[Unicodecver]
အကယ်၍များကျွန်တော်Hyungကိုမြင်မြင်ချင်းမုန်းခဲ့ရင်ကျွန်တော်တို့နှစ်ယောက်လုံးအတွက်ကောင်းနေမလား..........
__________Trapped Heart__________
Hyungရောက်လာပီးတဲ့နောက်မှာကျွန်တော့်ဘဝလေးကအရင်ကထက်ပိုပြီးပျော်စရာကောင်းလာခဲ့သလိုပင်။
အပေါင်းအသင်းသိပ်မဝင်ဆံ့တဲ့ကျွန်တော်ကကျောင်းတွင်လည်းသူငယ်ချင်းသိပ်မရှိပေ(အပြင်ကနဲ့တစ်ခြားစီပါ😁)
အလယ်တန်းစီနီယာသာဖြစ်နေတာ
သူများတွေလိုစက်ဘီးလေးနဲ့ကျောင်းတူတူသွားမယ့်သူငယ်ချင်းတွေဆိုတာဖြူသလားမဲသလားတောင်မသိရ
။ကျောင်းသွားကျောင်းပြန်အိမ်ကကားနဲ့ပဲ
ကျောင်းအုပ်ကြီးမြေးဆိုပီးရှိန်နေကြတော့လည်ပင်းဖက်ပေါင်းမယ့်သူဆိုတာလည်းမရှိ
။မေးထူးခေါ်ပြောလောက်သာရှိသည်မို့Hyungရောက်လာတာကကျွန်တော့်အတွက်ဆုလာဘ်တစ်ခုလိုပင်။
Hyungကတော့Taehyungနှင့်မတူအပေါင်းအသင်းပေါသည်။
အပြုံးချိုချိုလေးနှင့်Hyungကိုမြင်သူတိုင်းခင်ကြသည်။ကျောင်းပြောင်းလာတာသာမကြာသေးတာအထက်တန်းစီနီယာတန်းကPark Jiminဆိုတာနဲ့မသိသူမရှိသလောက်ရှားသည်။
ရုပ်လေးကချောစာကလည်းတော်ဒီကြားထဲကျောင်းအုပ်မြေးဆိုတဲ့အရှိန်အဝါနဲ့မို့Hyungကတကယ့်စော်ကြည်ဘဲကြည်လူချစ်လူခင်များသူ......။
Hyungကရောက်ခါစကသာကြောင်တောင်တောင်အတွေးတွေနဲ့ကျွန်တော့်ကိုကြောက်နေတာနောက်ပိုင်းခဏအတွင်းမှာပဲတကယ့်ညီအကိုအရင်းတွေလိုဖြစ်သွားကြတာပါ
။ကျောင်းသွားကျောင်းပြန်အတူတူစားအတူတူ။အင်း.........အိပ်လည်းအတူတူပေါ့။
ဟုတ်တယ်မေမေတို့ကHyungကိုအခန်းပြောင်းပေးမယ်လုပ်တော့ကျွန်တော်ကအတင်းပူဆာလွန်းလို့မပြောင်းတော့ဘဲတစ်ခန်းထဲထားထားပေးတာ။
Taehyungနဲ့Jiminဆိုတာစာသင်ချိန်ကလွဲရင်ကျန်တဲ့အချိန်တွေမှာကော်နဲ့ကပ်ထားသလို။
ကျွန်တော်တို့နှစ်ယောက်အဖြူစင်ဆုံးအချစ်တွေနဲ့တစ်ယောက်နဲ့တစ်ယောက်ချစ်ရင်းအပူအပင်မရှိပျော်ရွှင်ခဲ့ကြတယ်။
ဒါပေမယ့်.............အဲဒီနေ့။ဟုတ်တယ်အဲဒီနေ့ကစပြီးကျွန်တော်တို့ပျော်ရွှင်မှုတွေတဖြည်းဖြည်းပျောက်ဆုံးသွားခဲ့တယ်ထင်တယ်။အဲဒီနေ့က..............................................
__________Trapped Heart_____________
"Jiminသားကြီး"
Taehyungတို့နှစ်ယောက်ကျောင်းသွားဖို့ပြင်ဆင်နေတုန်းဖေဖေကအခန်းထဲဝင်လာပြီးHyungကိုခေါ်သည်။
"ဟုတ်ကဲ့ဖေဖေဘာပြောဖို့လဲ"
Hyungကကုတင်ပေါ်မှာထိုင်ပြီးစာအုပ်ထည့်နေရင်းပြောသည်။ကျွန်တော်လည်းအကျႌကြယ်သီးတပ်နေရင်းဖေဖေ့ကိုလှည့်ကြည့်လိုက်သည်။
"Jiminဒီနေ့တစ်ရက်ကျောင်းမသွားနဲ့တော့ဖေဖေနဲ့ခဏလိုက်ခဲ့။ဝတ်စုံပြည့်ဝတ်ပြီးဆင်းလာခဲ့ဖေဖေအောက်ကစောင့်နေမယ်"
"ဟုတ်ကဲ့ဖေဖေ"
"ဟွန်းလေးဒီနေ့သားတစ်ယောက်ပဲသွားတော့နော်ဖေဖေတို့ညနေကျပြန်လာခဲ့မယ်"
"ဟုတ်........"
Taehyungမျက်နှာကိုမဲ့ပြီးမဖြေချင်ဖြေချင်နှင့်သံရှည်ဆွဲပြီးဖြေလိုက်သည်။
တစ်ယောက်တည်းကျောင်းသွားရမှာပျင်းစရာကြီး။ဖေဖေကလည်းခေါ်ရင်ခေါ်နှစ်ယောက်လုံးခေါ်သွားတာမဟုတ်ဘူး။သို့သော်ဖေဖေ့ကိုလည်းအထွန့်မတက်ရဲဖေဖေကတခြားနေရာဆိုရင်တော့ရမယ် အလုပ်နဲ့ပတ်သက်လာရင်တော့ကြောက်ရသည်
။ဒါကြောင့်လည်းမျက်နှာပုပ်ရုံနဲ့သာပြီးသွားရသည်။ကုမ္ပဏီမှာဘာကိစ္စတွေများရှိနေလို့Hyungကိုခေါ်သွားရတာလဲမသိ......။
_______Trapped Heart___________
ဒီနေ့ကျောင်းမှာHyungမရှိတာတကယ်ပျင်းဖို့ကောင်းသည်။မနက်ကျောင်းမတက်ခင်ထိHyungနဲ့ခုံတန်းလေးမှာအတူတူထိုင်ပြီးမုန့်စားလိုက်ဂိမ်းဆော့လိုက်စကားပြောလိုက်လုပ်နေရာကဒီနေ့တော့တစ်ယောက်တည်း။
နေ့လည်ကျောင်းလွှတ်တာနဲ့Hyungအခန်းရှေ့ကိုအရင်ရောက်အောင်သွားစောင့်ပြီးကျောင်းကန်တင်းတူတူသွားနေကျမို့ခေါင်းလောင်းထိုးတာနဲ့အခန်းထဲကပြေးထွက်ပြီးမှHyungကျောင်းမလာမှန်းသတိရပြီးတစ်ယောက်တည်းသွားရတဲ့အဖြစ်။
ညနေကျောင်းလွှတ်ရင်Driver Arjushi Leeလာကြိုတဲ့ကားပေါ်မှာတနေ့တာအကြောင်းအရာတွေကိုပြန်ပြော။အတန်းထဲကသူတွေအတင်းတုပ်နဲ့ရီသံတွေပျံလွင့်နေတဲ့ကားလေးကဒီနေ့တော့တိတ်ဆိတ်ခြောက်ကပ်နေလွန်းလို့Arjushiကတောင်Jiminလေးမပါတာဘယ်လိုကြီးဖြစ်နေမှန်းမသိဘူးတဲ့....။
တစ်ယောက်တည်းနေသားကျနေတဲ့ကိုယ်ကဘယ်တော့မှကိုယ့်ကိုကိုယ်အထီးကျန်ဆန်တယ်လို့မခံစားမိဖူးခဲ့ပါ။
တစ်နှစ်နီးပါးအချိန်ကာလတစ်ခုမှာHyungနဲ့အတူတူနေမိကာမှတစ်ရက်လောက်တစ်ယောက်တည်းဖြစ်သွားတာကိုအရမ်းကိုအထီးကျန်နေတယ်လို့ခံစားမိနေတယ်တဲ့လား...။
"ဟွန်းလေးJiminရောဘာလို့တစ်ယောက်တည်းပြန်လာတာလဲ"
အိမ်ထဲကိုခေါင်းငိုက်ပြီးဝင်လာတဲ့Taehyungကိုဧည့်ခန်းဆိုဖာမှာထိုင်နေတဲ့မေမေကမေးလိုက်ခြင်းဖြစ်သည်။
ဟုတ်သားပဲ။မေမေကသူ့မိတ်ဆွေတွေနဲ့ပရဟိတလုပ်အားပေးတစ်ခုရှိတယ်ဆိုပြီးမနေ့ထဲကBusanကိုသွားနေတာ။ဖေဖေHyungကိုခေါ်သွားတာမသိသေးဘူးပဲ။ခုမှပြန်ရောက်ပုံရသည်။ခရီးဆောင်အိတ်တောင်နေရာမချရသေး....။
"Hyungကမနက်တည်းကကျောင်းမတက်တာမေမေရဲ့ဖေဖေကCompanyကိုခေါ်သွားတာ"
"ဘယ်လို.....Companyကို.....ဘာလို့လဲ....."
"သားလည်းမသိဘူးဖေဖေကဘာမှမပြောသွားဘူး"
"မဟုတ်မှ.........."
မေမေကစကားကိုမဆက်ဘဲမျက်နှာတစ်ချက်ပျက်ကာနှုတ်ခမ်းကိုက်လိုက်သည်မို့
"ဘာဖြစ်လို့လဲမေမေမကောင်းတာတစ်ခုခုဖြစ်လို့လား"
"ဟမ်.....ဟင့်အင်းဘာမှမဟုတ်ဘူးဟွန်းလေး။သွားသွားအပေါ်တက်တော့။ကျူရှင်သွားဖို့နောက်ကျနေဦးမယ်။"
"ဟုတ်ကဲ့မေမေ"
Taehyungအပေါ်တက်လာပြီးရေချိုးအကျႌဝတ်နေတုန်းမှာပင်အိမ်ရှေ့မှကားသံကြားရသည်။Hyungတို့ပြန်လာပြီဖြစ်မယ်။
တစ်နှစ်လောက်ဝေးနေပြီးလွမ်းနေရတဲ့သူအိမ်ပြန်လာတဲ့ခံစားချက်မျိုး။Taehyungရင်ထဲလှိုက်ပြီးဝမ်းသာမိသွားသည်........။
သို့သော်ထိုသို့ပြန်လာခြင်းနဲ့အတူသူတို့ကိုဝေးကွာစေတဲ့အကြောင်းအရာတွေလည်းအတူတူပါလာတာကိုTaehyungကြိုသိခဲ့ရင်ရောခုလိုပင်ပျော်ရွှင်နိုင်ပါ့ဦးမလားဆိုတာကိုတော့.......
_____Trapped Heart__________
[Zawgyi ver]
အကယ္၍မ်ားကြၽန္ေတာ္Hyungကိုျမင္ျမင္ခ်င္းမုန္းခဲ့ရင္ကြၽန္ေတာ္တို႔ႏွစ္ေယာက္လံုးအတြက္ေကာင္းေနမလား..........
__________Trapped Heart__________
Hyungေရာက္လာပီးတဲ့ေနာက္မွာကြၽန္ေတာ့္ဘဝေလးကအရင္ကထက္ပိုၿပီးေပ်ာ္စရာေကာင္းလာခဲ့သလိုပင္။
အေပါင္းအသင္းသိပ္မဝင္ဆံ့တဲ့ကြၽန္ေတာ္ကေက်ာင္းတြင္လည္းသူငယ္ခ်င္းသိပ္မ႐ွိေပ(အျပင္ကနဲ႔တစ္ျခားစီပါ😁)
အလယ္တန္းစီနီယာသာျဖစ္ေနတာ
သူမ်ားေတြလိုစက္ဘီးေလးနဲ႔ေက်ာင္းတူတူသြားမယ့္သူငယ္ခ်င္းေတြဆိုတာျဖဴသလားမဲသလားေတာင္မသိရ
။ေက်ာင္းသြားေက်ာင္းျပန္အိမ္ကကားနဲ႔ပဲ
ေက်ာင္းအုပ္ႀကီးေျမးဆိုပီး႐ွိန္ေနၾကေတာ့လည္ပင္းဖက္ေပါင္းမယ့္သူဆိုတာလည္းမ႐ွိ
။ေမးထူးေခၚေျပာေလာက္သာ႐ွိသည္မို႔Hyungေရာက္လာတာကကြၽန္ေတာ့္အတြက္ဆုလာဘ္တစ္ခုလိုပင္။
Hyungကေတာ့Taehyungႏွင့္မတူအေပါင္းအသင္းေပါသည္။
အျပံဳးခ်ိဳခ်ိဳေလးႏွင့္Hyungကိုျမင္သူတိုင္းခင္ၾကသည္။ေက်ာင္းေျပာင္းလာတာသာမၾကာေသးတာအထက္တန္းစီနီယာတန္းကPark Jiminဆိုတာနဲ႔မသိသူမ႐ွိသေလာက္႐ွားသည္။
႐ုပ္ေလးကေခ်ာစာကလည္းေတာ္ဒီၾကားထဲေက်ာင္းအုပ္ေျမးဆိုတဲ့အ႐ွိန္အဝါနဲ႔မို႔Hyungကတကယ့္ေစာ္ၾကည္ဘဲၾကည္လူခ်စ္လူခင္မ်ားသူ......။
Hyungကေရာက္ခါစကသာေၾကာင္ေတာင္ေတာင္အေတြးေတြနဲ႔ကြၽန္ေတာ့္ကိုေၾကာက္ေနတာေနာက္ပိုင္းခဏအတြင္းမွာပဲတကယ့္ညီအကိုအရင္းေတြလိုျဖစ္သြားၾကတာပါ
။ေက်ာင္းသြားေက်ာင္းျပန္အတူတူစားအတူတူ။အင္း.........အိပ္လည္းအတူတူေပါ့။
ဟုတ္တယ္ေမေမတို႔ကHyungကိုအခန္းေျပာင္းေပးမယ္လုပ္ေတာ့ကြၽန္ေတာ္ကအတင္းပူဆာလြန္းလို႔မေျပာင္းေတာ့ဘဲတစ္ခန္းထဲထားထားေပးတာ။
Taehyungနဲ႔Jiminဆိုတာစာသင္ခ်ိန္ကလြဲရင္က်န္တဲ့အခ်ိန္ေတြမွာေကာ္နဲ႔ကပ္ထားသလို။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္အျဖဴစင္ဆံုးအခ်စ္ေတြနဲ႔တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ရင္းအပူအပင္မ႐ွိေပ်ာ္ရႊင္ခဲ့ၾကတယ္။
ဒါေပမယ့္.............အဲဒီေန႔။ဟုတ္တယ္အဲဒီေန႔ကစၿပီးကြၽန္ေတာ္တို႔ေပ်ာ္ရႊင္မႈေတြတျဖည္းျဖည္းေပ်ာက္ဆံုးသြားခဲ့တယ္ထင္တယ္။အဲဒီေန႔က..............................................
__________Trapped Heart_____________
"Jiminသားႀကီး"
Taehyungတို႔ႏွစ္ေယာက္ေက်ာင္းသြားဖို႔ျပင္ဆင္ေနတုန္းေဖေဖကအခန္းထဲဝင္လာၿပီးHyungကိုေခၚသည္။
"ဟုတ္ကဲ့ေဖေဖဘာေျပာဖို႔လဲ"
Hyungကကုတင္ေပၚမွာထိုင္ၿပီးစာအုပ္ထည့္ေနရင္းေျပာသည္။ကြၽန္ေတာ္လည္းအက်ႌၾကယ္သီးတပ္ေနရင္းေဖေဖ့ကိုလွည့္ၾကည့္လိုက္သည္။
"Jiminဒီေန႔တစ္ရက္ေက်ာင္းမသြားနဲ႔ေတာ့ေဖေဖနဲ႔ခဏလိုက္ခဲ့။ဝတ္စံုျပည့္ဝတ္ၿပီးဆင္းလာခဲ့ေဖေဖေအာက္ကေစာင့္ေနမယ္"
"ဟုတ္ကဲ့ေဖေဖ"
"ဟြန္းေလးဒီေန႔သားတစ္ေယာက္ပဲသြားေတာ့ေနာ္ေဖေဖတို႔ညေနက်ျပန္လာခဲ့မယ္"
"ဟုတ္........"
Taehyungမ်က္ႏွာကိုမဲ့ၿပီးမေျဖခ်င္ေျဖခ်င္ႏွင့္သံ႐ွည္ဆြဲၿပီးေျဖလိုက္သည္။
တစ္ေယာက္တည္းေက်ာင္းသြားရမွာပ်င္းစရာႀကီး။ေဖေဖကလည္းေခၚရင္ေခၚႏွစ္ေယာက္လံုးေခၚသြားတာမဟုတ္ဘူး။သို႔ေသာ္ေဖေဖ့ကိုလည္းအထြန္႔မတက္ရဲေဖေဖကတျခားေနရာဆိုရင္ေတာ့ရမယ္ အလုပ္နဲ႔ပတ္သက္လာရင္ေတာ့ေၾကာက္ရသည္
။ဒါေၾကာင့္လည္းမ်က္ႏွာပုပ္ရံုနဲ႔သာၿပီးသြားရသည္။ကုမၸဏီမွာဘာကိစၥေတြမ်ား႐ွိေနလို႔Hyungကိုေခၚသြားရတာလဲမသိ......။
_______Trapped Heart___________
ဒီေန႔ေက်ာင္းမွာHyungမ႐ွိတာတကယ္ပ်င္းဖို႔ေကာင္းသည္။မနက္ေက်ာင္းမတက္ခင္ထိHyungနဲ႔ခံုတန္းေလးမွာအတူတူထိုင္ၿပီးမုန္႔စားလိုက္ဂိမ္းေဆာ့လိုက္စကားေျပာလိုက္လုပ္ေနရာကဒီေန႔ေတာ့တစ္ေယာက္တည္း။
ေန႔လည္ေက်ာင္းလႊတ္တာနဲ႔Hyungအခန္းေ႐ွ႕ကိုအရင္ေရာက္ေအာင္သြားေစာင့္ၿပီးေက်ာင္းကန္တင္းတူတူသြားေနက်မို႔ေခါင္းေလာင္းထိုးတာနဲ႔အခန္းထဲကေျပးထြက္ၿပီးမွHyungေက်ာင္းမလာမွန္းသတိရၿပီးတစ္ေယာက္တည္းသြားရတဲ့အျဖစ္။
ညေနေက်ာင္းလႊတ္ရင္Driver Arjushi Leeလာႀကိဳတဲ့ကားေပၚမွာတေန႔တာအေၾကာင္းအရာေတြကိုျပန္ေျပာ။အတန္းထဲကသူေတြအတင္းတုပ္နဲ႔ရီသံေတြပ်ံလြင့္ေနတဲ့ကားေလးကဒီေန႔ေတာ့တိတ္ဆိတ္ေျခာက္ကပ္ေနလြန္းလို႔Arjushiကေတာင္Jiminေလးမပါတာဘယ္လိုႀကီးျဖစ္ေနမွန္းမသိဘူးတဲ့....။
တစ္ေယာက္တည္းေနသားက်ေနတဲ့ကိုယ္ကဘယ္ေတာ့မွကိုယ့္ကိုကိုယ္အထီးက်န္ဆန္တယ္လို႔မခံစားမိဖူးခဲ့ပါ။
တစ္ႏွစ္နီးပါးအခ်ိန္ကာလတစ္ခုမွာHyungနဲ႔အတူတူေနမိကာမွတစ္ရက္ေလာက္တစ္ေယာက္တည္းျဖစ္သြားတာကိုအရမ္းကိုအထီးက်န္ေနတယ္လို႔ခံစားမိေနတယ္တဲ့လား...။
"ဟြန္းေလးJiminေရာဘာလို႔တစ္ေယာက္တည္းျပန္လာတာလဲ"
အိမ္ထဲကိုေခါင္းငိုက္ႁပီးဝင္လာတဲ့Taehyungကိုဧည့္ခန္းဆိုဖာမွာထိုင္ေနတဲ့ေမေမကေမးလိုက္ျခင္းျဖစ္သည္။
ဟုတ္သားပဲ။ေမေမကသူ႔မိတ္ေဆြေတြနဲ႔ပရဟိတလုပ္အားေပးတစ္ခု႐ွိတယ္ဆိုၿပီးမေန႔ထဲကBusanကိုသြားေနတာ။ေဖေဖHyungကိုေခၚသြားတာမသိေသးဘူးပဲ။ခုမွျပန္ေရာက္ပံုရသည္။ခရီးေဆာင္အိတ္ေတာင္ေနရာမခ်ရေသး....။
"Hyungကမနက္တည္းကေက်ာင္းမတက္တာေမေမရဲ႕ေဖေဖကCompanyကိုေခၚသြားတာ"
"ဘယ္လို.....Companyကို.....ဘာလို႔လဲ....."
"သားလည္းမသိဘူးေဖေဖကဘာမွမေျပာသြားဘူး"
"မဟုတ္မွ.........."
ေမေမကစကားကိုမဆက္ဘဲမ်က္ႏွာတစ္ခ်က္ပ်က္ကာႏႈတ္ခမ္းကိုက္လိုက္သည္မို႔
"ဘာျဖစ္လို႔လဲေမေမမေကာင္းတာတစ္ခုခုျဖစ္လို႔လား"
"ဟမ္.....ဟင့္အင္းဘာမွမဟုတ္ဘူးဟြန္းေလး။သြားသြားအေပၚတက္ေတာ့။က်ဴ႐ွင္သြားဖို႔ေနာက္က်ေနဦးမယ္။"
"ဟုတ္ကဲ့ေမေမ"
Taehyungအေပၚတက္လာၿပီးေရခ်ိဳးအက်ႌဝတ္ေနတုန္းမွာပင္အိမ္ေ႐ွ႕မွကားသံၾကားရသည္။Hyungတို႔ျပန္လာၿပီျဖစ္မယ္။
တစ္ႏွစ္ေလာက္ေဝးေနၿပီးလြမ္းေနရတဲ့သူအိမ္ျပန္လာတဲ့ခံစားခ်က္မ်ိဳး။Taehyungရင္ထဲလိႈက္ၿပီးဝမ္းသာမိသြားသည္........။
သို႔ေသာ္ထိုသို႔ျပန္လာျခင္းနဲ႔အတူသူတို႔ကိုေဝးကြာေစတဲ့အေၾကာင္းအရာေတြလည္းအတူတူပါလာတာကိုTaehyungႀကိဳသိခဲ့ရင္ေရာခုလိုပင္ေပ်ာ္ရႊင္ႏိုင္ပါ့ဦးမလားဆိုတာကိုေတာ့.......
_____Trapped Heart__________