Baby

By CrystSnow

25.4K 2.8K 222

another creation of Krisyeol. More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 25
Part 26
Part 27
Final

Part 24

687 101 16
By CrystSnow

Kris's Pov

အရေးပေါ်အခန်းထဲက ထွက်လာတဲ့ Suho

အခန်းထဲက ထွက်လာတည်းက မျက်နှာကို ကြည့်ရတာ အခြေအနေမကောင်း...

အဆိုးဆုံးအခြေအနေကို ခန့်မှန်းပြီးသားဖြစ်တာကြောင့် စိတ်ထိန်းကာ မေးလိုက်သည်...

"Suho အခြေအနေဘယ်လိုလဲ"

"ဆေးနဲ့ထိန်းလို့ရတဲ့ အခြေအနေက ကုန်သွားပြီ ငါတို့ နှလုံးအစားထိုးခွဲစိတ်ဖို့ ချက်ချင်းလိုတယ်"

"အင်း... အဲ့တာဆိုလဲ ခွဲစိတ်ဖို့ လုပ်ရအောင်"

"Kris... အလှူရှင်မှမရှိတာလေ... မင်းက ဘယ်လိုလုပ်ခွဲစိတ်ခိုင်းရတာလဲ"

"မင်း လွန်ခဲ့တဲ့ ၃ နှစ်က ကားတိုက်ပြီးတော့ ရောက်လာတဲ့ လူနာ Kim Dong Hyun ဆိုတာကို မှတ်မိသေးလား"

"Kim Dong Hyun.... ဆေးရုံရောက်ပြီးတော့ သိပ်မကြာဘူး ဦးနှောက်သေသွားတဲ့လူနာလား"

"အေး... ဟုတ်တယ်... သူ့ရဲ့သွေးအမျိုးအစားက Chanyeol နဲ့ တူတယ်လေ"

"အဲ့ဒီတော့"

"အဲ့ဒီလူနာက လူနာရှင်လဲမရှိဘူးလေ... ဆေးရုံစရိတ်ကိုလဲ ရှင်းပေးတဲ့သူမရှိတော့ သူ့ကို Terminated လုပ်လိုက်တယ်လေ"

"Kris မင်းဘာပြောချင်တာလဲ ငါ့ကိုသေချာပြော"

"အဲ့ဒီလူနာက အသက်ရှိတာနဲ့ မရှိတာ ဘာမှမကွာတော့တာ ၃ နှစ်ကျော်သွားပြီလေ.."

"ဘာရယ်.... အဲ့ဒါဆို လွန်ခဲ့တဲ့ ၃ နှစ်က လူနာက မသေသေးဘူးလို့ပြောချင်တာလား"

"အေး... ငါ သူ့ကို င့ါကိုယ်ပိုင်ဆေးခန်းမှာပဲ ထားထားတာ... တစ်နေ့နေ့မှာ Chan အနေနဲ့ နှလုံးခွဲစိတ်ဖို့ လိုခဲ့ရင်.."

"ဟေ့ရောင်.... မင်း... ဆရာဝန်မှ ဟုတ်ရဲ့လား... မင်းလုပ်သင့်လား မလုပ်သင့်လားဆိုတာ မစဉ်းစားမိဘူးလား"

ဟုတ်တယ်...

ဆရာဝန် တစ်ယောက်အနေနဲ့ မလုပ်သင့်ဘူးဆိုတာ သိပေမဲ့

Chan အတွက်လို့ စဉ်းစားလိုက်ရင် ကျနော် မလုပ်ရဲတာ ဘာမှ မရှိဘူး...

ဆွေမရှိ မျိုးမရှိ ထောက်ပံ့မယ့်သူမရှိ ရှာဖွေမေးမြန်းသူမရှိပဲ လအနည်းငယ်ကြာတဲ့အထိ

ဆေးရုံမှာ ထားရှိပေမဲ့ လူနာက ပြန်သတိရနိုင်စရာ အခြေအနေမရှိတော့တာကြောင့်

ဆေးထိုးကာ အသက်သေဆုံးချိန်ကို မှတ်ရန် စီစဉ်ခဲ့ချိန်မှာ

ကျနော် အဲ့ဒီလူနာကို အသေစာရင်းပြပြီးတော့ ဆေးရုံကနေ ခိုးထုတ်လာခဲ့သည်...

ထို့နောက် ကျနော့်ကိုယ်ပိုင်ဆေးခန်းမှာ လျှို့ဝှက်ခန်းတစ်ခုထားရှိကာ

ထိုလူနာကို နေ့စဉ်ပုံမှန် ဆေးသွင်းခြင်းဖြင့် နှလုံးအလုပ်လုပ်မှုကို ထိန်းထားခဲ့သည်...

ကုန်ကျစရိတ် မနည်းသလို... မတော်တဆ ကျနော် ဒီလိုလုပ်တာကို ရှာဖွေတွေ့ရှိသွားရင်...

ဆရာဝန် လိုင်စင် အသိမ်းခံရရုံမက ထောင်ဒဏ်အထိပါ အပြစ်ဒဏ်ခံရနိုင်သည်...

ဒါပေမဲ့

ကျနော် တခြားရွေးချယ်စရာမရှိဘူးလေ.....

အခုလိုမျိုး Chan မတော်တဆဖြစ်လာခဲ့ရင် အဆင်သင့်ခွဲစိတ်ပေးနိုင်မှ Chan အတွက် စိတ်ချရမှာ ဖြစ်တာကြောင့်...

မလုပ်သင့်ပေမဲ့ လုပ်ခဲ့ရသည်...

လူနာအတွက် စိတ်မကောင်းပေမဲ့

သူလဲ ဘာမှ သိနိုင်တော့တာမှ မဟုတ်တာပဲလေ...

"Suho ငါ မင်းကို နောက်မှ ရှင်းပြတော့မယ်ကွာ... ငါတောင်းပန်ပါတယ်နော်... Chan ကို သေချာခွဲစိတ်ပေးပါ...

ငါတောင်းပန်တာပါ"

" မင်းကွာ.... မင်း....တော့"

Suho က ဒေါသထွက်နေပေမဲ့... Chan ကိုလဲ စိတ်ပူတာကြောင့် ခွဲစိတ်ဖို့ကို ချက်ချင်း စီစဉ်တော့သည်...

Operation Perform ဆိုတဲ့ မီးနီလေးကို ကြည့်နေတာ အချိန်ဘယ်လောက်ကြာခဲ့ပြီလဲ...

ခွဲစိတ်မှု အဆင်ပြေပါစေလို့သာ ဆုတောင်းရင်းနဲ့

ကျနော် ခွဲစိတ်ခန်းရှေ့ကနေ မခွာမိ...

မနီးမဝေးမှာ နှစ်ယောက်အတူ ပူးကပ်ထိုင်နေတဲ့ Sehun နဲ့ Baekhyun...

ညဥ့်နက်နေပြီဖြစ်တာကြောင့် သူတို့နှစ်ယောက်က အိပ်ငိုက်နေပေမဲ့

ကျနော်ကတော့ ယောင်လို့တောင် မျက်လုံးမမှိတ်ရဲ.....

ခွဲစိတ်ခန်းထဲမှာ တစ်ယောက်တည်း တိုက်ပွဲဝင်နေတဲ့ Chan ကို စောင့်ရမည်လေ...

ကလေးရေ...

ကိုယ့်ဆီကို ပြန်လာခဲ့နော်...

အရင်တုန်းက ကလေးကို စိတ်ဆင်းရဲအောင် ၀မ်းနည်းအောင် နာကျင်အောင် လုပ်ခဲ့မိတာတွေအတွက်

ကိုယ် တောင်းပန်ရဦးမယ် ကလေး...

ကိုယ့်ကို ခွင့်မလွှတ်ချင်ရင်တောင်

တောင်းပန်ခွင့်လေးတော့ ပေးပါနော်...

ကိုယ်တောင်းပန်ပါတယ်...

ကိုယ့်အနားကို ပြန်လာပေးပါ...

၇ နာရီလောက် ဆက်တိုက် အဆက်မပြတ် လင်းနေခဲ့တဲ့ ခွဲစိတ်ခန်းမီးလေးဟာ အစိမ်းရောင်ကို ပြောင်းသွားခဲ့သည်...

ထိုင်နေရာမှ ရုတ်တရက်ထလိုက်တော့ ခေါင်းထဲ မိုက်ခနဲ...

အိပ်ရေးပျက်ထားတာတွေရော ပင်ပန်းသွားတာတွေများသွားတာကြောင့်ဖြစ်မည်.....

ခဏအကြာမှာတော့ Suho က ခွဲစိတ်ခန်းထဲမှ ထွက်လာခဲ့သည်....

"Suho အခြေအနေဘယ်လိုလဲ"

"ခွဲစိတ်မှုတော့ အောင်မြင်တယ်... ငါတို့ စောင့်ကြည့်ရတာပေါ့"

.

.

.

.

.

.

.

.

.

.

.

.

.

.

ခွဲစိတ်ပြီးတော့ ၄ နာရီအကြာမှာ မေ့ဆေးပျယ်သွားပေမဲ့.

မျက်လုံးတော့ မပွင့်လာသေးဘူး....

ကျနော် ကုတင်ဘေးနားကနေ တစ်ဖ၀ါးမှ မခွာရဲဘူး...

ခွဲစိတ်ခန်းထဲကနေ ထွက်လာပြီးတော့ ICU ထဲရောက်လာပြီဖြစ်လို့ Sehun တို့ကိုတော့ အိမ်ပြန်နားခိုင်းလိုက်သည်

Monitor ကနေ ပြနေတဲ့ အခြေအနေအရတော့ နှလုံးက ကောင်းမွန်စွာအလုပ်လုပ်နေသည်...

ဒါပေမဲ့ ခွဲစိတ်ပြီးနောက်ပိုင်း တန်ပြန်သက်ရောက်နိုင်မှုတွေရှိတာကြောင့် ခွဲစိတ်ပြီးတော့ အနည်းဆုံး ၆ လလောက်အထိ

ဆေးသောက်ကာ အခြေအနေကို စောင့်ကြည့်ရမည် ဖြစ်သည်...

ကလေးလက်ကို အသာဆုပ်ကိုင်ထားကာ ကလေးမျက်နှာကို မျက်တောင်မခတ်ပဲ ကြည့်နေမိသည်...

ရုတ်တရက် ကျနော့်လက်ထဲကနေ လှုပ်ရှားမှုတစ်ခုကြောင့်

ကျနော့်လက်ကို ငုံ့ကြည့်လိုက်မိသည်...

မသိမသာ လှုပ်ရှားသွားတဲ့ လက်ကလေးတွေ....

"Chan... ကလေး... သတိရလာပြီလား.... ကလေး... ကိုယ်ပြောတာကြားရလား"

မျက်နှာကို သေချာငုံ့ကြည့်မိလိုက်တော့

တစ်ချက် နှစ်ချက်လှုပ်သွားတဲ့ မျက်တောင်လေး....

နောက်တော့ မျက်လုံးတွေက ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်...

ပတ်ဝန်းကျင်ကို သေချာမြင်ရပုံမရသေးပဲ...

မေ့ဆေးပျယ်လို့ နိုးလာတာလဲ ဖြစ်နိုင်သည်...

မျက်တောင် ၂ ချက်လောက် ခတ်ပြီးတော့ ပြန်မှိတ်သွားပြန်သည်...

ဘာပဲဖြစ်ဖြစ် မေ့ဆေးပြယ်ချိန်မှာ ပြန်သတိရလာတာတော့ အခြေအနေကောင်းသည်...

အန္တာရယ်အများဆုံး အခြေအနေကို ကျော်ဖြတ်လာပြီဖြစ်လို့

ကျနော် သက်ပြင်းချနိုင်ပြီဖြစ်သည်...

.

.

.

.

.

.

.

.

.

"Kris Chanyeol အခြေအနေဘယ်လိုလဲ"

"အင်း.... မနက်အစောတုန်းကတော့ သတိရလာတယ်... ပြီးတော့ ပြန်အိပ်ပျော်သွားတယ်"

"ဒါဆို အခြေအနေကောင်းတာပေါ့... မင်းလဲ သွားနားဦး.. တော်ကြာ လူနာလဲ သတိရလာရော မင်းက လူနာပြန်ဖြစ်နေဦးမယ်"

"အေးပါ.. ငါနားမှာပါ... Chan သေချာ သတိရလာပြီဆိုရင် ငါနားမှာပါ"

စကားပြောပြီးလို့ မတ်တပ်ရပ်လိုက်တော့ ရုတ်တရက် မြင်ကွင်းတွေက အမှောင်ကျသွားသည်...

မျက်လုံးစုံမှိတ်လိုက်ပြီးတော့ ခေါင်းကို ခါရမ်းလိုက်မိသည်...

"Kris မင်းဘာဖြစ်တာလဲ"

"အော... ဘာမှမဖြစ်ပါဘူး... ခေါင်းနည်းနည်းနောက်လို့"

"သွားနားလိုက်ပါလို့ ငါပြောသားပဲ... သွားသွား... ငါ Chanyeol ကို စောင့်ပေးမယ်.."

"အင်း.. အဲ့တာဆိုလဲ ကူညီပါဦးဟာ.. ခဏနေကျ Sehun တို့ရောက်လာမှာပါ"

"အေးပါကွာ... စိတ်မပူနဲ့... သွားနားချေ"

မျက်လုံးမှိတ်ပြီးတော့ ပြန်ဖွင့်ချိန်မှာ ပတ်ဝန်းကျင်ကို ပြန်မြင်ရပေမဲ့...

ကိုယ့်ကိုကိုယ် သိပ်တော့ မသင်္ကာချင်တော့...

ကျနော် ဆေးစစ်ကြည့်ဖို့ လိုနေပြီလား....

.

.

.

.

.

.

.

.

.

.

.

.

.

" Ting.. Tong..."

Phone ringtone မြည်လာတာကြောင့် အိပ်နေရင်းမှ ဖုန်းဖြေလိုက်သည်...

"Kris Hyung... Chan Hyung သတိရလြာ့ပီ"

ကလေး...

ကလေး သတိရလာပြီတဲ့...

ကျနော် အိပ်နေရာမှ ဆတ်ခနဲထလိုက်မိသည်...

ရုတ်တရက်ကြီး အမှောင်လောကဖြစ်သွားပြန်သည်...

Andwe...

Andwe.... မဖြစ်ရဘူး...

မဟုတ်သေးဘူး....

ကိုယ်တိုင်က ဆရာဝန်ဖြစ်တာကြောင့်...

ဒါက ဘယ်လိုရောဂါအခြေအနေရဲ့လက္ခဏာလဲဆိုတာ ကျနော် သိနေသည်...

မဖြစ်နိုင်ဘူး...

ကျနော် ခေါင်းကို သုံး လေးချက်လောက် ထုလိုက်သည်...

circuit လွတ်နေတဲ့ TV လိုမျိုး နှစ်ချက် သုံးချက်လောက ပုတ်လိုက်တော့ ပြန်မြင်ရသလိုပဲ...

ကျနော့် အမြင်အာရုံတွေ ပြန်ရလာသည်...

ကျနော် ကလေးရှိရာသို့ ပြေးသွားလိုက်သည်...

ကလေးအခန်းရောက်တော့

လူနာစောင့်အနေနဲ့ Sehun ကိုသာ တွေ့ရသည်..

ICU ထဲမှာ ဖြစ်တာကြောင့် ဧည့်သည်တွေဝင်တွေ့ခွင့်မရှိသေး...

ကျနော့်ကိုတွေ့တော့ Sehun က အခန်းထဲက ထွက်သွားသည်...

oxygen mask ကို ဖြုတ်ထားပြီးဖြစ်သည်...

ခွဲစိတ်ထားတာကြောင့် ထိုင်လို့တော့ မရသေး...

ပွင့်နေတဲ့ မျက်လုံးလေးတွေက အရင်လို တောက်ပနေတုန်းပဲ...

"Chan... ကလေး... ကိုယ့်ကို မှတ်မိလား"

စကားပြောဖို့က သိပ်အားမရှိသေးတာကြောင့် အသာလေးခေါင်းငြိမ့်ပြသည်...

တော်သေးတာပေါ့....

အခုလို သတိရလာပြီဆိုရင်တော့...

အခြေအနေကောင်းတယ်...

"Hyung......"

အသံတိုးတိုးလေးဆိုပေမဲ့ ကျနော် သေချာကြားလိုက်ရတယ်...

ကျနော့်ကို ခေါ်နေတာပဲ...

ကျနော် ကလေးနားကို တိုးသွားလိုက်သည်....

"ကလေး.. ဘာပြောချင်လို့လဲ.. ပြောလေ... ဘာလိုချင်တာရှိလဲ"

"Hyung... Hyung ကို မုန်းတယ်"

အသံတိုးတိုးလေးပေမဲ့... ကျနော် သေချာကြားလိုက်ရသည်....

ကလေးက ကျနော့်ကို မုန်းတယ်တဲ့လား...

အခုထိ သူမှတ်မိနေသေးတယ်ပေါ့လေ.....

ဘာပဲဖြစ်ဖြစ်ပါ...

သူသတိရရချင်း....

ကျနော့်ကို မုန်းနေတာကို သူမှတ်မိနေသေးတယ်ဆိုတော့.... ကျနော် စိတ်သက်သာရသွားသည်...

တော်ကြာ အရင်အခေါက်တွေတုန်းကလို ဘယ်သူ့ကိုမှ မမှတ်မိတော့မှာပဲ ကြောက်သည်...

"ရတယ် ကလေး... မုန်းလိုက်... မုန်းတာပဲဖြစ်ဖြစ် ချစ်တာပဲဖြစ်ဖြစ် ကလေး စိတ်ထဲမှာ ကိုယ်ရှိနေသေးတယ်ဆိုတာ

ကိုယ်သိရလို့ ကျေနပ်တယ် ကလေး... ကလေး..ကိုယ့်ကို မုန်းလိုက်မှ စိတ်ချမ်းသာမယ်ဆိုရင်.. ကိုယ့်ကို မုန်းလိုက်တာ ကောင်းတယ် ကလေး"

ကလေးရဲ့ဆံပင်တွေကို အသာသပ်ပေးလိုက်ပြီးတော့...

မျက်ရည်တွေကျနေတဲ့ ကလေးရဲ့မျက်ဝန်းတွေကို အသာငုံ့နမ်းမိတယ်...

ငြင်းပယ်လို့မရတဲ့အနေအထားဖြစ်နေတာကြောင့် ကလေးက မကျေမနပ်နဲ့ ကျနော့် အနမ်းတွေကို ခံယူလိုက်သည်...

"Hyung ကို မတွေ့ချင်ဘူး... မုန်းတယ်"

ကျနော့်ကို မုန်းတယ်လို့ ပြောနေတဲ့ ကလေးရဲ့မျက်ဝန်းတွေထဲမှာ

ကျနော့်ကိုချစ်နေသေးတယ်ဆိုတဲ့ အရိပ်အယောင်တွေ တွေ့နေရတုန်းမို့

ကျနော် ကျေနပ်စွာ ပြုံးမိတယ်...

"မပြုံးနဲ့... ကျနော် မကြိုက်ဘူး"

ကိုယ့်ဘာသာတောင် မပြုံးရဘူးဆိုတော့...

ကျနော်နားလည်လိုက်ပြီ...

ကလေးက ကျနော့်ကို မုန်းနေတာမဟုတ်ပဲ... တမင်စိတ်ကောက်နေတာပဲ...

"ကလေး... ကိုယ်ပြောတာ နားထောင်နော်... တကယ်တော့ Pa Pa လုပ်ခဲ့တဲ့အပြစ်က ခွင့်လွှတ်လို့မရဘူးဆိုတာသိပေမဲ့

ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်တာတော့ မဟုတ်ဘူးလေ... အဲ့ဒီတုန်းက ကိုယ်လဲ ကလေးအရွယ်ပဲရှိသေးတာလေ.. အပြင်မှာ ကိုယ့်အဖေ ဘာတွေလုပ်နေတယ်

ဘာတွေလုပ်ခဲ့တယ်ဆိုတာကို ကိုယ်လဲ ဘယ်သိနိုင်ပါ့မလဲ... သိနိုင်ဦးတော့ ကိုယ်ဘာပြောလို့ရမှာလဲ... ကိုယ့်အဖေကို ခွင့်လွှတ်ပေးဖို့ ကိုယ်တောင်းပန်မှာ မဟုတ်ဘူး..

ဒါပေမဲ့ Pa Pa လဲ သူ့အပြစ်တွေကို သူဆပ်နေပြီလေ... ဒီလိုပြောလို့ ကိုယ်က Pa Pa ကို ခွင့်လွှတ်ထားတာမဟုတ်ဘူးနော်.. ကလေးရဲ့မိဘတွေကို ထိခိုက်မှုဖြစ်စေခဲ့လို့

ကိုယ်က Pa Pa ကိုယ်စားတောင်းပန်ပါတယ်... ကိုယ်တောင်းပန်တာကိုတော့ လက်ခံပေးမယ် မဟုတ်လား"

ကျနော် ပြောသမျှကို မျက်လုံးအ၀ိုင်းသားနဲ့ နားထောင်နေတယ်..

ပြီးတော့ မျက်စောင်းလဲထိုးလိုက်သေးတယ်...

"သိတယ်... မပြောနဲ့"

စကားတစ်ခွန်းပြောပြီးတော့ နှုတ်ခမ်းဆူကာ မျက်နှာ တစ်ဖက်သို့လှည့်သွားသည်...

အားးးးးး.... အူယားလိုက်တာ...

ဘယ်လိုကလေးလေးလဲ...

အခုမှ ခွဲစိတ်ပြီးကာစ လူနာဖြစ်နေလို့... မဟုတ်ရင်တော့...

"ကလေး... ကလေးလို့.... ကိုယ့်ဘက်ကို လှည့်ကြည့်ဦးလေ"

ကျနော် ဂျီကျသလို အသံနဲ့ ပြောတော့မှ ကျနော့်ဘက်ကို လှည့်ကြည့်လာသည်...

ကျနော် သူ့ပါးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ...

ကလေးနှုတ်ခမ်းတွေကို နမ်းလိုက်သည်...

"arrr... Hyung....!!!!!!!!!!!!!!"

ကလေးဆီက ဒေါသတကြီး အသံတွေထွက်လာတော့.... ကျနော် ကျေနပ်စွာနဲ့ ရယ်မိသည်....

ICU အခန်းအပြင်မှာ စောင့်နေတဲ့ Sehun ကတော့ ခေါင်းလေးတစ်ခါခါနဲ့ သက်ပြင်းချသည်...

"လူကြီးရော... လူကြီးပေါက်စရော.... မလွယ်ပါလား"

Continue Reading

You'll Also Like

257K 6.2K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
697K 42.8K 106
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
2.3M 117K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
6.9K 702 3
" မသင့်တော်ဘူးဆိုတာ ရှိသလား...? ကိုယ်တော်လိုချင်ရင် အရာအားလုံးက သင့်တော်တယ် မင်းကိုလဲ ခုချက်ချင်းသိမ်းပိုက်နိုင်တယ်ဆိုတာ သိတယ်မလား...ရှောင်ရှောင်း " ...