သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The cultu...
Av __Charm
170K 13.7K 952
ခေတ်အဆက်ဆက်ရဲ့ယဉ်ကျေးမှုက တစ်ဦးအပေါ်ထားတဲ့တစ်ဦးရဲ့ချစ်ခြင်းမေတ္တာဖြစ်မယ်ဆိုရင် ငါ့ခေတ်ရဲ့ယဉ်ကျေးမှုက မင်းအပေါ်ထာ... Mer
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း (၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အချစ်ကိုသိချိန်
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)Final episode
Thank letter from Charm
Unicode ver . 1
Unicode ver.2
Unicode ver.3
Unicode ver.4
Unicode ver.5
Unicode ver.6
Unicode ver.7
Unicode ver.8
Unicode ver.9
Unicode ver.10
Unicode ver.11
Unicode ver.12
Unicode ver.13
Unicode ver.14
Unicode ver.15
Unicode ver.16
Unicode ver.17
Unicode ver.18
Unicode ver.19
Unicode ver.20
Unicode ver.21
Unicode ver.22
Unicode ver.23
Unicode ver.24
Unicode ver.25
Unicode ver.26
Unicode ver.27
Unicode ver.28
Unicode ver.29
Unicode ver.30
Unicode ver.31
Unicode ver.32
အပိုင်း(၉)
3.3K 280 15
Av __Charm
Episode 9
မနက်မိုးလင်းနေပြီဖြစ်ကြောင်း ဖွင့်ထားသော ပြတင်း
ပေါက်တွေကနေ တစ်ဆင့် ငှက်ကလေးတွေ တေးသီသံများက ပြောပြနေသည်။နေရောင်ပျော့ပျော့
လေးကိုလဲ လိုက်ကာဖြူဖြူလေးတွေကြားကနေ
မြင်ရတစ်ချက် မမြင်ရတစ်ချက် ခံစားမိနေသည်။ Kong
က တစ်ဝက်ဖွင့်လက်စ မျက်လုံးတွေကို ကျုံးယုံးပိတ်
ပစ်ကာ~~~
"စောစောစီးစီး လူအိပ်ချိန်ကို ဘာလို့ တံခါးတွေ လိုက်ကာတွေ ဖွင့်ထားတာတုန်းကွာ~~ကြီးကြီး Pang"
မျက်လုံးကို မဖွင့်ဘဲ အော်ခေါ်နေသော Kong အနား
သို့ မည်သူမျှ ရောက်မလာ။ထို့ကြောင့် Kong က သူ့ဘာ
သာသူပဲ မျက်လုံးလေး ဖွင့်ကာ ဘေးဘီဝဲယာကြည့်မိ
သည်။
"ခင်ဗျား~~ခင်ဗျားဗျာ~~ ဒီမှာ ရှိနေရက်နဲ့ ဘာလို့ အသံ
မပေးတာလဲ~~"
"မင်းခေါ်တာ ကြီးကြီး Pang ကိုလေ~~ငါ့ကိုမှ မဟုတ်တာ"
"ဘာပဲဖြစ်ဖြစ်ဗျာ~~အဲလိုက်ကာတွေ ပြန်ပိတ်ပေးစမ်းပါ"
Kong က လက်ညှိုးလေးနဲ့ ပိတ်ဆိုသော သဘောပြလာ
သဖြင့် Arthit က ဝှီးချဲလေးကို လိုက်ကာနဲ့ဝေးရာ စားပွဲ
ခုံဘက်ကို တွန်းသွားမိသည်။ထိုအဖြစ်ကို ငေးမောကာသာ
ကြည့်နေမိသော Kong ထံသို့ စားပွဲပေါ်က စားပွဲတင်
နာရီခပ်သေးသေးလေးနဲ့ ပစ်ပေါက်လိုက်သည်။ထိစေလို
သော ရည်ရွယ်ချက်ကြောင့် မဟုတ်သဖြင့် စောင်ပေါ်ကို
သာ ကျသွားသော နာရီလေးကို Kong က ကြည့်ပြီး
Arthit ကို ပြန်ကြည့်လိုက်သည်။Arthit ကလဲ နာရီဆီ
ကို မေးငေါ့ပြကာ~~~
"ဘယ်အချိန်ရှိပြီလဲ~~~"
"ဟာဗျာ~~ခုမှ ရှစ်နာရီပဲ ရှိသေးတာကို~~ဒါ လူအိပ်
ချိန်ဗျ~~နှစ်နာရီလောက်မှ လိုက်ကာဖွင့်~~"
"ဒီမှာ~~ဒီအချိန်က လူအိပ်ချိန်ဆိုလဲ လူပျင်းတွေအိပ်
ချိန်ပဲဖြစ်မှာ~~ယောက်ျားကောင်းတစ်ယောက်က တစ်နေ့တစ်နေ့ နေဖင်ထိုးအောင် မအိပ်တတ်ဘူး။ယောက်ျားပျင်းကျောခင်းတဲ့ မင်းကြား
ဖူးလား~~"
Arthit ရဲ့အပြောကြောင့် Kong က ဆံပင်ဖြူလွလွလေတွေကို တစ်ချက်ဖွရင်း~~~
"မသိဘူး~~ကြားလဲမကြားဖူးဘူး~~ဘယ်သူမှလဲ
ခင်ဗျားလို မပြောဘူး~~ရှင်းလား~~"
"အေး~~ထင်သားပဲ~~ဘယ်သူမှ မပြောလို့ ဒီလိုဆိုး
သွမ်းနေတာ~~ဘာပဲဖြစ်ဖြစ် ထတော့~~"
Kong က ကျစ်ခနဲ အသံပြုလိုက်ရင်း~~
"ဘာလဲကွာ~~ ဒီမှာ ကျွန်တော် ခင်ဗျားကို ကားတင်ပြေး
တာ လက်ထပ်ဖို့နော်~~အုပ်ထိန်းသူနေရာကနေ တဖျစ်တောက်တောက် ပြောဖို့  ငှားလာတာမဟုတ်ဘူး~"
"လက်ထပ်တယ်ဆိုကတည်းက သူ့စည်းသူ့ကမ်းအတိုင်း
ဖြစ်လာပြီလေ~~အရင်က မင်းပရမ်းပတာနေပေမယ့်
အခု မင်းက အိမ်ထောင်သည်လေ~~မင်းနဲ့အတူနေ
တဲ့ တစ်ဖက်ကလူကိုလဲ အားနာမှပေါ့~~တစ်နေ့တစ်နေ့
မူလီလို ရစ်နေတာနဲ့ အချိန်ကုန်မနေနဲ့~~"
Arthit က ဝှီးချဲပြောမှာ ထိုင်ရင်းပြောနေသော စကားများ
ကို Kong က တအံ့တဩ နားထောင်နေမိသည်။ဒီလို
ဆိုတော့လဲ ရောဂါသည်က တကယ့်လူကောင်းအတိုင်းပဲ။
"ခင်ဗျားကြည့်ရတာ~~ကျွန်တော့်လို သူဌေးသား ဥစ္စာပေါ ရုပ်ချောနဲ့ လက်ထပ်ရလို့ အပျော်ကြီး ပျော်
နေတယ်ထင်တယ်~~~လက်ထပ်တယ်ဆိုတာကို လက်ခံ
ပြီးပြောနေပါလား~~"
Arthit က သူ့အပြောကြောင့် ခပ်စိမ်းစိမ်းစိုက်ကြည့်ရင်း
"ငါက လက်တွေ့သမား~~ဘာလဲ မင်းထင်နေတာ ငါက
မင်းနဲ့လက်ထပ်ရလို့ စိတ်ညစ်နေမယ် ကိုယ့်ကိုကိုယ်
ယူကြုံးမရဖြစ်နေမယ်~~တငိုငို တရယ်ရယ်နဲ့ မစားနိုင်
မသောက်နိုင်ဖြစ်နေမယ် ထင်လို့လား~~စိတ်ချ မင်းဖြစ်
စေချင်သလို လုံးဝမဖြစ်စေရဘူး~~ဟွန့်"
Arthit အပြောကြောင့် Kong က စောင်ကိုခွာကာ ကုတင်
ပေါ်ကနေ ခုန်ဆင်းလာခဲ့လိုက်သည်။သူ့ကြည့်ရတာ တကယ်ကို သူနဲ့ Kong ရင်းနှီးနေသလိုကို ပြုမူပြနေတာ
ပါလေ။
"ဟုတ်ပြီလေ~~ကြိုက်တယ်~~ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဒီလိုတွေအတိုက်အခံ ဖြစ်လာတော့ အဆင့်တစ်ခု ထားရအောင်~~"
"ဘာကိုလဲ~~~"
Kong က ပြုံးစိစိ မျက်နှာထားကို အဓိပ္ပါယ်ဖော်မရသည်မို့ Arthit က မေးလိုက်တော့သည်။
"အရင်စချစ်မိတဲ့လူ ဝန်ခံရမယ်~~လိမ်လို့မရဘူး မညာ
ရဘူး~~ချစ်လာတာကို ဝန်ခံရမယ်~~~"
Kong ရဲ့အပြောကြောင့် Arthit က စိန်လိုက်လေ ဆို
သော မျက်နှာဘေးလေးနှင့်~~~
"လုပ်ပေါ့~~ငါက ရှုံးမှာ မဟုတ်ဘူး~~"
"ချစ်မိသွားတဲ့တစ်နေ့ တစ်ယောက်ရှေ့မှာ ရှုံးတဲ့လူက
ဒူးထောက်ပြီး ပြောရမယ်~~"
Arthit က ငြိမ်နေသည်မို့~~~
"Philophobia တွေ ဘာတွေ နားမလည်ဘူး~~ကျွန်
တော့်ကို ချစ်မိသွားရင် ရဲရဲသာလာပြော ~~နော်"
Kong က မထိတထိစလာသဖြင့် Arthit က ခပ်ပါးပါး နှုတ်ခမ်လေးကို ကိုက်လိုက်ပြီး~~
"သေပါ့လား~~~ဖယ်~~"
သူ့ဝှီးချဲပေါ်လက်တင်ထားသော Kong လက်များကို
ဖယ်ကာ နောက်ကိုဆုတ်ထွက်လာဖို့အလုပ်~~Kong
က Arthit ပါးလေးကို ဖျတ်ခနဲကိုင်လိုက်သည်။
"မောင်သေရင် ကလေး ငိုနေမှာစိုးလို့~~"
တုန်တက်သွားသော Arthit အဖြစ်ကြောင့် Kong က
သဘောတကျပဲဖြစ်ကာ ရယ်ရင်း ရေချိုးခန်းထဲ ပြေး
ဝင်သွားမိတော့သည်။
"Kongpob~~မင်း နောက်ကို ငါ့အသားလာမထိနဲ့~~
ငါမကြိုက်ဘူး~~ကြားလား~~အရူးကောင်~~ကလေး
လို့လဲ လာမခေါ်နဲ့~~မင်းခေါ်တာ နားခါးတယ်~~ဟွန့်"
ရေချိုးခန်းဘက်ကိုသာ လှည့်အော်နေလိုက်ပြီး တံခါးလေး
ဖွင့်ကာ အပြင်ထွက်သွားတော့သည်။Kong ကလဲ Arthit
ကို ထိလိုက်တိုင်း တုန်တက်သွားသော ပုံစံလေး ပြန်တွေး
မိကာ သဘောတကျရယ်နေမိသည်။ဘယ်မိန်းကလေးနဲ့မှ
မခေါ်ဖြစ် မသုံးဖြစ်သေ နာမ်စားများကို Arthit တစ်
ယောက်တည်းအတွက် သုံးနေမိလေခြင်း။
^^ ဩော် ~~ ခက်တာက ကိုယ်တွေက ဇာတ်လမ်းထဲက
လို ဖြစ်မလာတာပဲ~~^^
သွားတိုက်ဆေးထည့်ပြီးသော သွားတိုက်တံအဝါရောင်
လေးကို လက်ကနေ ပါးစပ်ထဲထည့်လိုက်တော့သည်။
~~~~~~~
Dear တစ်ယောက် သတင်းစာမှာ ပါလာသော Arthit
ပုံလေးကို သေသေချာချာကြည့်နေမိသည်။ခေါင်းစဉ်က
လဲ~~~
^^Universe ပိုင်ရှင်သား Kongpob နဲ့ သားဖွားမီးယပ်
ဆရာဝန်ရဲ့သား Arthit တို့ရဲ့ မင်္ဂလာသတင်း^^
ထူးဆန်းသော သတင်းကြောင့် Dear က တပ်ထားသော
မျကိမှန်လေးကို ချွတ်လိုက်ပြီး မျက်နှာကို လက်နဲ့
သတ်လိုက်သည်။ငါ့သား ဘာတွေ လုပ်နေတာလဲ။
ငယ်ချစ်ဦးရဲ့အချစ်အတွက် သားကိုတောင် ပစ်ထား
ရက်နိုင်တဲ့အဖေဆိုပြီး ယူကျုံးမရဖြစ်တာထက် ပို
ဖြစ်မိသည်။ထိုသတင်းက သားလေးရဲ့နာမည်ကို ကျဆင်း
စေနိုင်တဲ့ သတင်းကြီးဖြစ်သည်။ဒီလို နိုင်ငံရဲ့ဟိုးဟိုးကျော်
တွေက ဘာလို့ဒီလိုဖြစ်တာလဲဆိုတဲ့ မေးခွန်းတွေ လက်
မခံသူတိုင်းမှာ ရှိနေနိုင်ပေသည်။
Anong ဆီ ဖုန်းတစ်ချက်ဆက်လိုက်သည်။ကွာရှင်း
ထားသော်လည်း သားမျက်နှာကြောင့် စကားခေါ်ခေါ်ပြော
ပြော ရှိနေသေးသည်မို့ Anong သိပြီးပြီလား သူသိချင်
မိသည်။၂၄နာရီ သားကို အချိန်မပေးနိုင်သည်မို့ အခုလဲ
သူသိမှသိပါ့မလားလို့ Dear တွေးနေမိသည်။
"ဟယ်လို Anong~~"
"ပြော~~"
"မင်း သိပြီးပြီလား သားကိစ္စ"
"သိတယ်~~Universe ပိုင်ရှင်ရဲ့သားနဲ့ကိစ္စမလား။ကျွန်မ အဲကိစ္စကြောင့် အခု ချင်းမိုင်ရောက်နေတယ်"
"မင်းကွာ~~သားလေးတစ်ယောက်တည်း ရှိတာကွ~~
အဖိုးတန်ငါ့သားကို~~ငါသိတယ်~~မင်းအလုပ်ကိုပဲ ဦး
စားပေးနေလို့~~မင်း အတ္တကြီးနေလို့~~ငါတို့သားလေး
ခုလိုတွေ ဖြစ်နေတာ~~"
"ဒီမှာ~~ပိုနေမြဲ ကျားနေမြဲနေပါ~~Khun Dear
ရှင့်အနေနဲ့ ဖခင်တစ်ယောက်ဖြစ်တာမှန်တယ်ဆိုပြီး
ဒီလိုတွေ ထင်တိုင်းလာမပြောနဲ့~~ကျွန်မလဲ ကိုယ့်သား
ကို ချစ်တယ်~~ရှင်မသိသေးတဲ့ တစ်ချို့အရာတွေကြောင့်
တောင် သားကို အဝေးမှာ မထားနိုင်လို့ ပြန်ခေါ်လိုက်တာ
မသိရင် ဘာမှ  ဝင်မပြောပါနဲ့လား~~အချိန်သိပ်အားနေ
ရင် ရှင့်ငယ်ချစ်ဦးဆီပဲ သွားအချိန်ဖြုန်းလိုက်ပါ"
Anong က သူ့စကားတွေ အပြီးမှာ ဖုန်းကို ပိတ်ချလိုက်
သည်။ မနေ့က TV မှာသိလိုရသော Universe မိသားစု
နေရာကို Anong အရောက်လာခဲ့ပြီဖြစ်သည်။ကားပေါ်
က ဆင်းကာ ကျွန်းတွေနဲ့ ပုံဖော်ထားသော ထိုအိမ်ထဲသို့
Anong ခြေများလေးလံစွာ လှမ်းမိတော့သည်။
^^သားရေ~~Mae လာပြီ^^
~~~~~~~
"ဒါဟာ မင်းအဖေတွေ ကိုယ်တိုင်တောင်းဆိုလို့ အဒေါ်လုပ်
ပေးခဲ့တာပဲ ရှိတာ~~အဒေါ့်သဘောနဲ့ အဒေါ် ဘာမှ
လုပ်ခွင့်မရှိပါဘူး~~မင်းလဲ ပညာတတ်လူငယိပဲ~~ဒီ
လောက်တော့ နားလည်မှာပါ~~"
Kong က အနားက ပန်းအိုးထဲက ကြာပန်းတွေကို
တစ်ဖတ်ချင်းခြွေနေရင်း Anong ကို ခပ်စူးစူးကြည့်လိုက်သည်။
"ခင်ဗျားသာ မလုပ်ပေးနိုင်ဘူး ငြင်းရင် ကျွန်တော် ဒီလို
မနာကျင်ရနိုင်ဘူး~~ထားပါလေ~~အတိတ်မှာ ရှိပါစေ
တော့~~ပစ္စုပ္ပန်ကတော့ ကျွန်တော့်အလှည့်ပေါ့~~
ဒီတစ်ခါတော့ ခင်ဗျား ခံစားကြည့်ဦးပေါ့~~Yaoi အတွဲရဲ့ မိသားစုဝင်ဆိုတာ လူပုံအလယ်မှာ ဘယ်လိုဖြစ်ရတယ်ဆိုတာလေး~~~ဟားဟားဟား"
Kong ရဲ့ လူယုတ်မာ ရယ်သံကြီးက အိမ်ကြီးမှာ ကျယ်
လောင်စွာ ထွက်ပေါ်နေသည်မို့ Arthit အနေနဲ့ ကျောတောင်ချမ်းသွားမိသည်။
ဝှီးချဲလေးနဲ့ Mae နားကပ်သွားဖို့ ကြံနေသော Arthit
ရဲ့ လက်ကိုင်ကို Kong က ဖမ်းဆွဲထားလိုက်သည်။
"ကျွန်တော်သိထားတယ်!! သူက philophobia ရောဂါရှိတယ်ဆိုတာ~~ဘာပဲဖြစ်ဖြစ် ကျွန်တော်က ရအောင်ယူရမှာပဲ လေ~~ကျွန်တော့်ရဲ့အိပ်မက်ကိုက ခင်ဗျား အသည်းနှလုံးကို ဓားနဲ့မွှမ်းဖို့~~~"
"တော်တော့ သား"
ဝင်တားလိုက်သူက Joy ။သားရဲ့ရိုင်းစိုင်းမှုတွေကြောင့်
Khun Anong ကိုရော Arthit ကိုပါ မဝံ့မရဲ ကြည့်နေ
ရသည့်အဖြစ်။
"ကျွန်တော်က ဒီအပတ်ထဲ ရိုးရာပုံစံနဲ့ မင်္ဂလာဆောင်ချင်တယ်~~~"
"မဖြစ်ဘူး~~~မဆောင်ပါနဲ့~~အဒေါ်တောင်းပန်ပါတယ်
သားလေးရောဂါ ပိုဆိုးလာမှာ စိုးလို့ပါ~~"
"သေလောက်တဲ့ ရောဂါလဲ မဟုတ်ဘူး~~ပိုမနေနဲ့~"
မသေနိုင်ဘူးလို့ မပြောနိုင်ဘူး~~အပြင်က ဒဏ်ရာတွေက
အလွယ်မြင်ရပြီး ပျောက်ဖို့ ဆေးရှိပေမယ့် အတွင်းစိတ်က
မမြင်ရတဲ့ဒဏ်ရာကို ဘယ်လိုဆေးဝါးနဲ့ ကုသရပါ့မလဲ။
ပန်းတွေကို အကုန်ခြေယူအပြီးမှာတော့ Arthit ကိုပွေ့ယူ
ကာ လူကြီးတွေရှေ့က ထရပ်လိုက်သည်။Anong ရှိနေ
မှန်းသိလို့ သပ်သပ်ပိုလုပ်ပြတာဖြစ်၏။Anong ကလဲ သူ့သားရဲ့ချစ်ရမှာကြောက်တဲ့ရောဂါပိုဆိုးမသွားအောင် စိုးရိမ်ကြီးသောမျက်ဝန်းများနဲ့ ကြည့်နေရှာသည်။Arthit
ခမျာ သူ့အသားကို ထိသည်မို့ ဇောချွေးလေးများစို့နေ
၏။
"မောင်က ကလေးကို ရ အောင် ကို ယူ မှာ~~~"
တစ်လုံးချငိးစီအား Arthit မျက်လုံးကိုစေ့စေ့ကြည့်ကာ
ပြောလိုက်ပြီး Arthit ပါးလေးကို ဖျတ်ခနဲ နမ်းရှိုက်ပြလိုက်ကာ အိမ်ပေါ်ထပ်ကို လှမ်းတက်သွားသည်။
ဖြူဖျော့နေသည့် Arthit မျက်နှာလေးကို သူသိသည်။
သို့သော် Anong ကိုမြင်လျှင် Arthit အပေါ် အမုန်းနဲ့
သာ မြင်နေတတ်သည်မို့ သူ့စိတ်သူထိန်းမရနိုင်။အနာဂတ်
မှာ Anong ပိုမို စွက်ဖက်လာရင် Arthit အနာဂတ် ပိုမို
နာကျင်ရလေ ဖြစ်တော့မယ့်ကို Anong အချိန်မီ သိဖို့
သာ ဆုတောင်းမိသည်။
ပွေ့ချီလာသော ကိုယ်လေးမှာ ရေခဲသဖွယ်အေးစက်နေ
သည်ကိုပင် Kong ဂရုမစိုက်ဘဲတံခါးကို ခပ်ကြမ်းကြမ်း
ဆောင့်ပိတ်လိုက်သည်။တစ်မျိုးတစ်မည်မထင်ထင်အောင်
လုပ်နေသည့် သူ့အဖြစ်ကို သူတွေးကာ သဘောကျမိ သော်လည်း တုန်ရီနေပြီး မျက်ရည်အဝေ့သားလေးနဲ့ Arthit ကိုကြည့်ကာလဲ ရယ်ချင်ရပြန်သည်။
"ခင်ဗျားရဲ့ philophobia မပျောက်သရွေ့ ကျွန်တော်
ကတော့ နမ်းနေဦးမှာပဲ"
သူ့အပြောကြောင့် အခုပဲ ငိုချတော့မည့် ရုပ်ကလေးနဲ့
ဖြစ်နေရှာသော Arthit ကို အိပ်ရာပေါ်ချပေးလိုက်ကာ
ကုတင်စွန်းက ထိုင်ကြည့်နေမိသည်။ရှက်လွန်းတာလား
မသိ ကြောက်လွန်းတာလားမသိ မျက်ရည်အဝဲသား မျက်လုံးလေးတွေက သူ့ကိုမကြည့်ဘဲ တောင်ကြည့်မြောက်ကြည့်နဲ့~~~ထို့နောက် ကြိတ်ကာ တောင့်ခံနေသည်မို့ တုန်တုန်ရီရီဖြစ်လာသော သူ့အနား
Kong သွားထိုင်လိုက်ချိန်~~~
"ဝေါ့~~~"
သူ့ရင်ဘတ်က အင်္ကျီကို ဆွဲကာ ရေတွေ အန်ချလိုက်သည့်အဖြစ်ကို Kong သက်ပြင်းချပြီး ငြိမ်
နေမိတော့သည်။ဘာမှလဲ မပြောနိုင်။ကိုယ်ကပဲ သူ့လန့်
အောင် သွားစလိုက်သည်မဟုတ်ပါလား ~~~။ထပ်အန်
ပါစေတော့လို့သာ Arthit ကျောလေးကို ဖွဖွလေး ပွတ်
ပေးမိသည့်ကိုယ့်အဖြစ်။ Anong မပါတဲ့အခါ ကျွန်တော်တို့နှစ်ယောက်ဘဝက ကြယ်လေးတွေလိုပဲ။
တစ်ခါတစ်ရံလင်းလက်သွားလိုက် တစ်ခါတစ်ရံ မှေးမှိန်
သွားလိုက်နဲ့ ။သေချာတာကတော့ သူတို့ရဲ့ မူလအလင်း
ရောင် လေးကတော့ မပျောက်ပါဘူး။ဒီလိုပဲ~~ကျွန်တော်
သာ စိတ်ဒဏ်ရာတွေ မတွေးမိဘဲနေတဲ့အခါ ကျွန်တော်
တို့ကြားမှာလဲ မူလစိတ်ရင်းလေးတွေ ရှိနေကြတာပဲဖြစ်မယ်။ ~~~~
Coming 10~~~
Fortsätt läs
Du kommer också att gilla
214K 24.2K 34
26K 4K 30
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
567K 49.3K 29
Taekook Fanfiction Jeon Kim Own creation
1.4K 122 7
Gyujin...... ( U+Z )