော်ဖီဆိုင်လာပြီး ကော်ဖီမကြိုက်ဘူး
ဆိုတော့ နည်းနည်းထူးဆန်းလို့ပါ"
"ကိုယ်က ကော်ဖီသောက်ရင်
ဗိုက်အောင့်တတ်တယ်"
"အဲ့လိုလား..."
"အင်း..."
တိတ်ဆိတ်သွားသော လေထုကြားတွင်
ပြောစရာ စကားလုံးတို့က
အစအနရှာမရအောင်ပျောက်ဆုံးသွားသည်။
အိမ်ပြန်လမ်းကလဲ ဒီနေ့ကျမှ
အတော်ကြာလိုတောင် ခံစားနေရသည်။
"ထယ် အချစ်ကိုယုံလား?"
"နည်းနည်းပါးပါးပေါ့..."
"ရည်းစားတွေဘာတွေရော?"
"ဒီလိုပါဘဲ..."
"ထယ့်ကို တစ်စုံတစ်ယောက်ကကြိုက်နေ
တယ်ဆိုရင်ရော?"
"မပြောတတ်ဘူး...."
တိကျရေရာခြင်းမရှိတဲ့ အဖြေတွေကြားမှာ
ဂျောင်ကုတစ်ယောက်အနည်းငယ်တော့
တွေဝေသွားခဲ့သည်။
ရုတ်တရက်လဲ အတွေးစိတ်တို့က
ပျံ့လွင့်သွားသယောင်....
"ကျတော်တခုတော့ပြောချင်တယ်အကို"
"အင်း ပြောလေ ထယ်"
"တအားမမူပါနဲ့လား...အကို့ကောင်လေးက
စိတ်မချရလောက်ဘူး"
ရွှတ်နောက်နောက်ပြောတတ်တဲ့
ကျတော့်ရဲ့အတည်ပေါက်စကားတွေမှာ
အကိုကျရှုံးပေးပါ....
အကို့ရဲ့ မထုံတတ်တေးအမူအရာတွေကို
ကျတော်လဲကျရှုံးနေပြီမို့ပါအကို။
TBC.
Thank you for reading.
နည်းနည်းပျင်းဖို့ကောင်းသွားတယ်မလား:3
အရေးအသားကိုတော့
သည်းခံပေးကြပါနော်:'D
ဖတ်ပေးတဲ့ Reader လေးတွေအားလုံးကို
ကျေးဇူးပါ <3333
Edited:: ဒီFicထဲမှာနောက်ပိုင်းစကားလုံးတချို့
ကအနည်းငယ်ကြမ်းမှာပါ:3 ပြီးတော့ A little Mature Scene:'D
Plz don't bash me.You can leave if you don't like:)