နှစ်ကိုယ်တူတိုင်းပြည်

By Natpankalay

536K 39.3K 2.1K

#Both with Zawgyi & Unicode အချစ်က နယ်နမိတ်တစ်ခုဆို ကိုယ်တို့ တည်ဆောက်မှာက နှစ်ကိုယ်တူ တိုင်းပြည်... #Own cre... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter -22
Chapter-23
Chapter-24
Chapter-25
Chapter -26
Chapter-27
Chapter -28
Chapter-29
Extra-No Jealousy

Chapter -30 Final

23.7K 1.5K 144
By Natpankalay

Singto တုိ႕၏ အေတာ္ဆံုးေသာ ေရွ႕ေန၏ ပါးနပ္မႈနွင့္အတူ သိသာထင္ရွားစြာေသာ ဗီဒီယိုဖိုင္သက္ေသေႀကာင့္ တရားခြင္တြင္ တရားခံေရွ႕ေနမွာ ေလွ်ာက္လဲစရာမရွိ.။ ဗီဒီယိုထဲက ပံုရိပ္မ်ားကို တရားခြင္က လူတိုင္း ရံႈ႕ခ်ကာ က်ိန္ဆဲႀကသည္.။Din သည္ ေသဒဏ္ဟူေသာ ျပစ္ဒဏ္ႏွင့္ Madam Yann သည္ တစ္သက္တစ္ကြ်န္း ဟူေသာ ျပစ္ဒဏ္တြင္ Madam Yann သည္ ေအာ္ဟစ္ကာ ရုန္းကန္ေနခဲ့သည္။ Nuyen ကေတာ့ တ၇ားခြင္ျပီးသည့္ေနာက္ မိခင္ျဖစ္သူကိုဖက္ငုိေႀကြးျပီးေနာက္ မ်ားမႀကာခင္ ျပည္ပသုိ႕ထြက္ခြာသြားခဲ့ေႀကာင္းသတင္းႀကားရ သည္.။

ကိစၥအားလံုး ျပီးျပတ္သည့္ အခ်ိန္တြင္မူ ယခု Sing .၊ krist ႏွင့္အတူ မိသားစု၀င္အားလံုး ခ်င္းမိုင္ျခံသုိ႕ေရာက္ရွိေနႀကသည္။ အိမ္ထဲက Krist သာ သိေသာ P'Ne ဝွက္ထားခ့ဲသည့္ေနရာတြင္ စိန္ေသတၱာကို ယူကာ ခ်က္ခ်င္းပင္ ေရာင္းခ်သင့္တာ ေရာင္းခ်ကာ အလွဴအတန္း ျပဳလုပ္ခ့ဲႀကသည္။ ဆံုးပါးသြားသူကုိ ရည္စူးကာ အလွဴအတန္းေပးလုပ္ ျခံထဲမွာပင္ တရားနာႀကသည္.။ ျဖစ္မွန္အားလံုး ၏ ေက်းဇူးရွင္ေလး Mr.John ၏ သားငယ္ေလး က မပါမျဖစ္.။

"Mr.Singto..ဒါ ကြ်န္ေတာ့္ ဇနီးေလ.. သတင္းႀကားျပီး ခ်က္ခ်င္းလိုက္လာခဲ့တာ."

Krist က အိမ္ထဲတြင္ ကိစၥမ်ားေျမာင္ျဖင့္ အလုပ္မ်ားေနသည္မို႕ Singto က အျပင္က ဧည့္သည္ေတြကုိ ႏႈတ္ဆက္ေနသည္.။ Mr.John မိတ္ဆက္ေပးသည့္ အမ်ိဴးသမီးကိုႀကည့္ကာ ျမင္ဖူးသလို ဇေ၀ဇ၀ါျဖစ္မိ၏။

"ကြ်န္မကုိ မမွတ္မိဘူးလားရွင္..။တစ္ခါက လမ္းေဘးမွာ ကြ်န္မ ကိုယ္၀န္ႀကီးနဲ႕ေလ ဒုကၡေရာက္ေနတုန္း Khun Singto နဲ႕ Khun Krist က ေဆးရံုပို႕ေပးခဲ့တာေလ.။ Khun Krist က ကြ်န္မ ေမြးျပီးတဲ့အထိ ေစာင့္ေပးခဲ့တာ."

"ဗ်ာ.~ အဲ့ေလာက္တိုက္ဆိုင္လိုက္တာ.။ "

ထိုစဥ္ Krist လည္း အနားေရာက္လာေသာေႀကာင့္ ထပ္မံအ့ံႀသသြားသည္။ Mr.John ၏ ဇနီးကမူ ၀မ္းသာေသာမ်က္လံုးမ်ားျဖင့္ ႀကည့္ေနသည္။

"အဲ့တုန္းက ကြ်န္မ က ထိုင္းကိုျပန္ေရာက္ေနတာႀကာျပီ.။Mr.John ေရာက္လာေတာ့ အခန္႕မသင့္ စကားမ်ားႀကရင္းနဲ႕ စိတ္ဆုိးျပီး အိမ္ကထြက္လာတုန္း ေတြ႕ႀကတာ.။ တကယ္ ကံတရားပါပဲ၇ွင္.။ ကြ်န္မ သားႀကီး က ခုလို ျပန္ျပီး အကူအညီေပးႏိုင္တဲ့အတြက္ အရမ္း၀မ္းသာမိတယ္."

"ကြ်န္ေတာ္တို႕က ၀မ္းသာရမွာပါ. Jane ေႀကာင့္သာ မဟုတ္ရင္ ဘာမွ လုပ္လို႕ရမွာ မဟုတ္ဘူး.။ ဒါနဲ႕ အဲ့တုန္းက ေမြးတာ သမီးေလး မလား.။ ကေလး ေရာ??"

"အိမ္မွာထားခဲ့တယ္.သူ႕အဘြားနဲ႕"

Krist ျပံဳးရႊင္စြာႏွင့္ စကားေျပာဆုိေနသည္ကိုႀကည့္ကာ ၀မ္းေျမာက္ရသူက Singto ပင္ျဖစ္သည္.။သူ ေျဖာင္းျဖသည့္စကားတို႕ကို နာခံသည့္အျပင္ သက္ဆုိင္သူတို႕ ထိုက္သင့္သည့္ လမ္းကို ျမန္းသြားရျပီမို႕ Krist က စိတ္ေလွ်ာ့လိုက္ ပံုရသည္.။

"P'Sing ကြ်န္ေတာ္တို႕ျပန္ေတာ့မယ္ေလ.။ သဘက္ခါ မဂၤလာပြဲအတြက္လည္း စီစဥ္ရဦးမွာ မလား.??"

Nadech က Yaya လက္ေလးကိုဆြဲလ်က္ အနားေရာက္လာသည္.။ Singto လည္း လက္ကနာရီကိုတစ္ခ်က္ႀကည့္ကာ--

"သိပ္ျပီးစီစဥ္စရာေတာ့မရွိပါဘူး.။ဒါေပမယ့္ျပန္ႀကတာေပါ့. မဟုတ္ရင္ Kit ခရီးပန္းလိမ့္မယ္.။"

"ရပါတယ္ ကြ်န္ေတာ္က အဲ့ေလာက္ အားမနည္းပါဘူး.ဆုိ~ "

အေျခအတင္ စကားေျပာေနႀကပံုကို အားလံုးက ခ်စ္စႏိုးျဖင့္ ႀကည့္ေနႀကသည္။ အမ်ားအျမင္တြင္ Singto သည္ တကယ္ပဲ သဲသဲလႈပ္လြန္းလွ၏။ တစ္ခါ တစ္ခါ Aim က ေျပာဖူးသည္.။ "ငါေတာင္ မင္းရဲ႕ေယာက်ာ္း ျဖစ္ရမွာေႀကာက္တယ္" ဆုိ၍ သူ ဆဲဆိုသလို Krist က ၀ါးလံုးကြဲရယ္ေမာေလ၏။

"Nadech ျပန္ဖုိ႕စီစဥ္ထားလိုက္ေတာ့ေနာ္.။ ကုိယ္တို႕ သြားစရာရွိေသးတယ္.။ Mr.John ..ဇနီးကို အိမ္ထဲေခၚဗ်ာ.။အားမနာနဲ႕.။Mr.John က သူစိမ္းမွ မဟုတ္တာ."

Mr.John က မနက္ကတည္းက ေရာက္ျပီ ကူညီလုပ္ကိုင္ေနသည္ျဖစ္၍ အိမ္သားတစ္ပို္င္းျဖစ္ေနသည္.။ အားလံုးကို ႏႈတ္ဆက္ျပီး Singto တုိ႕သည္ ျခံထဲက ကားေလးျဖင့္ ေမာင္းထြက္လာႀကသည္.။

ဦးတည္ရာက P'Ne ၏ အုတ္ဂူ..။

ကားေလးကို သုသာန္၀င္းနား ထုိးရပ္လိုက္ကာ အျမဲသန္႕ရွင္းေရးလုပ္ခို္င္းသျဖင့္ ခုထိေဆးေရာင္မျပယ္ ျဖဴလြင္ေနသာ အုတ္ဂူေလးဆီ ေလွ်ာက္လာႀက၏။

"P'Ne ကြ်န္ေတာ္လာတယ္~~ ကိစၥအားလံုးေပၚသြားျပီ သိလား P'.. စိတ္ေအးခ်မ္းသာစြာ အနားယူပါေနာ္.။ ႏွစ္ေတြႀကာမွ အျဖစ္မွန္ကိုသိခြင့္ေပးႏို္င္တဲ့အတြက္ ကြ်န္ေတာ္ ကေတာင္းပန္ပါတယ္..ေနာ္.။ "

Singto က Krist ပုခံုးေလးကိုအသာပုတ္ကာ ႏွစ္သိမ့္ေပးလိုက္သည္။ ဓာတ္ပံုထဲတြင္ေတာင္ P'Ne သည္ ႏူးညံ့ေခ်ာေမာလြန္း သည့္ေကာင္ေခ်ာေလးျဖစ္သည္.။ သိပ္ခ်စ္ႀကသည့္ ညီအကိုေတြအျဖစ္ကေန ေစာေစာစီးစီး လက္လႊတ္လိုက္ရသည့္ အစ္ကိုအတြက္ Krist ခံစား၇သမွ်ကို သူ နားလည္သည္.။ကိုယ္ခ်င္းစာသည္.။ မွ်၀ခံစားလိုသည္.။

ညေန ဆည္းဆာေရာင္ေအာက္တြင္ အုတ္ဂူျဖဴငယ္ေလးေရွ႕ က လူသားႏွစ္ေယာက္၏ ပံုရိပ္သည္ လြမ္းေမာနာက်င္စရာ ေကာင္းလွေပသည္.။
-
-
-
မနက္ခင္းသည္ သြားလာလႈပ္ရွားကာ အသံစံုေႀကာင့္ အသက္၀င္ေနသည္.။ Prachaya အိမ္ေတာ္ တစ္ခုလံုး ပန္းရနံ႕မ်ားျဖင့္ ေမႊးပ်ံ႕ကာ လွပသက္၀င္ေနသည္.။ Plon ကုိယ္တိုင္ စီမံခန္႕ခြဲမႈျဖင့္လည္းအလုပ္ရႈပ္ေနသည္.။ သုိ႕ေပမယ့္ အားလံုး ၏ မ်က္ႏွာတြင္ ၀မ္းသာေပ်ာ္ရႊင္မႈမ်ားစြာျဖင့္.။

ယေန႕သည္ Singto Prachaya ႏွင့္ Krist Perawat တို႕၏ တစ္ေက်ာ့ျပန္ လက္ထပ္မဂၤလာပြဲ။

ေရစင္သြန္းေသာင္းကာ ဆုေတာင္းေပးခံခ်င္သည့္ Krist ၏ ဆႏၵကို Singto က အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္။

"ကြ်န္ေတာ္ မဂၤလာေဆာင္ရင္ တကယ္ပဲ ဒီလိုရိုးရာ၀တ္စံု ၀တ္ခ်င္ခဲ့တာ."

မ်က္စိေရွ႕က ေကာင္ေလးသည္ ထိုင္းရိုးရာ၀တ္စံုျဖင့္ ခန္႕ညားေခ်ာေမာလြန္းလွသည္.။ ကမၻာေပၚက သတို႕သမီးတိုင္း မည္မွ် လွပႀကသည္ဆိုဆို အႏွီ သတုိ႕သားေလး၏ တင့္တယ္မႈကိုမွ မီပါ့မလားေလ.။

"ကြ်န္ေတာ္ ခုခ်ိန္ ဘာေတြမိလဲသိလား Sing ?? Aim ေျပာသလို မင္းေယာက်ား္ျဖစ္ရမွာေႀကာက္တယ္ဆိုတာေလ.. ။ အဟားးး ~~~ Sing မ်က္လံုးႀကီး ခုပဲ ကြ်န္ေတာ့္မ်က္ႏွာေျပးကပ္ေတာ့မလို..။ တအားမႀကည့္လည္းျဖစ္ပါတယ္."

ေလွာင္သလိုမ်က္ႏွာေပးေလးႏွင့္မို႕ယခင္ Krist ပံုစံေလးကိုျမတ္ႏိုးစြာႀကည့္မိသည္.။

"ေလွာင္ထား Kit.. ညေရာက္ရင္ ေလွာင္ႏိုင္ဦးမလားႀကည့္မယ္"

"ခင္ဗ်ားေနာ္~ "

ခ်က္ခ်င္း တည္သြားေသာမ်က္ႏွာေလးကို Singto တဟားဟားေအာ္ရယ္ေနတုန္း Mr.Perawat ၀င္လာသျဖင့္ အရွိန္သပ္လိုက္ရ သည္.။

"Por~ "

"ငါ့သားေလးက ႀကည့္ေကာင္းလိုက္တာ..။ "

Mr.Perawat သည္ မ်က္ရည္လဲ့ေသာ အျပံဳးေတြႏွင့္မို႕ Krsit အသာေပြ႕ဖက္လုိက္သည္။

"မဂၤလာပြဲျပီးရင္ Por သာသနာ့ေဘာင္၀င္ခ်င္တယ္ဆိုလို႕ Por သေဘာပါပဲ.။ဒါေပမယ့္ Por ..ျဖစ္ပ်က္ခဲ့သမွ်က Por နဲ႕ဘာမွ မသက္ဆိုင္ပါဘူး ။ Por အျပစ္လည္း မဟုတ္ဘူး.။ စိတ္ခ်မ္းသာသေလာက္ သာသနာေဘာင္၀င္ပါ.။ ျပန္လာခ်င္ရင္ အိမ္မွာတစ္ေယာက္ထဲ မေနပါနဲ႕.။ဒီကုိ ေျပာင္းလာခဲ့ပါေနာ္."

"ဟုတ္ပါတယ္ Por.. ဒီကုိပဲ လာခဲ့ပါ.။ Kit နဲ႕လည္း နီးနီးကပ္ကပ္ေနရတာေပါ့ေနာ္."

Mr.Perawat က Krist ဖက္ထားတာကေန ခဏဖယ္ခြာလိုက္ကာ Singto ၏ လက္ႏွစ္ဖက္ကုိ ဆုပ္ကိုင္လာသည္.။

"ေက်းဇူးတင္ပါတယ္ Sing.ေျပာစရာမရွိေလာက္ေအာင္ သားငယ္ကို ခ်စ္ေပးျပီး ဂရုစိုက္ေပးတဲ့အတြက္. စိတ္ဒဏ္၇ာေတြ ေျဖေဖ်ာက္ေပးတဲ့အတြက္ေရာ..တကယ္ အေလးအနက္ေက်းဇူးတင္ပါတယ္"

"မဟုတ္တာဗ်ာ.. Kit ကုိ ခ်စ္ခြင့္ရတာက ကြ်န္ေတာ္ ကံေကာင္းတာပါ"

ႏွစ္ဦးသား အျပံဳးဖလွယ္ေနႀကသည္ကို Krist ႀကည္ႏူးစြာႀကည့္ေနမိသည္.။ေနာက္ဆံုးေတာ့ အားလံုးေအးခ်မ္းခဲ့ျပီ ထင္ပါသည္။ မဂၤလာအခ်ိန္ေရာက္ျပီမုိ႕ ဧည့္ခန္းထဲကို ထြက္လာခဲ့ႀကသည္.။ သတုိ႕သားႏွစ္ေယာက္၏ လက္ခုပ္ထဲသုိ႕ ေရစင္သြန္းေလာင္းကာ လူတိုင္းက ဆုမြန္စကား ေတာင္းဆုေျခြႀကသည္.။
Krist ရင္ထဲ ႏိႈင္းမရေသာ ႀကည္ႏူးမႈမ်ားျဖစ္ထြန္းေနသည္။သူ လိုခ်င္ခဲ့သည့္ လက္ထပ္မဂၤလာသည္ အသက္၀င္ခဲ့ေလျပီ.။

တစ္ေန႕လံုး ေပ်ာ္ရႊင္စားေသာက္ႀကရင္း ညဧည့္ခံပြဲလည္း ျပီးေရာ..ေရမိုးခ်ိဴးသန္႕စင္ျပီးသည့္ေနာက္မွ ႏွစ္ေယာက္လံုး ကုတင္ေပၚတြင္ ေျခပစ္လက္ပစ္ လွဲေလ်ာင္းမိႀကေတာ့သည္။ဆုိရပါလွွ်င္ Singto သည္ Krist ကို ရင္ခြင္ထဲ ထည့္ဖက္ထားပါ၏။

"ဒါနဲ႕ေလ Sing ကြ်န္ေတာ္ ေမးမယ္ေမးမယ္နဲ႕ေမ့ေနတာ.။ အခန္းထဲက ကုတင္ႏွစ္လံုးကုိ ဘယ္အခ်ိန္တည္းက ေရႊ႕လိုက္တာလဲ."

"ကုိယ္သတိရလာျပီးေနာက္ပိုင္းကပဲ . အံမယ္ သူလည္းတူတူလာအိပ္ျပီးမွ မသိခ်င္ေယာင္ေဆာင္ေနျပန္ပါျပီ"

"ေႀသာ္ အဲ့တုန္းက အလုပ္ေတြကမ်ား ကြ်န္ေတာ့္ကုတင္လည္း မရွိတာနဲ႕ လာအိပ္ရတာကို."

Singto ဖြဖြေလးရယ္ျဖစ္သည္.။ ရင္ခြင္ထဲက ဖက္ထားေသာ ကိုယ္လံုးေလးသည္ ေႏြးအိကာ စိတ္ခ်မ္းသာရလြန္းလွသည္။

"Yaya လည္း Nadech နဲ႕ ေနာက္လထဲ မဂၤလာေဆာင္မွာေနာ္.။ Mr.Rom တို႕က ေႏွာင့္ယွက္ဦးမွာလား."

"သူတို႕ ကုိယ္တို႕ကုိ မေႏွာင့္ယွက္ႏိုင္ပါဘူး.။ အဲ့မဂၤလာပြဲကို တက္ခ်င္ရင္ေတာ့ တက္မေပါ့.။yaya မိဘေတြဆိုေတာ့က..။ ဒါေပမယ့္ ကုိယ္တုိ႕ကို ဒုကၡေပးရင္ Yaya က သူ႕ကိုယ္သူ သတ္ေသမယ္လို႕ေျပာထားျပီးသား ဆိုေတာ့ ေလးေလး Rom မလုပ္ရဲဘူး.။ ေျပာျပီးရင္ တကယ္လုပ္တဲ့ Yaya စိတ္ကုိ သူ သိတယ္။"

"အင္း အဲ့လိုက်ေတာ့ Yaya က တကယ့္အာဂမိ္န္းကေလးပဲ.။ဒါနဲ႕ Sing ႏွင္းဆီျခံထဲကုိ ဟုိတုန္းက ၀င္ခြင့္ျပဳခဲ့တာက ကြ်န္ေတာ္မို႕လို႕လား ??"

"အင္းေပါ့ ကိုယ့္ခ်စ္ရသူမို႕ေလ"

"ဒါနဲ႕မ်ား ကြာရွင္းဖို႕က ခဏခဏေျပာေသး.။ ကြ်န္ေတာ္ ဘယ္ေလာက္စိတ္ကသိကေအာင့္ျဖစ္ရလဲသိလား ??"

"မင္း လည္းကိုယ့္ကိုခ်စ္မွန္းမသိလို႕ေပါ့ Kit ရယ္.။ကုိယ့္အခ်စ္က ဂ်စ္တစ္တစ္နဲ႕ရယ္"

ညည္းညည္းညဴညဴေျပာေတာ့ Krist အသံထြက္ရယ္မိသည္.။

"ကုိယ္တို႕ မဂၤလာေဆာင္ျပီးခဲ့တာႀကာျပီ.။ခုထိ မဂၤလာခန္း မ၀င္ရေသးဘူးေနာ္."

"အမ္ ~~"~

"အင္းေလ~~~ ခု ႏွစ္ကုိယ္တူ ခ်စ္သူေတြလည္းျဖစ္ျပီးႀကျပီ.။အဲ့ေတာ့ ႏွစ္ကိုယ္တူ အိမ္ေထာင္ဖက္ေတြျဖစ္ႀကရေအာင္."

"Sing~"

တုးိသဲ့သဲ့ထြက္ေပၚလာေသာ Krist ၏ အသံကို Singto က အနမ္းျဖင့္ခ်ိတ္ပိတ္သည္.။ ထုိမွတစ္စ ...လြင့္ေမ်ာျခင္းနယ္ပယ္ တစ္ခုဆီကုိ သူ႕ဦးေဆာင္ရာ ေနာက္ Krist လိုက္ပါခဲ့့ပါသည္။

သူတို႕သည္ ကနဦးကတည္းက ခ်စ္ျခင္းတြင္ သက္ဆင္းခဲ့ႀကျပီးသူမ်ားျဖစ္ေသာ္လည္း အမ်ိဴးမ်ိဴးေသာ အတားအဆီးေတြႀကား ပံုမေဖာ္ႏို္င္ျဖစ္ခဲ့ရသည္။

အခက္အခဲေတြႀကားယံုႀကည္မႈကိုတည္ေဆာက္ခဲ့ႀကရသည္.။ကာကြယ္ခဲ့ႀကသည္.။

ႏွစ္ကိုယ္တူ ခ်စ္သမွ် ကလည္း တိုင္းျပည္တစ္ျပည္လို ျပည့္စံုခိုင္မာကာ ႀကား၀င္ဖ်က္ဆီးမရေအာင္ တည္တ့ံခဲ့ေလျပီ.။

ကုိယ့္တို႕ခ်စ္ျခင္းတို္င္းျပည္တြင္ ကိုယ္က အရွင္သခင္တစ္ပါးလိုခ်ီးေျမွာက္ခံရေသာ္လည္း သူ သာလွ်င္ပဲ ကိုယ့္ရဲ႕ အရွင္သခင္ တစ္ပါးပင္ျဖစ္သည္.။

သစၥာျဖင့္ခ်ည္ေႏွာင္ ေမတၱာျဖင့္ ကာရံကာေသာ ခ်စ္ျခင္းတုိ႕သည္လည္း ကမၻာတည္သေရြ႕ တည္တ့ံခိုင္ျမဲေစေသာ္.....။


The End.

With Heart
Just a dreamer.

( ျပီးဆံုးသြားပါျပီေနာ္ အဆံုးထိ လိုက္ပါစီးေျမာေပးႀကတ့ဲ သူငယ္ခ်င္းေတြအားလံုးကို ေက်းဇူးတင္ပါတယ္။ တကယ္ဆို ကိုယ္က author လို႕ အမည္ တပ္စရာမလိုေသးတ့ဲ ဒီတိုင္းဝါသနာရွင္ေလး သက္သက္ပါ။ character ေလးေတြနဲ႕အတူ ေပ်ာ္ေပး ရင္ခုန္ေပး ေဒါသထြက္ေပးခ့ဲတာ တကယ္ပဲ ဝမ္းသာရပါတယ္။ ေနာက္ထပ္ ဖန္တီးမႈအခ်ိဴ႕နဲ႕ ျပန္လာခ့ဲပါ့မယ္ ( ေက်ာ္ထက္ေအာင္ ေလသံျဖင့္) 😁)
စိတ္မေက်နပ္စရာ တစ္စံုတစ္ရာ ရွိခ့ဲပါမူ ကို္ယ္ရဲ႕အျပစ္သာျဖစ္ပါေႀကာင္း )

တစ္ခုေလာက္ေတာ့ ကူညီေပးႀကပါေလေနာ္

Singto နဲ႕ Krist မဟုတ္ဘဲနဲ႕ ဒီ fic ထဲက ဇာတ္ေကာင္ပီျပင္တယ္ ထင္တ့ဲ Character ေလးေတြကို ေျပာျပေပးပါလား Plz.

Unicode

Singto တို့၏ အတော်ဆုံးသော ရှေ့နေ၏ ပါးနပ်မှုနှင့်အတူ သိသာထင်ရှားစွာသော ဗီဒီယိုဖိုင်သက်သေကြောင့် တရားခွင်တွင် တရားခံရှေ့နေမှာ လျှောက်လဲစရာမရှိ.။ ဗီဒီယိုထဲက ပုံရိပ်များကို တရားခွင်က လူတိုင်း ရှုံ့ချကာ ကျိန်ဆဲကြသည်.။Din သည် သေဒဏ်ဟူသော ပြစ်ဒဏ်နှင့် Madam Yann သည် တစ်သက်တစ်ကျွန်း ဟူသော ပြစ်ဒဏ်တွင် Madam Yann သည် အော်ဟစ်ကာ ရုန်းကန်နေခဲ့သည်။ Nuyen ကတော့ တ၇ားခွင်ပြီးသည့်နောက် မိခင်ဖြစ်သူကိုဖက်ငိုကြွေးပြီးနောက် များမကြာခင် ပြည်ပသို့ထွက်ခွာသွားခဲ့ကြောင်းသတင်းကြားရ သည်.။

ကိစ္စအားလုံး ပြီးပြတ်သည့် အချိန်တွင်မူ ယခု Sing .၊ krist နှင့်အတူ မိသားစုဝင်အားလုံး ချင်းမိုင်ခြံသို့ရောက်ရှိနေကြသည်။ အိမ်ထဲက Krist သာ သိသော P'Ne ဝှက်ထားခဲ့သည့်နေရာတွင် စိန်သေတ္တာကို ယူကာ ချက်ချင်းပင် ရောင်းချသင့်တာ ရောင်းချကာ အလှူအတန်း ပြုလုပ်ခဲ့ကြသည်။ ဆုံးပါးသွားသူကို ရည်စူးကာ အလှူအတန်းပေးလုပ် ခြံထဲမှာပင် တရားနာကြသည်.။ ဖြစ်မှန်အားလုံး ၏ ကျေးဇူးရှင်လေး Mr.John ၏ သားငယ်လေး က မပါမဖြစ်.။

"Mr.Singto..ဒါ ကျွန်တော့် ဇနီးလေ.. သတင်းကြားပြီး ချက်ချင်းလိုက်လာခဲ့တာ."

Krist က အိမ်ထဲတွင် ကိစ္စများမြောင်ဖြင့် အလုပ်များနေသည်မို့ Singto က အပြင်က ဧည့်သည်တွေကို နှုတ်ဆက်နေသည်.။ Mr.John မိတ်ဆက်ပေးသည့် အမျိူးသမီးကိုကြည့်ကာ မြင်ဖူးသလို ဇဝေဇ၀ါဖြစ်မိ၏။

"ကျွန်မကို မမှတ်မိဘူးလားရှင်..။တစ်ခါက လမ်းဘေးမှာ ကျွန်မ ကိုယ်ဝန်ကြီးနဲ့လေ ဒုက္ခရောက်နေတုန်း Khun Singto နဲ့ Khun Krist က ဆေးရုံပို့ပေးခဲ့တာလေ.။ Khun Krist က ကျွန်မ မွေးပြီးတဲ့အထိ စောင့်ပေးခဲ့တာ."

"ဗျာ.~ အဲ့လောက်တိုက်ဆိုင်လိုက်တာ.။ "

ထိုစဉ် Krist လည်း အနားရောက်လာသောကြောင့် ထပ်မံအံ့သြသွားသည်။ Mr.John ၏ ဇနီးကမူ ၀မ်းသာသောမျက်လုံးများဖြင့် ကြည့်နေသည်။

"အဲ့တုန်းက ကျွန်မ က ထိုင်းကိုပြန်ရောက်နေတာကြာပြီ.။Mr.John ရောက်လာတော့ အခန့်မသင့် စကားများကြရင်းနဲ့ စိတ်ဆိုးပြီး အိမ်ကထွက်လာတုန်း တွေ့ကြတာ.။ တကယ် ကံတရားပါပဲ၇ှင်.။ ကျွန်မ သားကြီး က ခုလို ပြန်ပြီး အကူအညီပေးနိုင်တဲ့အတွက် အရမ်းဝမ်းသာမိတယ်."

"ကျွန်တော်တို့က ၀မ်းသာရမှာပါ. Jane ကြောင့်သာ မဟုတ်ရင် ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး.။ ဒါနဲ့ အဲ့တုန်းက မွေးတာ သမီးလေး မလား.။ ကလေး ရော??"

"အိမ်မှာထားခဲ့တယ်.သူ့အဘွားနဲ့"

Krist ပြုံးရွှင်စွာနှင့် စကားပြောဆိုနေသည်ကိုကြည့်ကာ ၀မ်းမြောက်ရသူက Singto ပင်ဖြစ်သည်.။သူ ဖြောင်းဖြသည့်စကားတို့ကို နာခံသည့်အပြင် သက်ဆိုင်သူတို့ ထိုက်သင့်သည့် လမ်းကို မြန်းသွားရပြီမို့ Krist က စိတ်လျှော့လိုက် ပုံရသည်.။

"P'Sing ကျွန်တော်တို့ပြန်တော့မယ်လေ.။ သဘက်ခါ မင်္ဂလာပွဲအတွက်လည်း စီစဉ်ရဦးမှာ မလား.??"

Nadech က Yaya လက်လေးကိုဆွဲလျက် အနားရောက်လာသည်.။ Singto လည်း လက်ကနာရီကိုတစ်ချက်ကြည့်ကာ--

"သိပ်ပြီးစီစဉ်စရာတော့မရှိပါဘူး.။ဒါပေမယ့်ပြန်ကြတာပေါ့. မဟုတ်ရင် Kit ခရီးပန်းလိမ့်မယ်.။"

"ရပါတယ် ကျွန်တော်က အဲ့လောက် အားမနည်းပါဘူး.ဆို~ "

အခြေအတင် စကားပြောနေကြပုံကို အားလုံးက ချစ်စနိုးဖြင့် ကြည့်နေကြသည်။ အများအမြင်တွင် Singto သည် တကယ်ပဲ သဲသဲလှုပ်လွန်းလှ၏။ တစ်ခါ တစ်ခါ Aim က ပြောဖူးသည်.။ "ငါတောင် မင်းရဲ့ယောကျာ်း ဖြစ်ရမှာကြောက်တယ်" ဆို၍ သူ ဆဲဆိုသလို Krist က ၀ါးလုံးကွဲရယ်မောလေ၏။

"Nadech ပြန်ဖို့စီစဉ်ထားလိုက်တော့နော်.။ ကိုယ်တို့ သွားစရာရှိသေးတယ်.။ Mr.John ..ဇနီးကို အိမ်ထဲခေါ်ဗျာ.။အားမနာနဲ့.။Mr.John က သူစိမ်းမှ မဟုတ်တာ."

Mr.John က မနက်ကတည်းက ရောက်ပြီ ကူညီလုပ်ကိုင်နေသည်ဖြစ်၍ အိမ်သားတစ်ပိုင်းဖြစ်နေသည်.။ အားလုံးကို နှုတ်ဆက်ပြီး Singto တို့သည် ခြံထဲက ကားလေးဖြင့် မောင်းထွက်လာကြသည်.။

ဦးတည်ရာက P'Ne ၏ အုတ်ဂူ..။

ကားလေးကို သုသာန်ဝင်းနား ထိုးရပ်လိုက်ကာ အမြဲသန့်ရှင်းရေးလုပ်ခိုင်းသဖြင့် ခုထိဆေးရောင်မပြယ် ဖြူလွင်နေသာ အုတ်ဂူလေးဆီ လျှောက်လာကြ၏။

"P'Ne ကျွန်တော်လာတယ်~~ ကိစ္စအားလုံးပေါ်သွားပြီ သိလား P'.. စိတ်အေးချမ်းသာစွာ အနားယူပါနော်.။ နှစ်တွေကြာမှ အဖြစ်မှန်ကိုသိခွင့်ပေးနိုင်တဲ့အတွက် ကျွန်တော် ကတောင်းပန်ပါတယ်..နော်.။ "

Singto က Krist ပုခုံးလေးကိုအသာပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ဓာတ်ပုံထဲတွင်တောင် P'Ne သည် နူးညံ့ချောမောလွန်း သည့်ကောင်ချောလေးဖြစ်သည်.။ သိပ်ချစ်ကြသည့် ညီအကိုတွေအဖြစ်ကနေ စောစောစီးစီး လက်လွှတ်လိုက်ရသည့် အစ်ကိုအတွက် Krist ခံစား၇သမျှကို သူ နားလည်သည်.။ကိုယ်ချင်းစာသည်.။ မျှဝခံစားလိုသည်.။

ညနေ ဆည်းဆာရောင်အောက်တွင် အုတ်ဂူဖြူငယ်လေးရှေ့ က လူသားနှစ်ယောက်၏ ပုံရိပ်သည် လွမ်းမောနာကျင်စရာ ကောင်းလှပေသည်.။
-
-
-
မနက်ခင်းသည် သွားလာလှုပ်ရှားကာ အသံစုံကြောင့် အသက်ဝင်နေသည်.။ Prachaya အိမ်တော် တစ်ခုလုံး ပန်းရနံ့များဖြင့် မွှေးပျံ့ကာ လှပသက်ဝင်နေသည်.။ Plon ကိုယ်တိုင် စီမံခန့်ခွဲမှုဖြင့်လည်းအလုပ်ရှုပ်နေသည်.။ သို့ပေမယ့် အားလုံး ၏ မျက်နှာတွင် ၀မ်းသာပျော်ရွှင်မှုများစွာဖြင့်.။

ယနေ့သည် Singto Prachaya နှင့် Krist Perawat တို့၏ တစ်ကျော့ပြန် လက်ထပ်မင်္ဂလာပွဲ။

ရေစင်သွန်းသောင်းကာ ဆုတောင်းပေးခံချင်သည့် Krist ၏ ဆန္ဒကို Singto က အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော် မင်္ဂလာဆောင်ရင် တကယ်ပဲ ဒီလိုရိုးရာဝတ်စုံ ၀တ်ချင်ခဲ့တာ."

မျက်စိရှေ့က ကောင်လေးသည် ထိုင်းရိုးရာဝတ်စုံဖြင့် ခန့်ညားချောမောလွန်းလှသည်.။ ကမ္ဘာပေါ်က သတို့သမီးတိုင်း မည်မျှ လှပကြသည်ဆိုဆို အနှီ သတို့သားလေး၏ တင့်တယ်မှုကိုမှ မီပါ့မလားလေ.။

"ကျွန်တော် ခုချိန် ဘာတွေမိလဲသိလား Sing ?? Aim ပြောသလို မင်းယောကျာ်းဖြစ်ရမှာကြောက်တယ်ဆိုတာလေ.. ။ အဟားးး ~~~ Sing မျက်လုံးကြီး ခုပဲ ကျွန်တော့်မျက်နှာပြေးကပ်တော့မလို..။ တအားမကြည့်လည်းဖြစ်ပါတယ်."

လှောင်သလိုမျက်နှာပေးလေးနှင့်မို့ယခင် Krist ပုံစံလေးကိုမြတ်နိုးစွာကြည့်မိသည်.။

"လှောင်ထား Kit.. ညရောက်ရင် လှောင်နိုင်ဦးမလားကြည့်မယ်"

"ခင်ဗျားနော်~ "

ချက်ချင်း တည်သွားသောမျက်နှာလေးကို Singto တဟားဟားအော်ရယ်နေတုန်း Mr.Perawat ၀င်လာသဖြင့် အရှိန်သပ်လိုက်ရ သည်.။

"Por~ "

"ငါ့သားလေးက ကြည့်ကောင်းလိုက်တာ..။ "

Mr.Perawat သည် မျက်ရည်လဲ့သော အပြုံးတွေနှင့်မို့ Krsit အသာပွေ့ဖက်လိုက်သည်။

"မင်္ဂလာပွဲပြီးရင် Por သာသနာ့ဘောင်ဝင်ချင်တယ်ဆိုလို့ Por သဘောပါပဲ.။ဒါပေမယ့် Por ..ဖြစ်ပျက်ခဲ့သမျှက Por နဲ့ဘာမှ မသက်ဆိုင်ပါဘူး ။ Por အပြစ်လည်း မဟုတ်ဘူး.။ စိတ်ချမ်းသာသလောက် သာသနာဘောင်ဝင်ပါ.။ ပြန်လာချင်ရင် အိမ်မှာတစ်ယောက်ထဲ မနေပါနဲ့.။ဒီကို ပြောင်းလာခဲ့ပါနော်."

"ဟုတ်ပါတယ် Por.. ဒီကိုပဲ လာခဲ့ပါ.။ Kit နဲ့လည်း နီးနီးကပ်ကပ်နေရတာပေါ့နော်."

Mr.Perawat က Krist ဖက်ထားတာကနေ ခဏဖယ်ခွာလိုက်ကာ Singto ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လာသည်.။

"ကျေးဇူးတင်ပါတယ် Sing.ပြောစရာမရှိလောက်အောင် သားငယ်ကို ချစ်ပေးပြီး ဂရုစိုက်ပေးတဲ့အတွက်. စိတ်ဒဏ်၇ာတွေ ဖြေဖျောက်ပေးတဲ့အတွက်ရော..တကယ် အလေးအနက်ကျေးဇူးတင်ပါတယ်"

"မဟုတ်တာဗျာ.. Kit ကို ချစ်ခွင့်ရတာက ကျွန်တော် ကံကောင်းတာပါ"

နှစ်ဦးသား အပြုံးဖလှယ်နေကြသည်ကို Krist ကြည်နူးစွာကြည့်နေမိသည်.။နောက်ဆုံးတော့ အားလုံးအေးချမ်းခဲ့ပြီ ထင်ပါသည်။ မင်္ဂလာအချိန်ရောက်ပြီမို့ ဧည့်ခန်းထဲကို ထွက်လာခဲ့ကြသည်.။ သတို့သားနှစ်ယောက်၏ လက်ခုပ်ထဲသို့ ရေစင်သွန်းလောင်းကာ လူတိုင်းက ဆုမွန်စကား တောင်းဆုခြွေကြသည်.။
Krist ရင်ထဲ နှိုင်းမရသော ကြည်နူးမှုများဖြစ်ထွန်းနေသည်။သူ လိုချင်ခဲ့သည့် လက်ထပ်မင်္ဂလာသည် အသက်ဝင်ခဲ့လေပြီ.။

တစ်နေ့လုံး ပျော်ရွှင်စားသောက်ကြရင်း ညဧည့်ခံပွဲလည်း ပြီးရော..ရေမိုးချိူးသန့်စင်ပြီးသည့်နောက်မှ နှစ်ယောက်လုံး ကုတင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲလျောင်းမိကြတော့သည်။ဆိုရပါလျှင် Singto သည် Krist ကို ရင်ခွင်ထဲ ထည့်ဖက်ထားပါ၏။

"ဒါနဲ့လေ Sing ကျွန်တော် မေးမယ်မေးမယ်နဲ့မေ့နေတာ.။ အခန်းထဲက ကုတင်နှစ်လုံးကို ဘယ်အချိန်တည်းက ရွှေ့လိုက်တာလဲ."

"ကိုယ်သတိရလာပြီးနောက်ပိုင်းကပဲ . အံမယ် သူလည်းတူတူလာအိပ်ပြီးမှ မသိချင်ယောင်ဆောင်နေပြန်ပါပြီ"

"သြော် အဲ့တုန်းက အလုပ်တွေကများ ကျွန်တော့်ကုတင်လည်း မရှိတာနဲ့ လာအိပ်ရတာကို."

Singto ဖွဖွလေးရယ်ဖြစ်သည်.။ ရင်ခွင်ထဲက ဖက်ထားသော ကိုယ်လုံးလေးသည် နွေးအိကာ စိတ်ချမ်းသာရလွန်းလှသည်။

"Yaya လည်း Nadech နဲ့ နောက်လထဲ မင်္ဂလာဆောင်မှာနော်.။ Mr.Rom တို့က နှောင့်ယှက်ဦးမှာလား."

"သူတို့ ကိုယ်တို့ကို မနှောင့်ယှက်နိုင်ပါဘူး.။ အဲ့မင်္ဂလာပွဲကို တက်ချင်ရင်တော့ တက်မပေါ့.။yaya မိဘတွေဆိုတော့က..။ ဒါပေမယ့် ကိုယ်တို့ကို ဒုက္ခပေးရင် Yaya က သူ့ကိုယ်သူ သတ်သေမယ်လို့ပြောထားပြီးသား ဆိုတော့ လေးလေး Rom မလုပ်ရဲဘူး.။ ပြောပြီးရင် တကယ်လုပ်တဲ့ Yaya စိတ်ကို သူ သိတယ်။"

"အင်း အဲ့လိုကျတော့ Yaya က တကယ့်အာဂမ်ိန်းကလေးပဲ.။ဒါနဲ့ Sing နှင်းဆီခြံထဲကို ဟိုတုန်းက ၀င်ခွင့်ပြုခဲ့တာက ကျွန်တော်မို့လို့လား ??"

"အင်းပေါ့ ကိုယ့်ချစ်ရသူမို့လေ"

"ဒါနဲ့များ ကွာရှင်းဖို့က ခဏခဏပြောသေး.။ ကျွန်တော် ဘယ်လောက်စိတ်ကသိကအောင့်ဖြစ်ရလဲသိလား ??"

"မင်း လည်းကိုယ့်ကိုချစ်မှန်းမသိလို့ပေါ့ Kit ရယ်.။ကိုယ့်အချစ်က ဂျစ်တစ်တစ်နဲ့ရယ်"

ညည်းညည်းညူညူပြောတော့ Krist အသံထွက်ရယ်မိသည်.။

"ကိုယ်တို့ မင်္ဂလာဆောင်ပြီးခဲ့တာကြာပြီ.။ခုထိ မင်္ဂလာခန်း မ၀င်ရသေးဘူးနော်."

"အမ် ~~"~

"အင်းလေ~~~ ခု နှစ်ကိုယ်တူ ချစ်သူတွေလည်းဖြစ်ပြီးကြပြီ.။အဲ့တော့ နှစ်ကိုယ်တူ အိမ်ထောင်ဖက်တွေဖြစ်ကြရအောင်."

"Sing~"

တုိးသဲ့သဲ့ထွက်ပေါ်လာသော Krist ၏ အသံကို Singto က အနမ်းဖြင့်ချိတ်ပိတ်သည်.။ ထိုမှတစ်စ ...လွင့်မျောခြင်းနယ်ပယ် တစ်ခုဆီကို သူ့ဦးဆောင်ရာ နောက် Krist လိုက်ပါခဲ့ပါသည်။

သူတို့သည် ကနဦးကတည်းက ချစ်ခြင်းတွင် သက်ဆင်းခဲ့ကြပြီးသူများဖြစ်သော်လည်း အမျိူးမျိူးသော အတားအဆီးတွေကြား ပုံမဖော်နိုင်ဖြစ်ခဲ့ရသည်။

အခက်အခဲတွေကြားယုံကြည်မှုကိုတည်ဆောက်ခဲ့ကြရသည်.။ကာကွယ်ခဲ့ကြသည်.။

နှစ်ကိုယ်တူ ချစ်သမျှ ကလည်း တိုင်းပြည်တစ်ပြည်လို ပြည့်စုံခိုင်မာကာ ကြားဝင်ဖျက်ဆီးမရအောင် တည်တံ့ခဲ့လေပြီ.။

ကိုယ့်တို့ချစ်ခြင်းတိုင်းပြည်တွင် ကိုယ်က အရှင်သခင်တစ်ပါးလိုချီးမြှောက်ခံရသော်လည်း သူ သာလျှင်ပဲ ကိုယ့်ရဲ့ အရှင်သခင် တစ်ပါးပင်ဖြစ်သည်.။

သစ္စာဖြင့်ချည်နှောင် မေတ္တာဖြင့် ကာရံကာသော ချစ်ခြင်းတို့သည်လည်း ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲစေသော်.....။

The End.

With Heart
Just a dreamer.

( ပြီးဆုံးသွားပါပြီနော် အဆုံးထိ လိုက်ပါစီးမြောပေးကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်ဆို ကိုယ်က author လို့ အမည် တပ်စရာမလိုသေးတဲ့ ဒီတိုင်းဝါသနာရှင်လေး သက်သက်ပါ။ character လေးတွေနဲ့အတူ ပျော်ပေး ရင်ခုန်ပေး ဒေါသထွက်ပေးခဲ့တာ တကယ်ပဲ ဝမ်းသာရပါတယ်။ နောက်ထပ် ဖန်တီးမှုအချိူ့နဲ့ ပြန်လာခဲ့ပါ့မယ် ( ကျော်ထက်အောင် လေသံဖြင့်) 😁)
စိတ်မကျေနပ်စရာ တစ်စုံတစ်ရာ ရှိခဲ့ပါမူ ကိုယ်ရဲ့အပြစ်သာဖြစ်ပါကြောင်း )

တစ်ခုလောက်တော့ ကူညီပေးကြပါလေနော်

Singto နဲ့ Krist မဟုတ်ဘဲနဲ့ ဒီ fic ထဲက ဇာတ်ကောင်ပီပြင်တယ် ထင်တဲ့ Character လေးတွေကို ပြောပြပေးပါလား Plz.

Continue Reading

You'll Also Like

109K 18.7K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
Dream Heart By Burma LGBT

Mystery / Thriller

14.7K 575 9
Dream Heart ....? ဟုတ္ပါသည္။ Dream Heart ပါ။ Dream Heart ဟုဆိုလိုက္ရံုႏွင့္ မသိသူက ခပ္ရွားရွားပင္။ အကယ္၍သင္သည္ ျမန္မာႏိုင္ငံသားတစ္ေယာက္ဆိုပါက ႏိုင...
292K 50.1K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
56.7K 4.1K 8
zaw gyi version Shuu~~~ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ရဲ႕ခ်စ္ရသူ ပိစိေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဖတ္ေပးၾကမယ္ ဟုတ္? အခုမွ fic စေရးမွာဆိုေတာ့ အားေပးၾကပါခင္ဗ်...