မိုးကတော့ ဘယ်သူ့ကိုငြိုးလို့ရွာနေမှန်းကိုမသိ~~
တကယ့်ကိုသည်းသည်းမဲမဲ~~
သူကားကို ဂရုတစိုက်မောင်းလာခဲ့ရသည်~~~
မောင်းသာမောင်းနေရတာ~~အရှေ့ကိုသဲသဲကွဲကွဲမမြင်ရ~~~
တစ်ချက် နောက်ကကားပါလာမှန်းမသိဘဲ ရှေ့က
ကားကိုကျော်တက်ဖို့ လုပ်လိုက်သည်~~~
"ကျွီ~~~~~"
သူအမြန်ပဲ ကားကိုဘရိတ်အုပ်လိုက်ရသည်~~~
နောက်ကကားလဲ သူ့နည်းတူ ဘရိတ်အုပ်မြန်လိုက်လို့သာ~~~
ကြည့်လိုက်တော့ အဲ့ကားထဲက တစ်ယောက်က
သူ့ဆီထီးနဲ့ဆင်းလာတာတွေ့လိုက်ရသည်~~
ပြီးတော့ သူ့ကားမှန်ကို လက်နဲ့လာခေါက်သည်~~
ပါးစပ်ကလဲ တစ်ခုခုပြောနေပုံ~~~
မိုးရွာနေတဲ့ အသံကြောင့် သူဘာမှမကြားရ~~~
သူကားမှန်ကို ဖွင့်ပေးလိုက်မှ တွေ့လိုက်ရတာက
အကိုကြီးတစ်ယောက်~~~
ရုပ်ကတော့ လူမိုက်ရုပ်လိုလို~~ဘာလိုလိုနဲ့~~
ပါးသိုင်းမွှေးတွေကလဲရှိသေး~~~
"မင်းကားကို ဘယ်လိုမောင်းနေတာလဲ! ဟမ်!
အခန့်မသင့်ရင် နှစ်ယောက်လုံးလျှောသွားနိုင်တယ်
ဆိုတာမသိဘူးလား!
အိပ်ချင်ရင်လဲ အိမ်ပြန်အိပ်လိုက်တော့ ဟျောင့်!"
သူ့ကိုဒေါသမျက်လုံးတွေနဲ့ ပြောနေတဲ့ ထိုအကိုကြီး
~~~
"Sorry ပါဗျ! ကျနော်တောင်းပန်ပါတယ်!
ကျနော် လူတစ်ယောက်ကြောင့် အရမ်းအရေးကြီး
နေလို့ပါ"
သူတောင်းပန်လိုက်တော့မှ ကားဆီပြန်ပြန်ထွက်သွားသည်~~~
~~~မသိတော့ဘူးကွာ~~~
အခုသူ့စိတ်တွေက မိုးခြိမ်းရင်ကြောက်တတ်တဲ့ သူ့
အနှီကောင်လေးဆီမှာသာ~~~
သူ message ပို့ထားတဲ့လိပ်စာအတိုင်း မောင်းလာခဲ့
လိုက်သည်~~~
ကားကို ကားပါကင်မှာရပ်ထားခဲ့ပြီး Message ပို့ထားတဲ့ တိုက်ခန်းနံပါတ်အတိုင်း တက်လာခဲ့လိုက်သည်~~~
သိပ်မကြာလိုက်~~~
အခန်းရှေ့မှာ (31) ဆိုတဲ့ နံပါတ်ကြီးတပ်ထားတဲ့
တိုက်ခန်းဆီသို့~~~
သူ့အတွေးထဲမှာတော့ အဲ့ကောင်လေး သူ့ကိုတွေ့ရင်
လာပြေးဖက်မှာကျိန်းသေ!
မိုးခြိမ်းလို့ အရမ်းကြောက်နေမဲ့ ရုပ်ကြီးကို စိတ်ထဲ
မြင်မိကာ ပြုံးလိုက်မိသည်~~
ကမန်းကတန်းထွက်လာခဲ့တာ သူကိုယ်တိုင်လဲ
အင်္ကျီလက်ပြတ်လေးသာ ၀တ်လာခဲ့မိသည်မို့
အနည်းငယ်တော့ ချမ်းမိသည်~~
ကိစ္စမရှိ~~~အထဲရောက်မှ အဲ့ကောင်လေးကို
တ၀ကြီးဖက်လိုက်ရင် နွေးနေမှာ~~~
"ဒေါက်! ဒေါက်! ဒေါက်!"
မိုးကတော့ အပြင်မှာ အခုထိမစဲနိုင်သေးဘဲ
ရွာလျက်ပင်!
***********
သူတံခါးခေါက်သံကြားလို့ သွားဖွင့်ပေးလိုက်သည်~
"ဟမ်! ဆူးခက်နွယ်"
"ဟုတ်တယ်လေ! ဘာလဲ ရဲက ဆူးကိုတွေ့ရတာ
မတွေ့ချင်ဘူးလား!
ဒီကတော့ သူ့ဆေးရုံကို လိုက်သွားတော့ နေ
မကောင်းလို့ ခွင့်ယူထားတယ်ဆိုလို့ အိမ်ထိလာ
ကြည့်တဲ့ဟာကို!"
အသံကတော့ ထုံးစံအတိုင်း~~ရုံးပတီသီးထက်
ချွဲပျစ်တဲ့အသံနဲ့~~~
"Imm, အဲ့လိုမဟုတ်ပါဘူးဟ! နင်ကလဲ!"
"အာ့ဆိုဖယ်! အထဲဝင်မယ်!"
"Imm"
ပြောကာ အထဲကို အတင်းတိုးဝင်သွားတဲ့
ဆူးခက်နွယ်!
အချိန်ကြည့်တော့ ညနေ၆နာရီတောင် ရှိနေပြီ~~
သူအထဲလိုက်ဝင်သွားတော့ ဆိုဖာပေါ်မှာထိုင်
နေတဲ့ဆူးခက်နွယ်~~~
"ရဲ လာထိုင်လေ! အဲ့မှာဘာရပ်လုပ်နေတာလဲ!"
"Aww, inn"
သူလဲ အနီးနားက ဆိုဖာတစ်ခုပေါ်မှာ ၀င်ထိုင်လိုက်
သည်~~~
"ဟို~~ဟိုလေ~~ဒီအချိန်ကြီး~ငါ့ဆီလာတာ
ဆိုတော့ကောင့်ပါ့မလားဟ!
မိုးတောင်ချုပ်နေပြီ!"
"ရဲ ငါအခုမှ ဒီမှာထိုင်တာ ၅မိနစ်တောင် မပြည့်သေး
ဘူးနော်!
ရဲက ဆူးကို နှင်ထုတ်ချင်နေပြီလားပြော!"
"မဟုတ်ပါဘူးဟ~~ပတ်ဝန်းကျင်က တစ်မျိုးထင်နေ
ကြမှာဆိုးလို့ပါဟ!"
သူလဲ အလိုက်သင့်လေးပြန်ပြောလိုက်ရသည်~~
"အို! သူတို့ဟာသူတို့ထင်ချင်ရာထင်ပါစေ~~
ဆူးကတော့ စိတ်မ၀င်စားပါဘူး!"
ပြီးတော့ အခုလာတာကလဲ ရဲကို မေးစရာလေးရှိလို့"
တော်တော်ခက်ပါလား ဆူးခက်နွယ်ရယ်~~~
"Imm, မေးလေ! ဘာမေးမလို့လဲ"
သူအသက်မပါတဲ့ အပြုံးလေးပြုံးကာ ပြောလိုက်သည်~~
"ဟိုဟာလေ~~~ရဲမှာ ချစ်ရတဲ့သူရှိနေလို့လားဟင်"
~~ဗုဒ္ဓေါ~~
"မ~~မရှိပါဘူး~~ဘာ~~ဘာလို့လဲ"
"ဟမ်! တကယ်လား! ပျော်လိုက်တာ! ဟီးဟီး"
~~ကိုယ်ချစ်ရတဲ့သူမှာ ချစ်ရတဲ့သူမရှိသေးဘူးလို့
သိလိုက်ရတဲ့အချိန်မှာ ရင်ထဲအတောမသတ်နိုင်တဲ့
ပျော်ရွှင်မှုကို ငါလဲခံစားခဲ့ဖူးပါတယ်ဆူးခက်နွယ်~~
"ဒါနဲ့! အာ့ဆို ဘာလို့ဆူးကို မစဉ်းစားပေးသေးတာလဲဟင်!"
"Imm, ငါအဲ့တာတွေ မစဉ်းစားချင်သေးလို့ပါဟ!"
အဲ့ကိစ္စကို သူနဲ့ ဆူးခက်နွယ် တော်တော့်ကို ဖြေရှင်း
ယူလိုက်ရသည်~~~
"Imm, အပြင်မှာ မိုးတွေတအားသည်းနေသေး
တယ်!
မိုးလေးနည်းနည်းစဲမှပဲ ပြန်လိုက်တော့မယ်နော် ရဲ!"
မတတ်နိုင်~~အပြင်မှာလဲ မိုးတွေက တအားသည်း
နေသည်မို့~~~
အခြေအနေက သူ့ဘက်မှာမရှိ~~~
တော်ကြာ သူပြန်ခိုင်းလိုက်လို့ လမ်းမှာတစ်ခုခုဖြစ်နေမှ သူ့အတာကျနေဦးမည်~~
သူခေါင်းသာညိမ့်ပြလိုက်တော့သည်~~~
*************
အထဲမှ တံခါးဖွင့်သံကြားလိုက်ရသည်~~~
သူကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်!
~~Message ထဲမှာပြောထားတာကတော့ ဒီနေရာပါပဲ~~
"လင်းရဲမာန် နေတဲ့ တိုက်ခန်းမဟုတ်ဘူးလား"
သူခပ်ပြတ်ပြတ်ပဲမေးလိုက်သည်~~
"ဟုတ်ပါတယ်!"
"ဟမ်!"
"ရဲ ဒီမှာ နင့်အသိလားမသိဘူး လာတယ်!"
အဲ့ကောင်မလေး လှမ်းအော်လိုက်တော့ အိမ်ထဲကနေဘောင်းဘီတိုလေးနဲ့ ထွက်လာတဲ့ အနှီကောင်
လေး!
ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ ဗလာကျင်းနဲ့~~~
သူ့ဒေါသနဲ့ စိုးရိမ်စိတ်တွေက အထွတ်အထိပ်ကို
ရောက်သွားပြီ~~~
"မင်း~~မင်းတို့!"
သူ့ကိုတွေ့တော့ အံသြတဲ့ အမူအရာနဲ့ကြည့်နေတဲ့
ထိုကောင်လေး~~
"ဟမ်~~ကိုရှင်းသန့်!"
သူအဲ့ကောင်လေး လက်ကိုဆွဲကာ တိုက်ခန်းထဲဝင်လိုက်သည်~~
အထဲရောက်တော့ လက်ကိုလွှတ်ပေးလိုက်ကာ~~
"ဒါက ဘာဖြစ်နေကြတာလဲ လင်းရဲမာန်!"
သူ့အသံက အရမ်းခက်ထန်နေသည်~~~
ဟိုတစ်ယောက်ကတော့ သူတို့ကို နားမလည်စွာ
ကြည့်နေသည်~~~
"ဘာကိုလဲ ကိုရှင်းသန့်!
ကျနော့်ဟာကျနော် ဘာပဲလုပ်လုပ်! ခင်ဗျားနဲ့
ဘာဆိုင်လို့လဲ!"
သူ့ကို တစ်ခါမှ ပြန်မပြောဘူးတဲ့ လင်းရဲမာန်ဆိုတဲ့
အဲ့အနှီကောင်လေး~~~
သူ့ကိုကြည့်နေတဲ့ မျက်လုံးတွေကလဲ အရောင်တွေ
တောက်လောင်လျက်~~~
"မင်းတကယ်ပဲ ပြောင်းလဲသွားပြီပဲ!"
သူ့အသံက ခက်ထန်နေရာမှတစ်ဆင့်ဝမ်းနည်းမှု
လှိုင်းတွေဆီသို့ ပြောင်းလဲသွားသည်~~
"ဟုတ်တယ် ကျနော်ပြောင်းလဲသွားပြီ!
ဒါတွေအားလုံးကလဲ ခင်ဗျားကြောင့်ပဲ ကိုရှင်းသန့်!
အဲ့တော့ အရင်ကဖြစ်ခဲ့တာတွေ အားလုံးကိုလဲ
မေ့လိုက်ပါတော့!"
သူလုံးဝမယုံကြည်နိုင်လောက်အောင် ခေါင်းကိုလုံးဝ
ခါယမ်းနေမိသည်~~~
"မဟုတ်ဘူး! မဖြစ်နိုင်ဘူး!"
ရုတ်တရက် အဲ့ကောင်လေးက ဟိုကောင်မလေး
ဘက်ကိုလှည့်ကာ ပုခုံးနှစ်ဖက်ကို ကိုင်လိုက်သည်
"ဆူးခက်နွယ်!
ငါအခုပြောမဲ့စကားကို သေချာနားထောင်နော်!
ငါနင့်ကို အရမ်းချစ်တယ်ဟာ!"
ပြောပြီး သူမြတ်နိုးခဲ့ရတဲ့ နှုတ်ခမ်းသားလေးတွေနဲ့
အဲ့ကောင်မလေးဆီသို့~~~
သူ့ရှေ့မှာ ထိုလူသားနှစ်ဦးရဲ့ ရမ္မက်တပ်မက်စွာ
နမ်းရှိုက်နေကြတဲ့ မြင်ကွင်း~~~
"မဟုတ်ဘူး! လုံးဝမဟုတ်ဘူး! မဖြစ်နိုင်ဘူး!
ဟားဟား"
သူရူးနှမ်းစွာအော်ရယ်ရင်း အောက်ဖက်ကိုဆင်းလာခဲ့လိုက်သည်~~~
အပြင်မှာတော့ မိုးကသည်းကြီးမဲကြီးရွာနေဆဲပင်~~
အဖြူ ရောင်လျှပ်စီးတန်းလေးတွေ လက်ခနဲဖစ်သွားတိုင်း မြင်ရမှာက~~~
တိုက်ခန်းရဲ့ အောက်ဘက်မြေကြီးပေါ်မှာ ဒူးထောက်ပြီးအပေါ်ကို မော့ကြည့်နေတဲ့ ကောင်လေးတစ်
ယောက်~~~
တစ်ကိုယ်လုံးကတော့ မိုးရေတွေရွှဲရွှဲစိုလျက်~~~
ဒီမြင်ကွင်းကို သုံးလွှာမှာရှိတဲ့ ထိုလူသားနှစ်ယောက်
ကတော့ မြင်နိုင်မယ်မထင်~~~~