ကိုယ့်ရဲ့ VIP [completed]
By Smileapple333
1.6M 75.7K 1.2K
[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှ... More
စာရေးသူ အမှာစာ ( U+Z)
Character Intro ( Unicode)
Character intro ( Zawgyi )
Chapter 1( Unicode)
Chapter 1 ( Zawgyi)
Chapter 2 ( Unicode)
Chapter 2 ( Zawgyi )
Chapter 3 (Unicode)
Chapter 3 ( Zawgyi)
Chapter 4 ( Unicode )
Chapter 4 ( Zawgyi)
Chapter 5 ( Unicode )
Chapter 5 ( Zawgyi)
Chapter 6 ( Unicode )
Chapter 6 ( Zawgyi)
Chapter 7 ( Unicode )
Chapter 7 ( Zawgyi)
Chapter 8 ( Unicode )
Chapter 8 ( Zawgyi)
Chapter 9 ( Unicode )
Chapter 10 ( Unicode )
Chapter 10 ( Zawgyi)
Chapter 11 ( Unicode )
Chapter 11 ( Zawgyi)
Chapter 12( Unicode )
Chapter 12 ( Zawgyi)
Chapter 13 ( Unicode )
Chapter 13 ( Zawgyi)
Chapter 14 ( Unicode )
Chapter 14 ( Zawgyi)
Chapter 15 ( Unicode )
Chapter 15 ( Zawgyi)
Chapter 16 ( Unicode)
Chapter 16 ( Zawgyi)
Chapter 17 ( Unicode)
Chapter 17 ( Zawgyi)
Chapter 18 ( Unicode)
Chapter 18 ( Zawgyi)
Chapter 19 ( Unicode)
Chapter 19 ( Zawgyi )
Chapter 20 ( Unicode)
Chapter 20 ( Zawgyi)
Chapter 21 ( Unicode)
Chapter 21 (Zawgyi)
Chapter 22 ( Unicode)
Chapter 22 (Zawgyi)
Chapter 23 ( Unicode)
Chapter 23 (Zawgyi)
Chapter 24 ( Unicode)
Chapter 24 ( Zawgyi)
Chapter 25 ( Unicode)
Chapter 25 ( Zawgyi)
Chapter 26 ( Unicode)
Chapter 26 ( Zawgyi)
Chapter 27 ( Unicode)
Chapter 27 ( Zawgyi)
Chapter 28 ( Unicode)
Chapter 28 ( Zawgyi )
Chapter 29 ( Unicode)
Chapter 29 ( Zawgyi)
Chapter 30 ( Unicode)
Chapter 30 (Zawgyi)
Chapter 31 ( Unicode)
Chapter 31 ( Zawgyi)
Chapter 32 ( Unicode)
Chapter 32 (Zawgyi)
Chapter 33 ( Unicode)
Chapter 33 ( Zawgyi)
Chapter 34 ( Final)( Unicode)
Chapter 34 (Final )( Zawgyi)
ကျေးဇူးစကား (U+Z)
Extra 1 ( Unicode )
Extra 1 (Zawgyi)
Extra 2(End) ( Unicode )
Extra 2 (End) (Zawgyi)
Chapter 9 ( Zawgyi)
17.3K 802 3
By Smileapple333
Night Out ထွက်ကြမှာမို့ ည ၆ နာရီလောက်မှာ ကိုကိုက ခေတ်ကို ဆိုင်မှာ လာခေါ်သည်။ ခေတ် ညစာမစားရသေးလို့ ဗိုက်အရင် ဖြည့်ရအောင် ဟော့ပေါ့ဆိုင်ကို ဝင်လာကြသည်။ ကိုကိုက ဟော့ပေါ့အကင် အိုးပေါ်မှာ ပုစွန်၊ ကင်းမွန်၊ ဝက်သားပြား စတဲ့ အကင်တွေကို ကျက်သွားအောင် တူသုံးပြီး မှောက်လိုက်လှန်လိုက် လုပ်ပေးသည်။
"ကိုကို နောက်ဆိုရင် ကုမ္ပဏီအလုပ်တွေ စလုပ်ရတော့မှာ၊ ခေတ်နဲ့ အမြဲတွေ့နိုင်မှာ မဟုတ်ဘူး၊ လိမ်လိမ်မာမာနေနော်၊ ကိုကိုစိတ်ပူရအောင် မလုပ်နဲ့"
"အဲ့ဒါဆို ခေတ်ဆီ မလာတော့ဘူးလား၊ ကိုကို့ကို လွမ်းလာရင် ဘယ်လိုလုပ်ရမလဲ"
ခေတ်လေးက မျက်နှာမသာမယာနဲ့ စူပုတ်နေပြီ။ Joy လည်း အသည်းတယားနဲ့ ပါးပြင်လေးကို ဖျစ်ညှစ်ပစ်လိုက်သည်။
"ကိုကို အချိန်ရတာနဲ့ ခေတ်ဆီ ပြေးလာမယ်၊ ကိုကို အလုပ်လုပ်တာ ခေတ်လည်း ကြိုက်တယ်မလား"
"ခေတ် ရေခဲမုန့်စားချင်ရင်ရော ချက်ချင်းလာပို့ပေးမှာလား"
"လာပို့ပေးမှာပေါ့၊ ကိုယ့်ခေတ်က ကိုကို့ VIP ပဲကို"
"တကယ်နော်၊ ကုမ္ပဏီမှာလည်း secretary ကောင်မလေး မခန့်ရဘူးနော်"
"ဘာလဲ..ခေတ်လေး မကြိုက်ဘူးလား"
"ဟင့်အင်း မကြိုက်ဘူး၊ ကိုကို မခန့်ရဘူး"
"ဟုတ်ပါပြီဗျာ၊ ဒီည ကိုကိုနဲ့ ကွန်ဒိုကို လိုက်ခဲ့ပါလား၊ နောက်ဆိုရင် ခေတ်လေးကို အမြဲတမ်း မတွေ့နိုင်တော့ဘူး"
မနေ့ညကလည်း ကိုကိုနဲ့အတူ အိပ်ပေးခဲ့တာကို ထပ်ပြီးတော့ လောဘတက်ပြန်ပြီ။ ခေတ် နားထင်ပေါ်ကို လက်ညှိုးထောက်ကာ စဉ်းစားလိုက်သည်။ ပြီးတော့မှ ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်သည်။
"ခေတ် တကယ်နော်၊ ကိုကိုနဲ့ လိုက်လာမှာ တကယ်နော်"
"ဒီတစ်ညပဲနော်၊ မနက်ကျရင် ဆိုင်ပြန်ပို့ပေး၊ စည်သူတို့က ခေတ်တို့ကို စောင့်ကြည့်နေကြတာ"
"ကြည့်ကြည့်ပေါ့၊ အဲ့လိုကြည့်လေ ခေတ်ကို အပိုင်သိမ်းချင်လေပဲ၊ ခေတ် ဆုံးဖြတ်ချက်ကို ပြန်ပြင်လို့ မရဘူးလား၊ ကိုကိုနဲ့ လက်မှတ်ထိုးထားရအောင်လေ၊ ခေတ်လေးနဲ့ အတူနေချင်ပြီ"
"အဲ့ဒါတွေ မစဉ်းစားချင်သေးဘူး၊ ချစ်သူဘဝနဲ့ နေချင်သေးတယ်လို့ ပြောထားပြီးပြီလေ၊ ရောင့်တက်မလာနဲ့နော် အဘိုးကြီး"
"ခေတ်လေးရာ ဘာတွေကြောက်နေတာလဲ၊ ကိုကို ဖြည်းဖြည်းချင်း သွားမှာလို့ ပြောထားတာပဲကို"
"ကိုကို"
"ဟုတ်ပါပြီဗျာ၊ စားလိုက်ဦး၊ ဒီမှာ ကျက်နေပြီ"
ခေတ်လေးကို လက်ထပ်ချင်ပေမယ့် ခေတ်လေးက ခေါင်းကို မညိတ်သေးတာ။ အဲ့တော့ Joy လည်း အလိုဆန္ဒမပြည့်သေးလို့ ကြက်ဖကြီး လည်လိမ်နေတဲ့ရုပ်နဲ့ ဟော့ပေါ့အိုးပေါ်မှာ မီးကင်ထားတဲ့ ပုစွန်နှင့် ကင်းမွန်ကို တူနဲ့ညှပ်ပြီး ပန်းကန်လုံးထဲထည့်ပေး လိုက်သည်။
"ခေတ် အိမ်သာသွားလိုက်ဦးမယ် ကိုကို"
"ကိုကို လိုက်ခဲ့ပေးရမလား"
"အာ ..ရပါတယ် ခေတ်မကြာဘူး .. ခဏပဲ"
ဟော့ပေါ့ဆိုင်ရဲ့ ကျားအိမ်သာထဲကို ခေတ် ဝင်လာလိုက်သည်။ အပေါ့ပဲ သွားချင်တာမို့ ဘိုထိုင်ခန်းထဲကိုမဝင်ဘဲ အပြင်ဘက် ကြွေခွက်မှာပဲ ကိစ္စရှင်းလိုက်သည်။ ကိစ္စပြီးသွားတာနဲ့ ဘောင်းဘီဇစ်ကို ပြန်ဆွဲတင်နေတုန်းမှာ ကြားဖူးနားဝရှိသော အသံကို ကြား လိုက်ရလို့ ခေါင်းကိုလည်ပြီး လှည့်ကြည့်လိုက်သည်။
"ဘေဘီ့ကို ရှာနေတာ၊ တွေ့မယ့်တွေ့တော့ ..ဟား ဟား"
ခေတ် အသံကြားရာကို မော့ကြည့်လိုက်တဲ့အခါ အသားတွေ တဆတ်ဆတ် တုန်တက်သွားအောင် လန့်သွားရသည်။ ခေတ် လန့်သွားရခြင်းက ကိုယ့်အပေါ် မရိုးသားတဲ့လူနဲ့မှ အိမ်သာလို နေရာမျိုးမှာ ပြန်တွေ့ရလို့။
"ခင်..ခင်ဗျားက...ကို..ကိုရီးယားမှာတုန်းက တစ်ယောက်မဟုတ်လား "
ခေတ် ဘောင်းဘီဇစ်ကို အမြန်ဆွဲတင်လိုက်သည်။ ရှက်လွန်းလို့ အသံတွေပင် တုန်နေသည်။
"ဘေဘီ ဉာဏ်ကောင်းလွန်းတယ်ကွာ၊ ကိုယ်က ဂျွန်၊ မင်းကိုကိုနဲ့ ပြိုင်ဘက်တွေပေါ့"
ဂျွန်ဆိုတဲ့လူက လျှာသပ်လိုက်ရင်း ရမ္မက်ခိုးဝေနေတဲ့ မျက်လုံးတွေနဲ့ ခေတ်ရဲ့အောက်ပိုင်းကို စူးစိုက်ကြည့်လာသည်။
"မိုက်တယ်ကွာ၊ တစ်ကိုယ်လုံး ချစ်ဖို့ကောင်းတယ်"
ခေတ်မှာ ဒူးတွေပင် ညွှတ်ခွေကျချင်လောက်အောင် အင်အားချိနဲ့သလို ဖြစ်သွားပြီး စစ်ကူများ ရှိမလားလို့ အိမ်သာထဲကို ဝေ့ဝဲကြည့်လိုက်တော့ လူတစ်ယောက်မှ မရှိ။
"ခင်ဗျား..ဘာတွေလာပြောနေတာလဲ၊ မဟုတ်တာ လာမပြောနဲ့"
ခေတ် အိမ်သာထဲက ပြန်ထွက်မယ်လုပ်တော့ ထိုလူက လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်သည်။
"ကိုယ် အမှန်တွေပြောနေတာ ဘေဘီ၊ ကိုယ်မြင်လိုက်တယ်နော်"
"ခင် ခင်ဗျား လွှတ်ဗျာ .. ကျွန်တော့်လက်ကို လွှတ်"
"Joy က ဆိုင်ထဲမှာနော်၊ ဒီကိစ္စကို ပြောပြလိုက်ရမလား၊ ဒါမှမဟုတ် ကိုယ်နဲ့အတူ အိမ်သာတစ်ခန်းထဲ အတူဝင်မလား"
"ခင်ဗျား လူယုတ်မာပဲ၊ အိမ်သာထဲမှာ ရှူးပေါက်တာ ဘာဆန်းလို့လဲ၊ ခင်ဗျားဘာသာ ပြောချင်ပြော၊ မပြောချင်နေ၊ ဂရုမစိုက်ဘူး၊ ခင်ဗျားလည်း ဒါပဲ၊ ကျွန်တော်လည်း ဒါပဲ"
ထိုလူရဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ထားတဲ့ လက်တွေကနေ ခေတ် ရုန်းထွက်လိုက်သည်။ ခြေတစ်လှမ်းပဲ လျှောက်ရသေးသည်။ ထိုလူက လက်ကို ပြန်ဆောင့်ဆွဲလိုက်လို့ ခေတ်ကိုယ်လေးက ထိုလူ့ရင်ခွင်ထဲကို အလဲလဲအပြိုပြို ကျသွားသည်။
"ကိုရီးယားမှာတုန်းက မင်းလိမ်ထားတဲ့ကိစ္စကို Joy ကို ပြောလိုက်ရမလား၊ မင်း ကိုယ့်ဘက်က ကူပြီး လိမ်ပေးခဲ့တာလေ၊ ကိုယ့်ဆီကို လာခဲ့ပါလား၊ လိုရာအားလုံး ပြည့်စေရမယ်၊ အကုန်ဖြည့်ဆည်းပေးမယ်၊ ကိုယ့်မှာ အပေါဆုံးက ပိုက်ဆံပဲ"
ထိုလူက ခေတ်ရုန်းလို့မရအောင် သူ့ဗလကြီးနဲ့ ချုပ် ထားတဲ့အပြင် ခေတ်ကို အတင်းနမ်းဖို့ ကြိုးစားလာသည်။ ခေါင်းကို ဘယ်ပြန်ညာပြန် ခါယမ်းပြီး ခေတ်လည်း ရှိတဲ့အင်အားနဲ့ ရုန်းကန်ပစ်နေလိုက်သည်။
"ကျွန်တော့် အသားကို မထိနဲ့... လူယုတ်မာကြီး"
ထိုလူရဲ့အနမ်းကို ခေတ် အားကုန်သုံးပြီး ရှောင်တိမ်းသည်။ ခေတ် ယောင်္ကျားတစ်ယောက် ဖြစ်နေပေမယ့် ခေတ်ရဲ့ခန္ဓာကိုယ် ပိန်ပိန်ပါးပါးကနေ ထွက်လာတဲ့အားက ထိုလူ့လက်ထဲကနေ မရုန်းထွက်နိုင်ဘဲ ဖြစ်နေသည်။
ခွပ် !
"ခွေးသူတောင်းစား၊ ခွေးကျင့်ခွေးကြံ ကြံတဲ့ကောင်"
ဒေါသသံနဲ့အတူ အနောက်က ပါလာတဲ့ ပြင်းထန်တဲ့ လက်သီးချက်ကြောင့် ခေတ်ကိုချုပ်ထားတဲ့ ထိုလူ့ရဲ့လက်က ပြေထွက်သွားသည်။ အထိုးခံလိုက်ရတဲ့အရှိန်နဲ့ ထိုလူက နံရံကို သွားဆောင့်သည်။ အချိန်မီရောက်လာပေးတဲ့ စစ်ကူကို ဝမ်းသာအားရ ကြည့်လိုက်တဲ့အခါ ကယ်တင်ရှင်က ကိုကိုပါပဲ။ ခေတ် ဒုက္ခရောက်တဲ့အချိန်တိုင်းမှာ ပေါ်လာတတ်တဲ့ ခေတ်ရဲ့ဟီးရိုး။
ခွပ် ! ခွပ် !
ကိုကို့ဒေါသတို့က မပြေသေး။ ထိုလူ့ကို လက်သီး ထပ်ကျွေးနေတာ။ ထိုလူက နှာခေါင်းထဲက သွေးစတွေပါ ကျလာပြီး ဒူးညွှတ်ကာ အိမ်သာနံရံကို ကျောမှီထားလိုက်သည်။
ဂျွန်သည် Joy ကိုကြည့်ကာ မျက်နှာကို လူယုတ်မာအပြုံး ပီပြင်အောင် မဲ့ပြုံးပစ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းက စို့တက်လာတဲ့ သွေးစတွေကို လက် ညှိုးနဲ့ တို့ထိလိုက်သည်။
"ဟား ဟား ..သုံးချက်အထိုးခံပြီး မင်းကောင်လေးရဲ့ ရတနာကို မြင်လိုက်ရတာ တန်တယ်ကွ၊ မင်းကောင်လေးက ရက်ရောတယ်နော် .. ဟား ဟား ဟား"
ထိုလူ့ စကားကြောင့် ခေတ်မှာ လိပ်ပြာလွင့်မတတ် လန့်ဖြန့်သွားရသည်။ ကိုကိုကလည်း ထိုလူ့စကားကြောင့် မျက်နှာကိုမည်းကာ ခေတ်ကို သေချာစူး စိုက်ကြည့်သည်။ ကိုကို့အကြည့်တို့က ခေတ်အပေါ်မှာ စူးစူးရဲရဲ ကျရောက်လာသည်။
"မဟုတ်ဘူး၊ မဟုတ်ဘူးကိုကို၊ အဲ့လူ ညာနေတာ၊ သူလျှောက်ပြောနေတာ၊ ခေတ်ကိုယုံပါ"
ခေတ် မျက်ရည်တွေကျလာပြီးတော့ ကိုကို့ရင်ခွင်ထဲကို ခေါင်းတိုးဝင်ပြီး ကိုကို့ခါးကို ဖက်ပစ်ထားလိုက်သည်။
"ခေတ် ..ခေတ်အပေါ့သွားတယ်၊ အဲ့ဒီလူက ဘေးကို ရောက်လာတယ်၊ ခေတ် သူ့ကို ဘာမှမပြဘူး၊ သူညာနေတာ၊ သူညာနေတာ"
ခေတ် ငိုလိုက်လို့ပဲလား။ ကိုကို့လက်တွေက ခေတ်ရဲ့ကျောပြင်ကို ပြန်ဖက်ပေးလာသည်။ တင်းတင်းကျပ်ကျပ်လေး။
"မငိုနဲ့တော့၊ ကိုကို့ကို သစ္စာမဖောက်ဘူးမဟုတ်လား"
ကိုကို့ကို ခေတ် ခေါင်းညိတ်ပြလိုက်သည်။ ကိုကိုလည်း ခေတ်ရဲ့ လက်ကို ဆွဲပြီးတော့ အိမ်သာထဲက ပြန်ထွက်ဖို့ ခြေလှမ်းရွယ်လိုက်သည်။
"Joy ရေ..မင်းမသိသေးတာတွေ ရှိတယ်နော်၊ မင်းကောင်လေးက ငါ့ဘက်ကပါကွာ၊ မင်းတော့ နောက်ကောက်ကျသွားပြီ၊ မင်းကောင်လေးရဲ့ အောက်ပြည်ရတနာက ချစ်စရာလေး၊ နှာမောင်းလေးက အရမ်းလှတယ်ကွ.. ဟား ဟား"
ခေတ် စိတ်တိုလိုက်တာ။ လူယုတ်မာအသံကြီးနဲ့ ထိုလူက အနောက်ကနေ အော်ဖြစ်အောင် ထပ်အော်လိုက်သေးသည်။ ကိုကိုက မျက်နှာကို နီရဲတက်လာပြီးတော့ ခေတ်ရဲ့လက်ကောက်ဝတ်ကို ဖြုတ်ချပစ်ကာ အရှေ့က ထွက်သွားသည်။ ခေတ်လည်း စိုးရွံ့မှုအပြည့်နဲ့ ကိုကို့အနောက်ကို ပြေးလိုက်သွားလိုက်သည်။
"ဟား ဟား ဟား ..Joy ငတုံးကောင်၊ ငါပြောသမျှ အကုန်ယုံတယ်၊ ငါကလေ ငါမပိုင်ရရင် အကုန်ဖျက် ဆီးပစ်မှာ၊ မင်းတို့လို RS များ နည်းနည်းသွေးထိုးလိုက်တာနဲ့ ပြိုလဲပြဲကွဲတော့မှာ"
"မင်းတို့နှစ်ယောက် ဘယ်တော့ကွဲမလဲ စောင့်ကြည့်နေမယ် Joy ရေ၊ ခေတ်လေးကို ကောင်းကောင်းလုလို့ရရင်ရ၊ မရရင် မင်းတို့ကို သွေးခွဲပစ်မယ်.. ဟားဟား ဟား"
ကိုကိုက မျက်နှာကို သုန်မှုန်နေပြီး စကားတစ်ခွန်းမှမပြော။ ကားကို စက်နှိုးသည်။ ခေတ်လည်း ကားအ ရှေ့ခန်းမှာ ဝင်ထိုင်လိုက်သည်။ အရင်ကလို ထိုင်ခုံခါးပတ်ကြိုးကို သိုင်းပတ်မပေးတော့ဘဲ ကားကို မောင်းသည်။ တစ်လမ်းလုံးလည်း စကားမပြောတာမို့ ကိုကို့ကို ခေတ် ငေးကြည့်ပြီး ကားပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ် ပါလာသည်။
စမ်းချောင်းက ကွန်ဒိုကိုရောက်တော့လည်း ခေတ်ကို စကားမပြောဘဲ lift ထဲကို အရင်ဝင်သွားသည်။ ကိုကို့အနောက်က ခေတ် လိုက်လာသည်။ Lift ထဲမှာလည်း နှစ်ယောက်သား စကားမပြောဖြစ်ဘဲ တိတ် ဆိတ်နေသည်။ စကားမပြောဘဲ ကျောက်ရုပ်လို မလှုပ်မယှက် ရပ်နေတဲ့ ကိုကို့အနားမှာ ခေတ်က ဘေးချင်းသွားယှဉ်ရပ်ပြီး ကိုကို့ခါးကို ဖက်ထားလိုက်သည်။ ကိုကိုက ခေတ်ကို လုံးဝပြန်မဖက်ဘဲ lift ရဲ့ တံခါးချပ်ကိုပဲ စိုက်ကြည့်နေသည်။
တိုက်ခန်းရောက်တော့ ကိုကိုက ဧည့်ခန်းက ဆိုဖာခုံပေါ်မှာ ထိုင်ချလိုက်သည်။ ကိုကို့အနားကို ခေတ်လျှောက်သွားပြီး ကိုကို့ပေါင်ပေါ်မှာ ထိုင်ချကာ ကိုကို့လည်တိုင်ကို လက်နှစ်ဖက်နဲ့ ဖက်တွယ်ထားလိုက်သည်။ ခေတ်ကို ပြန်ဖက်မလာပါ။ ကိုကို့ရင်ထဲမှာ ဘာဖြစ်နေပြန်ပြီလဲ။ ဟိုလူပြောတာကို နားယောင်နေတာလား။ ကိုကို့မျက်နှာ တင်းနေတဲ့အပြင် ခေတ်ကို ပြန်မဖက်တာမို့ ခေတ်လည်း ကိုကို့အရှေ့ကနေ မတ်တပ်ထရပ်လိုက်သည်။
"ခေတ်ကို စိတ်ဆိုးနေတာလား၊ ခေတ်ကို မယုံဘူးလား ကိုကို"
ခေတ်လည်း ကိုကို့မျက်လုံးကို ဆုံအောင်ကြည့်ပြီး စိတ်အလိုမကျတဲ့အသံနဲ့ ခပ်ဆတ်ဆတ် မေးလိုက်သည်။ ကိုကိုက ခေတ်ကို စူးစူးရဲရဲ ပြန်ကြည့်လာသည်။
"ငါ့ကို ဘာတွေဖုံးကွယ်ထားတာလဲ ခေတ်၊ ဟိုကောင် ပြောသွားတဲ့ စကားတွေက ဘာတွေလဲ၊ ငါမသိအောင် ဘာတွေလုပ်ထားလဲ"
ကိုကို့အသံက ဒေါသစိတ်နဲ့ ခက်ထန်လျက် ရှိသည်။ ခေတ် ဘယ်လိုရှင်းပြရမလဲ။ ကိုကို ဘာတွေကို သံသယဝင်နေပြန်ပြီလဲ။ ကိုကို့ကို အရမ်းချစ်ပေမယ့် ခေတ် အဲ့ဒါတွေ စိတ်ကုန်တာ။
"ခေတ်က ဘာလုပ်နေလို့လဲ"
"မင်းရိုးသားရင် ဟိုကောင်က ဒီလိုပြောပါ့မလား"
"အဲ့တော့ ကိုကိုက ခေတ်ပြောတာမယုံဘဲ ဟိုလူပြောတာကို ယုံနေတာလား"
"ငါမသိသေးတဲ့ကိစ္စက ဘာလဲပြော"
"ဘာမှ ဖုံးထားတာ မရှိဘူး၊ အဲ့လူ မဟုတ်တာပြောလိုက်တိုင်း ခင်ဗျားက ယုံတာပဲလား"
"အေး ..အဲ့ကောင် မဟုတ်တာ ပြောတယ်ပဲထားပါ၊ ဟိုခွေးကောင် စည်သူ၊ မင်း အဲ့ကောင်ဘက်က ငါမသိအောင် ဖုံးကွယ်ထားတာ ရှိတယ်၊ ငါမသိအောင် နောက်ကွယ်မှာ အဲ့ခွေးကောင်နဲ့"
ကိုကို့စကားက ဘာစကားလဲ။ စည်သူ့ကို သံသယဝင်ရင်တောင် ခေတ်ကို မထင်သင့်ဘူးလေ။ ခေတ်က ကိုကို့ကို ဘယ်လောက်တောင် ချစ်ရသလဲ။ ကိုကိုမတွေးတတ်ဘူးလား။ ကိုကို့စကားက ခေတ်ကို ဒေါသထွက်စေသည်။
"ခင်ဗျား တော်လိုက်တော့၊ ကျွန်တော့်ကို အရမ်းစော်ကားလွန်းနေပြီ၊ အဲ့လောက်တောင် သံသယဖြစ်နေရင် ခင်ဗျားကို ဘယ်လိုလုပ်ပြီး လက်တွဲရမှာလဲ၊ အဲ့လောက်ဖြစ်နေရင် ခင်ဗျားနဲ့ရှေ့ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ လမ်းခွဲဖို့ပဲ ရှိတယ်"
ခေတ်လည်း ဒေါသထွက်ထွက်နဲ့ ကိုကို့ကို အသံခပ်ဆတ်ဆတ် ပြန်အော်ပစ်လိုက်သည်။ ဟုတ်တယ်လေ။ အားအားရှိ သံသယစိတ်တွေက များနေတာကိုး။
"ဘာ ! မင်းက ငါနဲ့လမ်းခွဲမယ်ဟုတ်လား၊ ဘယ်အ ချိန်ကတည်းက နောက်တစ်ယောက် ပြောင်းချင်နေတာလဲ၊ ဘယ်အချိန်ကတည်းက spare part ထားထားတာလဲ၊ အဲ့ဒါကြောင့် ငါက လက်ထပ်မယ်ပြောတာကို ငြင်းနေတာလား ပြော"
ကိုကို့ကို ရှင်းပြချင်စိတ်လည်း မရှိဘူး။ စကားပြောချင်စိတ်လည်း ကုန်ခမ်းသွားတာမို့ ဆိုင်ကိုပဲပြန်ဖို့ ကိုကို့အရှေ့က လှည့်ထွက်ပြီး အခန်းတံခါးဆီသို့ ခေတ် ပြန်လျှောက်သွားလိုက်သည်။
"ခေတ် ..ငါ့ကို ချည်ပြီးရင် လွတ်မြောက်ခွင့်မရှိဘူး"
အခန်းတံခါးကို ဆွဲဖွင့်တော့မယ့်လက်က ရပ်တန့်သွားသည်။ ကိုကိုက ပြောလည်းပြော ခေတ်အနားကို ရောက်လာသည်။ ခေတ်ကို အကြမ်းပတမ်း ဆောင့်ဆွဲပစ်လိုက်သည်။ ခေတ်လည်း တစ်ပတ် လည်ပြီး ကိုကိုနှင့် မျက်နှာချင်းဆိုင် ပြန်ဖြစ်သွားသည်။
"ပြော .. ငါ့ကို ဘာတွေ ဖုံးထားလဲ"
"ဘာမှ မဖုံးဘူး"
"ငါ့ကိုမညာနဲ့ ခေတ်"
"ခေတ် ပြန်တော့မယ်၊ ဒီမှာလည်း မနေချင်တော့ဘူး"
"ဘာလို့ အဲ့လောက်ပြန်ချင်နေတာလဲ၊ ဟိုကောင့်ကို ငါမသိအောင် လက်ခံထားတာလား၊ မင်းတို့ ဘယ်အဆင့် ရောက်နေတာလဲ"
"ဘာ ..ခင်ဗျား ဘာပြောတယ်၊ ခင်ဗျား များနေပြီ၊ ဟုတ်တယ်ဗျာ၊ ခင်ဗျားနောက်ကွယ်မှာ စည်သူနဲ့ ကျွန်တော် ဖြစ်နေတာ"
"အဟက် .. မင်း သစ္စာဖောက်ကြောင်းကို ဝန်ခံတာလား ခေတ်"
"ဟုတ်တယ်ဗျာ၊ စည်သူတင် မဟုတ်ဘူး၊ ဂျွန်နဲ့ရောဗျာ၊ အခုလေးတင် အိမ်သာထဲမှာ ဖြစ်ခဲ့တာဗျာ၊ ခင်ဗျား ဘာလုပ်ချင်လဲပြော၊ သတ်မှာလားပြော .. အခု သတ်"
ခေတ်လည်း ကိုကို့ကို စိတ်တိုလို့ အကုန် ဘုကလန့်ပြောပစ်ပြီး အခန်းတံခါးကို ဆွဲဖွင့်ဖို့အလုပ်မှာ ကိုကိုက ခေတ်ကို ခပ်ကြမ်းကြမ်း ပြန်ဆောင့်ဆွဲပစ်လိုက်သည်။ တစ်ဆက်တည်းမှာ ဗလအားကိုးနဲ့ ခေတ်ကို အခန်းနံရံပေါ်မှာ ဖိကပ်ပစ်ထားလိုက်သည်။
"ပြော.. ဘယ်နှစ်ကြိမ်ရှိပြီလဲ ခေတ်၊ ငါ့နောက်ကွယ်မှာ အဲ့ကောင်တွေနဲ့ ဖောက်ပြန်နေတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ"
ကိုကို့မျက်နှာက တစ်ဖက်သတ်ဆန်သော ဒေါသတို့ကြောင့် နီရဲနေသည်။ ကိုကိုတင် မဟုတ်ဘူး။ ခေတ်လည်း ဒေါသထွက်နေသည်။
"ဟေ့ကောင် ဖြေလေကွာ"
"မသိဘူး၊ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ဘူး"
"ဘာ ! မင်း အဲ့ဒါနဲ့များ"
ခေတ်က နဂိုထဲက ဖေဖေတို့မနိုင်တဲ့ အရွဲ့သမားလေ။ ခေတ် စကားတွေကို အကုန်အရွဲ့တွေချည်းပဲ ပြောပစ်လိုက်သည်။ ကိုကို့ အကြည့်တို့က ခေတ်ရဲ့ခန္ဓာကိုယ်အပေါ်မှာ စုန်ချည်ဆန်ချည် ထက်အောက် ရွေ့လျားကာ လူကို မသတီသလို ကြည့်လာသည်။
"ကဲ ပြော.. ဘယ်လောက်ပေးရမလဲ၊ ဒီည မင်းကိုလိုချင်တယ်၊ ဈေးပြောလိုက်"
"ဘာ .. ခင်ဗျား ဘာပြောတယ်"
ဖြောင်း !
ခေတ် စိတ်နာနာနဲ့ ကိုကို့ပါးပြင်ကို လက်ဝါးစောင်းနဲ့ ရိုက်ချပစ်လိုက်သည်။ ကိုကို့ခေါင်းက ရိုက်ပစ်လိုက်တဲ့အရှိန်နဲ့ လည်ထွက်သွားသည်။ ကိုကိုက သူ့ကိုရိုက်လိုက်တဲ့ လက်တစ်ဖက်ကို ခပ်ကြမ်းကြမ်း ပြန် ဆုပ်ကိုင်ကာ ကိုဂျွန့်လို အပြုံးမျိုးနဲ့ ခေတ်တစ်ကိုယ်လုံးကို သိမ်းကျုံးဆွဲဖက်ပစ်ပြီး အနမ်းတွေ တရစပ် ကြမ်းတမ်းလာတော့သည်။
"အွန့် .. အွင့်"
ခေတ်ရဲ့နှုတ်ခမ်းလေးကို အလိုမတူဘဲ ဆွဲစုပ်နမ်းပစ်တဲ့အပြင် ကိုကို့လက်တွေက တစ်ခါမှမကိုင်ခဲ့ဖူးတဲ့ တင်ပါးလုံးကျစ်ကျစ်လေးကို ဆုပ်နယ်ဖိညှစ်ပစ်လာသည်။ မျက်နှာကို မဲ့ပြုံးပြီးတော့ ခေတ်ဝတ်ထားတဲ့ တီရှပ်ကို အတင်းအကျပ် ဆွဲချွတ်ပစ်သည်။
ခေတ် ရုန်းကန်နေပေမယ့်လည်း အားချင်းမယှဉ်နိုင်လို့ အင်္ကျီဗလာဖြစ်သွားတာကို အရသာခံပြီး ကြည့်လာကာ ခေတ်ရဲ့အလယ်ပိုင်းတိုင်းက အသားစိုင်ကို လက်ဖဝါးနဲ့ အုပ်ကိုင်ပစ်လာလို့ ခေတ် အတင်းရုန်း ကန်ပစ်ပြီး အော်ဟစ်ပစ်လိုက်သည်။
"ခင်ဗျား မယုတ်မာနဲ့"
"ဘာလဲ၊ တခြားသူနဲ့ကျ ဖြစ်ပြီး၊ ငါနဲ့ကျ မဖြစ်ချင်ဘူးလား၊ ငါ့ကို မကြိုက်ဘူးလား၊ ကြမ်းပေးမယ်လေ၊ ကြမ်းတာကြိုက်တယ် မဟုတ်လား"
"ခင်ဗျား လွှတ်.. လူယုတ်မာကြီး မုန်းတယ်"
ခေတ် ရှိတဲ့အင်အားနဲ့ ရုန်းနေပေမယ့် ကိုကို့လက်က မလွတ်မြောက်။ ကိုကိုက ခေတ်ကို ပုခုံးပေါ် ထမ်းတင်လိုက်တဲ့အခါ ခေတ်လည်း ရုန်းကန်ပြီး ပါသွားသည်။ ခေတ်ကို နှစ်ယောက်အိပ်ကုတင်ပေါ် ပစ်ချလိုက်သည်။ ခေတ် ပြန်ကုန်းထပြီး ကုတင်ပေါ်က ပြေးဆင်းတဲ့အခါ ကိုကိုက ခေတ်ကို ရုန်းမရအောင် ဖမ်းချုပ်ပြီး အဝတ်တွေ ဆွဲချွတ်ပစ်တာ Boxer တစ်ထည်ပဲ ခေတ်မှာ ကျန်ရစ်သည်။
"လူယုတ်မာကြီး.. ခင်ဗျား မယုတ်မာနဲ့"
"စည်သူနဲ့တုန်းက အခုလို အော်ခဲ့လို့လား"
"လူယုတ်မာကြီး .. မုန်းတယ် မုန်းတယ်"
ခေတ် အရမ်းအံ့ဩသည်။ ခေတ်ကို အရမ်းတန်ဖိုးထားလို့ မလွန်ကျူးဖူးတဲ့ ကိုကိုက ခေတ်ကို အခုလို ဘာလို့လုပ်တာလဲ။ ခေတ် နှလုံးသားတစ်ခုလုံး ကွဲကြွေမွနေပြီ။ ကိုကိုက ခေတ်ကို ခွချုပ်ပြီး အတင်းနမ်းသည်။
ရင်ဘတ်က ပွင့်လွှာလေးတွေကို လျှာဖျားနဲ့ တို့ထိပြီး အကြမ်းပတမ်း နမ်းစုပ်ပစ်သည်။ ခေတ် အော်ဟစ်ရုန်းကန်နေတဲ့ကြားက ကိုကို့လက်တွေက ခန္ဓာကိုယ်မှာ တစ်ခုတည်းသာ ကျန်တော့တဲ့ အတွင်းခံကို ဆွဲချွတ်ဖို့ လုပ်လာသည်။
"မလုပ်နဲ့၊ မလုပ်ပါနဲ၊ ကျွန်တော် တောင်းပန်ပါတယ်၊ကျွန်တော် ကြောက်တယ် အီး ဟီး"
ခေတ် မျက်ရည်တွေ စီးကျလာသည်။ ခေတ် ကြောက်လို့ပါ။ ကိုကို့ကို ကြောက်လို့ပါ။ ကိုကိုက ခေတ်ကို အရမ်းချစ်တယ်ဆိုပြီး ဘာလို့ ကြမ်းတမ်းရတာလဲ။ ဘာလို့ အမဲဖျက်ချင်နေရတာလဲ။ ခေတ် အရမ်း ဝမ်းနည်းသည်။ အံ့ဩတုန်လှုပ်သည်။ လက်နှစ်ဖက်နဲ့ Boxer ကို မကျွတ်အောင် ကျစ်ကျစ်ဆုပ်ထားပြီး ငိုပစ်လိုက်သည်။
"ကိုကို့ကို မုန်းတယ်၊ လူယုတ်မာကြီး"
"မင်း ကြိုက်ရဲ့သားနဲ့ ဘာလို့ မာယာခင်းနေတာလဲ၊ စည်သူနဲ့ ဖြစ်နေတာ မရေတွက်နိုင်ဆို"
"မလုပ်ပါနဲ့၊ ခေတ်ကြောက်တယ်၊ ကိုကို့ကို ကြောက်တယ်၊ ကြောက်တယ်"
"နာမှာကို ကြောက်တာလား ဟေ့ကောင်၊ ငါ့ရင်ထဲမှာ နာကျင်ရသလို မင်းလည်း နာကျင်ရမှ ကြေမှာပေါ့"
"ကြောက်တယ် ..အီးဟီး ခေတ် ကြောက်လို့ပါ"
ကိုကိုက ရမ္မက်ခိုးဝေနေတဲ့ မျက်လုံးတွေနဲ့ ခေတ်ကိုကြည့်ကာ နှင်းဆီပွင့်ဖက်တွေကို တစ်ဖက်ချင်းစီ ခြွေချတော့မယ့်လူလို ရက်စက်တဲ့ မျက်နှာနဲ့။
"ခေတ်.. ခေတ်ကြောက်တယ် မလုပ်ပါနဲ့၊ ခေတ် စိတ်တိုလို့ လျှောက်ပြောနေတာ"
ကိုကိုသည် ခေတ်ပြောနေတာကို နားမဝင်ဘဲ ခေတ်အရှေ့မှာပဲ သူဝတ်ထားတဲ့အင်္ကျီကို ဆွဲချွတ်သည်။ ခါးပတ်ကို ဖြုတ်ပြီး ဝတ်ထားတဲ့ ဘောင်းဘီကို ဆွဲချွတ်ပစ်သည်။ အဲ့ဒီအချိန်က ခေတ်ရဲ့ လွတ်မြောက်ရာပဲ။
ဘုန်း !
"အီးဟီး ကိုကို၊ ခေတ် ကြောက်တယ်၊ ကြောက်တယ်"
ခေတ် ကုတင်ပေါ်က ပြေးဆင်းပြီးတော့ အိပ်ခန်းအပြင်ကို ပြေးထွက်ဖို့ လုပ်တော့ ကိုကိုက ခေတ်ကို ဖမ်းချုပ်ပြီး ဒုတိယအကြိမ် ကုတင်ပေါ်ကို ဘုန်းခနဲ အသံမြည်အောင် ပစ်ပေါက်ချလိုက်သည်။ ခေတ် ကိုယ်လုံးလေးက ဒန်းလော့မွေ့ယာပေါ်မှာ ခုန်မြောက်တက်သွားပြီးမှ ပြန်ကျသည်။
"အီးဟီး.. ကြောက်တယ် ကြောက်တယ် "
ကိုကို့လက်တွေက ခေတ်ရဲ့အတွင်းခံကို ဆွဲချွတ်ပြန် သည်။ ခေတ် ဘောင်းဘီသားရေကြိုးပြားကို လက်က တင်းတင်းကိုင်ပြီး ရုန်းကန်နေရတာ တကယ်ကို အင်အား မရှိတော့ပြီ။
"စည်သူ့ကို ပြုစုသလို ငါ့ကို ပြုစုပေး၊ ဈေးကောင်းပေးမယ်၊ ရုန်းမနေနဲ့ ဟေ့ကောင် "
"ကြောက် ..ကြောက်တယ် ..ကြောက်တယ် အီးဟီး"
"ဟေ့ကောင် ခေတ်.. ရုန်းမနေနဲ့၊ ငါ့လက်က လွတ်မယ်များ ထင်နေသလား"
"အီးဟီး ကြောက်တယ်၊ ကိုကို့ကို ကြောက်တယ်"
ခေတ်ကို အရမ်းချစ်ပါတယ်ဆိုတဲ့ ကိုကိုက အခုလို စကားပြောတာ၊ အခုလို အပြုအမြူတွေ လုပ်တာကို ခေတ်အရမ်းတုန်လှုပ်သည်။ ခေတ်ရင်ထဲမှာ နာကျင်ရသည်။ ခေတ်အရမ်းဝမ်းနည်းသည်။ တစ်ကိုယ်လုံး အားမရှိတော့သလို အတွင်းခံကို တင်းတင်းဆုပ်ထားတဲ့လက်တွေက ဖြည်းဖြည်းချင်း ပြေလျော့ကျလာသည်။
ခေတ် မျက်ဝန်းအိမ်ထဲမှ မျက်ရည်စီးကြောင်းလေးတွေ လိမ့်ဆင်းစီးကျလာနေသည်။ ကိုကိုက ခေတ်ချစ်သူပဲ။ ကိုကို လိုချင်တောင့်တလွန်းနေရင် ခန္ဓာ ကိုယ်ကို ပေးနိုင်ပါသည်။ ဒါပေမယ့် အခုလို rape လုပ်တဲ့ ပုံစံမျိုးနဲ့တော့ မဟုတ်ဘူး။ ကိုကို့ကို ခေတ် အရမ်းကြောက်လို့ပါ။
ရုန်းကန်နေတဲ့ လက်တွေ ပြေလျော့ကျသွားတဲ့အခါမှာ ကိုကိုက အောင်နိုင်သူ လူယုတ်မာအပြုံးနဲ့ ခေတ်ကိုကြည့်ကာ တစ်ထည်တည်းကျန်တဲ့ Boxer ကို ဆွဲချွတ်ပစ်လိုက်သည်။ ခေတ်ရဲ့ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်တွေ ပြည့်လျှံတက်လာပြီး မျက်ရည်စီးကြောင်းလေး စီးကျသွားကာ နှလုံးသားတစ်ခုလုံး ကြေမွနေသလို နာကျင်သွားရခြင်းနဲ့အတူ အသိစိတ်တွေလည်း မြူမှုန်တွေလို လွင့်ပါး ပျောက်ကွယ်သွားရသည်။
ခေတ်ရဲ့ခေါင်းလေးက ညာဘက်ကို စောင်းကျသွားသည်။ လောကကြီးကနေ ခေတ် ဘယ်ကိုရောက်သွားမှန်း မသိတော့ပါ။ ခေတ် တစ်ကိုယ်လုံး ပေါ့ပါးနေသည်။ ဝါဂွမ်းလေးလို ပေါ့ပါးလှစွာ လေဟာနယ် ထဲမှာ လွင့်မျောနေပြီ။
Continue Reading
You'll Also Like
651K 41.9K 48
302K 20.4K 41
Each part is written with Unicode and Zawgyi fonts. Start date : 10. 9 .2020 End date : 26 . 10.2020
91K 3.9K 71
ကရင်ပြည်နယ် ဒေါနတောင်ခြေကရွာလေးတစ်ရွာကို လုပ်အားပေးရောက်ရှိလာတဲ့  ဆရာဝန်လေးရယ် ဒေသခံ ကရင်ကပြားလေး စော ရဲ့အချစ်ဇာတ်လမ်းလေးပါ ကျေးလက်ဒေသအငွေ့အသက်လေး...
10.6K 456 37
ချစ်ရပါသောမောင် ကျနော်မချစ်ခင်က မောင်သည် ကျနော်အားချစ်ခဲ့သည်။ မောင်က မချစ်ဘူးဆိုမှ ကျနော်မောင့်အား ချစ်ခဲ့သည်။ချစ်ခွင့်ရတာနဲ့တင်ကျေးဇူးတင်ပါတယ်" th...