ဒဏ္ဍာရီ ( COMPLETED)

By kayhsoo

810K 74.4K 1.4K

Zawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️ More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53 (The End)
စာအုပ်ထုတ်လေးထုတ်ဖြစ်ပါပြီနော်

Part-26

11.7K 1.3K 47
By kayhsoo

မိုင်းကိုကားဂိတ်အားလိုက်ပို့ပေးခဲ့ပြီး... မြို့ထဲကလက်ဖက်ရည်ဆိုင်တွင်လက်ဖက်ရည်ဝင်သောက်ရင်း TVကလာနေသည့်ဘောလုံးပွဲအားထိုင်ကြည့်နေလိုက်၏။

" ဦးစိုးရေ ကြားပြီပြီလား မြို့ဟောင်းဘက်ကကိစ္စ..."

" ဘာဖြစ်လို့လဲ ဖိုးသားရ...."

" ဘာဖြစ်ရမှာလဲဦးစိုးရာ... မနေ့ညက မြို့ဟောင်းဘက်မှာ ရယ်သံတွေငိုသံတွေကြားနေရတယ်တဲ့... "

" ဟေ... ထူးထူးဆန်းဆန်းပါလား.... အဲလိုမကြားရတော့တာတော်တော်ကြာနေပြီကို..."

" ဟုတ်တယ်ဦးစိုးရာ... မြို့ထဲကလူတွေပြောတာကတော့ အခုလာလည်တဲ့ကျောင်းသားတွေများအမှားတစ်ခုခုလုပ်လိုက်လားမသိဘူးတဲ့..."

" အေးကွယ်....ပြောလို့ရတာမဟုတ်ဘူး... ကလေးတွေကနားမလည်တော့ တစ်ခုခုလုပ်လိုက်မိသလားမှမသိတာ..... ဘုန်းဘုန်းရော ဒီကိစ္စသိပြီးပြီလား..."

" ဘုန်းဘုန်းက ပြည်ကို တရားဟောသွားတာလေ... မသိလောက်သေးဘူးထင်တာပဲ...."

" ကဲ့ပါကွာ... အရင်ကလည်းကြားနေရတာပဲ... ဘာမှအထွေအထူးမဖြစ်လောက်ပါဘူး... အရင်တိုင်း ချိုဆိမ့်ပဲလားဖိုးသား..."

" ဟုတ်ဦးစိုး... "

" ခဏစောင့် ငါကိုယ်တိုင်ဖျော်ပေးမယ်... မင်းအဖေက ငါ့လက်ရာမှကြိုက်တာကွ...."

ဆိုင်ပိုင်ရှင်ဦးလေးကြီးနှင့် ဖိုးသားဆိုသူရဲ့ပြောနေသည့် စကားများကြောင့်  ခေတ် တွေဝေသွားရသည်။ မနေ့ကဖြစ်ခဲ့သည့်  ခိုတွေနှင့်ငှက်ဆိုးများအားမြင်ယောင်မိတော့... ဒီမြို့ကလူတွေပြောသလိုပဲ ကျွန်တော်တို့တခုခုမှားခဲ့လေသလား???

မိုင်းကရော.... ချက်ချင်းကြီးထပြန်သွားရတာ ဒီကိစ္စတွေနဲ့ပက်သက်နေတာလား???

ခေတ်အတွေးများကာ Hotel သို့လမ်းလျှောက်လာခဲ့လိုက်သည်။

"ဘယ်လိုလဲ ခေတ်ရ... မင်းကောင်လေးမရှိတာနဲ့ပျင်းနေပြီလား..."

Hotel ထဲဝင်ဝင်ချင်း ခနိုးခနဲ့ဆီးကြိုနှုတ်ဆက်လိုက်သည့် ငြှိုးကြောင့်... တစ်ချက်မဲ့လိုက်ကာ ဘာမှတုံ့ပြန်ပြောမနေတော့ဘဲ Hotel အတွင်းသို့လှမ်းဝင်လာခဲ့လိုက်သည်။

" ဘာလဲငါပြောတာ မှန်သွားလို့လားခေတ်... မင်းကိုယ်မင်း ပြန်သုံးသပ်ကြည့်ဦးနော်... မင်း မိုင်းအပေါ်မှာရိုးသားရဲ့လားလို့..."

Hotel ထဲလှမ်းဝင်တော့မည့်ဆဲဆဲခြေလှမ်းက ရုတ်တရက်ရပ်တန့်သွားကာ....တစ်ချက်ရယ်လိုက်မိသည်။

" အဟက်... မင်းကငါဘာဖြစ်နေတယ်ဆိုတာ ငါ့ထက်တောင်သိလို့ပါလား.... ငါတောင် အခုထိ ငါ့ကိုယ်ငါ ဘာဖြစ်နေမှန်းမသိသေးဘူး...."

ကျွန်တော်ပြောစကားကြောင့် လက်ခနဲဖြစ်သွားသည့် ငြှိုးရဲ့မျက်လုံးတွေက အဖြေအားရှာတွေ့သွားဟန်။

" တွေ့လားခေတ်...မင်းမိုင်းအပေါ်မှာလုံးဝကျရှုံးနေပြီ.... တကယ်ဆို ယောကျင်္ားတစ်ယောက်နဲဲ့သမုတ်ခံရတာ မင်းဒေါသထွက်သင့်တာပေါ့... ဒါပေမယ့် မင်းအခုစိတ်မဆိုးတဲ့အပြင် ..."

ဆက်မပြောတော့ဘဲ... ခေတ်ကိုသာ ပခုံးတွန့်ပြမိသည်။ ဒီကောင် တစ်ကယ်ကြီး မိုင်းကိုကြွေနေတာပဲ..။ ကျေနပ်ခြင်းတို့က ငြှိုးမျက်နှာထက် နေရာတကျဖြစ်တည်၏။

" ကျေးဇူးကွာ... တကယ်.. ဒီတခါတော့ မင်းကိုတကယ်ကျေးဇူးတင်တယ်ငြှိုးရာ... ငါတို့ကို အခုလိုစိတ်ဝင်တစားလိုက်ကြည့်နေမှန်းမသိခဲ့ဘူး.... အင်း...ဒါပေမယ့် ကိုယ်နဲ့မဆိုင်တာတွေ သိပ်ဝင်မပါပါနဲ့လား... ငါအတွက် နည်းနည်းစိတ် အနှောင်အယှက်ဖြစ်ရတယ်... ဘာလို့ဆို ငါ့ခံစားချက်ကို ငါပဲအဖြေရှာချင်တာမို့.... ခဏလောက် ဘေးထွက်နေပေးကွာ..."

ခပ်တည်တည်ဖြင့် စကားများအားအနိုင်ပိုင်းပြောခဲ့ကာ အခန်းဆီသို့တက်လာခဲ့လိုက်၏။

နောက်မှာ ကျန်ခဲ့သည့် ငြှိုးတစ်ယောက် အခုလောက်ဆို လက်သီးဆုပ်ပြီး အံကြိတ်နေမလား... ကိုယ့်ကျောပြင်ကိုပဲပြာကျမတတ်ကြည့်နေပြီလားမပြောတတ်... ဒါပေမယ့်သေချာတာကတော့ လုံးဝကျေနပ်မှာမဟုတ်ဘူးဆိုတာပါပဲ...။

@@@@@@@@@

ခေတ် အခန်းထဲရောက်ရောက်ချင်း စားပွဲပေါ်တင်ထားသည့် ရေဘူးအားအကုန်မော့လိုက်ရင်း ငြှိုးပြောသွားသည့် အကြောင်းအရာများအား အသည်းအသန်စဉ်းစားနေမိသည်။

*** ငါက သူများခန့်မှန်းရလွယ်လောက်အောင်ကို
သိသာနေတာလား..***

ခေတ် လေပူတစ်ချက်မသိမသာ မှုတ်ထုတ်ပစ်ကာ... အိပ်ယာပေါ်တွင်လှဲချလိုက်မိသည်။ နာရီကြည့်တော့ ၁၁ နာရီတောင်ထိုးတော့မည်။ အခုထိ မအိပ်ချင်သေးသည့် မျက်လုံးများကြောင့် ရိုက်ထားသည့်ဓာတ်ပုံများအားကြည့်ရန် ဖုန်းဖွင့်လိုက်မိသည်။

ဖုန်း screen သေးသေးလေးတွင်ပေါ်နေသည့် ပုံတော်တော်များများက မိုင်းရဲ့ပုံတွေချည်းမို့ ခေတ်မှာ မသက်မသာရယ်မိရသည်။

" ငါတကယ်ပဲ မင်းအပေါ်ကျရှုံးနေပြီလား မိုင်းရာ..."

ယောကျင်္ားတစ်ယောက်ပေါ် ကျရှုံးနေရခြင်းက ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ လက်မခံနိုင်တဲ့ ကိစ္စ ဆိုတာသိနေပေမယ့် အတန်တန်ကိုယ့်စိတ်ကို ကိုယ် လစ်လျှူရှုထားခဲ့ပေမယ့် Screen ပေါ်က ပြုံးနေသည့် မျက်နှာလေးကြောင့် ထိုအရာတွေကို ခဏတော့ မသိချင်ယောင်ဆောင်ထားချင်မိသည်။ အားရပါးရပြုံးနေသည့် မိုင်းမျက်နှာလေးအား လက်မဖြင့် ဖွဖွလေးပွတ်သပ်ကာ အရူးတစ်ယောက်လိုငေးနေမိ၏။

ပုံတွေကို ဆက်ကြည့်နေရင်း လက်ကအလိုလိုရပ်တန့်သွားရကာ ငေါက်ခနဲထထိုင်မိတဲ့အထိ။ ရှေးဟောင်းပစ္စည်းတွေထားတဲ့ နေရာတွင် ရိုက်ပေးထားသည့် ပုံတိုင်းမှာ ထူးဆန်းသည်က မိုင်းတစ်ယောင်တည်းမဟုတ်။ ပို၍ထူးဆန်းသည်က သွေးများပေရေကာ ဝမ်းနည်းသည့်မျက်လုံးများဖြင့် မိုင်းအားငေးကြည့်နေသည့် လူတစ်ယောက်။ ပုံတွေကို အလျှင်အမြန်ဆက်ကြည့်မိတော့... ပုံတိုင်းတွင် ထိုလူရဲ့အမူအယာတွေက မတူညီစွာကွဲပြားနေခဲ့၏။ ဝမ်းနည်းနေသည့်ပုံ ၊ နောင်တရသလိုကြည့်နေသည့် မျက်ဝန်းညိုညို ၊ နောက် ဒေါသထွက်နေသည့်ပုံစသည့် ပုံစံမျိုးစုံ ဖြစ်ပျက်နေသည့် ထိုလူကြောင့် ခေတ်ခေါင်းနပန်းကြီးသွားရခြင်းနှင့်အတူ စိတ်ထဲ မသိုးမသန့်ခံစားလိုက်ရ၏။

ထိတ်လန့်ကြောက်ရွံ့တဲ့ပုံစံဖြစ်နေတဲ့မိုင်းက ဒီကိစ္စကြောင့်ဆိုတာ သေချာသလောက်ရှိနေပြီ။ ပထမဆုံးခရီးသွားရလို့ပျော်နေသည့်မိုင်းက ဘယ်လိုနည်းနဲ့မှ ချက်ချင်းပြန်စရာအကြောင်းမရှိ။ ခေတ် ဘယ်လိုမှဆက်ထိုင်နေလို့မရတော့ ဘဲ အခန်းအပြင်သို့ထွက်လိုက်မိသည်။

Hotel အခန်းအပြင်ဘက်တွင် တိတ်ဆိတ်နေခြင်းက စိတ်ခြောက်ခြားဖွယ်အတိ။ Hotel အပြင်ဘက်ကြည့်လိုက်တော့ ဘယ်အချိန်ကတည်းကရွာနေမှန်းမသိသည့်မိုးက သည်းကြီးမဲကြီးပင် ရွာလို့နေခဲ့သည်။ ဆောင်းတွင်းကြီးမှာ မုန်တိုင်းကြေငြာချက်လဲမရှိပါဘဲ အခုလိုသည်းကြီးမဲကြီးရွာသွန်းနေသည့်မိုးကြောင့် တစ်စုံတစ်ခုကိုတွေးတောမိတော့ ကြက်သီးများပင်ထတဲ့အထိ။

တဆက်တည်း မိုင်းအား စိတ်ပူလာရသည်။ အခုထိ မိုင်းရဲ့ဖုန်းနံပါတ်ကို မသိသေးသည့် ကိုယ့်ကိုကိုယ် ပဲအပြစ်တင်မိသည်။ အရေးကြုံလာရင် ဘယ်ကိုလိုက်လို့လိုက်ရမှန်းပင်မသိ။

" ကားဂိတ်ကိုလိုက်ရင်တော့ အခြေအနေသိရလောက်တယ်...."

ခေတ် ထိုသို့တွေးမိလိုက်သည့်အတွက် Reception သို့ သွားကာ...

" ညီမလေး... မနေ့ကကားဂိတ်ကို ဖုန်းဆက်ပေးပါလား...."

" Sorry အကို... မိုးသည်းလို့ထင်တယ် ဖုန်းလိုင်းတွေပြတ်သွားတာ ၁၅ မိနစ်လောက်ရှိနေပြီ..."

" ဟင်...ဟုတ်လို့လား...."

Reception ကောင်မလေးအား မယုံသင်္ကာဖြင့် ခေတ် ဘောင်းဘီအိတ်ထဲမှ ဖုန်းအား နှိုက်ယူကြည့်လိုက်တော့ တစ်လိုင်းမှမမိသည့် ဖုန်းကြောင့်အံ့သြသွားရသည်။ ဖုန်းအား လေထဲကိုင်မြှောက်ကာ လိုင်းဖမ်းကြည့်ပေမယ့် အချည်းအနှီးသာ။  ထိုအပြင် Reception က ကောင်မလေးရဲ့ ကြောင်တောင်တောင်အကြည့်ကိုလဲခံလိုက်ရသေးသည်။ ဒါပေမယ့် ကိုယ့်အပူနဲ့ကိုယ်မို့ ရှက်ရကောင်းမှန်းလဲမသိတော့။

" ထီးခဏငှားပါလား...."

Hotel မှ ငှားလိုက်သည့် ထီးအားဆောင်းကာ မိုးရေထဲထွက်လာခဲ့လိုက်သည်။ ဒီအတိုင်းကြီးတော့ ထိုင်မနေနိုင်။ ကားဂိတ်ကို သွားမေးရန်အတွက် ညအချိန်မတော်ကြီး အကြောက်အလန့်မရှိ ထွက်လာခဲ့လိုက်၏။

ရုတ်တရက် ဆွဲဆွဲငင်ငင် အူလာသည့် ခွေးတွေကြောင့် ခေတ် ကျောရိုးတလျှောက် စိမ့်ခနဲဖြစ်သွားရသည်။ ထိုခွေးအူသံများကြောင့် ဆက်သွားရမလား ပြန်လှည့်ရမလား မသိဘဲ ထိုနေရာမှာပဲ ရပ်တန့်နေမိ၏။

" ဒါလောက်လေးကို ကြောက်နေစရာလားကွာ... တောက်...သူတို့ကသရဲ... ငါကလူ... သူတို့ထက်ငါကပိုမြတ်တယ်... ဘာမှကြောက်နေဖို့မလိုဘူး...."

ကြောက်ရွံ့နေသည့် ကိုယ့်ကိုကိုယ် အားမလိုအားမရဖြင့် ခပ်ကြိတ်ကြိတ်တက်ခေါက်မိ၏။

ဘာမှတွေးကြောက်မနေတော့ဘဲ ကားဂိတ်သို့အပြေးတပိုင်းဆက်သွားနေမိသည်။ လေနှင့်ရောနေသည့်မိုးကြောင်း ထီးက ခေတ်တစ်ကိုယ်လုံးကိုတော့ ကာကွယ်မပေးနိုင်ခဲ့။ ခေါင်းကလွဲရင် တကိုယ်လုံးစိုရွဲနေပေမယ့်  အခုချိန်မှာ ခေတ်သတိရနေမိတာက မိုင်းကိုပဲဖြစ်သည်။ မိုင်းအဆင်ပြေရဲ့လား မိုင်းကြောက်နေရှာမလားဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ် ဘာဖြစ်နေမှန်းမသိတော့။

ထိုစဉ် ငယ်သံပါအောင်ပင် ကိုယ့်နာမည်အား အော်ခေါ်သည့် အသံကြားလိုက်ရသည်။

" မိုင်း... မိုင်းလား...."

လက်ထဲမှ ထီးအားပစ်ချကာ ထိုအော်သံရှိရာသို့အားကုန်ပြေးသွားလိုက်မိသည်။

@@@@@@💀💀@@@@@@
မိုင်းပါးပြင်အား သွေးတစ်စက်စက်ကျနေသည့် လက်ဖြင့် ထိကိုင်ကာ နားဝင်ဆိုးလွန်းသည့် ရယ်သံကြီးဖြင့် ရယ်နေသည့်  ဓာတ်ပုံထဲကလူကြောင့် ခေတ် ထိုနေရာမှာတင် ကြက်သေသေနေမိသည်။

အရင်က ပရလောကကို ယုံသည်လည်းမဟုတ် မယုံသည်လဲမရှိခဲ့ပေမယ့် မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတော့ ကြောက်နေတာထက် အံ့အားသင့်နေမိသည်။

ခွေယိုင်လဲသွားသည့် မိုင်းကြောင့် ထိုနေရာသို အပြေးလေးသွားကာ မိုင်းအားရင်ခွင်ထဲ ဖက်ထားလိုက်မိသည်။

" မိုင်း.... မိုင်း သတိထားဦး....."

" ဟီးဟီးဟီး.... ဟားဟားဟား......"

ရှတတ အသံအက်အက်ဖြင့် ကျွန်တော်တို့နှစ်ယောက်အား ပတ်လည်ဝိုင်းကာ ပျော်ရွှင်မြူးတူးနေသည့် ထိုသရဲကောင်ကြောင့် အရင်ကမိုက်ကန်ကန်စိတ်က ခေါင်းပြူလာရသည်။

မိုင်းကိုယ်လေးအား မလွှတ်တမ်းဖက်တွယ်ထားရင်း....

" ခင်ဗျား ဘယ်သူလဲ.... ဘာလို့ဘာမှမသိတဲ့ကလေးကို လိုက်နှောက်ယှက်နေရတာလဲ...."

နဝင်ဆိုးလှသည့် ရယ်သံကြီးက ခေတ်အမေးကြောင့် ရပ်တန့်သွားကာ.. သွေးကြောများပင်ပေါက်ထွက်မတတ်ရဲရဲနီနေသည့် မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်လာလေသည်။ ထိုသရဲကောင် အသက်ရှူသံပြင်းပြင်းက လည်ချောင်းဝကထွက်လာသည့် အသံရှရှကြီးနှင့် တွဲဖက်ကာ ထွက်လာသည်မို့ တိတ်ဆိတ်နေသည့် ပတ်ဝန်ကျင်တွင်တော့ ကြောက်မက်ဖွယ်ကောင်းနေတော့၏။

" ငါကိုယ်တော် ဒီဘဝ... ဒီလိုအဖြစ်နဲ့ မကျွတ်မလွတ်အောင် အနွယ်ကကျိန်စာတိုက်ခဲ့တာ.... သိပ်အငြှိုးကြီးတဲ့မိန်းမ....ဟီးဟီးဟီးဟီး.... "

ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေသည့် ရင်ဘတ်အစုံက နိမ့်ချည်မြင့်ချည်နှင့် ဒေါသထွက်နေဟန်ဖြင့် ခေတ်ရင်ခွင်ထဲမှ မိုင်းအား ဝါးမြိုတော့မလိုကြည့်နေလေသည်။

" အခုတော့ အနွယ်က မင်းနဲ့ပျော်ပါးနေပြီး... ကျုပ်ကိုကျတော့ မကျွတ်မလွတ်ဘဝနဲ့နှစ်ရှည်လများ စောင့်နေစေခဲ့တာ..."

အနွယ်.... ခေတ် နှုတ်ခမ်းလှုပ်ရုံမျှရေရွတ်မိလိုက်သည်။ အနွယ်ဆိုတာ ကျွန်တော့အား နေ့စဉ်ရက်ဆက် အိပ်ကောင်းခြင်းမရှိအောင် နှိပ်စက်နေခဲ့တဲ့တစ်ယောက်လား....။ ခေတ်ယောင်ယမ်းကာ ရင်ခွင်ထဲမှ မိုင်းအား ငုံ့ကြည့်လိုက်မိသည်။

" ဟီး...ဟီး...ဟီး...ဟီး..."

သရဲကောင်က သွေးယိုနေသည့်သွားများပေါ်အောင်အထိ ခေါင်းလှန်ရယ်မောကာ...

" မင်းထင်နေတာအမှန်ပဲ မင်းသခင်.......  အခုမင်းရင်ခွင်ထဲက ယောကျင်္ားက တချိန်က ကျုပ်သိပ်ချစ်ခဲ့ရတဲ့ အနွယ်.... ပန်းအနွယ်တော်ပဲ......"

" စစ်ဦးသျှောင်...."

" ဟုတ်တယ်.... ကျုပ်ပဲ.... ကျုပ်စစ်ဦးသျှောင်ပဲ....မင်းတို့ကို ဒီရေဒီမြေကနေ တဖဝါးမှ မခွာဘဲ စောင့်နေခဲ့တဲ့ စစ်ဦးသျှောင်ပဲ...."

ခေတ်အံတချက်ကြိတ်လိုက်မိကာ ရင်ခွင်ထဲမှ မိုင်းအား အမြတ်တနိုးငုံ့ကြည့်မိသည်။ တစတစ အိပ်မက်ထဲကနေ ရင်းနှီးနေခဲ့သည့် အနွယ်က မိုင်းတဲ့လား။

ထို အိပ်မက်တွေစမက်တုန်းက အထူးအဆန်းဖြစ်နေခဲ့ပေမယ်.... ကိုယ်ဟာ လူဝင်စားဆိုတာတဖြေးဖြေးလက်ခံလာခဲ့မိသည်။ ထိုအပြင် မာမားအား ထိုအိက်မက်တွေဆက်တိုက်မက်တဲ့အကြောင်း မခံနိုင်တော့တဲ့အဆုံး ဖွင့်ပြောမိတော့ ....

" သားကိုယ်ဝန်မရခင်တုန်းက မား အိပ်မက်မက်တယ် သားရဲ့.... အိပ်မက်ထဲမှာလေ လူတစ်ယောက်က စစ်သည်ဝတ်စုံကြီးနဲ့ မားနောက်လိုက်ခဲ့ပါရစေဆိုပြီး လာပြောလို့ မားလဲ ဥပတိရုပ်ကောင်းလို့ ချက်ချင်းပဲလက်ခံလိုက်တယ်.. ဟော နောက်ရက်တွေကျတော့ ကိုယ်ဝန်ရှိတာပဲ... ကဲ ဘယ်လောက်ထူးဆန်းလဲ.....

ပြီးတော့ ပိုပြီးထူးဆန်းတာက သားပုခုံးမှာ ကြယ်ပုံသဏ္ဍာန် အမှတ်လေးတစ်ခုပါလာတယ်....."

ထိုသို့ မားရဲ့ပြောပြချက်တွေနဲ့ ကျွန်တော့အိပ်မက် ဆက်စပ်ကြည့်တော့ လူဝင်စားဆိုတာ လက်ခံခဲ့ရသည်။

" အနွယ်ကရော... ခင်ဗျားရဲ့လူမဆန်တဲ့အပြုအမူတွေနဲ့နှိပ်စက်ခဲ့လို့  သူ့ခမြာ အသက်ရှင်လျှက်နဲ့ငရဲကျသလို နေခဲ့ရတာ.... "

" မဟုတ်ဘူး..... ကျုပ်မလုပ်ခဲ့ဘူး...."

ခေတ်ရဲ့ စကားလုံးထိုးနှက်ချက်တွေအား ဦးသျှောင်အသည်းအသန်းငြင်းချက်ထုတ်တော့သည်။

" ဘာလို့ငြင်းနေရတာလဲ ဦးသျှောင်.... လုပ်ခဲ့တာတွေ အခုထိတောင် ဝန်မခံချင်ဘူးလား.... ငါနေ့တိုင်းလိုလို မက်ခဲ့တဲ့ အိပ်မက်ထဲမှာတောင် အနွယ်ဘယ်လောက် ခံစားရုန်ကန်ခဲ့ရသလဲ.... ဒီအိပ်မက်တွေ ဘာမှန်းမသိခင်ကတောင် အနွယ်ကိုကြည့်ရင်းနာကျင်နေခဲ့ရတဲ့ငါက ကံယကံရှင်ဆို ဘယ်လောက်တောင် သွေးပျက်ခဲ့ရှာမလဲ။ ငါအနွယ့်ကိုတွေ့တိုင်း ခန္ဓာကိုယ်မှာ ဒဏ်ရာဗလပွနဲ့လှုပ်တောင်မလှုပ်နိုင်တော့တဲ့ အခြေအနေတွေအထိ မင်းကအနွယ့် အပေါ် ရက်စက်ခဲ့တာ...."

" မဟုတ်ဘူး..... အဲဒါငါမဟုတ်ဘူး.... ငါဘာမှမလုပ်ခဲ့ဘူး..... အား...."

ဆိုးဆိုးဝါးဝါးငြင်းချက်ထုတ်ကာ ရင်ဘတ်တနေရာအား တဘုန်းဘုန်းနှင့် စည်တီးသလိုရိုက်နှက်နေခဲ့ပြီး ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားသည့် ဦးသျှောင်။ သူပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် သည်းကြီးမဲကြီးရွာနေတဲ့မိုးက ရုတ်ချည်းစဲသွားလေသည်။

တိတ်ဆိတ်သွားသည့် ပတ်ဝန်းကျင်အား ခေတ် တချက်ဝေ့ဝဲကြည့်လိုက်သည်။ ထိုနောက်ရင်ခွင်ထဲတွင်မေ့မြောနေသည့် မိုင်းအား ချီမကာ Hotel သို့အပြေးလေးလမ်းလျှောက်မိသည်။

မိုးရေများစိုရွှဲပြီး ပြာယာခတ်ကာဝင်လာသည့် ကျွန်တော်တို့နှစ်ယောက်ကြောင့် Hotel မှ ဝန်ထမ်းများ ပြာပြာသလဲဖြစ်ကုန်ကြ၏။

" ဆရာဝန်ကို ညတွင်းချင်းခေါ်ပေးပါ.... ဘယ်လောက်ပဲပေးရပေးရ...."

ခေတ် ရင်ခွင်ထဲမှ ကောင်လေးအား မလွှတ်တမ်းဖက်ထားကာ ဆရာဝန်ခေါ်ပေးရန်သာ တတွတ်တွတ်ပြောနေမိသည်။

**** မဖြစ်ဘူး မိုင်း တစ်ကြိမ်တော့ မင်းနဲ့ကြားလေသွေးတောင်ဝေးလို့မဖြစ်ဘူး....*******

@@@@@@@@@@

ညဘက်ကြီး သရဲအကြောင်းတွေရေးနေရင်း ခွေးအူသံတွေကြားလိုက်ရလို့ရေးနေရင်းနဲ့ ကြောက်နေမိတဲ့ ငါလေး☠️💀




မိုင္းကိုကားဂိတ္အားလိုက္ပို႔ေပးခဲ့ၿပီး... ၿမိဳ႕ထဲကလက္ဖက္ရည္ဆိုင္တြင္လက္ဖက္ရည္ဝင္ေသာက္ရင္း TVကလာေနသည့္ေဘာလံုးပြဲအားထိုင္ၾကည့္ေနလိုက္၏။

" ဦးစိုးေရ ၾကားၿပီၿပီလား ၿမိဳ႕ေဟာင္းဘက္ကကိစၥ..."

" ဘာျဖစ္လို႕လဲ ဖိုးသားရ...."

" ဘာျဖစ္ရမွာလဲဦးစိုးရာ... မေန႔ညက ၿမိဳ႕ေဟာင္းဘက္မွာ ရယ္သံေတြငိုသံေတြၾကားေနရတယ္တဲ့... "

" ေဟ... ထူးထူးဆန္းဆန္းပါလား.... အဲလိုမၾကားရေတာ့တာေတာ္ေတာ္ၾကာေနၿပီကို..."

" ဟုတ္တယ္ဦးစိုးရာ... ၿမိဳ႕ထဲကလူေတြေျပာတာကေတာ့ အခုလာလည္တဲ့ေက်ာင္းသားေတြမ်ားအမွားတစ္ခုခုလုပ္လိုက္လားမသိဘူးတဲ့..."

" ေအးကြယ္....ေျပာလို႔ရတာမဟုတ္ဘူး... ကေလးေတြကနားမလည္ေတာ့ တစ္ခုခုလုပ္လိုက္မိသလားမွမသိတာ..... ဘုန္းဘုန္းေရာ ဒီကိစၥသိၿပီးၿပီလား..."

" ဘုန္းဘုန္းက ျပည္ကို တရားေဟာသြားတာေလ... မသိေလာက္ေသးဘူးထင္တာပဲ...."

" ကဲ့ပါကြာ... အရင္ကလည္းၾကားေနရတာပဲ... ဘာမွအေထြအထူးမျဖစ္ေလာက္ပါဘူး... အရင္တိုင္း ခ်ိဳဆိမ့္ပဲလားဖိုးသား..."

" ဟုတ္ဦးစိုး... "

" ခဏေစာင့္ ငါကိုယ္တိုင္ေဖ်ာ္ေပးမယ္... မင္းအေဖက ငါ့လက္ရာမွႀကိဳက္တာကြ...."

ဆိုင္ပိုင္ရွင္ဦးေလးႀကီးႏွင့္ ဖိုးသားဆိုသူရဲ႕ေျပာေနသည့္ စကားမ်ားေၾကာင့္  ေခတ္ ေတြေဝသြားရသည္။ မေန႔ကျဖစ္ခဲ့သည့္  ခိုေတြႏွင့္ငွက္ဆိုးမ်ားအားျမင္ေယာင္မိေတာ့... ဒီၿမိဳ႕ကလူေတြေျပာသလိုပဲ ကၽြန္ေတာ္တို႔တခုခုမွားခဲ့ေလသလား???

မိုင္းကေရာ.... ခ်က္ခ်င္းႀကီးထျပန္သြားရတာ ဒီကိစၥေတြနဲ႕ပက္သက္ေနတာလား???

ေခတ္အေတြးမ်ားကာ Hotel သို႔လမ္းေလွ်ာက္လာခဲ့လိုက္သည္။

"ဘယ္လိုလဲ ေခတ္ရ... မင္းေကာင္ေလးမရွိတာနဲ႔ပ်င္းေနၿပီလား..."

Hotel ထဲဝင္ဝင္ခ်င္း ခႏိုးခနဲ႕ဆီးႀကိဳႏႈတ္ဆက္လိုက္သည့္ ၿငႇိဳးေၾကာင့္... တစ္ခ်က္မဲ့လိုက္ကာ ဘာမွတံု႕ျပန္ေျပာမေနေတာ့ဘဲ Hotel အတြင္းသို႕လွမ္းဝင္လာခဲ့လိုက္သည္။

" ဘာလဲငါေျပာတာ မွန္သြားလို႔လားေခတ္... မင္းကိုယ္မင္း ျပန္သံုးသပ္ၾကည့္ဦးေနာ္... မင္း မိုင္းအေပၚမွာ႐ိုးသားရဲ႕လားလို႔..."

Hotel ထဲလွမ္းဝင္ေတာ့မည့္ဆဲဆဲေျခလွမ္းက ႐ုတ္တရက္ရပ္တန္႕သြားကာ....တစ္ခ်က္ရယ္လိုက္မိသည္။

" အဟက္... မင္းကငါဘာျဖစ္ေနတယ္ဆိုတာ ငါ့ထက္ေတာင္သိလို႔ပါလား.... ငါေတာင္ အခုထိ ငါ့ကိုယ္ငါ ဘာျဖစ္ေနမွန္းမသိေသးဘူး...."

ကၽြန္ေတာ္ေျပာစကားေၾကာင့္ လက္ခနဲျဖစ္သြားသည့္ ၿငႇိဳးရဲ႕မ်က္လံုးေတြက အေျဖအားရွာေတြ႕သြားဟန္။

" ေတြ႕လားေခတ္...မင္းမိုင္းအေပၚမွာလံုးဝက်ရွံဳးေနၿပီ.... တကယ္ဆို ေယာက်ၤားတစ္ေယာက္နဲဲ႕သမုတ္ခံရတာ မင္းေဒါသထြက္သင့္တာေပါ့... ဒါေပမယ့္ မင္းအခုစိတ္မဆိုးတဲ့အျပင္ ..."

ဆက္မေျပာေတာ့ဘဲ... ေခတ္ကိုသာ ပခံုးတြန္႔ျပမိသည္။ ဒီေကာင္ တစ္ကယ္ႀကီး မိုင္းကိုေႂကြေနတာပဲ..။ ေက်နပ္ျခင္းတို႔က ၿငႇိဳးမ်က္ႏွာထက္ ေနရာတက်ျဖစ္တည္၏။

" ေက်းဇူးကြာ... တကယ္.. ဒီတခါေတာ့ မင္းကိုတကယ္ေက်းဇူးတင္တယ္ၿငႇိဳးရာ... ငါတို႕ကို အခုလိုစိတ္ဝင္တစားလိုက္ၾကည့္ေနမွန္းမသိခဲ့ဘူး.... အင္း...ဒါေပမယ့္ ကိုယ္နဲ႕မဆိုင္တာေတြ သိပ္ဝင္မပါပါနဲ႔လား... ငါအတြက္ နည္းနည္းစိတ္ အေႏွာင္အယွက္ျဖစ္ရတယ္... ဘာလို႕ဆို ငါ့ခံစားခ်က္ကို ငါပဲအေျဖရွာခ်င္တာမို႔.... ခဏေလာက္ ေဘးထြက္ေနေပးကြာ..."

ခပ္တည္တည္ျဖင့္ စကားမ်ားအားအႏိုင္ပိုင္းေျပာခဲ့ကာ အခန္းဆီသို႔တက္လာခဲ့လိုက္၏။

ေနာက္မွာ က်န္ခဲ့သည့္ ၿငႇိဳးတစ္ေယာက္ အခုေလာက္ဆို လက္သီးဆုပ္ၿပီး အံႀကိတ္ေနမလား... ကိုယ့္ေက်ာျပင္ကိုပဲျပာက်မတတ္ၾကည့္ေနၿပီလားမေျပာတတ္... ဒါေပမယ့္ေသခ်ာတာကေတာ့ လံုးဝေက်နပ္မွာမဟုတ္ဘူးဆိုတာပါပဲ...။

@@@@@@@@@

ေခတ္ အခန္းထဲေရာက္ေရာက္ခ်င္း စားပြဲေပၚတင္ထားသည့္ ေရဘူးအားအကုန္ေမာ့လိုက္ရင္း ၿငႇိဳးေျပာသြားသည့္ အေၾကာင္းအရာမ်ားအား အသည္းအသန္စဥ္းစားေနမိသည္။

*** ငါက သူမ်ားခန္႔မွန္းရလြယ္ေလာက္ေအာင္ကို
သိသာေနတာလား..***

ေခတ္ ေလပူတစ္ခ်က္မသိမသာ မႈတ္ထုတ္ပစ္ကာ... အိပ္ယာေပၚတြင္လွဲခ်လိုက္မိသည္။ နာရီၾကည့္ေတာ့ ၁၁ နာရီေတာင္ထိုးေတာ့မည္။ အခုထိ မအိပ္ခ်င္ေသးသည့္ မ်က္လံုးမ်ားေၾကာင့္ ႐ိုက္ထားသည့္ဓာတ္ပံုမ်ားအားၾကည့္ရန္ ဖုန္းဖြင့္လိုက္မိသည္။

ဖုန္း screen ေသးေသးေလးတြင္ေပၚေနသည့္ ပံုေတာ္ေတာ္မ်ားမ်ားက မိုင္းရဲ႕ပံုေတြခ်ည္းမို႔ ေခတ္မွာ မသက္မသာရယ္မိရသည္။

" ငါတကယ္ပဲ မင္းအေပၚက်ရွံဳးေနၿပီလား မိုင္းရာ..."

ေယာက်ၤားတစ္ေယာက္ေပၚ က်ရွံဳးေနရျခင္းက ပတ္ဝန္းက်င္အသိုင္းအဝိုင္းမွာ လက္မခံႏိုင္တဲ့ ကိစၥ ဆိုတာသိေနေပမယ့္ အတန္တန္ကိုယ့္စိတ္ကို ကိုယ္ လစ္လွ်ဴရွဳထားခဲ့ေပမယ့္ Screen ေပၚက ျပံဳးေနသည့္ မ်က္ႏွာေလးေၾကာင့္ ထိုအရာေတြကို ခဏေတာ့ မသိခ်င္ေယာင္ေဆာင္ထားခ်င္မိသည္။ အားရပါးရျပံဳးေနသည့္ မိုင္းမ်က္ႏွာေလးအား လက္မျဖင့္ ဖြဖြေလးပြတ္သပ္ကာ အ႐ူးတစ္ေယာက္လိုေငးေနမိ၏။

ပံုေတြကို ဆက္ၾကည့္ေနရင္း လက္ကအလိုလိုရပ္တန္႕သြားရကာ ေငါက္ခနဲထထိုင္မိတဲ့အထိ။ ေရွးေဟာင္းပစၥည္းေတြထားတဲ့ ေနရာတြင္ ႐ိုက္ေပးထားသည့္ ပံုတိုင္းမွာ ထူးဆန္းသည္က မိုင္းတစ္ေယာင္တည္းမဟုတ္။ ပို၍ထူးဆန္းသည္က ေသြးမ်ားေပေရကာ ဝမ္းနည္းသည့္မ်က္လံုးမ်ားျဖင့္ မိုင္းအားေငးျကည့္ေနသည့္ လူတစ္ေယာက္။ ပံုေတြကို အလွ်င္အျမန္ဆက္ၾကည့္မိေတာ့... ပံုတိုင္းတြင္ ထိုလူရဲ႕အမူအယာေတြက မတူညီစြာကြဲျပားေနခဲ့၏။ ဝမ္းနည္းေနသည့္ပံု ၊ ေနာင္တရသလိုၾကည့္ေနသည့္ မ်က္ဝန္းညိဳညိဳ ၊ ေနာက္ ေဒါသထြက္ေနသည့္ပံုစသည့္ ပံုစံမ်ိဳးစံု ျဖစ္ပ်က္ေနသည့္ ထိုလူေၾကာင့္ ေခတ္ေခါင္းနပန္းႀကီးသြားရျခင္းႏွင့္အတူ စိတ္ထဲ မသိုးမသန္႔ခံစားလိုက္ရ၏။

ထိတ္လန္႔ေၾကာက္ရြံ႕တဲ့ပံုစံျဖစ္ေနတဲ့မိုင္းက ဒီကိစၥေၾကာင့္ဆိုတာ ေသခ်ာသေလာက္ရွိေနၿပီ။ ပထမဆံုးခရီးသြားရလို႔ေပ်ာ္ေနသည့္မိုင္းက ဘယ္လိုနည္းနဲ႕မွ ခ်က္ခ်င္းျပန္စရာအေၾကာင္းမရွိ။ ေခတ္ ဘယ္လိုမွဆက္ထိုင္ေနလို႔မရေတာ့ ဘဲ အခန္းအျပင္သို႕ထြက္လိုက္မိသည္။

Hotel အခန္းအျပင္ဘက္တြင္ တိတ္ဆိတ္ေနျခင္းက စိတ္ေျခာက္ျခားဖြယ္အတိ။ Hotel အျပင္ဘက္ၾကည့္လိုက္ေတာ့ ဘယ္အခ်ိန္ကတည္းကရြာေနမွန္းမသိသည့္မိုးက သည္းႀကီးမဲႀကီးပင္ ရြာလို႔ေနခဲ့သည္။ ေဆာင္းတြင္းႀကီးမွာ မုန္တိုင္းေၾကျငာခ်က္လဲမရွိပါဘဲ အခုလိုသည္းႀကီးမဲႀကီးရြာသြန္းေနသည့္မိုးေၾကာင့္ တစ္စံုတစ္ခုကိုေတြးေတာမိေတာ့ ၾကက္သီးမ်ားပင္ထတဲ့အထိ။

တဆက္တည္း မိုင္းအား စိတ္ပူလာရသည္။ အခုထိ မိုင္းရဲ႕ဖုန္းနံပါတ္ကို မသိေသးသည့္ ကိုယ့္ကိုကိုယ္ ပဲအျပစ္တင္မိသည္။ အေရးၾကံဳလာရင္ ဘယ္ကိုလိုက္လို႔လိုက္ရမွန္းပင္မသိ။

" ကားဂိတ္ကိုလိုက္ရင္ေတာ့ အေျခအေနသိရေလာက္တယ္...."

ေခတ္ ထိုသို႔ေတြးမိလိုက္သည့္အတြက္ Reception သို႕ သြားကာ...

" ညီမေလး... မေန႔ကကားဂိတ္ကို ဖုန္းဆက္ေပးပါလား...."

" Sorry အကို... မိုးသည္းလို႔ထင္တယ္ ဖုန္းလိုင္းေတြျပတ္သြားတာ ၁၅ မိနစ္ေလာက္ရွိေနၿပီ..."

" ဟင္...ဟုတ္လို႔လား...."

Reception ေကာင္မေလးအား မယံုသကၤာျဖင့္ ေခတ္ ေဘာင္းဘီအိတ္ထဲမွ ဖုန္းအား ႏႈိက္ယူၾကည့္လိုက္ေတာ့ တစ္လိုင္းမွမမိသည့္ ဖုန္းေၾကာင့္အံ့ၾသသြားရသည္။ ဖုန္းအား ေလထဲကိုင္ေျမႇာက္ကာ လိုင္းဖမ္းၾကည့္ေပမယ့္ အခ်ည္းအႏွီးသာ။  ထိုအျပင္ Reception က ေကာင္မေလးရဲ႕ ေၾကာင္ေတာင္ေတာင္အၾကည့္ကိုလဲခံလိုက္ရေသးသည္။ ဒါေပမယ့္ ကိုယ့္အပူနဲ႕ကိုယ္မို႔ ရွက္ရေကာင္းမွန္းလဲမသိေတာ့။

" ထီးခဏငွားပါလား...."

Hotel မွ ငွားလိုက္သည့္ ထီးအားေဆာင္းကာ မိုးေရထဲထြက္လာခဲ့လိုက္သည္။ ဒီအတိုင္းႀကီးေတာ့ ထိုင္မေနႏိုင္။ ကားဂိတ္ကို သြားေမးရန္အတြက္ ညအခ်ိန္မေတာ္ႀကီး အေၾကာက္အလန္႔မရွိ ထြက္လာခဲ့လိုက္၏။

႐ုတ္တရက္ ဆြဲဆြဲငင္ငင္ အူလာသည့္ ေခြးေတြေၾကာင့္ ေခတ္ ေက်ာ႐ိုးတေလွ်ာက္ စိမ့္ခနဲျဖစ္သြားရသည္။ ထိုေခြးအူသံမ်ားေၾကာင့္ ဆက္သြားရမလား ျပန္လွည့္ရမလား မသိဘဲ ထိုေနရာမွာပဲ ရပ္တန္႔ေနမိ၏။

" ဒါေလာက္ေလးကို ေၾကာက္ေနစရာလားကြာ... ေတာက္...သူတို႔ကသရဲ... ငါကလူ... သူတို႕ထက္ငါကပိုျမတ္တယ္... ဘာမွေၾကာက္ေနဖို႔မလိုဘူး...."

ေၾကာက္ရြံ႕ေနသည့္ ကိုယ့္ကိုကိုယ္ အားမလိုအားမရျဖင့္ ခပ္ႀကိတ္ႀကိတ္တက္ေခါက္မိ၏။

ဘာမွေတြးေၾကာက္မေနေတာ့ဘဲ ကားဂိတ္သို႔အေျပးတပိုင္းဆက္သြားေနမိသည္။ ေလႏွင့္ေရာေနသည့္မိုးေၾကာင္း ထီးက ေခတ္တစ္ကိုယ္လံုးကိုေတာ့ ကာကြယ္မေပးႏိုင္ခဲ့။ ေခါင္းကလြဲရင္ တကိုယ္လံုးစိုရြဲေနေပမယ့္  အခုခ်ိန္မွာ ေခတ္သတိရေနမိတာက မိုင္းကိုပဲျဖစ္သည္။ မိုင္းအဆင္ေျပရဲ႕လား မိုင္းေၾကာက္ေနရွာမလားဆိုတဲ့ စိတ္နဲ႕ ကိုယ့္ကိုကိုယ္ ဘာျဖစ္ေနမွန္းမသိေတာ့။

ထိုစဥ္ ငယ္သံပါေအာင္ပင္ ကိုယ့္နာမည္အား ေအာ္ေခၚသည့္ အသံၾကားလိုက္ရသည္။

" မိုင္း... မိုင္းလား...."

လက္ထဲမွ ထီးအားပစ္ခ်ကာ ထိုေအာ္သံရွိရာသို႕အားကုန္ေျပးသြားလိုက္မိသည္။

@@@@@@💀💀@@@@@@
မိုင္းပါးျပင္အား ေသြးတစ္စက္စက္က်ေနသည့္ လက္ျဖင့္ ထိကိုင္ကာ နားဝင္ဆိုးလြန္းသည့္ ရယ္သံႀကီးျဖင့္ ရယ္ေနသည့္  ဓာတ္ပံုထဲကလူေၾကာင့္ ေခတ္ ထိုေနရာမွာတင္ ၾကက္ေသေသေနမိသည္။

အရင္က ပရေလာကကို ယံုသည္လည္းမဟုတ္ မယံုသည္လဲမရွိခဲ့ေပမယ့္ မ်က္ဝါးထင္ထင္ေတြ႕ျမင္လိုက္ရေတာ့ ေၾကာက္ေနတာထက္ အံ့အားသင့္ေနမိသည္။

ေခြယိုင္လဲသြားသည့္ မိုင္းေၾကာင့္ ထိုေနရာသို အေျပးေလးသြားကာ မိုင္းအားရင္ခြင္ထဲ ဖက္ထားလိုက္မိသည္။

" မိုင္း.... မိုင္း သတိထားဦး....."

" ဟီးဟီးဟီး.... ဟားဟားဟား......"

ရွတတ အသံအက္အက္ျဖင့္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္အား ပတ္လည္ဝိုင္းကာ ေပ်ာ္ရႊင္ျမဴးတူးေနသည့္ ထိုသရဲေကာင္ေၾကာင့္ အရင္ကမိုက္ကန္ကန္စိတ္က ေခါင္းျပဴလာရသည္။

မိုင္းကိုယ္ေလးအား မလႊတ္တမ္းဖက္တြယ္ထားရင္း....

" ခင္ဗ်ား ဘယ္သူလဲ.... ဘာလို႕ဘာမွမသိတဲ့ကေလးကို လိုက္ေႏွာက္ယွက္ေနရတာလဲ...."

နဝင္ဆိုးလွသည့္ ရယ္သံႀကီးက ေခတ္အေမးေၾကာင့္ ရပ္တန္႔သြားကာ.. ေသြးေၾကာမ်ားပင္ေပါက္ထြက္မတတ္ရဲရဲနီေနသည့္ မ်က္လံုးျပဴးျကီးျဖင့္ စိုက္ၾကည့္လာေလသည္။ ထိုသရဲေကာင္ အသက္ရွဴသံျပင္းျပင္းက လည္ေခ်ာင္းဝကထြက္လာသည့္ အသံရွရွႀကီးႏွင့္ တြဲဖက္ကာ ထြက္လာသည္မို႔ တိတ္ဆိတ္ေနသည့္ ပတ္ဝန္က်င္တြင္ေတာ့ ေၾကာက္မက္ဖြယ္ေကာင္းေနေတာ့၏။

" ငါကိုယ္ေတာ္ ဒီဘဝ... ဒီလိုအျဖစ္နဲ႕ မကၽြတ္မလြတ္ေအာင္ အႏြယ္ကက်ိန္စာတိုက္ခဲ့တာ.... သိပ္အၿငႇိဳးႀကီးတဲ့မိန္းမ....ဟီးဟီးဟီးဟီး.... "

ဖုတ္လိုက္ဖုတ္လိုက္ျဖစ္ေနသည့္ ရင္ဘတ္အစံုက နိမ့္ခ်ည္ျမင့္ခ်ည္ႏွင့္ ေဒါသထြက္ေနဟန္ျဖင့္ ေခတ္ရင္ခြင္ထဲမွ မိုင္းအား ဝါးၿမိဳေတာ့မလိုၾကည့္ေနေလသည္။

" အခုေတာ့ အႏြယ္က မင္းနဲ႕ေပ်ာ္ပါးေနၿပီး... က်ဳပ္ကိုက်ေတာ့ မကၽြတ္မလြတ္ဘဝနဲ႕ႏွစ္ရွည္လမ်ား ေစာင့္ေနေစခဲ့တာ..."

အႏြယ္.... ေခတ္ ႏႈတ္ခမ္းလႈပ္ရံုမွ်ေရရြတ္မိလိုက္သည္။ အႏြယ္ဆိုတာ ကၽြန္ေတာ့အား ေန႔စဥ္ရက္ဆက္ အိပ္ေကာင္းျခင္းမရွိေအာင္ ႏွိပ္စက္ေနခဲ့တဲ့တစ္ေယာက္လား....။ ေခတ္ေယာင္ယမ္းကာ ရင္ခြင္ထဲမွ မိုင္းအား ငံု႕ၾကည့္လိုက္မိသည္။

" ဟီး...ဟီး...ဟီး...ဟီး..."

သရဲေကာင္က ေသြးယိုေနသည့္သြားမ်ားေပၚေအာင္အထိ ေခါင္းလွန္ရယ္ေမာကာ...

" မင္းထင္ေနတာအမွန္ပဲ မင္းသခင္.......  အခုမင္းရင္ခြင္ထဲက ေယာက်ၤားက တခ်ိန္က က်ဳပ္သိပ္ခ်စ္ခဲ့ရတဲ့ အႏြယ္.... ပန္းအႏြယ္ေတာ္ပဲ......"

" စစ္ဦးေသွ်ာင္...."

" ဟုတ္တယ္.... က်ဳပ္ပဲ.... က်ဳပ္စစ္ဦးေသွ်ာင္ပဲ....မင္းတို႔ကို ဒီေရဒီေျမကေန တဖဝါးမွ မခြာဘဲ ေစာင့္ေနခဲ့တဲ့ စစ္ဦးေသွ်ာင္ပဲ...."

ေခတ္အံတခ်က္ႀကိတ္လိုက္မိကာ ရင္ခြင္ထဲမွ မိုင္းအား အျမတ္တႏိုးငံု႕ၾကည့္မိသည္။ တစတစ အိပ္မက္ထဲကေန ရင္းႏွီးေနခဲ့သည့္ အႏြယ္က မိုင္းတဲ့လား။

ထို အိပ္မက္ေတြစမက္တုန္းက အထူးအဆန္းျဖစ္ေနခဲ့ေပမယ္.... ကိုယ္ဟာ လူဝင္စားဆိုတာတေျဖးေျဖးလက္ခံလာခဲ့မိသည္။ ထိုအျပင္ မာမားအား ထိုအိက္မက္ေတြဆက္တိုက္မက္တဲ့အေၾကာင္း မခံႏိုင္ေတာ့တဲ့အဆံုး ဖြင့္ေျပာမိေတာ့ ....

" သားကိုယ္ဝန္မရခင္တုန္းက မား အိပ္မက္မက္တယ္ သားရဲ႕.... အိပ္မက္ထဲမွာေလ လူတစ္ေယာက္က စစ္သည္ဝတ္စံုႀကီးနဲ႕ မားေနာက္လိုက္ခဲ့ပါရေစဆိုၿပီး လာေျပာလို႔ မားလဲ ဥပတိ႐ုပ္ေကာင္းလို႔ ခ်က္ခ်င္းပဲလက္ခံလိုက္တယ္.. ေဟာ ေနာက္ရက္ေတြက်ေတာ့ ကိုယ္ဝန္ရွိတာပဲ... ကဲ ဘယ္ေလာက္ထူးဆန္းလဲ.....

ၿပီးေတာ့ ပိုၿပီးထူးဆန္းတာက သားပုခံုးမွာ ၾကယ္ပံုသ႑ာန္ အမွတ္ေလးတစ္ခုပါလာတယ္....."

ထိုသို႔ မားရဲ႕ေျပာျပခ်က္ေတြနဲ႕ ကၽြန္ေတာ့အိပ္မက္ ဆက္စပ္ၾကည့္ေတာ့ လူဝင္စားဆိုတာ လက္ခံခဲ့ရသည္။

" အႏြယ္ကေရာ... ခင္ဗ်ားရဲ႕လူမဆန္တဲ့အျပဳအမူေတြနဲ႔ႏွိပ္စက္ခဲ့လို႔  သူ႕ချမာ အသက္ရွင္လွ်က္နဲ႕ငရဲက်သလို ေနခဲ့ရတာ.... "

" မဟုတ္ဘူး..... က်ဳပ္မလုပ္ခဲ့ဘူး...."

ေခတ္ရဲ႕ စကားလံုးထိုးႏွက္ခ်က္ေတြအား ဦးေသွ်ာင္အသည္းအသန္းျငင္းခ်က္ထုတ္ေတာ့သည္။

" ဘာလို႕ျငင္းေနရတာလဲ ဦးေသွ်ာင္.... လုပ္ခဲ့တာေတြ အခုထိေတာင္ ဝန္မခံခ်င္ဘူးလား.... ငါေန႔တိုင္းလိုလို မက္ခဲ့တဲ့ အိပ္မက္ထဲမွာေတာင္ အႏြယ္ဘယ္ေလာက္ ခံစား႐ုန္ကန္ခဲ့ရသလဲ.... ဒီအိပ္မက္ေတြ ဘာမွန္းမသိခင္ကေတာင္ အႏြယ္ကိုၾကည့္ရင္းနာက်င္ေနခဲ့ရတဲ့ငါက ကံယကံရွင္ဆို ဘယ္ေလာက္ေတာင္ ေသြးပ်က္ခဲ့ရွာမလဲ။ ငါအႏြယ့္ကိုေတြ႕တိုင္း ခႏၶာကိုယ္မွာ ဒဏ္ရာဗလပြနဲ႕လႈပ္ေတာင္မလႈပ္ႏိုင္ေတာ့တဲ့ အေျခအေနေတြအထိ မင္းကအႏြယ့္ အေပၚ ရက္စက္ခဲ့တာ...."

" မဟုတ္ဘူး..... အဲဒါငါမဟုတ္ဘူး.... ငါဘာမွမလုပ္ခဲ့ဘူး..... အား...."

ဆိုးဆိုးဝါးဝါးျငင္းခ်က္ထုတ္ကာ ရင္ဘတ္တေနရာအား တဘုန္းဘုန္းႏွင့္ စည္တီးသလို႐ိုက္ႏွက္ေနခဲ့ၿပီး ႐ုတ္ခ်ည္းဆိုသလို ေပ်ာက္ကြယ္သြားသည့္ ဦးေသွ်ာင္။ သူေပ်ာက္ကြယ္သြားသည္ႏွင့္ တၿပိဳင္နက္ သည္းႀကီးမဲႀကီးရြာေနတဲ့မိုးက ႐ုတ္ခ်ည္းစဲသြားေလသည္။

တိတ္ဆိတ္သြားသည့္ ပတ္ဝန္းက်င္အား ေခတ္ တခ်က္ေဝ့ဝဲၾကည့္လိုက္သည္။ ထိုေနာက္ရင္ခြင္ထဲတြင္ေမ့ေျမာေနသည့္ မိုင္းအား ခ်ီမကာ Hotel သို႕အေျပးေလးလမ္းေလွ်ာက္မိသည္။

မိုးေရမ်ားစိုရႊဲၿပီး ျပာယာခတ္ကာဝင္လာသည့္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ေၾကာင့္ Hotel မွ ဝန္ထမ္းမ်ား ျပာျပာသလဲျဖစ္ကုန္ၾက၏။

" ဆရာဝန္ကို ညတြင္းခ်င္းေခၚေပးပါ.... ဘယ္ေလာက္ပဲေပးရေပးရ...."

ေခတ္ ရင္ခြင္ထဲမွ ေကာင္ေလးအား မလႊတ္တမ္းဖက္ထားကာ ဆရာဝန္ေခၚေပးရန္သာ တတြတ္တြတ္ေျပာေနမိသည္။

**** မျဖစ္ဘူး မိုင္း တစ္ႀကိမ္ေတာ့ မင္းနဲ႕ၾကားေလေသြးေတာင္ေဝးလို႔မျဖစ္ဘူး....*******

@@@@@@@@@@

ညဘက္ႀကီး သရဲအေၾကာင္းေတြေရးေနရင္း ေခြးအူသံေတြၾကားလိုက္ရလို႕ေရးေနရင္းနဲ႕ ေၾကာက္ေနမိတဲ့ ငါေလး☠️💀

Continue Reading

You'll Also Like

90.9K 6K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
4.4M 499K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
730K 64K 59
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်းကမ္ဘာဦးခိုက် time travel (My Universe i...
749K 46.1K 112
Genre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from Pinterest)