Butterfly(Completed)

By Light0003

567K 28.4K 251

💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form c... More

Chapter-1(Zawgyi)
Chapter-2(Zawgyi)
Chapter-3(Zawgyi)
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43(Final)
Beautiful Life(1)
Noti+
Beautiful Life-2
Part-1(Unicode)
Part-2(Unicode)
Part-3(Unicode)
Part-4(Unicode)
Part-5(Unicode)
Part-6(Unicode)
Part-7(Unicode)
Part-8(Unicode)
Part-9(Unicode)
Part-10(Unicode)
Part-11(Unicode)
Part-12(Unicode)
Part-13(Unicode)
Part-14(Unicode)
Part-15(Unicode)
Part-16(Unicode)
Part-17(Unicode)
Part-18(Unicode)
Part-19(Unicode)
Part-20(Unicode)
Part-21(Unicode)
Part-22(Unicode)
Part-23(Unicode)
Part-24(Unicode)
Part-25(Unicode)
Part-26(Unicode)
Part-27(Unicode)
Part-28(Unicode)
Part-29(Unicode)
Part-30(Unicode)
Part-31(Unicode)
Part-32(Unicode)
Part-33(Unicode)
Part-34(Unicode)
Part-35(Unicode)
Part-36(Unicode)
Part-37(Unicode)
Part-38(Unicode)
Part-39(Unicode)
Part-40(Unicode)
Part-41(Unicode)
Part-42(Unicode)
Part-43(Unicode)
Beautiful Life-1(Unicode)
Beautiful Life-2(Unicode)
For new story📣

Chapter-20

7.4K 380 3
By Light0003

"Aww သူငယ်​ချင်း​တွေ​ကော ​ရောက်​​နေကြတာလား
sorry ​နော်​ ​နှောက်​ယှက်​သလိုဖြစ်​သွားမိလို့
"ရဲ" ​ရော့ဖိတ်​စာ
ငါဆယ်​တန်း​အောင်​တဲ့ အထိမ်းအမှတ်​အ​နေနဲ့
ငါ့ Daddyက ဂုဏ်​ပြု ညစာစားပွဲလုပ်​​ပေးမလို့ဟ
နင်​လာမယ်​မလားဟင်​"

ပြောပြီး လက်​ထဲကဖိတ်​စာကို ကမ်း​ပေး​နေ​သော
ဆူးခက်​နွယ်

"Aww အင်း လာမယ်​​လေ"

"Ok အာ့ဆို ငါ​စောင့်​​နေမယ်​​နော်​ Bye Byeသွားပြီ"

ဆူးခက်​နွယ်​ထွက်​သွား​တော့ ဟိုသုံး​ယောက်
အကြည့်​​တွေက သူ့ ဘက်​လှည့်​လာကြသည်

"ဘာလဲဟ ငါတို့လဲ ရှိ​နေတာကို ငါတို့ကိုကျ
မဖိတ်​သွားဘူး"

"​အေး​လေ ​​အောင်​​တာ​တောင်​ D တစ်​လုံးမှမပါဘဲ
နဲ့များဟယ်​ ​​စောက်​ကြီး​စောက်​ကျယ်​​တွေ သိပ်​လုပ်
တာပဲ ပြီး​တော့ ​ခေါ်သွားတာကလဲ ဘာတဲ့
"ရဲ"တဲ့ အမ​လေး ​အော်​​အော့​တွေ ဟွန်း"

မျက်​နှာကြီး​တွေ မဲ့ရွဲ့ပြီး​ပြော​နေကြတဲ့ ​ရွှေရည်​နဲ့
ဆုလဲ့ကိုကြည့်​ပြီး သူပြုံးမိသည်

"နင်​တို့က​လေ သူများသားသမီးကိုဆို သိပ်​ပြီး
မှိုချိုးမျစ်​ချိုး​ပြောတာပဲ
ဘာလဲ သူကနင်​တို့ထက်​လှလို့ မနာလိုဖြစ်​​နေတာ
မလား ဟင်းဟင်း"

"အ​ရေးထဲ နှာဘူး​ကောင်​ မြတ်​မင်းကတစ်​မျိုး
လူ​လေး​ယောက်​ရှိတာ​တောင်​ ငါတို့ကိုဖယ်​ပြီး
ရဲမာန်​ တစ်​​ယောက်​ထဲ ​ရွေးဖိတ်​သွားလို့ ​ပြော​နေတာဟဲ့ အ​ကောင်​စုတ်​ရဲ့"

ဆုလဲ့ပြန်​​ဟောက်​လိုက်​မှပဲ မြတ်​မင်းငြိမ်​ကျသွား
သည်

"​တော်​ကြပါ​တော့ဟာ အာ့ဆိုလဲ ငါ့အစားနင်​တို့ပဲ
သွား​ပေးလိုက်​ကြ​တော့​ ​ရော့ ဒီမှာဖိတ်​စာ"

"အမ​လေး မသွားချင်​ပါဘူး
လာဖိတ်​ရင်​​တောင်​ ငြင်းမလို့ဟာကို ဟွန်း"

"အဲ့ဒါပဲ​လေ ဆုလဲ့ရဲ့ နင်​တို့​တောင်​မသွားချင်​တာ
သူက​ကော နင်​တို့ကိုဖိတ်​ချင်​ပါ့မလား
ပြီး​တော့ ​ရွှေရည်​နဲ့လဲ ပြသနာတက်​ထား​သေးတယ်
မဟုတ်​လား"

သူ​ပြောလိုက်​မှ သုံး​ယောက်​သားငြိမ်​ကျသွားသည်

အစက သူတိုင်​ပင်​မယ်​လို့စဉ်းစားထားတဲ့ ကိစ္စလဲ
ဘယ်​​ရောက်​သွားမှန်းမသိ

ပြောလဲမ​ပြောချင်​​တော့

ဘာ​ကြောင့်​မှန်းမသိ ဆူးခက်​နွယ်​ကို​တွေ့လိုက်​တာနဲ့
ခေါင်းထဲ ​နောက်​ကျိ ရှုပ်​​ထွေးသွားတတ်​သည်

**********

"ဟယ်​လို ​မောင်​​လေး ရှင်းသန့်​လား"

"​မောင်​​လေး ဒီည​နေအားလားဟင်
အားရင်​ အမတို့ဆိုင်​တစ်​ဆိုင်​မှာ ​တွေ့ရ​အောင်​​လေ
ကျေးဇူးတင်​စရာ​လေးလဲရှိလို့"

"Ok အာ့ဆို အမ​စောင့်​​နေလိုက်​မယ်​​နော်​"

"ဒါဘဲ​နော်​ ​မောင်​​လေး ဆိုင်​​နေရာကို အမ
Message ပို့လိုက်​မယ်​ Ok"

လင်း​လေး 4D ပါတယ်​ဆိုလို့ သူမ ​ပျော်​မိသည်

အဲ့တာ​ကြောင့်​မို့လို့လဲ လင်း​လေးရဲ့ဆရာ 
မောင်​​လေး ရှင်းသန့်​ကိုလဲ ​ကျေးဇူးတင်​မိသည်

ဟိုတစ်​ခါပွဲမှာ​တွေ့တုန်းက လင်း​လေး ph no 
တောင်းတာနဲ့ သူ့ ph no ပါ ယူခဲ့လိုက်​သည်

***********

"အမ​စောင့်​​နေရတာ ကြာပြီလား"

ပြောကာသူ မျက်​နှာချင်းဆိုင်​ခုံတွင်​ ၀င်​ထိုင်​လိုက်​သည်

"မကြာ​သေးပါဘူး အမလဲ ​စောနကမှ​ရောက်​တာ"

"Aww ဟုတ်​ ​အတန်းပြီးတာနဲ့ တန်းလာခဲ့တာပဲ
လမ်းမှာ ကား​တွေကပိတ်​​နေတာနဲ့ ​နောက်​ကျသွား
တာ"

"ရပါတယ်​​မောင်​​လေးရဲ့ ​မောင်​​လေးဘာ​သောက်​မလဲမှာလိုက်​​လေ ဒီဆိုင်​မှာက အပူအ​အေး အစုံရတယ်
အမက​တော့ Capachino တစ်​ခွက်​မှာထားတယ်
Hey waiter!"

သူ ice-coffee တစ်​ခွက်​ပဲမှာလိုက်​သည်

မဖြူ စင်​လွန်းကို အခုမှ ​သေချာကြည့်​မိသည်

ဖြောင့်​စင်း​သောနှာတံ စင်​​ရော်​​တောင်​မျက်​ခုံး​လေး
နှစ်​ဖက်​ ​ကွေးညွတ်​​နေ​သော နှုတ်​ခမ်းလွှာ​လေးတစ်​စုံ သွယ်​လျ​သောမျက်​နှာ​လေး နဲ့ ​​ဖွေးဥ​နေ​သော
အသားအ​ရေတို့မှာ လိုက်​ဖက်​မှုရှိလှသည်

ပြောသာ​ပြောရတယ်​ မဖြူ စင်​လွန်းနဲ့ လင်းရဲမာန်​က
မောင်​နှမအရင်းမဟုတ်​​ပေမဲ့ ရုပ်​ချင်းက​တော့
တော်​​တော်​တူသည်
ဟို​ကောင်​​လေးကလဲ မိန်းမ​ချော ​ချောသည်

မဖြူ စင်​လွန်းက အပြင်​ပန်းမှာပဲ လှသည်​မဟုတ်

စီးပွား​ရေးနယ်​ပယ်​ဖက်​မှာလည်း 
အောင်​မြင်​​နေပြီဖြစ်​တဲ့ ထက်​ထက်​မြတ်​မြတ်
အမျိုးသမီးတစ်​​ယောက်

သူ့ထက်​ ​လေးနှစ်​​လောက်​သာ ကြီး​ပေမယ့်
ကိုယ့်​အားကိုယ်​ကိုးပြီး ​အောင်​မြင်​​နေတဲ့
မဖြူ စင်​လွန်းကို​တော့ သူအမှန်​တကယ်​ ​လေးစား
မိသည်

သူ ရည်​မှန်းထားတဲ့ ချစ်​သူအိမ်​​ထောင်​ဖက်
ကလည်း ပစ္စည်းဥစ္စာမချမ်းသာရင်​​နေပါ​စေ
ရပ်​ရည်​အသင့်​အတင့်​ရှိပြီး ကိုယ့်​အားကိုယ်​ကိုး​နေ
တဲ့ ထက်​ထက်​မြတ်မြတ်​နဲ့ ရည်​မွန်​တဲ့ မိန်းက​လေး
တစ်​​ယောက်

ပြောရရင်​ သူမှန်းထားတဲ့ မိန်းက​လေး Type နဲ့
မဖြူ စင်​လွန်းက ကွက်​တိပင်
သူ့ထက်​ ​​​လေးနှစ်​​လောက်​ ကြီးရုံကလွဲလို့

"​မောင်​​လေး ​သောက်​​လေ ဘာ​တွေ​တွေး​နေတာလဲ
ဒီဆိုင်​က လက်​ရာ​​ကရှယ်​ပဲ​နော်​ ​သောက်​ကြည့်
စွဲ​တောင်​စွဲသွားဦးမှာ အမဆိုဒီဆိုင်​​လေးကို
တော်​​တော်​ သ​ဘောကျတာ"

"ဗျာ ဟုတ်​ကဲ့"

"တကယ်​​တော့ ​မောင်​​လေးကို ဒီ​နေ့​ခေါ်လိုက်​ရတာက ​ကျေးဇူးတင်​မလို့ အမရဲ့​လင်း​လေးကို 4D ကြီး
တောင်​ ထွက်​​အောင်​သင်​​ပေးခဲ့လို့​လေ"

"ရပါတယ်​အမ သူ​တော်​လို့သူရတာပါ
ကျ​နော့်​​ကြောင့်​ မဟုတ်​ပါဘူး"

(က​လေးကို ​ပြောခဲ့တုန်းက​တော့ တစ်​မျိုး😎😎
ကိုရှင်းသန့်​​ ခင်​ဗျား​နော်​😈😈)

"မဟုတ်​တာ ​မောင်​​လေးရယ်​ ဆရာက​ပေးမှ တပည့်
ကရမှာ​ပေါ့ ဆရာနဲ့ တပည့်​က 50% စီပါပဲ
တကယ်​​တော့ အမက ဆိုင်​ကြီးကြီးမှာ dinnerလိုက်
ကျွေးချင်​တာ ​မောင်​​လေးကလဲ အချိန်​မရ အမကလဲ
အလုပ်​ရှိ​သေး​တော့ ဒီ ဆိုင်​​လေးမှာပဲ ချိန်းလိုက်​ရတာ ​နောက်​တစ်​ခါကျမှပဲ လင်း​လေးကိုပါ ​ခေါ်ပြီး
သွားကြတာ​ပေါ့"

"ရပါတယ်​အမရဲ့ ဒီဆိုင်​​လေးလဲ အဆင်​​ပြေပါတယ်
ကျ​နော့်​ကိုလဲ တကူးတက ​ကျေးဇူးတင်​​နေစရာ
မလိုပါဘူး"

မဖြူ စင်​လွန်းနဲ့​တွေ့ပြီး သူအိမ်​ပြန်​​ရောက်​​တော့ 
မှောင်​​တောင်​​မှောင်​​နေပြီ

"သား ပြန်​လာပြီလား ​ဒီ​နေ့​နောက်​ကျတယ်​​နော်​"

"ဟုတ်​ ​ဒေါ်​လေး​မေ သူငယ်​ချင်း​တွေနဲ့ lacture
ဆွေး​နွေးစရာ​လေးရှိလို့ ​နောက်​ကျသွားတာ"

"ဟုတ်​ပါပြီ ကဲ ​ရေသွားချိး​တော့သွား
ပြီးရင်​ထမင်းစားဖို့ဆင်းလာခဲ့ ​ဒေါ်​လေး​စောင့်​​နေမယ်​"

မိဘ​တွေကွဲသွားပြီးကတည်းက သူကပဲ​ ဒီက​လေးကို​စောက်​​ရှောက်ခဲ့ရတာ အခုဆို ​ဆေး​ကျောင်းဒုတိယနှစ်​​တောင်​ ​ရောက်​လာခဲ့ပြီ

သူ့လက်​​အောက်​မှာပဲ ကြီးပြင်းလာတာ အချိန်​​တွေကလဲ ကုန်​တာမြန်​လွန်းသည်

အဲ့က​လေး​​လေး​ကြောင့်​ပဲ သူအိမ်​​ထောင်​ပြုဖို့
လုံးဝမစဉ်းစားခဲ့ စိတ်​ကူးထဲ​တောင်​မရှိခဲ့

တူလိုတစ်​မျိုး သားလိုတစ်​မျိုး ချစ်​ခဲ့ရတဲ့
က​လေးတစ်​​ယောက်​မဟုတ်​လား

အဲ့က​လေးက ငယ်​ငယ်​ထဲက တစ်​​ယောက်​ထဲ 
နေတတ်​တဲ့အကျင့်​​ကြောင့်​ အ​ပေါင်းအသင်း​တောင်
သိပ်​မရှိခဲ့

သူ​တွေးရင်း အတိတ်​က အရိပ်​ဆိုးများက ​ခေါင်းထဲ
ပြန်​​ပေါ်လာနဲ့ အမြန်​ပြန်​ဖယ်​ထုတ်​လိုက်​ရသည်

*************

ပန်းရနံ့​​လေး​တွေက ​လေတိုက်​လိုက်​တိုင်း ​လတ်​ဆတ်​စွာ ထွက်​​ပေါ်လာသည်

ပန်းဝတ်​ရည်​​လေး​တွေကို ​သောက်​သုံး​နေကြတဲ့
လိပ်​ပြာ​လေး​တွေကလည်း ပန်းပွင့်​​လေး​တွေ​ပေါ်
ဝဲပျံခိုနားလျက်

မိုးရွာထားသည်​မို့ ​မြေသင်းနံ့​လေး​ကလည်း သင်းပျံ့ပျံ့

အ​ရောင်​အ​သွေးစုံလင်​စွာနဲ့ ဖူးပွင့်​​နေကြတဲ့ သူ့ရဲ့
ပန်းပင်​​လေး​တွေကိုကြည့်​ပြီး ကြည်​နူး​နေမိသည်

ပန်းစိုက်​တယ်​ဆိုတာကလည်း သူ့ရဲ့ဝါသနာ​တွေထဲက တစ်​ခု

ပြင်​ဦးလွင်​အိမ်​မှာလဲ သူစိုက်​ထားတဲ့ ပန်းပင်​​​လေး​တွေကတစ်​ခြံလုံးအပြည့်

အခုရန်​ကုန်​မှာလည်း ခြံကကျယ်​သည်​မို့
သူ့ဝါသနာအရ ပန်းပင်​​လေး​တွေ စိုက်​ထားခဲ့သည်

အခုဆိုသူစိုက်​ထားတဲ့ ပန်းပင်​​လေး​တွေနဲ့တင်
ပန်းခြံ​လေးတစ်​ခု​တောင်​ ​ဆောက်​လို့ရ​နေပြီ

ပန်းပင်​​လေး​တွေကလည်း အမျိုးအစားစုံလင်​လှ
သည်

စုံမှာ​ပေါ့ ရန်​ကုန်​မှာမရရင်​ ပြင်​ဦးလွင်​ကိုပြန်​မှာ
တယ်​​လေ

စံပယ်​၊နှင်းဆီ၊သစ်​ခွ၊တရုတ်​စံကားပန်း၊ဇီဇ၀ါ၊
စက္ကူပန်း၊ည​မွှေးပန်းကအစခ​ရေပင်​ပုပု​လေး​တွေ
တောင်​ ရှိ​သေးသည်

သူပန်းပင်​​လေး​တွေကို ည​နေတိုင်း ​ရေ​လောင်းရတာ
လဲအ​မော

ဦး​အောင်​က ​လောင်း​ပေးမယ့်​​ပြော​ပေမယ့်
သူက ကိုယ်​တိုင်​လုပ်​ရမဲ့ ​ကျေနပ်​တဲ့သူ

ပန်း​လေး​တွေ ပွင့်​လာတာကိုကြည့်​ပြီး ​ရေ​လောင်း
ပေါင်းသင်​လို့​မောတာ​တွေ​တောင်​ ဘယ်​​ရောက်
ကုန်​မှန်းမသိ

ဥယျာဉ်​မှူး​တွေရဲ့ ပီတိက တကယ်​ကြည်​နူးဖို့​ကောင်း
သည်

သူ စိတ်​​ရှုပ်လာရင်​​လဲ ဒီပန်းပင်​​လေး​တွေနဲ့သာ
အချိန်​လာဖြုန်း​လေ့ရှိသည်

ဒီ​နေ့လဲ မိုး​လေးငြိမ်​​နေတုန်း ခြံထဲဆင်းကာ ပန်းပင်
လေး​တွေကို ကြည့်​​နေမိသည်

ဟိုတစ်​ပတ်​က ဆုလဲ့တို့လာတုန်းက​တောင်​ သူ့ပန်းပင်​​လေး​တွေကို ချီးကျူးသွားကြ​သေးသည်

ဒီ​နေ့မှ ထူးထူးဆန်းဆန်း ဟိုဘက်​ခြံက တိတ်​ဆိတ်
နေ​သည်

အရင်​ဆို အဲ့ခြံက မနိုင်​စိန်​​​လေးနှစ်​​​ကောင်​ ​အော်​ကြဟစ်​ကြ ဆူကြညံကြနဲ့ အသံ​တွေမှ ပလုံစီလို့ဟ

သူ​ကို​တော့ အဲ့နှစ်​​ကောင်​က ​တော်​​တော်​​လေးခင်​သည်

"သား​ရေ မိုး​ပေါက်​​လေး​တွေ ကျ​နေပြီ အိမ်​ထဲဝင်​ခဲ့
တော့​လေ မိုး​ရေထိရင်​ ဖျား​နေအုန်းမယ်​"

အိမ်​ထဲမှ ​မေ​မေအသံက စူးရှကျယ်​​လောင်​စွာ
ထွက်​လာသည်

မတတ်​နိုင်​ သူကိုယ်​တိုင်​ကလဲ ကိုနုမဟုတ်​လား

"ဟုတ်​ ​လာပြီ ​မေ​မေ"

သူလဲ မြန်​မြန်​ပဲ အိမ်​ထဲ ၀င်​လာခဲ့လိုက်​သည်

"​လာ ​မေ​မေ ​ခေါင်းသုတ်​​ပေးမယ်​"

အိမ်​ထဲ​ရောက်​တာနဲ့ ​မေ​မေက သူ့​ခေါင်းကို သဘတ်​တစ်​ထည်​နဲ့ သုတ်​​ပေး​သည်

"​မေ​မေ ဟိုဘက်​ခြံက မနိုင်​စိန်​​လေးနှစ်​​ကောင်
အသံလဲ မကြားပါလားဟင်
ပြီး​တော့ ဦး​လေးနဲ့ အန်​တီကြီးကိုလဲ မ​တွေ့ဘူး"

"​အော်​ ငါ့သားလဲ ပတ်​၀န်းကျင်​နဲ့ ​တော်​​တော်
အဆက်​အသွယ်​ပြတ်​​နေတာပဲ
သူတို့​ပြောင်းသွားတာ တစ်​ပတ်​​လောက်​​တောင်​ရှိပြီ​လေ သားရဲ့
အဲ့ခြံက မငှါး​တော့ဘူးတဲ့ ​ရောင်းထွက်​သွားပြီ
တဲ့ အာ့​ကြောင့်​မို့ သူတို့လဲ​ပြောင်း​ပေးလိုက်​ရတာ"

"ဟင်​ အဲ့ခြံက ​ရောင်းထွက်​သွားပြီ ဟုတ်​လား
ဟိုတစ်​ခါ ​ဈေးကြီးလွန်းလို့ဆိုပြီး ဘယ်​သူမ၀ယ်​ဘူး
ဆိုပြီး"

ဟိုဖက်​ခြံမှာလည်း သူတို့ခြံလိုပင်​ နှစ်​ထပ်​တိုက်
အပြင်​ ခြံကလည်း​တော်​​တော်​ကျယ်​သည်

ဒါ့အပြင်​ ဟိုဘက်​ခြံထဲမှာ သူစိတ်​၀င်​စားတဲ့အရာ
ကလည်းရှိ​သေးသည်

ခြံရှင်​အသစ်​ကလဲ ဘယ်​လိုလာမှန်းမသိ........










Continue Reading

You'll Also Like

195K 1.8K 175
作者:村里的小傲娇 Chen Xiaolin accidentally bleeds on the bracelet her grandmother left her, and she discovers a space inside. She then fills the space with...
26.5K 657 38
ကျွန်တော့်နှလုံးသားငလျင်က ခင်ဗျားတစ်ယောက်တည်းကိုသာဗဟိုပြုခဲ့တာပါ။ တိမ်တွေကမပြိုပါဘူးခင်ဗျားရယ် လေထုကြီးရှိနေသ၍ပေါ့။ သစ္စာတရားတွေနဲ့ချည်နှောင်ထားပါခင်...
29.4K 444 11
Y/n Hyoudou or Y/n L/n is the older brother of the infamous pervert Issei Hyoudou. Now watch as Y/n deal with his two younger stepsisters that his st...
233K 24.5K 31
الرواية بقلمي أنا إنتصار لخضاري (غيمة) سأقاضي كل من ينقلها بدون إذني . 🍂تنتقل فتاة المدينة للعيش في بيت جدتها في الريف بعد ذلك الحادث الذي تسبب في م...