" ခ်မ္းျပန္လာၿပီ...... ဆက္ ''
ခ်ိဳျမျမ... ႐ွတတ အသံ...
စြဲလမ္းခဲ့ရသည့္ကိ္ုယ္သင့္နံ႕...
ၿပီးေတာ့ မ်က္စိေ႐ွ႕မွာျမင္ေနရသည့္ သူမကိုဖက္တြယ္ထားသည့္လက္ကေလးေတြ... ။
ဒါေတြဟာ ေသခ်ာေပါက္ ခ်မ္းျမျမကိုမွာသာ ႐ွိႏိုင္ေသာ သူမစြဲလမ္းရသည့္ အခ်က္မ်ား... ။
သူမဟာ ခ်မ္းျမျမကိုဆိုတာ ဦးေႏွာက္ကလက္ခံေနေသာ္လည္း အႀကိမ္ႀကိမ္အခါခါ... အေၾကာင္းျပခ်က္မဲ့စြာ အေခ်ခံထားရေသာ ႏွလံုးသားေလးက ခ်မ္းျမျမကို ဟုတ္ပါ့မလားဆိုတာကို ခ်င့့္ခ်ိန္ေတြးေတာေနရေသးသည္ ။
" ေတာင္းပန္ပါတယ္ ကေလးရယ္... ''
တစ္ခ်ိဳ႕အေၾကာင္းအရာေတြက နားမလည္ႏိုင္ေလာက္ေအာင္ ႐ႈပ္ေထြးတယ္ ခ်မ္း... ဥပမာ ႏွစ္ေပါင္းမ်ားစြာ ျဖစ္တည္ေနတဲ့ မေက်နပ္မႈတစ္ခုက ေတာင္းပန္ပါတယ္ဆိုတဲ့ စကားေလးကိုၾကားလိုက္ရတာနဲ႔ ေပ်ာက္သြားသလိုမ်ိဳးေပါ့...
ဆက္ သူမေနာက္ေက်ာဘက္ကို ျဖည္းျဖည္းခ်င္းလွည့္ၾကည့္လိုက္သည္ ။
သူမအလြန္အမင္းေတြ႔ခ်င္ေနေသာ...
မေက်နပ္ခ်က္ေတြမ်ားခဲ့ေသာ...
သိခ်င္သည့္အေၾကာင္းအရာေတြမ်ားလြန္းေသာ...
ပေဟဠိမ်ားႏွင့္ မိန္းကေလး ခ်မ္းျမျမကို... ။
သို႔ေသာ္ သူမအေပၚမွာထား႐ွိသည့္ ေမတၱာတရားသည္လည္း လိုသည္ထက္ပိုေနသည္ကို သူမကိုယ္တိုင္ေတာင္ ေသခ်ာသိပါ့မလား...။
ဆက္ သူမလက္ကေလးကိုဆြဲကာ အုတ္နံရံအကြယ္သို႔ေခၚသြားမိသည္ ။ ေနာက္ထက္ ထပ္ၿပီးေပ်ာက္ကြယ္သြားမွာစိုး၍ လက္ေတြကိုမလႊတ္ဘဲ ႏွစ္ဖက္စလံုးကိုေျမႇာက္ကာ အုတ္နံရံႏွင့္ သူမခႏၶာကိုယ္ၾကားမွာ ခ်မ္းရဲ႕ကိုယ္ေသးေသးေလး ညပ္ေနေအာင္ ဖိထားမိသည္ ။
" ေျပာစမ္းပါ ခ်မ္း... အျမဲတမ္း ဘာလို႔ ဆက္နားမလည္တဲ့စကားလံုးေတြကိုဘဲ ေျပာေနရတာလဲ ဘာလို႔ ထြက္ထြက္ေျပးတာလဲ... ဘာလို႔ အဆက္အသြယ္မလုပ္ဘဲ အၾကာႀကီးပစ္ထားရတာလဲ... ''
" ခ... ခဏေလာက္လႊတ္ပါဦးဆက္ရယ္... ခ်မ္းထြက္မေျပးပါဘူး... ၿပီးေတာ့ ဒီမွာလက္ေတြနာေနၿပီ ''
မ်က္ႏွာေလး ႐ွံဳ႕မဲ့ကာ ခြၽဲႏြဲ႔ႏြဲ႔အသံေလးႏွင့္ေျပာလာေတာ့လည္း ဒီလူကမခံႏိုင္ပါ ။ ျဖဴေဖြးေသာ အသားအေရေပၚမွာ နီရဲရဲႏႈတ္ခမ္းေလးကိုလည္း အထက္စီးကေတြ႔ေနရသျဖင့္ ရင္ခုန္သံေတြေတာင္ ျမန္ခ်င္လာသလိုလို ။ သူမကိုယ္တိုင္လည္း ဘာျဖစ္လို႔ ျဖစ္ေနမွန္းမသိ ။
ဆက္ သူမလက္ေတြကိုအားေလ်ာ့ေပးလိုက္ေသာ္လည္း ခ်မ္း၏လက္သြယ္သြယ္ေလးေတြကိုေတာ့ ကိုင္ထားျမဲကိုင္ထားဆဲပင္ ။
ဒီလို အခ်ိန္ေလးမွာ ဆက္ ညစ္ပတ္သင့္တယ္လို႔ထင္တယ္ ခ်မ္း ။ လူကို သူ႔ထက္ငယ္တယ္ဆိုၿပီး အထင္မေသးရဲေအာင္ ဆက္ကိုထပ္ၿပီး အႏိုင္ယူခြင့္ျပဳ ။
" အဲ့ဒါဆို ေျပာ... ဘာလို႔ ဒီလိုေတြေနခဲ့ရတာလဲ... ''
" အေၾကာင္း႐ွိလို႔ေပါ့ ဆက္ရယ္... ခ်မ္းအတြက္... အေရးႀကီးတဲ့သူတစ္ေယာက္အတြက္... ခ်မ္း ဒီလိုေတြလုပ္ေနခဲ့ရတာ... ''
" နားလည္ေအာင္ေျပာကြာ.. ခ်မ္းေျပာလိုက္ရင္ အျမဲမ႐ွင္းမ႐ွင္းနဲ႔... ''
" ဒီထက္ပိုၿပီး မ႐ွင္းျပႏိုင္ေတာ့ဘူးဆက္... အခ်ိန္တန္ရင္ ဆက္နားလည္မွာပါ.. အဲ့က်ေတာ့ခ်မ္းကိုေက်းဇူးတင္ေနလိမ့္မယ္ ''
" ဟာကြာ... ခ်မ္းမေကာင္းဘူး... ဆက္သိပ္ကိုသိခ်င္ေနၿပီ ခ်မ္းရဲ႕... ''
ဘုရားေရ... အႏွီကေလးစုတ္က ဒီလိုလည္းခြၽဲတတ္ပါသလား... ေခါင္းတခါခါ ႏႈတ္ခမ္းတဆူဆူေျပာေနေသာ ကေလးစုတ္ပံုစံက သိပ္ကိုခ်စ္ဖို႔ေကာင္းေနသည္ ။ ခုနက သူ႔ကိုဖက္လိုက္ကတည္းက စည္းခ်က္မမွန္ေသာရင္ခုန္သံတို႔ကအခုေတာ့ စိန္ေျပးတမ္းကစားသလို ကဆုန္ေပါက္ၿပီး ေျပးလႊားေနၾကကုန္ရဲ႕... ။
" လာပါ ဆက္ရယ္... ခ်မ္း ဒီမွာဘြားတို႔ကို ကန္ေတာ့ဖို႔မုန္႔ေတြဝယ္လာတယ္... အိမ္ေျပာင္းသြားၿပီးကတည္းက ခ်မ္းမွာ ဘြားတို႔နဲ႔မေတြ႔ရေတာ့တာေလ... လာပါေနာ္... ''
သူမကဘဲ ဦးေဆာင္ကာ ဆက္လက္ကေလးကိုဆြဲၿပီး သူတို႔အိမ္ဘက္ကိုထြက္လာခဲ့သည္ ။ ကေလးစုတ္ကေတာ့ ယက္ကန္ယက္ကန္ မလိုက္ခ်င္လိုက္ခ်င္ႏွင့္ပါလာ၏ ။
သိရဲ႕လား.. ဆက္ စိတ္ေကာက္ေနရင္ သိပ္ကိုခ်စ္ဖို႔ေကာင္းတယ္ဆိုတာ...
🌺🌺
မေတြ႔ရတာၾကာေသာ ဘြားႏွင့္ဘက ခ်မ္းလာေတာ့သိပ္ကိုေပ်ာ္ေနၾကသည္ ။ မနက္စာေတြလည္း အဝေကြၽးၿပီး အဆင္ေျပရင္ဒီမွာညအိပ္ဖို႔ေတာင္ေျပာေနသည္ ။
သို႔ေသာ္ ေက်ာင္းတြင္းေဆာင္ေနေသာ ခ်မ္းအတြက္က အဆင္မေျပ ။ အေဆာင္မွဴးဆီမွာ လက္မွတ္မထိုးခဲ့တာမို႔ အျပင္မွာညအိပ္ခြင့္မ႐ွိ ။
ထို႔ေၾကာင့္ မၾကာခင္ မိသားတစ္စုလံုး အရင္အိမ္ေလးမွာ ျပန္ေနၾကေတာ့မည္ျဖစ္၍ ထိုက်မွသာညတိုင္းလာအိပ္မည္ျဖစ္ေၾကာင္း အခ်ိဳသတ္ကာေခ်ာ့ရျပန္၏ ။
ယခုေတာ့ ခ်မ္းသည္ ဆက္၏ကုတင္ေလးေပၚ ထိုင္ကာနားၾကပ္တစ္ဖက္ႏွင့္ သီခ်င္းနားေထာင္ေန၏ ။ ခ်မ္း၏ေပါင္ေပၚတြင္ေတာ့ ယခင္က ကေလးေလးလိုမဟုတ္ေတာ့ေသာ အရပ္႐ွည္ကိုင္းကိုင္းႏွင့္ ဆက္ကကုတင္ႀကီးေပၚကန္႔လန္႔ျဖတ္အိပ္ကာ နားၾကပ္တစ္ဖက္တပ္လွၽက္ အိပ္ေပ်ာ္ေနေလ၏ ။
တစ္ခါတစ္ရံ အခ်စ္သည္ စကားလံုးမ်ားႏွင့္ ေဖာ္ျပစရာမလိုေအာင္ ေအးခ်မ္းလြန္းသည္ ။ တိတ္ဆိတ္လြန္း၏ ။ သူမမ်က္ႏွာျမင္ရသည္ႏွင့္ အရာအားလံုး အလိုအေလွၽာက္ၿပီးျပည့္စံုသည္ ။
ဆက္ မ်က္လံုးေတြေတြမွိတ္ထားသျဖင့္ ေကာ့တက္ေနေသာ မ်က္ေတာင္ေလးေတြကိုထင္းေနေအာင္ ျမင္ေနရသည္ ။ ခ်မ္း သူမမ်က္ႏွာအစိတ္အပိုင္း တစ္ခုခ်င္းစီကိုလက္ေခ်ာင္းေလးမ်ားျဖင့္ ခပ္ဖြဖြေလး ထိေတြ႔ေနမိသည္ ။
အိပ္ေပ်ာ္ေနတုန္းအသားယူတယ္လို႔ေျပာခ်င္လည္း ေျပာပါေတာ့ဆက္ရယ္... ။ သိပ္ကိုလွလြန္းလို႔ မ်က္ႏွာေလးကို အလိုလိုတို႔ထိခ်င္လာတယ္ ကေလးငယ္... ။
သုိ႔ေသာ္ ဆက္ကႏိုးလာ၏ ။ အိပ္ခ်င္မူးတူးပံုစံေလးက ခ်မ္းရင္ကိုလႈပ္ခါေစသည္ ။
" ေပါင္နာေနၿပီလား ခ်မ္း... ဆက္အၾကာႀကီးအိပ္လိုက္မိတယ္ထင္တယ္... ''
' မနာပါဘူး ကေလးရယ္... ခု ဆက္ႏိုးၿပီဆိုေတာ့ ခ်မ္းျပန္ေတာ့မယ္... ညေနေစာင္းၿပီဆိုေတာ့ အေဆာင္ျပန္ရေတာ့မယ္ေလ... ''
'' ဆက္လိုက္ပို႔မယ္... ''
ခ်မ္း လက္ခံသည့္အဓိပၸါယ္ပါေသာ အျပံဳးေလးတစ္ပြင့္ကို ဆက္ထံသို႔ လက္ေဆာင္ေပးလိုက္သည္ ။
သူမကိုယ္တိုင္လည္း ဆက္ႏွင့္ အတူ႐ွိေနခ်င္ေသးသည္ေလ ။
" မွတ္မိေသးလား ခ်မ္း... အရင္ကေအာက္ဆင္းေတာ့မယ္ဆို ခ်မ္းကိုေပြ႔ခ်ီၿပီးအျမဲဆင္းရတယ္ေလ... ''
ဆက္က ေျပာေျပာဆိုဆုိ ခ်မ္းကိုယ္လံုးေလးကို ဆတ္ခနဲေကာက္ေပြ႔လိုက္သည္ ။ မ်က္လံုးေလးျပဴးကာ ငွက္ေမႊးေလးလိုပါလာေသာ ခ်မ္းပံုစံေလးက သိပ္ကိုအူယားဖို႔ေကာင္းေနသည္ ။
ဆက္ စိတ္မထိန္းႏိုင္ဘဲ ခ်ီထားလွၽက္ႏွင့္ပင္ခ်မ္းနဖူးျပင္ေလးေပၚသို႔ ဖြဖြေလးနမ္းလိုက္မိသည္ ။
အရာအားလံုးက လွပေနတယ္ခ်မ္း... ။
နဖူးျပင္ေလးနဲ႔ ႏႈတ္ခမ္းနဲ႔အထိမွာ... ဆက္ကိုယ္ထဲကို လွၽပ္စစ္စီးသြားသလို ခံစားလိုက္ရတာကလြဲလို႔ေပါ့............
" ချမ်းပြန်လာပြီ...... ဆက် ''
ချိုမြမြ... ရှတတ အသံ...
စွဲလမ်းခဲ့ရသည့်ကိုယ်သင့်နံ့...
ပြီးတော့ မျက်စိရှေ့မှာမြင်နေရသည့် သူမကိုဖက်တွယ်ထားသည့်လက်ကလေးတွေ... ။
ဒါတွေဟာ သေချာပေါက် ချမ်းမြမြကိုမှာသာ ရှိနိုင်သော သူမစွဲလမ်းရသည့် အချက်များ... ။
သူမဟာ ချမ်းမြမြကိုဆိုတာ ဦးနှောက်ကလက်ခံနေသော်လည်း အကြိမ်ကြိမ်အခါခါ... အကြောင်းပြချက်မဲ့စွာ အချေခံထားရသော နှလုံးသားလေးက ချမ်းမြမြကို ဟုတ်ပါ့မလားဆိုတာကို ချင့့်ချိန်တွေးတောနေရသေးသည် ။
" တောင်းပန်ပါတယ် ကလေးရယ်... ''
တစ်ချို့အကြောင်းအရာတွေက နားမလည်နိုင်လောက်အောင် ရှုပ်ထွေးတယ် ချမ်း... ဥပမာ နှစ်ပေါင်းများစွာ ဖြစ်တည်နေတဲ့ မကျေနပ်မှုတစ်ခုက တောင်းပန်ပါတယ်ဆိုတဲ့ စကားလေးကိုကြားလိုက်ရတာနဲ့ ပျောက်သွားသလိုမျိုးပေါ့...
ဆက် သူမနောက်ကျောဘက်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည် ။
သူမအလွန်အမင်းတွေ့ချင်နေသော...
မကျေနပ်ချက်တွေများခဲ့သော...
သိချင်သည့်အကြောင်းအရာတွေများလွန်းသော...
ပဟေဠိများနှင့် မိန်းကလေး ချမ်းမြမြကို... ။
သို့သော် သူမအပေါ်မှာထားရှိသည့် မေတ္တာတရားသည်လည်း လိုသည်ထက်ပိုနေသည်ကို သူမကိုယ်တိုင်တောင် သေချာသိပါ့မလား...။
ဆက် သူမလက်ကလေးကိုဆွဲကာ အုတ်နံရံအကွယ်သို့ခေါ်သွားမိသည် ။ နောက်ထက် ထပ်ပြီးပျောက်ကွယ်သွားမှာစိုး၍ လက်တွေကိုမလွှတ်ဘဲ နှစ်ဖက်စလုံးကိုမြှောက်ကာ အုတ်နံရံနှင့် သူမခန္ဓာကိုယ်ကြားမှာ ချမ်းရဲ့ကိုယ်သေးသေးလေး ညပ်နေအောင် ဖိထားမိသည် ။
" ပြောစမ်းပါ ချမ်း... အမြဲတမ်း ဘာလို့ ဆက်နားမလည်တဲ့စကားလုံးတွေကိုဘဲ ပြောနေရတာလဲ ဘာလို့ ထွက်ထွက်ပြေးတာလဲ... ဘာလို့ အဆက်အသွယ်မလုပ်ဘဲ အကြာကြီးပစ်ထားရတာလဲ... ''
" ခ... ခဏလောက်လွှတ်ပါဦးဆက်ရယ်... ချမ်းထွက်မပြေးပါဘူး... ပြီးတော့ ဒီမှာလက်တွေနာနေပြီ ''
မျက်နှာလေး ရှုံ့မဲ့ကာ ချွဲနွဲ့နွဲ့အသံလေးနှင့်ပြောလာတော့လည်း ဒီလူကမခံနိုင်ပါ ။ ဖြူဖွေးသော အသားအရေပေါ်မှာ နီရဲရဲနှုတ်ခမ်းလေးကိုလည်း အထက်စီးကတွေ့နေရသဖြင့် ရင်ခုန်သံတွေတောင် မြန်ချင်လာသလိုလို ။ သူမကိုယ်တိုင်လည်း ဘာဖြစ်လို့ ဖြစ်နေမှန်းမသိ ။
ဆက် သူမလက်တွေကိုအားလျော့ပေးလိုက်သော်လည်း ချမ်း၏လက်သွယ်သွယ်လေးတွေကိုတော့ ကိုင်ထားမြဲကိုင်ထားဆဲပင် ။
ဒီလို အချိန်လေးမှာ ဆက် ညစ်ပတ်သင့်တယ်လို့ထင်တယ် ချမ်း ။ လူကို သူ့ထက်ငယ်တယ်ဆိုပြီး အထင်မသေးရဲအောင် ဆက်ကိုထပ်ပြီး အနိုင်ယူခွင့်ပြု ။
" အဲ့ဒါဆို ပြော... ဘာလို့ ဒီလိုတွေနေခဲ့ရတာလဲ... ''
" အကြောင်းရှိလို့ပေါ့ ဆက်ရယ်... ချမ်းအတွက်... အရေးကြီးတဲ့သူတစ်ယောက်အတွက်... ချမ်း ဒီလိုတွေလုပ်နေခဲ့ရတာ... ''
" နားလည်အောင်ပြောကွာ.. ချမ်းပြောလိုက်ရင် အမြဲမရှင်းမရှင်းနဲ့... ''
" ဒီထက်ပိုပြီး မရှင်းပြနိုင်တော့ဘူးဆက်... အချိန်တန်ရင် ဆက်နားလည်မှာပါ.. အဲ့ကျတော့ချမ်းကိုကျေးဇူးတင်နေလိမ့်မယ် ''
" ဟာကွာ... ချမ်းမကောင်းဘူး... ဆက်သိပ်ကိုသိချင်နေပြီ ချမ်းရဲ့... ''
ဘုရားရေ... အနှီကလေးစုတ်က ဒီလိုလည်းချွဲတတ်ပါသလား... ခေါင်းတခါခါ နှုတ်ခမ်းတဆူဆူပြောနေသော ကလေးစုတ်ပုံစံက သိပ်ကိုချစ်ဖို့ကောင်းနေသည် ။ ခုနက သူ့ကိုဖက်လိုက်ကတည်းက စည်းချက်မမှန်သောရင်ခုန်သံတို့ကအခုတော့ စိန်ပြေးတမ်းကစားသလို ကဆုန်ပေါက်ပြီး ပြေးလွှားနေကြကုန်ရဲ့... ။
" လာပါ ဆက်ရယ်... ချမ်း ဒီမှာဘွားတို့ကို ကန်တော့ဖို့မုန့်တွေဝယ်လာတယ်... အိမ်ပြောင်းသွားပြီးကတည်းက ချမ်းမှာ ဘွားတို့နဲ့မတွေ့ရတော့တာလေ... လာပါနော်... ''
သူမကဘဲ ဦးဆောင်ကာ ဆက်လက်ကလေးကိုဆွဲပြီး သူတို့အိမ်ဘက်ကိုထွက်လာခဲ့သည် ။ ကလေးစုတ်ကတော့ ယက်ကန်ယက်ကန် မလိုက်ချင်လိုက်ချင်နှင့်ပါလာ၏ ။
သိရဲ့လား.. ဆက် စိတ်ကောက်နေရင် သိပ်ကိုချစ်ဖို့ကောင်းတယ်ဆိုတာ...
🌺🌺
မတွေ့ရတာကြာသော ဘွားနှင့်ဘက ချမ်းလာတော့သိပ်ကိုပျော်နေကြသည် ။ မနက်စာတွေလည်း အဝကျွေးပြီး အဆင်ပြေရင်ဒီမှာညအိပ်ဖို့တောင်ပြောနေသည် ။
သို့သော် ကျောင်းတွင်းဆောင်နေသော ချမ်းအတွက်က အဆင်မပြေ ။ အဆောင်မှူးဆီမှာ လက်မှတ်မထိုးခဲ့တာမို့ အပြင်မှာညအိပ်ခွင့်မရှိ ။
ထို့ကြောင့် မကြာခင် မိသားတစ်စုလုံး အရင်အိမ်လေးမှာ ပြန်နေကြတော့မည်ဖြစ်၍ ထိုကျမှသာညတိုင်းလာအိပ်မည်ဖြစ်ကြောင်း အချိုသတ်ကာချော့ရပြန်၏ ။
ယခုတော့ ချမ်းသည် ဆက်၏ကုတင်လေးပေါ် ထိုင်ကာနားကြပ်တစ်ဖက်နှင့် သီချင်းနားထောင်နေ၏ ။ ချမ်း၏ပေါင်ပေါ်တွင်တော့ ယခင်က ကလေးလေးလိုမဟုတ်တော့သော အရပ်ရှည်ကိုင်းကိုင်းနှင့် ဆက်ကကုတင်ကြီးပေါ်ကန့်လန့်ဖြတ်အိပ်ကာ နားကြပ်တစ်ဖက်တပ်လျှက် အိပ်ပျော်နေလေ၏ ။
တစ်ခါတစ်ရံ အချစ်သည် စကားလုံးများနှင့် ဖော်ပြစရာမလိုအောင် အေးချမ်းလွန်းသည် ။ တိတ်ဆိတ်လွန်း၏ ။ သူမမျက်နှာမြင်ရသည်နှင့် အရာအားလုံး အလိုအလျှောက်ပြီးပြည့်စုံသည် ။
ဆက် မျက်လုံးတွေတွေမှိတ်ထားသဖြင့် ကော့တက်နေသော မျက်တောင်လေးတွေကိုထင်းနေအောင် မြင်နေရသည် ။ ချမ်း သူမမျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီကိုလက်ချောင်းလေးများဖြင့် ခပ်ဖွဖွလေး ထိတွေ့နေမိသည် ။
အိပ်ပျော်နေတုန်းအသားယူတယ်လို့ပြောချင်လည်း ပြောပါတော့ဆက်ရယ်... ။ သိပ်ကိုလှလွန်းလို့ မျက်နှာလေးကို အလိုလိုတို့ထိချင်လာတယ် ကလေးငယ်... ။
သို့သော် ဆက်ကနိုးလာ၏ ။ အိပ်ချင်မူးတူးပုံစံလေးက ချမ်းရင်ကိုလှုပ်ခါစေသည် ။
" ပေါင်နာနေပြီလား ချမ်း... ဆက်အကြာကြီးအိပ်လိုက်မိတယ်ထင်တယ်... ''
' မနာပါဘူး ကလေးရယ်... ခု ဆက်နိုးပြီဆိုတော့ ချမ်းပြန်တော့မယ်... ညနေစောင်းပြီဆိုတော့ အဆောင်ပြန်ရတော့မယ်လေ... ''
'' ဆက်လိုက်ပို့မယ်... ''
ချမ်း လက်ခံသည့်အဓိပ္ပါယ်ပါသော အပြုံးလေးတစ်ပွင့်ကို ဆက်ထံသို့ လက်ဆောင်ပေးလိုက်သည် ။
သူမကိုယ်တိုင်လည်း ဆက်နှင့် အတူရှိနေချင်သေးသည်လေ ။
" မှတ်မိသေးလား ချမ်း... အရင်ကအောက်ဆင်းတော့မယ်ဆို ချမ်းကိုပွေ့ချီပြီးအမြဲဆင်းရတယ်လေ... ''
ဆက်က ပြောပြောဆိုဆို ချမ်းကိုယ်လုံးလေးကို ဆတ်ခနဲကောက်ပွေ့လိုက်သည် ။ မျက်လုံးလေးပြူးကာ ငှက်မွှေးလေးလိုပါလာသော ချမ်းပုံစံလေးက သိပ်ကိုအူယားဖို့ကောင်းနေသည် ။
ဆက် စိတ်မထိန်းနိုင်ဘဲ ချီထားလျှက်နှင့်ပင်ချမ်းနဖူးပြင်လေးပေါ်သို့ ဖွဖွလေးနမ်းလိုက်မိသည် ။
အရာအားလုံးက လှပနေတယ်ချမ်း... ။
နဖူးပြင်လေးနဲ့ နှုတ်ခမ်းနဲ့အထိမှာ... ဆက်ကိုယ်ထဲကို လျှပ်စစ်စီးသွားသလို ခံစားလိုက်ရတာကလွဲလို့ပေါ့............