ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.9M 211K 4.8K

"ဒီလူ၊ သူ႕အႀကိဳက္က ဘယ္ေလာက္ေတာင္ ေလးနက္ေနရတာလဲ။ စားႏိုင္ေသးတုန္းပဲလား" ႏိုးလာသည္ႏွင့္ ႐ႈပ္ပြေနေသာဆံပင္၊ တက္တူ... More

အပိုင္း၁ : ထြက္သြားဦးမွာလား
အပိုင္း၂ : သူ ဒါေတြအားလံုးကို မမႈျခင္း
အပိုင္း ၃ : ျပတ္သြားခဲ့တဲ့ ခင္ပြန္းေလာင္း
အခန္း ၄ : Peony ပန္းေအာက္တြင္ ေသဆးံုုျခင္း
အခန္း ၅ : သူူတကယ့္ကို အိပ္ေပ်ာ္ေနတာပဲ
အခန္း ၆ : သူမကိုယ္သူမ ျပန္ျဖစ္လို႔ရၿပီ
အခန္း ၇ + ၈
အခန္း ၉ + ၁၀
အခန္း ၁၁ + ၁၂
အခန္း ၁၃ + ၁၄
အခန္း ၁၅ + ၁၆
အခန္း ၁၇ + ၁၈
အခန္း ၁၉ + ၂၀
အခန္း ၂၁ + ၂၂ + ၂၃
အခန္း ၂၄ + ၂၅ + ၂၆
အခန္း ၂၇ + ၂၈ + ၂၉
အခန္း ၃၀ + ၃၁ + ၃၂
အခန္း : ၃၃ + ၃၄
အခန္း ၃၅ + ၃၆
အခန္း ၃၇ + ၃၈ + ၃၉
အခန္း ၄၀ + ၄၁
အခန္း ၄၂ + ၄၃
အခန္း ၄၄ + ၄၅
အခန္း ၄၆ + ၄၇
အခန္း ၄၈ + ၄၉
အခန္း ၅၀ + ၅၁
အခန္း ၅၂ + ၅၃
အခန္း ၅၄ + ၅၅
အခန္း ၅၆ + ၅၇
အခန္း ၅၈ + ၅၉
အခန္း ၆၀ + ၆၁
အခန္း ၆၄ + ၆၅
အခန္း ၆၆ + ၆၇
အခန္း ၆၈ + ၆၉ + ၇၀
အခန္း ၇၁ + ၇၂
အခန္း ၇၃ + ၇၄
အခန္း ၇၅ + ၇၆
အခန္း ၇၇ + ၇၈
အခန္း ၇၉ + ၈၀
Congratulations for 1k page likes
အခန္း ၈၁ + ၈၂
အခန္း ၈၃ + ၈၄
အခန္း ၈၅ + ၈၆
အခန္း ၈၇ + ၈၈
အခန္း ၈၉ + ၉၀
အခန္း ၉၁ + ၉၂
အခန္း ၉၃ + ၉၄
အခန္း ၉၅ + ၉၆
အခန္း ၉၇ + ၉၈
အခန္း ၉၉ + ၁၀၀
Announcement
စာစဥ္ ၄ ( ၁ + ၂ )
စာစဥ္ ၄ ၊ အခန္း ( ၃ + ၄)
စာစဥ္ ၄ ( ၅ )
စာစဥ္ ၄ ( ၆ )
စာစဥ္ ၄ ( ၇ )
Trailer
စာစဥ္ ၄ ( ၈ + ၉ + ၁၀ )
စာစဥ္ ၄ ( ၁၁ + ၁၂ )
စာစဥ္ ၄ ( ၁၃ + ၁၄ )
စာစဥ္ ၄ ( ၁၅ + ၁၆ )
စာစဥ္ ၄ ( ၁၇ )
စာစဥ္ ၄ ( 18 )
စာစဥ္ ၄ ( ၁၉ + ၂၀ )
စာစဥ္ ၄ ( ၂၁ + ၂၂ )
Announcement
စာစဥ္ ၄ ( ၂၃ )
စာစဥ္ ၄ ( ၂၄ )
စာစဥ္ ၄ ( ၂၅ )
ေက်းဇူးတင္လႊာ
စာစဥ္ ၄ ( ၂၆ )
စာစဥ္ ၄ ( ၂၇ )
စာစဥ္ ၄ ( ၂၈ + ၂၉ )
စာစဥ္ ၄ ( ၃၀ + ၃၁ )
စာစဥ္ ၄ ( ၃၂ + ၃၃ )
Announcement
သတင္းေကာင္း
စာစဥ္ ၄ ( ၃၄ )
စာစဥ္ ၄ ( ၃၅ )
စာစဥ္ ၄ ( ၃၆ )
စာစဥ္ ၄ ( ၃၇ )
စာစဥ္ ၄ ( ၃၈ )
စာစဥ္ ၄ ( ၃၉ )
✔✔✔✔
စာစဥ္ ၄ ( ၄၀ )
Announcement
စာစဥ္ ၄ ( ၄၁ )
စာစဥ္ ၄ ( ၄၂ )
Hi Everyone ! ! !
စာစဥ္ ၄ ( ၄၃ )
စာစဥ္ ၄ ( ၄၄ + ၄၅ )
စာစဥ္ ၄ ( ၄၆ + ၄၇ )
စာစဥ္ ၄ ( ၄၈ )
စာစဥ္ ၄ ( ၄၉ )
စာစဥ္ ၄ ( ၅၀ )
စာစဥ္ ၅ ( ၁ + ၂ )
Announcement
စာစဥ္ ၅ ( ၃ + ၄ )
Asking for advice
စာစဥ္ ၅ ( ၅ + ၆ )
Decision ! ! !
စာစဥ္ ၅ ( ၇ + ၈ )
စာစဥ္ ၅ ( ၉ + ၁၀ )
စာစဥ္ ၅ ( ၁၁ )
စာစဥ္ ၅ ( ၁၂ )
စာစဥ္ ၅ ( 13 )
စာစဥ္ ၅ ( ၁၄ )
စာစဥ္ ၅ ( ၁၅ )
စာစဥ္ ၅ ( ၁၆ )
စာစဥ္ ၅ ( ၁၇ )
စာစဥ္ ၅ ( ၁၈ + ၁၉ + ၂၀ + ၂၁ + ၂၂ + ၂၃ + ၂၄ + ၂၅ )
Announcement
စာအုပ္တစ္အုပ္ ျပီး၏

အခန္း ၆၂ + ၆၃

18.4K 2.2K 34
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖

Chapter. : 62 + 63

Original novel : Perfect Secret Love

Translator. : Goddess

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

အခန္း ၆၂ : မင္းရဲ႕ အရွင္မင္းႀကီးကို အေဖာ္မျပဳေသးဘူးလား ?



ဒါ.... ဒီငိုသံေပါက္ေနတဲ့အသံက ဘာလဲဟ ! ?

သူမရဲ႕ လည္တိုင္နားဆီက အသက္႐ႉသံ ေႏြးေႏြးေလးရယ္၊

သူမရဲ႕ နားနားဆီက အိပ္ခ်င္မူးတူးသံေပ်ာ့ေပ်ာ့ေလးရယ္ ေၾကာင့္ ရီ၀မ္၀မ္ စကားပင္ မေျပာႏိုင္ေတာ့။

စီရီဟန္ႀကီး ေသေတာ့မွာလား ?

အံ့ဩသြားတာေၾကာင့္ပဲလား ?

စီရီဟန္ လုပ္ေနသည့္ ပံုေလးသည္

ခ်စ္စရာေကာင္းလြန္းေနတာေၾကာင့္ပဲလား ?

ရီ၀မ္၀မ္ ။ သူမ မသိလိုက္မိခင္မွာပင္ ေခါင္းညိတ္ၿပီးေနျပီ။

ဘာျဖစ္ေနတာလဲဆိုတာကို သူမ နားလည္သြားသည့္အခ်ိန္ ။

စီရီဟန္သည္ ထၿပီးလို႔ လမ္းပင္ေလွ်ာက္ေနေလၿပီ ။

သူတို႔ ျပန္ေရာက္လွ်င္ေရာက္ခ်င္း

အေစခံေတြက သူတို႔အား ေႏြးေထြးစြာျဖင့္ ။

" သခင္ေလး ၉ ၊ သခင္မေလး ရီ ! သခင္မေလး ရီ အတြက္

အခန္း တစ္ခန္း ျပင္ေပးထားဖို႔ကို သခင္မႀကီး ေသေသခ်ာခ်ာ မွာထားပါတယ္။ သခင္မေလး ရီ ၊ အခု အနားယူခ်င္ေနၿပီလား ခင္ဗ်ာ ? ကြၽန္ေတာ္ သခင္မေလးရဲ႕ အခန္းကို လိုက္ျပေပးပါမယ္ ! "

သူမ စီရီဟန္ရဲ႕ ဆြဲေဆာင္မႈမွာ အငိုက္မိသြားၿပီး သူ႕ကို အေဖာ္ျပဳေပးဖို႔ ကတိေပးၿပီးသား ျဖစ္သြားေလရာ သူမမွာ ေရြးခ်ယ္စရာ မရိွ ေတာ့။ ရီ၀မ္၀မ္ စီရီဟန္ကို ၾကည့္လိုက္ၿပီး " ကြၽန္မပစၥည္းေတြ သြားထားၿပီး အရင္ ေရခ်ဳိးလိုက္ဦးမယ္ ။ ၿပီးမွဘဲ ရွင့္ဆီကို လာခဲ့မယ္ေနာ္ "

စီရီဟန္သည္ အိပ္ခ်င္စိတ္တို႔ ျပယ္လြင့္ေနၿပီ ျဖစ္ေသာ္ျငား

စိတ္ေတာ့ ၾကည္မေနေသး ။သို႔ေသာ္ သေဘာတူလိုက္ပါ၏ ။ " အင္း "

ရီ၀မ္၀မ္လည္း အေစခံေနာက္ လိုက္သြားလိုက္ပါ၏ ။

ဒုတိယထပ္ကို ေရာက္လာေလရာ ။

" သခင္မေလး ရီ ၊ ဒီအခန္းပါ ခင္ဗ်ာ "

အိမ္ေစသည္ တံခါးကို တြန္းဖြင့္လိုက္ရင္း ေျပာျခင္း။

တံခါးပြင့္သြားသည့္ေနာက္ သူမ ျမင္လိုက္ရသည္က ။

တစ္ခန္းလံုးသည္ ပန္းေရာင္ ။ ပန္းေရာင္ အိပ္ရာခင္း ၊ ပန္းေရာင္ လိုက္ကာ ၊ ပန္းေရာင္ ေကာ္ေဇာ ။ ေခါင္းရင္းတြင္ ရာဇပလႅင္ပံုစံ အနည္းငယ္ရိွၿပီး အေပၚတြင္ေတာ့ ႐ိုမန္တစ္ ဆန္ဆန္ အမိုးေလး ရိွေနသည္။ အဲဒါက စိတ္ကူးယဥ္ဆန္ၿပီး မိန္းကေလးလည္း ဆန္လွပါ၏။

ဒါက.... ငါ့ရဲ႕ အရင္ဘ၀တုန္းက အဘြားအေပၚ ေတာ္ေတာ္ႀကီး နားလည္မႈ လြဲခဲ့တာပဲ ။ ငါ့ ကို မေကာင္းဆိုး၀ါးလို႔ပဲ ျမင္မယ္လို႔ ထင္ေနခဲ့မိတာ။ တကယ္ေတာ့ အဘြားက ငါ့ ကို တကယ့္

ေျမးေခြၽးမ ေလာင္းေလး အေနနဲ႔ သေဘာထားခဲ့တာပါလား ။ မဟုတ္ရင္ ငါနဲ႔ စီရီဟန္ တြဲေနပါၿပီ ဆို႐ံုေလးနဲ႔ ငါ့အတြက္ အခန္းတစ္ခန္း ျပင္ေပးတာ ဒီေလာက္ႀကီး အားထုတ္ထားစရာမွ မလိုတာ ။ ဘြားက ငါ့ကို သူမရဲ႕ ေျမးအရင္းလို ဆက္ဆံေနတာလို႔ေတာင္ ေျပာလို႔ရေနၿပီ။

ဒါေပမယ့္....ငါကေတာ့ ငါ့ရဲ႕အရင္ဘ၀မွာ ျပသနာေတြခ်ည္း

လိွမ့္ရွာေနၿပီး တစ္ခုခ်င္းစီတိုင္း လိုက္႐ံႈခ်ေနခဲ့မိပါလား ။

" သခင္မေလး ၊ ဒီအခန္းကို အႀကိဳက္ေတြ႕ပါရဲ႕လား ?

တကယ္လို႔ မႀကိဳက္တာတစ္ခုခုမ်ား ရိွေနရင္ ကြၽန္ေတာ္တို႔

ခ်က္ခ်င္း ေျပာင္းေပးပါမယ္ " အိမ္ေစသည္ ေၾကာက္ရြံ႕စြာျဖင့္ တြန္႔ဆုတ္တြန္႔ဆုတ္ ေျပာလာျခင္း။

ျကားၾကားခ်င္း ရီ၀မ္၀မ္ အံ့ဩသြားမိသည္။ ထို႔ေနာက္မွ

" ဒုကၡမရွာပါနဲ႔ ။ ကြၽန္မ ဒီအခန္းကို အရမ္း ႀကိဳက္ပါတယ္ ။ ေက်းဇူးျပဳၿပီး ဘြားကို ေက်းဇူးတင္စကား ပါးေပးပါဦးေနာ္ ! "

ထိုအခါမွ အိမ္ေစလည္း စိတ္ေအးသက္သာ ျဖစ္သြားဟန္နဲ႔ " ဒါဆို ၊ သခင္မေလး ရီ ၊ ၿငိမ္းခ်မ္းတဲ့ ညေလး ျဖစ္ပါေစ ။ တစ္ခုခု လိုအပ္တာ ရိွရင္ ဘဲတီးၿပီး ကြၽန္ေတာ့္ကို အခိ်န္မေရြး ေခၚလို႔ ရပါတယ္ "

" ေကာင္းပါၿပီ ။ ေက်းဇူးပဲ " ရီ၀မ္၀မ္ ေခါင္းညိတ္ျပလိုက္သည္။

အခန္းထဲတြင္ အ၀တ္အစားေတြ နဲ႔

တျခား လိုအပ္သည့္ ပစၥည္းအားလံုး ရိွေနၾကပါ၏ ။

ရီ ၀မ္၀မ္ ။ ဗီ႐ိုထဲကေန ခ်စ္စရာေကာင္းလွသည့္ ပန္းေရာင္ ညအိပ္၀တ္စံုေလးကို ထုတ္လိုက္ၿပီး ေရခ်ဳိးဖို႔ရာ ေရခ်ဳိးခန္းထဲ ဦးတည္သြားလိုက္သည္။

မိန္းကေလးေတြဆိုသည္မွာ ေရခ်ဳိးၿပီဆိုရင္ျဖင့္ အခ်ိန္ အရမ္းၾကာၾကသည္ ျဖစ္ရကား ။

သူမ ေရခ်ဳိးၿပီးသည့္အခ်ိန္မွာ နာရီ၀က္ ေက်ာ္ေနေလၿပီ။

ရီ၀မ္၀မ္ ဆံပင္ကို သုတ္ရင္း ေရခ်ဳိးခန္း တံခါးကို ဖြင့္လိုက္ခ်ိန္ ။

စီရီဟန္သည္ အလြန္အကြၽံကို ႐ိုမန္တစ္ဆန္ၿပီး မိန္းကေလး ဆန္လွသည့္ မင္းသမီးေလး အိပ္ရာေပၚ ထိုင္ေနသည္ကို

ျမင္လိုက္မိရာ ။သူ ေစာင့္ေနတာ ဘယ္ေလာက္ၾကာသြားျပီ

ဆိုတာေတာ့ သူမ မေသခ်ာပါေသာ္ျငား။

ရီ ၀မ္၀မ္ တခနေလာက္ စိတ္႐ႈပ္သြားမိပါ၏ ။

ထို႔ေနာက္ ျမန္ျမန္ ေျပာလိုက္သည္ ။

" ကြၽန္မဆံပင္ကို ဒ႐ိုင္ယာ မႈတ္ၿပီးရင္

ခရင္မ္ လိမ္းလိုက္ဦးမယ္ေနာ္ ။

ခနေလးဆို ၿပီးေတာ့မွာပါ.... "

စီရီဟန္ စကားျပန္မလာတာမို႔ ရီ၀မ္၀မ္ မွန္တင္ခံုေရွ႕ ထိုင္လိုက္ၿပီး ဆံပင္ကို ေျခာက္ေအာင္ လုပ္ေတာ့သည္။

ထိုအခ်ိန္ စီရီဟန္သည္ကား ကုတင္စြန္းမွာပင္

သူမကို တိတ္ဆိတ္စြာျဖင့္ ထိုင္ေစာင့္လို႔ ေနရင္း ။

သူမရဲ႕ ဆံပင္ေတြ အေျခာက္ခံေနပံု ၊ သူမ မ်က္ႏွာေပၚမွ

ေရစက္ေလးေတြ တြဲလြဲခိုေနပံု ၊ မ်က္ႏွာလိမ္း ပစၥည္းေတြ ျဖစ္ၾကသည့္ မ်က္လံုးတစ္၀ိုက္ လိမ္းတဲ့ ခရင္မ္ ၊ မိတ္ကပ္ဖ်က္ ခရင္မ္...... လိမ္းေနပံု တို႔ကို ေစာင့္ၾကည့္လို႔ေနရင္း ။

သူ႕ရဲ႕အၾကည့္တို႔သည္ သူမ ဆီကေန တစ္စကၠန္႔မွ မခြာ ။

ရီ၀မ္၀မ္ အႏီွေယာက်္ားရဲ႕ မ်က္ႏွာသည္ အနည္းငယ္

စိတ္အလိုမက်ပံု ေပၚေနတာကို မွန္ထဲကတဆင့္ သတိျပဳမိသြားပါ၏ ။

သူမ စီရီဟန္ရဲ႕ မ်က္ႏွာေပၚမွာ ဒီစကားလံုးေတြ အတိုင္းသား ေပၚေနသည္ကို ထူးထူဆန္းဆန္း ခံစားလိုက္ရ၏ : မင္း ဘာေၾကာင့္ အခုထိ မင္းရဲ႕ အရွင္မင္းႀကီး ကို အေဖာ္လာမျပဳေသးတာလဲ......

ဟူ ၍ ။

ရီ ၀မ္၀မ္ အျမန္လုပ္ရေတာ့၏ ။ သူမရဲ႕ မ်က္ႏွာကို ျမန္ျမန္ လိမ္းလိုက္ၿပီး အားလံုးကို အေ၀းႀကီး တြန္းပို႔လိုက္ရင္း

" ၿပီးၿပီ ၊ ၿပီးၿပီ ။ သြားၾကမယ္ ! "

💖💖💖💖💖💖💖💖💖💖💖💖💖💖💖

အခန္း ၆၃ : အံ့ဩစရာပဲ !



ရီ၀မ္၀မ္ ရဲ႕ အခန္းက ခ်စ္ရာေကာင္းတဲ့ idol အခန္းေလးနဲ႔ တူၿပီး စီရီဟန္ ရဲ႕ အခန္းမွာ က်င္း ဥယ်ာဥ္က အနက္ေရာင္အိပ္ရာလိုမ်ဳိး

မႈန္မိႈင္းလို႔ေနသည္ ။

ရီ၀မ္၀မ္ ေရာက္သြားသည့္အခ်ိန္ အထဲမွာ

တစ္ေယာက္ေယာက္ ေစာင့္ေနေလ၏ ။

သူကား စီရီဟန္ရဲ႕ သီးသန္႔ ဆရာ၀န္ မို ရႊမ္း ပင္။

သူတို႔ ႏွစ္ေယာက္ ၀င္လာတာကို ျမင္လိုက္သည္ႏွင့္ မို ရႊမ္း မတ္တပ္ရပ္လိုက္ၿပီး " သခင္ေလး ၉ ၊ သခင္မေလး ရီ "

ဒီအခ်ိန္ႀကီး သူ႕ရဲ႕အိပ္ခန္းထဲ မိုရႊမ္း ေရာက္ေနသည့္အေပၚ

စီရီဟန္ အကြၽမ္း၀င္ေနေလဟန္ ။ သူ႕ရဲ႕အိပ္ရာဆီသို႔သာ

အမူအရာမရိွ ဆက္ေလွ်ာက္သြားေနသည္။

ရီ၀မ္၀မ္ စီရီဟန္အေနာက္ကေန လိုက္လာရင္း သူမရဲ႕ ေျခလွမ္းတို႔ အနည္းငယ္ တံု႔ဆိုင္းသြားၿပီး " ကြၽန္မ ရိွေနတာ ရွင္တို႔ကို အေႏွာင့္ယွက္ေပးသလိုမ်ား ျဖစ္သြားမလား ? "

စီရီဟန္ကို အိပ္ေမြ႕ခ်ေနစဥ္ ဘယ္သူ႕ကိုမွ

ေႏွာင့္ယွက္ခြင့္ မျပဳေၾကာင္း သူမ သိထားျခင္းပင္။

မို ရႊမ္း ရီ၀မ္၀မ္ကို ၾကည့္လိုက္သည္ —— သီအိုရီအရ

ဆိုရင္ေတာ့ သူမက အေႏွာင့္အယွက္လို႔ ေျပာလို႔ရတယ္ ။ အိပ္ေမြ႕ခ်တယ္ဆိုတာမ်ဳိးက အျပင္လူေတြ မရိွဘဲ လံုး၀ကို ဆိတ္ၿငိမ္တဲ့ ေနရာ ျဖစ္ေနဖို႔ လိုအပ္ပါ၏ ။

သို႔ေသာ္ အဲဒီညက ကိစၥကို ေတြးမိတာရယ္ ၊

ရီ၀မ္၀မ္က စီရီဟန္ကိုယ္တိုင္ ေခၚလာတဲ့သူ ျဖစ္ေနတာရယ္ ။

သူ သူမကို ေမာင္းေတာ့ မထုတ္ရဲ ။

" အရင္ဆံုး ဒီအတိုင္းပဲ စမ္းၾကည့္ တာေပါ့ "

" အိုး " ရီ၀မ္၀မ္ ေခါင္းညိတ္လိုက္ပါ၏ ။

အိပ္ရာေပၚမွာ လွဲၿပီးေနသည့္ စီရီဟန္သည္ သူမေလး အေ၀းမွာ ရပ္လို႔ေနဆဲ ျဖစ္ေနတာကို ျမင္သြားၿပီး မ်က္ေမွာင္ၾကဳတ္လာေလၿပီ။

ရီ၀မ္၀မ္ နည္းနည္း စိတ္႐ႈပ္ေထြးလို႔ သြားသည္။ စီရီဟန္

သူမကို အေဖာ္ျပဳေပးဖို႔ ေျပာခဲ့တယ္ ဆိုေပမယ့္ " အေဖာ္ျပဳပါ "

ဆိုတဲ့ အဓိပၸာယ္ကို သူမ အခုထိ နားမလည္ႏိုင္ေသး။ ၿပီးေတာ့ မိုရႊမ္းသည္လည္း အနားမွာ ရိွေနေလရာ အိပ္ရာေပၚက သူ႕နံေဘးမွာ ၀င္လွဲဖို႔ဆိုတာက သူမအေနျဖင့္ ရွက္စရာ ေကာင္းေနျပန္ရာ ။

" ဒီနားလာ " ရီ၀မ္၀မ္ တံု႔ဆိုင္းတံု႔ဆိုင္း လုပ္ေနတာေၾကာင့္ မေကာင္းဆိုး၀ားႀကီးရဲ႕ စိတ္ရွည္ႏိုင္မႈတို႔ ဂိတ္ဆံုးလာသည္ ။

အႏၲရာယ္ အေငြ႕အသက္ကို ခံစားမိလိုက္မိတာမို႔

ရီ၀မ္၀မ္ ခ်က္ခ်င္းပင္ သြားလိုက္ၿပီး ကုတင္စြန္းေပၚ ထိုင္ခ်လိုက္သည္ႏွင့္။

ေနာက္တစ္စကၠန္႔တြင္ သူ႕ရဲ႕လက္တံအရွည္ႀကီးကို ဆန္႔ထုတ္လာၿပီး သူမခႏၶာကိုယ္ေလးကို သိမ္းႀကံဳးထားေတာ့သည္ ။ သူမရဲ႕ခါးေလးကို ဖက္ထားရင္း သူ႕ရဲ႕ေခါင္းသည္ သူမရဲ႕ ၀မ္းဗိုက္ေပၚ လွဲ၀င္လာရကား။

ရီ ၀မ္၀မ္ ကုတင္အစြန္းကို မီွထားရင္း ။

သူမရဲ႕ခႏၶာကိုယ္ကို ေခါင္းအံုးသဖြယ္ အျပဳခံေနရေသာ္ျငား ။

သူမ တစ္လက္မေလးမွ မေရႊ႕ရဲ။

မိုရွြမ္းသည္ကား ကုသမႈအတြက္ ျပင္ဆင္ေနရင္း အလုပ္႐ႈပ္လို႔ ေနေလသည္။ ရီ၀မ္၀မ္ရဲ႕ သေဘာထား ေျပာင္းလဲလာတဲ့အေပၚ

အနည္းငယ္ေတာ့ အံ့ဩလို႔ေနေလ၏ ။

အရင္တုန္းကဆို ရီ၀မ္၀မ္က စီရီဟန္ကို ေၾကာက္စရာႀကီးလို႔ပဲ ျမင္ေနခဲ့ေပမယ့္ အရမ္းကို ေခါင္းမာတာ ။

သခင္ေလးဆီ လက္နက္ခ်ဖို႔ဆို အၿမဲ ျငင္းဆန္ေနခဲ့တာခ်ည္းပဲ ။

ေတာ္ေသးတယ္။ ဒီမိန္းမမွာ မေကာင္းတဲ့ ရည္ရြယ္ခ်က္ ရိွမေနလို႔ ။ ရိွေနခဲ့ရင္လည္း အက်ဳိးဆက္ကို ခံစားမွာက သူမ ကိုယ္တိုင္ပါပဲေလ။

ေဘးလူတစ္ေယာက္အေနနဲ႔ ျကည့္ရင္ေတာ့ မိန္းကေလးရဲ႕ဆႏၵကို ဂ႐ုမစိုက္ဘဲ သူ႕ရဲ႕ေဘးမွာပဲ အတင္း ရိွေနခိုင္းေနတဲ့ စီရီဟန္က မွားေနတယ္။

ဒါေပမယ့္ ငရဲကေန တြားသြားၿပီး ထြက္လာတဲ့ ဒီ စိတ္ခံစားခ်က္မဲ့တဲ့ လူကို မွန္ေနပါတယ္၊ မွားေနပါတယ္ လို႔ေရာ သြားေျပာလို႔ ရပါ့မလား ? အဓိပၸာယ္မရိွတာ ။

တခနအတြင္း အားလံုး အဆင္သင့္ျဖစ္သြားေခ်ၿပီ။

မို ရႊမ္း ကုတင္အစြန္းကို ေလွ်ာက္သြားလိုက္ၿပီး

" သခင္ေလး ၉ ၊ ကြၽန္ေတာ္တို႔ စေတာ့မယ္ေနာ္ "

အိပ္ရာေပၚက စီရီဟန္သည္ ခြန္းတံု႔ျပန္မလာ။

" သခင္ေလး ၉ ? "

မို ရႊမ္း ေနာက္တစ္ႀကိမ္ ထပ္ေခၚလိုက္ျပန္သည္။

စီရီဟန္ တံု႔ျပန္လာျခင္း မရိွဆဲ ။

ေနာက္ဆံုးမွာမွ စီရီဟန္သည္ သူ႕မ်က္လံုးေတြကို မိွတ္လို႔ အိပ္ေမာက်ေနၿပီဆိုတာကို ရီ၀မ္၀မ္ သိသြားေလရာ။

" သခင္ေလး ၉ က အိပ္ေပ်ာ္သြားၿပီနဲ႔ တူတယ္ ။

ေဒါက္တာ မို ၊ ရွင္က အရမ္း အံ့ဩဖို႔ ေကာင္းတာပဲ ! "

"...."

အခ်ိန္အၾကာႀကီး တိတ္ဆိတ္သြားေတာ့သည့္ မို ရႊမ္း ။

ဒီ ျမင္ကြင္းကို ထပ္ေတြ႕ရျပန္တာေၾကာင့္

သူ႕ရဲ႕ မ်က္ႏွာမွာ လံုး၀ မင္သက္သြားလ်က္။

ဘယ္ဟာက အရမ္းအံ့ဩဖို႔ေကာင္းေနတာလဲ ?

ငါ့မွာျဖင့္ တစ္ခုေလးေတာင္ မလုပ္လိုက္ရဘူး !

သူကား အိပ္ေပ်ာ္ေန႐ံုတင္မဟုတ္ ။ အရမ္းႀကီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ကို အိပ္ေမာက်ေနျခင္းပင္။ သူ႕ရဲ႕နံေဘးမွ စကားေျပာဆိုသံတို႔သည္ပင္ သူ႕အတြက္ အေႏွာင့္အယွက္ ျဖစ္မေနသေယာင္ ။

မိုရႊမ္း စိတ္ခံစားခ်က္တို႔ ေရာယွက္သြားလ်က္။

စီရီဟန္ ပံုမွန္အတိုင္း အိပ္ေပ်ာ္သြားတာေတြက

တကယ္ပဲ ဒီမိန္းမ ေၾကာင့္လား ?

ဒါဆိုရင္ ငါ ဘာလို႔ အရင္တုန္းက မသိခဲ့ရတာလဲ ?

ျပီးေတာ့ ရီ၀မ္၀မ္လည္း ဘာမွကို မလုပ္ခဲ့ပါဘူး ။ ဟုတ္တယ္မွတ္လား ?

💖💖💖💖💖💖💖💖💖💖💖💖💖💖

ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖

Chapter. : 62 + 63

Original novel : Perfect Secret Love

Translator. : Goddess

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

အခန်း ၆၂ : မင်းရဲ့ အရှင်မင်းကြီးကို အဖော်မပြုသေးဘူးလား ?



ဒါ.... ဒီငိုသံပေါက်နေတဲ့အသံက ဘာလဲဟ ! ?

သူမရဲ့ လည်တိုင်နားဆီက အသက်ရှူသံ နွေးနွေးလေးရယ်၊

သူမရဲ့ နားနားဆီက အိပ်ချင်မူးတူးသံပျော့ပျော့လေးရယ် ကြောင့် ရီဝမ်ဝမ် စကားပင် မပြောနိုင်တော့။

စီရီဟန်ကြီး သေတော့မှာလား ?

အံ့ဩသွားတာကြောင့်ပဲလား ?

စီရီဟန် လုပ်နေသည့် ပုံလေးသည်

ချစ်စရာကောင်းလွန်းနေတာကြောင့်ပဲလား ?

ရီဝမ်ဝမ် ။ သူမ မသိလိုက်မိခင်မှာပင် ခေါင်းညိတ်ပြီးနေပြီ။

ဘာဖြစ်နေတာလဲဆိုတာကို သူမ နားလည်သွားသည့်အချိန် ။

စီရီဟန်သည် ထပြီးလို့ လမ်းပင်လျှောက်နေလေပြီ ။

သူတို့ ပြန်ရောက်လျှင်ရောက်ချင်း

အစေခံတွေက သူတို့အား နွေးထွေးစွာဖြင့် ။

" သခင်လေး ၉ ၊ သခင်မလေး ရီ ! သခင်မလေး ရီ အတွက်

အခန်း တစ်ခန်း ပြင်ပေးထားဖို့ကို သခင်မကြီး သေသေချာချာ မှာထားပါတယ်။ သခင်မလေး ရီ ၊ အခု အနားယူချင်နေပြီလား ခင်ဗျာ ? ကျွန်တော် သခင်မလေးရဲ့ အခန်းကို လိုက်ပြပေးပါမယ် ! "

သူမ စီရီဟန်ရဲ့ ဆွဲဆောင်မှုမှာ အငိုက်မိသွားပြီး သူ့ကို အဖော်ပြုပေးဖို့ ကတိပေးပြီးသား ဖြစ်သွားလေရာ သူမမှာ ရွေးချယ်စရာ မရှိ တော့။ ရီဝမ်ဝမ် စီရီဟန်ကို ကြည့်လိုက်ပြီး " ကျွန်မပစ္စည်းတွေ သွားထားပြီး အရင် ရေချိုးလိုက်ဦးမယ် ။ ပြီးမှဘဲ ရှင့်ဆီကို လာခဲ့မယ်နော် "

စီရီဟန်သည် အိပ်ချင်စိတ်တို့ ပြယ်လွင့်နေပြီ ဖြစ်သော်ငြား

စိတ်တော့ ကြည်မနေသေး ။သို့သော် သဘောတူလိုက်ပါ၏ ။ " အင်း "

ရီဝမ်ဝမ်လည်း အစေခံနောက် လိုက်သွားလိုက်ပါ၏ ။

ဒုတိယထပ်ကို ရောက်လာလေရာ ။

" သခင်မလေး ရီ ၊ ဒီအခန်းပါ ခင်ဗျာ "

အိမ်စေသည် တံခါးကို တွန်းဖွင့်လိုက်ရင်း ပြောခြင်း။

တံခါးပွင့်သွားသည့်နောက် သူမ မြင်လိုက်ရသည်က ။

တစ်ခန်းလုံးသည် ပန်းရောင် ။ ပန်းရောင် အိပ်ရာခင်း ၊ ပန်းရောင် လိုက်ကာ ၊ ပန်းရောင် ကော်ဇော ။ ခေါင်းရင်းတွင် ရာဇပလ္လင်ပုံစံ အနည်းငယ်ရှိပြီး အပေါ်တွင်တော့ ရိုမန်တစ် ဆန်ဆန် အမိုးလေး ရှိနေသည်။ အဲဒါက စိတ်ကူးယဉ်ဆန်ပြီး မိန်းကလေးလည်း ဆန်လှပါ၏။

ဒါက.... ငါ့ရဲ့ အရင်ဘဝတုန်းက အဘွားအပေါ် တော်တော်ကြီး နားလည်မှု လွဲခဲ့တာပဲ ။ ငါ့ ကို မကောင်းဆိုးဝါးလို့ပဲ မြင်မယ်လို့ ထင်နေခဲ့မိတာ။ တကယ်တော့ အဘွားက ငါ့ ကို တကယ့်

မြေးချွေးမ လောင်းလေး အနေနဲ့ သဘောထားခဲ့တာပါလား ။ မဟုတ်ရင် ငါနဲ့ စီရီဟန် တွဲနေပါပြီ ဆိုရုံလေးနဲ့ ငါ့အတွက် အခန်းတစ်ခန်း ပြင်ပေးတာ ဒီလောက်ကြီး အားထုတ်ထားစရာမှ မလိုတာ ။ ဘွားက ငါ့ကို သူမရဲ့ မြေးအရင်းလို ဆက်ဆံနေတာလို့တောင် ပြောလို့ရနေပြီ။

ဒါပေမယ့်....ငါကတော့ ငါ့ရဲ့အရင်ဘဝမှာ ပြသနာတွေချည်း

လှိမ့်ရှာနေပြီး တစ်ခုချင်းစီတိုင်း လိုက်ရှုံချနေခဲ့မိပါလား ။

" သခင်မလေး ၊ ဒီအခန်းကို အကြိုက်တွေ့ပါရဲ့လား ?

တကယ်လို့ မကြိုက်တာတစ်ခုခုများ ရှိနေရင် ကျွန်တော်တို့

ချက်ချင်း ပြောင်းပေးပါမယ် " အိမ်စေသည် ကြောက်ရွံ့စွာဖြင့် တွန့်ဆုတ်တွန့်ဆုတ် ပြောလာခြင်း။

ကြားကြားချင်း ရီဝမ်ဝမ် အံ့ဩသွားမိသည်။ ထို့နောက်မှ

" ဒုက္ခမရှာပါနဲ့ ။ ကျွန်မ ဒီအခန်းကို အရမ်း ကြိုက်ပါတယ် ။ ကျေးဇူးပြုပြီး ဘွားကို ကျေးဇူးတင်စကား ပါးပေးပါဦးနော် ! "

ထိုအခါမှ အိမ်စေလည်း စိတ်အေးသက်သာ ဖြစ်သွားဟန်နဲ့ " ဒါဆို ၊ သခင်မလေး ရီ ၊ ငြိမ်းချမ်းတဲ့ ညလေး ဖြစ်ပါစေ ။ တစ်ခုခု လိုအပ်တာ ရှိရင် ဘဲတီးပြီး ကျွန်တော့်ကို အချိန်မရွေး ခေါ်လို့ ရပါတယ် "

" ကောင်းပါပြီ ။ ကျေးဇူးပဲ " ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်သည်။

အခန်းထဲတွင် အဝတ်အစားတွေ နဲ့

တခြား လိုအပ်သည့် ပစ္စည်းအားလုံး ရှိနေကြပါ၏ ။

ရီ ဝမ်ဝမ် ။ ဗီရိုထဲကနေ ချစ်စရာကောင်းလှသည့် ပန်းရောင် ညအိပ်ဝတ်စုံလေးကို ထုတ်လိုက်ပြီး ရေချိုးဖို့ရာ ရေချိုးခန်းထဲ ဦးတည်သွားလိုက်သည်။

မိန်းကလေးတွေဆိုသည်မှာ ရေချိုးပြီဆိုရင်ဖြင့် အချိန် အရမ်းကြာကြသည် ဖြစ်ရကား ။

သူမ ရေချိုးပြီးသည့်အချိန်မှာ နာရီဝက် ကျော်နေလေပြီ။

ရီဝမ်ဝမ် ဆံပင်ကို သုတ်ရင်း ရေချိုးခန်း တံခါးကို ဖွင့်လိုက်ချိန် ။

စီရီဟန်သည် အလွန်အကျွံကို ရိုမန်တစ်ဆန်ပြီး မိန်းကလေး ဆန်လှသည့် မင်းသမီးလေး အိပ်ရာပေါ် ထိုင်နေသည်ကို

မြင်လိုက်မိရာ ။သူ စောင့်နေတာ ဘယ်လောက်ကြာသွားပြီ

ဆိုတာတော့ သူမ မသေချာပါသော်ငြား။

ရီ ဝမ်ဝမ် တခနလောက် စိတ်ရှုပ်သွားမိပါ၏ ။

ထို့နောက် မြန်မြန် ပြောလိုက်သည် ။

" ကျွန်မဆံပင်ကို ဒရိုင်ယာ မှုတ်ပြီးရင်

ခရင်မ် လိမ်းလိုက်ဦးမယ်နော် ။

ခနလေးဆို ပြီးတော့မှာပါ.... "

စီရီဟန် စကားပြန်မလာတာမို့ ရီဝမ်ဝမ် မှန်တင်ခုံရှေ့ ထိုင်လိုက်ပြီး ဆံပင်ကို ခြောက်အောင် လုပ်တော့သည်။

ထိုအချိန် စီရီဟန်သည်ကား ကုတင်စွန်းမှာပင်

သူမကို တိတ်ဆိတ်စွာဖြင့် ထိုင်စောင့်လို့ နေရင်း ။

သူမရဲ့ ဆံပင်တွေ အခြောက်ခံနေပုံ ၊ သူမ မျက်နှာပေါ်မှ

ရေစက်လေးတွေ တွဲလွဲခိုနေပုံ ၊ မျက်နှာလိမ်း ပစ္စည်းတွေ ဖြစ်ကြသည့် မျက်လုံးတစ်ဝိုက် လိမ်းတဲ့ ခရင်မ် ၊ မိတ်ကပ်ဖျက် ခရင်မ်...... လိမ်းနေပုံ တို့ကို စောင့်ကြည့်လို့နေရင်း ။

သူ့ရဲ့အကြည့်တို့သည် သူမ ဆီကနေ တစ်စက္ကန့်မှ မခွာ ။

ရီဝမ်ဝမ် အနှီယောကျ်ားရဲ့ မျက်နှာသည် အနည်းငယ်

စိတ်အလိုမကျပုံ ပေါ်နေတာကို မှန်ထဲကတဆင့် သတိပြုမိသွားပါ၏ ။

သူမ စီရီဟန်ရဲ့ မျက်နှာပေါ်မှာ ဒီစကားလုံးတွေ အတိုင်းသား ပေါ်နေသည်ကို ထူးထူဆန်းဆန်း ခံစားလိုက်ရ၏ : မင်း ဘာကြောင့် အခုထိ မင်းရဲ့ အရှင်မင်းကြီး ကို အဖော်လာမပြုသေးတာလဲ......

ဟူ ၍ ။

ရီ ဝမ်ဝမ် အမြန်လုပ်ရတော့၏ ။ သူမရဲ့ မျက်နှာကို မြန်မြန် လိမ်းလိုက်ပြီး အားလုံးကို အဝေးကြီး တွန်းပို့လိုက်ရင်း

" ပြီးပြီ ၊ ပြီးပြီ ။ သွားကြမယ် ! "

💖💖💖💖💖💖💖💖💖💖💖💖💖💖💖

အခန်း ၆၃ : အံ့ဩစရာပဲ !



ရီဝမ်ဝမ် ရဲ့ အခန်းက ချစ်ရာကောင်းတဲ့ idol အခန်းလေးနဲ့ တူပြီး စီရီဟန် ရဲ့ အခန်းမှာ ကျင်း ဥယျာဉ်က အနက်ရောင်အိပ်ရာလိုမျိုး

မှုန်မှိုင်းလို့နေသည် ။

ရီဝမ်ဝမ် ရောက်သွားသည့်အချိန် အထဲမှာ

တစ်ယောက်ယောက် စောင့်နေလေ၏ ။

သူကား စီရီဟန်ရဲ့ သီးသန့် ဆရာဝန် မို ရွှမ်း ပင်။

သူတို့ နှစ်ယောက် ဝင်လာတာကို မြင်လိုက်သည်နှင့် မို ရွှမ်း မတ်တပ်ရပ်လိုက်ပြီး " သခင်လေး ၉ ၊ သခင်မလေး ရီ "

ဒီအချိန်ကြီး သူ့ရဲ့အိပ်ခန်းထဲ မိုရွှမ်း ရောက်နေသည့်အပေါ်

စီရီဟန် အကျွမ်းဝင်နေလေဟန် ။ သူ့ရဲ့အိပ်ရာဆီသို့သာ

အမူအရာမရှိ ဆက်လျှောက်သွားနေသည်။

ရီဝမ်ဝမ် စီရီဟန်အနောက်ကနေ လိုက်လာရင်း သူမရဲ့ ခြေလှမ်းတို့ အနည်းငယ် တုံ့ဆိုင်းသွားပြီး " ကျွန်မ ရှိနေတာ ရှင်တို့ကို အနှောင့်ယှက်ပေးသလိုများ ဖြစ်သွားမလား ? "

စီရီဟန်ကို အိပ်မွေ့ချနေစဉ် ဘယ်သူ့ကိုမှ

နှောင့်ယှက်ခွင့် မပြုကြောင်း သူမ သိထားခြင်းပင်။

မို ရွှမ်း ရီဝမ်ဝမ်ကို ကြည့်လိုက်သည် —— သီအိုရီအရ

ဆိုရင်တော့ သူမက အနှောင့်အယှက်လို့ ပြောလို့ရတယ် ။ အိပ်မွေ့ချတယ်ဆိုတာမျိုးက အပြင်လူတွေ မရှိဘဲ လုံးဝကို ဆိတ်ငြိမ်တဲ့ နေရာ ဖြစ်နေဖို့ လိုအပ်ပါ၏ ။

သို့သော် အဲဒီညက ကိစ္စကို တွေးမိတာရယ် ၊

ရီဝမ်ဝမ်က စီရီဟန်ကိုယ်တိုင် ခေါ်လာတဲ့သူ ဖြစ်နေတာရယ် ။

သူ သူမကို မောင်းတော့ မထုတ်ရဲ ။

" အရင်ဆုံး ဒီအတိုင်းပဲ စမ်းကြည့် တာပေါ့ "

" အိုး " ရီဝမ်ဝမ် ခေါင်းညိတ်လိုက်ပါ၏ ။

အိပ်ရာပေါ်မှာ လှဲပြီးနေသည့် စီရီဟန်သည် သူမလေး အဝေးမှာ ရပ်လို့နေဆဲ ဖြစ်နေတာကို မြင်သွားပြီး မျက်မှောင်ကြုတ်လာလေပြီ။

ရီဝမ်ဝမ် နည်းနည်း စိတ်ရှုပ်ထွေးလို့ သွားသည်။ စီရီဟန်

သူမကို အဖော်ပြုပေးဖို့ ပြောခဲ့တယ် ဆိုပေမယ့် " အဖော်ပြုပါ "

ဆိုတဲ့ အဓိပ္ပာယ်ကို သူမ အခုထိ နားမလည်နိုင်သေး။ ပြီးတော့ မိုရွှမ်းသည်လည်း အနားမှာ ရှိနေလေရာ အိပ်ရာပေါ်က သူ့နံဘေးမှာ ဝင်လှဲဖို့ဆိုတာက သူမအနေဖြင့် ရှက်စရာ ကောင်းနေပြန်ရာ ။

" ဒီနားလာ " ရီဝမ်ဝမ် တုံ့ဆိုင်းတုံ့ဆိုင်း လုပ်နေတာကြောင့် မကောင်းဆိုးဝားကြီးရဲ့ စိတ်ရှည်နိုင်မှုတို့ ဂိတ်ဆုံးလာသည် ။

အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်မိတာမို့

ရီဝမ်ဝမ် ချက်ချင်းပင် သွားလိုက်ပြီး ကုတင်စွန်းပေါ် ထိုင်ချလိုက်သည်နှင့်။

နောက်တစ်စက္ကန့်တွင် သူ့ရဲ့လက်တံအရှည်ကြီးကို ဆန့်ထုတ်လာပြီး သူမခန္ဓာကိုယ်လေးကို သိမ်းကြုံးထားတော့သည် ။ သူမရဲ့ခါးလေးကို ဖက်ထားရင်း သူ့ရဲ့ခေါင်းသည် သူမရဲ့ ဝမ်းဗိုက်ပေါ် လှဲဝင်လာရကား။

ရီ ဝမ်ဝမ် ကုတင်အစွန်းကို မှီထားရင်း ။

သူမရဲ့ခန္ဓာကိုယ်ကို ခေါင်းအုံးသဖွယ် အပြုခံနေရသော်ငြား ။

သူမ တစ်လက်မလေးမှ မရွှေ့ရဲ။

မိုရွှမ်းသည်ကား ကုသမှုအတွက် ပြင်ဆင်နေရင်း အလုပ်ရှုပ်လို့ နေလေသည်။ ရီဝမ်ဝမ်ရဲ့ သဘောထား ပြောင်းလဲလာတဲ့အပေါ်

အနည်းငယ်တော့ အံ့ဩလို့နေလေ၏ ။

အရင်တုန်းကဆို ရီဝမ်ဝမ်က စီရီဟန်ကို ကြောက်စရာကြီးလို့ပဲ မြင်နေခဲ့ပေမယ့် အရမ်းကို ခေါင်းမာတာ ။

သခင်လေးဆီ လက်နက်ချဖို့ဆို အမြဲ ငြင်းဆန်နေခဲ့တာချည်းပဲ ။

တော်သေးတယ်။ ဒီမိန်းမမှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိမနေလို့ ။ ရှိနေခဲ့ရင်လည်း အကျိုးဆက်ကို ခံစားမှာက သူမ ကိုယ်တိုင်ပါပဲလေ။

ဘေးလူတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ မိန်းကလေးရဲ့ဆန္ဒကို ဂရုမစိုက်ဘဲ သူ့ရဲ့ဘေးမှာပဲ အတင်း ရှိနေခိုင်းနေတဲ့ စီရီဟန်က မှားနေတယ်။

ဒါပေမယ့် ငရဲကနေ တွားသွားပြီး ထွက်လာတဲ့ ဒီ စိတ်ခံစားချက်မဲ့တဲ့ လူကို မှန်နေပါတယ်၊ မှားနေပါတယ် လို့ရော သွားပြောလို့ ရပါ့မလား ? အဓိပ္ပာယ်မရှိတာ ။

တခနအတွင်း အားလုံး အဆင်သင့်ဖြစ်သွားချေပြီ။

မို ရွှမ်း ကုတင်အစွန်းကို လျှောက်သွားလိုက်ပြီး

" သခင်လေး ၉ ၊ ကျွန်တော်တို့ စတော့မယ်နော် "

အိပ်ရာပေါ်က စီရီဟန်သည် ခွန်းတုံ့ပြန်မလာ။

" သခင်လေး ၉ ? "

မို ရွှမ်း နောက်တစ်ကြိမ် ထပ်ခေါ်လိုက်ပြန်သည်။

စီရီဟန် တုံ့ပြန်လာခြင်း မရှိဆဲ ။

နောက်ဆုံးမှာမှ စီရီဟန်သည် သူ့မျက်လုံးတွေကို မှိတ်လို့ အိပ်မောကျနေပြီဆိုတာကို ရီဝမ်ဝမ် သိသွားလေရာ။

" သခင်လေး ၉ က အိပ်ပျော်သွားပြီနဲ့ တူတယ် ။

ဒေါက်တာ မို ၊ ရှင်က အရမ်း အံ့ဩဖို့ ကောင်းတာပဲ ! "

"...."

အချိန်အကြာကြီး တိတ်ဆိတ်သွားတော့သည့် မို ရွှမ်း ။

ဒီ မြင်ကွင်းကို ထပ်တွေ့ရပြန်တာကြောင့်

သူ့ရဲ့ မျက်နှာမှာ လုံး၀ မင်သက်သွားလျက်။

ဘယ်ဟာက အရမ်းအံ့ဩဖို့ကောင်းနေတာလဲ ?

ငါ့မှာဖြင့် တစ်ခုလေးတောင် မလုပ်လိုက်ရဘူး !

သူကား အိပ်ပျော်နေရုံတင်မဟုတ် ။ အရမ်းကြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ကို အိပ်မောကျနေခြင်းပင်။ သူ့ရဲ့နံဘေးမှ စကားပြောဆိုသံတို့သည်ပင် သူ့အတွက် အနှောင့်အယှက် ဖြစ်မနေသယောင် ။

မိုရွှမ်း စိတ်ခံစားချက်တို့ ရောယှက်သွားလျက်။

စီရီဟန် ပုံမှန်အတိုင်း အိပ်ပျော်သွားတာတွေက

တကယ်ပဲ ဒီမိန်းမ ကြောင့်လား ?

ဒါဆိုရင် ငါ ဘာလို့ အရင်တုန်းက မသိခဲ့ရတာလဲ ?

ပြီးတော့ ရီဝမ်ဝမ်လည်း ဘာမှကို မလုပ်ခဲ့ပါဘူး ။ ဟုတ်တယ်မှတ်လား ?

💖💖💖💖💖💖💖💖💖💖💖💖💖💖

ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Continue Reading

You'll Also Like

161K 7.7K 23
လက်ထပ်ဖို့သွားတဲ့လမ်းမှာပဲ ဓားမြတွေရဲ့တိုက်ခိုက်ခြင်းကိုခံရပြီး မောပန်းပြီးဆာလောင်နေတဲ့စိတ်ကုန်ဖို့ကောင်းတဲ့ ဓားမြ‌ တွေကြားမှာ သူမကိုလာမကယ်သေးခင်အထိ...
300K 20.6K 108
Season -1❗Completed ❗ Zawgyi ~~~~~~~ Lyana လို႔ေခၚတဲ့မိန္းကေလးတစ္ေယာက္ကR-19သံုးပြင့္ဆိုင္ Novel တစ္ပုဒ္ထဲကိုေရာက္သြားၿပီး သူမကိုယ္တိုင္ေတာင္ဘယ္သူမွန္...
91.3K 6.7K 66
# Credit to Original Author #From"Manga Toon " App မင်းသားရှန်းနန်ကျောက် က သူ့အစ်ကိုတော် အိမ်ရှေ့စံမင်းသားနဲ့ သူငယ်ကျွမ်းဆွေ သူငယ်ချင်း မလေးတို့ လက်...
Story By Noe

Short Story

22.3K 1.7K 12
Short story ​ေလး​ေတြပါ​ေနာ္​ ဘာသာျပန္မဟုတ္ပါ Tmnkhon ပိုင္ဆိုင္သည့္ story မ်ားသာျဖစ္သည္။