Part-27

11.5K 1.3K 21
                                    

အဖျားသွေးကြောင့် မျက်နှာလေးနီရဲကာ မနိုးတမ်းအိပ်ပျော်နေသည့် မိုင်းအားကြည့်ရင်းခေတ်စိတ်ပူနေမိသည်။ ဆရာဝန်က စိတ်ပူစရာမရှိဘူးပြောသွားပေမယ့် ခဏခဏလန့်လန့်အော်ကာ ကယောင်ကတန်းဖြစ်နေသည့် မိုင်းကြောင့် စိတ်ချလက်ချမနေရဲဘဲဘေးနားက တဖဝါးမှမခွာတမ်းစောင့်ပေးနေမိသည်။

"ကိုခေတ်.... သူအဆင်ပြေရဲ့လားမသိဘူးနော်..."

မိုင်းရဲ့အခန်းဖော်ဖြစ်တဲ့ စိုးထိုက်မှမေးလာသည်မို့မော့ကြည့်လိုက်မိသည်။ သူတို့လဲ ခရီးဆက်သွားရဦးမှာမို့ မိုင်းအခုလိုဖြစ်နေခြင်းအပေါ် စိတ်ဖြောင့်ဖြောင့်မသွားနိုင်ဘဲဖြစ်နေရှာလေသည်။

" မင်းတို့သွားစရာရှိတာဆက်သွားပါ.... ငါ မိုင်းအနား မှာစောင့်ပေးနေလိုက်မယ်.... ပြီးတော့ မင်း ငါနဲ့အခန်းပြောင်းပေးလို့ရလား??"

" ဗျာ...."

" မိုင်းက အခုထိစိတ်မချရသေးတော့ သူ့ဘေးနားငါရှိနေမှဖြစ်မှာမို့... ပြီးတော့ မင်းအိပ်ရတာအဆင်မပြေဖြစ်နေမှာစိုးလို့..."

" အာရပါတယ် ကိုခေတ် ကျွန်တော်ပြောင်းလိုက်မယ်..."

စိုးထိုက်ကတော့ ဘယ်လိုထင်သွားလဲမသိ အထုတ်အပိုးတွေချက်ချင်းသိမ်းကာနှုတ်ဆက်ပြီးအခန်းထဲကထွက်သွားလေသည်။

သူတို့ဘယ်လိုထင်ထင်ဂရုမစိုက်။ အဓိကက အခုလိုဖြစ်ပျက်နေသည့် ပြဿနာတွေကိုဘေးလူကို မသိစေချင်သေးပေ။ မိုင်းလည်းသိစေချင်လိမ့်မည်မဟုတ်ပေ။

ညကလည်းတညလုံးမအိပ်ဘဲစောင့်နေခဲ့သည်မှာ မိုးလင်းတဲ့အထိပင်။ ထိုကြောင့် ငိုက်မြည်းလာသည့် မျက်လုံးများကို အနားပေးရန်အတွက် မိုင်းဘေးနားလှဲအိပ်လိုက်မိသည်။

@@@@@@@@@@@@@

" ဟင့်အင်း... မလုပ်နဲ့... မလုပ်ပါနဲ့နာလို့ပါဗျ... တောင်းပန်ပါတယ်....အား..."

" မိုင်း....မိုင်း.... ဘာမှမဖြစ်ဘူး... ကိုယ်ရှိတယ်.... "

အိပ်နေရင်းမှ မျက်ရည်များ တလိမ့်လိမ့်စီးကျကာ မလုပ်ဖို့သာ ခေါင်းတခါခါလက်တခါခါပြောနေသည့် မိုင်းကြောင့် ခေတ် မိုင်းပါးပြင်လေးအား ပုတ်နှိုးနေမိသည်။

ဒဏ္ဍာရီ ( COMPLETED)Where stories live. Discover now