L.C

By Tulipcy

9.6K 784 95

3ကြိမ်မြောက် ပြန်လစ်ရှ်ရခြင်း😂😂 More

_1_
_2_
_3_
_4_
_5_
_6_
_7_
_8_
_9_
_10_
😞😞
_11_
_12_
[END]

_13_

743 61 11
By Tulipcy

end

"သူနဲ့ ယူလိုက်ပါ kyungsoo"

"  ဘာ..ဘာပြောလိုက်တာလဲ"

" ကိုယ်မင်းကို စည်းစိမ်တွေနဲ့ ပျော်အောင်ထားနိုင်မယ့် ယုံကြည်ချက်မရှိဘူး....ဒါ့ကြောင့် သခင်ကြီးရဲ့ စကားကို နားထောင်လိုက်ပါ ..."

" ဘာလို့လဲ...appa့ ကျေနပ်လက်ခံအောင် hyung ကြိုးစားသွားမယ်ဆို
ဒီက  ငဂျစ်လေးရဲ့ လက်ကိုတွဲပြီး နှစ်ယောက်တည်း အေးဆေးနေကြမယ်လို့ ပြောခဲ့တယ်မလား "

"တောင်းပန်ပါတယ် ...အားလုံးမေ့လိုက်ပါ"

"ဟက်....ခင်ဗျားတစ်ယောက်ကိုတော့ ယုံလို့ရမယ်ထင်ထားတာ....တကယ့် လူလိမ်အကြီးစားပဲ"

" တောင်းပန်ပါတယ်"

ဟုတ်တယ် ...ကိုယ့်မှာ တောင်းပန်စကားကလွဲပြီးတခြားပြောစရာမတွေ့တော့ပါဘူးကွာ..

" မလိုဘူး...တောင်းပန်တိုင်းလက်ခံရအောင် ငါက *ရူးမဟုတ်ဘူး...ခင်ဗျားသိလား ကျွန်တော်ကပဲ ဘာလုပ်သင့်တယ်ဆိုတာဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ...နောက်နှောင် မတော်တဆ ဆိုရင်တောင် မျက်လုံးချင်းဆိုင်မကြည့်မိပါစေနဲ့ ..အာ..နောက်တွေ့ဖို့လဲ အကြောင်းမရှိပါဘူး"

ဒေါသတကြီး
သတိပေးပြီး ကျောခိုင်း ထွက်သွားတဲ့သူမှာ မျက်ရည်တွေနဲ့ ...ထိုနည်းတူ နောက်က ကျန်ရစ်ခဲ့သူမှာလဲ မျက်ရည်များနှင့်။

~~~~~~~~~~~~~
အဖြစ်အပျက်များမတိုင်မီ တစ်ပတ်ခန့်
~~~~~~~~~~~~~

ပြန့်ကြဲလာသော ဓာတ်ပုံများသည် သခင်ကြီးရှေ့ ခေါင်းငုံ့ရပ်နေသော ကျွန်တော့ ခြေနှစ်ဖက် နားတွင် စုပုံသည်။

ကျွန်တော့်ရဲ့ ငယ်ဘဝ ပုံရိပ်များ

" ဒါ...ဒါက "

"မင်းက သားရဲ့ hyung မလား "

"..."

" ငါအကုန်စုံစမ်းပြီးပြီ....မင်းမိဘတွေအကြောင်းအပါအဝင်ပေါ့ "

" nae?? "

သခင်ကြီးဒိုက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း

" ငါ..မင်းတို့ စစ္စတာနဲ့တွေ့ပြီးပြီ...သူကလဲပြောပါတယ် မင်းမမှတ်မိတော့ဘူးတဲ့ "

"..."

" Kyungsoo နဲ့ အနေနီးနေတာကိုလဲရိပ်မိတယ် ...ဒါပေမယ့် မင်းဘက်က နောက်ဆုတ်ပေးပါ "

" အားနာပေမယ့် လက်မခံနိုင်ပါဘူး သခင်ကြီး ...ကျွန်တော် kyungsoo ကို တကယ် ချစ်တာပါ "

" တကယ်ချစ်ကြောင်း သက်သေပြဖို့ kyungsoo ကို စွန့်လွှတ် ရမယ်ဆိုရင်ရော "

" ဘာကိုဆိုလိုတာပါလဲ"

" မင်းမမှတ်မိတဲ့ မင်းမိဘအကြောင်းကနေ စရှင်းရမှာပဲ "

" ...."

" မင်းမိဘနဲ့ ငါတို့ဇနီးမောင်နှံနဲ့က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ဖူးတယ် .."

.
.

" မင်းကျောင်းစတက်ရမယ့်အရွယ်မှာ.. မပြည့်စုံခဲ့တဲ့ မင်းအဖေက သူ့သားကိုတော့ ပြည့်ပြည့်စုံစုံနဲ့ ကြီးပြင်း လာစေချင်တယ် ...ဒါနဲ့ပဲ အလွယ်လမ်းကို လိုက်သွားတယ်လေ "

"အလွယ်လမ်း..?"

" ဒုစရိုက်လောကပေါ့...မူးယစ်ဆေးကစ..လိင်ကိစ္စတွေထိပဲ ...တစ်နေ့ကျတော့...အင်း..kyungsoo လေးတစ်လသားအရွယ် မင်းက၆နှစ်လား...ထားပါ..အဲ့နေ့မှာ မင်းအဖေက ရဲတွေလာစစ်လို့ဆိုပြီး ငါတို့အိမ်မှာ လာပုန်းတယ် .ငါတို့ကလဲ သူ့ကိစ္စကို ဝင်မစွက်ဖက်ခဲ့ဘူး ထောင်လဲ မကျစေချင်ခဲ့ဘူး

ဒါနဲ့ပဲ ငါတို့အိမ်မှာ လက်ခံထားလိုက်တယ်
ညကျတော့ ..ငါရေချိုးပြီး ထွက်လာတော့ အိပ်ခန်းထဲမှာ kyungsoo ပဲ ကျန်ခဲ့တယ် ...အောက်က အသံကြားလို့ ဆင်းကြည့်တော့ ...ရဲတွေရှေ့မှာ မင်းအဖေက kyungsoo အမေကို ဓားစာခံလုပ်ထားတယ် " 

" ဗျာ.!!."

" အဲ့ဒါတင်မကဘူး ငါ့ကို မြင်တော့ သူ့ကို အန္တရာယ်ပေးမယ်လို့ထင်ပုံပဲ ....kyung...kyungsoo အမေရဲ့ လည်..လည်ပင်းကို...ဓားနဲ့ လှီးလိုက်တာ..."

သခင်ကြီးပြောသည့်အကြောင်းအရာတွေသည် အမှန်ဖြစ်ကြောင်း ကိုယ့်မျက်လုံးထဲ ပေါ်လာသောပုံရိပ်တွေက သက်သေထူနေသလို ...အဲ့နေ့က ကိုယ်က အိမ်ပေါက်ဝမှာ အမေနှင့်အတူတူ ရှိနေခဲ့သည်တဲ့...။

" ဒီ...ဒီလောက်ဆို ..မင်းတို့ကို ဘာကြောင့် သဘောမတူနိုင်မှန်းသိမှာပါ "

"ဟုတ်ကဲ့...ကျွန်တော် နားလည်ပါပြီ"

" ကျေးဇူးပါကွာ ..."

" ဒါနဲ့ ကျွန်တော့်အဖေ ...သေသွားတာလား "

"...အင်း ...ပစ်မိန့်ချလိုက်တော့ အသေ ..ဖမ်းလိုက်ကြတယ် ..ငါလဲ kyungsoo အမေစိတ်နဲ့ ဗျာများနေတော့ မင်းတို့သားအမိကို သတိမရလိုက်ဘူး...ဈာပနပွဲပြီးမှ သတိထားမိတဲ့ပချိန်မှာ မင်းတို့သားအမိက မရှိတော့ဘူးလေ "

" မမလေးက!?"

" hasoo အမေက နောက်အိမ်ထောင်ပါ ...kyungsoo လေးကိုသိပ်ချစ်တဲ့သူ...kyungsoo သိတဲ့ သူ့အမေပေါ့....သူ့အမေရင်းက အသတ်ခံရတာပါလို့ ပြောမထွက်တာမို့ ဒီနေ့ဒီအချိန်ထိ မပြောပြဖြစ်ခဲ့ဘူး"

"... သွားလိုက်ပါဦးမယ် .."

ကျွန်တော့်အဖေက သူ့အမေကို သတ်ခဲ့သည်တဲ့လား....။အဖေ့လုပ်ရပ်ကြောင့် သူကသူ့အမေအရင်းကို မြင်ခွင့်မရလိုက်ဘူး။

~~~~~~~~~~~~~~~
ထိုနေ့ကတည်းက ကျွန်တော်သည် ကောင်လေးကို မျက်နှာချင်းမဆိုင်ရဲ။

ဒီနေရာကို ချိန်းလိုက်လို့ ပျော်နေခဲ့တဲ့ သူ့
မျက်နှာလေးက တခြားသူနဲ့ပေးစားနေတဲ့ ကျွန်တော့်စကားကြောင့် တခဏချင်း ညှိုးနွမ်းသွားလိုက်တာ....။

သိပါတယ် ...ဘယ်လောက်တောင်ခံစားသွားရမလဲ ။ ဒါပေမယ့် ကျွန်တော်နဲ့အတူနေပြီးမှ အဖြစ်မှန်တွေသိခဲ့မယ်ဆိုရင်....။

ဒါက အကောင်းဆုံး ရွေးချယ်မှုဖြစ်မှာပါ။ ဒီထက်မနာကျင်ခင် ကိုယ့်ကို မုန်းလိုက်တာက ကောင်လေးအတွက်ပိုကောင်းမှာပါ...။

~~~~~~~~~
hyung က ကျွန်တော့်ကို အထင်သေးလွန်းတယ်....ကျွန်တော်က စည်းစိမ်တွေကို မက်မောနေလို့လား...။ hyung သာအနားရှိရင် ဘာဖြစ်ဖြစ် ကျေနပ်မယ့်လူမျိုး...။ ဒါကို သူရဲဘောကြောင်ပြီး ကျွန်တော့်ကို သူများလက်ထဲ ထိုးကျွေးတယ်ပေါ့...။

သိလား hyung...? သတိကောထားမိရဲ့လား..

ကျွန်တော်ပြောခဲ့တယ်လေ နောက်တွေ့ဖို့အကြောင်းမရှိပါဘူးလို့...။

" ရော့ ...မနက်ကျ ဒီစာကို chanyeol ဆီ ပေးလိုက် "

" ဟုတ်ကဲ့ "

" ပြီးတော့ အပြင်ကလူတွေကိုပြောလိုက် ငါအေးဆေးနေချင်လို့ မနှောင့်ယှက်ပါနဲ့လို့ "

" ဟုတ် "

wang လေး ထွက်သွားပြီးသည့်နောက် ဗလာဖြစ်နေသော စာရွက်လေးအပေါ် ညီညာသော လက်ရေးလှလှလေးများဖြင့် စာလုံးအချို့ရေးလိုက်သည်။

များမကြာမီအချိန်တွင်တော့ အခန်းထဲတွင် တတောက်တောက်စီးကျနေသော သွေးများနှင့် မျက်ရည်စီးကြောင်းကြားထဲက ပြုံးနေသော မျက်နှာလေးသာ....

~~~~~~~~~~~~~~
'4' နှစ်ခန့်ကြာသောအခါ
~~~~~~~~~~~~~~
'Do Kyung Soo '
ဟု ထိုးထွင်းထားသော ကမ္ဗည်းတိုင်ရှေ့တွင် ဂန္ဓာမာပန်းအဖြူစည်းကို အသာချလိုက်သည်။

" သား..နှုတ်ဆက်လိုက်လေ..ဒါသားရဲ့ဦးကြီး"

" annyeong  ...သားက  Do Soo ပါ "

" မတွေ့တာကြာပြီနော်  kyungလေး"

"  လာသား...mommy နဲ့ အရင် ကားထဲသွားရအောင်  "

" nae "

သားလေးနဲ့ hasoo တို့ ကုန်းမြင့်က ဆင်းသွားသည်ကို ကြည့်ပြီးမှ အုတ်ဂူဘက်ဒူးထောက်ကာ ပါလာသော soju ကို ငှဲ့လိုက်သည် ။

" ဒါ Hasoo ဝယ်လာခဲ့တာလေ...kyungလေးသိလား  ..Hasoo က ဘာလို့ မငှဲ့ပေးတာလဲဆိုတာ ...အခုထိ kyung လေး ဆုံးသွားတာကို သူမ လက်မခံသေးဘူး...ခေါင်းမာတာတော့ မင်းနဲ့ တထပ်တည်းပဲ ..

မဟုတ်ဘူး ...
kyungလေးက ပိုဆိုးတယ်...

ဘယ်လိုလုပ် ဒီလောက် မိုက်ရတာလဲ...

ခံစားရတာတွေ P'ကို ရင်ဖွင့်လို့ရရဲ့သားနဲ့   ....

ဘာလို့ အတွေးမပေါက်ရတာလဲကွာ "

••••••••••••••••

" မာမီ...သား ကဘာလို့ ဒီကျောင်းမှာ မတက်ရတာလဲဟင် "

ကျမတို့တက်ခဲ့တဲ့ ကျောင်း ကို ခေါ်လာမိတော့ ကျောင်းပေါက်ဝကိုငေးရင်း ပြောလာတဲ့ သားလေး...

" သားက ငယ်သေးလို့ပေါ့ ...သားသာ ကျောင်းမှာ စာကြိုးစား....ကြီးလာရင်  ဒီတက္ကသိုလ်ကြီးမှာ  တက်ရမှာပေါ့"

" ဟုတ်..."

စဉ်းစားမိတော့ kyungsoo က စာတော်တဲ့ ကျောင်းသားဖြစ်ခဲ့ဖူးသည်ပဲ ....

ထိုအချိန်က ကျမသာ ကလေးမဆန်ခဲ့လျှင်...
kyungsoo. သာ အရွဲ့တိုက်လိုစိတ်မရှိခဲ့လျှင်
appa သာ ကျမတို့အပေါ် မေတ္တာအပြည့်အဝပေးခဲ့မယ်ဆိုလျှင် ....

" ကဲ..ဒီသားအမိတွေ ရပ်ပဲနေတော့မှာလား အထဲဝင်ကြစို့လေ "

သူ့အဖေက ဝင်ကြစို့ဆိုတာနဲ့ တွဲထားတဲ့ ကျမလက်ကို ဖြုတ်ကာ ကျောင်းဝင်းထဲ ပြေးဝင်သွားသော သားလေး...

•••••••••••••••
"sir chanyeol ...နေ့လည်စာ မစားဘူးလားရှင့် "

" မဆာသေးလို့ပါခင်ဗျ ....ဆရာမတို့ သွားစားနှင့်ကြပါ"

" ဒါဆိုလဲ သွားပြီနော် "

" ဟုတ် "

စားပွဲပေါ်က ပြက္ခဒိန်ဆီ အကြည့်ရောက်တော့ ဝိုင်းထားတဲ့နေ့စွဲလေး .....
ခြောက်နှစ်တောင် ရှိခဲ့ပြီပေါ့ ။

အတန်းပြန်စရင် ကိုယ့်အချိန်တစ်ခန်းပါတာမို့ သင်ရိုးတွေယူပြီး ဒုတိယနှစ်တွေဖက်  ထွက်လာခဲ့လိုက်သည်။

ကိုရီးယားဘာသာ အခန်းရှေ့ရောက်တော့ အလိုအလျောက် နောက်ဆုံးတန်းက နေရာလေးကို ကြည့်မိပြန်သည် ။

ဟင်!?ဝိုင်းအုံနေကြပါလား ...ရန်ဖြစ်နေကြတာများလား !?

"ဟေ့! ဘာလုပ်နေကြတာလဲ "

တံခါးပေါက်အနီးရှိ စားပွဲခုံကို ပေတံနဲ့ နာနာခေါက်ကာ အသံပေးရသည်။ ဆရာpark ဆိုကာ ကျောင်းသားတွေက လမ်းဖယ်ပေးကြသည် ။
 
ဦးတည်ရာလေးဆီ လျှောက်ခဲ့မိတော့ ....အလို ..ကလေးပေါက်စက ငိုနေပါလား ...

" ဘာဖြစ်တာလဲ "

"ကျွန်တော်အိပ်နေတုန်း ဒီကလေးရောက်လာတာပါဆရာ "

ထိုသည်က အခုနှစ်ရဲ့ နောရာပိုင်ရှင်က ပြောသောစကား ...

" ပြီးတော့ ကျွန်တော့် ခေါင်းကို ခေါက်ပြီး နေရာဖယ်ခိုင်းပါတယ် ဆရာ "

" အဲ့တာနဲ့..."

" ကျွန်တော်လဲ ကလေးမှန်းမသိတော့ အိပ်နေတာ နှောင့်ယှက်တယ်ဆိုပြီး လက်ဆွဲလိမ်လိုက်မိတာပါ ဆရာ"

ဒင်းလေးဟာလဲ လိမ္မာတဲ့ ကျောင်းသားတော့ မဟုတ် ...ထားပါလေ လောလောဆယ် ကလေးကိစ္စအရင်ရှင်းရမယ် ..

" သားက ဘယ်လိုရောက်လာတာလဲ "

" သားက.ဟင့်...သားက mommy တို့နဲ့ ဖိုးဖိုးကို ဟင့်.. လာတွေ့တာပါ .."

မျက်လုံးလေး ဝင့်ကာ ရှိုက်သံတစ်ဝက်နဲ့ဖြေလာတဲ့ကလေးပေါက်စဟာ တစ်စုံတစ်ယောက်နဲ့တောင် ဆင်သလိုလို ...

" သား mommy တို့ကကော ..."

"ဟင့်.. ဖိုးဖိုးဆီမှာ..."

" ကျောင်းအုပ်ကြီးရဲ့ မြေးထင်တယ်ဆရာ .."

" ဟင်?!"

" ဟုတ်တယ် ခုနက ...ဖိုးဖိုးကျောင်းအုပ်နဲ့တိုင်မယ်ပြောနေတာ "

ဒါဆို Hasoo ရဲ့ သားလေးပေါ့ ...ဒါကြောင့် မင်းနဲ့ဆင်နေတာကိုး ငဂျစ်ရယ် မင်းတူကြည့်ရတာလဲ မင်းလို ဂျစ်မယ့်ပုံပါပဲ ..

" ဟင့်....ဦးက ဆရာလား...ဟင့် ....ဆရာဦးဦး ...သားကို ဒီမှာ ထိုင်ခိုင်းပါနော်....ဟင့် ....ခဏပဲထိုင်မှာလေနော် "

" သားက ဘာလို့ ဒီမှာထိုင်ချင်တာလဲ...တခြားနေရာတွေလဲ ရှိတာကို ..."

" မသိဘူး...မသိဘူး ...ဟင့် ..သားဒီမှာထိုင်မှာ .."

" ကဲ..မင်းက ခဏဖယ်ပေးလိုက်ပါကွာ .."

" ဟုတ်..ဆရာ..ကျွန်တော် သူနာပြု ဆရာမhonsuကိုခေါ်ခဲ့မယ်နော် "

ထိုကောင်လေးဟာ ကလေးရဲ့ လက်က ဒဏ်ရာကို အကြောင်းပြကာ honsu ကို သွားကပ်ချွဲနေဦးမှာပင်။

" ဟီးဟီး...."

ခုနကနဲ့ လားလားမှမဆိုင် ပျော်ရွှင်နေသော ကလေးပါလေ။

" သား..နာမည်ဘယ်လိုခေါ်လဲ "

" ဒယ်ဒီ ပေးထားတာက Akapan mewnamart...မာမီက Do Soo ပါ ခင်ဗျ "

" သားရာ ရှာလိုက်ရတာ ဝေးဝေးမသွားပါနဲ့ဆိုတာကို "

အပြေးအလွှား ဝင်လာသည့်သူ...

" အကိုလေး!"

" Chanyeol?"
ကျွန်တော်နဲ့ အကိုလေး ကော်ရစ်တာ  မှာရပ်ကာ အခန်းထဲက honsu ဆေးလိမ်းပေးနေသော Do Soo လေးကို ကြည့်နေမိသည်။

" အဆင်ပြေရဲ့လား"

" ဟုတ်ကဲ့...မမလေး"

" ဒီတိုင်း hasoo လို့ပဲခေါ်ပါ ...ကျမတို့ဒီကို မရောက်ဖြစ်တာကြာမကြာ ..chanyeol တောင် ဆရာဖြစ်နေပြီ"

" အားလုံးက အကိုလေးတို့ ကျေးဇူးကြောင့်ပါ "

" daddy သားဗိုက်ဆာတယ်"

" အင်း...chanyeol ကော ကိုယ်တို့နဲ့လိုက်ခဲ့ပါလား "

" ရပါပြီခင်ဗျ ...ကျွန်တော်အတန်းဝင်ရဦးမယ် "

" honsu ကတော့ လိုက်ရမယ်နော် ...မလိုက်ရင် ငါစိတ်ဆိုးမှာ .."

" သိပါပြီရှင် "

" သွားခွင့်ပြုပါဦး chanyeol si "

" nae "

"  bye bye ဦးဦး "

" bye "

အကိုလေးက Do soo လေး လက်ကို ဆွဲရင်း ....hasoo နဲ့ honsu က အနောက်ကနေ စကားပြောရင်း ထွက်ခွာသွားကြလေသည်။

ရုတ်တရက် ...Do Soo လေးက ကျွန်တော့်ဆီ ပြန်ပြေးလာကာ သူ့ကျောပိုးအိတ်သေးသေးလေးထဲက ခဲဖျက်ထုပ်ကလေးထုတ်ပြီး ပေးလာသည်။

" လက်ဆောင်...သိမ်းထားနော်  ဦးဦး ..သားက ဒီကျောင်းမှာ လာတက်မှာ "

" မယ်....မင်းက အဖေတို့ကို ပေးတောင်မထိဘဲ ဦးဦးကို ကျပေးတယ်ပေါ့ "

အနားရောက်လာတဲ့ အကိုလေးက သားဖြစ်သူရဲ့ ခေါင်းကို ပွတ်ပြီးစကားနာထိုးတော့

" Daddyက daddy ...ဦးဦးက ဦးဦးပါခ "

" ဟဟ...ဟုတ်ပါပြီကွာ ..ထီသာထိုးတော့ chanyeol ရေ ဒီကလေးက အဲ့တာတွေကို အရမ်းကြိုက်တာ ဘယ်သူမှ ကိုင်လို့ရတာမဟုတ်ဘူး   "

" ကျေးဇူးတင်ပါတယ်နော် Do Soo လေးရေ.. "

" ဟုတ်.."

လက်ထဲက ခဲဖျက်အရောင်စုံပါတဲ့အိတ်ကလေးကိုကြည့်ရင်း... ထွက်ခွာသွားတဲ့ ကျောပြင်တွေကို ကြည့်ရင်း ပြုံးလိုက်မိသည်။

~~~~~~~~~~~
ကုန်လွန်ခဲ့တဲ့ကာလတွေမှာ ...

သခင်ကြီးဒိုသည် ရွေးကောက်ပွဲမှ နှုတ်ထွက်ကာ Kyungsoo တက်ချင်ခဲ့သည့် ဤကျောင်းကို လွှဲပြောင်းယူကာ အုပ်ချုပ်ခဲ့သည် ။

သားဖြစ်သူရဲ့ နောက်ဆုံးစာအရ Park ChanYeol ကိုတော့ ဆရာအဖြစ် အလုပ်ဝင်စေခဲ့ခြင်းဖြစ်သည်။

လက်စားချေမယ့် honsu ကိုတော့  Akapan က အတတ်နိုင်ဆုံး အမှန်တရားကို ဖွေရှာပေးခဲ့သည် ။တရားခံအစစ်ကို သိခဲ့ရပေမယ့် အပြစ်တော့ မပေးနိုင်ခဲ့ချေ။ထိုသူက honey ဆုံးပြီး မကြာခင်ကပင် စိတ်ဖောက်ပြန်နေသူဖြစ်သည်။

~~~~~~~~~~~~~~~
 Do Kyung Soo ဟုရေးထိုးထားသော မြေပုံ (အုတ်ဂူ)  ဘေးနားတွင် ထိုင်ကာ ကောင်းကင်ကို မော့ကြည့်မိသည်။

သူများတွေလိုပဲ ကောင်းကင်ပေါ်ရောက်နေမလား....ဒါမှမဟုတ် သူ(kyungsoo) ဖြစ်ချင်သလို ပြန်လည်မွေးဖွားနေပြီလား ...။

ထိုနေ့က ညကြီးမင်းကြီး wang လေး က လာနှိုးခဲ့သည် ။ အမှန်က ကိုယ်လဲ အိပ်လို့တော့မပျော်သေးပေ။

wang လေးကပြောသည်။ သခင်လေး သေကြောင်းကြံလို့တဲ့...ကျွန်တော်အပြေးအလွှားသွားမိတော့ အသက်မဲ့နေတဲ့ သူ့ကိုသာ တွေ့ရသည် ။ သခင်ကြီးကတော့ note book လေးကို လွတ်ချမိသည်အထိ ...သူရေးထားခဲ့ဟန်

'မနှုတ်ဆက်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်... မျက်နှာပြောင်ပြောင်နဲ့...Chanyeol Hyung ကို စောင့်ရှောက်ပေးပါလို့တောင်းဆိုပါရစေ ' 
တဲ့...။ ဘယ်လောက်တောင် ရူးမိုက်လိုက်လဲ ....

အားလုံးကို ပိုပြီး နောင်တရစေတာက သူ့ရဲ့ ဒိုင်ယာရီစာအုပ်လေးထဲက...သူ အထက်တန်းအောင်ပြီးကတည်း က စပြတဲ့ သူ့ရဲ့ မှတ်ဥာဏ် ချို့ယွင်းမှု ရောဂါလက္ခဏာတွေ....

ဒါကြောင့်မို့ name tag တွေ တပ်ခိုင်းထားရတယ်တဲ့လေ ...။

မီးသင်္ဂြိုလ်အပြီး wang လေး ပေးလာတဲ့စာက ကျွန်တော့်နှလုံးသားကို ပါ မီးသင်္ဂြိုလ် သွားခဲ့သည်။

•••••••••••📝📝••••••
Hyung.
ကျွန်တော်လေ hyung မရှိတဲ့ အရင်က ဘယ်လိုဖြတ်သန်းလာလဲ မသိပေမယ့် ....အခုတော့ hyung မရှိရင် မဖြစ်ဘူးထင်တယ်...

ကျွန်တော့်ဘဝမှာ စိတ်ရင်းနဲ့ ချစ်ပေးမယ့်သူမရှိတော့ဘူး ထင်ရဲ့နော်...

တကယ်တော့ အဲ့လိုလူ ရှိလာရင်တောင် ကျွန်တော် က မေ့ပျောက်သွားမှာပဲ...

အရင်ဘဝက ဘာလုပ်မိခဲ့လို့လဲမသိ....

တကယ်လို့များလေ နောက်ဘဝဆိုတာရှိခဲ့ရင်...

နွေးထွေးတဲ့ မိသားစုမှာ မွေးဖွားချင်တယ် ...။

ကြောက်ရလို့ လေးစားချင် ဟန်ဆောင်ကြတာမဟုတ်ဘဲ ..အရည်အချင်းရှိလို့ လေးစားခံရတဲ့သူဖြစ်ချင်တယ် ...အာ...
ကျွန်တော်သိပ်ကြိုက်တဲ့ ဒီနှစ်ရဲ့ နောက်ဆုံးခုံလေး ...ဘယ်လောက်မှတောင် မထိုင်ခဲ့ရဘူး ...

သဘောကောင်းတဲ့ဆရာနဲ့ ရိုင်းပင်းတတ်ကြတဲ့ သူငယ်ချင်းတွေနဲ့ အတူ ကျောင်းတက်ချင်တယ် ....

အမှန်က အားလုံးထက် .အရင်က..Hyung ကို ပြန်လိုချင်တယ်...ဘာလို့ သူများဆီ ပို့ရလဲမသိပေမယ့် ...Hyung ကလွဲရင် တခြားသူနဲ့ တစ်စက္ကန့်တောင် အတူမနေချင်တာကိုတော့ hyung သိသင့်တယ်...

ချစ်တယ် hyung...

••••••📝📝••••••••
" အခုလောက်ဆို ငဂျစ်လေးက သိပ်ကို ပျော်နေမှာပဲနော်...အကယ်လို့  Do Soo လေး ဖြစ်နေတယ်ဆိုရင်ပေါ့ "

■■■■■■END■■■■■■

 Do Soo ဟာ KyungSoo ဖြစ်နိုင်သလို
Kyungsoo ဟာ Do soo မဟုတ်တာလဲ ဖြစ်နိုင်ပါတယ် 😝😝

အစကတည်းက ရေးထားတဲ့ ဇာတ်သိမ်းပျက်သွားလို့ ပြန်ရေးထားရတာ ..တချို့နေရာတွေမမှတ်မိတော့လို့...စိတ်သိပ်ကြည်တာမဟုတ်😞😞

နောက်ဆုံးတော့ ၁နှစ်ကျော် ၂နှစ်နီးပါးကြာပြီးမှ ဒီficလဲ အဆုံးသတ်နိုင်ခဲ့✌✌✌

စာလုံးပေါင်းမှား
ဟိုရောက်ဒီရောက်
ရှုပ်ယှက်ခတ်
သည်းခံပေးကြပါလို့...😆😆



Continue Reading

You'll Also Like

143K 14.4K 27
Zhang Chenfi(ကျန်းချန်ဖေး)ဟာ Car Accidentကြောင့် ဦးနှောက်ကိုထိသွားပြီး သူ့ကိုယ်သူ Novelထဲက ဇာတ်ကောင်လို့ ထင်သွားပါတော့တယ် Jiao Qi(ကျောင်းချီ)ကလဲ...
10.2M 599K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...
881K 34.9K 82
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...
1M 48.3K 100
Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ္ခ်င္ေက်ာ္သြား❗️ Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ်ချင်ကျော်သွား❗️