Beyond the galaxy(ZG+Uni)

By Zeon_Limit

22.8K 2.8K 522

တစ္ေန႕ငါတို႕စျကာဝ႒ာရဲ႕အစြန္းတစ္ေနရာကိုေရာက္ေအာင္သြားျကမယ္ မင္းရယ္ငါရယ္ဆိုတာပဲရွိတဲ႔ေနရာကိုေပါ့......! (Unicod... More

Introduction
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-22
Part-23
Part-24
Part25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34

Part-21

554 92 27
By Zeon_Limit

(Zawgyi)

"မင္းရာဇာ…မီးပန္းေလးေတြကမလွဘူးလား"

သီဟဆက္ေမးေနတဲ႔အသံကိုမျကားပဲ မင္းရာဇာ တစ္ေယာက္ သူ႕ရဲ႕ ေတာက္ပေနတဲ႔မ်က္လံုးအစံုနဲ႔ ျဖဴစင္လြန္းလွတဲ့ အျပံဳးေလးအားစိုက္ျကည့္ေနမိေလတယ္။

တကယ္လည္းလွပါသည္။ေတာင္ေျပာင္ေနသည့္ ပုလဲလံုးအနက္ေရာင္ေလးထဲ တလက္လက္ ျဖစ္ေနသည့္ မီးရွဴးမီးပန္းမ်ားက သူကိုယ္တိုင္လွည့္မျကည့္ပဲနဲ႔ လွေျကာင္းေတြ႕ေနရသည္။လူတစ္ေယာက္ရဲ႕ အလွဆံုးအျပံဳးကိုျမင္ရတဲ႔အခ်ိန္က သူ႕ကိုစစ္မွန္တဲ႔ ေပ်ာ္ရႊင္မႈ႔နဲ႕ေပးေတြ႕လိုက္တဲ႔အခ်ိန္ပါတဲ႔။

"ရာဇာ…"

မင္းရာဇာ ရုတ္တရက္ဆိုသလိုပဲ သူ႕အျကည့္ေတြကို ေကာင္းကင္ေပၚက မီးပန္းေတြဆီလႊဲလိုက္ေလတယ္။

"ေအး လွတယ္"

သူ႕အေျဖကိုျကားမွ စိတ္သက္သာရသြားတဲ႔ပံုစံနဲ႔ သီဟျပံဳးလိုက္သည္။

"ငါဒီလိုမ်ိဳး တစ္ခါမွမျကည့္ဖူးဘူး…ဒီေလာက္လွျပီး စိတ္လႈပ္ရွားစရာေကာင္းလိမ့္မယ္လို႔လည္းမထင္ထားဘူး"

"မင္းလာျကည့္လို႔ရတာပဲ"

သူတို႕နွစ္ေယာက္လံုးစကားအျပန္အလွန္ေျပာေနျကေပမယ့္ တစ္ေယာက္မ်က္နွာတစ္ေယာက္ျကည့္မေနျကပဲ ေကာင္းကင္ေပၚသို႕သာအာရံုထားေနျကသည္။

"ငါ့သာေငြရွိရင္ ခဏခဏလာတယ္"

"မင္းအခုျကည့္ေနရတာ ပိုက္ဆံေပးရလို႔လား"

"ဒီေလာက္ေဝးတဲ႔ေနရာကို ငါဘယ္လိုလာမလဲ"

"မင္းတကယ္ ျကည့္ခ်င္တဲ႔ဆႏၵရွိရင္ ဘယ္ေလာက္ေဝးေဝး ဘယ္ေနရာမဆိုမင္းသြားနိုင္ရမယ္။ သြားခ်င္လိုက္တာလို႔ ထိုင္ေအာ္ေနတာနဲ႔ ေရာက္မသြားဘူး။တစ္ခုခုလိုခ်င္ရင္ တစ္ခုခုကိုအျမဲျပန္ေပးရတာ ထံုးစံပဲ"

ထိုစကားကိုျကားေတာ့ သီဟ အျကည့္ေတြကို မင္းရာဇာ မ်က္နွာသို႕ေရႊ႕ေျပာင္းလိုက္ေလတယ္။

"ေယာကၤ်ားျဖစ္ျပီးကပ္သီးကပ္သပ္ေျပာတတ္တယ္"

"ငါလည္းပါးစပ္နဲ႔ပဲငါေျပာခ်င္တာငါေျပာတယ္"

"ေယာကၤ်ားဆိုတာ ကပ္သီးကပ္သပ္မေျပာဘူး"

"ေယာကၤ်ားနဲ႔မိန္းမဆိုတာ လိင္အဂၤါအရပဲဆံုးျဖတ္လို႔ရတယ္။
ဘယ္ေလာက္ပဲကပ္သီးကပ္သပ္ေျပာေနပါေစ xီးပါရင္ေယာကၤ်ားပဲ…"

သီဟနားေထာင္ေနရင္း မ်က္နွာတစ္ခ်က္ရံႈ႕ျပလိုက္တယ္။

"ဒါေတာင္ ကပ္သီးကပ္သပ္ေျပာတုန္း"

မင္းရာဇာ ခ်က္ခ်င္းထိုေနရာကို ေက်ာခိုင္းလိုက္ျပီး…

"ျပန္မယ္…"

"ဘာလို႕လဲ ဒီမွာမျပီးေသးဘူးေလ"

"မျပန္ခ်င္ေနခဲ႔…"

ေျခလွမ္းက်ဲျကီးေတြနဲ႔ ထိုေနရာက လ်င္ျမန္စြာထြက္ခြာသြားတဲ႔ မင္းရာဇာေနာက္ သီဟဆက္ မလိုက္ခ်င္လိုက္ခ်င္ျဖင့္ ျပန္လိုက္လာခဲ႕ရေလတယ္။
မျကာခင္ မီးထိန္ထိန္လင္းေနတဲ႔ လမ္းမေဘး ရပ္ထားေသာကားထဲ နွစ္ေယာက္သားျမန္ျမန္ဆန္ဆန္ ဝင္ထိုင္လိုက္ျကျပီး ကားစက္ႏိႈးကာ ထိုေနရာက ခ်က္ခ်င္းထြက္ခြာလာေတာ့တယ္။

"ရုတ္တရက္ျကီးဘာလို႕လဲ…"

အျပင္လမ္းမကိုေငးရင္း ေမးတဲ႔သီဟရဲ႕အသံက ဝမ္းနည္းမႈ႔အရိပ္အေယာင္ေတြ အျပည့္ပါဝင္ေနတယ္။ရာဇာ့ပေရာဂေျကာင့္သာမဟုတ္လွ်င္ သူအဲ႕ဒီေနရာမွာပဲတစ္ညလံုးေနမိမည္မွာအဟုတ္။

"မိုးခ်ဳပ္ေနျပီ…"

'ဂြီ……'

ရုတ္တရက္ ကားထဲက်ယ္ေလာင္စြာေပၚထြက္သြားတဲ႔အသံေျကာင့္ မင္းရာဇာတစ္ေယာက္ တစ္ဖက္သို႔လွည့္ျကည့္လိုက္ေလတယ္။

"မင္းလား…"

သီဟျပန္မေျဖ…
သို႕ေပမယ့္ ထိုအခ်ိန္မင္းရာဇာရဲ႕မ်က္နွာေပၚမွာ သူျပံဳးေနက် အရြဲ႕တိုက္တဲ႔အျပံဳးက ေနရာယူသြားေလတယ္။

"ဗိုက္ဆာေနျပီလား…"

"ေအး…ျမန္ျမန္ေမာင္းေပး အိမ္ကို ငါထမင္းမစားရေသးဘူး"

"ေအး…"

ညခ်မ္းရဲ႕လမင္းျကီး ဝိုင္းစက္ေနတဲ႔ညျဖစ္သလို ျကယ္ကေလးေတြေပ်ာက္ကြယ္ေနျကတဲ႔ ညလည္းျဖစ္တယ္။ေကာင္းကင္ေပၚမွာ ျကယ္ဟူ၍နွစ္လံုးသာ ေတာက္ေတာက္ပပတည္ရွိေနျကတယ္။

သို႕ေပမယ့္ ထိုျကယ္နွစ္ပြင့္ျကား လမင္းျကီးကခံလို႔ေနေလတယ္။
ျကယ္ကေလးေတြနီးစပ္ဖို႔ ဘယ္ေလာက္မ်ား အလွမ္းေဝးလိုက္သလဲ။အကယ္၍ အလယ္မွာ လမင္းျကီးသာ မရွိခဲ႕ရင္ သူတို႕ခ်င္းနီးစပ္နိုင္တယ္ေလ။အကယ္၍လမင္းသာ မရွိေတာ့ရင္ေရာ…။သူတို႕နီးစပ္ဖို႔ျကိုးစားျကပါ့မလား…။

ဘာလိုလိုနဲ႔လမ္းေပၚကားေမာင္းလာခဲ႔သည္မွာ မိနစ္၃၀မွ်ပင္ရွိခဲ႕ေလျပီ။ယခုအခ်ိန္ထိ သူ႕အိမ္ဟူသည္ အရိပ္အေယာင္ပင္မေတြ႕ရေသး…။ေသခ်ာျပီ။မင္းရာဇာ တစ္ခုခုကိုျကံစည္ေနျပီဆိုတာ သူသိလိုက္ေလတယ္။

"မင္းဘယ္ေမာင္းေနတာလဲ…"

အေမးစကားပါးလိုက္ေပမယ့္ အေျဖကျပန္မလာခဲ႔။
တံေတာင္ဆစ္ကို ကားတံခါးမွာေထာက္ျပီး ေမာင္းေနတဲ႔ မင္းရာဇာ ကို မသကၤာစြာနဲ႕ထပ္ျကည့္လိုက္ေလတယ္။

"ေဟ့ေရာင္ မင္းဘယ္ေမာင္းေနတာလဲလို႔"

သူ႕အသံက်ယ္ေလာင္သည့္တိုင္ မင္းရာဇာ အေျဖျပန္မေပးခဲ႕။သူ႕ပံုစံကသီဟကိုေဒါသထြက္ေအာင္ဆြေနတဲ႔ ေမ်ာက္တစ္ေကာင္လိုပဲ။

"ေခြးမသား…ငါမင္းကိုေမးေနတယ္ေလ"

မင္းရာဇာ စုပ္သက္တစ္ခ်က္စုပ္ရင္း သူ႕ရဲ႕စူးရွတဲ႔ နဂါးမ်က္ေစာင္းနဲ႕လွည့္ျကည့္လိုက္ေလတယ္။

"မင္းအိမ္ကိုလိုက္ပို႔ေပးေနတာေလ…ေအးေဆးေန"

"နာရီဝက္ေက်ာ္ေနျပီ ငါလည္းေတာ္ေတာ္ဗိုက္ဆာေနျပီ… လာတုန္းကေတာင္ အဲ႔ေလာက္မျကာဘူး…"

"မင္းတိတ္တိတ္မေနရင္…ဒီေနရာမွာခ်ထားခဲ႔လိုက္မယ္"

"မင္း…"

သီဟဆက္ လက္သီးဆုပ္ျပီးရြယ္လိုက္ေပမယ့္ အိမ္မေရာက္ေတာ့မွာစိုးတာေျကာင့္ စိတ္ကိုမနည္းျပန္ျဖည္ျပီး အသက္ဝဝရွဴကာ လက္သီးျပန္သိမ္းလိုက္ေလတယ္။
သူ႕ပါးစပ္ကိုလည္း အတတ္နိုင္ဆံုး ပိတ္နိုင္ေအာင္ျကိုးစားပိတ္လိုက္ေလတယ္။

'ကြ်ီ……'

မင္းရာဇာ ခ်က္ခ်င္းကားကို ေဆာင့္ရပ္လိုက္ျပီး သီဟကိုျကည့္လိုက္တယ္။သီဟကေတာ့ သူ႕ကိုျပန္ျကည့္လိုက္ရင္း…

"ငါတိတ္တိတ္ေနတယ္ေနာ္…"

သို႕ေပမယ့္ မင္းရာဇာ ဆက္ျကည့္ေနတုန္းပဲ။သူ႕ရဲ႕စူးရွတဲ႔အျကည့္က လူတစ္ေယာက္ကို အဲ႔ေနရာမွာတင္ ဂေယာင္ေခ်ာက္ခ်ားျဖစ္သြားေစနိုင္ေလာက္တယ္။

"ငါမင္းကိုဆင္းခိုင္းလို႕လား…"

သီဟဆက္ ထူးဆန္းတဲ႔အျကည့္နဲ႕ မင္းရာဇာရဲ႕စကားကို တုန္႕ျပန္လိုက္တယ္။

"ဒါဆို…ဘာလဲ"

"ကားဆီကုန္သြားတာျဖစ္မယ္…"

ထိုအသံကိုျကားတာနဲ႕ မ်က္လံုးျပဴးသြားသည္က သီဟ။
မင္းရာဇာ ဒိုင္ခြက္ထဲက ဆီတိုင္ကိုလက္ညိွဳးနဲ႔လွမ္းထိုးျပလိုက္တယ္။

"ဒီမွာေတြ႕လား…အစိမ္းေရာင္ေတာင္ျဖစ္ေနျပီ"

သူလက္ညွိဳးထိုးျပတဲ႔ေနရာကို သီဟစိတ္ဝင္တစားနဲ႔ လွမ္းျကည့္လိုက္ေလတယ္။

"ဟုတ္သားပဲ…ဘယ္လိုလုပ္ျကမလဲ"

"ငါလည္းမသိဘူးေလ…ဆက္ေမာင္းလို႔လဲမရဘူး။ဒီညကားေပၚမွာပဲအိပ္ရေတာ့မယ္ထင္တယ္"

"ဖုန္းဆက္လိုက္ပါလား…"

မင္းရာဇာဖုန္းကိုထုတ္ျပီးမသိမသာ Sim Card ေနရာကိုပါ ပိတ္လိုက္ေလတယ္။ျပီးေတာ့မွ လိုင္းတစ္တိုင္မွ မရွိေတာ့တဲ႔ Connection ကိုလွမ္းျပလိုက္ျပီး…

"ဒီေနရာမွာ ဆက္လို႔မရဘူးထင္တယ္…ဒီမွာေတြ႕လား"

"ဟုတ္သား…ဒုကၡပါပဲ ငါဗိုက္ေတာ္ေတာ္ ဆာေနျပီ"

"ဒီမွာပဲအိပ္ျကတာေပါ့…ဒီညေတာ့သည္းခံလိုက္"

"မင္းသာအစတည္းက အိမ္ကိုတန္းေမာင္းေပးခဲ႔ရင္ ဒီလိုျဖစ္မွာမဟုတ္ဘူး…"

"ဒါေတာ့…ငါလည္းမတတ္နိုင္ဘူး"
သီဟအျပင္ကိုျကည့္ရင္း သက္ပ်င္းတစ္ခ်က္လိုက္မိတယ္။
ဘာမွမတတ္နိုင္ေတာ့သည့္အဆံုး ကားထိုင္ခံုးေပၚကို ေခါင္းမွီျပီးသာ စိတ္ပ်က္လက္ပ်က္ထိုင္ေနလိုက္တယ္။

'ဂြီ……'

ေနာက္ထပ္ျမည္လာတဲ႔အသံေျကာင့္ မင္းရာဇာ သူ႕ေဘးနားထိုင္ေနတဲ႔ သီဟဆက္ကို လွမ္းျကည့္လိုက္ေလတယ္။အိပ္ေပ်ာ္ေနျပီလားေတာ့မသိ။ကားတံခါးေဘာင္ေလးကိုေခါင္းမွီရင္း မ်က္လံုးမွိတ္လို႕ထားေလတယ္။သနားေတာ့သနားစရာ…။အကယ္၍သူ႕ကိုျကည့္ေနတဲ႔လူက မင္းရာဇာ မျဖစ္ခဲ႕ရင္ေပါ့…။

သူ႕ရဲ႕နွဖူးေပၚမွာေခြ်းေစးေတြပါျပန္ေနျပီး ေျခာက္ကပ္ေနတဲ႔ ႏႈတ္ခမ္းအေရာင္ကလည္း ျဖဴဖတ္ျဖဴေရာ့ ျဖစ္လို႕ေနတယ္။
အိပ္ေပ်ာ္ရန္မနည္းျကိုးစားေနပံုရသည္။မင္းရာဇာ စိတ္ဝင္တစားနဲ႕ သူအိပ္ေပ်ာ္ပါ့မလားဆိုတာ ေစာင့္ျကည့္ေနမိတယ္။ေအးစက္တည္ျငိမ္တဲ႔ မ်က္လံုးေတြနဲ႕ ေက်ာက္ရုပ္လိုခႏၶာကိုယ္က တစ္သားတည္းျဖစ္လို႔ေနတယ္။

မိနစ္ ၃၀ … အခ်ိန္နာရီဝက္ဆိုတာထပ္ကုန္သြားခဲ႔ေလျပီ။
ထိုအခ်ိန္အတြင္း 'ဂြီ…' ဆိုတဲ႔အသံကို နားထဲေတာင္ စြဲက်န္ေနခဲ႕ေလာက္ေအာင္ ျကားခဲ႔ရျပီးေနာက္ အိပ္ေပ်ာ္သြားခဲ႔ျပီထင္သည္။နွဖူးေပၚမွေခြ်းစက္မ်ားလည္း ေျခာက္ကပ္သြားခဲ႕ျကျပီး ျဖဴဖက္ျဖဳေလ်ာ့ျဖစ္ေနတဲ႔ ႏႈတ္ခမ္းကလည္း ေျပာင္းလဲမသြားခဲ႔…။

မင္းရာဇာ သူ႕ရဲ႕ အေပၚဝတ္အက်ႋကိုခြ်တ္ကာ သီဟဆက္ရဲ႕ခႏၶာကိုယ္ေပၚလႊမ္းျခံဳေပးထားလိုက္ျပီး သူ႕မ်က္နွာကိုစိုက္ျကည့္လိုက္ေလတယ္။

"ဘယ္ဆိုးလို႕လဲ…မင္းေကာင္းေကာင္းအိပ္ေပ်ာ္သြားသားပဲ"

အေမွာင္အတိလႊမ္းေနတဲ႔ လမ္းမေပၚမွာ အတြင္းထဲထိန္ထိန္လင္းေနတဲ႔ ကားတစ္စီးက မလႈပ္မသက္နဲ႕တစ္ညလံုးရပ္ေနေလတယ္။
ဒီလိုနဲ႔ပဲ သူေ႒းသားေလးရဲ႕ အက်င့္မေကာင္းမႈ႕ေျကာင့္ ဗိုက္ကေလး တဂြီဂြီျမည္ေနရင္း ကားေပၚမွာပဲ အိပ္ေပ်ာ္သြားရရွာေတာ့တယ္။

(Unicode)

"မင်းရာဇာ…မီးပန်းလေးတွေကမလှဘူးလား"

သီဟဆက်မေးနေတဲ့အသံကိုမကြားပဲ မင်းရာဇာ တစ်ယောက် သူ့ရဲ့ တောက်ပနေတဲ့မျက်လုံးအစုံနဲ့ ဖြူစင်လွန်းလှတဲ့ အပြုံးလေးအားစိုက်ကြည့်နေမိလေတယ်။

တကယ်လည်းလှပါသည်။တောင်ပြောင်နေသည့် ပုလဲလုံးအနက်ရောင်လေးထဲ တလက်လက် ဖြစ်နေသည့် မီးရှူးမီးပန်းများက သူကိုယ်တိုင်လှည့်မကြည့်ပဲနဲ့ လှကြောင်းတွေ့နေရသည်။လူတစ်ယောက်ရဲ့ အလှဆုံးအပြုံးကိုမြင်ရတဲ့အချိန်က သူ့ကိုစစ်မှန်တဲ့ ပျော်ရွှင်မှု့နဲ့ပေးတွေ့လိုက်တဲ့အချိန်ပါတဲ့။

"ရာဇာ…"

မင်းရာဇာ ရုတ်တရက်ဆိုသလိုပဲ သူ့အကြည့်တွေကို ကောင်းကင်ပေါ်က မီးပန်းတွေဆီလွှဲလိုက်လေတယ်။

"အေး လှတယ်"

သူ့အဖြေကိုကြားမှ စိတ်သက်သာရသွားတဲ့ပုံစံနဲ့ သီဟပြုံးလိုက်သည်။

"ငါဒီလိုမျိုး တစ်ခါမှမကြည့်ဖူးဘူး…ဒီလောက်လှပြီး စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်လို့လည်းမထင်ထားဘူး"

"မင်းလာကြည့်လို့ရတာပဲ"

သူတို့နှစ်ယောက်လုံးစကားအပြန်အလှန်ပြောနေကြပေမယ့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မနေကြပဲ ကောင်းကင်ပေါ်သို့သာအာရုံထားနေကြသည်။

"ငါ့သာငွေရှိရင် ခဏခဏလာတယ်"

"မင်းအခုကြည့်နေရတာ ပိုက်ဆံပေးရလို့လား"

"ဒီလောက်ဝေးတဲ့နေရာကို ငါဘယ်လိုလာမလဲ"

"မင်းတကယ် ကြည့်ချင်တဲ့ဆန္ဒရှိရင် ဘယ်လောက်ဝေးဝေး ဘယ်နေရာမဆိုမင်းသွားနိုင်ရမယ်။ သွားချင်လိုက်တာလို့ ထိုင်အော်နေတာနဲ့ ရောက်မသွားဘူး။တစ်ခုခုလိုချင်ရင် တစ်ခုခုကိုအမြဲပြန်ပေးရတာ ထုံးစံပဲ"

ထိုစကားကိုကြားတော့ သီဟ အကြည့်တွေကို မင်းရာဇာ မျက်နှာသို့ရွှေ့ပြောင်းလိုက်လေတယ်။

"ယောင်္ကျားဖြစ်ပြီးကပ်သီးကပ်သပ်ပြောတတ်တယ်"

"ငါလည်းပါးစပ်နဲ့ပဲငါပြောချင်တာငါပြောတယ်"

"ယောင်္ကျားဆိုတာ ကပ်သီးကပ်သပ်မပြောဘူး"

"ယောင်္ကျားနဲ့မိန်းမဆိုတာ လိင်အင်္ဂါအရပဲဆုံးဖြတ်လို့ရတယ်။
ဘယ်လောက်ပဲကပ်သီးကပ်သပ်ပြောနေပါစေ xီးပါရင်ယောင်္ကျားပဲ…"

သီဟနားထောင်နေရင်း မျက်နှာတစ်ချက်ရှုံ့ပြလိုက်တယ်။

"ဒါတောင် ကပ်သီးကပ်သပ်ပြောတုန်း"

မင်းရာဇာ ချက်ချင်းထိုနေရာကို ကျောခိုင်းလိုက်ပြီး…

"ပြန်မယ်…"

"ဘာလို့လဲ ဒီမှာမပြီးသေးဘူးလေ"

"မပြန်ချင်နေခဲ့…"

ခြေလှမ်းကျဲကြီးတွေနဲ့ ထိုနေရာက လျင်မြန်စွာထွက်ခွာသွားတဲ့ မင်းရာဇာနောက် သီဟဆက် မလိုက်ချင်လိုက်ချင်ဖြင့် ပြန်လိုက်လာခဲ့ရလေတယ်။
မကြာခင် မီးထိန်ထိန်လင်းနေတဲ့ လမ်းမဘေး ရပ်ထားသောကားထဲ နှစ်ယောက်သားမြန်မြန်ဆန်ဆန် ဝင်ထိုင်လိုက်ကြပြီး ကားစက်နှိုးကာ ထိုနေရာက ချက်ချင်းထွက်ခွာလာတော့တယ်။

"ရုတ်တရက်ကြီးဘာလို့လဲ…"

အပြင်လမ်းမကိုငေးရင်း မေးတဲ့သီဟရဲ့အသံက ဝမ်းနည်းမှု့အရိပ်အယောင်တွေ အပြည့်ပါဝင်နေတယ်။ရာဇာ့ပရောဂကြောင့်သာမဟုတ်လျှင် သူအဲ့ဒီနေရာမှာပဲတစ်ညလုံးနေမိမည်မှာအဟုတ်။

"မိုးချုပ်နေပြီ…"

'ဂွီ……'

ရုတ်တရက် ကားထဲကျယ်လောင်စွာပေါ်ထွက်သွားတဲ့အသံကြောင့် မင်းရာဇာတစ်ယောက် တစ်ဖက်သို့လှည့်ကြည့်လိုက်လေတယ်။

"မင်းလား…"

သီဟပြန်မဖြေ…
သို့ပေမယ့် ထိုအချိန်မင်းရာဇာရဲ့မျက်နှာပေါ်မှာ သူပြုံးနေကျ အရွဲ့တိုက်တဲ့အပြုံးက နေရာယူသွားလေတယ်။

"ဗိုက်ဆာနေပြီလား…"

"အေး…မြန်မြန်မောင်းပေး အိမ်ကို ငါထမင်းမစားရသေးဘူး"

"အေး…"

ညချမ်းရဲ့လမင်းကြီး ဝိုင်းစက်နေတဲ့ညဖြစ်သလို ကြယ်ကလေးတွေပျောက်ကွယ်နေကြတဲ့ ညလည်းဖြစ်တယ်။ကောင်းကင်ပေါ်မှာ ကြယ်ဟူ၍နှစ်လုံးသာ တောက်တောက်ပပတည်ရှိနေကြတယ်။

သို့ပေမယ့် ထိုကြယ်နှစ်ပွင့်ကြား လမင်းကြီးကခံလို့နေလေတယ်။
ကြယ်ကလေးတွေနီးစပ်ဖို့ ဘယ်လောက်များ အလှမ်းဝေးလိုက်သလဲ။အကယ်၍ အလယ်မှာ လမင်းကြီးသာ မရှိခဲ့ရင် သူတို့ချင်းနီးစပ်နိုင်တယ်လေ။အကယ်၍လမင်းသာ မရှိတော့ရင်ရော…။သူတို့နီးစပ်ဖို့ကြိုးစားကြပါ့မလား…။

ဘာလိုလိုနဲ့လမ်းပေါ်ကားမောင်းလာခဲ့သည်မှာ မိနစ်၃၀မျှပင်ရှိခဲ့လေပြီ။ယခုအချိန်ထိ သူ့အိမ်ဟူသည် အရိပ်အယောင်ပင်မတွေ့ရသေး…။သေချာပြီ။မင်းရာဇာ တစ်ခုခုကိုကြံစည်နေပြီဆိုတာ သူသိလိုက်လေတယ်။

"မင်းဘယ်မောင်းနေတာလဲ…"

အမေးစကားပါးလိုက်ပေမယ့် အဖြေကပြန်မလာခဲ့။
တံတောင်ဆစ်ကို ကားတံခါးမှာထောက်ပြီး မောင်းနေတဲ့ မင်းရာဇာ ကို မသင်္ကာစွာနဲ့ထပ်ကြည့်လိုက်လေတယ်။

"ဟေ့ရောင် မင်းဘယ်မောင်းနေတာလဲလို့"

သူ့အသံကျယ်လောင်သည့်တိုင် မင်းရာဇာ အဖြေပြန်မပေးခဲ့။သူ့ပုံစံကသီဟကိုဒေါသထွက်အောင်ဆွနေတဲ့ မျောက်တစ်ကောင်လိုပဲ။

"ခွေးမသား…ငါမင်းကိုမေးနေတယ်လေ"

မင်းရာဇာ စုပ်သက်တစ်ချက်စုပ်ရင်း သူ့ရဲ့စူးရှတဲ့ နဂါးမျက်စောင်းနဲ့လှည့်ကြည့်လိုက်လေတယ်။

"မင်းအိမ်ကိုလိုက်ပို့ပေးနေတာလေ…အေးဆေးနေ"

"နာရီဝက်ကျော်နေပြီ ငါလည်းတော်တော်ဗိုက်ဆာနေပြီ… လာတုန်းကတောင် အဲ့လောက်မကြာဘူး…"

"မင်းတိတ်တိတ်မနေရင်…ဒီနေရာမှာချထားခဲ့လိုက်မယ်"

"မင်း…"

သီဟဆက် လက်သီးဆုပ်ပြီးရွယ်လိုက်ပေမယ့် အိမ်မရောက်တော့မှာစိုးတာကြောင့် စိတ်ကိုမနည်းပြန်ဖြည်ပြီး အသက်ဝဝရှူကာ လက်သီးပြန်သိမ်းလိုက်လေတယ်။
သူ့ပါးစပ်ကိုလည်း အတတ်နိုင်ဆုံး ပိတ်နိုင်အောင်ကြိုးစားပိတ်လိုက်လေတယ်။

'ကျွီ……'

မင်းရာဇာ ချက်ချင်းကားကို ဆောင့်ရပ်လိုက်ပြီး သီဟကိုကြည့်လိုက်တယ်။သီဟကတော့ သူ့ကိုပြန်ကြည့်လိုက်ရင်း…

"ငါတိတ်တိတ်နေတယ်နော်…"

သို့ပေမယ့် မင်းရာဇာ ဆက်ကြည့်နေတုန်းပဲ။သူ့ရဲ့စူးရှတဲ့အကြည့်က လူတစ်ယောက်ကို အဲ့နေရာမှာတင် ဂယောင်ချောက်ချားဖြစ်သွားစေနိုင်လောက်တယ်။

"ငါမင်းကိုဆင်းခိုင်းလို့လား…"

သီဟဆက် ထူးဆန်းတဲ့အကြည့်နဲ့ မင်းရာဇာရဲ့စကားကို တုန့်ပြန်လိုက်တယ်။

"ဒါဆို…ဘာလဲ"

"ကားဆီကုန်သွားတာဖြစ်မယ်…"

ထိုအသံကိုကြားတာနဲ့ မျက်လုံးပြူးသွားသည်က သီဟ။
မင်းရာဇာ ဒိုင်ခွက်ထဲက ဆီတိုင်ကိုလက်ညှိုးနဲ့လှမ်းထိုးပြလိုက်တယ်။

"ဒီမှာတွေ့လား…အစိမ်းရောင်တောင်ဖြစ်နေပြီ"

သူလက်ညှိုးထိုးပြတဲ့နေရာကို သီဟစိတ်ဝင်တစားနဲ့ လှမ်းကြည့်လိုက်လေတယ်။

"ဟုတ်သားပဲ…ဘယ်လိုလုပ်ကြမလဲ"

"ငါလည်းမသိဘူးလေ…ဆက်မောင်းလို့လဲမရဘူး။ဒီညကားပေါ်မှာပဲအိပ်ရတော့မယ်ထင်တယ်"

"ဖုန်းဆက်လိုက်ပါလား…"

မင်းရာဇာဖုန်းကိုထုတ်ပြီးမသိမသာ Sim Card နေရာကိုပါ ပိတ်လိုက်လေတယ်။ပြီးတော့မှ လိုင်းတစ်တိုင်မှ မရှိတော့တဲ့ Connection ကိုလှမ်းပြလိုက်ပြီး…

"ဒီနေရာမှာ ဆက်လို့မရဘူးထင်တယ်…ဒီမှာတွေ့လား"

"ဟုတ်သား…ဒုက္ခပါပဲ ငါဗိုက်တော်တော် ဆာနေပြီ"

"ဒီမှာပဲအိပ်ကြတာပေါ့…ဒီညတော့သည်းခံလိုက်"

"မင်းသာအစတည်းက အိမ်ကိုတန်းမောင်းပေးခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး…"

"ဒါတော့…ငါလည်းမတတ်နိုင်ဘူး"
သီဟအပြင်ကိုကြည့်ရင်း သက်ပျင်းတစ်ချက်လိုက်မိတယ်။
ဘာမှမတတ်နိုင်တော့သည့်အဆုံး ကားထိုင်ခုံးပေါ်ကို ခေါင်းမှီပြီးသာ စိတ်ပျက်လက်ပျက်ထိုင်နေလိုက်တယ်။

'ဂွီ……'

နောက်ထပ်မြည်လာတဲ့အသံကြောင့် မင်းရာဇာ သူ့ဘေးနားထိုင်နေတဲ့ သီဟဆက်ကို လှမ်းကြည့်လိုက်လေတယ်။အိပ်ပျော်နေပြီလားတော့မသိ။ကားတံခါးဘောင်လေးကိုခေါင်းမှီရင်း မျက်လုံးမှိတ်လို့ထားလေတယ်။သနားတော့သနားစရာ…။အကယ်၍သူ့ကိုကြည့်နေတဲ့လူက မင်းရာဇာ မဖြစ်ခဲ့ရင်ပေါ့…။

သူ့ရဲ့နှဖူးပေါ်မှာချွေးစေးတွေပါပြန်နေပြီး ခြောက်ကပ်နေတဲ့ နှုတ်ခမ်းအရောင်ကလည်း ဖြူဖတ်ဖြူရော့ ဖြစ်လို့နေတယ်။
အိပ်ပျော်ရန်မနည်းကြိုးစားနေပုံရသည်။မင်းရာဇာ စိတ်ဝင်တစားနဲ့ သူအိပ်ပျော်ပါ့မလားဆိုတာ စောင့်ကြည့်နေမိတယ်။အေးစက်တည်ငြိမ်တဲ့ မျက်လုံးတွေနဲ့ ကျောက်ရုပ်လိုခန္ဓာကိုယ်က တစ်သားတည်းဖြစ်လို့နေတယ်။

မိနစ် ၃၀ … အချိန်နာရီဝက်ဆိုတာထပ်ကုန်သွားခဲ့လေပြီ။
ထိုအချိန်အတွင်း 'ဂွီ…' ဆိုတဲ့အသံကို နားထဲတောင် စွဲကျန်နေခဲ့လောက်အောင် ကြားခဲ့ရပြီးနောက် အိပ်ပျော်သွားခဲ့ပြီထင်သည်။နှဖူးပေါ်မှချွေးစက်များလည်း ခြောက်ကပ်သွားခဲ့ကြပြီး ဖြူဖက်ဖြုလျော့ဖြစ်နေတဲ့ နှုတ်ခမ်းကလည်း ပြောင်းလဲမသွားခဲ့…။

မင်းရာဇာ သူ့ရဲ့ အပေါ်ဝတ်အင်္ကျိကိုချွတ်ကာ သီဟဆက်ရဲ့ခန္ဓာကိုယ်ပေါ်လွှမ်းခြုံပေးထားလိုက်ပြီး သူ့မျက်နှာကိုစိုက်ကြည့်လိုက်လေတယ်။

"ဘယ်ဆိုးလို့လဲ…မင်းကောင်းကောင်းအိပ်ပျော်သွားသားပဲ"

အမှောင်အတိလွှမ်းနေတဲ့ လမ်းမပေါ်မှာ အတွင်းထဲထိန်ထိန်လင်းနေတဲ့ ကားတစ်စီးက မလှုပ်မသက်နဲ့တစ်ညလုံးရပ်နေလေတယ်။
ဒီလိုနဲ့ပဲ သူဋ္ဌေးသားလေးရဲ့ အကျင့်မကောင်းမှု့ကြောင့် ဗိုက်ကလေး တဂွီဂွီမြည်နေရင်း ကားပေါ်မှာပဲ အိပ်ပျော်သွားရရှာတော့တယ်။

Continue Reading

You'll Also Like

1.4M 34.3K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3M 87.3K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
248K 14.8K 16
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
837K 26.9K 68
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...