Zawgyi>>>
~ဒိုင်းး
Mr.Byun...
"Mr.Byun...!"
သို့သော် လက်အစုံရဲ့ တင်းတင်းဆွဲမှုကြောင့် သူ့ကိုယ်ဟာအလိုလို Mr.Byun ရဲ့အနောက်ကိုရောက်သွားရသည်
"Mr.Byun..."
"အရှေ့ကဖယ်စမ်း Light..."
"မင်းသေမလား?"
သတ်လိုက်ပါ Mr.Byun...
"ဘာ?"
~ဒိုင်းး
~ဒိုင်းး
အထူးသဖြင့်...
*****************************
Unicode>>>
~ဒိုင်းး
သေနတ်သံကြောင့် သွေးဆောင့်တက်သွားသလိုပင် ခံစားလိုက်ရသည်...
Mr.Byun...
သူ့ကိုထိသွားပြီလား? ဟင်!???
"Mr.Byun...!"
စိုးရိမ်တကြီးလှမ်းခေါ်ရင်း အပြေးရောက်လာမိပေမဲ့ Mr.Byun မျက်နှာက သာမာန်အတိုင်း ရေခဲရိုက်မျက်နှာထားပင်...
သို့သော်... သူ့နှုတ်ခမ်းပါးတွေက အနည်းငယ် တုန်ရီနေတယ်...
ဘာလို့လဲ? သူထိသွားတာလား?
Chan သွေးပူကာ ဘာလုပ်လို့လုပ်ရမည်မှန်းပင်မသိတော့ချေ..
"Mr.Byun ခင်ဗျား...ထိသွားတာလားဟင်?"
သူ...Mr.Byun ခြေထောက်မှာ သွေးတွေစီးကျလို့နေတယ်...
ထို့နောက် စိုးရိမ်တကြီးမေးနေတဲ့ သူ့ထံကိုသာ ခေါင်းဆောင်ကြီးရဲ့ သေနတ်ကရောက်ရှိလာတော့သည်
Chan မျက်လုံးအစုံကို တင်းတင်းမှိတ်လိုက်မိတယ်..
သို့သော် လက်အစုံရဲ့ တင်းတင်းဆွဲမှုကြောင့် သ့ူကိုယ်ဟာအလိုလို Mr.Byun ရဲ့အနောက်ကိုရောက်သွားရသည်
မိမိအား မားမားမတ်မတ်ရပ်တည်ကာ ကာကွယ်ပေးနေတဲသူ...
"Mr.Byun..."
"ငြိမ်ငြိမ်လေးနေပါငယ်... ကိုယ်မင်းကိုအဝေးကြီးထိကာကွယ်လို့မရလို့ပါ"
ခြေထောက်မှဒဏ်ရာကြောင့်
Mr.Byun အရမ်းနာနေမည်ဆိုတာသိတော့ Chan မျက်ဝန်းမှ မျက်ရည်စတို့လိမ့်ဆင်းလာရသည်...
သေနတ်မှန်ထားတဲ့ Mr.Byun ရဲ့မျက်နှာက တစ်ချက်မှပျက်မသွားသော်လဲ Chan ကတော့ရင်တွေနာရပါတယ်...
ကိုယ်ချစ်တဲ့သူက ကိုယ့်ကြောင့်ထိခိုက်တယ်တဲ့လား...
"အရှေ့ကဖယ်စမ်း Light..."
ခေါင်းဆောင်ကြီးရဲ့စကားကြောင့် Chan နှုတ်ခမ်းပါးလေးပွင့်ဟသွားသည်အထိ ထိတ်လန့်မိရပါသည်...
သို့သော် သူကြောက်သည်တော့မဟုတ်...
အခု Chan စိတ်ထဲရှိတာကိုပြောပါဆိုရင် Mr.Byun တစ်ယောက်ကိုသာ စိတ်ပူခြင်းပေမို့...
"တောင်းပန်ပါတယ် ခေါင်းဆောင်ကြီး...ကျွန်တော်ပဲအပြစ်ရှိတာမို့ ဒီကလေးကိုတော့...."
"မင်းသေမလား?"
ခေါင်းဆောင်ကြီးရဲ့စကားကြောင့် Mr.Byun မော့ကြည့်လာတယ်...
"မင်းသေမလား? ဒီကောင်လေးကိုသတ်မလား Light..."
Chan ဘာမှပင်မဆိုနိုင်တော့ချေ... အကယ်၍... သူသေပေးလို့သာ Mr.Byun ရှင်သန်ခွင့်ရမည်ဆိုပါက ထိုလမ်းကိုသူရွေးမည်...
သတ်လိုက်ပါ Mr.Byun...
ခင်ဗျားအတွက် ကျွန်တော်က တစ်ခါလောက်ဖြစ်ဖြစ် ပေးဆပ်ချင်မိတာမို့လေ...
ခင်ဗျားရဲ့နာကျင်မှုတွေအတွက်...
"ဒီကောင်လေးရဲ့အဖေကမင်းကိုဘယ်လောက်နှိပ်စက်ခဲ့သလဲ? မင်းပြန်တွေးကြည့်စမ်းပါ... မင်းကငါအယုံကြည်ရဆုံးလူမို့ လွယ်လွယ်သေခွင့်မပေးနိုင်ဘူး... အဲ့အစားသူ့ကိုသတ်ပစ်လိုက်စမ်းပါ Light "
ခေါင်းဆောင်ကြီးရဲ့ မှိုင်းတိုက်သလို အယုံသွင်းစကားတွေအကြား Mr.Byun ဟာတည်ငြိမ်လျက်သားပင်...
Chan ဘက်သို့လှည့်၍ အိတ်ထဲမှထုတ်နေသည့်အရာကား သူ့ကိုသတ်ဖို့ပေပဲလား?
သူထပ်၍မတွေးချင်တော့ပါ...
Mr.Byun အလိုကျဖြစ်စေရန် မျက်စိစုံမှိတ်၍ ခြေတစ်လှမ်းပင်မရွေ့ရကား ရပ်နေမိပါ၏...
သို့သော် အခြေအနေက ထင်သလိုဖြစ်မလာခဲ့...
Mr.Byun က သူ့အိတ်ထဲမှ Demonic ဂိုဏ်းနဲ့ပက်သက်သောအချက်အလက်တို့အား စားပွဲပေါ် တင်လိုက်လေရဲ့...
"ကျွန်တော့်ကိုပဲသတ်လိုက်ပါ ခေါင်းဆောင်ကြီး..."
"ဘာ?"
မျက်ခုံးများတွန့်ကွေးသွားသည်အထိ အလိုမကျဟန်ပြုတဲ့ ခေါင်းဆောင်ကြီးကိုရော Mr.Byun ကိုပါ ငေးကြည့်နေမိပါရဲ့...
Mr.Byun သည်ကား အမှန်ပင်စေ့စပ်လွန်းသည်ဖြစ်ရာ အကယ်၍သူသာမရှိတော့ရင် Demonic နဲ့ပက်သက်တဲ့အရာအားလုံးကို ပြန်လည်လွှဲပြောင်းရန်ကာ ပြင်ခဲ့သည်ထင့်...
အရာအားလုံးက ကျွန်တော့်ကိုကာကွယ်ဖို့ပဲလားဟင် Mr.Byun...
"ဒါက Demonic ရဲ့အချက်အလက်တွေပါ...ကျွန်တော်မရှိတဲ့အခါ..အ့..."
~ဒိုင်းး
~ဒိုင်းး
သေနတ်တစ်ချက်က ထိုဒဏ်ရာကိုပဲ ဆင့်ဆင့်ကာ မှန်နေသည်မို့ Baekhyun ဟန်မဆောင်နိုင်တော့ပဲ ကြမ်းပြင်ပေါ်ဒူးခွေကျသွားကာ မိမိခြေထောက်မှလဲ သွေးစတို့တရစပ်စီးကျလျက်...
"ဟက်!စိတ်ပျက်ဖို့ကောင်းတဲ့ကောင်"
ပြောပြီး ထွက်သွားတဲ့ ခေါင်းဆောင်ကြီးရဲ့ကျောပြင်ကိုငေးကြည့်ရင်း ဒူးထောက်လျက်သားကျန်ခဲ့ရသော Mr.Byun...
"Mr.Byun...အဆင်ပြေရဲ့လားဟင် ကျွန်တော် ကျွန်တော်..."
စိတ်ပူလွန်း၍ ပူထူကာ ဘာလုပ်လို့လုပ်ရမှန်းပင်မသိချေ...
Mr.Byun ရဲ့ဘေး ဒူးထောက်ထိုင်ချရင်း ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိ ပျာယာခတ်နေတဲ့သူရယ်ပါ...
Chan ပါးပြင်မှ မျက်ရည်စလေးအချို့ကိုတွေ့တော့ Mr.Byun ရဲ့လက်မအစုံက သူ့မျက်ရည်တို့အား ဖိကပ်သုတ်ပေးလေရဲ့...
"မငိုပါနဲ့ငယ်... ကိုယ့်ကိုပိုနာစေချင်လို့လား"
"မဟုတ်...မဟုတ် ဟင့် အဲ့လိုမဟုတ်ဘူး"
Chan ခေါင်းလေးကို တွင်တွင်ခါနေသည်
Mr.Byun က သူ့ကိုတစ်ခုခုအထင်လွဲသွားမှာကြောက်နေမိတာ...
အထူးသဖြင့်...
Mr.Byun ကို သူမုန်းနေတယ်လို့ မထင်တော့ရင်ကောင်းပေမည်...
အဲ့အမုန်းတွေအတွက် ဒီလူကနောင်တရလွန်းလို့ပါလေ...
"အဆင်ပြေရဲ့လားကလေးငယ်? ပွန်းပဲ့သွားမိသေးလားဟင်"
ဒီလောက်ခံစားနေရတာကို ဘာလို့... ဘာလို့ကျွန်တော့်အတွက်ပဲ စိတိပူနေရတာလဲ အရူးရဲ့...
ခင်ဗျားက လူမှုရေးမသိတတ်လိုက်တာ ဒီလိုဆို ကျွန်တော်ဘယ်လောက်နာကျင်ရမလဲ မတွေးမိဘူးလား? ဟင်?
ဒီလိုမျိုးနာကျင်ခံကာကွယ်ပေးမှ ဖြစ်မှာတဲ့လား...
*****************************