အပိုင်း(၁၀)

3.4K 270 8
                                    

Episode 10

ချင်းမိုင်မှာ အကြီးဆုံး မင်္ဂလာပွဲလို့ ဆိုရလောက်အောင်
ကို ခမ်းနားလွန်းလှသည်။လိင်တူချင်း လက်ထပ်တဲ့
ပွဲဆိုပြီး တစ်ချို့က နှာခေါင်းရှုံကြသော်လည်း မျိုးရိုးက
မခေသည်မို့ အားနာပါးနာ မျက်နှာကောင်းရအောင်
လာရောက် ဂုဏ်ပြုပေးကြမည်ကို Kong က ကြိုသိနေ
သည်။မင်္ဂလာပွဲကိုတော့ Kong အကြိုက် ရိုးရာပုံစံနဲ့
ပြင်ဆင်ထားသည်မို့ Kong အနေနဲ့ သဘောတွေ့လှသည်။

Arthit ကတော့ ဝှီးချဲပေါ်မှာထိုင်ကာ ပြင်ဆင်နေရင်း
ဘေးနားက မျက်ရည်တွေလည်နေသော Mae ကို လှည့်ကြည့်လိုက်သည်။

"Mae ~~ မငိုပါနဲ့~~ သားကိုစိတ်ချပါ~~"

Mae လက်ဖဝါးလေးများကို ဆုပ်ယူလိုက်ပြီး အားပေး
သည်မို့ Mae က အငိုမျက်လုံး အပြုံးမျက်နှာလေးနှင့်~

"အင်းပါ သားရယ်~~တကယ်လို့ စိတ်ထဲမှာ ကျဉ်းကျပ်
လာရင် Mae ကို ဖုန်းဆက်နော်~~အချိန်မရွေးဆက်လို့
ရပါတယ်~~"

"Mae ရယ်~~ရပါတယ်~~ ကျွန်တော် နေတတ်ပါတယ်"

"Mae သားကို အချိန်မပေးနိုင်လို့ ငါ့သားလေး ထိခိုက်ခဲ့တာ ၂ခါရှိနေပြီ~~သားလေးသာ နောက်တစ်ခါ တစ်ခုခုထပိဖြစ်ရင် Mae ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင် လောက်ဘူး~"

"ကိုယ့်ကိုကိုယ် အပြစ်တင်တာတွေ ရပ်ပါတော့~~ကျွန်
တော် အကောင်းဆုံးကြိုးစားပြီး အကြွေးဆပ်ပေးလိုက်
ပါ့မယ်~~ဒါဆို ဒီကောင်လေး ခံစားနေရတာတွေလဲ
အချိန်တစ်ခုရောက်ရင် သက်သာ သွားမှာပါ~~"

Mae က ကျဆင်းသွားသော မျက်ရည်များနှင့်အတူ
အပြုံးလေးစွက်ကာ ခေါင်းညိမ့်ပြသည်။Mae ဘယ်လို တွေ ခံစားနေရမလဲဆိုတာ သူနားလည်နိုင်ပါသည်။

"Mae~~ကျွန်တော်လေ~~~Mae~~ Mae ကို~~"

Mae က ကျွန်တော့်ပါးလေးကို ဖွဖွလေးပွတ်ကာ~~

"Mae လဲ ငါ့သားလေးကို ချစ်ပါတယ်~~"

ခေါင်းလေးကို ဖွဖွလေးနမ်းလာသည်မို့ Arthit မျက်လုံး
လေးများပိတ်လိုက်သည်။အချိန်တစ်ခုရောက်ရင် Mae
အနား ကျွန်တော်ရောက်အောင် ပြန်လာခဲ့ပါ့မယ်~~

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now