OLDFLAME ( Completed)

By shinnpaing

268K 17.9K 1K

အချစ်​ကပူ​လောင်​သည်​။ သို့​သော်​ ချစ်​ခဲ့ရဖူးသူ တစ်​နည်းအားဖြင့်​ ကိုယ့်​အား ရက်​ရက်​စက်​စက်​ လမ်းခွဲပြီးထ... More

part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35 ( EXTRA )

part 21

6.4K 417 34
By shinnpaing

မြေ့တို့ပြန်​သွားပြီမို့ ​​ကိုယ့်​အခန်းထဲကိုယ်​ ဝင်​ပြီး လုပ်​စရာ
ရှိသည့်​ အရာများလုပ်​​နေမိသည်​ ။

မေ​မေကလဲ ဒီ​နေ့မှ အ​စောကြီးအိပ်​ချင်​သည်​ဆို၍
အခန်းထဲတွင်​အနားယူ​နေသည်​ ။

" ကိုကြီး သမီးဝင်​လာခဲ့လို့ရမလား "

မိမှူးအသံ​ကြောင့်​ ရုတ်​တရက်​ထူးဆန်းသည်​ဟုပင်
တွေးလိုက်​မိသည်​ ။

" ရတယ်​ မိမှူး "

တံခါးဖွင့်​ဝင်​လာသည့်​ မိမှူးမျက်​နှာက တစ်​ခုခုကို
အလိုမကျသည့်​ပုံပင်

" ကိုကြီး သိနှင့်​ပြီးသားလား "

" ဘာကိုလဲ "

ဟုတ်​သည်​ တကယ်​ကိုပင်​ မိမှူးဘာအ​ကြောင်း​မေး​နေ
သည်​လဲဆိုတာကို မသိ​ပေ။

" သူရိန်​နဲ့ သမီးအ​ကြောင်းကို​လေ "

" aww အင်း ဟုတ်​တယ်​ ။ သူရိန်​က ရည်းစားစကား​ပြော
တာကိုလဲသိတယ်​ ။ ဒီ​နေ့ ကိုကြီးမရှိတဲ့အချိန်​မှ သူရိန့်​ကို
အိမ်​​ခေါ်ပြီး ​မေ​​မေနဲ့​ပေး​တွေ့မယ်​ဆိုတာလဲသိတယ်​ "

" ဘယ်​သူ​ပြောတာလဲ ချမ်း​မြေ့လား "

" မဟုတ်​တာက​ပြောပြီ ။ အဲ့အ​ကြောင်း​တွေအကုန်​လုံးကို
မေ​မေက ကိုကြီးကို ​ပြောပြတာ "

" ဟွန့်​​မေ​မေကလဲ မ​ပြောပါနဲ့ဆိုမှ "

" ကိုယ့်​အ​မေကို ​ပြော​နေတယ်​ ဒီက​လေးမ မိုးကြိုးပြစ်​ခံရ
တော့မှာပဲ ။ သွားသွား ​ဝေး​ဝေးသွား​နေ ​တော်​ကြာ
စက်​ကွင်းမလွတ်​လို့ ငါပါထိ​နေမယ်​ "

" ကိုကြီး​နော်​ !!! "

" သူရိန့်​ကို သ​ဘောကျလား "

မေးလိုက်​သည့်​​မေးခွန်းက မိမှူးအတွက်​ အ​တော်​ကို
ခက်​ခက်​ခဲခဲဖြစ်​သွားပုံပင်​ စကားကိုပြန်​မလာ​တော့ပဲ
ခေါင်းသာငုံ့ထားသည်​ ။

" ကိုကြီးက​ရော သူ့ကိုသ​ဘောကျလား "

" ဟ ငါကသူ့ကိုယူရမှာမဟုတ်​ဘူး​လေ ။ နင်​သ​ဘောကျမှ
နင်​နဲ့ယူရမှာ​လေ ငါသ​ဘောကျစရာလိုလို့လား "

ဟုတ်​တယ်​ ဘာ​တွေလာ​မေး​နေမှန်းမသိဘူး ။
တစ်​ခါတစ်​​လေ မိမှူးက သိပ်​ကိုက​လေးဆန်​လွန်းသည်​။

ဒီလို ညီမမျိုးကို သူရိန်​လင်းသ​ဘောကျ​တယ်​ဆိုသည့်
စကားကြားရတာ မသိမသာ​တော့ ဝမ်းသာမိသည်​ ။

ယောက်ျား​လေးအချင်းချင်း ကိုယ့်​ညီမအ​ပေါ် သူဘယ်​လို
သ​ဘောထားသည်​လဲကို ခန့်​မှန်းနိုင်​သည်​ ။

မိမှူးကကံ​ကောင်းပါသည်​။ သူရိန်​က မိမှူးအတွက်
ယောက်ျား​ကောင်းတစ်​​ယောက်​ဖြစ်​မည်​ကို
အကိုတစ်​​ယောက်​ အ​နေဖြင့်​ အကဲခတ်​ပြီးသိနိုင်​သည်​​လေ

" အဲ့ဒါဆိုရင်​ ညီမ​လေး သူ့ကိုလက်​ခံလိုက်​ရမလား "

အသံခပ်​တိုးတိုးဖြင့်​ ကိုယ့်​ကိုအပူကပ်​​နေပါ​သော
ညီမ​တော်​ကို ဘယ်​လိုများပြန်​​ပြောရမည်​လဲ ။

အကိုတစ်​​ယောက်​အ​နေနဲ့​ " ​အေး လက်​ခံလိုက်​ " လို့
ပြောရမည်​က အနည်းငယ်​​တော့ ရှက်​ကိုးရှက်​ကန်းဖြစ်
သည်​​လေ ။

" သ​ဘောရှိပါဗျာ ။ ကိုကို့ရဲ့ညီမ​လေးကို လက်​မခံနဲ့လို့
ပြောရင်​​ရော တကယ်​လက်​မခံပဲ​နေမှာမို့လို့လား "

" အင်း ​နေမှာ "

သူ့ကိုအံ့သြတကြီးကြည့်​မိ​တော့ မိမှူးရဲ့မျက်​လုံး​တွေက
ကျွန်​​တော့်​ကိုညာ​နေတဲ့ပုံစံမျိုးလုံးဝမ​ပေါက်​ ။

တကယ်​ကြီးလား ?

" ဘာလို့လဲ "

တကယ်​သိချင်​တာပါ ။ ဘာလို့လဲ ? အများစုရဲ့အ​ဖြေက
အခုလိုမဖြစ်​​လောက်​ဘူးမလား ။

" နှစ်​နှစ်​ဆယ်​တိတိ ကိုကြီးနဲ့ညီမ​လေးက အတူတူ​နေလာ
ခဲ့ကြတာ​လေ ။ သူရိန်​ဆိုတာက အခုမှရင်းနှီးတဲ့သူ ။

ညီမ​လေး​ရွေးချယ်​လိုက်​တဲ့တစ်​စုံတစ်​ရာ​ကြောင့်​ ကိုကြီးတို့
စိတ်​ရှုပ်​ရတာမျိုးကိုမလိုလားဘူး ။ ပြီး​တော့ အခုလို
အချစ်​​ရေးရာမျိုးဆို ပိုလို့​တောင်​ ဆိုး​သေးတယ်​ ။

ညီမ​လေးက အဲ့ဘက်​ပိုင်းမှာဆို ​ယောက်ျား​လေးချင်းချစ်
တာ​လောက်​ပဲ​သိတာမို့ normal အချစ်​​ရေးအချစ်​ရာကို
ဆုံးဖြတ်​ဖို့ယုံကြည်​ချက်​မရှိဘူး ဟီး ။

ကိုကြီးဆီကခွင့်​ပြုချက်​ရရင်​​တော့ ယုံကြည်လို့ရမယ့်
Relationshipမျိုးကိုရလိမ့်​မယ်​ထင်​တယ်​ ။

အကိုတစ်​​ယောက်​မှာ သူ့ညီမကို အ​ကောင်းဆုံး​တွေကြီး
ဖြစ်​​စေချင်​တဲ့စိတ်​ရှိတယ်​ဆိုတာကို ညီမ​လေးကသိပြီးသား
မို့လို့​လေ ။

သူရိန်​လင်း ညီမ​လေးအ​ပေါ် ​ကောင်း​ပေးနိုင်​မလား ၊
မ​ကောင်း​ပေးနိုင်​ဘူးလားဆိုတာ ကိုကြီးကအသိဆုံး​နေမှာ
ပါ ဟုတ်​တယ်​မလား "

သူ့အ​ဖြေနဲ့သူက​တော့ဟုတ်​​နေတာပဲ

" ဒါဆို အရင်​တုန်းက ပြသာနာရှာပြီး ကိုကြီးကိုစိတ်​ရှုပ်
အောင်​လုပ်​ခဲ့တာ​တွေက​ရော "

" အဲ့ဒါက အဲ့ဒါ​လေ မတူဘူး​ ။ ဟီး ကိုကြီးကလဲ "

အလကားလူကို စကားနဲ့လာချုပ်​​နေတဲ့ ညီမစုတ်​​လေး ။

" hrr hrr  ​တော်​ပါ​တော့ ကဲ သွားအိပ်​ချင်​အိပ်​​တော့​လေ
မနက်​ဖြန်​ကျရင်​ ပထမဆုံးအချိန်​က Tutorial ​ဖြေရမှာ
မလား ​။ အဲ့​မေဂျာဆရာမက စည်းကမ်း​​ကြပ်​တယ်​ဆို ​? "

" ငါ့ကိုကြီးတို့က​တော့​နော်​ အကုန်​လုံးကိုသိ​နေ​တော့တာပဲ
ညီမ​လေးကိုစိတ်​ပူလို့ တကူးတက အတန်းအချိန်​ဇယားကို
မှတ်​ထား​တာ​တော့ မဟုတ်​ဘူးမလား "

" ​သေချာတာ​ပေါ့ ငါ့ညီမ​ရာ hrr hrr "

နှုတ်​ခမ်းတစ်​​တောင်​​လောက်​​ထော်​ထွက်​ပြီး အခန်းထဲက
နေ မိမှူးထွက်​သွားပုံကိုကြည့်​ကာ အားရပါးရ ရယ်​​နေ
မိသည်​။

ဒါနဲ့ ဒီအချိန်​ဆို ​မြေ့တစ်​​ယောက်​ဘာ​တွေလုပ်​​နေမလဲ ။
စာ​တွေအများကြီးကျက်​ပြီး ​ခေါင်းများရှုပ်​​နေမလား။

မနက်​ဖြန်​ Tutorialအတွက်​ စာ​ရောကြိုကြည့်​ထားပါ့
မလား ။

ဒီ​နေ့ အိမ်​က​နေပြန်​သွား​တော့ ​မြေ့ မျက်​နှာမ​ကောင်းတာ
ကို သတိထားမိ​နေ​ပေမယ့်​ အချို့ကိစ္စ​တွေကိုဝင်​စွက်​​ဖက်
ရ​လောက်​​အောင်​အထိ သူနဲ့ကိုယ်​က ဘာမှမဟုတ်​ကြ​သေး
တော့ စိတ်​ပူ​ပေးရုံပဲတတ်​နိုင်​သည်​​လေ ။

မြေ့ကိုယ်​တိုင်​ သူနှင့်​ပတ်​သက်​သည့်​အရာအားလုံးလိုလို
ကိုယ့်​ကိုရင်​ဖွင့်​တိုင်​ပင်​မည့်​​နေ့ရက်​​လေး တစ်​​နေ့​တော့
ရောက်​လာမှာပါ ။

ကိုယ့်​ဘက်က​အချစ်​စစ်​သည်​မို့ ​မေတ္တာ​ရောင်​ပြန်​ဟပ်
လောက်​မှာပါ​လေ ။ ​လော​လောဆယ်​​တော့
ထိုယုံကြည်​မှု​လေးနှင့်​ပဲ ​ကျေနပ်​နေရသည်​။

                       ▫▪▫▪▫▪▫▪🔥▫▪▫▪▫▪▫▪

Tutorial မရှိမှသာ ဆက်​မင်းပိုင်​ကို သွားအား​ပေးမည်​ဟု
ကြံရွယ်​ထား​သော​ကြောင့်​ Tutorial ရှိ​ရေး ချမ်း​မြေ့အ​ရေး
ဖြစ်​​နေမိသည်​ ။

ယောက်ျား​လေးအများစုက ​ဘောလုံးပွဲသွားကြည့်​ရန်
တက်​ကြွ​နေ​ကြသည်​မို့ ဆရာမအား Tutorial ဖျက်​ခိုင်းဖို့
တောင်းဆိုကြလျှင်​ . . . .

ထိုအ​တွေးနဲ့တင်​လူကစိတ်ရှုပ်​​မိသည်​။

ကိုယ်​ကတဲ့ဇာတ်​ကိုယ်​မနိုင်​​တော့သည့်​ အဖြစ်​ပင်​​ရောက်
နေသည်​။

" ​ဘောလုံးပွဲ သွားချင်​ကြလား "

""""" သွားချင်​ပါတယ်​ !!!! """""

မိန်းက​လေး​တွေကပါဝိုင်း​အော်​​နေကြသည်​မို့ ဆရာမက
တပြုံးပြုံးဖြင့်​​ခေါင်းညိတ်​ကာ

" အဲ့ဒါဆိုလဲသွားချင်​သွားကြ​လေ "

ဆရာမ စကားအဆုံးလွယ်​အိတ်​​ကောက်​လွယ်​ပြီး အခန်း
အပြင်​သို့​ခြေလှမ်း​ရောက်​​နေကြသည့်​လူတစ်​ချို့

" ဒါ​ပေမယ့်​ ​နောက်​တစ်​ခါ Tutorial ​ဖြေရင်​ နှစ်​ကြိမ်​စာ
ဖြေရမယ်​ ဘယ်​လိုလဲ လက်​ခံလား "

Oh Yes !!!

""""" ဆရာမကလဲ ~~ """"

" ဘာမှ ဆရာမကလဲမ​နေနဲ့ ။ ဆရာမက မင်းတို့ကြည့်​ချင်
တယ်​ဆိုလို့ သ​ဘောထားကြီးကြီးနဲ့ ​နောက်​တစ်​ပတ်​​ရွေ့​ပြီး
အခွင့်​အ​ရေး​ပေးထားတာ​နော်​ ။

ကြည့်​ချင်​လား ? မကြည့်​ချင်​လဲ ကိုယ့်​​နေရာကိုပြန်​ထိုင်​ကြ
Tutorial ​ဖြေမယ်​ "

"""" ကြည့်​မှာပါ ဆရာမ !!! """

" အဲ့ဒါဆိုရင်​ ဆရာမ​ပြောတာကိုလက်​ခံကြတယ်​​ပေါ့ "

""" ဟုတ်​ !!!! """

" ​အဲ့ဒါဆိုလဲ ​သွားကြ​တော့​လေ ​နေရာမရပဲ​နေဦးမယ်​ "

""" ဟုတ်​ !!!! """ ဆိုပြီး ​ပြေးထွက်​သွားလိုက်​ကြတာများ
အ​နောက်​က ကျားလိုက်​ဆွဲသလိုပင်​ ။

" ​ချမ်း​မြေ့ နင်​ ဟိုဘက်​အသင်းကို တကယ်​သွားအား​ပေး
မှာလား "

မျက်​နှာငယ်​ဖြင့်​ ​ပြော​နေသည့်​ မြတ်​မှူးက ကိုရဲကိုသာ
အား​ပေး​စေချင်​သည့်​ပုံပင်​ ။ ကျွန်​​တော်​လဲ ဒီလိုဘယ်​ဖြစ်
ချင်​ပါ့မလဲ​လေ အရာအားလုံးက ကံကြမ္မာရဲ့လှည့်​ကွက်
တွေကြီးပဲမလား ။

" ငါလဲ မတတ်​သာလို့ပါဟာ "

" ​အေးပါ လာ ​ဘောလုံးပွဲအထိ​တော့ အတူသွားကြတာ​ပေါ့
နော်​ လာ " ဆိုပြီး ကျွန်​​တော့်​လက်​ကိုလာဆွဲသည့်​ မြတ်​မှူး
ကြောင့်​ ပြုံးလိုက်​မိသည်​ ။

ရုတ်​တရက်​ ကျွန်​​တော့်​လက်​ကို လာဆွဲဖြုတ်​​နေသည်​မို့
ကြည့်​လိုက်​​တော့ အံကြိတ်​ပြီး

မျောက်​ငှက်​​ပျောသီး မစားရ​သေးသည့်​ရုပ်​ဖြင့်​ မြတ်​မှူးကိုင်
ထားသည့်​ ကျွန်​​တော့်​လက်​ကို ဆွဲဖြုတ်​​နေသည့်​ သူရိန်

" အွီး ဘာရုပ်​ကြီးလဲဟာ "

" ငါ့ရုပ်​ကဘာဖြစ်​​နေလို့လဲ ချမ်း​မြေ့ ငါ့ရုပ်​က
ဘာဖြစ်​​နေလို့လဲ "

" မင်းကြီး​တော်​က​ပြောတာ​လေ ။ မင်းကြီး​တော်​ကို
သွား​မေးပါ့လား ဘာလို့ ငါ့ကိုလာ​မေး​နေတာလဲ ။ ဖယ်​ !!
နေရာမရပဲ​နေဦးမယ်​ "

မိန်းက​လေးစိတ်​မဝင်​စားတဲ့ကိုယ်​နဲ့မှ ကြံကြံဖန်​ဖန်​လာပြီး
သဝန်​တို​နေသည့်​ သူရိန့်​ကို အခုလို အရွဲ့တိုက်​ခဲ့ရ​တော့မှ
ကျေနပ်​အားရမိသည်​ ။

" မြတ်​မှူး "

" အင်း "

" နင်​ သူ့ကိုအ​ဖြေ​ပေးပြီးပြီလား "

" ဘယ်​သူ့ကိုလဲ "

" အရူးကွက်​နင်းမ​နေနဲ့ နင့်​ကိုအ​ဖြေ​တောင်းထားတာ
ဘယ်​အ​ကောင်​ရှိ​သေးလို့လဲ "

" ​အေးပါဟာ ။ အ​ဖြေကို​တော့စဉ်းစားပြီးပါပြီဟ ။ ဒါမယ့်
ဘယ်​လို အ​ဖြေ​ပေးရမလဲမသိလို့ ။

သူကလဲ ငါ့ကိုထပ်​ပြီး ရည်းစားစကားမ​ပြော​တော့ဘူး​လေ
ဒီတိုင်းကြီးသွား​ပြောရမှာကျ​တော့ ရှက်​လို့ "

" hrr hrr ထားပါ​တော့ ။ ဒါနဲ့အ​ဖြေက yes or no "

" ဒါက​တော့ surprise ​ပေါ့ဟာ ဟီး "

" ငါ့သူငယ်​ချင်းကို မရက်​စက်​သင့်​ပါဘူး​နော်​ ။ နင့်​အ​ဖြေ
သာ no ဆိုရင်​ အဲ့​ကောင်​ ရူးပြီး ဂန့်​သွားလိမ့်​မယ်​ "

" စိတ်​မ​ကောင်းဖြစ်​လွန်းလို့ မျက်​ရည်​​တောင်​ဝဲမိတယ်​ဟာ
Hrrr hrrr "

ကျွန်​​တော့်​စကားကို သ​ဘောကျဟန်​ရယ်​​နေသည့်​မြတ်​မှူး
ကြောင့်​ ကျွန်​​တော်​လဲအတူလိုက်​ရယ်​မိသည်​ ။

ထိုအခိုက်​ အ​နောက်​မှ​နေ၍ မျက်​လုံးမှ​လေဆာများ
ထုတ်​လွှတ်​​နေသည့်​ သူရိန်​လင်း၏ပုံစံကို​တွေ့လိုက်​ရ
သဖြင့်​ ရယ်​ခြင်းကအ​တောမသတ်​နိုင်​​တော့​ပေ ။

ဘောလုံးကွင်းထဲ​ရောက်​​​တော့ လူအ​တော်​များများပင်
ရောက်​​နေကြပြီဖြစ်​သည်​။

တစ်​ဖက်​နှင့်​တစ်​ဖက်​ကို အုတ်​တံတိုင်းတဝက်​ ခံထားသည့်
အပြင်​ သံဇကာ​​နှင့်​ပါ ကာရံထားသည်​က ​ကျောင်း၏
နာမည်​​ကျော်​ကြားခဲ့ဖူး​သော ရန်​ပွဲပြီးကတည်းကဟု
ကြားဖူးသည်​။

လူညစ်ပြီး​ဆော့​သော​ကြောင့်​ အနိုင်​ရသွားခြင်းကို
တစ်​ဖက်အသင်းအား အား​ပေးသည့်​ ​ကျောင်းသားများက

မ​ကျေနပ်​၍ စကားချင်းတိုက်​ခိုက်​ရာက လက်​ပါ ပါလာပြီး
နီးစပ်​ရာတုတ်​​တွေ​ကောက်​ယူပြီး ရန်​ဖြစ်​ကုန်​​သော​ကြောင့်

ကြားထဲက ​ကျောင်းသူ​တွေ​ရော ဆရာမ​တွေပါ ထိခိုက်​မိ
ကုန်​၍ ​ဆေးရုံ​ဆေးခန်း​ရောက်​သွားရသည်​အထိ
ပွဲဆူခဲ့သည်​တဲ့​လေ ။

အခုလဲ ​တစ်​ဖက်​​ကျောင်းက​နေ တကူးတကလာအား​ပေး
သည့်​ သူများက ​ယောက်ျား​လေး​တွေများသည်​ ။

ထို့အပြင်​ ​ထောင်​​ထောင်​​မောင်း​မောင်းခန္ဓာကိုယ်​များနှင့်
တည်​လွန်းလှ​သော ရုပ်​​တွေ​ကြောင့်​ ကိုရဲတို့အသင်း
အတွက်​​တောင်​စိုးရိမ်​မိသည်​။

" ဟဲ့ ဟိုဘက်​အသင်းကိုလာအား​ပေးတဲ့ ​ကျောင်းသား​တွေ
ရဲ့ရုပ်​​တွေကလဲ ​ကြောက်​စရာကြီး​တွေ ။ ချမ်း​မြေ့ နင်​ဖြစ်​ရဲ့
လား "

မြတ်​မှူးက ​ကြောက်​သည့်​ပုံစံလုပ်​ပြပြီး ​ပြော​နေသည်​ကို
သူရိန်​ကပါ ​ခေါင်းညိမ့်​ပြီး ဝင်​​ထောက်​ခံသည်​။

" ​အေး ချမ်း​မြေ့ မင်းဖြစ်​ရဲ့လား ငါပါမင်းနဲ့အတူလိုက်​ထိုင်
ပေးရမလား "

" ရပါတယ်​ကွ ဘာမှမဖြစ်​ဘူး ။ ငါ​ယောက်ျားပါကွ မင်းတို့်
ကလဲ ဘာ​တွေလာစိုးရိမ်​​နေကြတာလဲ "

" ​အေးပါကွာ အဲ့ဒါဆို ငါတို့ဟိုဘက်​က​နေ မင်းကိုကြည့်​​ပေး
နေမယ်​။ ​ဟေ့​ကောင်​ မင်းကိုရန်​စရင်​ ချက်​ချင်းအချက်​ပြ
လိုက်​​နော်​ ကြားလား "

" ​အေးပါကွာ မင်းတို့လဲ​သွား​တော့ ဟိုမှာလူ​တွေများလာပြီ
ထိုင်​စရာ​နေရာမရှိပဲ​နေမယ်​ "

" ​အေး​အေး အဲ့ဒါဆိုသွားပြီ​နော်​ ​မျောက်​မူးလဲ ငါ့လက်​ကို
သေချာကိုင်​ထား လူ​တွေအရမ်းများ​နေတာမို့ ​လူကွဲသွား
လိမ့်​မယ်​ "

ပါးစပ်​က​ပြောတာ​နောက်​မှ သူ့လက်​က မြတ်​မှူးလက်​ကို
အရင်​ဆွဲကာ ထွက်​သွားသည့်​ သူရိန့်​​ကိုကြည့်​ပြီး
သ​ဘောကျစွာ ရယ်​လိုက်​မိသည်​ ။

ထိုင်​ရန်​အတွက်​လွတ်​သည့်​​နေရာကို ကြည့်​လိုက်​​တော့
မိန်းက​လေးထိုင်​​နေသည့်​ အ​နောက်​ဘက်​ခြမ်းမှာ ​နေရာ
အ​တော်​များများလွတ်​​နေ​သေးသည်​မို့ သွားထိုင်​ရန်
ပြင်​လိုက်​သည်​ ။

ထိုင်​​နေသည့်​ ကျွန်​​​တော့်​ဘက်​ကို လှည့်​ကြည့်​လှည့်​ကြည့်
ဖြင့်​ အ​ရှေ့ကမိန်းက​လေးတစ်​သိုက်​ ကြည့်​​နေကြ​တော့
လူကပူထူပြီး ​နေရခက်​လာသည်​ ။

သူတို့​ကျောင်းကမဟုတ်​တာကိုသိလို့များလား ။

" ဘယ်​​မေဂျာကလဲ "

ဘေးကအသံကြားလို့ လှည့်​ကြည့်​လိုက်​​တော့ ကျွန်​​တော့်
ကို ပြုံးပြီးကြည့်​​နေသည့်​ လူတစ်​​ယောက်​ ။ ပုံစံကြည့်​ရတာ
ကျွန်​​တော်​နှင့်​ရွယ်​တူပင်​ဖြစ်​​လောက်​သည်​။

" ဟို ငါက ဒီ​ကျောင်းကပါ "

" အင်း ငါသိပါတယ်​ "

" ဟမ်​  "

" ငါ့နာမည်​က ခန့်​မင်းကို "

" aww အင်း "

" ​ချေတာလား "

" ဟမ်​ မဟုတ်​ပါဘူး "

" အဲ့ဒါဆိုငါ​မေးတာ​လေး​တွေ​ဖြေ​လေ "

" အင်း ငါက အင်္ဂလိပ်​စာအထူးပြုတက်​​နေတာပါ
နာမည်​က​တော့ ချမ်း​မြေ့ပိုင်​လို့​ခေါ်တယ်​ "

" ရွဲ့တာလား "

ဟာ ဒီလူဘာလဲ အ​ကောင်း​ပြော​နေတာကို သက်​သက်​လာ
ရစ်​​နေသည်​ က ပိတ်​ထိုးချင်​စရာ​ကောင်းလှသည်​။

" ငါ့ကိုဆွဲထိုးပြစ်​ချင်​တယ်​လို့​တွေး​နေတာလား "

" မ .. မဟုတ်​ပါဘူး "

ကျွန်​​တော့်​အ​တွေး​တွေကိုဘယ်​လိုလို့သိသွားရတာလဲ။

" hrr hrr ငါက ဒီတိုင်းစလိုက်​တာပါကွ ။ဘယ်​လိုဖြစ်​လို့
အထစ်​ထစ်​အ​ငေါ့​ငေါ့ ဖြစ်​​နေရတာလဲ "

ထိုအချိန်​ ​ကွင်းထဲသို့ ​ဘောလုံးကန်​မည့်​အဖွဲ့နှစ်​ဖွဲ့ဝင်​လာ
ကြသည်​မို့ လှမ်းကြည့်​လိုက်​သည်​ ။

ကိုရဲက ​ဘောလုံးဝတ်​စုံနှင့်​လဲလိုက်​ဖက်​သည်​။
အပြာ​ရောင်​ဝတ်​လျှင်​ အများစုက ရှိရင်းစွဲအသားအ​ရောင်
ထက်​မဲသွားပြီး အနည်းငယ်​ကြည့်​ကဆိုး​သော်​ညား

ကိုရဲနဲ့ကျ​တော့ အလွန်​လိုက်​ဖက်​မှုရှိပြီး ပိုပြီး​ယောက်ျား
ပီသသည့်​ဟန်​ပင်​​ပြောင်းသွားရသည်​။

ကိုရဲ၏ မျက်​လုံးများက ကွင်းထဲစဝင်​လာကတည်းက
တစ်​စုံတစ်​​ယောက်​ကိုရှာ​​နေသလိုပင်​ ။ ရှာ​နေရင်း ကိုရဲ၏
မျက်​လုံးများဖြင့်​ ​တွေ့ဆုံသွားရသည့်​အချိန်​ ကိုရဲက
ပြုံးပြသည်​ ။

သူ့ကိုအားမ​ပေးသည်​ကိုပင်​ အပြစ်​မမြင်​ပဲ အခုလိုမျိုး
ပြုံးပြ​နေသည့်​ကိုရဲ​ကြောင့်​ ရင်​ထဲကြည်​နူးမှု​လေးဖြတ်​သန်း
သွားရပြန်​သည်​။

" သူ မင်းကိုကြည့်​​နေတယ်​ "

ဘေးနားက အသံ​ကြောင့်​ ကိုရဲကိုကြည့်​​နေရင်းနဲ့မှ
အကြည့်​လွှဲပြီး သူ့​စကားကို နားမလည်​ဟန်​ ပြန်​​မေးဖို့
ပြင်​လိုက်​​တော့ . . . . .

" ဟိုမှာ " ဆိုပြီး လက်​ညိုးထိုးပြသည်​မို့ ထိုသူလက်​ညိုးထိုး
ပြသည့်​​နေရာကို ကြည့်​လိုက်​​တော့ ဆက်​မင်းပိုင်​ !!

ကျွန်​​တော့်​ကိုမျက်​​မှောင်​ကြုတ်​၍ ကြည့်​​နေသည့်
ဆက်​မင်းပိုင်​​ကြောင့်​ ကျွန်​​တော်​လဲ ပြန်​ပြီးမျက်​​မှောင်
ကြုတ်​ကာ ပြန်​ကြည့်​လိုက်​​တော့

ဆက်​မင်းပိုင်​က ရယ်​သည်​။ ထို့​နောက်​ fly kiss ပုံစံမျိုး
လုပ်​ပြီး မျက်​လုံးမှိတ်​ပြသည်​ ။ နဂိုကတည်းကမှ မသိတဲ့
သူ​တွေကြားထိုင်​​နေရတာမို့ လူကပူထူ​နေပါတယ်​ဆိုမှ

အခု သူ့လုပ်​ရပ်​​ကြောင့်​ လူက ဒီ​​​​နေရာက​နေထွက်​​ပြေးချင်
လာမိသည်​ ။

ထိုမျှမက​သေး လက်​နှစ်​ဖက်​ကို​အသဲပုံလုပ်​ပြ​နေပြန်​သည်
မို့ လူက အ​တော်​ကြီးကိုပူထူ​နေပြီဖြစ်​သည်​ ။

အ​ရှေ့မှာထိုင်​​နေသည့်​ မိန်းက​လေး​တွေကလဲ သူ့ကိုလုပ်​ပြ
နေတာ ၊ ငါ့ကိုလုပ်​ပြ​နေတာ ဟူ၍ ငြင်းခုံ​နေကြသည်​ ။

" ကျွတ်​ ကျွတ်​ ​ရောဂါက အ​တော်​ကျွမ်း​နေပြီပဲ "

" ဘာကြီးကလဲ " ကျွန်​​တော်​​မေးလိုက်​​တော့ ထိုသူက
တစ်​ချက်​ရယ်​ပြီး ဆက်​မင်းပိုင်​ရှိရာဘက်​ကို ​မေး​ငေါ့ပြ
သည်​။

ဟုတ်​သားပဲ အခုနကလဲ သူပဲဆက်​မင်းပိုင်​က ကျွန်​​တော့်​ကို ကြည့်​​နေသည်​ဟု​ပြောတာမလား ။ သူသိ​နေတာလား

မဖြစ်​နိုင်​​လောက်​ပါဘူး ဆက်​မင်းပိုင်​လိုလူစားမျိုးက အခု
လို ​ယောက်ျား​လေးချင်းတွဲခဲ့ဖူးသည့်​ကိစ္စကို ထုတ်​​ပြောမှာ
မဟုတ်​ဘူးဆိုတာကို အနည်းငယ်​​တော့သိသည်​။

" ငါသိတာ မဆန်းပါဘူး ။ ငါကလဲ မင်းလိုပဲမို့လို့​လေ "

" ကျွန်​​တော့်​လို ? "

" gay ​လေ ။ အချင်းချင်းမို့ သိတာပါ ။ ပြီး​တော့ မင်းကို
ငါတို့​ကျောင်းကမဟုတ်​ဘူးဆို​တာကို သိရတဲ့အ​ကြောင်း
က ငါတို့ကား​ပေါ်မှာ မင်းကိုမ​တွေ့ခဲ့ဖူး​လေ ။

ငါတို့က ဒီကို​ကျောင်းကစီစဉ်​​ပေးတဲ့ကားနဲ့လာကြတာ
လူကသိပ်​မများတာမို့ ကားတစ်​စီးတည်းမှာပဲ အကုန်​လိုက်
လာကြတာ​လေ ။

ပြီး​တော့ ဆက် ​နဲ့ပက်​သတ်​တဲ့သူဆိုတာ ငါတကယ်​မသိပါ
ဘူး ။ ဒီလိုပဲ ခန့်​မှန်း​ပြောလိုက်​တာ ။ ဒီ​ဘောလုံးကန်​တဲ့
အသင်းမှာ ​စော်​ကြည်​ဘဲကြည်​က ဆက်​ တစ်​​ယောက်​ပဲ
ရှိတာ​လေ "

ထိုသူက ​မောသွားဟန်​ဖြင့်​ သူ့လွယ်​အိတ်​ထဲက ​ရေဘူးကို
ယူပြီး အဖုံးဖွင့်​ကာ​သောက်​​နေသည်​ ။

ဆက်​မင်းပိုင်​က ​ကျောင်းမှာလဲ နာမည်​ကြီးတဲ့ပုံပင်​ ။
အင်း​ပေါ့​လေ သူ့လိုင​ပွေးက နာမည်​ကြီးတာမဆန်းပါဘူး။

Continue Reading

You'll Also Like

682K 2.6K 65
lesbian oneshots !! includes smut and fluff, chapters near the beginning are AWFUL. enjoy!
16.9M 652K 64
Bitmiş nefesi, biraz kırılgan sesi, Mavilikleri buz tutmuş, Elleri nasırlı, Gözleri gözlerime kenetli; "İyi ki girdin hayatıma." Diyor. Ellerim eller...
175K 8.4K 53
ငယ်ငယ်ကတည်းက ရင့်ကျက်ပြီး အတန်းခေါင်းဆောင်အမြဲလုပ်ရတဲ့ ကောင်လေး ကျော်နေမင်း ခြူခြာလွန်းလို့ ကျော်နေမင်းက ပိုးဟပ်ဖြူလို့ နာမည်ပေးခံရတဲ့ ကောင်မလေး နေခြ...
4.6M 136K 52
After her mother's death Lilith gets a new legal guardian, her older brother. With no knowledge of having four other older brothers, Lilith is send...