Mr.Byun...

By Fire_puppy

202K 15.9K 1.1K

ကိုယ့္အရိပ္ေတြေအာက္က လြတ္ေျမာက္လိမ့္မယ္လို႔ ထင္ေနသလားငယ္... (warning:Chanyeol uke only!!) Baekyeol yaoi Sorr... More

1
2
3
4
5
6
7
8
9
10
11
13
14
15
16
17
18
19
20
21
22
23
24
25 (final)
Ficbook!!
Season -2

12

7.5K 634 48
By Fire_puppy

Zawgyi>>>

~ဒိုင္းး

"Mr.Byun!"

Mr.Byun လက္ထဲကေသနတ္အစံုက ျကမ္းျပင္သို့ျပဳတ္က်သြားျပီးေနာက္ Mr.Byun လက္ေမာင္းမွလဲ ေသြးစတို့အဆက္မျပတ္စီးဆင္းလာက်သည္...

Chanyeol အရမ္းထူပူသြားကာ Mr.Byun အနားသို့ေျပးသြားျပီး လက္ေမာင္းကိုတြဲေပးကာ အရမ္းလန့္ေနမိတယ္

Mr.Byun က ေသနတ္ထိထားေသာ္လဲ မ်က္နွာေတာင္မပ်က္ေခ်...
သူ့အေရွ့လူကို စူးစိုက္ျကည့္ေနတာေျကာင့္ Chanyeol ပါလိုက္ျကည့္မိတယ္..

"ဒါဘာလုပ္တာလဲ K..."

အျခားေသနတ္တစ္လက္ကို လက္မွာကိုင္ထားတဲ့ ေခါင္းေဆာင္ K က Light ကိုနွုတ္ခမ္းမဲ့ျပသည္...

"ငါတို့ဂိုဏ္းရဲ့ေခါင္းေဆာင္ကို လြယ္လြယ္အေသခံမယ္လို့မင္းထင္ေနတာလား Light..."

ေခါင္းေဆာင္ K ရဲ့ပစ္ခ်က္ေျကာင့္သာ မဟုတ္ရင္ ေခါင္းေဆာင္ Light ရဲ့လက္ေမာင္းအစား ဦးေခါင္းတစ္ေနရာသို့ အျခားက်ည္ဆန္တစ္ခုက ဝင္သြားမည္ပင္ျဖစ္သည္...

Chanyeol စိုးရိမ္မွုေရာ ထိတ္လန့္သြားမွုေျကာင့္ေရာ မ်က္ဝန္းမွမ်က္ရည္တို့စီးက်လာေတာ့တယ္...

"ငယ္...ဘာလိုငိုတာလဲ?ဟင္?ဘာျဖစ္လို့လဲ ကိုယ့္ငိုေျပာ..."

က်ြန္ေတာ့္အား အရိပ္တျကည့္ျကည့္ ေနတတ္ပါေသာ Mr.Byun က ခ်က္ခ်င္းပင္သတိထားမိသြားကာ ေမးလာေပမဲ့ က်ြန္ေတာ္မေျဖနိုင္ေသး...

ဘာျဖစ္လို့လဲတဲ့လား Mr.Byun?

ခင္ဗ်ားတစ္ခုခုျဖစ္သြားရင္ ဆိုတဲ့အေတြးေလးတစ္ခါေလာက္ ေတြးျကည့္ပါလား?

က်ြန္ေတာ့္ေျကာင့္ဆိုတဲ့စိတ္ျကီးနဲ့ တစ္သက္လံုး ေနာင္တေတြရေနရမွာေလ...

ခင္ဗ်ားဒါကိုထည့္မတြက္ေတာ့ဘူးလား?

က်ြန္ေတာ္လိုခ်င္တာ ခင္ဗ်ားအသက္မဟုတ္ဘူး ခင္ဗ်ားရဲ့ရိုးသားမွု...

ခင္ဗ်ားသာ တစ္ခုခုျဖစ္ရင္ က်ြန္ေတာ္ေသမွာသိရဲ့လား Mr.Byun...

ခင္ဗ်ားတစ္ေယာက္ပဲ က်ြန္ေတာ့္ကိုခ်စ္တာမဟုတ္ဘူး...

က်ြန္ေတာ္ကလဲ ခင္ဗ်ားကို...ခင္ဗ်ားကို...

က်စ္!ခင္ဗ်ားသိသင့္တယ္ေလ...

"ေနာက္တစ္ခါအဲ့လိုမလုပ္ပါနဲ့ Mr.Byun..."

"ငယ္..."

"က်ြန္ေတာ္အမိန့္ေပးေနတာ Mr.Byun!ထပ္ျပီးအဲ့လိုလုပ္ရင္ ခင္ဗ်ားကိုအရမ္းမုန္းပစ္မွာသိရဲ့လား?!"

မ်က္ရည္စေလးေတြျကားက ေျပာလာတဲ့ ငယ့္ကို က်ြန္ေတာ္ေခါင္းသာျငိမ့္ျပနိုင္ေတာ့တယ္...

နားလည္ရခက္တယ္ ငယ္...

မင္းရဲ့မ်က္ဝန္းေတြကေန၊ကိုယ္ဘာလို့အေျဖရွာမရ ျဖစ္ေနရသလဲ?

ကိုယ့္ကိုေသဖို့မင္းပဲေျပာခဲ့တယ္...

အခုမင္းကိုယ္တိုင္ မေသဖို့အမိန့္ေပးေနျပန္တယ္...

မင္းကိုယ့္အေပါ္ ထားတဲ့စိတ္ကို ကိုယ္ကိုယ္တိုင္ေတာင္ မသိေတာ့ဘူးငယ္...

********************************

တိတ္ဆိတ္ေသာအခန္းထဲတြင္ လူသံုးေယာက္ရွိေနေသာ္လဲ အသံတစ္စိုးတစ္စိပင္မျကားရေခ်...

လက္ေမာင္းမွာပတ္တီးျဖင့္ ဒဏ္ရာရေနေသာ ေခါင္းေဆာင္ Light...

သူ့ေဘးက Chanyeol နဲ့ ျပတင္းေပါက္ေဘာင္တြင္ ထိုင္ေနေသာ ေခါင္းေဆာင္ k တို့သာရွိျပီး တစ္ေယာက္နဲ့တစ္ေယာက္ ဘာမွမေျပာျဖစ္ျက...

"မင္းဘယ္လိုေရာက္လာတာလဲ k"

ပထမဦးဆံုးအေနနဲ့ Mr.Byun ဆီမွေမးသံေျကာင့္ ေခါင္းေဆာင္ k ပခံုးတြန့္ျပသည္...

"ငါလူသတ္ျပီးမစ္ရွင္ျပီးေျကာင္းလာေျပာတာပါပဲ...
ဒါေပမဲ့မထင္မွတ္ပဲ လူတစ္ေယာက္ကိုကယ္လိုက္မိတယ္ထင္တယ္"

သူ့အေျပာသူ သေဘာတက်ရယ္ေနေသာ ေခါင္းေဆာင္ k...မေပ်ာ္နိုင္သူကေတာ့ Chanyeol ပင္...

မေသေစခ်င္ရင္ တျခားနည္းနဲ့ကယ္လို့ရတာပဲေလ...
ဒါေပမဲ့ဘာလို့ ေသနတ္နဲ့ပစ္ရေသးလဲ?
မေတာ္လို့ေခ်ာ္ထိသြားရင္ ဘယ္လိုလုပ္မွာတဲ့လဲ?

ေခါင္းေဆာင္ k ကို အျကည့္စူးစူးတို့ျဖင့္ ဘုျကည့္ျကည့္ေနေသာ Chanyeol...

"Hey!ေကာင္ေလး...ငါ့ကိုလာမျကည့္နဲ့ ငါသာမပစ္ရင္မင္းလူအခုအခ်ိန္ေသေနျပီ နားလည္လား?"

ေခါင္းေဆာင္ k ရဲ့အေျပာေျကာင့္ေရာ မင္းလူဆိုတဲ့အသံုးအနွုန္းေျကာင့္ေရာ chanyeol မေက်နပ္ဟန္ျပဳသည္...

မင္းလူတဲ့...က်စ္!ေခါင္းေဆာင္ k
ေတာ္ေတာ္စိတ္ရွုပ္ဖို့ေကာင္းတယ္...

"ငယ္ ကိုယ့္ကိုစိတ္ဆိုးေနတာလား?"

ထိုင္ေနတဲ့သူ့အား ေမာ့ျကည့္ကာေမးလာတဲ့ Mr.Byun...

ေမးမွေမးရက္နိုင္သည္...

စိတ္ဆိုးသလားတဲ့?

နွလံုးေရာဂါရေအာင္ လုပ္ျပီးမွေမးတတ္လြန္းတဲ့ ေမးခြန္းေျကာင့္ ထိုလူျကီးရဲ့ရင္ဘတ္ကို တဖုန္းဖုန္းထုရိုက္ပစ္လိုက္ခ်င္မိပါသည္...

"မဆိုးဘူး!ခင္ဗ်ားဘာသာ ဘာျဖစ္ျဖစ္..."

ေဘာက္ဆက္ဆက္ေျပာကာ အခန္းထဲမွထြက္သြားေသာ Chanyeol ကို ေခါင္းေဆာင္နွစ္ေယာက္လံုး ေျကာင္အအနဲ့သာျကည့္ေနျကသည္

ဒီလိုေအာ္တာခံရဖို့ Chanyeol ကလြဲျပီးဘယ္သူမွမလုပ္နိုင္သည္ပဲ...

****************************

Chanyeol ေျပာခ်င္တာေျပာျပီးေအာက္ထပ္ကို ေဆာင့္ေဆာင့္နဲ့ဆင္းလာခဲ့သည္...

အဲ့ေအးစက္စက္ ေခါင္းေဆာင္နွစ္ေယာက္ကို မျမင္ခ်င္တာလဲပါတာေပါ့...

အလကား...
အသည္းမာတဲ့လူျကီးေတြ...

သူဆင္းလာရင္း ေလွကားေအာက္ေရာက္ေတာ့ ပန္းအိုးကြဲတစ္လံုးေရွ့မွာ ေကာင္ေလးတစ္ေယာက္ ျပာျပာသလဲတုန္လွုပ္ေနတာကိုေတြ့ရသည္...

သူကိုျမင္ေတာ့ ပိုလန့္သြားကာ ေခါင္းကိုအတင္းငံု့ထားရွာတယ္...

Chanyeol လဲ သိခ်င္တာေျကာင့္ ထိုေကာင္ေလးနားေလွ်ာက္သြားေတာ့ ေကာင္ေလးကလက္ေတြပင္တုန္ရီေနျပီ...

"မင္းအဆင္ေျပ...."

"ေတာင္း...ေတာင္းပန္ပါတယ္ မွားသြားပါတယ္ သခင္ေလး...မ..မသတ္ပါနဲ့ေနာ္"

သူဘာမွေတာင္မေျပာရေသး အသည္းအသန္ေတာင္းပန္ေနတာေျကာင့္ Chanyeol ေျကာင္အသြားမိတယ္...

ေနပါဦး သူကဘယ္သူ့ကို ဘာျဖစ္လို့သတ္ရမွာလဲ?

"မင္းတစ္ခုခုမွားေနျပီထင္တယ္ေကာင္ေလး...ငါကဘာလို့မင္းကိုသတ္ရမွာလဲ?"

"အဲ့...အဲ့တာက..."

ျကမ္းျပင္ေပါ္၌အပိုင္းပိုင္း အစစျဖစ္ေနေသာ ေျကြအိုးေလးကို စိုက္ျကည့္လာတဲ့ေကာင္ေလး...

သူ့အေနနဲ့ အေတာ္ေလးေျကာက္ေနဟန္ပင္...

"ဒီေျကြအိုးကိုမင္းခြဲလိုက္တာလား?"

"မဟုတ္...မေတာ္တဆပါ...တကယ္ပါ"

ျပာျပာသလဲျငင္းဆန္ေသာ ေကာင္ေလးဟာအေတာ္ေလး ေျကာက္ေနဟန္ရွိတာေျကာင့္ Chanyeol သက္ျပင္းခ်မိသည္

ဒီေျကြအိုးက Mr.Byun ျပင္သစ္ကိုသြားတုန္းက ေလလံဆြဲျပီးဝယ္လာတဲ့  သူ့အျကိုက္ဆံုးပစၥည္းတစ္ခုဆိုလဲမမွား...

တန္ဖိုးအတိအက်မသိေပမဲ့
အရမ္းလဲေစ်းျကီးသလို တစ္ကမာၻလံုးမွာမွ သံုးလံုးသာရွိတဲ့ေျကြအိုးမ်ိဳး...

ဒါကိုလဲထိုေကာင္ေလး သိသည္ထင္ရဲ့...

ေသခ်ာတာတစ္ခုက Mr.Byun သာသိရင္ ထိုေကာင္ေလးအသက္က
ျကာျကာခံေတာ့မည္မဟုတ္...

Mr.Byun က သူတန္ဖိုးထားတာေတြကို ဖ်က္ဆီးရင္သိပ္မုန္းတာေလ...

"ဘာေတြျဖစ္ေနတာလဲ ငယ္?"

အခ်ိန္ကိုက္ဆိုသလို အေပါ္ထပ္မွဆင္းလာတဲ့ Mr.Byun ေျကာင့္ ထိုအလုပ္သမားေလးခမ်ာ အားကိုးရာမဲ့စြာ မ်က္နွာေလးငယ္ေနရွာျပီ

သူ့အေနနဲ့လဲ ေသရမွာေျကာက္တာ မဆန္းဘူးမဟုတ္လား...

"ဒီေျကြအိုးက?"

မ်က္ခံုးမ်ားတြန့္ခ်ိဳးကာ ျကည့္လာတဲ့ Mr.Byun ေျကာင့္ ထိုေကာင္ေလးနွုတ္ခမ္းေတြကင္ ျဖဴစုတ္ေနျပီ...

ျကာျကာေနရင္မေကာင္းေတာ့တာ Chanyeol သိတာမို့ ခ်က္ခ်င္းဝင္ကာေပးမိတယ္

"အာ...က်ြန္ေတာ္လမ္းလာရင္း မျမင္ပဲဝင္တိုက္မိလို့ က်ကြဲသြားတာ Mr.Byun..."

က်ြန္ေတာ့္စကားေျကာင့္ ထိုအလုပ္သမားေလးက ေမာ့ျကည့္လာတယ္... မ်က္ဝန္းမွာလဲေက်းဇူးတင္မွုအျပည့္နဲ့ေပါ့...

အရမ္းေပ်ာ္သြားဟန္ရွိတဲ့ သူ့ပံုစံေလးကို က်ြန္ေတာ္သေဘာက်သည္...

က်ြန္ေတာ္က လူေတြကိုေပ်ာ္ေစခ်င္တာ...

"ငယ္ကလား?"

"အင္း..."

Mr.Byun ဘာမွမေျပာေတာ့ပဲ ေခါင္းသာျငိမ့္ျပသည္...

"အဆင္ေျပရဲ့လား?ဒါခင္ဗ်ားအျကိုက္ဆံုးပစၥည္းေလ..."

"ရပါတယ္...တျခားေျကြအိုးအစားထိုးလိုက္မယ္"

Chanyeol ေခါင္းသာျငိမ့္ျပေသာအခါ Mr.Byun က အလုပ္သမားေလးဘက္ကိုလွည့္လိုက္သည္...

"မင္းကဒီမွာဘာလုပ္ေနတာလဲ?"

"က်ြန္ေတာ္..."

"က်ြန္ေတာ္ေခါ္လိုက္တာ ပစၥည္းေတြသိမ္းဖို့"

"ေအာ္"

"အေပါ္တက္မယ္ေလ Mr.Byun...ဒဏ္ရာသက္သာေသးတာမဟုတ္ပဲ ဘာလို့ဆင္းလာတာလဲ?"

"အာ...ငယ့္ကိုစိတ္မခ်လို့လိုက္လာတာ"

Chanyeol ဘာမွမေျပာေတာ့ပဲ ေခါင္းျငိမ့့္ျပကာ Mr.Byun ရဲ့လက္ကို သူ့လက္တို့နွင့္ခ်ိတ္လိုက္သည္...

ထိုအခိုက္အတန့္ဟာ အသက္ရွုမွားသြားမတတ္ခံစားရတာေတာ့ Mr.Byun ေပါ့...

ငယ္ကသူ့လက္ကို ခ်ိတ္ထားသည္ေလ...

"သြားမယ္ေလ Mr.Byun..."

"ေအာ္အင္း"

အျပံဳးေလးတစ္ပြင့္ထြက္ေပါ္လာေသာ Mr.Byun ေျကာင့္ Chanyeol ပါလိုက္ျပံဳးမိသည္

က်န္ခဲ့တဲ့ အလုပ္သမားေလးေတာ့မသိေခ်... ဒီေျကြအိုးကို ခြဲတဲ့အဖိုးအခေတာ့ Mr.Byun ကို ထိုအလုပ္သမားေလးမဟုတ္ရင္ေတာင္ သူျပန္ေပးသင့္တယ္ေလ...

******************************

Unicode >>>

~ဒိုင်းး

"Mr.Byun!"

Mr.Byun လက်ထဲကသေနတ်အစုံက ကြမ်းပြင်သို့ပြုတ်ကျသွားပြီးနောက် Mr.Byun လက်မောင်းမှလဲ သွေးစတို့အဆက်မပြတ်စီးဆင်းလာကျသည်...

Chanyeol အရမ်းထူပူသွားကာ Mr.Byun အနားသို့ပြေးသွားပြီး လက်မောင်းကိုတွဲပေးကာ အရမ်းလန့်နေမိတယ်

Mr.Byun က သေနတ်ထိထားသော်လဲ မျက်နှာတောင်မပျက်ချေ...
သူ့အရှေ့လူကို စူးစိုက်ကြည့်နေတာကြောင့် Chanyeol ပါလိုက်ကြည့်မိတယ်..

"ဒါဘာလုပ်တာလဲ K..."

အခြားသေနတ်တစ်လက်ကို လက်မှာကိုင်ထားတဲ့ ခေါင်းဆောင် K က Light ကိုနှုတ်ခမ်းမဲ့ပြသည်...

"ငါတို့ဂိုဏ်းရဲ့ခေါင်းဆောင်ကို လွယ်လွယ်အသေခံမယ်လို့မင်းထင်နေတာလား Light..."

ခေါင်းဆောင် K ရဲ့ပစ်ချက်ကြောင့်သာ မဟုတ်ရင် ခေါင်းဆောင် Light ရဲ့လက်မောင်းအစား ဦးခေါင်းတစ်နေရာသို့ အခြားကျည်ဆန်တစ်ခုက ဝင်သွားမည်ပင်ဖြစ်သည်...

Chanyeol စိုးရိမ်မှုရော ထိတ်လန့်သွားမှုကြောင့်ရော မျက်ဝန်းမှမျက်ရည်တို့စီးကျလာတော့တယ်...

"ငယ်...ဘာလိုငိုတာလဲ?ဟင်?ဘာဖြစ်လို့လဲ ကိုယ့်ငိုပြော..."

ကျွန်တော့်အား အရိပ်တကြည့်ကြည့် နေတတ်ပါသော Mr.Byun က ချက်ချင်းပင်သတိထားမိသွားကာ မေးလာပေမဲ့ ကျွန်တော်မဖြေနိုင်သေး...

ဘာဖြစ်လို့လဲတဲ့လား Mr.Byun?

ခင်ဗျားတစ်ခုခုဖြစ်သွားရင် ဆိုတဲ့အတွေးလေးတစ်ခါလောက် တွေးကြည့်ပါလား?

ကျွန်တော့်ကြောင့်ဆိုတဲ့စိတ်ကြီးနဲ့ တစ်သက်လုံး နောင်တတွေရနေရမှာလေ...

ခင်ဗျားဒါကိုထည့်မတွက်တော့ဘူးလား?

ကျွန်တော်လိုချင်တာ ခင်ဗျားအသက်မဟုတ်ဘူး ခင်ဗျားရဲ့ရိုးသားမှု...

ခင်ဗျားသာ တစ်ခုခုဖြစ်ရင် ကျွန်တော်သေမှာသိရဲ့လား Mr.Byun...

ခင်ဗျားတစ်ယောက်ပဲ ကျွန်တော့်ကိုချစ်တာမဟုတ်ဘူး...

ကျွန်တော်ကလဲ ခင်ဗျားကို...ခင်ဗျားကို...

ကျစ်!ခင်ဗျားသိသင့်တယ်လေ...

"နောက်တစ်ခါအဲ့လိုမလုပ်ပါနဲ့ Mr.Byun..."

"ငယ်..."

"ကျွန်တော်အမိန့်ပေးနေတာ Mr.Byun!ထပ်ပြီးအဲ့လိုလုပ်ရင် ခင်ဗျားကိုအရမ်းမုန်းပစ်မှာသိရဲ့လား?!"

မျက်ရည်စလေးတွေကြားက ပြောလာတဲ့ ငယ့်ကို ကျွန်တော်ခေါင်းသာငြိမ့်ပြနိုင်တော့တယ်...

နားလည်ရခက်တယ် ငယ်...

မင်းရဲ့မျက်ဝန်းတွေကနေ၊ကိုယ်ဘာလို့အဖြေရှာမရ ဖြစ်နေရသလဲ?

ကိုယ့်ကိုသေဖို့မင်းပဲပြောခဲ့တယ်...

အခုမင်းကိုယ်တိုင် မသေဖို့အမိန့်ပေးနေပြန်တယ်...

မင်းကိုယ့်အပေါ် ထားတဲ့စိတ်ကို ကိုယ်ကိုယ်တိုင်တောင် မသိတော့ဘူးငယ်...

********************************

တိတ်ဆိတ်သောအခန်းထဲတွင် လူသုံးယောက်ရှိနေသော်လဲ အသံတစ်စိုးတစ်စိပင်မကြားရချေ...

လက်မောင်းမှာပတ်တီးဖြင့် ဒဏ်ရာရနေသော ခေါင်းဆောင် Light...

သူ့ဘေးက Chanyeol နဲ့ ပြတင်းပေါက်ဘောင်တွင် ထိုင်နေသော ခေါင်းဆောင် k တို့သာရှိပြီး တစ်ယောက်နဲ့တစ်ယောက် ဘာမှမပြောဖြစ်ကြ...

"မင်းဘယ်လိုရောက်လာတာလဲ k"

ပထမဦးဆုံးအနေနဲ့ Mr.Byun ဆီမှမေးသံကြောင့် ခေါင်းဆောင် k ပခုံးတွန့်ပြသည်...

"ငါလူသတ်ပြီးမစ်ရှင်ပြီးကြောင်းလာပြောတာပါပဲ...
ဒါပေမဲ့မထင်မှတ်ပဲ လူတစ်ယောက်ကိုကယ်လိုက်မိတယ်ထင်တယ်"

သူ့အပြောသူ သဘောတကျရယ်နေသော ခေါင်းဆောင် k...မပျော်နိုင်သူကတော့ Chanyeol ပင်...

မသေစေချင်ရင် တခြားနည်းနဲ့ကယ်လို့ရတာပဲလေ...
ဒါပေမဲ့ဘာလို့ သေနတ်နဲ့ပစ်ရသေးလဲ?
မတော်လို့ချော်ထိသွားရင် ဘယ်လိုလုပ်မှာတဲ့လဲ?

ခေါင်းဆောင် k ကို အကြည့်စူးစူးတို့ဖြင့် ဘုကြည့်ကြည့်နေသော Chanyeol...

"Hey!ကောင်လေး...ငါ့ကိုလာမကြည့်နဲ့ ငါသာမပစ်ရင်မင်းလူအခုအချိန်သေနေပြီ နားလည်လား?"

ခေါင်းဆောင် k ရဲ့အပြောကြောင့်ရော မင်းလူဆိုတဲ့အသုံးအနှုန်းကြောင့်ရော chanyeol မကျေနပ်ဟန်ပြုသည်...

မင်းလူတဲ့...ကျစ်!ခေါင်းဆောင် k
တော်တော်စိတ်ရှုပ်ဖို့ကောင်းတယ်...

"ငယ် ကိုယ့်ကိုစိတ်ဆိုးနေတာလား?"

ထိုင်နေတဲ့သူ့အား မော့ကြည့်ကာမေးလာတဲ့ Mr.Byun...

မေးမှမေးရက်နိုင်သည်...

စိတ်ဆိုးသလားတဲ့?

နှလုံးရောဂါရအောင် လုပ်ပြီးမှမေးတတ်လွန်းတဲ့ မေးခွန်းကြောင့် ထိုလူကြီးရဲ့ရင်ဘတ်ကို တဖုန်းဖုန်းထုရိုက်ပစ်လိုက်ချင်မိပါသည်...

"မဆိုးဘူး!ခင်ဗျားဘာသာ ဘာဖြစ်ဖြစ်..."

ဘောက်ဆက်ဆက်ပြောကာ အခန်းထဲမှထွက်သွားသော Chanyeol ကို ခေါင်းဆောင်နှစ်ယောက်လုံး ကြောင်အအနဲ့သာကြည့်နေကြသည်

ဒီလိုအော်တာခံရဖို့ Chanyeol ကလွဲပြီးဘယ်သူမှမလုပ်နိုင်သည်ပဲ...

****************************

Chanyeol ပြောချင်တာပြောပြီးအောက်ထပ်ကို ဆောင့်ဆောင့်နဲ့ဆင်းလာခဲ့သည်...

အဲ့အေးစက်စက် ခေါင်းဆောင်နှစ်ယောက်ကို မမြင်ချင်တာလဲပါတာပေါ့...

အလကား...
အသည်းမာတဲ့လူကြီးတွေ...

သူဆင်းလာရင်း လှေကားအောက်ရောက်တော့ ပန်းအိုးကွဲတစ်လုံးရှေ့မှာ ကောင်လေးတစ်ယောက် ပြာပြာသလဲတုန်လှုပ်နေတာကိုတွေ့ရသည်...

သူကိုမြင်တော့ ပိုလန့်သွားကာ ခေါင်းကိုအတင်းငုံ့ထားရှာတယ်...

Chanyeol လဲ သိချင်တာကြောင့် ထိုကောင်လေးနားလျှောက်သွားတော့ ကောင်လေးကလက်တွေပင်တုန်ရီနေပြီ...

"မင်းအဆင်ပြေ...."

"တောင်း...တောင်းပန်ပါတယ် မှားသွားပါတယ် သခင်လေး...မ..မသတ်ပါနဲ့နော်"

သူဘာမှတောင်မပြောရသေး အသည်းအသန်တောင်းပန်နေတာကြောင့် Chanyeol ကြောင်အသွားမိတယ်...

နေပါဦး သူကဘယ်သူ့ကို ဘာဖြစ်လို့သတ်ရမှာလဲ?

"မင်းတစ်ခုခုမှားနေပြီထင်တယ်ကောင်လေး...ငါကဘာလို့မင်းကိုသတ်ရမှာလဲ?"

"အဲ့...အဲ့တာက..."

ကြမ်းပြင်ပေါ်၌အပိုင်းပိုင်း အစစဖြစ်နေသော ကြွေအိုးလေးကို စိုက်ကြည့်လာတဲ့ကောင်လေး...

သူ့အနေနဲ့ အတော်လေးကြောက်နေဟန်ပင်...

"ဒီကြွေအိုးကိုမင်းခွဲလိုက်တာလား?"

"မဟုတ်...မတော်တဆပါ...တကယ်ပါ"

ပြာပြာသလဲငြင်းဆန်သော ကောင်လေးဟာအတော်လေး ကြောက်နေဟန်ရှိတာကြောင့် Chanyeol သက်ပြင်းချမိသည်

ဒီကြွေအိုးက Mr.Byun ပြင်သစ်ကိုသွားတုန်းက လေလံဆွဲပြီးဝယ်လာတဲ့  သူ့အကြိုက်ဆုံးပစ္စည်းတစ်ခုဆိုလဲမမှား...

တန်ဖိုးအတိအကျမသိပေမဲ့
အရမ်းလဲဈေးကြီးသလို တစ်ကမ္ဘာလုံးမှာမှ သုံးလုံးသာရှိတဲ့ကြွေအိုးမျိုး...

ဒါကိုလဲထိုကောင်လေး သိသည်ထင်ရဲ့...

သေချာတာတစ်ခုက Mr.Byun သာသိရင် ထိုကောင်လေးအသက်က
ကြာကြာခံတော့မည်မဟုတ်...

Mr.Byun က သူတန်ဖိုးထားတာတွေကို ဖျက်ဆီးရင်သိပ်မုန်းတာလေ...

"ဘာတွေဖြစ်နေတာလဲ ငယ်?"

အချိန်ကိုက်ဆိုသလို အပေါ်ထပ်မှဆင်းလာတဲ့ Mr.Byun ကြောင့် ထိုအလုပ်သမားလေးခမျာ အားကိုးရာမဲ့စွာ မျက်နှာလေးငယ်နေရှာပြီ

သူ့အနေနဲ့လဲ သေရမှာကြောက်တာ မဆန်းဘူးမဟုတ်လား...

"ဒီကြွေအိုးက?"

မျက်ခုံးများတွန့်ချိုးကာ ကြည့်လာတဲ့ Mr.Byun ကြောင့် ထိုကောင်လေးနှုတ်ခမ်းတွေကင် ဖြူစုတ်နေပြီ...

ကြာကြာနေရင်မကောင်းတော့တာ Chanyeol သိတာမို့ ချက်ချင်းဝင်ကာပေးမိတယ်

"အာ...ကျွန်တော်လမ်းလာရင်း မမြင်ပဲဝင်တိုက်မိလို့ ကျကွဲသွားတာ Mr.Byun..."

ကျွန်တော့်စကားကြောင့် ထိုအလုပ်သမားလေးက မော့ကြည့်လာတယ်... မျက်ဝန်းမှာလဲကျေးဇူးတင်မှုအပြည့်နဲ့ပေါ့...

အရမ်းပျော်သွားဟန်ရှိတဲ့ သူ့ပုံစံလေးကို ကျွန်တော်သဘောကျသည်...

ကျွန်တော်က လူတွေကိုပျော်စေချင်တာ...

"ငယ်ကလား?"

"အင်း..."

Mr.Byun ဘာမှမပြောတော့ပဲ ခေါင်းသာငြိမ့်ပြသည်...

"အဆင်ပြေရဲ့လား?ဒါခင်ဗျားအကြိုက်ဆုံးပစ္စည်းလေ..."

"ရပါတယ်...တခြားကြွေအိုးအစားထိုးလိုက်မယ်"

Chanyeol ခေါင်းသာငြိမ့်ပြသောအခါ Mr.Byun က အလုပ်သမားလေးဘက်ကိုလှည့်လိုက်သည်...

"မင်းကဒီမှာဘာလုပ်နေတာလဲ?"

"ကျွန်တော်..."

"ကျွန်တော်ခေါ်လိုက်တာ ပစ္စည်းတွေသိမ်းဖို့"

"အော်"

"အပေါ်တက်မယ်လေ Mr.Byun...ဒဏ်ရာသက်သာသေးတာမဟုတ်ပဲ ဘာလို့ဆင်းလာတာလဲ?"

"အာ...ငယ့်ကိုစိတ်မချလို့လိုက်လာတာ"

Chanyeol ဘာမှမပြောတော့ပဲ ခေါင်းငြိမ့့်ပြကာ Mr.Byun ရဲ့လက်ကို သူ့လက်တို့နှင့်ချိတ်လိုက်သည်...

ထိုအခိုက်အတန့်ဟာ အသက်ရှုမှားသွားမတတ်ခံစားရတာတော့ Mr.Byun ပေါ့...

ငယ်ကသူ့လက်ကို ချိတ်ထားသည်လေ...

"သွားမယ်လေ Mr.Byun..."

"အော်အင်း"

အပြုံးလေးတစ်ပွင့်ထွက်ပေါ်လာသော Mr.Byun ကြောင့် Chanyeol ပါလိုက်ပြုံးမိသည်

ကျန်ခဲ့တဲ့ အလုပ်သမားလေးတော့မသိချေ... ဒီကြွေအိုးကို ခွဲတဲ့အဖိုးအခတော့ Mr.Byun ကို ထိုအလုပ်သမားလေးမဟုတ်ရင်တောင် သူပြန်ပေးသင့်တယ်လေ...

******************************

Continue Reading

You'll Also Like

131K 7K 22
"သားမင္​းကို​ေမ​ေမတို႔အိမ္​​ေထာင္​ခ်​ေပးခ်င္​ၿပီး" ႐ုတ္​ရပ္​ႀကီးထ​ေျပာလိုက္​တဲ့​ေမ​ေမ့​ေၾကာင္​့ကြၽန္​​ေတာ္​မ်က္​လံုးတို႔ျပဴးသြားရသည္​ "အမ္​ဘယ္​သူနဲ႔လ...
81.4K 3.2K 28
တည်ငြိမ်တဲ့ceoနဲ့စပ်စလူးစိန်secretary
Boaz By kyrell5101991

Mystery / Thriller

4.9K 105 3
အမှားတို့မည်သည် ဘယ်အခါမှပြင်နိုင်ရိုးမရှိ သွေးထွက်သံယိုများ ပါရှိပါသဖြင့်စဉ်းစားချင့်ချိန်ခါဖတ်ရန် ၃ခုမြောက်ဖန်တီးမှုလေး kyrell
71K 986 30
(Y/n) was abused by his family and was punished for things he didn't do, when he couldn't take anymore. He ran away, he used his semblance to open a...