Mr.Byun...

By Fire_puppy

202K 15.9K 1.1K

ကိုယ့်အရိပ်တွေအောက်က လွတ်မြောက်လိမ့်မယ်လို့ ထင်နေသလားငယ်... (warning:Chanyeol uke only!!) Baekyeol yaoi Sorr... More

1
2
3
4
5
6
7
8
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25 (final)
Ficbook!!
Season -2

9

6.9K 633 33
By Fire_puppy

Zawgyi>>>








"ငယ်..."



ဒီလိုပါပဲငယ်...



ဒီလိုပုံစံနဲ့ အကြိမ်ကြိမ်ကျရှုံးရအောင် မလုပ်ပါနဲ့လားငယ်...






Mr.Byun ရယ်...



"တကယ်ပြောတာလား Mr.Byun..."



ဒါပေမဲ့ငယ်ရယ်...


ကိုယ်ကလေ...




ပွဲမစခင်...

****************************

Appa နဲ့ Omma...






























မိဘတွေကိုဆုံးရှုံးရတဲ့ ကောင်လေးရဲ့ မျက်ရည်တွေက သနားစရာကောင်းတယ်...

ဒါဆို...



****************************

Unicode>>>

ကိုယ့်ချစ်သူ ငိုကြွေးတဲ့အခါ ကိုယ့်နှလုံးသားသွေးကျတယ်...

ကိုယ်ချစ်သူက ပစ်ပယ်တဲ့အခါ ကိုယ့်ကမ္ဘာကအမှောင်ကျတယ်...

ကိုယ့်ချစ်သူက မလိုတော့တဲ့အခါ
ကိုယ့်ဘဝက အဓိပ္ပါယ်မဲ့သွားတယ်...

ဒီလိုနာကျင်မှုတွေပဲ ပေးတတ်တဲ့ ချစ်ခြင်းတရားကို ချိုမြိန်တယ်လို့ ဘယ်သူကသတ်မှတ်လိုက်လေသလဲ??

ချစ်ခြင်းရဲ့နတ်ဘုရားသာရှိခဲ့မယ်ဆိုရင်...

တစ်ခွန်းပဲမေးခွင့်ပြုပါ...

ကျွန်တော့်နှလုံးသား ကျိန်စာသင့်ခဲ့လေသလား..လို့လေ...

"ငယ်..."

ငယ့်အတွက် တစ်ခုတည်းသော နာမ်စားလေးကို ကျွန်တော်တစ်ယောက်သာ ခေါ်ခွင့်ရှိတယ်ဆိုတာ သိရတိုင်း
ဒီနှလုံးသားက အပြုံးပန်းဝေတယ်...

တစ်ယောက်ထဲရှိတဲ့ ကျွန်တော့်ရဲ့ငယ်ဟာ ကိုယ့်ကိုမချစ်နိုင်ဘူးဆိုတဲ့ အသိကတော့ အဲ့ပန်းလေးတွေကို ရက်ရက်စက်စက်သတ်ပစ်တတ်တယ်...

ဒီလိုပါပဲငယ်...
မင်းကြောင့်ကိုယ့်နှလုံးသားဟာ အချိန်အခါမလပ် ဗြောင်းဆန်နေဆဲပဲ...

"ကျွန်တော့်ကို ဘယ်တော့အပြင်ထွက်ခွင့်ပေးမှာလဲ Mr.Byun..."

ငယ့်ရဲ့ အရည်လဲ့နေသော တောင်းဆိုဟန်မျက်ဝန်းလေးတွေက
သူ့နှလုံးသားကို ကိုင်လှုပ်နေတော့သည်...

ဒီလိုပုံစံနဲ့ အကြိမ်ကြိမ်ကျရံှုးရအောင် မလုပ်ပါနဲ့လားငယ်...

ဒီလူကအနိုင်ပေးပြီးသားမို့ပါ...

"ငယ်က...ဘယ်ကိုသွားချင်လို့လဲ?"

"ကျွန်တော့်မိဘတွေဆီခဏသွားချင်တယ် Mr.Byun..."

Mr.Byun ရဲ့နှုတ်ခမ်းသားများ အနည်းငယ်တုန်လှုပ်သွားတာကိုတွေ့ရသည်...

တုန်ယင်နေတဲ့လက်အစုံက တစ်ခုခုကို နာကျင်နေရဟန်မျိုး...

ခင်ဗျားမျက်ဝန်းကအဖြေကို ကျွန်တော်ဘာလို့မရှာနိုင်ရတာလဲ
Mr.Byun ရယ်...

အေးစက်နေတဲ့ခင်ဗျားရင်ထဲ ကျွန်တော်တစ်ခါလောက်ဝင်ကြည့်ပြီး အဖြေရှာချင်မိတယ်...

"ငယ်...ငယ်သွားချင်တယ်ဆို ကိုယ်လိုက်ပို့ပေးမယ်လေ"

"တကယ်ပြောတာလား Mr.Byun..."

မယုံနိုင်သော အကြည့်တို့နဲ့ကြည့်လာသော ကျွန်တော့်ရဲ့ငယ်က ပျော်ရွှင်မှုအထင်းသား...

ဒီလိုသာပျော်မယ်ဆို စောစောတွေ့ခွင့်ပေးလိုက်သင့်တာ...

ဒါပေမဲ့ငယ်ရယ်...

ကိုယ်ကိုယ်တိုင် သတ်ခဲ့တဲ့သူတွေအတွက် ကိုယ်ချစ်တဲ့သူက နာနာကျင်ကျင်ငိုကြွေးရမှာကို မကြည့်ရက်နိုင်လို့ တားဆီးခဲ့မိတာငယ်သိရဲ့လား??

ကိုယ်ကလေ...
ငယ့်မျက်ရည်တစ်စက်တိုင်းအတွက် အားနာမှုအထပ်ထပ်ခံစားနေရသလို နောင်တတော့မရခဲ့တာ ခွင့်လွှတ်ပေးပါ...

ကိုယ်လုပ်သင့်တာကို လုပ်ခဲ့တာပါငယ်...

ဒီလိုနဲ့ပဲငယ်နဲ့ကျွန်တော်ရဲ့ သက်ပြင်းချသံအထပ်ထပ်ရောစပ်နေတဲ့ ခရီးတစ်ခုစတင်ခဲ့ရတယ်...

ကားမောင်းရင်း လမ်းတစ်လျှောက်လုံး ငယ့်ကိုခဏခဏလှမ်းကြည့်နေမိပေမဲ့ ကျွန်တော့်ကို ငယ်ပြန်ကြည့်မလာခဲ့ပါ...

ပွဲမစခင်...
ကိုယ်ကအရင်နာကျင်နေရပါလားငယ်...

****************************

ဖန်သားပြင်နဲ့ကာရံထားတဲ့ တစ်ဖက်တစ်ချက်မှာ ကျွန်တော့်ကိုပြုံးပြနေတဲ့
Appa နဲ့ Omma...

Mr.Byun စီစဉ်ထားတဲ့အတိုင်း ခမ်းနားတဲ့နေရာမျိုးမှာ ကျွန်တော့်မိဘတွေက အနားယူနေကြပြီလေ...

ဟက်!နည်းနည်းတော့ မယုံနိုင်စရာပဲနော်...

သူကိုယ်တိုင်သတ်ခဲ့တဲ့ သူတွေကို ဘာလို့ဒီလိုသေသေချာချာ စီစဉ်ပေးထားခဲ့တာလဲ??

"Appa...Omma...ကျွန်တော်လာပြီ"

အလိုက်မသိစွာ မျက်ရည်တို့ဝေ့ဝဲတက်လာပေမဲ့ အရင်လိုချော့မြူပေးမဲ့ Omma ရဲ့လက်တစ်စုံမရှိတော့ပါ...

ဒီအသုံးမကျတဲ့သားက ဘာမှန်းတောင်မသိခဲ့ပဲ ကိုယ့်မိဘတွေကိုသတ်မဲ့သူကို ချစ်ခဲ့မိသေးတာ...

Appa... ကျွန်တော့်ကိုဆူပေးပါလားဟင်?

Omma...ကျွန်တော့်ကို တစ်ခုခုပြောပါဦး...

ဒီလိုကြီးအဆုံးသတ်သွားလို့တော့ ဘယ်ဖြစ်မလဲ...

ကျွန်တော်က...ကျွန်တော်က Appa နဲ့ Omma ကိုမတောင်းပန်ရသေးဘူးလေ...

ဒီလိုမျိုးဘာမှန်းမသိပဲ ထွက်သွားလို့မရဘူးလေဗျာ...

ဘာလို့ကျွန်တော့်ကို ဒီတိုင်းထားခဲ့ရက်တာလဲ??

ပြောတော့...ကျွန်တော့်ကို တစ်သက်လုံးအနားမှာရှိစေချင်တာဆို...

ဘာလို့ Omma ကအရင်ထွက်သွားရတာလဲ??

"ငါ့သားကြီးက အားကိုးရမှာကွ!"

အမြဲဂုဏ်ယူပြီးပြောခဲ့တဲ့ Appa ရော အခုနောင်တရနေပြီလားဟင်?

ကျွန်တော်တောင်းပန်ပါတယ်နော်...

ကျွန်တော့်ကို တစ်ယောက်ယောက်နားလည်ပေးပါလားဟင်?

ကျွန်တော်...ကျွန်တော် တကယ်မသိခဲ့ဘူးဆိုတာ Appa သိမှဖြစ်မယ်လေ...

ဒါမှ...ကျွန်တော့်ကို Appa ပြန်ဂုဏ်ယူလို့ရမှာပေါ့...

Omma...ကျွန်တော် sehun နဲ့ပြိုင်ပြီး ကလေးမဆန်တော့ဘူးဆိုရင် ပြန်လာပေးမှာလားဟင်?

ကျွန်တော်ဒီနောင်တတွေနဲ့ အသက်ရှင်ရတာမုန်းလို့ ပြန်ထလာပေးပါနော်...

ကျွန်တော့်ကိုဆူပေးရင်သိပ်ကောင်းမှာပဲ.. .

"တောင်း...တောင်းပန်ပါတယ်...Appa Omma...ကျွန်တော်..."

ရှိုက်သံတွေကြား ကျွန်တော်စကားဆက်မပြောနိုင်တော့ပါ...

ရင်ထဲမွန်းကြပ်မှုတွေ ဖြေသိမ့်ဖို့ Appa နဲ့ Omma ရှေ့မှာ ဒူးထောက်ကာငိုကြွေးမိတယ်...

ဒီပျော့ညံ့တဲ့သားကို ခွင့်မလွှတ်ပါနဲ့နော်...

ဒီလိုသာခွင့်လွှတ်မယ်ဆို ကျွန်တော်တကယ် ကိုယ့်ကိုကိုယ်မုန်းမိမှာမို့လို့ပါ...

အရိုးပြာအိုးလေးနှစ်အိုးရှေ့မှာ သည်းထန်စွာငိုကြွေးနေတဲ့ ကောင်လေးတစ်ယောက်ရှိသလို သူ့ရဲ့အနောက်မှာလဲ လက်သီးကိုတင်းတင်းဆုပ်ရင်း မျက်ရည်ကျနေတဲ့ သူတစ်ယောက်ရှိခဲ့တယ်...

မိဘတွေကိုဆုံးရံှုးရတဲ့ ကောင်လေးရဲ့ မျက်ရည်တွေက သနားစရာကောင်းတယ်...

ဒါဆို...
လူသတ်သမားတစ်ယောက်ရဲ့ တိုးတိတ်စွာကျဆင်းနေတဲ့ မျက်ရည်တွေကိုရော ဘယ်သူကနားလည်ပေးမှာတဲ့လဲ??

မင်းမျက်ရည်တွေကိုမြင်တိုင်း တောင်းပန်ဖို့ပိုခက်ခဲလာတယ် ငယ်...

ကိုယ့်ကိုခွင့်မလွှတ်စေချင်ခဲ့တာပါ...

****************************

Continue Reading

You'll Also Like

788K 29.3K 97
𝐀 𝐒𝐌𝐀𝐋𝐋 𝐅𝐀𝐂𝐓: you are going to die. does this worry you? ❪ tua s1 ⎯⎯⎯ 4 ❫ © 𝙵𝙸𝚅𝙴𝙷𝚇𝚁𝙶𝚁𝙴𝙴𝚅𝙴𝚂...
1M 33K 78
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
361K 12.3K 74
𝐛𝐨𝐨𝐤 𝐨𝐧𝐞. gilmore girls universe. 𐙚 | B L U E ˖⁺‧₊˚♡˚₊‧⁺˖ ─── blue eyes like the sea on a cold, rainy day ❝ 𝘉𝘓𝘜𝘌 𝘌𝘠𝘌𝘋 𝘉𝘌𝘈𝘜𝘛�...
5.5K 460 23
နယူးနှစ်ကိုယ်ကွဲလေးရေးချင်လာလို့ မုန်တိုင်းမပါပါပု ဟီးးးး🥺💙