အခန်းတံခါးကိုအဆက်မပြတ်ခေါက်သံကြောင့် နိုရာမနေနိုင်တော့ဘဲ နိုးထလာရသည်။
"ဘယ်သူလဲ"
"ဒေါ်ကြီးပါ ... ၇နာရီထိုးနေပြီနိုရာ ... ထတော့လေ"
"ဟုတ်"
နိုရာ အိပ်ရာဘေးကိုကြည့်လိုက်သည့်အခါ လွန်းမရှိတော့ပါ။
*ကိုကိုလွန်းရုံးသွားပြီထင်တယ် ... အစောကြီးပဲ*
အခန်းကိုဝေ့ကြည့်လိုက်တော့ ဗီရိုတံခါးမှာစာရွက်လေးတစ်ရွက်ကပ်ထားသည်ကို နိုရာတွေ့လိုက်ရသည်။ ခြုံထားသောစောင်ကိုဖယ်ကာ ကုတင်ပေါ်မှဆင်းပြီးထိုစာရွက်လေးဆီသို့ သွားလိုက်သည်။
ဒီနေ့လည်းကိုယ်နောက်ကျမယ်နိုရာ မစောင့်နဲ့တော့နော်။
"အင်းပါကိုကိုလွန်းရယ် ... ကျွန်တော့်ကိုမချစ်မှန်းကျွန်တော်
သိပါတယ် ... ဒါပေမဲ့ အခုကျွန်တော်တို့ကလက်ထပ်ပြီးသွားပြီလေ ... ကိုကိုလွန်းကိုကျွန်တော်ပိုင်တယ်မဟုတ်ဘူးလား ... တစ်ခါတစ်လေ ဒီကိစ္စတွေဆင်ခြင်ပေးလို့မရဘူးလားဟင်"
နိုရာ ခံစားရနေရသည့်ခံစားချက်များကိုမိုးပြာရောင်စာအုပ်ကလေးပေါ်တွင် ဝန်ခံရေးသားလိုက်သည်။ မျက်နှာသစ်ရန်ရေချိုးခန်းထဲဝင်တော့ ဆင်တူသွားပွတ်တံလေးနှစ်ချောင်းနဲ့ အသုံးအဆောင်အားလုံးနီးပါးဆင်တူလေးတွေဖြစ်နေတာကြောင့် နိုရာပြုံးမိပြန်သည်။
"အင်းလေ ... ကိုကိုလွန်းပျော်နေရင်ပြီးတာပါပဲ"
နိုရာတက်နိုင်သမျှပြုံးလိုက်ပြီး မျက်နှာသစ်သွားတိုက်လိုက်သည်။
"ဒေါ်ကြီးရေ ... ဒေါ်ကြီး"
"နိုရာ မနက်စာစားတော့မှာလား"
"မစားချင်သေးဘူး ... ကိုကိုလွန်းမနက်စာစားသွားလား"
"စားသွားတယ် ... ပြီးတော့ နိုရာကြိုက်တဲ့ဆန်းဒဝေ့ချ်လည်း လွန်းကိုယ်တိုင်လုပ်ပေးသွားတယ် ... စားတော့မလား"
"ဟင် ကိုကိုလွန်းကလုပ်ပေးသွားတာလား ... စားမယ် အပေါ်ထပ်အခန်းကိုပဲပို့ပေးပါနော်"
"အေးအေး ... ဒေါ်ကြီးလာပို့ပေးမယ်"
နိုရာ ဖုန်းလေးကိုင်ပြီးအပေါ်ထပ်သို့ပြန်တက်သွားသည်။ ခဏအကြာတွင် ဒေါ်ကြီးက လွန်းလုပ်ပေးသွားတဲ့မုန့်ကိုလာပို့ပေးသည်။ နိုရာသည်မုန့်ကိုမစားသေးဘဲ ဓာတ်ပုံအရင်ရိုက်သည်။ ချက်ချင်းပုံကိုprintထုတ်ပြီး အံဆွဲလေးထဲကမိုးပြာရောင်စာအုပ်လေးကိုထုတ်ကာ စာအုပ်လေးရဲ့စာမျက်နှာလေးတစ်ခုပေါ်တွင် ပုံလေးအားကပ်လိုက်သည်။
'ကိုကိုလွန်းလုပ်ပေးတဲ့ နိုရာကြိုက်တဲ့မုန့်'ဆိုသည့်စာသားလေး၏အောက်တွင် 'နိုရာ ကိုကိုလွန်းကိုအရမ်းချစ်တယ်'ဆိုသည့်စာသားလေးကပါနေသေးသည်။
လွန်းကိုယ်တိုင်မုန့်လုပ်ပေးသွားသည်မို့ နိုရာပျော်နေသည်။ ချစ်နေတော့လည်းအသေးအမွှားလေးကအစအရမ်းကိုကြည်နူးရသည်။ ပျော်ရသည်။
"နိုရာ!"
ညနောက်ကျမည်ဟုပြောသွားသောလွန်းသည် ရှစ်နာရီလောက်ကတည်းကအိမ်ကိုပြန်ရောက်လာသည်။
"ဟင် ကိုကိုလွန်းလား"
နိုရာ အပေါ်ထပ်လှေကားထိပ်နားမှလှမ်းကြည့်လိုက်သည်။ ဟုတ်ပါသည်။ ဧည့်ခန်းထဲမှဆိုဖာတွင်ထိုင်နေသောလွန်းကိုတွေ့လိုက်ရသည်။
"ကိုကိုလွန်း!"
"ဟေ့ ဟေ့ ပြေးဆင်းမလာနဲ့နော်"
ပြေးဆင်းရန်ကြံနေသည့်နိုရာ့ကို လွန်းကအရင်ဦးဆုံးသတိပေးလိုက်ရသည်။
"ဟီးဟီး ... ဟုတ်"
ခွေးပေါက်ကလေး လွန်းဘေးနားကိုရောက်လာသည်။
"ကိုကိုလွန်း ဒီနေ့စောတယ်နော်"
"ဒါတောင် အလုပ်ကမပြီးသေးဘူး ... ဒါစောသွားတာလား"
"အင်း စောတာပေါ့ ... အရင်ကဆို ညသန်းခေါင်လောက်မှပြန်ရောက်တာလေ"
"ဟုတ်ပါပြီ ... ထမင်းစားပြီးပြီလား ... ဆေးရောသောက်လား"
"ဟုတ် အကုန်ပြီးပြီ"
"ဒီနေ့တော့စောတယ်ပြောရမှာပေါ့ ... နောက်နေ့တော့ မပြောတတ်သေးဘူး ... အလုပ်ကဖြေရှင်းစရာတွေတစ်ပုံကြီးဖြစ်နေလို့"
"ဟုတ် ရပါတယ် ... ကိုကိုလွန်း ထမင်းစားမယ်မလားဟင်"
"အင်း စားမယ် ... အခု ကိုယ်ရေသွားချိုးလိုက်ဦးမယ်"
မနက်ဖြန်သည် နိုရာကျောင်းတက်ရမည့်နေ့ဖြစ်သည်။ လွန်းကိုကျောင်းလိုက်ပို့ပေးဖို့ပြောချင်ပေမဲ့ နိုရာတုံ့ဆိုင်းနေသည်။လွန်းကဒေါသထွက်ပြီးအော်လိုက်မှာလည်းသူစိုးရိမ်သည်။
"ကိုကိုလွန်း"
အင်္ကျီဝတ်နေသည့်လွန်းကိုလက်ကလေးနဲ့တို့ပြီး ဘာမှမပြောဘဲမော့ကြည့်နေသည်။
"ပြောလေ ... နိုရာ ဘာပြောချင်လို့လဲ"
"ဟို ဟို ..."
"ပြောပါ နိုရာ ... ဘာဖြစ်လို့လဲ ... နေမကောင်းလို့လား"
"မဟုတ်ဘူး ... မနက်ဖြန်ကလေ ကျောင်းသွားရမယ် ... အဲ့တာ ကိုကိုလွန်း ကျွန်တော့်ကိုလိုက်ပို့ပေးပါလားဟင်"
လွန်း ရယ်လိုက်သည်။ ဒါလေးပြောဖို့ကို သူ့ကိုကြောက်နေသည်လား။ နိုရာကအရင်ကတည်းကအဲ့လိုပုံစံလေးပင်။ အခုထက်ထိ လွန်းကိုတစ်ခုခုပြောရမည်ဆိုတွန့်ဆုတ်နေတတ်သည်။
"နိုရာရယ် ဒါလေးပြောတာကိုဘာလို့တုံ့ဆိုင်းနေတာလဲ ... လိုက်ပို့မှာပေါ့ ... ကိုကို့ရဲ့ယောကျာ်းလေးပဲဟာ လိုက်ပို့မှာပေါ့"
နိုရာပျော်သွားသည်။ ဘာကြောင့်ပျော်ရသနည်း။ လွန်းသုံးသွားတဲ့အသုံးအနှုန်းကြောင့်ပါ။ အသေးအမွှားလေးကအစ နိုရာကျေနပ်နေမိသည်။
"နိုရာ ပြောစရာရှိရင်ရဲရဲဝံ့ဝံ့ပြောပါ ... မကြောက်နဲ့ ကိုယ်ကအော်လည်းမအော်ဘူး ဆူလည်းမဆူဘူး ... ဟုတ်ပြီလား"
"ဟုတ် ဟိုလေ ..."
"ပြော ဘာပြောချင်သေးလို့လဲ"
"ကိုကိုလွန်းရဲ့အင်္ကျီကြယ်သီးတပ်ပေးချင်လို့"
နိုရာ မဝံ့မရဲပြောလိုက်သည်။
"သဘောပါ သဘော"
လွန်းဆီမှခွင့်ပြုချက်ရသည်နဲ့ဝင်းလက်သွားတဲ့မျက်နှာလေး။ ခေါင်းလေးငုံ့ပြီး ကြယ်သီးတပ်ပေးနေတဲ့ကောင်လေး၏မျက်နှာပန်းရောင်သန်းနေပြီဆိုတာ လွန်းသိပါသည်။
*ကိုကိုလွန်းရဲ့ကိုယ်သင်းရံနံ့လေးကအရမ်းမွှေးတာပဲ*
"ရပြီ ... ကျွန်တော်အောက်မှာစောင့်နေမယ်နော်"
နိုရာလှစ်ခနဲပြေးထွက်သွားသည်။ ထမင်းစားခန်းထဲမှာ လွန်းအတွက်ညစာပြင်ဆင်ထားရင်း ထိုင်စောင့်နေလိုက်သည်။
"ဒေါ်ကြီးကဘယ်အချိန်ပြန်တာလဲ"
"ညနေ ကျွန်တော်ထမင်းစားပြီးပြီဆိုပြန်ပြီ"
"အချိန်ပြည့်ခေါ်ထားပေးရမလား ... ကိုယ်နောက်ကျတဲ့နေ့ဆို နိုရာတစ်ယောက်တည်းဖြစ်နေမှာစိုးလို့"
"ရပါတယ် ... ဖြစ်နိုင်ရင် ကိုကိုလွန်းသာစောစောပြန်ခဲ့ပါ"
ညဘက်တွေဆို လွန်းအိပ်နေတာ ခိုးခိုးကြည့်ရသည်မှာ အကြိမ်ကြိမ်ရှိနေပြီဖြစ်သည်။ ရင်ခွင်ထဲမှာအိပ်ချင်ပေမဲ့ အိပ်လည်းမအိပ်ရဲ။ လွန်းစိတ်ရှုပ်သွားမှာလည်းကြောက်သည်။ ညတိုင်း ဘေးနားကနေသာ လွန်း၏မျက်နှာလေးကိုတစိမ့်စိမ့်နဲ့ငေးကြည့်နေမိတော့သည်ယ
"နိုရာရေ သွားမယ်လေ ... ကျောင်းနောက်ကျမယ်"
"ခဏလေး ... ကိုကိုလွန်းမနက်စာစားဦးလေ"
"မစားတော့ဘူး ... နိုရာနောက်ကျနေမယ်"
လွန်း၏လက်ကိုနိုရာကအတင်းပြန်ဆွဲထားသည်။
"မရဘူး ... ကိုကိုလွန်းစားရမယ်"
လွန်းမငြင်းနိုင်ပါ။ လွန်း၏လက်ကိုဆွဲထားတဲ့နိုရာ၏လက်တွေကိုမဖြုတ်ချရက်ပါ။
"အင်း ကိုယ်စားမယ်နော်"
နိုရာ၏မျက်နှာဝင်းလက်သွားပြန်သည်။ ချက်ချင်းမီးဖိုထဲဝင်သွားပြီး ...
"ဒေါ်ကြီးရေ မုန့်တွေချပေးပါ"
ဒေါ်ကြီးကမုန့်တွေနဲ့ကော်ဖီလာချပေးပြီး ပြန်ထွက်သွားသည်။
"နိုရာရောမစားဘူးလား"
"ကျွန်တော်ကစားပြီးပြီ"
လွန်းစားနေတာကိုနိုရာမေးထောက်ကာထိုင်ကြည့်နေသည်။ လွန်းမနက်စာစားပြီးတာနဲ့ နိုရာ့ကိုလက်ဆွဲပြီး ကားဆီကိုခေါ်သွားတော့သည်။
"လာ သွားမယ်"
"နေပါဦး ... ကျွန်တော်လွယ်အိတ်ကျန်ခဲ့ပြီ"
အိမ်ထဲပြန်ဝင်သွားပြီး လွယ်အိတ်ကလေးလွယ်ကာပြန်ထွက်လာသည်။ လွန်းကကားတံခါးဖွင့်ပေးပြီး နိုရာကားပေါ်တက်လိုက်သည်။
"နိုရာ ဒီညပါတီရှိတယ် ... နိုရာလည်းလိုက်ရမယ် ... အဲ့တာ ဒီနေ့အတန်းချိန်ကဘယ်အချိန်ထိရှိလဲ"
"ကိုကိုလွန်း ကျွန်တော်မလိုက်လို့မရဘူးလားဟင်"
"ဘာလို့လဲ နိုရာ"
"ပါတီတွေကျွန်တော်မကြိုက်ဘူး"
"မလိုက်လို့တော့မရဘူးနိုရာ ... နိုရာကကိုယ့်ရဲ့တရားဝင်ခင်ပွန်းလေ ... ကုမ္ပဏီကကျင်းပတဲ့ပွဲကိုတော့တက်ပေးရမယ်"
"ဟူး ဒီနေ့အတန်းချိန်က၁၂ခွဲပြီးမယ်"
"ဟုတ်ပြီ ... ကိုကိုအပြန်လာကြိုမယ် ... စောင့်နေနော်"
"ဟုတ်"
စကားလည်းအဆုံး ကျောင်းရှေ့လည်းအရောက်ဖြစ်နေသည်။ နိုရာကPrivate Universityတွင်တက်သည်။ အင်္ကျီအဖြူ ဘောင်းဘီအနက်လေးနဲ့နက်ခ်တိုင်ကပါသေးသည်။
"ကိုကိုလွန်း တာ့တာ"
"အင်း တာ့တာ ... အပြန်လာကြိုမယ်နော်"
"ဟုတ်"
နိုရာကျောင်းထဲသို့ဝင်သွားသည်။ နိုရာအထဲရောက်သွားမှ လွန်းလည်းရုံးကိုလာခဲ့လိုက်တော့သည်။ လွန်း ကုမ္ပဏီကားပါကင်တွင် ကားထားခဲ့ပြီး ရုံးခန်းရှိရာသို့တက်လာသည်။ သူ့ရုံးခန်းထဲတွင် ဆိုဖာပေါ်၌ခြေထောက်ချိတ်ထိုင်၍စောင့်နေသောမိန်းကလေးသည် လွန်းကိုတွေ့သည်နှင့်ပြေးဖက်တော့သည်။
"ကိုလွန်းကလည်း ကြာလိုက်တာ"
"မင်းနဲ့ငါကပြတ်ပြီလေ"
"ကိုလွန်းဘက်ကပြတ်တာပါ ... တို့မှမပြတ်သေးတာ"
"ငါ့ကိုလွှတ်စမ်းပါ ... ဖယ်"
ထိုမိန်းကလေးဆွဲဖက်ထားတဲ့လက်ကိုဖြုတ်ချပစ်လိုက်သည်။ လွန်း သူ့နေရာတွင်သူထိုင်သည်။
"ကိုလွန်း!!"
"ဘာလဲ ... ငါပြောထားတယ်လေ တစ်ပတ်ထက်ပိုမတွဲဘူးလို့ ... မင်း ဒိုးလိုက်တော့"
ရှပ်အင်္ကျီကော်လံကြယ်သီးကိုဖြုတ်လိုက်ပြီး ခုံတွင်ထိုင်ကာအရှေ့မှဖိုင်များကိုဆွဲယူလိုက်သည်။ မိန်းကလေးကစကားတွေပြောနေသော်လည်း လွန်းကအဖတ်မလုပ် စာရွက်များကိုသာတစ်ရွက်ပြီးတစ်ရွက်လှန်ကြည့်နေသည်။
"မင်းလိုချင်တာ ပိုက်ဆံမလား"
လွန်းကစာရွက်များကိုသာစိုက်ကြည့်နေရင်းမေးလိုက်သည်။
"မင်းလိုချင်တာရရင် သွားတော့ ... ငါပေးလိုက်မယ်"
လွန်း ချက်လက်မှတ်တစ်စောင်ရေးပေးလိုက်သည်။ ချက်လက်မှတ်ကိုမြင်သည်နှင့် ထိုမိန်းကလေးပြုံးသွားသည်။
*ကျွန်တော်သိတာပေါ့ ကျွန်တော့်ကိုကပ်တွယ်နေတဲ့မိန်းမတွေကပိုက်ဆံကြောင့်ကပ်တယ်ဆိုတာ*
"စောစောကတည်းကပေးလိုက်ရင်ပြီးတာပဲကို ... သွားပြီ ကိုလွန်းဂုဏ်ရှိန် ... ယောကျာ်းလေးကိုကောင်းကောင်းဂရုစိုက်ပါ ... ယူထားတာလေးကရောဂါသည်လေးဆိုတော့ တော်တော်ဂရုစိုက်ရမှာပဲနော်"
ထိုမိန်းကလေးကချက်လက်မှတ်ကိုယူပြီး ခပ်ရွဲ့ရွဲ့စကားပြောကာ အခန်းထဲမှထွက်သွားသည်။ ခဏနေ လွန်း၏ဖုန်းသို့စာတစ်စောင်ဝင်လာသည်။
{ကိုကိုလွန်း ဒီနေ့ကျွန်တော် Tutorial မရှိလို့စောစောပြီးမယ် ... အဲ့တာကျွန်တော်ကိုကိုလွန်းဆီလာခဲ့ရမှာလား}
လွန်း စာကိုဖတ်နေစဉ် အခန်းတံခါးကိုခေါက်သံကြားလိုက်ရလို့ ဖုန်းကိုခဏချထားလိုက်သည်။
"ဝင်ခဲ့"
"CEO စုံစမ်းခိုင်းထားတာတွေရပါပြီ"
လွန်းအရှေ့သို့အညိုရောင်စာအိတ်တစ်အိတ်ရောက်လာသည်။
"ကောင်းပြီ ... မင်းသွားလို့ရပြီ"
ထိုစာအိတ်ကလေးကိုဖွင့်ကြည့်လိုက်တော့ ဓာတ်ပုံအချို့ထွက်လာသည်။ ဓာတ်ပုံထဲကလူလေးကတော့ နိုရာ။ ကျောင်းမှာစာသင်နေတဲ့ပုံလေးတွေဖြစ်သည်။ လွန်းထိုဓာတ်ပုံတွေကိုကြည့်ရင်း ပြုံးလိုက်သည်။
"ဘာလို့စာပြန်မပို့တာလဲ"
ဖုန်းကိုကြည့်ရင်း စကားတွေပြောနေမိသည်။ ဖုန်းကိုကြည့်ပြီးစကားပြောနေသည့်နိုရာကြောင့် ဘေးနားကပပလည်းကြောင်တောင်တောင်ဖြစ်နေရသည်။ သိပ်မကြာခင်မှာပဲ လက်ထဲကဖုန်းလေးဆီကို စာလေးတစ်စောင်ဝင်လာသည်။
{ကိုယ်ကအစည်းအဝေးရှိနေသေးလို့ ကားလွှတ်ပေးလိုက်မယ် ... လာခဲ့ ကိုယ်စောင့်နေမယ် ... နေ့လယ်စာအတူသွားစားမယ်}
မထင်မှတ်ထားတဲ့အခြေအနေတစ်ခုကိုရောက်ရှိသွားသည့်အတွက် နိုရာပြုံးပျော်နေတော့သည်။ နိုရာ့၏မျက်နှာအခြေအနေအမျိုးမျိုးကြောင့် ပပလည်းမနေနိုင်တော့ဘဲမေးလိုက်တော့သည်။
"ဟဲ့ နင့်မျက်နှာကြီးကဘာဖြစ်နေတာလဲ"
"ကိုကိုလွန်းကနေ့လယ်စာအတူစားမယ်တဲ့ ... ဟီးဟီး ပျော်လိုက်တာ"
"အမယ်လေးနော် ... နင်လည်းလေ အဲ့လူကြီးနဲ့မှပဲချေနေတာတွေဘယ်ရောက်ကုန်ပြီလဲ "
"မချေပါဘူး ... ငါကဘာလို့ချေရမှာလဲ ... ချစ်ပဲချစ်မှာ မချေဘူး"
"အေးပါ အေးပါ နင်အခုသွားမှာမလား ... သွားတော့လေ .... တော်ကြာ ဆရာမလာတော့မယ်"
"အင်း ငါသွားပြီ ... ဘိုင့်ဘိုင်"
နိုရာလွယ်အိတ်လေးကောက်လွယ်ပြီး ကားမှတ်တိုင်သို့ထွက်လာခဲ့သည်။ လွန်းလွှတ်ပေးလိုက်သည့်ကားကို မှတ်တိုင်လေးမှာထိုင်စောင့်နေသည်။
*ဟီးဟီး ကိုကိုလွန်းနဲ့တွေ့ရတော့မယ်*
မှတ်တိုင်မှာထိုင်နေရင်း အတွေးတွေနဲ့သာနိုရာပျော်နေမိသည်။ သိပ်မကြာခင်မှာပဲ ကားလေးတစ်စီးရောက်လာသည်။ ကားပေါ်မှ လူတစ်ယောက်ဆင်းလာပြီး ကားတံခါးလာဖွင့်ပေးသည်။ နိုရာကားပေါ်တက်လိုက်ပြီး လွန်းဆီသို့လာခဲ့လိုက်သည်။ နိုရာ ကုမ္ပဏီထဲသို့ဝင်လိုက်သည်နှင့်အကုန်လုံးကနှုတ်ဆက်ကြသည်။ နိုရာအပေါ်ဆုံးထပ်သို့တက်လာခဲ့သည်။
"မင်္ဂလာပါနိုရာ ... CEOစောင့်နေပါတယ်"
အခန်းနားရောက်တာနဲ့ လွန်း၏အတွင်းရေးမှူးကနိုရာ့ကိုပြုံးပြီးနှုတ်ဆက်သည်။ နိုရာအခန်းတံခါးကိုခေါက်လိုက်သည်။
"ဝင်ခဲ့"
လွန်းဆီမှခွင့်ပြုချက်ရသည်နှင့် နိုရာအခန်းတံခါးဖွင့်ပြီးဝင်လာသည်။
"ကိုကိုလွန်း ကျွန်တော်ရောက်ပြီ"
"အင်း ထိုင်ဦးနော် ... ကိုယ်ဒါလေးလက်စသတ်လိုက်ဦးမယ်"
နိုရာဆိုဖာပေါ်တွင်ငြိမ်ငြိမ်လေးထိုင်ပြီး လွန်းအလုပ်လုပ်နေသည့်ပုံစံကိုငေးကြည့်နေမိသည်။
*ကိုကိုလွန်းကအရမ်းချောတာပဲ*
အတွေးတွေကနယ်ချဲ့လာသည်နှင့်အမျှ အသံထွက်ပြီးရယ်လိုက်မိသည်။
"ဟီးဟီး"
"ဘာတွေသဘောကျနေတာလဲ နိုရာ"
"ကိုကိုလွန်းအလုပ်လုပ်နေတာကိုသဘောကျလို့"
"ဟုတ်လို့လား ... ကိုယ့်ကိုသဘောကျတာမဟုတ်ဘူးလား"
နိုရာပြန်မဖြေဘဲ ခေါင်းငုံ့သွားသည်။ အဘယ်ကြောင့်ခေါင်းငုံ့သနည်း။ လွန်းကစိုက်ကြည့်လာသည်။ ထိုအကြည့်တွေကိုနိုရာမခံနိုင်ပါ။
*ကိုကိုလွန်းရဲ့အကြည့်တွေကအရမ်းစူးရှတယ်*
"ဖြေပါဦးနိုရာ ... ကိုယ့်ကိုသဘောကျတာမဟုတ်ဘူးလားလို့"
"ဟင့်အင်း မဖြေချင်ဘူး ... ကျွန်တော်ဗိုက်ဆာတယ်"
"အင်းလေ မဖြေချင်လည်းရပါတယ် ... နောက်မှဖြေပေါ့ လာ နေ့လယ်စာသွားစားကြမယ်"
လွန်း နိုရာ၏လက်ကိုတွဲပြီးကုမ္ပဏီထဲမှထွက်လာလိုက်သည်။
"နိုရာ ဒီတစ်ပတ်မိဘအိမ်မသွားရသေးဘူးမလား"
"ဟုတ် မသွားရသေးဘူး"
"မနက်ဖြန်ကိုယ်လိုက်ပို့ပေးမယ် ... သွားမလား"
"အင်း သွားမယ် ... ကျွန်တော်ကကိုကိုလွန်းမအားမှာစိုးလို့မပြောတာ"
"ခွေးပေါက်လေး နောက်ဆိုပြော ... အားတယ်မအားဘူးပြောဖို့ကကိုကို့အပိုင်း ... လုပ်ချင်တာကိုပြောဖို့ကခွေးပေါက်လေးရဲ့တာဝန်ဟုတ်ပြီလား"
"ဟုတ်"
နိုရာ ပြုံးပျော်နေမိပါသည်။ နေ့တိုင်းသာဒီလိုဆိုသိပ်ကောင်းမှာပဲ ကိုကိုလွန်းသာကျွန်တော့်ကိုချစ်ရင်သိပ်ကောင်းမှာပဲလို့လည်း နိုရာတွေးနေမိသည်။
အရမ်းချစ်တယ်ကိုကိုလွန်း ...
To Be Continued ...
ဒီအပိုင်းလေးကိုလည်းကြိုက်နှစ်သက်ကြမယ်လို့ဝင့်လွှာမျှော်လင့်မိပါတယ်။ Saranghae💛 လွန်းနဲ့နိုရာ့ကိုလည်းချစ်ပေးကြနော်💛 လွန်းကဘာကြောင့်ပြောင်းလဲသွားလဲ မသိချင်ကြဘူးလား😚
အခန္းတံခါးကိုအဆက္မျပတ္ေခါက္သံေၾကာင့္ နိုရာမေနနိုင္ေတာ့ဘဲ နိုးထလာရသည္။
"ဘယ္သူလဲ"
"ေဒၚႀကီးပါ ... ၇နာရီထိုးေနၿပီနိုရာ ... ထေတာ့ေလ"
"ဟုတ္"
နိုရာ အိပ္ရာေဘးကိုၾကည့္လိုက္သည့္အခါ လြန္းမရွိေတာ့ပါ။
*ကိုကိုလြန္း႐ုံးသြားၿပီထင္တယ္ ... အေစာႀကီးပဲ*
အခန္းကိုေဝ့ၾကည့္လိုက္ေတာ့ ဗီရိုတံခါးမွာစာ႐ြက္ေလးတစ္႐ြက္ကပ္ထားသည္ကို နိုရာေတြ႕လိုက္ရသည္။ ၿခဳံထားေသာေစာင္ကိုဖယ္ကာ ကုတင္ေပၚမွဆင္းၿပီးထိုစာ႐ြက္ေလးဆီသို႔ သြားလိုက္သည္။
ဒီေန႕လည္းကိုယ္ေနာက္က်မယ္နိုရာ မေစာင့္နဲ႕ေတာ့ေနာ္။
"အင္းပါကိုကိုလြန္းရယ္ ... ကြၽန္ေတာ့္ကိုမခ်စ္မွန္းကြၽန္ေတာ္
သိပါတယ္ ... ဒါေပမဲ့ အခုကြၽန္ေတာ္တို႔ကလက္ထပ္ၿပီးသြားၿပီေလ ... ကိုကိုလြန္းကိုကြၽန္ေတာ္ပိုင္တယ္မဟုတ္ဘူးလား ... တစ္ခါတစ္ေလ ဒီကိစၥေတြဆင္ျခင္ေပးလို႔မရဘူးလားဟင္"
နိုရာ ခံစားရေနရသည့္ခံစားခ်က္မ်ားကိုမိုးျပာေရာင္စာအုပ္ကေလးေပၚတြင္ ဝန္ခံေရးသားလိုက္သည္။ မ်က္ႏွာသစ္ရန္ေရခ်ိဳးခန္းထဲဝင္ေတာ့ ဆင္တူသြားပြတ္တံေလးႏွစ္ေခ်ာင္းနဲ႕ အသုံးအေဆာင္အားလုံးနီးပါးဆင္တူေလးေတြျဖစ္ေနတာေၾကာင့္ နိုရာၿပဳံးမိျပန္သည္။
"အင္းေလ ... ကိုကိုလြန္းေပ်ာ္ေနရင္ၿပီးတာပါပဲ"
နိုရာတက္နိုင္သမွ်ၿပဳံးလိုက္ၿပီး မ်က္ႏွာသစ္သြားတိုက္လိုက္သည္။
"ေဒၚႀကီးေရ ... ေဒၚႀကီး"
"နိုရာ မနက္စာစားေတာ့မွာလား"
"မစားခ်င္ေသးဘူး ... ကိုကိုလြန္းမနက္စာစားသြားလား"
"စားသြားတယ္ ... ၿပီးေတာ့ နိုရာႀကိဳက္တဲ့ဆန္းဒေဝ့ခ်္လည္း လြန္းကိုယ္တိုင္လုပ္ေပးသြားတယ္ ... စားေတာ့မလား"
"ဟင္ ကိုကိုလြန္းကလုပ္ေပးသြားတာလား ... စားမယ္ အေပၚထပ္အခန္းကိုပဲပို႔ေပးပါေနာ္"
"ေအးေအး ... ေဒၚႀကီးလာပို႔ေပးမယ္"
နိုရာ ဖုန္းေလးကိုင္ၿပီးအေပၚထပ္သို႔ျပန္တက္သြားသည္။ ခဏအၾကာတြင္ ေဒၚႀကီးက လြန္းလုပ္ေပးသြားတဲ့မုန႔္ကိုလာပို႔ေပးသည္။ နိုရာသည္မုန႔္ကိုမစားေသးဘဲ ဓာတ္ပုံအရင္ရိုက္သည္။ ခ်က္ခ်င္းပုံကိုprintထုတ္ၿပီး အံဆြဲေလးထဲကမိုးျပာေရာင္စာအုပ္ေလးကိုထုတ္ကာ စာအုပ္ေလးရဲ႕စာမ်က္ႏွာေလးတစ္ခုေပၚတြင္ ပုံေလးအားကပ္လိုက္သည္။
'ကိုကိုလြန္းလုပ္ေပးတဲ့ နိုရာႀကိဳက္တဲ့မုန႔္'ဆိုသည့္စာသားေလး၏ေအာက္တြင္ 'နိုရာ ကိုကိုလြန္းကိုအရမ္းခ်စ္တယ္'ဆိုသည့္စာသားေလးကပါေနေသးသည္။
လြန္းကိုယ္တိုင္မုန႔္လုပ္ေပးသြားသည္မို႔ နိုရာေပ်ာ္ေနသည္။ ခ်စ္ေနေတာ့လည္းအေသးအမႊားေလးကအစအရမ္းကိုၾကည္ႏူးရသည္။ ေပ်ာ္ရသည္။
"နိုရာ!"
ညေနာက္က်မည္ဟုေျပာသြားေသာလြန္းသည္ ရွစ္နာရီေလာက္ကတည္းကအိမ္ကိုျပန္ေရာက္လာသည္။
"ဟင္ ကိုကိုလြန္းလား"
နိုရာ အေပၚထပ္ေလွကားထိပ္နားမွလွမ္းၾကည့္လိုက္သည္။ ဟုတ္ပါသည္။ ဧည့္ခန္းထဲမွဆိုဖာတြင္ထိုင္ေနေသာလြန္းကိုေတြ႕လိုက္ရသည္။
"ကိုကိုလြန္း!"
"ေဟ့ ေဟ့ ေျပးဆင္းမလာနဲ႕ေနာ္"
ေျပးဆင္းရန္ႀကံေနသည့္နိုရာ့ကို လြန္းကအရင္ဦးဆုံးသတိေပးလိုက္ရသည္။
"ဟီးဟီး ... ဟုတ္"
ေခြးေပါက္ကေလး လြန္းေဘးနားကိုေရာက္လာသည္။
"ကိုကိုလြန္း ဒီေန႕ေစာတယ္ေနာ္"
"ဒါေတာင္ အလုပ္ကမၿပီးေသးဘူး ... ဒါေစာသြားတာလား"
"အင္း ေစာတာေပါ့ ... အရင္ကဆို ညသန္းေခါင္ေလာက္မွျပန္ေရာက္တာေလ"
"ဟုတ္ပါၿပီ ... ထမင္းစားၿပီးၿပီလား ... ေဆးေရာေသာက္လား"
"ဟုတ္ အကုန္ၿပီးၿပီ"
"ဒီေန႕ေတာ့ေစာတယ္ေျပာရမွာေပါ့ ... ေနာက္ေန႕ေတာ့ မေျပာတတ္ေသးဘူး ... အလုပ္ကေျဖရွင္းစရာေတြတစ္ပုံႀကီးျဖစ္ေနလို႔"
"ဟုတ္ ရပါတယ္ ... ကိုကိုလြန္း ထမင္းစားမယ္မလားဟင္"
"အင္း စားမယ္ ... အခု ကိုယ္ေရသြားခ်ိဳးလိုက္ဦးမယ္"
မနက္ျဖန္သည္ နိုရာေက်ာင္းတက္ရမည့္ေန႕ျဖစ္သည္။ လြန္းကိုေက်ာင္းလိုက္ပို႔ေပးဖို႔ေျပာခ်င္ေပမဲ့ နိုရာတုံ႕ဆိုင္းေနသည္။လြန္းကေဒါသထြက္ၿပီးေအာ္လိုက္မွာလည္းသူစိုးရိမ္သည္။
"ကိုကိုလြန္း"
အကၤ်ီဝတ္ေနသည့္လြန္းကိုလက္ကေလးနဲ႕တို႔ၿပီး ဘာမွမေျပာဘဲေမာ့ၾကည့္ေနသည္။
"ေျပာေလ ... နိုရာ ဘာေျပာခ်င္လို႔လဲ"
"ဟို ဟို ..."
"ေျပာပါ နိုရာ ... ဘာျဖစ္လို႔လဲ ... ေနမေကာင္းလို႔လား"
"မဟုတ္ဘူး ... မနက္ျဖန္ကေလ ေက်ာင္းသြားရမယ္ ... အဲ့တာ ကိုကိုလြန္း ကြၽန္ေတာ့္ကိုလိုက္ပို႔ေပးပါလားဟင္"
လြန္း ရယ္လိုက္သည္။ ဒါေလးေျပာဖို႔ကို သူ႕ကိုေၾကာက္ေနသည္လား။ နိုရာကအရင္ကတည္းကအဲ့လိုပုံစံေလးပင္။ အခုထက္ထိ လြန္းကိုတစ္ခုခုေျပာရမည္ဆိုတြန႔္ဆုတ္ေနတတ္သည္။
"နိုရာရယ္ ဒါေလးေျပာတာကိုဘာလို႔တုံ႕ဆိုင္းေနတာလဲ ... လိုက္ပို႔မွာေပါ့ ... ကိုကို႔ရဲ႕ေယာက်ာ္းေလးပဲဟာ လိုက္ပို႔မွာေပါ့"
နိုရာေပ်ာ္သြားသည္။ ဘာေၾကာင့္ေပ်ာ္ရသနည္း။ လြန္းသုံးသြားတဲ့အသုံးအႏႈန္းေၾကာင့္ပါ။ အေသးအမႊားေလးကအစ နိုရာေက်နပ္ေနမိသည္။
"နိုရာ ေျပာစရာရွိရင္ရဲရဲဝံ့ဝံ့ေျပာပါ ... မေၾကာက္နဲ႕ ကိုယ္ကေအာ္လည္းမေအာ္ဘူး ဆူလည္းမဆူဘူး ... ဟုတ္ၿပီလား"
"ဟုတ္ ဟိုေလ ..."
"ေျပာ ဘာေျပာခ်င္ေသးလို႔လဲ"
"ကိုကိုလြန္းရဲ႕အကၤ်ီၾကယ္သီးတပ္ေပးခ်င္လို႔"
နိုရာ မဝံ့မရဲေျပာလိုက္သည္။
"သေဘာပါ သေဘာ"
လြန္းဆီမွခြင့္ျပဳခ်က္ရသည္နဲ႕ဝင္းလက္သြားတဲ့မ်က္ႏွာေလး။ ေခါင္းေလးငုံ႕ၿပီး ၾကယ္သီးတပ္ေပးေနတဲ့ေကာင္ေလး၏မ်က္ႏွာပန္းေရာင္သန္းေနၿပီဆိုတာ လြန္းသိပါသည္။
*ကိုကိုလြန္းရဲ႕ကိုယ္သင္းရံနံ႕ေလးကအရမ္းေမႊးတာပဲ*
"ရၿပီ ... ကြၽန္ေတာ္ေအာက္မွာေစာင့္ေနမယ္ေနာ္"
နိုရာလွစ္ခနဲေျပးထြက္သြားသည္။ ထမင္းစားခန္းထဲမွာ လြန္းအတြက္ညစာျပင္ဆင္ထားရင္း ထိုင္ေစာင့္ေနလိုက္သည္။
"ေဒၚႀကီးကဘယ္အခ်ိန္ျပန္တာလဲ"
"ညေန ကြၽန္ေတာ္ထမင္းစားၿပီးၿပီဆိုျပန္ၿပီ"
"အခ်ိန္ျပည့္ေခၚထားေပးရမလား ... ကိုယ္ေနာက္က်တဲ့ေန႕ဆို နိုရာတစ္ေယာက္တည္းျဖစ္ေနမွာစိုးလို႔"
"ရပါတယ္ ... ျဖစ္နိုင္ရင္ ကိုကိုလြန္းသာေစာေစာျပန္ခဲ့ပါ"
ညဘက္ေတြဆို လြန္းအိပ္ေနတာ ခိုးခိုးၾကည့္ရသည္မွာ အႀကိမ္ႀကိမ္ရွိေနၿပီျဖစ္သည္။ ရင္ခြင္ထဲမွာအိပ္ခ်င္ေပမဲ့ အိပ္လည္းမအိပ္ရဲ။ လြန္းစိတ္ရႈပ္သြားမွာလည္းေၾကာက္သည္။ ညတိုင္း ေဘးနားကေနသာ လြန္း၏မ်က္ႏွာေလးကိုတစိမ့္စိမ့္နဲ႕ေငးၾကည့္ေနမိေတာ့သည္ယ
"နိုရာေရ သြားမယ္ေလ ... ေက်ာင္းေနာက္က်မယ္"
"ခဏေလး ... ကိုကိုလြန္းမနက္စာစားဦးေလ"
"မစားေတာ့ဘူး ... နိုရာေနာက္က်ေနမယ္"
လြန္း၏လက္ကိုနိုရာကအတင္းျပန္ဆြဲထားသည္။
"မရဘူး ... ကိုကိုလြန္းစားရမယ္"
လြန္းမျငင္းနိုင္ပါ။ လြန္း၏လက္ကိုဆြဲထားတဲ့နိုရာ၏လက္ေတြကိုမျဖဳတ္ခ်ရက္ပါ။
"အင္း ကိုယ္စားမယ္ေနာ္"
နိုရာ၏မ်က္ႏွာဝင္းလက္သြားျပန္သည္။ ခ်က္ခ်င္းမီးဖိုထဲဝင္သြားၿပီး ...
"ေဒၚႀကီးေရ မုန႔္ေတြခ်ေပးပါ"
ေဒၚႀကီးကမုန႔္ေတြနဲ႕ေကာ္ဖီလာခ်ေပးၿပီး ျပန္ထြက္သြားသည္။
"နိုရာေရာမစားဘူးလား"
"ကြၽန္ေတာ္ကစားၿပီးၿပီ"
လြန္းစားေနတာကိုနိုရာေမးေထာက္ကာထိုင္ၾကည့္ေနသည္။ လြန္းမနက္စာစားၿပီးတာနဲ႕ နိုရာ့ကိုလက္ဆြဲၿပီး ကားဆီကိုေခၚသြားေတာ့သည္။
"လာ သြားမယ္"
"ေနပါဦး ... ကြၽန္ေတာ္လြယ္အိတ္က်န္ခဲ့ၿပီ"
အိမ္ထဲျပန္ဝင္သြားၿပီး လြယ္အိတ္ကေလးလြယ္ကာျပန္ထြက္လာသည္။ လြန္းကကားတံခါးဖြင့္ေပးၿပီး နိုရာကားေပၚတက္လိုက္သည္။
"နိုရာ ဒီညပါတီရွိတယ္ ... နိုရာလည္းလိုက္ရမယ္ ... အဲ့တာ ဒီေန႕အတန္းခ်ိန္ကဘယ္အခ်ိန္ထိရွိလဲ"
"ကိုကိုလြန္း ကြၽန္ေတာ္မလိုက္လို႔မရဘူးလားဟင္"
"ဘာလို႔လဲ နိုရာ"
"ပါတီေတြကြၽန္ေတာ္မႀကိဳက္ဘူး"
"မလိုက္လို႔ေတာ့မရဘူးနိုရာ ... နိုရာကကိုယ့္ရဲ႕တရားဝင္ခင္ပြန္းေလ ... ကုမၸဏီကက်င္းပတဲ့ပြဲကိုေတာ့တက္ေပးရမယ္"
"ဟူး ဒီေန႕အတန္းခ်ိန္က၁၂ခြဲၿပီးမယ္"
"ဟုတ္ၿပီ ... ကိုကိုအျပန္လာႀကိဳမယ္ ... ေစာင့္ေနေနာ္"
"ဟုတ္"
စကားလည္းအဆုံး ေက်ာင္းေရွ႕လည္းအေရာက္ျဖစ္ေနသည္။ နိုရာကPrivate Universityတြင္တက္သည္။ အကၤ်ီအျဖဴ ေဘာင္းဘီအနက္ေလးနဲ႕နက္ခ္တိုင္ကပါေသးသည္။
"ကိုကိုလြန္း တာ့တာ"
"အင္း တာ့တာ ... အျပန္လာႀကိဳမယ္ေနာ္"
"ဟုတ္"
နိုရာေက်ာင္းထဲသို႔ဝင္သြားသည္။ နိုရာအထဲေရာက္သြားမွ လြန္းလည္း႐ုံးကိုလာခဲ့လိုက္ေတာ့သည္။ လြန္း ကုမၸဏီကားပါကင္တြင္ ကားထားခဲ့ၿပီး ႐ုံးခန္းရွိရာသို႔တက္လာသည္။ သူ႕႐ုံးခန္းထဲတြင္ ဆိုဖာေပၚ၌ေျခေထာက္ခ်ိတ္ထိုင္၍ေစာင့္ေနေသာမိန္းကေလးသည္ လြန္းကိုေတြ႕သည္ႏွင့္ေျပးဖက္ေတာ့သည္။
"ကိုလြန္းကလည္း ၾကာလိုက္တာ"
"မင္းနဲ႕ငါကျပတ္ၿပီေလ"
"ကိုလြန္းဘက္ကျပတ္တာပါ ... တို႔မွမျပတ္ေသးတာ"
"ငါ့ကိုလႊတ္စမ္းပါ ... ဖယ္"
ထိုမိန္းကေလးဆြဲဖက္ထားတဲ့လက္ကိုျဖဳတ္ခ်ပစ္လိုက္သည္။ လြန္း သူ႕ေနရာတြင္သူထိုင္သည္။
"ကိုလြန္း!!"
"ဘာလဲ ... ငါေျပာထားတယ္ေလ တစ္ပတ္ထက္ပိုမတြဲဘူးလို႔ ... မင္း ဒိုးလိုက္ေတာ့"
ရွပ္အကၤ်ီေကာ္လံၾကယ္သီးကိုျဖဳတ္လိုက္ၿပီး ခုံတြင္ထိုင္ကာအေရွ႕မွဖိုင္မ်ားကိုဆြဲယူလိုက္သည္။ မိန္းကေလးကစကားေတြေျပာေနေသာ္လည္း လြန္းကအဖတ္မလုပ္ စာ႐ြက္မ်ားကိုသာတစ္႐ြက္ၿပီးတစ္႐ြက္လွန္ၾကည့္ေနသည္။
"မင္းလိုခ်င္တာ ပိုက္ဆံမလား"
လြန္းကစာ႐ြက္မ်ားကိုသာစိုက္ၾကည့္ေနရင္းေမးလိုက္သည္။
"မင္းလိုခ်င္တာရရင္ သြားေတာ့ ... ငါေပးလိုက္မယ္"
လြန္း ခ်က္လက္မွတ္တစ္ေစာင္ေရးေပးလိုက္သည္။ ခ်က္လက္မွတ္ကိုျမင္သည္ႏွင့္ ထိုမိန္းကေလးၿပဳံးသြားသည္။
*ကြၽန္ေတာ္သိတာေပါ့ ကြၽန္ေတာ့္ကိုကပ္တြယ္ေနတဲ့မိန္းမေတြကပိုက္ဆံေၾကာင့္ကပ္တယ္ဆိုတာ*
"ေစာေစာကတည္းကေပးလိုက္ရင္ၿပီးတာပဲကို ... သြားၿပီ ကိုလြန္းဂုဏ္ရွိန္ ... ေယာက်ာ္းေလးကိုေကာင္းေကာင္းဂ႐ုစိုက္ပါ ... ယူထားတာေလးကေရာဂါသည္ေလးဆိုေတာ့ ေတာ္ေတာ္ဂ႐ုစိုက္ရမွာပဲေနာ္"
ထိုမိန္းကေလးကခ်က္လက္မွတ္ကိုယူၿပီး ခပ္႐ြဲ႕႐ြဲ႕စကားေျပာကာ အခန္းထဲမွထြက္သြားသည္။ ခဏေန လြန္း၏ဖုန္းသို႔စာတစ္ေစာင္ဝင္လာသည္။
{ကိုကိုလြန္း ဒီေန႕ကြၽန္ေတာ္ Tutorial မရွိလို႔ေစာေစာၿပီးမယ္ ... အဲ့တာကြၽန္ေတာ္ကိုကိုလြန္းဆီလာခဲ့ရမွာလား}
လြန္း စာကိုဖတ္ေနစဥ္ အခန္းတံခါးကိုေခါက္သံၾကားလိုက္ရလို႔ ဖုန္းကိုခဏခ်ထားလိုက္သည္။
"ဝင္ခဲ့"
"CEO စုံစမ္းခိုင္းထားတာေတြရပါၿပီ"
လြန္းအေရွ႕သို႔အညိုေရာင္စာအိတ္တစ္အိတ္ေရာက္လာသည္။
"ေကာင္းၿပီ ... မင္းသြားလို႔ရၿပီ"
ထိုစာအိတ္ကေလးကိုဖြင့္ၾကည့္လိုက္ေတာ့ ဓာတ္ပုံအခ်ိဳ႕ထြက္လာသည္။ ဓာတ္ပုံထဲကလူေလးကေတာ့ နိုရာ။ ေက်ာင္းမွာစာသင္ေနတဲ့ပုံေလးေတြျဖစ္သည္။ လြန္းထိုဓာတ္ပုံေတြကိုၾကည့္ရင္း ၿပဳံးလိုက္သည္။
"ဘာလို႔စာျပန္မပို႔တာလဲ"
ဖုန္းကိုၾကည့္ရင္း စကားေတြေျပာေနမိသည္။ ဖုန္းကိုၾကည့္ၿပီးစကားေျပာေနသည့္နိုရာေၾကာင့္ ေဘးနားကပပလည္းေၾကာင္ေတာင္ေတာင္ျဖစ္ေနရသည္။ သိပ္မၾကာခင္မွာပဲ လက္ထဲကဖုန္းေလးဆီကို စာေလးတစ္ေစာင္ဝင္လာသည္။
{ကိုယ္ကအစည္းအေဝးရွိေနေသးလို႔ ကားလႊတ္ေပးလိုက္မယ္ ... လာခဲ့ ကိုယ္ေစာင့္ေနမယ္ ... ေန႕လယ္စာအတူသြားစားမယ္}
မထင္မွတ္ထားတဲ့အေျခအေနတစ္ခုကိုေရာက္ရွိသြားသည့္အတြက္ နိုရာၿပဳံးေပ်ာ္ေနေတာ့သည္။ နိုရာ့၏မ်က္ႏွာအေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ပပလည္းမေနနိုင္ေတာ့ဘဲေမးလိုက္ေတာ့သည္။
"ဟဲ့ နင့္မ်က္ႏွာႀကီးကဘာျဖစ္ေနတာလဲ"
"ကိုကိုလြန္းကေန႕လယ္စာအတူစားမယ္တဲ့ ... ဟီးဟီး ေပ်ာ္လိုက္တာ"
"အမယ္ေလးေနာ္ ... နင္လည္းေလ အဲ့လူႀကီးနဲ႕မွပဲေခ်ေနတာေတြဘယ္ေရာက္ကုန္ၿပီလဲ "
"မေခ်ပါဘူး ... ငါကဘာလို႔ေခ်ရမွာလဲ ... ခ်စ္ပဲခ်စ္မွာ မေခ်ဘဴး"
"ေအးပါ ေအးပါ နင္အခုသြားမွာမလား ... သြားေတာ့ေလ .... ေတာ္ၾကာ ဆရာမလာေတာ့မယ္"
"အင္း ငါသြားၿပီ ... ဘိုင့္ဘိုင္"
နိုရာလြယ္အိတ္ေလးေကာက္လြယ္ၿပီး ကားမွတ္တိုင္သို႔ထြက္လာခဲ့သည္။ လြန္းလႊတ္ေပးလိုက္သည့္ကားကို မွတ္တိုင္ေလးမွာထိုင္ေစာင့္ေနသည္။
*ဟီးဟီး ကိုကိုလြန္းနဲ႕ေတြ႕ရေတာ့မယ္*
မွတ္တိုင္မွာထိုင္ေနရင္း အေတြးေတြနဲ႕သာနိုရာေပ်ာ္ေနမိသည္။ သိပ္မၾကာခင္မွာပဲ ကားေလးတစ္စီးေရာက္လာသည္။ ကားေပၚမွ လူတစ္ေယာက္ဆင္းလာၿပီး ကားတံခါးလာဖြင့္ေပးသည္။ နိုရာကားေပၚတက္လိုက္ၿပီး လြန္းဆီသို႔လာခဲ့လိုက္သည္။ နိုရာ ကုမၸဏီထဲသို႔ဝင္လိုက္သည္ႏွင့္အကုန္လုံးကႏႈတ္ဆက္ၾကသည္။ နိုရာအေပၚဆုံးထပ္သို႔တက္လာခဲ့သည္။
"မဂၤလာပါနိုရာ ... CEOေစာင့္ေနပါတယ္"
အခန္းနားေရာက္တာနဲ႕ လြန္း၏အတြင္းေရးမႉးကနိုရာ့ကိုၿပဳံးၿပီးႏႈတ္ဆက္သည္။ နိုရာအခန္းတံခါးကိုေခါက္လိုက္သည္။
"ဝင္ခဲ့"
လြန္းဆီမွခြင့္ျပဳခ်က္ရသည္ႏွင့္ နိုရာအခန္းတံခါးဖြင့္ၿပီးဝင္လာသည္။
"ကိုကိုလြန္း ကြၽန္ေတာ္ေရာက္ၿပီ"
"အင္း ထိုင္ဦးေနာ္ ... ကိုယ္ဒါေလးလက္စသတ္လိုက္ဦးမယ္"
နိုရာဆိုဖာေပၚတြင္ၿငိမ္ၿငိမ္ေလးထိုင္ၿပီး လြန္းအလုပ္လုပ္ေနသည့္ပုံစံကိုေငးၾကည့္ေနမိသည္။
*ကိုကိုလြန္းကအရမ္းေခ်ာတာပဲ*
အေတြးေတြကနယ္ခ်ဲ့လာသည္ႏွင့္အမွ် အသံထြက္ၿပီးရယ္လိုက္မိသည္။
"ဟီးဟီး"
"ဘာေတြသေဘာက်ေနတာလဲ နိုရာ"
"ကိုကိုလြန္းအလုပ္လုပ္ေနတာကိုသေဘာက်လိဳ႕"
"ဟုတ္လို႔လား ... ကိုယ့္ကိုသေဘာက်တာမဟုတ္ဘူးလား"
နိုရာျပန္မေျဖဘဲ ေခါင္းငုံ႕သြားသည္။ အဘယ္ေၾကာင့္ေခါင္းငုံ႕သနည္း။ လြန္းကစိုက္ၾကည့္လာသည္။ ထိုအၾကည့္ေတြကိုနိုရာမခံနိုင္ပါ။
*ကိုကိုလြန္းရဲ႕အၾကည့္ေတြကအရမ္းစူးရွတယ္*
"ေျဖပါဦးနိုရာ ... ကိုယ့္ကိုသေဘာက်တာမဟုတ္ဘူးလားလို႔"
"ဟင့္အင္း မေျဖခ်င္ဘူး ... ကြၽန္ေတာ္ဗိုက္ဆာတယ္"
"အင္းေလ မေျဖခ်င္လည္းရပါတယ္ ... ေနာက္မွေျဖေပါ့ လာ ေန႕လယ္စာသြားစားၾကမယ္"
လြန္း နိုရာ၏လက္ကိုတြဲၿပီးကုမၸဏီထဲမွထြက္လာလိုက္သည္။
"နိုရာ ဒီတစ္ပတ္မိဘအိမ္မသြားရေသးဘူးမလား"
"ဟုတ္ မသြားရေသးဘူး"
"မနက္ျဖန္ကိုယ္လိုက္ပို႔ေပးမယ္ ... သြားမလား"
"အင္း သြားမယ္ ... ကြၽန္ေတာ္ကကိုကိုလြန္းမအားမွာစိုးလို႔မေျပာတာ"
"ေခြးေပါက္ေလး ေနာက္ဆိုေျပာ ... အားတယ္မအားဘူးေျပာဖို႔ကကိုကို႔အပိုင္း ... လုပ္ခ်င္တာကိုေျပာဖို႔ကေခြးေပါက္ေလးရဲ႕တာဝန္ဟုတ္ၿပီလား"
"ဟုတ္"
နိုရာ ၿပဳံးေပ်ာ္ေနမိပါသည္။ ေန႕တိုင္းသာဒီလိုဆိုသိပ္ေကာင္းမွာပဲ ကိုကိုလြန္းသာကြၽန္ေတာ့္ကိုခ်စ္ရင္သိပ္ေကာင္းမွာပဲလို႔လည္း နိုရာေတြးေနမိသည္။
အရမ္းခ်စ္တယ္ကိုကိုလြန္း ...
To Be Continued ...
ဒီအပိုင္းေလးကိုလည္းႀကိဳက္ႏွစ္သက္ၾကမယ္လို႔ဝင့္လႊာေမွ်ာ္လင့္မိပါတယ္။ Saranghae💛 လြန္းနဲ႕နိုရာ့ကိုလည္းခ်စ္ေပးၾကေနာ္💛 လြန္းကဘာေၾကာင့္ေျပာင္းလဲသြားလဲ မသိခ်င္ၾကဘူးလား😚