__3__

1.1K 153 43
                                    

အကို့ကို အရင်းပြုပြီးအန်တုလည်ပတ်နေတဲ့
ကျတော်လို ဂြိုဟ်တုအတွက်
အကို့လည်ပတ်မှုတွေက သိပ်ကို
အရေးပါလွန်းခဲ့တာပေါ့ ။

အရေးပါတယ်လို့ပြောတာနော် အကို~
နေမင်းကြီးလို မရှိမဖြစ်လိုအပ်နေခဲ့တာ
မဟုတ်သေးဘူး ။

|| C Y C L A M E N ||

ခြေသွက်လက်သွက်နဲ့ ထက်ထက်မြက်မြက်
ရှိလွန်းတဲ့ ကျတော့်ကလေးလေးကို
ချဉ်းကပ်ဖို့အတွက် တော်တော်
ချင့်ချိန်စဉ်းစားယူနေရတယ်။
တနေ့တခြားပိုပိုပြီး သဘောကျလာမိတာ
ကျတော့်အပြစ်တော့လည်းမဟုတ်ဘူး ။

မိန်းကလေးတစ်ယောက်ကို
ရည်းစားစကားပြောရင် မူမယ်,ရှက်မယ်,
အင်းးး ဒါထုံးစံပဲလေ ။
ကျတော့်ကလေးလေးက ထူးခြားတယ် ။
ပွင့်လင်းတယ် ,ရိုးသားတယ်,
အရှိကိုအရှိတိုင်း ပြောတတ်တယ်,
လွယ်လွယ်နဲ့ စိတ်လျော့အားငယ်တတ်တဲ့
ကောင်လေးတစ်ယောက်လဲမဟုတ်ဘူး ။

ဒါတွေကို တွေးမိလေ သူပိုကြောက်နေမိလေပဲ ။
ရှေ့ဆက်တိုးဖို့ ခြေလှမ်းတစ်ကွက်
ရွှေ့တိုင်း နောက်ကျောဘက်မှာ
ချည်နှောင်ရစ်ပတ်ခံထားရတဲ့ လက်တစ်စုံ
ကြောင့် ခဏခဏတွန့်ဆုတ်နေမိတယ် ။
ဝန်ခံပါတယ်....ကျတော်သိပ်ပြီး
သူရဲဘောကြောင်ခဲ့လွန်းတယ် ။
အခုထိလဲ ဆက်ပြီးသူရဲဘောကြောင်
နေမိတုန်းပဲ....ကျတော်ဘာလုပ်ရတော့မလဲ...

တယောက်ပြီးတယောက်ကို
ချစ်တယ်တခွန်းပြောပြီး တွဲတလှည့်
ပြတ်တလှည့်ကစားဖူးခဲ့တဲ့ ကျတော် ။
ဘာလို့အဲ့လိုတွေ ကစားခဲ့တာလဲလို့
မင်းကိုယ့်ကိုမေးလာမဲ့တစ်နေ့....
ကိုယ်ဘယ်လိုပြန်ဖြေပေးရမှာလဲ ကလေးငယ် ။

ကိုယ့်ကို ချစ်ပေးပါလို့လည်း
မတောင်းဆိုရက်သလို
ကိုယ်ကိုယ်တိုင် ချစ်နေပြီဆိုတာကိုလဲ
ဝန်ခံဖို့စိတ်ကူးမရှိဘူး ကလေးငယ် ။
ဒီတိုင်း...ဒီတိုင်းလေးပဲ ဇာတ်မြောနေကြ
ရအောင်လား ကလေးငယ် ။
ကိုယ်လဲ ဖွင့်မပြောသလို ကလေးငယ်လဲ
ဘယ်သူနဲ့မှမချစ်နဲ့လေ ။
အော်...ကိုယ်တော်တော်အတ္တကြီးပါလား...
တောင်းပန်တယ် ကလေးငယ်
ငေးကြည့်ခွင့်လေးတော့ ပိုင်ဆိုင်ချင်သေး
တာမို့ သူများဆီသွားဖို့မကြံပါနဲ့လား ။

You've reached the end of published parts.

⏰ Last updated: Mar 06, 2019 ⏰

Add this story to your Library to get notified about new parts!

CyclamenWhere stories live. Discover now