Zawgyi>>>
"ငါမင္းကိုလက္မထပ္နိုင္ဘူး Hera"
ထမင္းစားဝိုင္းက ဇြန္းသံေခတၲမွ်ရပ္တန့္သြားသည္...
Lee Hera ဆိုတဲ့သူမကေတာ့ တစ္ခ်က္ျပံဳးလိုက္ျပီး ဘာမွမျဖစ္သလို ဆက္စားေနေလရဲ့...
"ဘာလို႔လဲ?ဟိုေကာင္ေလးေျကာင့္လား?"
"အင္း..."
သူမျကားဖူးပါသည္...Light က Chan ဆိုတဲ့ေကာင္ေလးရဲ့ အမိန့္ကိုမျငင္းဆန္ဘူးဆိုတာ... အခုသူကအဲ့လိုအမိန့္ေပးလိုက္တာ ျဖစ္ေကာင္းျဖစ္နိုင္ပါလိမ့္မည္
"အဲ့ေတာ့?ရွင္...အဆံုးသတ္ဖို့ဆံုးျဖတ္လိုက္ျပီလား Light?"
မည္သို့ပင္ အမိန့္နာခံသည္ ဆိုေစဦး မိမိေသရမည္သိရက္နဲ့ ဇြတ္အတင္းျပဳလုပ္မည္အထိ Light မိုက္ရူးရဲမဆန္ေလာက္ဟု သူမထင္မိပါသည္
သူမရဲ့အေဖအေျကာင္း light လဲေကာင္းေကာင္းသိတယ္...
သူ့စကားကိုနားမေထာင္ရင္ ေသလမ္းကလြဲလို့ တျခားအျပစ္ဒဏ္မ်ိဳးျကားခဲ့ဖူးတာမဟုတ္...
ရက္စက္ေသာနည္းလမ္းတို႔နွင့္ အမ်ိဳးမ်ိဳးညွင္းပန္း သတ္ပစ္ေလျခင္းကို light အမွန္ပင္ ေရြးခ်ယ္ေတာ့မည္လား?
"ငယ္က..မျကိဳက္ဘူး"
စာသားကရွင္းပါသည္...
ေနွာင္ဖြဲ့မွုမပါ ပကတိအတိုင္း ေအးစက္လ်က္...
ငယ္က သူလက္ထပ္မွာမျကိဳက္ဘူး...
ငယ္မုန္းတဲ့အရာမ်ိဳး သူဘယ္ေတာ့မွလုပ္မိမွာ မဟုတ္ေခ်...
အဲ့တာက ေသရမည္ဆိုရင္ေတာင္ေပါ့...
"ရွင္သိလား? က်ြန္မလဲရွင့္ကိုလက္ထပ္ခ်င္တာမဟုတ္ဘူး...ဒါေပမဲ့ အေဖကရွင့္ကိုသိပ္ယံုျကည္တယ္ အဲ့တာေျကာင့္သူ့သမီးျဖစ္တဲ့က်ြန္မကို ရွင္နဲ့ေပးစားခ်င္ခဲ့တာ... အကယ္၍ က်ြန္မျငင္းခဲ့မယ္ဆိုလဲ က်ြန္မအဲ့လမ္းကိုသြားရမွာပဲ"
သူမေျပာတဲ့စကားလံုးေတြကို light ကိုယ္တိုင္လဲသိပါသည္...
အကယ္၍ သူ၏အမိန့္ကိုဆန့္က်င္သူကား သမီးအရင္းပင္ျဖစ္ေနေစဦး Mr.Lee ကငဲ့ညွာမည့္သူမဟုတ္
ထိုေျကာင့္ ပက္မသက္သာသည့္အဆံုး Lee Hera က သူနဲ့လက္ထပ္ဖို့ျဖစ္လာသည္...
အခုသူသာ ဒီလက္ထပ္ပြဲကိုျငင္းဆန္လိုက္ပါက က်ေရာက္လာမည့္ အျပစ္ဒဏ္သည္ သူ့အတြက္သာ...
ထိုသို့သာဆိုလွ်င္ Hera အတြက္ ဆိုးက်ိဳးတစ္စက္ပင္မရွိ...
သူမ လက္ထပ္စရာမလိုေတာ့သလို ဘာအျပစ္ကိုမွလဲ ခံယူစရာမလိုေပ...
ဒါကအေကာင္းဆံုးေပမဲ့ Light လိုလူကိုေတာ့ သူမစိတ္ထဲက ေလးစားမိတယ္...
Light က တစ္ခြန္းဆိုတစ္ခြန္း ဆံုးျဖတ္ခ်က္ကို ဘယ္ေတာ့မွျပင္တတ္တဲ့လူမဟုတ္ဘူး
အခုလဲ ထိုေကာင္ေလးရဲ့စကားနားေထာင္သည္ဆိုလွ်င္ အမိန့္ျဖစ္ရင္ျပီးေရာ ဘယ္စကားကိုမွဆန့္က်င္ျခင္းမျပဳ...
Chan ဆိုတဲ့ေကာင္ေလး သိပ္ကံေကာင္းသည္ေပ...
"အဲ့တာဆိုလဲရွင့္သေဘာပါ... အေဖေပးမဲ့အျပစ္ဒဏ္ေလ်ာ့ေပါ့ေပးဖို့ပဲ ဆုေတာင္းေပးတယ္"
Light သည္ကား ေခါင္းသာျငိမ့္ျပ၍ ထမင္းစားဝိုင္းမွ ခပ္ေအးေအးထြက္သြားသည္...
သူအျပင္မေရာက္ခင္ သူမတစ္ခ်က္လွမ္းေျပာမိတယ္...
"က်ြန္မအေဖ မနက္ျဖန္ဒီကိုလာလိမ့္မယ္ Light"
အင္းမလုပ္အဲမလုပ္ တစ္ခြန္းတစ္ေလေျဖျကားျခင္းမရွိပါပဲ ထြက္သြားေသာ ေရခဲရိုက္မ်က္နွာထားနွင့္ လူသားသည္ကား အမွန္ပင္ Light ျဖစ္ေတာ့သည္...
******************************
အိမ္ထဲဝင္လာသည့္အခါ ေလာေလာလတ္လတ္ပင္ ထမင္းစားခန္းမွထြက္လာေသာ Mr.Byun နဲ့ တည့္တိုးပါသည္...
Mr.Byun ကသူ့ကိုျမင္ေတာ့ ေျခလွမ္းေတြခဏရပ္သြားေပမဲ့ မျကာမီပဲ သူ့အနားေလွ်ာက္လာေတာ့တယ္...
"Mr.Byun..."
"ေျပာေလ ငယ္..."
ေျပာင္းလဲမွုအတိမရွိသည့္ မ်က္နွာထားဆိုေသာ္ျငား Mr.Byun ရဲ့ အသံနဲ့အျပဳအမူကျဖင့္ ေႏြးေထြးလွပါသည္...
ထုတ္မေျပာရင္ေတာင္ Chan ခံစားမိေနပါတယ္...
Mr.Byun ရဲ့ မ်က္ဝန္းထဲက ခ်စ္ျခင္းအတိျပည့္ေသာ မ်က္ဝန္းေတြကို...
"ခင္ဗ်ား...ျငင္းလိုက္ျပီလားဟင္? အဲ့လက္ထပ္ပြဲကို..."
"အင္း..."
Chan မယံုျကည္နိုင္စြာ ေခါင္းငိုက္စိုက္ခ်သံြားရပါသည္...
သူမေကာင္းတာ..
Mr.Byun ကသူ့စကားဆို တေသြမသိမ္းနားေထာင္တတ္တာသိရက္နဲ့...
အဲ့ဒီလို ေသလမ္းကို ကိုယ္တိုင္ေရြးခ်ယ္ခိုင္းမိတာလား?
"မဟုတ္ဘူး...မျငင္းနဲ့ေတာ့... အခုသြားေျပလိုက္...လက္ထပ္မယ္လို႔ က်ြန္ေတာ္... က်ြန္ေတာ္ အဆင္ေျပတာမို႔"
Chan မ်က္ဝန္းမွ မ်က္ရည္စတို႔ စီးက်လာသည္ကိုျမင္ေတာ့ Mr.Byun ရုတ္ခ်ည္း အမူအရာတို႔ေျပာင္းလဲသြားပါ၏...
သူ႕လက္တို႔နဲ့ Chan မ်က္နွာကိုအုပ္မိုးကိုင္ကာ မ်က္ရည္စေလးေတြအား ညွင္သာစြာသုတ္ေပးလာတယ္...
"ဘာလို႔ငိုတာလဲ ငယ္? ကိုယ့္ေျကာင့္လားဟင္?"
Chan ေခါင္းကိုတြင္တြင္ခါ၍ Mr.Byun ရဲ႕ရင္ခြင္က်ယ္ထဲ တိုးဝင္လိုက္မိပါသည္...
ခဏတာမွ် အံ့ျသသြားဟန္ျပဳေသာ္လဲ မျကာမီပင္ Mr.Byun ကသူ့ကို ညွင္သာစြာျပန္လည္ေထြးေပြ့ထားပါ၏...
"သိသြားတာလား ငယ္?"
"အင္း...ဘာလို႔အဲ့တာကိုေရြးတာလဲ Mr.Byun..."
Chan စကားတို့က အနည္းငယ္တုန္ယင္၍ ရိွုက္သံအခ်ိဳ့ ပါေကာင္းပါေနနိုင္ပါသည္...
သို႔ေသာ္လဲ သူသိပ္ေမးခ်င္ေနခဲ့တဲ့ ေမးခြန္းေပမို့...
"ငယ့္ကိုခ်စ္လို႔..."
အထပ္ထပ္ျကားေနျက ထိုစကားေျကာင့္ Chan မ်က္ရည္တစ္စက္ ထပ္မံစီးက်သြားျပန္ပါသည္...
အေျကာင္းျပခ်က္က က်ြန္ေတာ္မျဖစ္ခ်င္ခဲ့ပါဘူး Mr.Byun...
"တိတ္ေတာ့ကေလးငယ္... မ်က္လံုးေတြနာလိမ့္မယ္"
အျကိမ္တိုင္းမွာ သူ့ကိုပို၍ စိုးရိမ္တတ္ေသာ Mr.Byun က နွလံုးသားနာက်င္ေစပါသည္...
ဒီဖံုးကြယ္တတ္လြန္းတဲ့ လူျကီးရဲ့ အခ်စ္ေတြကို သူဘာေျကာင့္ မ်က္ကြယ္ျပဳခဲ့မိေလသလဲ?
"ငယ္?"
သူ့ကိုစိုးရိမ္စြာ ပူပန္တတ္တဲ့ ခပ္တံုးတံုးလူမိုက္ျကီးအား ညွင္သာစြာစကားဆိုမိပါသည္...
"ခ်စ္တယ္ Mr.Byun..."
******************************
Unicode>>>
"ငါမင်းကိုလက်မထပ်နိုင်ဘူး Hera"
ထမင်းစားဝိုင်းက ဇွန်းသံခေတ္တမျှရပ်တန့်သွားသည်...
Lee Hera ဆိုတဲ့သူမကတော့ တစ်ချက်ပြုံးလိုက်ပြီး ဘာမှမဖြစ်သလို ဆက်စားနေလေရဲ့...
"ဘာလို့လဲ?ဟိုကောင်လေးကြောင့်လား?"
"အင်း..."
သူမကြားဖူးပါသည်...Light က Chan ဆိုတဲ့ကောင်လေးရဲ့ အမိန့်ကိုမငြင်းဆန်ဘူးဆိုတာ... အခုသူကအဲ့လိုအမိန့်ပေးလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်
"အဲ့တော့?ရှင်...အဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပြီလား Light?"
မည်သို့ပင် အမိန့်နာခံသည် ဆိုစေဦး မိမိသေရမည်သိရက်နဲ့ ဇွတ်အတင်းပြုလုပ်မည်အထိ Light မိုက်ရူးရဲမဆန်လောက်ဟု သူမထင်မိပါသည်
သူမရဲ့အဖေအကြောင်း light လဲကောင်းကောင်းသိတယ်...
သူ့စကားကိုနားမထောင်ရင် သေလမ်းကလွဲလို့ တခြားအပြစ်ဒဏ်မျိုးကြားခဲ့ဖူးတာမဟုတ်...
ရက်စက်သောနည်းလမ်းတို့နှင့် အမျိုးမျိုးညှင်းပန်း သတ်ပစ်လေခြင်းကို light အမှန်ပင် ရွေးချယ်တော့မည်လား?
"ငယ်က..မကြိုက်ဘူး"
စာသားကရှင်းပါသည်...
နှောင်ဖွဲ့မှုမပါ ပကတိအတိုင်း အေးစက်လျက်...
ငယ်က သူလက်ထပ်မှာမကြိုက်ဘူး...
ငယ်မုန်းတဲ့အရာမျိုး သူဘယ်တော့မှလုပ်မိမှာ မဟုတ်ချေ...
အဲ့တာက သေရမည်ဆိုရင်တောင်ပေါ့...
"ရှင်သိလား? ကျွန်မလဲရှင့်ကိုလက်ထပ်ချင်တာမဟုတ်ဘူး...ဒါပေမဲ့ အဖေကရှင့်ကိုသိပ်ယုံကြည်တယ် အဲ့တာကြောင့်သူ့သမီးဖြစ်တဲ့ကျွန်မကို ရှင်နဲ့ပေးစားချင်ခဲ့တာ... အကယ်၍ ကျွန်မငြင်းခဲ့မယ်ဆိုလဲ ကျွန်မအဲ့လမ်းကိုသွားရမှာပဲ"
သူမပြောတဲ့စကားလုံးတွေကို light ကိုယ်တိုင်လဲသိပါသည်...
အကယ်၍ သူ၏အမိန့်ကိုဆန့်ကျင်သူကား သမီးအရင်းပင်ဖြစ်နေစေဦး Mr.Lee ကငဲ့ညှာမည့်သူမဟုတ်
ထိုကြောင့် ပက်မသက်သာသည့်အဆုံး Lee Hera က သူနဲ့လက်ထပ်ဖို့ဖြစ်လာသည်...
အခုသူသာ ဒီလက်ထပ်ပွဲကိုငြင်းဆန်လိုက်ပါက ကျရောက်လာမည့် အပြစ်ဒဏ်သည် သူ့အတွက်သာ...
ထိုသို့သာဆိုလျှင် Hera အတွက် ဆိုးကျိုးတစ်စက်ပင်မရှိ...
သူမ လက်ထပ်စရာမလိုတော့သလို ဘာအပြစ်ကိုမှလဲ ခံယူစရာမလိုပေ...
ဒါကအကောင်းဆုံးပေမဲ့ Light လိုလူကိုတော့ သူမစိတ်ထဲက လေးစားမိတယ်...
Light က တစ်ခွန်းဆိုတစ်ခွန်း ဆုံးဖြတ်ချက်ကို ဘယ်တော့မှပြင်တတ်တဲ့လူမဟုတ်ဘူး
အခုလဲ ထိုကောင်လေးရဲ့စကားနားထောင်သည်ဆိုလျှင် အမိန့်ဖြစ်ရင်ပြီးရော ဘယ်စကားကိုမှဆန့်ကျင်ခြင်းမပြု...
Chan ဆိုတဲ့ကောင်လေး သိပ်ကံကောင်းသည်ပေ...
"အဲ့တာဆိုလဲရှင့်သဘောပါ... အဖေပေးမဲ့အပြစ်ဒဏ်လျော့ပေါ့ပေးဖို့ပဲ ဆုတောင်းပေးတယ်"
Light သည်ကား ခေါင်းသာငြိမ့်ပြ၍ ထမင်းစားဝိုင်းမှ ခပ်အေးအေးထွက်သွားသည်...
သူအပြင်မရောက်ခင် သူမတစ်ချက်လှမ်းပြောမိတယ်...
"ကျွန်မအဖေ မနက်ဖြန်ဒီကိုလာလိမ့်မယ် Light"
အင်းမလုပ်အဲမလုပ် တစ်ခွန်းတစ်လေဖြေကြားခြင်းမရှိပါပဲ ထွက်သွားသော ရေခဲရိုက်မျက်နှာထားနှင့် လူသားသည်ကား အမှန်ပင် Light ဖြစ်တော့သည်...
******************************
အိမ်ထဲဝင်လာသည့်အခါ လောလောလတ်လတ်ပင် ထမင်းစားခန်းမှထွက်လာသော Mr.Byun နဲ့ တည့်တိုးပါသည်...
Mr.Byun ကသူ့ကိုမြင်တော့ ခြေလှမ်းတွေခဏရပ်သွားပေမဲ့ မကြာမီပဲ သူ့အနားလျှောက်လာတော့တယ်...
"Mr.Byun..."
"ပြောလေ ငယ်..."
ပြောင်းလဲမှုအတိမရှိသည့် မျက်နှာထားဆိုသော်ငြား Mr.Byun ရဲ့ အသံနဲ့အပြုအမူကဖြင့် နွေးထွေးလှပါသည်...
ထုတ်မပြောရင်တောင် Chan ခံစားမိနေပါတယ်...
Mr.Byun ရဲ့ မျက်ဝန်းထဲက ချစ်ခြင်းအတိပြည့်သော မျက်ဝန်းတွေကို...
"ခင်ဗျား...ငြင်းလိုက်ပြီလားဟင်? အဲ့လက်ထပ်ပွဲကို..."
"အင်း..."
Chan မယုံကြည်နိုင်စွာ ခေါင်းငိုက်စိုက်ချသံွားရပါသည်...
သူမကောင်းတာ..
Mr.Byun ကသူ့စကားဆို တသွေမသိမ်းနားထောင်တတ်တာသိရက်နဲ့...
အဲ့ဒီလို သေလမ်းကို ကိုယ်တိုင်ရွေးချယ်ခိုင်းမိတာလား?
"မဟုတ်ဘူး...မငြင်းနဲ့တော့... အခုသွားပြေလိုက်...လက်ထပ်မယ်လို့ ကျွန်တော်... ကျွန်တော် အဆင်ပြေတာမို့"
Chan မျက်ဝန်းမှ မျက်ရည်စတို့ စီးကျလာသည်ကိုမြင်တော့ Mr.Byun ရုတ်ချည်း အမူအရာတို့ပြောင်းလဲသွားပါ၏...
သူ့လက်တို့နဲ့ Chan မျက်နှာကိုအုပ်မိုးကိုင်ကာ မျက်ရည်စလေးတွေအား ညှင်သာစွာသုတ်ပေးလာတယ်...
"ဘာလို့ငိုတာလဲ ငယ်? ကိုယ့်ကြောင့်လားဟင်?"
Chan ခေါင်းကိုတွင်တွင်ခါ၍ Mr.Byun ရဲ့ရင်ခွင်ကျယ်ထဲ တိုးဝင်လိုက်မိပါသည်...
ခဏတာမျှ အံ့သြသွားဟန်ပြုသော်လဲ မကြာမီပင် Mr.Byun ကသူ့ကို ညှင်သာစွာပြန်လည်ထွေးပွေ့ထားပါ၏...
"သိသွားတာလား ငယ်?"
"အင်း...ဘာလို့အဲ့တာကိုရွေးတာလဲ Mr.Byun..."
Chan စကားတို့က အနည်းငယ်တုန်ယင်၍ ရှိုက်သံအချို့ ပါကောင်းပါနေနိုင်ပါသည်...
သို့သော်လဲ သူသိပ်မေးချင်နေခဲ့တဲ့ မေးခွန်းပေမို့...
"ငယ့်ကိုချစ်လို့..."
အထပ်ထပ်ကြားနေကြ ထိုစကားကြောင့် Chan မျက်ရည်တစ်စက် ထပ်မံစီးကျသွားပြန်ပါသည်...
အကြောင်းပြချက်က ကျွန်တော်မဖြစ်ချင်ခဲ့ပါဘူး Mr.Byun...
"တိတ်တော့ကလေးငယ်... မျက်လုံးတွေနာလိမ့်မယ်"
အကြိမ်တိုင်းမှာ သူ့ကိုပို၍ စိုးရိမ်တတ်သော Mr.Byun က နှလုံးသားနာကျင်စေပါသည်...
ဒီဖုံးကွယ်တတ်လွန်းတဲ့ လူကြီးရဲ့ အချစ်တွေကို သူဘာကြောင့် မျက်ကွယ်ပြုခဲ့မိလေသလဲ?
"ငယ်?"
သူ့ကိုစိုးရိမ်စွာ ပူပန်တတ်တဲ့ ခပ်တုံးတုံးလူမိုက်ကြီးအား ညှင်သာစွာစကားဆိုမိပါသည်...
"ချစ်တယ် Mr.Byun..."
******************************