[Unicode]
"ငါ မင်းကို ..."
ဟန်ဝေက ပြောလက်စစကားကိုရပ်ကာ သုတကို တစ်ချက်ကြည့်လိုက်သည်။
"တစ်ခု အရင်မေးစရာ ရှိတယ်..."
မမျှော်လင့်ထားသောစကား အရင်ထွက်လာတာမို့ သုတမျက်မှောင်ကျုံ့မိသွားသည်။Alcohol အရှိန်ဖြင့် ရီဝေဝေဖြစ်နေပုံရသည့် ဟန်ဝေသည်တစ်ခုခုကိုစိတ်ရှုတ်ထွေးနေဟန်ဖြင့် နှုတ်ခမ်းကိုတစ်ချက်ဖိကိုက်လိုက်သည်ကို သူမြင်လိုက်ရပေသည်။
"မင်း ဘယ်သူလဲ..."
ဟန်ဝေနှုတ်ဖျားမှ ထွက်လာတော့ ခပ်ကြောင်ကြောင်မေးခွန်းကြောင့် သုတပါကြောင်သွားရသည်။ဟန်ဝေက လူမှန်းသူမှန်းမသိအောင် မူးနေတာလည်းမဟုတ်ပါပဲ ဘာလို့ဒီမေးခွန်းကိုဂမေးရတာပါလိမ့်.."
"ငါကိုလား...ငါ သုတလေ ...မင်းတော်တော်မူးနေသလား ဟန်ဝေ"
သုတက ဟန်ဝေ၏ပခုံးနှစ်ဖက်ကို ဆွဲခါရင်းပြောလေတော့ ဟန်ဝေက ခေါင်းကို ခပ်ကြမ်းကြမ်းပင် ခါယမ်းပြသည်။
"မဟုတ်ဖူး...သုတ ငါက မင်းကိုမေးတာမဟုတ်ဖူး...ဒီကောင့်ကို မေတာ...မင်းအနောက်မှာ ရှိနေတဲ့ ဒီကောင့်ကို မေးနေတာ မင်းအနောက်မှ အမဲ့ရှိနေတဲ့ အဲ့ကောင်ကိုမေးနေတာ"
ဟန်ဝေက သုတအနောက်သို့ လက်ညှိုးငေါက်ငေါက်ထိုးက ပြောနေတော့ သူလှည့်ကြည့်လိုက်မိသည်။ဘယ်သူမှရှိမနေ...။ဒီနေရာတစ်ခုလုံးတွင် သူနှင့်ဟန်ဝေကလွဲပြီး သက်ရှိဟူသည်မှာ တံခါးဝနားကသစ်ပင်တစ်ပင်သာ ရှိပေသည်။
"ဟန်ဝေ မင်းဘာတွေပြောနေတာလဲ ...မူးနေလည်း အထဲပြန်ဝင်တော့ကွာ..."
ခံစားချက်တို့က အမြင့်ဆုံးထိထိုးတက်သွားခဲ့ပြီးမှ အရှိန်တစ်ခုနှင့်ဆွဲချခံလိုက်ရသောကြောင့်စိတ်ပျက်လက်ပျက်နှင့်ပင် ဟန်ဝေကို အထဲပြန်ဝင်ဖို့ ပြောမိသည်။သို့သော်လည်း ဟန်ဝေက သူ့စကားကို ဂရုပင်မစိုက်...။သူ့အနောက်ကို လက်ညိုးထိုးပြီးတော့ အော်ချင်ရာသာအော်နေသည်။
"ဟမ် ငါမေးနေတယ်လေ...မင်းဘယ်သူလဲ ဘာကောင်လဲ ဘာလို့ ငါ့ကို လိုက်ပြီး နှောက်ယှက်ချင်နေရတာလဲကွာ..."
ဒီစကားတွေကိုပြောနေစဉ် ဟန်ဝေ့မျက်လုံးထဲတွင် မျက်ရည်အရိပ်အယောင်ကို မြင်လိုက်ရသည်။ဟန်ဝေ့လုပ်ရပ်တွေကို သူနားမလည်နိုင်တာတော့ သေချာသလောက်ရှိနေခဲ့လေပြီ။
"ဟန်ဝေ မင်းဘာလို့ ငိုနေရတာလည်း...ဘယ်သူမှလဲ မရှိတဲ့ဟာ...မင်း..."
"Noah.."
သူ့စကားကို ဂရုပင်မစိုက်တော့သောဟန်ဝေက သူရင်းနှီးနေသည့်နာမည်တစ်ခုကို ရုတ်တရက်ရေရွတ်လိုက်တော့ သူ့ရင်ထဲထိတ်ခနဲဖြစ်သွားရသည်။ဒီနာမည်ကို ဟန်ဝေက ဘယ်လိုသိတာလဲ..။
“ဟန်ဝေ မင်း အဲ့ဒီနာမည်ကို ဘယ်လိုသိတာလဲ သူ့ကို သိတာလား ဟင် ...ငါ့ကိုပြောပါ ဟန်ဝေ”
ပခုံးကို ဆွဲခါရင်း မေးလေတော့မှ ဟန်ဝေက သူ့ထံအာရုံရောက်လာသည်။မျက်ဝန်းတွေနီရဲစပြုနေသည့် ဟန်ဝေက သူ့ကိုစိုက်ကြည့်ရင်း ဟက်ခနဲ့ရယ်လိုက်သည်။
“ဘယ်သူလဲ ဟုတ်လား..အဲ့တာမင်းအနောက်မှာရှိနေတဲ့ကောင်ကို ပြောတာလေကွာ သုတရာ ..မင်းအနားမှာတစ်ချိန်လုံးကပ်နေတာတောင် မင်းကဘယ်သူလဲလို့မေးနေတုန်းလား .. ဟင် ”
ဟန်ဝေ့စကားက သုတတစ်ကိုယ်လုံးကို တောင့်တင်းသွားစေသည်။အလျင်အမြန် အနောက်လှည့်ကြည့်လိုက်သော်လည်း ဘယ်သူမှ ရှိမနေခဲ့ပါ။
Noah......သူမေ့ပျောက်လုလုပင်ဖြစ်နေသည့် နာမည်တစ်ခု...။ထိုစိတ္တဇနာမ်တစ်ခုက သူ့ဘဝထဲတွင် ခဏခဏပေါ်လာသလောက် ဘာမှမသိရလောက်အောင် လျို့ဝှက်လွန်းလှပေသည်။
သူ့ခေါင်းထဲတွင် မူးနောက်လာသလို နှလုံးသားတစ်ခုလုံးကလည်း ရှုပ်ထွေးလာနေလေပြီ။
Noah ဆိုသည့်နာမည်တစ်ခုက သူ့နှလုံးသားကို ဘာလို့နာကျင်စေနိုင်ရတာလဲ ...။သူလုံးဝမမှတ်မိနိုင်တော့သည့် အရာတစ်ခုက သူ့ဘဝမှာ ဘယ်လိုသက်ရောက်မှုတွေရှိနေခဲ့တာလဲ..သူဘာမှမသိတော့ပါ ။သူ့ကိုသူလည်း နားမလည်နိုင်တော့ပါ။
“သုတ ...မင်း ဘာဖြစ်တာလဲ...”
ရင်ဘတ်ကိုလက်နှင့်ဖိကာ ကြမ်းပြင်တွင်ဒူးထောက်ထိုင်ချလိုက်သော သုတကိုမြင်တော့ ဟန်ဝေက စိုးရိမ်တကြီးမေးခွန်းထုတ်လာသည်။
“ဟန်ဝေ...”
သုတ၏အသံက တိုးတိုးညင်းညင်းနှင့် အဝေးကလွင့်လာသလိုဖြစ်နေခဲ့သည်။
“ငါ အရင်ပြန်နှင့်မယ် ..”
ဟန်ဝေ ခေါင်းကိုအလိုလိုငြိမ့်လိုက်မိသည်။သုတက ဟန်ဝေ့ကို ခပ်ယဲ့ယဲ့ပင် မပြုံးပြနိုင်တော့ပဲ ထိုင်နေရာမှ တဟုန်ထိုးထထွက်သွားလေသည်။
ဘာကိုမှ ရေရေရာရာနားမလည်လိုက်ပဲ ထိုနေရာမှာသာကျန်နေခဲ့သော ဟန်ဝေသည် ရင်ဘတ်ထဲကတစ်စုံတစ်ခု ပဲ့ကြွေလုနီးနီးဖြစ်နေသည်ကိုတော့ သိနေခဲ့ပါသည်။
__________________________________________
သုတ ရင်ထဲက တဆစ်ဆစ်နာကျင်မှုနှင့်အတူ ခေါင်းထဲကလည်း ထိုးကိုက်လာပြီဖြစ်သည်။ဆူညံနေသော KTV ကနေ ထွက်လာပြီး ဆိုင်ကယ်ဆီသို့အရောက်တွင် အမြန်ခွတက်ကာ တရကြမ်းမောင်းထွက်လာခဲ့သည်။
သူ့၏ဦးတည်ရာသည် ပြင်ဦးလွင်ကအိမ်ပင်ဖြစ်သည်။အရာအားလုံးစတင်ခဲ့သည့် ထိုနေရာသည် သူ့အတိတ်တွေကို တူးဖော်ဖို့ အကောင်းဆုံးဖြစ်မည်ဟု ယူဆမိတာကြောင့်ပင်။သူမေ့ပျောက်နေခဲ့သည့်အတိတ်ထဲတွင် မမေ့သင့်သောတစ်စုံတစ်ရာကျန်နေခဲ့သည်လားဆိုတာကို ရှာဖွေကြည့်ချင်ပါသေးသည်။
______________________________________
စိန်ပန်းပင်နီနီတို့ဝန်းရံထားသော အိမ်ဖြူဖြူလေးရှေ့တွင် ဆိုင်ကယ်တစ်စင်းထိုးရပ်သွားသည်။အိမ်ခြံစည်းရိုးတွင် 'အိမ်ရောင်းမည် 'ဟူသောဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားပေသည်။
သုတက ဆိုင်ကယ်ပေါ်မှဆင်းလာပြီး ခြံတံခါးရှေ့ရှိပန်းအိုးထဲတွင်မြှုပ်ထားသော သော့ကိုယူကာ တံခါးကိုဖွင့်လိုက်သည်။ဒါက သူ့ဒေါ်လေး၏သော့ဖွက်နေကျနေရာတစ်ခုပင်။ခြံထဲကို ဆိုင်ကယ်တွန်းဝင်လာကာ ရပ်လိုက်ပြီးမှ အိမ်ထဲကို တစ်လှမ်းချင်းလျှောက်ဝင်လာခဲ့သည်။
လူမနေသောအချိန်ခဏလေးအတွင်းမှာပင် အိမ်၏နေရာတော်တော်များများဆီတွင် ဖုန်တို့က ကျူးကျော်ဝင်ရောက်နေပြီဖြစ်သည်။ကြမ်းပြင်ထက်က ဖုန်နှင့် အညစ်အကြေးတို့ကို သူဂရုမစိုက်အား...။အပေါ်ထပ်ရှိ သူ့အခန်းဆီကိုသာ မြန်မြန်သွားကာ ရှိသမျှမီးခလုတ်တွေ အကုန် ဖွင့်ချလိုက်သည်။
ပြီးတော့ ဗီရိုအပေါ်က စာအုပ်တွေကို ဆွဲချပြီး တစ်စုံတစ်ခုကိုတွေ့လိုတွေ့ငြား မျှော်လင့်ချက်ကလေးနှင့် ရှာဖွေကြည့်မိသည်။သူ့ကျောင်းစာအုပ်အဟောင်းတွေနှင့် ဆွဲထားသောပုံတွေကလွဲရင် ထူးထူးခြားခြားဘာမှမတွေ့။တချို့ပုံလေးတွေမှာ Noah လို့နာမည်တပ်ထားတာ တွေ့ပေမယ့် သူဘာမှမမှတ်မိ...။ဒီထက်ပိုပြီး တိကျသည့်အရာတစ်ခုခုလိုအပ်သည်။Noah ဘယ်သူလဲ ဆိုတာ ဒီထက်ပိုပြီး တိတိကျကျပြောပြနိုင်မယ့် အရာတစ်ခုခုကို လိုအပ်ပေသည်။
သုတက စိတ်မရှည်စွာနှင့် အဝတ်ဗီရိုကိုဆွဲဖွင့်လိုက်ချိန်တွင် အဝတ်အစားအဟောင်းတစ်ချို့နှင့် အတူ ကြွက်တစ်ကောင်နှစ်ကောင်ပါ ထွက်ကျလာသည်။အဝတ်တွေအကုန်လုံးကို ဆွဲထုတ်ကာ ရှာသော်လည်း ဘာမှထူးထူးခြားခြားမတွေ့...။
သူ့ပါးစပ်က ခပ်တိုးတိုးလေးဆဲလိုက်ရင်း ကုတင်ပေါ်ကို စိတ်ပျက်လက်ပျက်လှဲချလိုက်မိသည်။သူ ဒီအထိရောက်လာပြီးမှ ဒီလိုပြန်ရတော့မှာလား...။
ရုတ်တရက် သူတစ်ခုကို သတိရမိသွားသည်။စာကြည့်စားပွဲအောက်က အံဝှက်...။သူ့အတွက် အရေးကြီးသည့်အရာတွေကို အဲ့ဒီနေရာမှာသိမ်းနေကြပဲမလား...။Noahသာ သူ့အတွက်အရေးကြီးတာမှန်ရင် ထိုနေရာတွင် သူနှင့်ပတ်သတ်သည့်အမှတ်တရတစ်ခုခု သေချာပေါက်ရှိနေလိမ့်မည်။
သစ်သားစားပွဲခုံအောက်ရှိအံဝှက်ကို လက်နှင့်ခပ်ကြမ်းကြမ်းဆွဲထုတ်လိုက်သောအခါ မြည်သံတစ်ခုနှင့်အတူ ကြမ်းပြင်ပေါ်ကို အရှိန်လွန်ပြီးပြုတ်ကျလာသည်။ထိုအထဲမှာရှိနေသည်က စာအုပ်လတစ်အုပ်နှင့်အတူ အနီရောင်ကြိုးတပ်ထားတဲ့ ခြူ လေးတစ်ခု...။
စာအုပ်က အညိုရောင်သားရေအဖုံးနှင့်ဖြစ်ကာ Diary စာအုပ်မှန်းသိသာလှပေသည်။ပထမ စာမျက်နှာကို လှန်ကြည့်လိုက်သောအခါ မှင်အနက်နှင့်ဆွဲထားသည့် Dandelionပန်းပုံကို တွေ့ရသည်။နောက်စာမျက်နှာမျကို တစ်မျက်နှာပြီးတစ်မျက်နှာလှန်ကြည့်နေရင်း တစ်နေရာအရောက်တွင် သူ့လက်တွေ ရပ်တန့်သွားရသည်။
ဓာတ်ပုံလေးတစ်ပုံ...
အတိအကျပြောရပါလျှင် သူနှင့်ကောင်လေးတစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ရယ်နေကြသောပုံဖြစ်သည်။ထိုပုံ၏အနောက်ကို လှန်ကြည့်မိတော့ 'Noah နဲ့ အမှတ်တရ' ဟုရေးထားပေသည်။ဒီပုံရိုက်ခဲ့သာ့် အချိန်ကို သူလုံးဝ မမှတ်မိခဲ့။
Diaryစာအုပ်၏ နောက်တစ်မျက်နှာကို အားတင်းကာ ထပ်လှန်ကြည့်မိသည်။
“2016-5-8
Dear Diary ,
ဒီနေ့ Noah ကို သူ့အမေ ပြန်ခေါ်သွားပြီ...။ငါနဲ့ပဲ အတူတူနေပါလားလို့ ပြောချင်ပေမယ့် သူက အရမ်းပြန်ချင်နေတာမို့ ငါမတားလိုက်နိုင်ဖူး ...ငါမှားသွားလား ...Noah သာ တစ်သက်လုံး ပြန်မလာတော့ဖူးဆိုရင် ငါဘယ်လိုဆက်လုပ်ရမလဲ..”
သူကိုယ်တိုင်ရေးထားခဲ့သောစာကို ပြန်ဖတ်နေရပေမယ့် သူဘာမှမမှတ်မိ။နောက်စာမျက်နှာတွေ ထပ်လှန်တော့လည်း Noah ...Noah Noah ဆိုတာသာထပ်နေခဲ့သည်။
ဒီနာမည်ကို သူ့လက်က အခေါက်တစ်ထောင် တစ်သောင်းမက ရေးခဲ့သော်လည်း သူမမှတ်မိ...။ဘာလို့လဲ...ဘာဖြစ်လို့လဲ။
သူနောက်ဆုံးမျှော်လင့်ချက်လေးနှင့် စာရွက်တွေကို ထပ်လှန်ကြည့်မိသည်။
“ငါ Noah ကို ချစ်မိနေပြီ ထင်တယ်...”
ဒီစာကိုဖတ်အပြီးတွင် သုတခေါင်းတစ်ခုလုံး ထိုးကိုက်လာပေသည်။စိတ်နှလုံးသားတစ်ခုလုံးရှုပ်ထွေးကာ မူးဝေလာခဲ့သည်။မတ်တပ်ရပ်နေရာကနေ ကြမ်းပြင်ပေါ်ထိုင်ချဖို့ ကြိုးစားလိုက်ပေမယ့် အရှိန်မထိန်းလိုက်နိုင်ခဲ့။ထိုနေရာမှာပင် လဲကျကာ သူ့ကမ္ဘာကြီးတစ်ခုလုံး အမှောင်အတိကျသွားခဲ့သည်။
________________________________________
21st December 2010
အေးစက်နေသော ဆောင်းရာသီ၏ညတစ်ညတွင် အသက်ရှစ်နှစ်အရွယ် သုံးတန်းကျောင်းသားလေး သုတသည် အဖွားဖြစ်သူ၏လက်ကိုတွဲကာ လမ်းလျှောက်လာခဲ့သည်။မျက်လုံးထဲမှာကတော့ မျက်ရည်စတွေနှင့်။
“သား သုတ မငိုနဲ့တော့လေနော်...Sister Mary တွေ့သွားရင် ရှက်စရာကြီး...”
“အမေက သားကို ဆူတာကိုး ငိုချင်တာပေါ့ ဖွားဖွားရဲ့ ဟင့် ဟင့်”
အဖွားက သူ့ကိုချော့ရင်း လမ်းထိပ်ကChurch ဖက်ကို လမ်းလျှောက်ထွက်ခဲ့တာ ဖြစ်သည်။မေမေက သူ့ကို နံရံတွေပေါ်မှာပုံဆွဲလို့ နဲနဲလေးဆူလိုက်တာနှင့် သုတမျက်လုံးကမျက်ရည်တွေက Autoကျပြီးသားဖြစ်နေတာပင်...။
“ဟော ဟိုမှာ Sister Mary ထွက်လာပြီ ”
သူ့အဖွား ညွှန်ပြသောနေရာကြည့်လိုက်တော့ Church ထဲမှထွက်လာသည့် Sister Maryကို တွေ့လိုက်ရသည်။တအိအိနှင့်ငိုနေသော သုတ၏အာရုံများကို ဆွဲဆောင်လိုက်သည်မှာတော့ Sister Mary ၏လက်ကိုတွဲရင်း သူ့ကိုငေးကြည့်နေသောကောင်လေး၏ အညိုရောင်မျက်ဝန်းများပင်ဖြစ်သည်။
“သုတလေး မေမေဆူလိုက်ပြန်ပြီလား...မငိုရဖူးနော်”
Sister Maryက ထုံးစံအတိုင်း အေးချမ်းသော အသံနှင့်ပြောလေသည်။သုတက မျက်ရည်တွေကို လက်ဖမိုးနှင့်ဖိသုတ်ကာ ခေါင်းတစ်ချက်ငြိမ့်ပြလေတော့ Sister Mary က ကျေနပ်စွာပြုံးလိုက်လေသည်။
“သူက ဘယ်သူလဲ...”
သုတက သူ့အရှေ့မှ ထိုကောင်လေးကို လက်ညိုးသေးသေးလေးနှင့်ညွှန်ကာ ပြောလေသည်။
“သူ့နာမည်က Noah တဲ့ ဇွဲခန့်လို့လည်း ခေါ်တယ်...သူက ဒီနေ့ကစပြီး ဒီမှာနေမှာလေ....”
သုတက ထိုကောင်လေးကို စူးစူးစိုက်စိုက်ကြည့်လိုက်တော့ ထိုကောင်လေးက အညိုရောင်မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ပြန်ပြုံးပြသည်။ထိုအခိုက်အတန့်အတွင် အနက်ရောင် ကောင်းကင်ပြင်ကြီးထက်မှ အဖြူရောင်နှင်းပွင့်တို့က တဖွဲဖွဲကြွေကျလာခဲ့တာဖြစ်သည်။
“ နှင်းတွေတောင် ကျလာပါရောလား”
အဖွား၏စကားသံကြောင့် သုတအပါအဝင် သူတို့အကုန်လုံး ကောင်းကင်ကိုမော့ကြည့်မိလိုက်ကြသည်။ဒီဇင်ဘာ၏အေးအေးစက်စက်ညတစ်ညမှ နှင်းပွင့်တွေကြားမှာပင် Noah ဟူသောကောင်လေးတစ်ယောက်က သူ့ဘဝထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်သည်။ ။
______________________________________
[Zawgyi]
"ငါ မင္းကို ..."
ဟန္ေဝက ေျပာလက္စစကားကိုရပ္ကာ သုတကို တစ္ခ်က္ၾကည့္လိုက္သည္။
"တစ္ခု အရင္ေမးစရာ ရွိတယ္..."
မေမွ်ာ္လင့္ထားေသာစကား အရင္ထြက္လာတာမို႔ သုတမ်က္ေမွာင္က်ဳံ႕မိသြားသည္။Alcohol အရွိန္ျဖင့္ ရီေဝေဝျဖစ္ေနပုံရသည့္ ဟန္ေဝသည္တစ္ခုခုကိုစိတ္ရႈတ္ေထြးေနဟန္ျဖင့္ ႏႈတ္ခမ္းကိုတစ္ခ်က္ဖိကိုက္လိုက္သည္ကို သူျမင္လိုက္ရေပသည္။
"မင္း ဘယ္သူလဲ..."
ဟန္ေဝႏႈတ္ဖ်ားမွ ထြက္လာေတာ့ ခပ္ေၾကာင္ေၾကာင္ေမးခြန္းေၾကာင့္ သုတပါေၾကာင္သြားရသည္။ဟန္ေဝက လူမွန္းသူမွန္းမသိေအာင္ မူးေနတာလည္းမဟုတ္ပါပဲ ဘာလို႔ဒီေမးခြန္းကိုဂေမးရတာပါလိမ့္.."
"ငါကိုလား...ငါ သုတေလ ...မင္းေတာ္ေတာ္မူးေနသလား ဟန္ေဝ"
သုတက ဟန္ေဝ၏ပခုံးႏွစ္ဖက္ကို ဆြဲခါရင္းေျပာေလေတာ့ ဟန္ေဝက ေခါင္းကို ခပ္ၾကမ္းၾကမ္းပင္ ခါယမ္းျပသည္။
"မဟုတ္ဖူး...သုတ ငါက မင္းကိုေမးတာမဟုတ္ဖူး...ဒီေကာင့္ကို ေမတာ...မင္းအေနာက္မွာ ရွိေနတဲ့ ဒီေကာင့္ကို ေမးေနတာ မင္းအေနာက္မွ အမဲ့ရွိေနတဲ့ အဲ့ေကာင္ကိုေမးေနတာ"
ဟန္ေဝက သုတအေနာက္သို႔ လက္ညႇိဳးေငါက္ေငါက္ထိုးက ေျပာေနေတာ့ သူလွည့္ၾကည့္လိုက္မိသည္။ဘယ္သူမွရွိမေန...။ဒီေနရာတစ္ခုလုံးတြင္ သူႏွင့္ဟန္ေဝကလြဲၿပီး သက္ရွိဟူသည္မွာ တံခါးဝနားကသစ္ပင္တစ္ပင္သာ ရွိေပသည္။
"ဟန္ေဝ မင္းဘာေတြေျပာေနတာလဲ ...မူးေနလည္း အထဲျပန္ဝင္ေတာ့ကြာ..."
ခံစားခ်က္တို႔က အျမင့္ဆုံးထိထိုးတက္သြားခဲ့ၿပီးမွ အရွိန္တစ္ခုႏွင့္ဆြဲခ်ခံလိုက္ရေသာေၾကာင့္စိတ္ပ်က္လက္ပ်က္ႏွင့္ပင္ ဟန္ေဝကို အထဲျပန္ဝင္ဖို႔ ေျပာမိသည္။သို႔ေသာ္လည္း ဟန္ေဝက သူ႔စကားကို ဂ႐ုပင္မစိုက္...။သူ႔အေနာက္ကို လက္ညိဳးထိုးၿပီးေတာ့ ေအာ္ခ်င္ရာသာေအာ္ေနသည္။
"ဟမ္ ငါေမးေနတယ္ေလ...မင္းဘယ္သူလဲ ဘာေကာင္လဲ ဘာလို႔ ငါ့ကို လိုက္ၿပီး ေႏွာက္ယွက္ခ်င္ေနရတာလဲကြာ..."
ဒီစကားေတြကိုေျပာေနစဥ္ ဟန္ေဝ့မ်က္လုံးထဲတြင္ မ်က္ရည္အရိပ္အေယာင္ကို ျမင္လိုက္ရသည္။ဟန္ေဝ့လုပ္ရပ္ေတြကို သူနားမလည္ႏိုင္တာေတာ့ ေသခ်ာသေလာက္ရွိေနခဲ့ေလၿပီ။
"ဟန္ေဝ မင္းဘာလို႔ ငိုေနရတာလည္း...ဘယ္သူမွလဲ မရွိတဲ့ဟာ...မင္း..."
"Noah.."
သူ႔စကားကို ဂ႐ုပင္မစိုက္ေတာ့ေသာဟန္ေဝက သူရင္းႏွီးေနသည့္နာမည္တစ္ခုကို ႐ုတ္တရက္ေရ႐ြတ္လိုက္ေတာ့ သူ႔ရင္ထဲထိတ္ခနဲျဖစ္သြားရသည္။ဒီနာမည္ကို ဟန္ေဝက ဘယ္လိုသိတာလဲ..။
“ဟန္ေဝ မင္း အဲ့ဒီနာမည္ကို ဘယ္လိုသိတာလဲ သူ႔ကို သိတာလား ဟင္ ...ငါ့ကိုေျပာပါ ဟန္ေဝ”
ပခုံးကို ဆြဲခါရင္း ေမးေလေတာ့မွ ဟန္ေဝက သူ႔ထံအာ႐ုံေရာက္လာသည္။မ်က္ဝန္းေတြနီရဲစျပဳေနသည့္ ဟန္ေဝက သူ႔ကိုစိုက္ၾကည့္ရင္း ဟက္ခနဲ႔ရယ္လိုက္သည္။
“ဘယ္သူလဲ ဟုတ္လား..အဲ့တာမင္းအေနာက္မွာရွိေနတဲ့ေကာင္ကို ေျပာတာေလကြာ သုတရာ ..မင္းအနားမွာတစ္ခ်ိန္လုံးကပ္ေနတာေတာင္ မင္းကဘယ္သူလဲလို႔ေမးေနတုန္းလား .. ဟင္ ”
ဟန္ေဝ့စကားက သုတတစ္ကိုယ္လုံးကို ေတာင့္တင္းသြားေစသည္။အလ်င္အျမန္ အေနာက္လွည့္ၾကည့္လိုက္ေသာ္လည္း ဘယ္သူမွ ရွိမေနခဲ့ပါ။
Noah......သူေမ့ေပ်ာက္လုလုပင္ျဖစ္ေနသည့္ နာမည္တစ္ခု...။ထိုစိတၱဇနာမ္တစ္ခုက သူ႔ဘဝထဲတြင္ ခဏခဏေပၚလာသေလာက္ ဘာမွမသိရေလာက္ေအာင္ လ်ိဳ႕ဝွက္လြန္းလွေပသည္။
သူ႔ေခါင္းထဲတြင္ မူးေနာက္လာသလို ႏွလုံးသားတစ္ခုလုံးကလည္း ရႈပ္ေထြးလာေနေလၿပီ။
Noah ဆိုသည့္နာမည္တစ္ခုက သူ႔ႏွလုံးသားကို ဘာလို႔နာက်င္ေစႏိုင္ရတာလဲ ...။သူလုံးဝမမွတ္မိႏိုင္ေတာ့သည့္ အရာတစ္ခုက သူ႔ဘဝမွာ ဘယ္လိုသက္ေရာက္မႈေတြရွိေနခဲ့တာလဲ..သူဘာမွမသိေတာ့ပါ ။သူ႔ကိုသူလည္း နားမလည္ႏိုင္ေတာ့ပါ။
“သုတ ...မင္း ဘာျဖစ္တာလဲ...”
ရင္ဘတ္ကိုလက္ႏွင့္ဖိကာ ၾကမ္းျပင္တြင္ဒူးေထာက္ထိုင္ခ်လိုက္ေသာ သုတကိုျမင္ေတာ့ ဟန္ေဝက စိုးရိမ္တႀကီးေမးခြန္းထုတ္လာသည္။
“ဟန္ေဝ...”
သုတ၏အသံက တိုးတိုးညင္းညင္းႏွင့္ အေဝးကလြင့္လာသလိုျဖစ္ေနခဲ့သည္။
“ငါ အရင္ျပန္ႏွင့္မယ္ ..”
ဟန္ေဝ ေခါင္းကိုအလိုလိုၿငိမ့္လိုက္မိသည္။သုတက ဟန္ေဝ့ကို ခပ္ယဲ့ယဲ့ပင္ မၿပဳံးျပႏိုင္ေတာ့ပဲ ထိုင္ေနရာမွ တဟုန္ထိုးထထြက္သြားေလသည္။
ဘာကိုမွ ေရေရရာရာနားမလည္လိုက္ပဲ ထိုေနရာမွာသာက်န္ေနခဲ့ေသာ ဟန္ေဝသည္ ရင္ဘတ္ထဲကတစ္စုံတစ္ခု ပဲ့ေႂကြလုနီးနီးျဖစ္ေနသည္ကိုေတာ့ သိေနခဲ့ပါသည္။
__________________________________________
သုတ ရင္ထဲက တဆစ္ဆစ္နာက်င္မႈႏွင့္အတူ ေခါင္းထဲကလည္း ထိုးကိုက္လာၿပီျဖစ္သည္။ဆူညံေနေသာ KTV ကေန ထြက္လာၿပီး ဆိုင္ကယ္ဆီသို႔အေရာက္တြင္ အျမန္ခြတက္ကာ တရၾကမ္းေမာင္းထြက္လာခဲ့သည္။
သူ႔၏ဦးတည္ရာသည္ ျပင္ဦးလြင္ကအိမ္ပင္ျဖစ္သည္။အရာအားလုံးစတင္ခဲ့သည့္ ထိုေနရာသည္ သူ႔အတိတ္ေတြကို တူးေဖာ္ဖို႔ အေကာင္းဆုံးျဖစ္မည္ဟု ယူဆမိတာေၾကာင့္ပင္။သူေမ့ေပ်ာက္ေနခဲ့သည့္အတိတ္ထဲတြင္ မေမ့သင့္ေသာတစ္စုံတစ္ရာက်န္ေနခဲ့သည္လားဆိုတာကို ရွာေဖြၾကည့္ခ်င္ပါေသးသည္။
______________________________________
စိန္ပန္းပင္နီနီတို႔ဝန္းရံထားေသာ အိမ္ျဖဴျဖဴေလးေရွ႕တြင္ ဆိုင္ကယ္တစ္စင္းထိုးရပ္သြားသည္။အိမ္ၿခံစည္း႐ိုးတြင္ 'အိမ္ေရာင္းမည္ 'ဟူေသာဆိုင္းဘုတ္တစ္ခုကို ခ်ိတ္ဆြဲထားေပသည္။
သုတက ဆိုင္ကယ္ေပၚမွဆင္းလာၿပီး ၿခံတံခါးေရွ႕ရွိပန္းအိုးထဲတြင္ျမႇဳပ္ထားေသာ ေသာ့ကိုယူကာ တံခါးကိုဖြင့္လိုက္သည္။ဒါက သူ႔ေဒၚေလး၏ေသာ့ဖြက္ေနက်ေနရာတစ္ခုပင္။ၿခံထဲကို ဆိုင္ကယ္တြန္းဝင္လာကာ ရပ္လိုက္ၿပီးမွ အိမ္ထဲကို တစ္လွမ္းခ်င္းေလွ်ာက္ဝင္လာခဲ့သည္။
လူမေနေသာအခ်ိန္ခဏေလးအတြင္းမွာပင္ အိမ္၏ေနရာေတာ္ေတာ္မ်ားမ်ားဆီတြင္ ဖုန္တို႔က က်ဴးေက်ာ္ဝင္ေရာက္ေနၿပီျဖစ္သည္။ၾကမ္းျပင္ထက္က ဖုန္ႏွင့္ အညစ္အေၾကးတို႔ကို သူဂ႐ုမစိုက္အား...။အေပၚထပ္ရွိ သူ႔အခန္းဆီကိုသာ ျမန္ျမန္သြားကာ ရွိသမွ်မီးခလုတ္ေတြ အကုန္ ဖြင့္ခ်လိုက္သည္။
ၿပီးေတာ့ ဗီ႐ိုအေပၚက စာအုပ္ေတြကို ဆြဲခ်ၿပီး တစ္စုံတစ္ခုကိုေတြ႕လိုေတြ႕ျငား ေမွ်ာ္လင့္ခ်က္ကေလးႏွင့္ ရွာေဖြၾကည့္မိသည္။သူ႔ေက်ာင္းစာအုပ္အေဟာင္းေတြႏွင့္ ဆြဲထားေသာပုံေတြကလြဲရင္ ထူးထူးျခားျခားဘာမွမေတြ႕။တခ်ိဳ႕ပုံေလးေတြမွာ Noah လို႔နာမည္တပ္ထားတာ ေတြ႕ေပမယ့္ သူဘာမွမမွတ္မိ...။ဒီထက္ပိုၿပီး တိက်သည့္အရာတစ္ခုခုလိုအပ္သည္။Noah ဘယ္သူလဲ ဆိုတာ ဒီထက္ပိုၿပီး တိတိက်က်ေျပာျပႏိုင္မယ့္ အရာတစ္ခုခုကို လိုအပ္ေပသည္။
သုတက စိတ္မရွည္စြာႏွင့္ အဝတ္ဗီ႐ိုကိုဆြဲဖြင့္လိုက္ခ်ိန္တြင္ အဝတ္အစားအေဟာင္းတစ္ခ်ိဳ႕ႏွင့္ အတူ ႂကြက္တစ္ေကာင္ႏွစ္ေကာင္ပါ ထြက္က်လာသည္။အဝတ္ေတြအကုန္လုံးကို ဆြဲထုတ္ကာ ရွာေသာ္လည္း ဘာမွထူးထူးျခားျခားမေတြ႕...။
သူ႔ပါးစပ္က ခပ္တိုးတိုးေလးဆဲလိုက္ရင္း ကုတင္ေပၚကို စိတ္ပ်က္လက္ပ်က္လွဲခ်လိုက္မိသည္။သူ ဒီအထိေရာက္လာၿပီးမွ ဒီလိုျပန္ရေတာ့မွာလား...။
႐ုတ္တရက္ သူတစ္ခုကို သတိရမိသြားသည္။စာၾကည့္စားပြဲေအာက္က အံဝွက္...။သူ႔အတြက္ အေရးႀကီးသည့္အရာေတြကို အဲ့ဒီေနရာမွာသိမ္းေနၾကပဲမလား...။Noahသာ သူ႔အတြက္အေရးႀကီးတာမွန္ရင္ ထိုေနရာတြင္ သူႏွင့္ပတ္သတ္သည့္အမွတ္တရတစ္ခုခု ေသခ်ာေပါက္ရွိေနလိမ့္မည္။
သစ္သားစားပြဲခုံေအာက္ရွိအံဝွက္ကို လက္ႏွင့္ခပ္ၾကမ္းၾကမ္းဆြဲထုတ္လိုက္ေသာအခါ ျမည္သံတစ္ခုႏွင့္အတူ ၾကမ္းျပင္ေပၚကို အရွိန္လြန္ၿပီးျပဳတ္က်လာသည္။ထိုအထဲမွာရွိေနသည္က စာအုပ္လတစ္အုပ္ႏွင့္အတူ အနီေရာင္ႀကိဳးတပ္ထားတဲ့ ျခဴ ေလးတစ္ခု...။
စာအုပ္က အညိဳေရာင္သားေရအဖုံးႏွင့္ျဖစ္ကာ Diary စာအုပ္မွန္းသိသာလွေပသည္။ပထမ စာမ်က္ႏွာကို လွန္ၾကည့္လိုက္ေသာအခါ မွင္အနက္ႏွင့္ဆြဲထားသည့္ Dandelionပန္းပုံကို ေတြ႕ရသည္။ေနာက္စာမ်က္ႏွာမ်ကို တစ္မ်က္ႏွာၿပီးတစ္မ်က္ႏွာလွန္ၾကည့္ေနရင္း တစ္ေနရာအေရာက္တြင္ သူ႔လက္ေတြ ရပ္တန႔္သြားရသည္။
ဓာတ္ပုံေလးတစ္ပုံ...
အတိအက်ေျပာရပါလွ်င္ သူႏွင့္ေကာင္ေလးတစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ရင္း ရယ္ေနၾကေသာပုံျဖစ္သည္။ထိုပုံ၏အေနာက္ကို လွန္ၾကည့္မိေတာ့ 'Noah နဲ႔ အမွတ္တရ' ဟုေရးထားေပသည္။ဒီပုံ႐ိုက္ခဲ့သာ့္ အခ်ိန္ကို သူလုံးဝ မမွတ္မိခဲ့။
Diaryစာအုပ္၏ ေနာက္တစ္မ်က္ႏွာကို အားတင္းကာ ထပ္လွန္ၾကည့္မိသည္။
“2016-5-8
Dear Diary ,
ဒီေန႔ Noah ကို သူ႔အေမ ျပန္ေခၚသြားၿပီ...။ငါနဲ႔ပဲ အတူတူေနပါလားလို႔ ေျပာခ်င္ေပမယ့္ သူက အရမ္းျပန္ခ်င္ေနတာမို႔ ငါမတားလိုက္ႏိုင္ဖူး ...ငါမွားသြားလား ...Noah သာ တစ္သက္လုံး ျပန္မလာေတာ့ဖူးဆိုရင္ ငါဘယ္လိုဆက္လုပ္ရမလဲ..”
သူကိုယ္တိုင္ေရးထားခဲ့ေသာစာကို ျပန္ဖတ္ေနရေပမယ့္ သူဘာမွမမွတ္မိ။ေနာက္စာမ်က္ႏွာေတြ ထပ္လွန္ေတာ့လည္း Noah ...Noah Noah ဆိုတာသာထပ္ေနခဲ့သည္။
ဒီနာမည္ကို သူ႔လက္က အေခါက္တစ္ေထာင္ တစ္ေသာင္းမက ေရးခဲ့ေသာ္လည္း သူမမွတ္မိ...။ဘာလို႔လဲ...ဘာျဖစ္လို႔လဲ။
သူေနာက္ဆုံးေမွ်ာ္လင့္ခ်က္ေလးႏွင့္ စာ႐ြက္ေတြကို ထပ္လွန္ၾကည့္မိသည္။
“ငါ Noah ကို ခ်စ္မိေနၿပီ ထင္တယ္...”
ဒီစာကိုဖတ္အၿပီးတြင္ သုတေခါင္းတစ္ခုလုံး ထိုးကိုက္လာေပသည္။စိတ္ႏွလုံးသားတစ္ခုလုံးရႈပ္ေထြးကာ မူးေဝလာခဲ့သည္။မတ္တပ္ရပ္ေနရာကေန ၾကမ္းျပင္ေပၚထိုင္ခ်ဖို႔ ႀကိဳးစားလိုက္ေပမယ့္ အရွိန္မထိန္းလိုက္ႏိုင္ခဲ့။ထိုေနရာမွာပင္ လဲက်ကာ သူ႔ကမာၻႀကီးတစ္ခုလုံး အေမွာင္အတိက်သြားခဲ့သည္။
________________________________________
21st December 2010
ေအးစက္ေနေသာ ေဆာင္းရာသီ၏ညတစ္ညတြင္ အသက္ရွစ္ႏွစ္အ႐ြယ္ သုံးတန္းေက်ာင္းသားေလး သုတသည္ အဖြားျဖစ္သူ၏လက္ကိုတြဲကာ လမ္းေလွ်ာက္လာခဲ့သည္။မ်က္လုံးထဲမွာကေတာ့ မ်က္ရည္စေတြႏွင့္။
“သား သုတ မငိုနဲ႔ေတာ့ေလေနာ္...Sister Mary ေတြ႕သြားရင္ ရွက္စရာႀကီး...”
“အေမက သားကို ဆူတာကိုး ငိုခ်င္တာေပါ့ ဖြားဖြားရဲ႕ ဟင့္ ဟင့္”
အဖြားက သူ႔ကိုေခ်ာ့ရင္း လမ္းထိပ္ကChurch ဖက္ကို လမ္းေလွ်ာက္ထြက္ခဲ့တာ ျဖစ္သည္။ေမေမက သူ႔ကို နံရံေတြေပၚမွာပုံဆြဲလို႔ နဲနဲေလးဆူလိုက္တာႏွင့္ သုတမ်က္လုံးကမ်က္ရည္ေတြက Autoက်ၿပီးသားျဖစ္ေနတာပင္...။
“ေဟာ ဟိုမွာ Sister Mary ထြက္လာၿပီ ”
သူ႔အဖြား ၫႊန္ျပေသာေနရာၾကည့္လိုက္ေတာ့ Church ထဲမွထြက္လာသည့္ Sister Maryကို ေတြ႕လိုက္ရသည္။တအိအိႏွင့္ငိုေနေသာ သုတ၏အာ႐ုံမ်ားကို ဆြဲေဆာင္လိုက္သည္မွာေတာ့ Sister Mary ၏လက္ကိုတြဲရင္း သူ႔ကိုေငးၾကည့္ေနေသာေကာင္ေလး၏ အညိဳေရာင္မ်က္ဝန္းမ်ားပင္ျဖစ္သည္။
“သုတေလး ေမေမဆူလိုက္ျပန္ၿပီလား...မငိုရဖူးေနာ္”
Sister Maryက ထုံးစံအတိုင္း ေအးခ်မ္းေသာ အသံႏွင့္ေျပာေလသည္။သုတက မ်က္ရည္ေတြကို လက္ဖမိုးႏွင့္ဖိသုတ္ကာ ေခါင္းတစ္ခ်က္ၿငိမ့္ျပေလေတာ့ Sister Mary က ေက်နပ္စြာၿပဳံးလိုက္ေလသည္။
“သူက ဘယ္သူလဲ...”
သုတက သူ႔အေရွ႕မွ ထိုေကာင္ေလးကို လက္ညိဳးေသးေသးေလးႏွင့္ၫႊန္ကာ ေျပာေလသည္။
“သူ႔နာမည္က Noah တဲ့ ဇြဲခန႔္လို႔လည္း ေခၚတယ္...သူက ဒီေန႔ကစၿပီး ဒီမွာေနမွာေလ....”
သုတက ထိုေကာင္ေလးကို စူးစူးစိုက္စိုက္ၾကည့္လိုက္ေတာ့ ထိုေကာင္ေလးက အညိဳေရာင္မ်က္လုံးမ်ား ေမွးက်ဥ္းသြားသည္အထိ ျပန္ၿပဳံးျပသည္။ထိုအခိုက္အတန႔္အတြင္ အနက္ေရာင္ ေကာင္းကင္ျပင္ႀကီးထက္မွ အျဖဴေရာင္ႏွင္းပြင့္တို႔က တဖြဲဖြဲေႂကြက်လာခဲ့တာျဖစ္သည္။
“ ႏွင္းေတြေတာင္ က်လာပါေရာလား”
အဖြား၏စကားသံေၾကာင့္ သုတအပါအဝင္ သူတို႔အကုန္လုံး ေကာင္းကင္ကိုေမာ့ၾကည့္မိလိုက္ၾကသည္။ဒီဇင္ဘာ၏ေအးေအးစက္စက္ညတစ္ညမွ ႏွင္းပြင့္ေတြၾကားမွာပင္ Noah ဟူေသာေကာင္ေလးတစ္ေယာက္က သူ႔ဘဝထဲကို စတင္ဝင္ေရာက္လာခဲ့တာျဖစ္သည္။ ။
______________________________________