(Zawgyi)
ဗြမ္း......
ေရထဲကားတစ္စင္းလံုးေပ်ာက္က်သြားခဲ႔တာေျကာင့္ အက်ယ္ျကီးထြက္ေပၚလာေသာအသံျဖစ္၏။သီဟ သူ႔ျမင္ကြင္းအေရွ႕မွာပဲ ကားျကီးတစ္စင္းလံုး တျဖည္းျဖည္းခ်င္း နစ္ျမဳပ္သြားေနခဲ႔တာကို ျမင္ေနရေလတယ္။
ခ်က္ခ်င္းဆိုသလို ကားေဘးတံခါးနွစ္ခ်ပ္ ပြင့္သြားျကျပီး အထဲကိုေရေတြက တရစပ္ဝင္ေရာက္လာေလတယ္။ေရကူးတတ္ေသာသီဟတစ္ေယာက္အတြက္ ယခုလိုအေျခအေနမ်ိဳးက ေျကာက္ဖို႔မေကာင္းေပမယ့္ မင္းရာဇာလိုေရမကူးတတ္တဲ႔ လူအတြက္ေတာ့ တုန္လႈပ္သြားေစတယ္။သို႕ေသာ္ သူတုန္လႈပ္ေနသည္ကို အရိပ္မေယာင္ပင္မျပ။မျပေပမယ့္လို႔ သီဟဆက္ ျကည့္ေနရံုနဲ႕သိနိုင္တယ္။
ေရဝင္လာတာနဲ႕အမွ် မင္းရာဇာရဲ႕ဒဏ္ရာထဲပင္လယ္ေရေတြ တိုးဝင္လာေလတယ္။စပ္ဖ်င္းဖ်င္းအရသာပ်င္းလြန္းလို႕ ထံုက်င္ျပီး လူးလြန္႕ေနေအာင္ ခံစားရတာေျကာင့္ တစ္ကုိယ္လံုးလည္းတုန္ရီလို႔ေနတယ္။
သို႕ေပမယ့္ မျကာခင္မွာပဲ ေရထဲမွာေတာင္ တုန္ရီေနတဲ႕ မင္းရာဇာရဲ႕လက္ေခ်ာင္းေလးေတြျကား သီဟရဲ႕ျကမ္းတမ္းတဲ႔လက္ေခ်ာင္းေတြက သူသတိမထားမိလိုက္ခင္မွာပဲ တုိးဝင္လာခဲ႔တယ္။အထိအေတြ႕ေတြက ႏူးညံ႔တာမ်ိဳးမဟုတ္ပဲ ေႏြးေထြးတဲ႔ဘက္ကိုအားသန္၏။
သူ႕လက္ကိုဆုပ္ကိုင္၍ ကားထဲကေနဆြဲထုတ္ျပီး ခါးကိုပတ္၍ သိုင္းဖက္ထားရင္း ေရျပင္ေပၚ ေျခေထာက္ကိုအသားကုန္ခတ္၍ ကူးလာတာေျကာင့္ မျကာခင္မွာပဲ အသက္ရႈလို႕ရတဲ႔ ေရျပင္ေပၚ ထိုးေဖာက္လာနိုင္ခဲ႔ေလတယ္။
"မင္းရာ...ဇာ..."
ပါးစပ္ထဲ ေရေတြတရေဟာဝင္လာတာေျကာင့္ စကားကိုတစ္လံုးခ်င္း ေျပာမွရတယ္။ဒါေပမယ့္ ေမ့ေျမာေနျပီျဖစ္တဲ႔ မင္းရာဇာမွာေတာ့ သူ႔ေခၚသံကိုျပန္လည္မထူးနိုင္ခဲ႔။
ေဘးနားမွာေခါင္းစိုက္ေနတဲ႔ မင္းရာဇာကို တင္းေနေအာင္ဆြဲဖက္ရင္း ျပာယာခတ္စြာနဲ႔ မလွမ္းမကမ္းမွာ ေတြ႕ေနရတဲ႔ သဲေသာင္ျပင္ေလးဆီကို အားတင္ကူးခတ္သြားလိုက္တယ္။
ညကအစာမစားထားပဲ မနက္လည္းငတ္ထားတာမို႔ သူ႕ေျခေထာက္ေတြကူးခတ္ေနရင္း ထံုလို႔လာေလတယ္။ဒါေပမယ့္ အခုေနသီဟရဲ႕စိတ္ထဲ သူ႕ေျခေထာက္ရဲ႕နာက်င္မႈ႕ကမေရာက္ပဲ ဒဏ္ရာရျပီး ေမ့ေျမာေနတဲ႔ မင္းရာဇာ တစ္ခုခုျဖစ္သြားမွာကိုပဲ စိုးေနမိတယ္။
"ခဏေလး...ေတာင့္ခံထားမင္းရာဇာ"
လိႈင္းမ်ားျကား ရုန္းကန္ကူးခတ္ရင္း မျကာခင္မွာပဲ အနီးဆံုးေနရာမွာရွိေနတဲ႔ ကမ္းစပ္အနီးကိုေရာက္လာေလေတာ့တယ္။ေျမျပင္ေပၚေျခခ်လိုက္တဲ႔ သူ႕ေျခေထာက္ေတြက ေသြးေပ်ာက္၍ ျဖဴဖတ္ျဖဴေလ်ာ့ျဖစ္ေနျပီး တစ္ခါနင္းလိုက္တိုင္း အရိုးထဲထိထံုက်င္သြားေပမယ့္ ထိုနာက်င္မႈ႕ကိုအံတုရင္း မင္းရာဇာကိုသယ္ကာ ကမ္းစပ္ေပၚကိုေလွ်ာက္လာခဲ႔ေလတယ္။
စိုးရိမ္ပူပန္မႈ႕ဟူသည္ ထံုေဆးအလားေျမာက္၏။
ကမ္းစပ္ေပၚေရာက္တာနဲ႔ပဲ မင္းရာဇာကို ေျမျပင္တစ္ေနရာမွာခ်ထားလိုက္ေလတယ္။သူ႕တစ္ကိုယ္လံုး တုန္ေနေအာင္ခ်မ္းျပီး ေျခေထာက္မွာ ခရုခြံေတြနဲ႔ ရွမိထားတဲ႔ ဒဏ္ရာေတြက စပ္ဖ်င္းေနေပမယ့္ မင္းရာဇာကိုပဲ စိုးရိမ္စြာျကည့္ေနျပီး သူ႕မ်က္နွာကို တစ္ခ်က္နွစ္ခ်က္လႈပ္လိုက္ေလတယ္။
"မင္းရာဇာ..."
နာမည္ကိုတစ္လံုးခ်င္းေခၚေနတဲ႔ သီဟအသံမ်ားတုန္ရီျပီး တစ္ကိုယ္လံုးခ်မ္းခိုက္ေနေလတယ္။ေရကူးလာတယ္ဆိုေပမယ့္ ပန္းေရာင္သမ္းတဲ႔ ႏႈတ္ခမ္းပါးေတြက အက္ကြဲေျခာက္ကပ္လို႔ေနတယ္။မင္းရာဇာ သူ႕ကိုအသံျပန္မေပးျခင္းကလည္း စိုးရိမ္မႈ႕ေတြကို အထြတ္အထိပ္ ေရာက္ရွိလာေစတယ္။
"မင္းမေသရဘူးေနာ္ မင္းရာဇာ။ငါ့ဆီကအေျကြးေတြယူရဦးမယ္ေလ။ခဏ...ခဏေလးပဲေတာင့္ခံေပးထားပါကြာ"
သီဟဆက္ရဲ႕အသံေတြက ပင္လယ္လိႈင္းသံေတြကို အံမတုနိုင္ေပမယ့္လို႔ စိုးရိမ္မႈ႕တို႔မွလာတဲ႔ ေႏြးေထြးမႈ႕ေတြက ပင္လယ္တစ္ခုလံုးကို ေႏြးေထြးသြားေစနိုင္တယ္။
အက်ႌလက္အစကို ဆြဲျဖဲလိုက္ၿပီး မင္းရာဇာ ရဲ႕ေသနတ္ဒဏ္ရာအေပၚနားကို ေသြးတိတ္ေစရန္ စည္းေပးထားလိုက္ၿပီး အထဲမွက်ည္ဆံကိုႏိႈက္ထုတ္ေပးဖို႔ သီဟဆံုးျဖတ္ခ်က္ခ်လိုက္ေလတယ္။ဒီလိုမလုပ္လွ်င္ ထိုေနရာမွာတင္ သူေသသြားလိမ့္မည္ျဖစ္၏။က်ည္ဆံထုတ္ေနတဲ့အခ်ိန္မွာ နာက်င္မႈ႔ေၾကာင့္ ေမ့ေျမာေနတဲ့ မင္းရာဇာ တစ္ခ်က္တြန္႔သြားတိုင္း သူ႔ရင္ထဲကို မွိန္းနဲ႔တစ္ခ်က္ေဆာင့္ထိုးလိုက္သလို ခံစားရေစတယ္။စိတ္မေကာင္းျဖစ္မိေစတယ္။ဘာ့ေၾကာင့္မ်ားလဲေတာ့ သူေမးခြန္းမထုတ္မိ။ အခုေန အထဲကက်ည္ဆံျမန္ျမန္ထြက္သြားဖို႔သာ ေတြးေနမိတယ္။
ေနာက္ဆံုးေတာ့ အတြင္းထဲမွဒုကၡေပးေနတဲ့ က်ည္ဆံထြက္လာခဲ့ေလၿပီ။သီဟထိုက်ည္ဆံကို စိတ္တိုတိုနဲ႔ အေဝးဆံုးတစ္ေနရာကို အားနဲ႔လႊင့္ပစ္လိုက္တယ္။သဲေသာင္ျပင္ေပၚမွာလည္း ေသြးစက္မ်ားကျပည့္ႏွက္ေနၿပီး အကယ္၍အဝတ္သာမစည္းပဲ ထုတ္ခဲ့မည္ဆိုပါက ေသြးေသာင္ျပင္ႀကီးေတာင္ ျဖစ္ႏိုင္ေလာက္ၿပီထင္၏။
နာက်င္မႈ႔ေၾကာင့္ မင္းရာဇာ ႏွဖူးေပၚျပန္ေနတဲ့ ေဇာေခြၽးေတြကိုသုတ္ေပးလိုက္ရင္း သက္ပ်င္းတစ္ခ်က္ခ်၍ သူ႔ကိုစိုက္ၾကည့္ေနမိ၏။
"မင္း လူမုန္းေတာ္ေတာ္မ်ားတာပဲ မင္းရာဇာ"
စိုစြတ္ၿပီးဝဲက်ေနတဲ့ဆံပင္ေတြရဲ႕ေအာက္မွာ မင္းရာဇာဆိုတဲ့လူက အျပစ္ကင္းစင္ေနတယ္။ေထာင့္က်တဲ့မ်က္ႏွာပံုစံ က်ည္းေျမာင္း႐ွည္လ်ားတဲ့မ်က္ဝန္းအစံု ကိုပိုင္ဆိုင္ထားၿပီး သူေဌးသားပီသစြာ တစ္ကုိယ္လံုးေျပျပစ္ေခ်ာေမာလို႔ေနတယ္။သူ႔လိုကတၱီပါေကာ္ေဇာ္ေပၚေမြးလာတဲ့လူတစ္ေယာက္က ဝါညစ္ေနတဲ့အႏွီးစုတ္ထဲႀကီးျပင္းလာတဲ့ သီဟနဲ႔ယွဥ္ရင္ ေကာင္းကင္ယံနဲ႔ေျမႀကီးလိုပဲ။
ဒီလိုနဲ႔ပဲအခ်ိန္ေတြတျဖည္းျဖည္းသာကုန္ဆံုးသြားခဲ့တယ္။မင္းရာဇာကေတာ့ႏိုးမလာေသး။ဒဏ္ရာမွာလည္းေျခာက္ကပ္ၿပီး ေသြးတိတ္ေနၿပီျဖစ္ေပမယ့္ ပင္လယ္ေရေၾကာင့္ ပိုးဝင္သြားမွာေတာ့ သိပ္မစိုးရိမ္ရ။
သီဟဆက္တစ္ခ်ိန္လံုး မင္းရာဇာရဲ႕မ်က္ႏွာကို လွဲျပီးျကည့္ေနမိတယ္။အသက္႐ႈေနေသာေၾကာင့္သာ အသက္႐ွိတယ္ထင္ရသည္ တစ္ကို္ယ္လံုးမလႈပ္မယွက္ႏွင့္ အကယ္၍အသက္သာမ႐ႈရင္ အေလာင္းေကာင္ႀကီးလွဲေနသလိုပင္။
"မင္း ပင္လယ္ေရလည္းေၾကာက္တာပဲလား"
မင္းရာဇာကိုသူအစတုန္းက ရင့္က်က္ၿပီးလူႀကီးဆန္တယ္ထင္ခဲ့ဖူးတယ္။ေအးစက္ၿပီးမာေက်ာတယ္လို႔လည္းထင္ခဲ့ဖူး၏။
ဒါေပမယ့္ ေသခ်ာၾကည့္လွ်င္ ဟန္ေဆာင္၍ ေဖ်ာက္ဖ်က္ထားေသာ ကေလးအမူအက်င့္မ်ားစြာ ႐ွိေနသူပင္။
သီဟၾကည့္ေနရင္း ႏွဖူးေပၚတင္ေနတဲ့ ေျဖာင့္စင္းစင္းဆံႏြယ္အခ်ိဳ႕ကို မ်က္ႏွာေဘးနားကို သပ္ေပးလိုက္တယ္။ပင္လယ္ေရနဲ႔ထိၿပီးတာေတာင္ သူ႔ဆံသားေတြက ပိုးသားေလးေတြလို အိၿပီးေျဖာင့္ေနတုန္းပဲ။
လူတစ္ေယာက္ရဲ႕စိတ္အမွန္က အိပ္ေနတဲ့အခ်ိန္မွာေပၚတယ္။
ငယ္ငယ္ကသူ႔အေမေျပာခဲ့ဖူးတဲ့စကားတစ္ခြန္း။ထို႔ေၾကာင့္လည္းမင္းရာဇာကိုစိုက္ၾကည့္ေနျခင္းျဖစ္တယ္။
ဘာလို႔လည္းေတာ့မသိ။သူ႔ကိုၾကည့္လိုက္တိုင္း တစ္စံုတစ္ခုအရမ္းထိတ္လန္႔ေနၿပီး ေခ်ာင္ပိတ္မိေနတဲ့ ကေလးေလးတစ္ေယာက္ကိုပဲ အရင္ဆံုးမ်က္လံုးထဲေျပးျမင္မိတယ္။ထိုကေလးေလးက ခိုကိုးရာမဲ့ေနတယ္၊အထီးက်န္ေနတယ္၊ၿပီးေတာ့တိတ္တိတ္ကေလးငိုေႂကြးေနေသးတယ္။
"မင္းမွာအရင္က ဒဏ္ရာေတြ႐ွိခဲ့တယ္ထင္တယ္"
တျဖည္ျဖည္းေမွာင္ရီပ်ိဳးလာသည့္တိုင္ အခ်ိန္ေတြကုန္တာျမန္လြန္းလွ၏။ဆာေလာင္မႈ႔ဒဏ္ကို မခံႏိုင္ေတာ့တဲ့အဆံုး နီးစပ္ရာအုန္းပင္ေပၚမွ အုန္းသီးတက္ခူးကာ အုန္းရြက္ေျခာက္မ်ားကို သစ္သားႏွစ္တံုးပြတ္တိုက္၍ သူေဌးေလး ခ်မ္းမည္ဆိုးေသာေၾကာင့္ မီးေမႊးေပးထားလိုက္ၿပီး အုန္းသီးခြဲစားေနလိုက္ေလတယ္။ျခင္မကိုက္ေအာင္လည္း အုန္းခြံေျခာက္ေတြကိုမီးရိွု႕ျပီး မိႈင္းတိုက္ထားလိုက္ေလတယ္။အုန္းရည္ေသာက္လိုက္ အုန္းသီးစားလိုက္ႏွင့္ ေရာက္ေလရာေနရာမွာေနတတ္သည့္ သီဟဆက္အဖို႔ သဘာဝတရားျကီးက ေက်နပ္စရာေကာင္းလွ၏။
ယခုအခ်ိန္ထိလွဲေလ်ာင္းေနေသးေသာ သူေဌးသားေလးကိုၾကည့္ရင္း သီဟျပံဳးေနမိတယ္။
"မင္းေတာ္ေတာ္အသဲငယ္တာပဲ"
"အေမ...."
ထိုေခၚသံေလးက လိႈင္းသံေတြကိုမထိုးေဖာက္ႏိုင္ေလာက္ေအာင္ တိုးေနေပမယ့္လို႔ သီဟဆက္ၾကားလိုက္ႏိုင္၏။ၾကားၾကားခ်င္းလည္း မင္းရာဇာအနားေျပးလာခဲ့ၿပီး စိုးရိမ္မႈ႔အျပည့္နဲ႔ သူ႔မ်က္ႏွာကိုစမ္းၾကည့္လိုက္မိတယ္။
မ်က္ႏွာေပၚမွာေခြၽးေစးေတြျပန္ေနၿပီး ဒဏ္ရာအ႐ွိန္ေၾကာင့္ အသားေတြလည္းပူက်စ္လို႔ေနတယ္။ေဆးရံုပို႔ရမယ့္အေျခအေနျဖစ္ေပမယ့္ ဘယ္ေနရာေရာက္ေနမွန္းေတာင္မသိတဲ့သူ႔အဖို႔ ေဆးရံု႐ွာဖို႔ဆိုတာဘယ္လိုမွမျဖစ္ႏိုင္။
"အေမ..."
ကေယာင္ကတမ္းထေအာ္ေနတယ္ထင္ရေပမယ့္ ထိုအသံရဲ႕ေနာက္မွာ ဝမ္းနည္းအက္ကြဲသံတို႔က ကပ္ပါေနတယ္။တစ္ကုိယ္လံုးလည္းတုန္ေနၿပီး ခ်မ္းေနပံုရ၏။
သီဟဆက္ ခ်က္ခ်င္းဆိုသလို မင္းရာဇာရဲ႕အက်ႌႏွင့္အတူ သူ႔အက်ႌကိုပါခြၽတ္ၿပီး ခႏၶာကုိယ္ခ်င္းထိ၍ ဖက္ထားလိုက္ကာ အေပၚမွအက်ႌျပန္အုပ္ထားလိုက္ေလတယ္။ထိုအခ်ိ္န္သည္ ခႏၶာကုိယ္ေတြရဲ႕ အေႏြးဓာတ္ပါမက ရင္ခုန္သံေတြပါ ထပ္တူေပါင္းစည္းေနၾကခ်ိန္ျဖစ္ေလ၏။
"အိပ္ေပ်ာ္ေအာင္အိပ္လိုက္ပါ။ငါမင္းေဘးနားမွာ႐ွိေနေပးမယ္ မင္းရာဇာ..."
ထိုအသံရဲ႕ေနာက္မွာ သူခါးကိုသိုင္းဖက္ထားမိတဲ့ မင္းရာဇာရဲ႕ ခႏၶာကိုယ္က တုန္ရီမႈ႕ေတြေပ်ာက္ကြယ္သြားခဲ့တယ္။ထိုအခ်ိန္မွာ ေကာင္းကင္မွတစ္ဆင္႔ စၾက၀ဠာကိုေက်ာ္လြန္၍ ၿဂိဳလ္သိမ္ၿဂိဳလ္ရံမ်ားကို ကင္း႐ွင္းစြာျမင္ေနရသည့္ အခ်ိန္ျဖစ္၏။ျကယ္တာရာမ်ားေအာက္ မီးပံုေလးေဘးနားတြင္ လူသားႏွစ္ဦး၏ ရင္ခုန္သံ အနီးကပ္ဆံုး႐ွိေနခ်ိန္လည္းျဖစ္ေလ၏။
Beyond the galaxy........
* * * * * *
လမင္းႀကီးကိုလည္းမလိုခ်င္ပါဘူး။ၾကယ္ကေလးေတြကိုလည္းငါမေတာင္းဆိုပါဘူး။ငါ့ေဘးနားမွာမင္းသာ႐ွိမယ္ဆိုရင္ ျကယ္တာရာေတြျဖတ္ေက်ာ္ၿပီး ဟိုးအေဝးဆံုးတစ္ေနရာထိ မင္းလက္ကိုဆုပ္ကိုင္ျပီး ငါေရာက္ေအာင္သြားႏိုင္ပါတယ္။
* * * * * *
(Unicode)
ဗွမ်း......
ရေထဲကားတစ်စင်းလုံးပျောက်ကျသွားခဲ့တာကြောင့် အကျယ်ကြီးထွက်ပေါ်လာသောအသံဖြစ်၏။သီဟ သူ့မြင်ကွင်းအရှေ့မှာပဲ ကားကြီးတစ်စင်းလုံး တဖြည်းဖြည်းချင်း နစ်မြုပ်သွားနေခဲ့တာကို မြင်နေရလေတယ်။
ချက်ချင်းဆိုသလို ကားဘေးတံခါးနှစ်ချပ် ပွင့်သွားကြပြီး အထဲကိုရေတွေက တရစပ်ဝင်ရောက်လာလေတယ်။ရေကူးတတ်သောသီဟတစ်ယောက်အတွက် ယခုလိုအခြေအနေမျိုးက ကြောက်ဖို့မကောင်းပေမယ့် မင်းရာဇာလိုရေမကူးတတ်တဲ့ လူအတွက်တော့ တုန်လှုပ်သွားစေတယ်။သို့သော် သူတုန်လှုပ်နေသည်ကို အရိပ်မယောင်ပင်မပြ။မပြပေမယ့်လို့ သီဟဆက် ကြည့်နေရုံနဲ့သိနိုင်တယ်။
ရေဝင်လာတာနဲ့အမျှ မင်းရာဇာရဲ့ဒဏ်ရာထဲပင်လယ်ရေတွေ တိုးဝင်လာလေတယ်။စပ်ဖျင်းဖျင်းအရသာပျင်းလွန်းလို့ ထုံကျင်ပြီး လူးလွန့်နေအောင် ခံစားရတာကြောင့် တစ်ကိုယ်လုံးလည်းတုန်ရီလို့နေတယ်။
သို့ပေမယ့် မကြာခင်မှာပဲ ရေထဲမှာတောင် တုန်ရီနေတဲ့ မင်းရာဇာရဲ့လက်ချောင်းလေးတွေကြား သီဟရဲ့ကြမ်းတမ်းတဲ့လက်ချောင်းတွေက သူသတိမထားမိလိုက်ခင်မှာပဲ တိုးဝင်လာခဲ့တယ်။အထိအတွေ့တွေက နူးညံ့တာမျိုးမဟုတ်ပဲ နွေးထွေးတဲ့ဘက်ကိုအားသန်၏။
သူ့လက်ကိုဆုပ်ကိုင်၍ ကားထဲကနေဆွဲထုတ်ပြီး ခါးကိုပတ်၍ သိုင်းဖက်ထားရင်း ရေပြင်ပေါ် ခြေထောက်ကိုအသားကုန်ခတ်၍ ကူးလာတာကြောင့် မကြာခင်မှာပဲ အသက်ရှုလို့ရတဲ့ ရေပြင်ပေါ် ထိုးဖောက်လာနိုင်ခဲ့လေတယ်။
"မင်းရာ...ဇာ..."
ပါးစပ်ထဲ ရေတွေတရဟောဝင်လာတာကြောင့် စကားကိုတစ်လုံးချင်း ပြောမှရတယ်။ဒါပေမယ့် မေ့မြောနေပြီဖြစ်တဲ့ မင်းရာဇာမှာတော့ သူ့ခေါ်သံကိုပြန်လည်မထူးနိုင်ခဲ့။
ဘေးနားမှာခေါင်းစိုက်နေတဲ့ မင်းရာဇာကို တင်းနေအောင်ဆွဲဖက်ရင်း ပြာယာခတ်စွာနဲ့ မလှမ်းမကမ်းမှာ တွေ့နေရတဲ့ သဲသောင်ပြင်လေးဆီကို အားတင်ကူးခတ်သွားလိုက်တယ်။
ညကအစာမစားထားပဲ မနက်လည်းငတ်ထားတာမို့ သူ့ခြေထောက်တွေကူးခတ်နေရင်း ထုံလို့လာလေတယ်။ဒါပေမယ့် အခုနေသီဟရဲ့စိတ်ထဲ သူ့ခြေထောက်ရဲ့နာကျင်မှု့ကမရောက်ပဲ ဒဏ်ရာရပြီး မေ့မြောနေတဲ့ မင်းရာဇာ တစ်ခုခုဖြစ်သွားမှာကိုပဲ စိုးနေမိတယ်။
"ခဏလေး...တောင့်ခံထားမင်းရာဇာ"
လှိုင်းများကြား ရုန်းကန်ကူးခတ်ရင်း မကြာခင်မှာပဲ အနီးဆုံးနေရာမှာရှိနေတဲ့ ကမ်းစပ်အနီးကိုရောက်လာလေတော့တယ်။မြေပြင်ပေါ်ခြေချလိုက်တဲ့ သူ့ခြေထောက်တွေက သွေးပျောက်၍ ဖြူဖတ်ဖြူလျော့ဖြစ်နေပြီး တစ်ခါနင်းလိုက်တိုင်း အရိုးထဲထိထုံကျင်သွားပေမယ့် ထိုနာကျင်မှု့ကိုအံတုရင်း မင်းရာဇာကိုသယ်ကာ ကမ်းစပ်ပေါ်ကိုလျှောက်လာခဲ့လေတယ်။
စိုးရိမ်ပူပန်မှု့ဟူသည် ထုံဆေးအလားမြောက်၏။
ကမ်းစပ်ပေါ်ရောက်တာနဲ့ပဲ မင်းရာဇာကို မြေပြင်တစ်နေရာမှာချထားလိုက်လေတယ်။သူ့တစ်ကိုယ်လုံး တုန်နေအောင်ချမ်းပြီး ခြေထောက်မှာ ခရုခွံတွေနဲ့ ရှမိထားတဲ့ ဒဏ်ရာတွေက စပ်ဖျင်းနေပေမယ့် မင်းရာဇာကိုပဲ စိုးရိမ်စွာကြည့်နေပြီး သူ့မျက်နှာကို တစ်ချက်နှစ်ချက်လှုပ်လိုက်လေတယ်။
"မင်းရာဇာ..."
နာမည်ကိုတစ်လုံးချင်းခေါ်နေတဲ့ သီဟအသံများတုန်ရီပြီး တစ်ကိုယ်လုံးချမ်းခိုက်နေလေတယ်။ရေကူးလာတယ်ဆိုပေမယ့် ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းပါးတွေက အက်ကွဲခြောက်ကပ်လို့နေတယ်။မင်းရာဇာ သူ့ကိုအသံပြန်မပေးခြင်းကလည်း စိုးရိမ်မှု့တွေကို အထွတ်အထိပ် ရောက်ရှိလာစေတယ်။
"မင်းမသေရဘူးနော် မင်းရာဇာ။ငါ့ဆီကအကြွေးတွေယူရဦးမယ်လေ။ခဏ...ခဏလေးပဲတောင့်ခံပေးထားပါကွာ"
သီဟဆက်ရဲ့အသံတွေက ပင်လယ်လှိုင်းသံတွေကို အံမတုနိုင်ပေမယ့်လို့ စိုးရိမ်မှု့တို့မှလာတဲ့ နွေးထွေးမှု့တွေက ပင်လယ်တစ်ခုလုံးကို နွေးထွေးသွားစေနိုင်တယ်။
အင်္ကျီလက်အစကို ဆွဲဖြဲလိုက်ပြီး မင်းရာဇာ ရဲ့သေနတ်ဒဏ်ရာအပေါ်နားကို သွေးတိတ်စေရန် စည်းပေးထားလိုက်ပြီး အထဲမှကျည်ဆံကိုနှိုက်ထုတ်ပေးဖို့ သီဟဆုံးဖြတ်ချက်ချလိုက်လေတယ်။ဒီလိုမလုပ်လျှင် ထိုနေရာမှာတင် သူသေသွားလိမ့်မည်ဖြစ်၏။ကျည်ဆံထုတ်နေတဲ့အချိန်မှာ နာကျင်မှု့ကြောင့် မေ့မြောနေတဲ့ မင်းရာဇာ တစ်ချက်တွန့်သွားတိုင်း သူ့ရင်ထဲကို မှိန်းနဲ့တစ်ချက်ဆောင့်ထိုးလိုက်သလို ခံစားရစေတယ်။စိတ်မကောင်းဖြစ်မိစေတယ်။ဘာ့ကြောင့်များလဲတော့ သူမေးခွန်းမထုတ်မိ။ အခုနေ အထဲကကျည်ဆံမြန်မြန်ထွက်သွားဖို့သာ တွေးနေမိတယ်။
နောက်ဆုံးတော့ အတွင်းထဲမှဒုက္ခပေးနေတဲ့ ကျည်ဆံထွက်လာခဲ့လေပြီ။သီဟထိုကျည်ဆံကို စိတ်တိုတိုနဲ့ အဝေးဆုံးတစ်နေရာကို အားနဲ့လွှင့်ပစ်လိုက်တယ်။သဲသောင်ပြင်ပေါ်မှာလည်း သွေးစက်များကပြည့်နှက်နေပြီး အကယ်၍အဝတ်သာမစည်းပဲ ထုတ်ခဲ့မည်ဆိုပါက သွေးသောင်ပြင်ကြီးတောင် ဖြစ်နိုင်လောက်ပြီထင်၏။
နာကျင်မှု့ကြောင့် မင်းရာဇာ နှဖူးပေါ်ပြန်နေတဲ့ ဇောချွေးတွေကိုသုတ်ပေးလိုက်ရင်း သက်ပျင်းတစ်ချက်ချ၍ သူ့ကိုစိုက်ကြည့်နေမိ၏။
"မင်း လူမုန်းတော်တော်များတာပဲ မင်းရာဇာ"
စိုစွတ်ပြီးဝဲကျနေတဲ့ဆံပင်တွေရဲ့အောက်မှာ မင်းရာဇာဆိုတဲ့လူက အပြစ်ကင်းစင်နေတယ်။ထောင့်ကျတဲ့မျက်နှာပုံစံ ကျည်းမြောင်းရှည်လျားတဲ့မျက်ဝန်းအစုံ ကိုပိုင်ဆိုင်ထားပြီး သူဌေးသားပီသစွာ တစ်ကိုယ်လုံးပြေပြစ်ချောမောလို့နေတယ်။သူ့လိုကတ္တီပါကော်ဇော်ပေါ်မွေးလာတဲ့လူတစ်ယောက်က ဝါညစ်နေတဲ့အနှီးစုတ်ထဲကြီးပြင်းလာတဲ့ သီဟနဲ့ယှဉ်ရင် ကောင်းကင်ယံနဲ့မြေကြီးလိုပဲ။
ဒီလိုနဲ့ပဲအချိန်တွေတဖြည်းဖြည်းသာကုန်ဆုံးသွားခဲ့တယ်။မင်းရာဇာကတော့နိုးမလာသေး။ဒဏ်ရာမှာလည်းခြောက်ကပ်ပြီး သွေးတိတ်နေပြီဖြစ်ပေမယ့် ပင်လယ်ရေကြောင့် ပိုးဝင်သွားမှာတော့ သိပ်မစိုးရိမ်ရ။
သီဟဆက်တစ်ချိန်လုံး မင်းရာဇာရဲ့မျက်နှာကို လှဲပြီးကြည့်နေမိတယ်။အသက်ရှုနေသောကြောင့်သာ အသက်ရှိတယ်ထင်ရသည် တစ်ကိုယ်လုံးမလှုပ်မယှက်နှင့် အကယ်၍အသက်သာမရှုရင် အလောင်းကောင်ကြီးလှဲနေသလိုပင်။
"မင်း ပင်လယ်ရေလည်းကြောက်တာပဲလား"
မင်းရာဇာကိုသူအစတုန်းက ရင့်ကျက်ပြီးလူကြီးဆန်တယ်ထင်ခဲ့ဖူးတယ်။အေးစက်ပြီးမာကျောတယ်လို့လည်းထင်ခဲ့ဖူး၏။
ဒါပေမယ့် သေချာကြည့်လျှင် ဟန်ဆောင်၍ ဖျောက်ဖျက်ထားသော ကလေးအမူအကျင့်များစွာ ရှိနေသူပင်။
သီဟကြည့်နေရင်း နှဖူးပေါ်တင်နေတဲ့ ဖြောင့်စင်းစင်းဆံနွယ်အချို့ကို မျက်နှာဘေးနားကို သပ်ပေးလိုက်တယ်။ပင်လယ်ရေနဲ့ထိပြီးတာတောင် သူ့ဆံသားတွေက ပိုးသားလေးတွေလို အိပြီးဖြောင့်နေတုန်းပဲ။
လူတစ်ယောက်ရဲ့စိတ်အမှန်က အိပ်နေတဲ့အချိန်မှာပေါ်တယ်။
ငယ်ငယ်ကသူ့အမေပြောခဲ့ဖူးတဲ့စကားတစ်ခွန်း။ထို့ကြောင့်လည်းမင်းရာဇာကိုစိုက်ကြည့်နေခြင်းဖြစ်တယ်။
ဘာလို့လည်းတော့မသိ။သူ့ကိုကြည့်လိုက်တိုင်း တစ်စုံတစ်ခုအရမ်းထိတ်လန့်နေပြီး ချောင်ပိတ်မိနေတဲ့ ကလေးလေးတစ်ယောက်ကိုပဲ အရင်ဆုံးမျက်လုံးထဲပြေးမြင်မိတယ်။ထိုကလေးလေးက ခိုကိုးရာမဲ့နေတယ်၊အထီးကျန်နေတယ်၊ပြီးတော့တိတ်တိတ်ကလေးငိုကြွေးနေသေးတယ်။
"မင်းမှာအရင်က ဒဏ်ရာတွေရှိခဲ့တယ်ထင်တယ်"
တဖြည်ဖြည်းမှောင်ရီပျိုးလာသည့်တိုင် အချိန်တွေကုန်တာမြန်လွန်းလှ၏။ဆာလောင်မှု့ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး နီးစပ်ရာအုန်းပင်ပေါ်မှ အုန်းသီးတက်ခူးကာ အုန်းရွက်ခြောက်များကို သစ်သားနှစ်တုံးပွတ်တိုက်၍ သူဌေးလေး ချမ်းမည်ဆိုးသောကြောင့် မီးမွှေးပေးထားလိုက်ပြီး အုန်းသီးခွဲစားနေလိုက်လေတယ်။ခြင်မကိုက်အောင်လည်း အုန်းခွံခြောက်တွေကိုမီးရှို့ပြီး မှိုင်းတိုက်ထားလိုက်လေတယ်။အုန်းရည်သောက်လိုက် အုန်းသီးစားလိုက်နှင့် ရောက်လေရာနေရာမှာနေတတ်သည့် သီဟဆက်အဖို့ သဘာဝတရားကြီးက ကျေနပ်စရာကောင်းလှ၏။
ယခုအချိန်ထိလှဲလျောင်းနေသေးသော သူဌေးသားလေးကိုကြည့်ရင်း သီဟပြုံးနေမိတယ်။
"မင်းတော်တော်အသဲငယ်တာပဲ"
"အမေ...."
ထိုခေါ်သံလေးက လှိုင်းသံတွေကိုမထိုးဖောက်နိုင်လောက်အောင် တိုးနေပေမယ့်လို့ သီဟဆက်ကြားလိုက်နိုင်၏။ကြားကြားချင်းလည်း မင်းရာဇာအနားပြေးလာခဲ့ပြီး စိုးရိမ်မှု့အပြည့်နဲ့ သူ့မျက်နှာကိုစမ်းကြည့်လိုက်မိတယ်။
မျက်နှာပေါ်မှာချွေးစေးတွေပြန်နေပြီး ဒဏ်ရာအရှိန်ကြောင့် အသားတွေလည်းပူကျစ်လို့နေတယ်။ဆေးရုံပို့ရမယ့်အခြေအနေဖြစ်ပေမယ့် ဘယ်နေရာရောက်နေမှန်းတောင်မသိတဲ့သူ့အဖို့ ဆေးရုံရှာဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်။
"အမေ..."
ကယောင်ကတမ်းထအော်နေတယ်ထင်ရပေမယ့် ထိုအသံရဲ့နောက်မှာ ဝမ်းနည်းအက်ကွဲသံတို့က ကပ်ပါနေတယ်။တစ်ကိုယ်လုံးလည်းတုန်နေပြီး ချမ်းနေပုံရ၏။
သီဟဆက် ချက်ချင်းဆိုသလို မင်းရာဇာရဲ့အင်္ကျီနှင့်အတူ သူ့အင်္ကျီကိုပါချွတ်ပြီး ခန္ဓာကိုယ်ချင်းထိ၍ ဖက်ထားလိုက်ကာ အပေါ်မှအင်္ကျီပြန်အုပ်ထားလိုက်လေတယ်။ထိုအချိန်သည် ခန္ဓာကိုယ်တွေရဲ့ အနွေးဓာတ်ပါမက ရင်ခုန်သံတွေပါ ထပ်တူပေါင်းစည်းနေကြချိန်ဖြစ်လေ၏။
"အိပ်ပျော်အောင်အိပ်လိုက်ပါ။ငါမင်းဘေးနားမှာရှိနေပေးမယ် မင်းရာဇာ..."
ထိုအသံရဲ့နောက်မှာ သူခါးကိုသိုင်းဖက်ထားမိတဲ့ မင်းရာဇာရဲ့ ခန္ဓာကိုယ်က တုန်ရီမှု့တွေပျောက်ကွယ်သွားခဲ့တယ်။ထိုအချိန်မှာ ကောင်းကင်မှတစ်ဆင့် စကြဝဠာကိုကျော်လွန်၍ ဂြိုလ်သိမ်ဂြိုလ်ရံများကို ကင်းရှင်းစွာမြင်နေရသည့် အချိန်ဖြစ်၏။ကြယ်တာရာများအောက် မီးပုံလေးဘေးနားတွင် လူသားနှစ်ဦး၏ ရင်ခုန်သံ အနီးကပ်ဆုံးရှိနေချိန်လည်းဖြစ်လေ၏။
Beyond the galaxy........
* * * * * *
လမင်းကြီးကိုလည်းမလိုချင်ပါဘူး။ကြယ်ကလေးတွေကိုလည်းငါမတောင်းဆိုပါဘူး။ငါ့ဘေးနားမှာမင်းသာရှိမယ်ဆိုရင် ကြယ်တာရာတွေဖြတ်ကျော်ပြီး ဟိုးအဝေးဆုံးတစ်နေရာထိ မင်းလက်ကိုဆုပ်ကိုင်ပြီး ငါရောက်အောင်သွားနိုင်ပါတယ်။
* * * * * *