အနည္းငယ္ေအးေသာ မနက္ခင္းျဖစ္၍ ဂ်င္ ေက်ာင္းဝတ္စံုအား ရင္ဘတ္နားဆြဲစိရင္း ထြက္မလာေသးေသာ ဂြၽန္း အေဆာင္ေ႐ွ႕ရပ္ေနမိသည္...
ခနေနမွ သူ႔ပုခံုးဆီသို႔ ေမွးတင္လာေသာ လက္ျဖဴျဖဴတစ္စံုေၾကာင့္ ဂ်င္ ေမာ့ၾကည့္လိုက္မိသည္..
ေလွကားေပၚမွာမို႔ သူ႔ကို ငံု႔ၾကည့္သလိုျဖစ္ေနေသာ ဂြၽန္း က...
""သြားၾကမယ္ေလ.."'
မ်က္ႏွာတည္ႀကီးျဖင့္ ေျပာကာ သူ႔ေ႐ွ႕ကထြက္သြားေလေတာ့သည္..သူျဖတ္သြားခိုက္ ခပ္သင္းသင္းရေသာ ရနံ႔ေလးက သင္းသင္းေလး ဂ်င့္ႏွာဝသို႔ျဖတ္သြားေလ၏
""ဒီေကာင္ ဘာေရေမႊးမ်ားသံုးပါလိမ့္"'
.
.
..........................
Driverဦးေလးႀကီးက ေ႐ွ႕တြင္ ကားေမာင္းေနစဥ္ သူႏွင့္ ဂြၽန္းက ေနာက္တြင္ ႏွစ္ေယာက္တည္း တိတ္ဆိတ္စြာထိုင္ေနၾကသည္..
ဂြၽန္း လက္ထဲတြင္ ဂ်ပန္ ႐ုိးရာ ယဥ္ေက်းမႈစာအုပ္တစ္အုပ္အားကိုင္ထားကာ စိတ္ပါဝင္စားစြာဖတ္႐ႈေနေလ၏...
ဂ်င္ ပ်င္းတာေၾကာင့္ လမ္းတစ္ေလ်ွာက္ ဟိုေငးဒီေငးျဖင့္သာ လိုက္ပါလာရသည္..ကားေလးက ေက်ာင္းဝန္းအတြင္း ခ်ိဳးဝင္ခဲ့ေတာ့ လမ္းတြင္ စာအုပ္ေလးပိုက္ကာ ေလ်ွာက္ေနေသာ အာကီအို အား ဂ်င္ ျမင္လိုက္ရသည္..
""ဟိုး!ဦးေလး ကားရပ္ေပးပါ.."'
ဂြၽန္းမ်က္လံုးေတြက စာအုပ္ဆီမွ ခြာကာ သူ႔အားၾကည့္သည္ကိုျမင္လိုက္ရသည္..ဂ်င္ ဟီးခနဲရယ္ျပကာ..
""ငါ ဒီမွာပဲ ဆင္းေတာ့မယ္.."'
ေျပာရင္းဆိုရင္း ကားတံခါးကို ဆြဲဖြင့္ကာ ဂ်င္ ဆင္းသြားေလေတာ့သည္...ဂြၽန္း စာအုပ္ေလးကို ပိတ္ကာအျပင္ဘက္အား ေငးၾကည့္လိုက္သည္...ျပံဳးရႊင္ေနေသာ မ်က္ႏွာ ႏွင့္ ဂ်င္က အာကီအိုဆီ ဦးတည္လ်ွက္...
တဆစ္ဆစ္နာလာေသာ ရင္ဘတ္အား လ်စ္လ်ဴ႐ႈကာ သူအၾကည့္လႊဲလိုက္သည္..ငါ့ရင္ထဲ ဆာကူရာေတြေႂကြေနတာ မင္းမွမသိပဲ ဂ်င္....
.
.
..........................🌸🌸
""႐ွင္က ဂြၽန္း နဲ႔ရင္းႏွီးလား"'
ဂ်င္ ဆံပင္ေရႊဝါေရာင္ မ်ားအား လက္ႏွင့္တစ္ခ်က္ ခါထုတ္လိုက္ရင္း ရယ္လိုက္သည္...
""အင္း...အခုမွရင္းႏွီးစပဲ႐ွိပါေသးတယ္..."'
အာကီအိုက မ်က္လံုးေလးဝင့္ၾကည့္ကာ..
""ဒါဆို ဂြၽန္းက ႐ွင့္ကိုေတာ္ေတာ္ ခင္ပံုရတယ္...
ဂြၽန္းက ဘယ္သူနဲ႔မွ မရင္းႏွီးတတ္ဘူးေလ.."'
ရီေဝေဝေလးေျပာလိုက္ေသာ သူမစကားေၾကာင့္ ဂ်င္ စိတ္ခုသြားသည္..သူမကတကယ္ပဲ ဂြၽန္းနဲ႔ဘာေတြလဲ..
""အာကီအိုက ဂြၽန္းအေၾကာင္းေတာ္ေတာ္သိပံုပဲ"'
သူအရဲစြန္႔ကာ အေမးစလိုက္ေတာ့ သူမမ်က္ႏွာေလးမႈိင္းညိဳ႕သြားသည္..ထို႔ေနာက္ အျမန္ျပံဳးကာ..
""အတန္းမမွီပဲေနလိမ့္မယ္..ျမန္ျမန္ေလ်ွာက္ရေအာင္"
သူေခါင္းညိမ့္မိသလား ေခါင္းခါမိသလား မသိေတာ့ပါ..
ေသခ်ာေပါက္ ထိုႏွစ္ေယာက္ၾကားမွာ သူမသိတဲ့တစ္စံုတစ္ရာ႐ွိခဲ့တာကေတာ့ ေသခ်ာပါသည္....
.
.
..................................
ဒီေန႔က ေက်ာင္းပိတ္ရက္ျဖစ္သျဖင့္ ဂ်င္တစ္ေယာက္ စံအိမ္ေတာ္တစ္ခုလံုးကို ေလ်ွာက္ပတ္ကာ လွည့္လည္ေန၏...
႐ုိးရာဝတ္စံုဖားဖားႀကီးက ဝတ္ရတာၾကာေတာ့ ေနသားတက်ပင္ ျဖစ္လာေခ်ၿပီ..သူဝယ္ထားေသာ ငွက္ေမႊးယပ္ေတာင္ေလးကိုထုတ္ကာ တဖ်တ္ဖ်တ္ခပ္လိုက္ရင္း ခုန္ေပါက္ကာေလ်ွာက္သြားေနမိသည္....
""ဝါး..ယာမာအီစံအိမ္ေတာ္လွတယ္ဆိုတာ ေနာက္ေနတာမဟုတ္ဘူးပဲ.."'
လူေတြဖန္တီးထားေသာ ေရတံခြန္ငယ္ေလးနားေရာက္ေတာ့ သူဖုန္းေလးထုတ္ကာ selfieေလးဆြဲလိုက္သည္...ထို႔ေနာက္ ပံုမ်ားအား ျပန္ၾကည့္ေနစဥ္...
""ကင္ေဆာ့ဂ်င္.."'
""အမေလး"'
ေနာက္နားဆီမွ ထြက္လာေသာ အသံေၾကာင့္ သူလန္႔ကာ ထခုန္မိမတတ္...လွည့္ုၾကည့္လိုက္ေတာ့မွ ဂြၽန္းျဖစ္ေနသည္...
အနက္ေရာင္ ႐ုိးရာဝတ္စံုႏွင့္ သပ္တင္ထားေသာ ဆံပင္ မ်ားက သူ၏ခန္႔ညားမႈကို ေပၚလြင္ေနေစသည္...
""လန္႔လိုက္တာ ဂြၽန္းရာ..ဘာလဲ.."'
""မင္းနဲ႔ငါKoreaသြားရမယ္.."'
ဂ်င္မ်က္လံုးေလးျပဴးသြားကာ...
""အခုလား?ေက်ာင္းက ႏွစ္ရက္ထဲပိတ္တာေလ"'
""ေန႔လည္သြားမွာ...ေက်ာင္းက အဆင္ေျပေအာင္ ငါစီစဥ္လိုက္ပါ့မယ္.."'
မ်က္ႏွာတည္ႀကီးႏွင့္ ေအးစက္စက္ဆိုလာေသာ ဂြၽန္းကိုၾကည့္ကာ သူစခ်င္လာ၍...
""Koreaကိုေဆြျပမ်ိဳးျပသြားရေတာ့မွာေပါ့ေနာ"'
ရဲတတ္သြားေသာ ဂြၽန္းမ်က္ႏွာေၾကာင့္ သူမေနႏုိင္ပဲ ခြက္ထိုးခြက္လန္ ရယ္ေမာလိုက္သည္..အစက ဒီ ဆက္ဆံေရးအား စကားႏွင့္ပင္ထည့္မေျပာရဲေသာ္လည္း ေနာက္ပိုင္း သူအသားက်လာခဲ့သည္...
""မင္းျပင္ဆင္သင့္ၿပီ"'
ခပ္ျပတ္ျပတ္ေျပာကာ ဂြၽန္းက အလ်င္အျမန္ထြက္သြားေတာ့သည္...koreaကို ႐ုတ္တရတ္ႀကီး ဘာမ်ားသြား လုပ္ရမွာပါလိမ့္???
.
.
............................🌸🌸
နာရီအေတာ္ၾကာ ေလယာဥ္စီးၿပီးေနာက္ ေနာက္ဆံုးတြင္ သူတို႔ ကိုရီးယား ေျမသို႔ေရာက္႐ွိခဲ့ၾကသည္..
လက္ႏွစ္ဖက္ကိုဆန္႔တန္းၿပီး ေလကိုမ႐ူဘူးသလို မ်က္လံုးမ်ား မွိတ္ကာ ႐ူေနေသာ ဂ်င့္ေၾကာင့္ သူ႔မွာအူတူတူ...
""ဘာလုပ္ေနတာလဲ"'
ဂ်င္ ကသူ႔အား လွည့္ပင္မၾကည့္ပဲ...
""ကိုရီးယားေလ ေလးလြမ္းလို႔ပါကြာ.."'
ဂြၽန္း ဟက္ခနဲရယ္မိသြားသည္..
ကေလးဆန္လိုက္တာဟု ႏႈတ္မွတိုးတိုးေရရြတ္မိသည္အထိ...ဒါကိုနားပါးေသာ ဂ်င္က..
""မင္းဘာေျပာလိုက္တာ.."'
""လာႀကိဳတဲ့ကားလာၿပီလို႔ေျပာတာ.."'
ဂြၽန္း သူတို႔အနီးနား လာရပ္ေသာ ကားနက္ႀကီးအား ေမးဆတ္ျပရင္း ေျပာလိုက္သည္...ဒါေတာင္ မယံုသလိုလိုႏွင့္ ၾကည့္ကာ ကားထဲဝင္သြားေသးသည္...
မင္းကဘယ္လိုလူေလးလဲ ကင္ေဆာ့ဂ်င္ ....
.
.
.........................🌸🌸🌸
""ဘာလို႔ ဒီ Hotelလဲ..ငါ့အိမ္႐ွိေနတာကို"'
ဂြၽန္းဘာမွမေျပာပဲ လာႀကိဳေနသူအခ်ိဳ႕အား ေခါင္းညိမ့္အသိမွတ္ျပဳျပကာ ဂ်င့္အားလွည့္ၾကည့္ရင္း
""ဆင္း.."'
မဆင္းေသးပဲ ေပထိုင္ေနေသာ ဂ်င့္အား သူက လက္ေမာင္းမွဆြဲကာ ထုတ္လိုက္သည္..ထို႔ေနာက္ Hotel managerဆိုေသာ သူအား..
""က်ေတာ္တို႔နားခ်င္ၿပီ "'
Hotelဝန္ထမ္းေတြအကုန္လံုး ျခံရံကာ လိုက္ပို႔ၾကေတာ့ ဂ်င္အေနရခက္စြာ သက္ျပင္းခ်လိုက္သည္..
""ဒီအခန္းပါ အစ္ကိုေလးတို႔"'
ဂြၽန္းကေခါင္းညိမ့္ျပကာ အခန္းထဲဝင္ရန္ျပင္လိုက္သည္..လက္ႏွစ္ဖက္ေနာက္ပစ္ကာ ရပ္ေနေသးေသာ ဂ်င့္ကို ျမင္ေတာ့ မ်က္ခံုးတန္းတို႔ျမင့္တတ္သြားကာ..
""ဝင္ေလ"'
ဂ်င္ ကိုယ့္မ်က္ႏွာကို လက္ညိဳးထိုးလိုက္ကာ..
""ငါ!wae? တစ္ေယာက္တစ္ခန္းမဟုတ္ဘူးလား"
ဂြၽန္းက စိတ္မ႐ွည္သည့္ ပံုႏွင့္ သူ႔လက္ေတြကို ဆြဲကာ အခန္းထဲသို႔ေခၚလိုက္သည္..ထို႔ေနာက္ မ်က္ရိပ္ျပကာ အခန္းဝမွ လူမ်ားအားလံုးကိုသြားေစလိုက္ၿပီး အခန္းတံခါးအား ဆြဲပိတ္လိုက္သည္...
""ငါ့မိဘေတြအိမ္႐ွိေနတာကို ဘာလို႔ဒီHotelမွာတည္းရတာလဲ ဂြၽန္း..ၿပီးေတာ့ဘာလို႔ႏွစ္ေယာက္တစ္ခန္းလဲ"
ဂြၽန္းက အေပၚၾကယ္သီး ႏွစ္လံုးကိုျဖဳတ္ေနရာမွ သူ႔အေမးေၾကာင့္ သက္ျပင္းခ်ကာ..
""မနက္..ဒီHotelရဲ႕ ပြဲတစ္ခုအတြက္ ငါတို႔တတ္ရမွာမို႔လို႔ ဒီမွာတည္းလိုက္တာပဲ ကင္ေဆာ့ဂ်င္..ပြဲၿပီးတာနဲ႔ မင္းမိဘေတြအိမ္သြားမွာ.."'
တင္းမာေနေသာ ဂ်င့္မ်က္ႏွာထားေတြ အနည္းငယ္ေလ်ွာ့သြားကာ..
""ဒါဆို ဘာလို႔တစ္ခန္းထဲလဲ စိတ္ပ်က္စရာေကာင္းေအာင္"'
ထိုအေမးအတြက္ သူ႔မွာအေျဖမ႐ွိ..
ဘာလို႔ရယ္မသိ အခုတေလာ ဒီလူသား သူ႔ေဘးက ေပ်ာက္႐ွမွာကို ေၾကာက္ေနမိသလိုပင္....
""ငါေရခ်ိဳးေတာ့မယ္...မင္းေမးခြန္းေတြရပ္ေတာ့.."'
စကားစျဖတ္ကာ ထြက္လာခဲ့ေသာ္လည္း ဂ်င္ကမူမေက်နပ္ႏုိင္ေသး...ခပ္အိအိေမြ႔ယာအား လက္သီးႏွင့္ထိုးကာ...
""ဘာလို႔တစ္ခန္းထဲလဲ"'
..........
For Unicode
အနည်းငယ်အေးသော မနက်ခင်းဖြစ်၍ ဂျင် ကျောင်းဝတ်စုံအား ရင်ဘတ်နားဆွဲစိရင်း ထွက်မလာသေးသော ဂျွန်း အဆောင်ရှေ့ရပ်နေမိသည်...
ခနနေမှ သူ့ပုခုံးဆီသို့ မှေးတင်လာသော လက်ဖြူဖြူတစ်စုံကြောင့် ဂျင် မော့ကြည့်လိုက်မိသည်..
လှေကားပေါ်မှာမို့ သူ့ကို ငုံ့ကြည့်သလိုဖြစ်နေသော ဂျွန်း က...
""သွားကြမယ်လေ.."'
မျက်နှာတည်ကြီးဖြင့် ပြောကာ သူ့ရှေ့ကထွက်သွားလေတော့သည်..သူဖြတ်သွားခိုက် ခပ်သင်းသင်းရသော ရနံ့လေးက သင်းသင်းလေး ဂျင့်နှာဝသို့ဖြတ်သွားလေ၏
""ဒီကောင် ဘာရေမွှေးများသုံးပါလိမ့်"'
.
.
..........................
Driverဦးလေးကြီးက ရှေ့တွင် ကားမောင်းနေစဉ် သူနှင့် ဂျွန်းက နောက်တွင် နှစ်ယောက်တည်း တိတ်ဆိတ်စွာထိုင်နေကြသည်..
ဂျွန်း လက်ထဲတွင် ဂျပန် ရိုးရာ ယဉ်ကျေးမှုစာအုပ်တစ်အုပ်အားကိုင်ထားကာ စိတ်ပါဝင်စားစွာဖတ်ရှုနေလေ၏...
ဂျင် ပျင်းတာကြောင့် လမ်းတစ်လျှောက် ဟိုငေးဒီငေးဖြင့်သာ လိုက်ပါလာရသည်..ကားလေးက ကျောင်းဝန်းအတွင်း ချိုးဝင်ခဲ့တော့ လမ်းတွင် စာအုပ်လေးပိုက်ကာ လျှောက်နေသော အာကီအို အား ဂျင် မြင်လိုက်ရသည်..
""ဟိုး!ဦးလေး ကားရပ်ပေးပါ.."'
ဂျွန်းမျက်လုံးတွေက စာအုပ်ဆီမှ ခွာကာ သူ့အားကြည့်သည်ကိုမြင်လိုက်ရသည်..ဂျင် ဟီးခနဲရယ်ပြကာ..
""ငါ ဒီမှာပဲ ဆင်းတော့မယ်.."'
ပြောရင်းဆိုရင်း ကားတံခါးကို ဆွဲဖွင့်ကာ ဂျင် ဆင်းသွားလေတော့သည်...ဂျွန်း စာအုပ်လေးကို ပိတ်ကာအပြင်ဘက်အား ငေးကြည့်လိုက်သည်...ပြုံးရွှင်နေသော မျက်နှာ နှင့် ဂျင်က အာကီအိုဆီ ဦးတည်လျှက်...
တဆစ်ဆစ်နာလာသော ရင်ဘတ်အား လျစ်လျူရှုကာ သူအကြည့်လွှဲလိုက်သည်..ငါ့ရင်ထဲ ဆာကူရာတွေကြွေနေတာ မင်းမှမသိပဲ ဂျင်....
.
.
..........................🌸🌸
""ရှင်က ဂျွန်း နဲ့ရင်းနှီးလား"'
ဂျင် ဆံပင်ရွှေဝါရောင် များအား လက်နှင့်တစ်ချက် ခါထုတ်လိုက်ရင်း ရယ်လိုက်သည်...
""အင်း...အခုမှရင်းနှီးစပဲရှိပါသေးတယ်..."'
အာကီအိုက မျက်လုံးလေးဝင့်ကြည့်ကာ..
""ဒါဆို ဂျွန်းက ရှင့်ကိုတော်တော် ခင်ပုံရတယ်...
ဂျွန်းက ဘယ်သူနဲ့မှ မရင်းနှီးတတ်ဘူးလေ.."'
ရီဝေဝေလေးပြောလိုက်သော သူမစကားကြောင့် ဂျင် စိတ်ခုသွားသည်..သူမကတကယ်ပဲ ဂျွန်းနဲ့ဘာတွေလဲ..
""အာကီအိုက ဂျွန်းအကြောင်းတော်တော်သိပုံပဲ"'
သူအရဲစွန့်ကာ အမေးစလိုက်တော့ သူမမျက်နှာလေးမှိုင်းညို့သွားသည်..ထို့နောက် အမြန်ပြုံးကာ..
""အတန်းမမှီပဲနေလိမ့်မယ်..မြန်မြန်လျှောက်ရအောင်"
သူခေါင်းညိမ့်မိသလား ခေါင်းခါမိသလား မသိတော့ပါ..
သေချာပေါက် ထိုနှစ်ယောက်ကြားမှာ သူမသိတဲ့တစ်စုံတစ်ရာရှိခဲ့တာကတော့ သေချာပါသည်....
.
.
..................................
ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်သဖြင့် ဂျင်တစ်ယောက် စံအိမ်တော်တစ်ခုလုံးကို လျှောက်ပတ်ကာ လှည့်လည်နေ၏...
ရိုးရာဝတ်စုံဖားဖားကြီးက ဝတ်ရတာကြာတော့ နေသားတကျပင် ဖြစ်လာချေပြီ..သူဝယ်ထားသော ငှက်မွှေးယပ်တောင်လေးကိုထုတ်ကာ တဖျတ်ဖျတ်ခပ်လိုက်ရင်း ခုန်ပေါက်ကာလျှောက်သွားနေမိသည်....
""ဝါး..ယာမာအီစံအိမ်တော်လှတယ်ဆိုတာ နောက်နေတာမဟုတ်ဘူးပဲ.."'
လူတွေဖန်တီးထားသော ရေတံခွန်ငယ်လေးနားရောက်တော့ သူဖုန်းလေးထုတ်ကာ selfieလေးဆွဲလိုက်သည်...ထို့နောက် ပုံများအား ပြန်ကြည့်နေစဉ်...
""ကင်ဆော့ဂျင်.."'
""အမလေး"'
နောက်နားဆီမှ ထွက်လာသော အသံကြောင့် သူလန့်ကာ ထခုန်မိမတတ်...လှည့်ုကြည့်လိုက်တော့မှ ဂျွန်းဖြစ်နေသည်...
အနက်ရောင် ရိုးရာဝတ်စုံနှင့် သပ်တင်ထားသော ဆံပင် များက သူ၏ခန့်ညားမှုကို ပေါ်လွင်နေစေသည်...
""လန့်လိုက်တာ ဂျွန်းရာ..ဘာလဲ.."'
""မင်းနဲ့ငါKoreaသွားရမယ်.."'
ဂျင်မျက်လုံးလေးပြူးသွားကာ...
""အခုလား?ကျောင်းက နှစ်ရက်ထဲပိတ်တာလေ"'
""နေ့လည်သွားမှာ...ကျောင်းက အဆင်ပြေအောင် ငါစီစဉ်လိုက်ပါ့မယ်.."'
မျက်နှာတည်ကြီးနှင့် အေးစက်စက်ဆိုလာသော ဂျွန်းကိုကြည့်ကာ သူစချင်လာ၍...
""Koreaကိုဆွေပြမျိုးပြသွားရတော့မှာပေါ့နော"'
ရဲတတ်သွားသော ဂျွန်းမျက်နှာကြောင့် သူမနေနိုင်ပဲ ခွက်ထိုးခွက်လန် ရယ်မောလိုက်သည်..အစက ဒီ ဆက်ဆံရေးအား စကားနှင့်ပင်ထည့်မပြောရဲသော်လည်း နောက်ပိုင်း သူအသားကျလာခဲ့သည်...
""မင်းပြင်ဆင်သင့်ပြီ"'
ခပ်ပြတ်ပြတ်ပြောကာ ဂျွန်းက အလျင်အမြန်ထွက်သွားတော့သည်...koreaကို ရုတ်တရတ်ကြီး ဘာများသွား လုပ်ရမှာပါလိမ့်???
.
.
............................🌸🌸
နာရီအတော်ကြာ လေယာဉ်စီးပြီးနောက် နောက်ဆုံးတွင် သူတို့ ကိုရီးယား မြေသို့ရောက်ရှိခဲ့ကြသည်..
လက်နှစ်ဖက်ကိုဆန့်တန်းပြီး လေကိုမရူဘူးသလို မျက်လုံးများ မှိတ်ကာ ရူနေသော ဂျင့်ကြောင့် သူ့မှာအူတူတူ...
""ဘာလုပ်နေတာလဲ"'
ဂျင် ကသူ့အား လှည့်ပင်မကြည့်ပဲ...
""ကိုရီးယားလေ လေးလွမ်းလို့ပါကွာ.."'
ဂျွန်း ဟက်ခနဲရယ်မိသွားသည်..
ကလေးဆန်လိုက်တာဟု နှုတ်မှတိုးတိုးရေရွတ်မိသည်အထိ...ဒါကိုနားပါးသော ဂျင်က..
""မင်းဘာပြောလိုက်တာ.."'
""လာကြိုတဲ့ကားလာပြီလို့ပြောတာ.."'
ဂျွန်း သူတို့အနီးနား လာရပ်သော ကားနက်ကြီးအား မေးဆတ်ပြရင်း ပြောလိုက်သည်...ဒါတောင် မယုံသလိုလိုနှင့် ကြည့်ကာ ကားထဲဝင်သွားသေးသည်...
မင်းကဘယ်လိုလူလေးလဲ ကင်ဆော့ဂျင် ....
.
.
.........................🌸🌸🌸
""ဘာလို့ ဒီ Hotelလဲ..ငါ့အိမ်ရှိနေတာကို"'
ဂျွန်းဘာမှမပြောပဲ လာကြိုနေသူအချို့အား ခေါင်းညိမ့်အသိမှတ်ပြုပြကာ ဂျင့်အားလှည့်ကြည့်ရင်း
""ဆင်း.."'
မဆင်းသေးပဲ ပေထိုင်နေသော ဂျင့်အား သူက လက်မောင်းမှဆွဲကာ ထုတ်လိုက်သည်..ထို့နောက် Hotel managerဆိုသော သူအား..
""ကျတော်တို့နားချင်ပြီ "'
Hotelဝန်ထမ်းတွေအကုန်လုံး ခြံရံကာ လိုက်ပို့ကြတော့ ဂျင်အနေရခက်စွာ သက်ပြင်းချလိုက်သည်..
""ဒီအခန်းပါ အစ်ကိုလေးတို့"'
ဂျွန်းကခေါင်းညိမ့်ပြကာ အခန်းထဲဝင်ရန်ပြင်လိုက်သည်..လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေသေးသော ဂျင့်ကို မြင်တော့ မျက်ခုံးတန်းတို့မြင့်တတ်သွားကာ..
""ဝင်လေ"'
ဂျင် ကိုယ့်မျက်နှာကို လက်ညိုးထိုးလိုက်ကာ..
""ငါ!wae? တစ်ယောက်တစ်ခန်းမဟုတ်ဘူးလား"
ဂျွန်းက စိတ်မရှည်သည့် ပုံနှင့် သူ့လက်တွေကို ဆွဲကာ အခန်းထဲသို့ခေါ်လိုက်သည်..ထို့နောက် မျက်ရိပ်ပြကာ အခန်းဝမှ လူများအားလုံးကိုသွားစေလိုက်ပြီး အခန်းတံခါးအား ဆွဲပိတ်လိုက်သည်...
""ငါ့မိဘတွေအိမ်ရှိနေတာကို ဘာလို့ဒီHotelမှာတည်းရတာလဲ ဂျွန်း..ပြီးတော့ဘာလို့နှစ်ယောက်တစ်ခန်းလဲ"
ဂျွန်းက အပေါ်ကြယ်သီး နှစ်လုံးကိုဖြုတ်နေရာမှ သူ့အမေးကြောင့် သက်ပြင်းချကာ..
""မနက်..ဒီHotelရဲ့ ပွဲတစ်ခုအတွက် ငါတို့တတ်ရမှာမို့လို့ ဒီမှာတည်းလိုက်တာပဲ ကင်ဆော့ဂျင်..ပွဲပြီးတာနဲ့ မင်းမိဘတွေအိမ်သွားမှာ.."'
တင်းမာနေသော ဂျင့်မျက်နှာထားတွေ အနည်းငယ်လျှော့သွားကာ..
""ဒါဆို ဘာလို့တစ်ခန်းထဲလဲ စိတ်ပျက်စရာကောင်းအောင်"'
ထိုအမေးအတွက် သူ့မှာအဖြေမရှိ..
ဘာလို့ရယ်မသိ အခုတလော ဒီလူသား သူ့ဘေးက ပျောက်ရှမှာကို ကြောက်နေမိသလိုပင်....
""ငါရေချိုးတော့မယ်...မင်းမေးခွန်းတွေရပ်တော့.."'
စကားစဖြတ်ကာ ထွက်လာခဲ့သော်လည်း ဂျင်ကမူမကျေနပ်နိုင်သေး...ခပ်အိအိမွေ့ယာအား လက်သီးနှင့်ထိုးကာ...
""ဘာလို့တစ်ခန်းထဲလဲ"'
...........................