အတူတူဆိုရင်

By urico90

4.4K 549 37

More

1
2
3
4
5
6
7
8
9
10
11
13
14
15
16
17
18
19
20
21
22
23
24
25
The End

12

130 18 2
By urico90

သူ့ ညီမကို ဒီထက္ပိုျပီး ဂရုစိုက္ေပးသင့္မွန္း Changmin နားလည္ပါသည္။ ဒါေပမယ့္ သူ့အျပစ္လို့လည္း ေျပာလို့မရပါ…။ Yuri က ၂၄ နွစ္ေတာင္ရွိေနမွပဲ…သူ့ကိုယ္သူ ေကာင္းေကာင္းဂရုစိုက္တတ္ပါလိမ့္မည္။သူလည္း ဒီေလာက္ အစ္ကိုျဖစ္သူကို လိုအပ္တဲ႔ပံုလည္း မေပၚပါ…

ဒါေပမယ့္

သူ့အေတြးေတြ မွားယြင္းေျကာင္း Yunho က သက္ေသျပသြားခဲ႔သည္။ Yuri က အစ္ကိုျဖစ္သည့္ Changmin ကို လိုအပ္ေနရွာပါသည္။

"ေရာ့…ငါ့ပိုက္ဆံေတြ နင္သံုးလို့ရတယ္…"

Changmin သူမ လက္ထဲကို ပိုက္ဆံေတြ ထည့္ေပးလိုက္သည္။ Yuri က အျပံဳးနွင့္ လက္ခံပါသည္။

"အင္း …ေက်းဇူးပဲ Oppa…! Yunho-ssi က အဲလို လုပ္ခိုင္းလိုက္တာမလား…?"

ရာသီဥတုက ေအးစက္ေနျပီး ေလကလည္း သူတို့ရွိရာဘက္ဆီ အရွိန္နွင့္ တိုးေဝွ႕တိုက္ခတ္ေနသည္။ Changmin မ်က္ေမွာင္ျကုတ္လိုက္ရင္း သူလည္ပင္းမွာ ပတ္လာသည့္ မာဖလာကိုျဖုတ္ကာ Yuri လည္ပင္းမွာ ပတ္ေပးလိုက္သည္။

" ေအးေနတာကို…! ဒီဟာ ဝတ္ထား…!"

"Omo…Oppa…! ဘာလဲ မာဖလာလည္း ဝတ္ေပးလိုက္လို့ Yunho-ssi မွာလိုက္တယ္လား…?"

Yuri က ၿပံုၿပံုးေလး ျပန္ေနာက္ေနေသးသည္။

"Omma ကို စာပဲ ျဖစ္ျဖစ္ပို့လိုက္ဦး…သူက နင့္ကို အရမ္းစိတ္ပူေနတာ…!သိလား Yuri…?"

Yuri ေခါင္းငံု႕သြားျပီး သူပတ္ေပးထားသည့္  မာဖလာအနားစြန္းေတြကို လက္ေခ်ာင္းေတြနွင့္ လိမ္ကာကစားေနသည္။

ညီမ ျဖစ္သူကိုျကည့္ရင္း သူသက္ျပင္းခ်လိုက္သည္။

" နင္အဆင္ေျပတယ္လို့ ငါ Omma ကို ေျပာလိုက္မယ္ဟုတ္လား…ကိုယ့္ဘာသာ လံုေလာက္တဲ႔အခ်ိန္အထိ ေနပါ…ျပီးေတာ့ အရမ္းလည္း ကေလးဆန္ေနမေနနဲ႔ဦး…Omma အတြက္လည္း စဥ္းစားဦးမွေပါ့…ငါေျပာတာ နားလည္လား …?"

Yuri က တိုးတိုးေလးေရရြတ္ရင္း  ေခါင္းညိတ္ပါသည္။

အျပန္လမ္းမွာ သူ Sunyoung တိုက္ခန္းေရွ႕မွ ျဖတ္ေမာင္းရသည္။ မျဖစ္သင့္မွန္း သိေပမယ့္လည္း……သူ မထိန္းခ်ုပ္နိုင္ပါ။

လမ္းကိုခ်ိုးေကြ႔ကာ ကားရပ္လိုက္ျပီး တိုက္ခန္းရွိရာဆီ တက္ခဲ႔သည္။

"မ…အခု အိမ္မွာ ရွိေနလား…?"

"Changmin…!? ဘာကိစၥ…"

"ကြ်န္ေတာ္ အခန္းေရွ႕မွာ ေရာက္ေနတယ္ မ…တံခါး ဖြင့္ေပးပါဦး…"

သူ ျမူးျမူးေလး ေျပာလိုက္သည္။

တကယ္ေတာ့ သူမအသံျကား႐ံုႏွင့္ သူ့အတြက္ အရမ္းေပ်ာ္ေနရပါျပီ။ သူမ သက္ျပင္းခ်သည္။

"…… အင္း…ခဏေစာင့္ဦး…"

သံုးမိနစ္ေလာက္ျကာအျပီးမွာ လက္ျပတ္အက်ီ ၤနွင့္ စကတ္ကို ဝတ္ဆင္ထားေသာ Sunyoung က တံခါးလာဖြင့္ေပးသည္။

"ရုတ္တရက္ျကီးပါလား Changmin …ဘာကိစၥရွိလို့လဲ…?"

Changmin က သူမေနာက္မွ လိုက္ေလ်ွာက္လာရင္းက သူမကိုခါးမွသိုင္းဖက္ကာ သူ့ရင္ခြင္ဆီ ဆြဲယူလိုက္သည္။

"မ ကိုေတြ႔ခ်င္လို့ေပါ့ကြာ…ဘာလဲ… မရဘူးလား…~?"

"Changmin…ငါ ပင္ပန္းေနတယ္ကြာ…"

သူမ က ခပ္တိုးတိုးညည္းညူသလို ျပန္ေျပာသည္။

"ဟုတ္ပါျပီ…ကြ်န္ေတာ့္ကို ဘာလုပ္ေပးေစခ်င္…"

"Changmin…!"

သူမက သူ့လက္ေတြထဲမွရုန္းထြက္ျပီး ေနာက္ျပန္လွည့္ကာ သူ့ကို တြန္းထုတ္လိုက္သည္။

"မင္းက လက္ထပ္ျပီးသားေနာ္…"

"ေစ့စပ္ျပီးတာပါ…မရယ္"

Changmin အမွန္ျပန္ျပင္ေျပာလိုက္သည္။

"ဘာပဲျဖစ္ျဖစ္ေလ"

"ဒါေပမယ့္ မ ရယ္ …ကြ်န္ေတာ္ ေျပာျပီးျပီေလ…~ ဘာမွ ျပႆနာမရွိပါဘူးလို့…အဲဒါက ကြ်န္ေတာ့္အေဖ သေဘာက် လုပ္ခဲ႔ရတာပါ…!ကြ်န္ေတာ္လိုခ်င္တာက မ ေလ…မ တစ္ေယာက္တည္းကိုပါ…~"

သူမဆီ တိုးကပ္သြားျပီး ထပ္မံေပြ႔ဖက္လိုက္သည္။

Sunyoung က သူမ လက္တစ္ဖက္ျဖင့္ သူ့ရင္ဘတ္ဆီကို တြန္းထုတ္ပစ္လိုက္သည္။

"Changmin…အခုအခ်ိန္ထိ တို့နွစ္ေယာက္ျကားမွာ ျဖစ္ခဲ႔သမ်ွ အျခအေနေတြဟာ ဘာမွ မဟုတ္ခဲ႔ဘူးေလ…ငါက အဲဒါကို မင္းသိေနျပီးသား ျဖစ္မယ္ထင္တာ…"

"ဘာမွမဟုတ္ခဲ႔ဘူး…ဟုတ္လား!"

Changmin မ်က္လံုးေတြ စူးလက္သြားသည္။

"အဲဒါ ဘာကို ဆိုလိုတာလဲ မ…!!"

Sanyoung က သူ့အမူအယာကိုျကည့္ျပီး စိတ္ပ်က္ဟန္ ျပုလိုက္သည္။

"က်စ္...Changmin…မင္း မသိဘူးလို့ေတာ့ ငါ့ကို မေျပာနဲ႔ေနာ္…! ဟုတ္တယ္ ငါတို့ နွစ္ဦးသေဘာတူ ေပ်ာ္ခဲ႔ျကတယ္ထား…အဲလိုဆိုလို့ ငါတို့နွစ္ေယာက္ရဲ႕ အေျခအေနဟာ တရားဝင္ ဆက္ဆံေရးပါလို့ လုပ္လို့မရဘူးေလ…!"

"မ ကေရာ ဘာလို့ အဲလို ထင္လဲ …? တကယ္ပဲ ကြ်န္ေတာ္တို့ရဲ႕ ပတ္သက္မႈကို အတည္မဟုတ္ဘူးလို့မ်ား ထင္ေနတာလား…?"

Changmin ေမးခြန္းထုတ္လိုက္သည္။

"အခုပဲ တို့နွစ္ေယာက္ကိုျကည့္ေလ…!မင္းက ငါ့ထက္ အနွစ္နွစ္ဆယ္ေလာက္ ငယ္ေနတာကို…! တကယ္ဆို မင္းက ငါ့သား အရြယ္ပဲ ရွိတာ Changmin…!"

Sanyoung က အေျခအေနကို ျပတ္သားစြာ ရွင္းလင္းျပသည္။

"အသက္အရြယ္ဆိုတာ အေရးမပါတဲ႔ ကိစၥေတြပါ မရယ္…!!"

Changmin ခ်က္ခ်င္း ျပန္လည္ တုန့္ျပန္လိုက္သည္။

"ပါတာေပါ့ Changmin…!! မင္းအခု ဘယ္ေလာက္ထိ ကေလးဆန္ေနလဲ မင္းဘာမင္း ျပန္ေတြးျကည့္ေလ…! ငါတို့ ႏွစ္ေယာက္ ျဖစ္နိုင္ပါတယ္လို့ မင္းဘယ္လိုမ်ား ေတြးေနတာလဲ…?"

သူမအသံမွာ စိတ္မရွည္ျခင္းေတြပါလာသည္။

"မ က ဘာလို့ အဲလိုပဲ ျဖစ္ေနရတာလဲ…~?"

Changmin ဝမ္းနည္းစြာ ညည္းညူလိုက္သည္။သူ ခ်စ္တဲ႔ Sanyoung နဲ႔ပတ္သက္လာရင္ …Changmin ဆိုတာ အစကတည္းက အရံႈးေပးနွင့္ျပီးသား လူပါ။

"ပထမဆံုး စေတြ႔ျကတုန္းကေတာင္ ျပႆနာ မရွိခဲ႔တာ…အခုမွ အဲဒါက ျပႆနာတဲ႔လား မ ရယ္~ မ ဆႏၵအတိုင္း ျဖစ္ရပါေစ့မယ္…မ လိုခ်င္တာမွန္သမ်ွ ကြ်န္ေတာ္ ျဖည့္ဆည္းေပးပ့ါမယ္လို့ ေျပာထားျပီးျပီပဲ…~ မ က အခုမွ ဘာလို့ ေျပာင္းလဲ သြားရျပန္တာလဲကြာ…~?"

သူ့ရဲ႕ ေတာင္းပန္တိုးလ်ိွုးသံေအာက္မွာ သူမ ခဏတာ နႈတ္ဆိတ္သြားျပီး…

" မင္းက ေစ့စပ္ထားျပီးသား လူတစ္ေယာက္ေလ Changmin…"

"မ မွာလည္း အိမ္ေထာင္ရွိခဲ႔တာပဲေလ…အ႔ဲ႔တုန္းက မ ဘာေျပာခဲ႔လဲ … ကိစၥမရွိပါဘူးလို့ ေျပာခဲ႔တယ္ေလ…ျပီးေတာ့ မ ကြာရွင္းလိုက္တာပဲမလား…ဘာ ျပႆနာ ရွိခဲ႔လို့လဲ…~"

Changmin ေစာဒက တက္လိုက္သည္။

"ေအး အခုေတာ့ ျပႆနာ ရွိလာျပီ…!!"

သူမက ျပတ္ျပတ္ေျပာရင္း ေက်ာခိုင္းကာ ထြက္သြားသည္။

Changmin သူမလက္ကို ဖမ္းဆြဲထားလိုက္သည္။

"မ ကြ်န္ေတာ့္ကို တစ္ခုခု ဖံုးကြယ္ထားတယ္…! အဲဒါ ဘာလဲ…!?"

"ဘာမွ မရွိဘူး…!!"
သူမက သူ့လက္ကို ေဆာင့္ရုန္းလိုက္သည္။

"ငါ့ကို မင္းသိတယ္ဆိုတဲ႔ အထာလာမခ်ိုးနဲ႔ Changmin…!!"

Changmin ေနရာမွာ အျကာျကီး ငိုင္ေတြေနမိသည္။ ထို့ေနာက္ ထိုေနရာမွ ျပန္ထြက္ကာ အိမ္သို့ ျပန္ေမာင္းလာခဲ႔သည္။

*****

အစကေတာ့ အဲဒါ ညက အတူေနတဲ႔ ကိစၥေျကာင့္လို့ Changmin ထင္ခဲ႔သည္။

မနက္ခင္းေရာက္ေတာ့ Yunho ဆီက ခါတိုင္းလို ရႊင္ျပတဲ႔ အျပံုးနဲ႔ နႈတ္ဆက္တာ မျမင္ရ…စားပြဲမွာ ဒီအတိုင္း ျငိမ္သက္စြာထိုင္ရင္း တစ္ေလာကလံုး အံု့မိႈင္းေနသလို မ်က္နွာကလည္း မႈန္မိႈင္းေနသည္။ ေရွာင္ေနလို့လည္း မရသည့္အေျခအေနမို့ Changmin ဘာလုပ္ရမွန္းမသိ ျဖစ္ေနသည္။

ညက သူတို့ အမွားလုပ္မိတယ္လို့လည္း ေျပာလို့မရဘူးေလ …ဟုတ္တယ္မလား…?

သူမွတ္မိသေလာက္ သူတို့နွစ္ေယာက္စလံုး လိုခ်င္ခဲ႔ျကတာပဲ…အဲေလာက္ဆိုးရြားတဲ႔ ကိစၥလည္း မဟုတ္္…။

ေက်ာင္းလိုက္ပို့ျပီး Yunho ကားေပၚကဆင္းသြားသည္အထိ စကားတစ္လံုးမွ မေျပာတဲ႔ အခ်ိန္မွာေတာ့ သူ့စိတ္ထဲ တစ္ခုခုမွားယြင္းေနသလို ခံစားရသည္။ ဒါေပမယ့္ ဘာေျကာင့္ရယ္မွန္း သူစဥ္းစားလို့မရပါ။

ထိုစဥ္ သူ့ဖုန္းျမည္လာသည္။

"Changmin…Yuri တစ္ေယာက္…"

သူ့မိခင္ရဲ႕ စိုးရိမ္တျကီးအသံကို စကားမဆံုးခင္ သူ အေျဖေပးလိုက္သည္။

"ဟုတ္တယ္ Omma …ကြ်န္ေတာ္ မေန့ကပဲ သူနဲ႔ ေတြ႔ခဲ႔ၿပီးျပီ…သူ အဆင္ေျပပါတယ္…"

Mrs Shim အခုမွ သက္ျပင္းခ်နိုင္သည္။

"အခုေရာ သူ ဘယ္မွာလဲ…?"

"Omma အခုေန သူ့ကို တစ္ေယာက္တည္း လႊတ္ထားေပးတာ ေကာင္းမယ္လို့ ကြ်န္ေတာ္ထင္တယ္…"

Mrs Shim ျပန္မေျပာပါ။

" Omma?"

"ေအးပါ…ေက်းဇူးျပုျပီး မင္းညီမကို မင္းပဲ ဂရုစိုက္ေပးပါဦး Changmin-ah…သူ အဆင္ေျပပါေစ…ေနာ္…~"

"စိတ္ခ်ပါ Omma"

*****

" Hyung …"

Yoochan က သူ့ပုခံုးကို ပုတ္လိုက္သည္။ သူတို့အခု နံရံကိုမီရင္း ျကမ္းျပင္ေပၚမွာ ထိုင္ေနျကသည္။

"ဘာလဲ…"

"ကြ်န္ေတာ္ စကားေျပာေနတာ နာရီဝက္ေလာက္ရွိေနျပီ…Hyung ကေတာ့ဒီအတိုင္းျကီး ထိုင္ျပီး…! ကဲပါ ဘာေတြ ျဖစ္ေနလို့လဲ…Hyung…? ေရာက္ကတည္းကလည္း အခုထိ စကားတစ္ခြန္းမွ မေျပာေသးဘူး…"

"ဘာမွ မဟုတ္ပါဘူးကြာ…"

Yunho အျကည့္ေတြ ငိုက္စိုက္ခ်လိုက္သည္။

"Yoochan-ah……ဟိုကြာ…ငါ အခုေန …အိမ္ျပန္ေနရင္ အဆင္ေျပမယ္…ထင္လား…?"

Yoochan ရုတ္တရက္ နားမလည္နိုင္ျဖစ္သြားပံုရသည္။

"ဟင္…!! အဲဒါ ဘာေျပာတာလဲ…Hyung…? …အား.…! ဘာလဲ Shim Changmin ဘာလုပ္ခဲ႔လို့လဲ Hyung…!!?"

"သူ ဘာမွမလုပ္ပါဘူး…!!"

Yunho ခပ္ျမန္ျမန္ ျပန္ေျဖလိုက္သည္။

"တကယ္က …တကယ္က ငါပါ……င႔ါသူ နဲ႔ အတူတူ ဆက္ျပီး ေနနိုင္ေတာ့မယ္ မထင္လို့ပါ…~"

"အဲဒါက ဘာလို့လဲလို့…? သူတစ္ခုခု လုပ္ခဲ႔လို့သာ Hyung ဒီစကားမ်ိုး ေျပာတာ…! အရင္တုန္းက အတူတူေနလို့ အဆင္ေျပေနသားနဲ႔ အခုမွ ဘာလို့လဲ…? တစ္ခုခု ျဖစ္ခဲ႔တယ္မလား…!?"

"ဒီအတိုင္း ငါ……ငါ ဆက္သြားနိုင္မယ္ မထင္လို့ပါကြာ…အဲဒီ ေစ့စပ္တယ္ဆိုတာျကီးကလည္း အလုပ္ျဖစ္မယ္ မထင္ပါဘူး……"

Yunho စိတ္ကုန္ဟန္ေျပာလိုက္သည္။

"ဘာလို့လဲလို့……?"

Yunho ပင့္သက္ရိႈက္လိုက္ရင္း…

" သူ ငါ့ကို ဘယ္ေတာ့မွ ခ်စ္လာမွာ မဟုတ္ဘူး Yoochan…အဲဒါေျကာင့္ ခြဲေနလိုက္ျကရင္ ေကာင္းမယ္လို့ ထင္လို့…"

သူက တျခား မိန္းမတစ္ေယာက္ကို ခ်စ္ေနတာေလ…~

"ဒါဆို Hyung မိဘေတြကိုေရာ ဘယ္လို ေျပာမွာလဲ…?"

"ေစ့စပ္တာကိုေတာ့ မဖ်က္ပါဘူး…ဒီတိုင္း အတူေနစရာမလိုလို့ ခြဲေနျကတယ္ေပါ့…ဘယ္လိုသေဘာရလဲ Yoochan…?"

Yoochan သက္ျပင္းခ်လိုက္သည္။ ဒီအေျခအေနက မဟုတ္ေသးဘူးလို့ သူေတြးမိေပမယ့္…Yunho ရဲ႕ စိတ္ဓာတ္က်ေနတဲ႔ ပံုကိုလည္း သူ မျမင္ရက္ပါ။

******

Yunho သူ့ကိုခါတိုင္းပို့ေနက်စာေတြမွာ ေမးခြန္းေသးေသးမႊားမႊားေလးေတြ ပါတတ္သည္။

"ဒီေန့ ဘယ္လိုေနလဲ…☺?"
" စားျပီးၿပီလား~☺?"
"Changmin-ssi ဒီေန့ လာေခၚမယ္ မဟုတ္လားဟင္…~☺?" စသည္ျဖင့္…

ေနာက္ဆံုးေမးခြန္းအတြက္ေျဖရရင္ သူေန့တိုင္း လာျကိုေနက်ပဲကို ဘာလို့ အထပ္ထပ္ေမးေနမွန္း သူနားမလည္နိုင္ပါ။ ျပီးေတာ့ သူ ပို့ေနက် မက္ေဆ့ေတြထဲမွာ မပါမျဖစ္ အျပံုးမ်က္နွာ emoji ေတြက မ်က္နွာျပင္အျပည့္ပါတတ္သည္။ ထို့ေျကာင့္……အခု ဒီစာကို ဖတ္ရခ်ိန္မွာေတာ့ တစ္ခုခု လြဲေနျပီမွန္း သူသိလိုက္သည္။

" ဒီေန့ လာမျကိုနဲ႔ေတာ့…
ကြ်န္ေတာ့္ဘာသာ အိမ္ျပန္လိုက္ေတာ့မယ္…
From: Jung Yunho"

ထို့ေျကာင့္ သူခ်က္ခ်င္း အိမ္ကိုေမာင္းျပန္ခဲ႔သည္။ အိမ္ျပန္ေရာက္ေတာ့ Yunho က ေရာက္နွင့္ေနျပီး ဧည့္ခန္းထဲမွာ TV ကို စိတ္ဝင္စားစြာ ျကည့္ေနသည္။ အလြန္ စိတ္ပါဝင္စားလြန္းဟန္ ရွိသည္။

"…လတ္တေလာ သမၼတေလာင္း ေရြးေကာက္ပြဲမွာ ပါဝင္ယွဥ္ျပိုင္မယ့္ ယခင္ ဘ႑ာေရး ဝန္ျကီးေဟာင္း ျဖစ္သူ Moon Heejun ကို Gangnam ရွိ သူေနထိုင္ရာ ရိပ္သာတြင္ An Sunyoung ဆိုသူ အမ်ိုးသမီးနွင့္အတူ ဖမ္းဆီးရမိခဲ႔ပါတယ္…သူမဟာ Moon Heejun ရဲ႕ ပိုင္ဆိုင္မႈေတြကို သူမနာမည္နဲ႔ အမည္ခံဖံုးကြယ္ေပးခဲ႔သူ လည္းျဖစ္ပါတယ္…ေျမေတြနဲ႔……"

"Ch…Changmin-ssi!  ေရာက္…ေနတာ ျကာျပီလား…?"

Yunho ခ်က္ခ်င္း TV ကို ပိတ္ပစ္လိုက္သည္။

Sunyoung …သူမ ပါပဲ…သူ ေသခ်ာမွတ္မိပါသည္။ သူမက တစ္ခါတုန္းကသူတို့ စားေသာက္ဆိုင္တစ္ခုမွာ ခ်ိန္းေတြ႔စဥ္က ဝတ္လာေသာ အျဖူေရာင္ ကုတ္အက်ီ ၤကို ဝတ္ထားသည္။

သူမကမ်က္နွာကို ေနကာမ်က္မွန္ အနက္ေရာင္ျဖင့္ ဖံုးကြယ္ထားသည္။ သူမရဲ႕ ရွည္လ်ားတဲ႔ အနက္ေရာင္ ဆံႏြယ္ေတြက ပိုးသားမာဖလာ ေအာက္မွာ ပုန္းကြယ္ေနေပမယ့္…သူမ တစ္ကိုယ္လံုးကို ဖံုးအုပ္ကာဝတ္ဆင္ထားေပမယ့္ သူမမွန္း Changmin မွတ္မိေနပါသည္။

"အလုပ္ရွိေသးတယ္ေလ…"

"ဘာအလုပ္မို့လို့လဲ?"

"အဲဒါက လ်ွို့ဝွက္ခ်က္…"

သူ ဘယ္ေလာက္ပဲေမးေမး Sunyoung ဘယ္တုန္းကမွ ေျပာမျပဖူးခဲ႔…

"မင္းက ဘာလို့ သိခ်င္ရတာလဲ…~?"

"ကြ်န္ေတာ္က မနဲ႔ ပတ္သက္သမ်ွအရာအားလံုးကို သိခ်င္တာ…~"

"မင္းတကယ္ပဲ…ငါ့ အေျကာင္းအကုန္ သိခ်င္တာပဲလား Changmin ~? "

ထိုစဥ္က သူမ သူ့နႈတ္ခမ္းေတြကိုသာ နမ္းရိႈက္ေနခဲ႔သည္။

ဒီေတာ့…

ဒါ တကယ္ပဲ အမွန္လား…?

Changmin သူမကို ေအာင္ျမင္ေသာ ေရွ႕ေနတစ္ေယာက္ရဲ႕ အိမ္ရွင္မတစ္ေယာက္အေနနဲ႔ စတင္သိကြ်မ္းခဲ႔သည္။ ထိုအခ်ိန္ကတည္းက သူမက မက္ေမာဖြယ္ေကာင္းေသာ ဘဝကို ပိုင္ဆိုင္ထားသူျဖစ္သည္။

ထို့ေနာက္ သူမ ကြာရွင္းၿပီးေတာ့လည္း အေျခအေနက ေျပာင္းလဲမသြားခဲ႔ပါ။ သူ နွစ္သက္စြဲလမ္းခဲ႔ရဖူးေသာ သူမ၏ တန္ဖိုးျကီး ေရေမႊးရနံ႕…ျပီးေတာ့ သားေမြးအက်ီ ၤေတြ…… အဲဒါေတြ ဘယ္ေနရာက ရခဲ႔သလဲ Changmin ဘယ္တုန္းကမွ မေတြးမိဖူးခဲ႔။

မိုးျကိုးပစ္ခံလိုက္ရသလို သူေနရာမွာ ေတာင့္ေတာင့္ျကီး ရပ္ေနမိသည္။

"ကြ်န္ေတာ္………အျပင္သြားဦးမယ္…"

*****

အိမ္ျပန္ေရာက္ေတာ့ တစ္ေယာက္တည္း အထီးက်န္သလို ျဖစ္ေနတာေျကာင့္  သက္သာရာသက္သာေျကာင္း TV ေကာက္ဖြင့္ထားလိုက္သည္။ အိမ္ျပန္ေနဖို့ လိုအပ္တာေတြ ထုပ္ပိုးရမလား စဥ္းစားေနမိသည္။ ျပန္ရမလား…? ဆက္ေနရမလား…?

Changmin ကိုလည္း အျပစ္တင္လို့မရပါ… ျပႆနာ အရင္းခံက သူကိုယ္တိုင္သာ ျဖစ္ပါသည္။ သူဘာလို့ အဲလို အားနည္းတဲ႔ လူတစ္ေယာက္ျဖစ္သြားရတာလဲ…? အထိအေတြ႔ကို ဘာလို့ အဲေလာက္ သာယာမက္ေမာသြားရတာလဲ…?

ဆိုဖာေပၚ ေျခပစ္လက္ပစ္ထိုင္ခ်လိုက္သည္။

Changmin က အဲ႔အမ်ိုးသမီး အေျကာင္းပဲ အျမဲတမ္း ေတြးေနတာလား…?

Yunho ကို ထိေတြ႔ေနတဲ႔ အခ်ိန္မွာ Changmin စိတ္ထဲ အစားထိုးျမင္ေယာင္ေနတာ သူမကိုလား…?

Yunho ကို အိပ္ယာေပၚ ပစ္တင္လိုက္စဥ္မွာ Yunho ေနရာမွာ ျဖစ္ေစခ်င္တာက သူမလား…?

အထိအေတြ႔မွန္သမ်ွမွာ Changmin ေတြးေနတာက Yunho မဟုတ္ဘဲ သူမလို့ပဲ မွတ္ယူေနခဲ႔တာပဲလား…?

ဟုတ္မွာပါ…!

သူမ နာမည္ကိုပဲ Changmin ေရရြတ္ခဲ႔တာပဲေလ။

Sunyoung…တဲ႔!

သူ ဟိုတစ္ခါ ေကာ္ဖီဆိုင္မွာ လွမ္းေတြ႔ခဲ႔ရတဲ႔ တစ္ေယာက္လား…? Changmin ကို ဆယ္ေက်ာ္သက္ ေကာင္ေလးတစ္ေယာက္လို ရွက္ေသြးျဖာသြားေစတဲ႔ တစ္ေယာက္…အခ်စ္မွာ ရူးရူးမူးမူးတြယ္ျငိသြားေအာင္ ဖမ္းစားနိုင္တဲ႔ သူမက Sunyoung လား…?

"…ေျမနွင့္ ပိုင္ဆိုင္မႈမွန္သမ်ွကို An Sunyoung နာမည္နဲ႔ ထားရွိခဲ႔ပါတယ္…"

Sunyoung…!!?

TV ကို ျကည့္မိစဥ္…သတင္းမွာ အဂတိ လိုက္စားမႈအေျကာင္း ထုတ္လႊင့္ေနသည္။ ထပ္ျဖစ္ျပန္ျပီလား…? ဝမ္သန္းေပါင္း ၈ေသာင္းထက္မနည္း ျခစားမႈထဲ ပါဝင္ေနသည္။ထိုအမႈမ်ိုး လြန္ခဲ႔တဲ႔ ႏွစ္အနည္းငယ္ကလည္း ျဖစ္ဖူးခဲ႔ပါသည္။

ဒါေပမယ့္ သူ့ စိတ္အစဥ္က သတင္းထဲမွာ အျပည့္မရွိပါ …ဘာလို့လည္း ဆိုေတာ့ အဲဒါ…!

အဲဒါ Sunyoung…မလား…? An Sunyoung ဆိုတာ အဲဒီ Sunyoung …! Changmin ရဲ႕ Sunyoung မလား…?!

သူမမ်က္နွာကိုေတာ့ သူေသခ်ာမမွတ္မိပါ။ သူမက မ်က္နွာမွာ ေနကာမ်က္မွန္အမည္းျကီး တပ္ထားေသးသည္။ သဲသဲကြဲကြဲ ျမင္ရေအာင္ TV နားတိုးကပ္ျပီး ေသခ်ာျကည့္မိသည္။

ကံေကာင္းစြာပဲ သတင္းက ရုပ္သံလိုင္းတိုင္းမွာ ျပသေနသည္။ လိုင္း တစ္ခုျပီးတစ္ခု ေျပာင္းျကည့္ရင္း သတင္းတိုင္းမွာ Moon Heejun က သူ့ရဲ႕ တရားမဝင္ေငြေျကးေတြကို အသံုးျပုျပီး An Sunyoung နာမည္နဲ႔ ဝယ္ထားခဲ႔ေသာ ေျမေတြ…ပိုင္ဆိုင္မႈေတြ…ေနာက္ဆံုးတစ္ေခါက္က ဝယ္ထားသည့္ အပန္းေျဖအိမ္ယာ…ေတြ အေျကာင္း ထုတ္လႊင့္ေနသည္။

ထို့ေနာက္ An Sunyoung ဓာတ္ပံုကို ထုတ္ေဖာ္ျပသထားသည္။ေသခ်ာပါတယ္…သူမမွ သူမအစစ္ပါပဲ…။

သူမလို့ ထင္ခ်င္ခဲ႔လို့ ျမင္ေနရတာမ်ိုးလည္း မဟုတ္ရပါ။ အဲဒီ မ်က္လံုးေတြ…ေသးသြယ္တဲ႔ ႏွာတံ…ျဖူဝင္းတဲ႔ အသားအရည္နဲ႔ အနက္ေရာင္ ဆံႏြယ္ရွည္ရွည္ေတြ…က သူမျဖစ္ေျကာင္း ေဖာ္ျပေနသည္။

တကယ္က သူမ မ်က္လံုးေတြ ေျကာင့္ျဖစ္သည္။ သူမ မ်က္လံုးေတြက သူမရဲ႕ အသက္ျကီးရင့္မႈကို ပိုမို ေပၚလြင္ေစသည္။ မ်က္လံုးေအာက္က အေရးအေျကာင္းေတြက သူမဟာ Changmin ထက္ အသက္မ်ားစြာျကီးရင့္ေျကာင္းေဖာ္ျပေနသကဲ႔သို့ ရွိသည္။

လိုင္းေတြ တစ္ခုျပီးတစ္ခုေျပာင္းျကည့္မိသည္။ Moon Heejun က ေရြးေကာက္ပြဲ ဝင္ျပိုင္ထားေသးတာပဲ…ဘယ္ေလာက္ေတာင္ အရွက္ကင္းမဲ႔လိုက္သလဲ…? ေရြးေကာက္ပြဲမတိုင္မီကေလးတင္ သူ့ရဲ႕လုပ္ရပ္ကို စစ္ေဆးေတြ႔ရွိခဲ႔ျကသည္။ ၿပီးေတာ့ ေရြးေကာက္ပြဲအတြက္သံုးစြဲသည့္ ရံပံုေငြေတြရဲ႕လမ္းေျကာင္းကိုပါ သိရျပီျဖစ္သည္။

ထိုအခ်ိန္မွာပဲ Changmin ကို သူသတိထားမိသြားခဲ႔သည္။

Changmin တစ္ေယာက္ TV ကို မယံုနိုင္သလို ေငးျကည့္ေနစဥ္မွာ သူ့ဘက္က မလံုမလဲ ႏႈတ္ဆက္လိုက္သည္။

Changmin ဆီမွာ စိတ္ဆိုးျခင္း…စိတ္ပ်က္ျခင္း…ေျကာက္ရြ႔ံျခင္းနွင့္ နာက်င္မႈေဝဒနာေတြကို တျပိုင္တည္း ျမင္ေတြ႔ေနရသည္။ တဆတ္ဆတ္တုန္ေနသည့္ နႈတ္ခမ္းပါးေတြႏွင့္ မလႈပ္မယွက္ ျငိမ္သက္ေနသည္။

"ကြ်န္ေတာ္ အျပင္သြားဦးမယ္…" ဟု သူေျပာသည္။

ထို့ေနာက္ အခန္းထဲမွ ထြက္ခြာသြားသည္။

Changmin ရဲ႕ အမူအယာအရ ထိုအမိ်ုးသမီးဟာ Changmin ရဲ႕ Sunyoung ျဖစ္ေျကာင္း သူေသခ်ာသြားခဲ႔ပါသည္။

************

သူ့ ညီမကို ဒီထက်ပိုပြီး ဂရုစိုက်ပေးသင့်မှန်း Changmin နားလည်ပါသည်။ ဒါပေမယ့် သူ့အပြစ်လို့လည်း ပြောလို့မရပါ…။ Yuri က ၂၄ နှစ်တောင်ရှိနေမှပဲ…သူ့ကိုယ်သူ ကောင်းကောင်းဂရုစိုက်တတ်ပါလိမ့်မည်။သူလည်း ဒီလောက် အစ်ကိုဖြစ်သူကို လိုအပ်တဲ့ပုံလည်း မပေါ်ပါ…

ဒါပေမယ့်

သူ့အတွေးတွေ မှားယွင်းကြောင်း Yunho က သက်သေပြသွားခဲ့သည်။ Yuri က အစ်ကိုဖြစ်သည့် Changmin ကို လိုအပ်နေရှာပါသည်။

"ရော့…ငါ့ပိုက်ဆံတွေ နင်သုံးလို့ရတယ်…"

Changmin သူမ လက်ထဲကို ပိုက်ဆံတွေ ထည့်ပေးလိုက်သည်။ Yuri က အပြုံးနှင့် လက်ခံပါသည်။

"အင်း …ကျေးဇူးပဲ Oppa…! Yunho-ssi က အဲလို လုပ်ခိုင်းလိုက်တာမလား…?"

ရာသီဥတုက အေးစက်နေပြီး လေကလည်း သူတို့ရှိရာဘက်ဆီ အရှိန်နှင့် တိုးဝှေ့တိုက်ခတ်နေသည်။ Changmin မျက်မှောင်ကြုတ်လိုက်ရင်း သူလည်ပင်းမှာ ပတ်လာသည့် မာဖလာကိုဖြုတ်ကာ Yuri လည်ပင်းမှာ ပတ်ပေးလိုက်သည်။

" အေးနေတာကို…! ဒီဟာ ဝတ်ထား…!"

"Omo…Oppa…! ဘာလဲ မာဖလာလည်း ဝတ်ပေးလိုက်လို့ Yunho-ssi မှာလိုက်တယ်လား…?"

Yuri က ပြုံပြုံးလေး ပြန်နောက်နေသေးသည်။

"Omma ကို စာပဲ ဖြစ်ဖြစ်ပို့လိုက်ဦး…သူက နင့်ကို အရမ်းစိတ်ပူနေတာ…!သိလား Yuri…?"

Yuri ခေါင်းငုံ့သွားပြီး သူပတ်ပေးထားသည့်  မာဖလာအနားစွန်းတွေကို လက်ချောင်းတွေနှင့် လိမ်ကာကစားနေသည်။

ညီမ ဖြစ်သူကိုကြည့်ရင်း သူသက်ပြင်းချလိုက်သည်။

" နင်အဆင်ပြေတယ်လို့ ငါ Omma ကို ပြောလိုက်မယ်ဟုတ်လား…ကိုယ့်ဘာသာ လုံလောက်တဲ့အချိန်အထိ နေပါ…ပြီးတော့ အရမ်းလည်း ကလေးဆန်နေမနေနဲ့ဦး…Omma အတွက်လည်း စဉ်းစားဦးမှပေါ့…ငါပြောတာ နားလည်လား …?"

Yuri က တိုးတိုးလေးရေရွတ်ရင်း  ခေါင်းညိတ်ပါသည်။

အပြန်လမ်းမှာ သူ Sunyoung တိုက်ခန်းရှေ့မှ ဖြတ်မောင်းရသည်။ မဖြစ်သင့်မှန်း သိပေမယ့်လည်း……သူ မထိန်းချုပ်နိုင်ပါ။

လမ်းကိုချိုးကွေ့ကာ ကားရပ်လိုက်ပြီး တိုက်ခန်းရှိရာဆီ တက်ခဲ့သည်။

"မ…အခု အိမ်မှာ ရှိနေလား…?"

"Changmin…!? ဘာကိစ္စ…"

"ကျွန်တော် အခန်းရှေ့မှာ ရောက်နေတယ် မ…တံခါး ဖွင့်ပေးပါဦး…"

သူ မြူးမြူးလေး ပြောလိုက်သည်။

တကယ်တော့ သူမအသံကြားရုံနှင့် သူ့အတွက် အရမ်းပျော်နေရပါပြီ။ သူမ သက်ပြင်းချသည်။

"…… အင်း…ခဏစောင့်ဦး…"

သုံးမိနစ်လောက်ကြာအပြီးမှာ လက်ပြတ်အကျီ ၤနှင့် စကတ်ကို ဝတ်ဆင်ထားသော Sunyoung က တံခါးလာဖွင့်ပေးသည်။

"ရုတ်တရက်ကြီးပါလား Changmin …ဘာကိစ္စရှိလို့လဲ…?"

Changmin က သူမနောက်မှ လိုက်လျှောက်လာရင်းက သူမကိုခါးမှသိုင်းဖက်ကာ သူ့ရင်ခွင်ဆီ ဆွဲယူလိုက်သည်။

"မ ကိုတွေ့ချင်လို့ပေါ့ကွာ…ဘာလဲ… မရဘူးလား…~?"

"Changmin…ငါ ပင်ပန်းနေတယ်ကွာ…"

သူမ က ခပ်တိုးတိုးညည်းညူသလို ပြန်ပြောသည်။

"ဟုတ်ပါပြီ…ကျွန်တော့်ကို ဘာလုပ်ပေးစေချင်…"

"Changmin…!"

သူမက သူ့လက်တွေထဲမှရုန်းထွက်ပြီး နောက်ပြန်လှည့်ကာ သူ့ကို တွန်းထုတ်လိုက်သည်။

"မင်းက လက်ထပ်ပြီးသားနော်…"

"စေ့စပ်ပြီးတာပါ…မရယ်"

Changmin အမှန်ပြန်ပြင်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ်လေ"

"ဒါပေမယ့် မ ရယ် …ကျွန်တော် ပြောပြီးပြီလေ…~ ဘာမှ ပြဿနာမရှိပါဘူးလို့…အဲဒါက ကျွန်တော့်အဖေ သဘောကျ လုပ်ခဲ့ရတာပါ…!ကျွန်တော်လိုချင်တာက မ လေ…မ တစ်ယောက်တည်းကိုပါ…~"

သူမဆီ တိုးကပ်သွားပြီး ထပ်မံပွေ့ဖက်လိုက်သည်။

Sunyoung က သူမ လက်တစ်ဖက်ဖြင့် သူ့ရင်ဘတ်ဆီကို တွန်းထုတ်ပစ်လိုက်သည်။

"Changmin…အခုအချိန်ထိ တို့နှစ်ယောက်ကြားမှာ ဖြစ်ခဲ့သမျှ အခြအနေတွေဟာ ဘာမှ မဟုတ်ခဲ့ဘူးလေ…ငါက အဲဒါကို မင်းသိနေပြီးသား ဖြစ်မယ်ထင်တာ…"

"ဘာမှမဟုတ်ခဲ့ဘူး…ဟုတ်လား!"

Changmin မျက်လုံးတွေ စူးလက်သွားသည်။

"အဲဒါ ဘာကို ဆိုလိုတာလဲ မ…!!"

Sanyoung က သူ့အမူအယာကိုကြည့်ပြီး စိတ်ပျက်ဟန် ပြုလိုက်သည်။

"ကျစ်...Changmin…မင်း မသိဘူးလို့တော့ ငါ့ကို မပြောနဲ့နော်…! ဟုတ်တယ် ငါတို့ နှစ်ဦးသဘောတူ ပျော်ခဲ့ကြတယ်ထား…အဲလိုဆိုလို့ ငါတို့နှစ်ယောက်ရဲ့ အခြေအနေဟာ တရားဝင် ဆက်ဆံရေးပါလို့ လုပ်လို့မရဘူးလေ…!"

"မ ကရော ဘာလို့ အဲလို ထင်လဲ …? တကယ်ပဲ ကျွန်တော်တို့ရဲ့ ပတ်သက်မှုကို အတည်မဟုတ်ဘူးလို့များ ထင်နေတာလား…?"

Changmin မေးခွန်းထုတ်လိုက်သည်။

"အခုပဲ တို့နှစ်ယောက်ကိုကြည့်လေ…!မင်းက ငါ့ထက် အနှစ်နှစ်ဆယ်လောက် ငယ်နေတာကို…! တကယ်ဆို မင်းက ငါ့သား အရွယ်ပဲ ရှိတာ Changmin…!"

Sanyoung က အခြေအနေကို ပြတ်သားစွာ ရှင်းလင်းပြသည်။

"အသက်အရွယ်ဆိုတာ အရေးမပါတဲ့ ကိစ္စတွေပါ မရယ်…!!"

Changmin ချက်ချင်း ပြန်လည် တုန့်ပြန်လိုက်သည်။

"ပါတာပေါ့ Changmin…!! မင်းအခု ဘယ်လောက်ထိ ကလေးဆန်နေလဲ မင်းဘာမင်း ပြန်တွေးကြည့်လေ…! ငါတို့ နှစ်ယောက် ဖြစ်နိုင်ပါတယ်လို့ မင်းဘယ်လိုများ တွေးနေတာလဲ…?"

သူမအသံမှာ စိတ်မရှည်ခြင်းတွေပါလာသည်။

"မ က ဘာလို့ အဲလိုပဲ ဖြစ်နေရတာလဲ…~?"

Changmin ဝမ်းနည်းစွာ ညည်းညူလိုက်သည်။သူ ချစ်တဲ့ Sanyoung နဲ့ပတ်သက်လာရင် …Changmin ဆိုတာ အစကတည်းက အရှုံးပေးနှင့်ပြီးသား လူပါ။

"ပထမဆုံး စတွေ့ကြတုန်းကတောင် ပြဿနာ မရှိခဲ့တာ…အခုမှ အဲဒါက ပြဿနာတဲ့လား မ ရယ်~ မ ဆန္ဒအတိုင်း ဖြစ်ရပါစေ့မယ်…မ လိုချင်တာမှန်သမျှ ကျွန်တော် ဖြည့်ဆည်းပေးပ့ါမယ်လို့ ပြောထားပြီးပြီပဲ…~ မ က အခုမှ ဘာလို့ ပြောင်းလဲ သွားရပြန်တာလဲကွာ…~?"

သူ့ရဲ့ တောင်းပန်တိုးလျှိုးသံအောက်မှာ သူမ ခဏတာ နှုတ်ဆိတ်သွားပြီး…

" မင်းက စေ့စပ်ထားပြီးသား လူတစ်ယောက်လေ Changmin…"

"မ မှာလည်း အိမ်ထောင်ရှိခဲ့တာပဲလေ…အဲ့တုန်းက မ ဘာပြောခဲ့လဲ … ကိစ္စမရှိပါဘူးလို့ ပြောခဲ့တယ်လေ…ပြီးတော့ မ ကွာရှင်းလိုက်တာပဲမလား…ဘာ ပြဿနာ ရှိခဲ့လို့လဲ…~"

Changmin စောဒက တက်လိုက်သည်။

"အေး အခုတော့ ပြဿနာ ရှိလာပြီ…!!"

သူမက ပြတ်ပြတ်ပြောရင်း ကျောခိုင်းကာ ထွက်သွားသည်။

Changmin သူမလက်ကို ဖမ်းဆွဲထားလိုက်သည်။

"မ ကျွန်တော့်ကို တစ်ခုခု ဖုံးကွယ်ထားတယ်…! အဲဒါ ဘာလဲ…!?"

"ဘာမှ မရှိဘူး…!!"
သူမက သူ့လက်ကို ဆောင့်ရုန်းလိုက်သည်။

"ငါ့ကို မင်းသိတယ်ဆိုတဲ့ အထာလာမချိုးနဲ့ Changmin…!!"

Changmin နေရာမှာ အကြာကြီး ငိုင်တွေနေမိသည်။ ထို့နောက် ထိုနေရာမှ ပြန်ထွက်ကာ အိမ်သို့ ပြန်မောင်းလာခဲ့သည်။

*****

အစကတော့ အဲဒါ ညက အတူနေတဲ့ ကိစ္စကြောင့်လို့ Changmin ထင်ခဲ့သည်။

မနက်ခင်းရောက်တော့ Yunho ဆီက ခါတိုင်းလို ရွှင်ပြတဲ့ အပြုံးနဲ့ နှုတ်ဆက်တာ မမြင်ရ…စားပွဲမှာ ဒီအတိုင်း ငြိမ်သက်စွာထိုင်ရင်း တစ်လောကလုံး အုံ့မှိုင်းနေသလို မျက်နှာကလည်း မှုန်မှိုင်းနေသည်။ ရှောင်နေလို့လည်း မရသည့်အခြေအနေမို့ Changmin ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

ညက သူတို့ အမှားလုပ်မိတယ်လို့လည်း ပြောလို့မရဘူးလေ …ဟုတ်တယ်မလား…?

သူမှတ်မိသလောက် သူတို့နှစ်ယောက်စလုံး လိုချင်ခဲ့ကြတာပဲ…အဲလောက်ဆိုးရွားတဲ့ ကိစ္စလည်း မဟုတ်…။

ကျောင်းလိုက်ပို့ပြီး Yunho ကားပေါ်ကဆင်းသွားသည်အထိ စကားတစ်လုံးမှ မပြောတဲ့ အချိန်မှာတော့ သူ့စိတ်ထဲ တစ်ခုခုမှားယွင်းနေသလို ခံစားရသည်။ ဒါပေမယ့် ဘာကြောင့်ရယ်မှန်း သူစဉ်းစားလို့မရပါ။

ထိုစဉ် သူ့ဖုန်းမြည်လာသည်။

"Changmin…Yuri တစ်ယောက်…"

သူ့မိခင်ရဲ့ စိုးရိမ်တကြီးအသံကို စကားမဆုံးခင် သူ အဖြေပေးလိုက်သည်။

"ဟုတ်တယ် Omma …ကျွန်တော် မနေ့ကပဲ သူနဲ့ တွေ့ခဲ့ပြီးပြီ…သူ အဆင်ပြေပါတယ်…"

Mrs Shim အခုမှ သက်ပြင်းချနိုင်သည်။

"အခုရော သူ ဘယ်မှာလဲ…?"

"Omma အခုနေ သူ့ကို တစ်ယောက်တည်း လွှတ်ထားပေးတာ ကောင်းမယ်လို့ ကျွန်တော်ထင်တယ်…"

Mrs Shim ပြန်မပြောပါ။

" Omma?"

"အေးပါ…ကျေးဇူးပြုပြီး မင်းညီမကို မင်းပဲ ဂရုစိုက်ပေးပါဦး Changmin-ah…သူ အဆင်ပြေပါစေ…နော်…~"

"စိတ်ချပါ Omma"

*****

" Hyung …"

Yoochan က သူ့ပုခုံးကို ပုတ်လိုက်သည်။ သူတို့အခု နံရံကိုမီရင်း ကြမ်းပြင်ပေါ်မှာ ထိုင်နေကြသည်။

"ဘာလဲ…"

"ကျွန်တော် စကားပြောနေတာ နာရီဝက်လောက်ရှိနေပြီ…Hyung ကတော့ဒီအတိုင်းကြီး ထိုင်ပြီး…! ကဲပါ ဘာတွေ ဖြစ်နေလို့လဲ…Hyung…? ရောက်ကတည်းကလည်း အခုထိ စကားတစ်ခွန်းမှ မပြောသေးဘူး…"

"ဘာမှ မဟုတ်ပါဘူးကွာ…"

Yunho အကြည့်တွေ ငိုက်စိုက်ချလိုက်သည်။

"Yoochan-ah……ဟိုကွာ…ငါ အခုနေ …အိမ်ပြန်နေရင် အဆင်ပြေမယ်…ထင်လား…?"

Yoochan ရုတ်တရက် နားမလည်နိုင်ဖြစ်သွားပုံရသည်။

"ဟင်…!! အဲဒါ ဘာပြောတာလဲ…Hyung…? …အား.…! ဘာလဲ Shim Changmin ဘာလုပ်ခဲ့လို့လဲ Hyung…!!?"

"သူ ဘာမှမလုပ်ပါဘူး…!!"

Yunho ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

"တကယ်က …တကယ်က ငါပါ……င့ါသူ နဲ့ အတူတူ ဆက်ပြီး နေနိုင်တော့မယ် မထင်လို့ပါ…~"

"အဲဒါက ဘာလို့လဲလို့…? သူတစ်ခုခု လုပ်ခဲ့လို့သာ Hyung ဒီစကားမျိုး ပြောတာ…! အရင်တုန်းက အတူတူနေလို့ အဆင်ပြေနေသားနဲ့ အခုမှ ဘာလို့လဲ…? တစ်ခုခု ဖြစ်ခဲ့တယ်မလား…!?"

"ဒီအတိုင်း ငါ……ငါ ဆက်သွားနိုင်မယ် မထင်လို့ပါကွာ…အဲဒီ စေ့စပ်တယ်ဆိုတာကြီးကလည်း အလုပ်ဖြစ်မယ် မထင်ပါဘူး……"

Yunho စိတ်ကုန်ဟန်ပြောလိုက်သည်။

"ဘာလို့လဲလို့……?"

Yunho ပင့်သက်ရှိုက်လိုက်ရင်း…

" သူ ငါ့ကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး Yoochan…အဲဒါကြောင့် ခွဲနေလိုက်ကြရင် ကောင်းမယ်လို့ ထင်လို့…"

သူက တခြား မိန်းမတစ်ယောက်ကို ချစ်နေတာလေ…~

"ဒါဆို Hyung မိဘတွေကိုရော ဘယ်လို ပြောမှာလဲ…?"

"စေ့စပ်တာကိုတော့ မဖျက်ပါဘူး…ဒီတိုင်း အတူနေစရာမလိုလို့ ခွဲနေကြတယ်ပေါ့…ဘယ်လိုသဘောရလဲ Yoochan…?"

Yoochan သက်ပြင်းချလိုက်သည်။ ဒီအခြေအနေက မဟုတ်သေးဘူးလို့ သူတွေးမိပေမယ့်…Yunho ရဲ့ စိတ်ဓာတ်ကျနေတဲ့ ပုံကိုလည်း သူ မမြင်ရက်ပါ။

******

Yunho သူ့ကိုခါတိုင်းပို့နေကျစာတွေမှာ မေးခွန်းသေးသေးမွှားမွှားလေးတွေ ပါတတ်သည်။

"ဒီနေ့ ဘယ်လိုနေလဲ…☺?"
" စားပြီးပြီလား~☺?"
"Changmin-ssi ဒီနေ့ လာခေါ်မယ် မဟုတ်လားဟင်…~☺?" စသည်ဖြင့်…

နောက်ဆုံးမေးခွန်းအတွက်ဖြေရရင် သူနေ့တိုင်း လာကြိုနေကျပဲကို ဘာလို့ အထပ်ထပ်မေးနေမှန်း သူနားမလည်နိုင်ပါ။ ပြီးတော့ သူ ပို့နေကျ မက်ဆေ့တွေထဲမှာ မပါမဖြစ် အပြုံးမျက်နှာ emoji တွေက မျက်နှာပြင်အပြည့်ပါတတ်သည်။ ထို့ကြောင့်……အခု ဒီစာကို ဖတ်ရချိန်မှာတော့ တစ်ခုခု လွဲနေပြီမှန်း သူသိလိုက်သည်။

" ဒီနေ့ လာမကြိုနဲ့တော့…
ကျွန်တော့်ဘာသာ အိမ်ပြန်လိုက်တော့မယ်…
From: Jung Yunho"

ထို့ကြောင့် သူချက်ချင်း အိမ်ကိုမောင်းပြန်ခဲ့သည်။ အိမ်ပြန်ရောက်တော့ Yunho က ရောက်နှင့်နေပြီး ဧည့်ခန်းထဲမှာ TV ကို စိတ်ဝင်စားစွာ ကြည့်နေသည်။ အလွန် စိတ်ပါဝင်စားလွန်းဟန် ရှိသည်။

"…လတ်တလော သမ္မတလောင်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ယခင် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဖြစ်သူ Moon Heejun ကို Gangnam ရှိ သူနေထိုင်ရာ ရိပ်သာတွင် An Sunyoung ဆိုသူ အမျိုးသမီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်…သူမဟာ Moon Heejun ရဲ့ ပိုင်ဆိုင်မှုတွေကို သူမနာမည်နဲ့ အမည်ခံဖုံးကွယ်ပေးခဲ့သူ လည်းဖြစ်ပါတယ်…မြေတွေနဲ့……"

"Ch…Changmin-ssi!  ရောက်…နေတာ ကြာပြီလား…?"

Yunho ချက်ချင်း TV ကို ပိတ်ပစ်လိုက်သည်။

Sunyoung …သူမ ပါပဲ…သူ သေချာမှတ်မိပါသည်။ သူမက တစ်ခါတုန်းကသူတို့ စားသောက်ဆိုင်တစ်ခုမှာ ချိန်းတွေ့စဉ်က ဝတ်လာသော အဖြူရောင် ကုတ်အကျီ ၤကို ဝတ်ထားသည်။

သူမကမျက်နှာကို နေကာမျက်မှန် အနက်ရောင်ဖြင့် ဖုံးကွယ်ထားသည်။ သူမရဲ့ ရှည်လျားတဲ့ အနက်ရောင် ဆံနွယ်တွေက ပိုးသားမာဖလာ အောက်မှာ ပုန်းကွယ်နေပေမယ့်…သူမ တစ်ကိုယ်လုံးကို ဖုံးအုပ်ကာဝတ်ဆင်ထားပေမယ့် သူမမှန်း Changmin မှတ်မိနေပါသည်။

"အလုပ်ရှိသေးတယ်လေ…"

"ဘာအလုပ်မို့လို့လဲ?"

"အဲဒါက လျှို့ဝှက်ချက်…"

သူ ဘယ်လောက်ပဲမေးမေး Sunyoung ဘယ်တုန်းကမှ ပြောမပြဖူးခဲ့…

"မင်းက ဘာလို့ သိချင်ရတာလဲ…~?"

"ကျွန်တော်က မနဲ့ ပတ်သက်သမျှအရာအားလုံးကို သိချင်တာ…~"

"မင်းတကယ်ပဲ…ငါ့ အကြောင်းအကုန် သိချင်တာပဲလား Changmin ~? "

ထိုစဉ်က သူမ သူ့နှုတ်ခမ်းတွေကိုသာ နမ်းရှိုက်နေခဲ့သည်။

ဒီတော့…

ဒါ တကယ်ပဲ အမှန်လား…?

Changmin သူမကို အောင်မြင်သော ရှေ့နေတစ်ယောက်ရဲ့ အိမ်ရှင်မတစ်ယောက်အနေနဲ့ စတင်သိကျွမ်းခဲ့သည်။ ထိုအချိန်ကတည်းက သူမက မက်မောဖွယ်ကောင်းသော ဘဝကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ထို့နောက် သူမ ကွာရှင်းပြီးတော့လည်း အခြေအနေက ပြောင်းလဲမသွားခဲ့ပါ။ သူ နှစ်သက်စွဲလမ်းခဲ့ရဖူးသော သူမ၏ တန်ဖိုးကြီး ရေမွှေးရနံ့…ပြီးတော့ သားမွေးအကျီ ၤတွေ…… အဲဒါတွေ ဘယ်နေရာက ရခဲ့သလဲ Changmin ဘယ်တုန်းကမှ မတွေးမိဖူးခဲ့။

မိုးကြိုးပစ်ခံလိုက်ရသလို သူနေရာမှာ တောင့်တောင့်ကြီး ရပ်နေမိသည်။

"ကျွန်တော်………အပြင်သွားဦးမယ်…"

*****

အိမ်ပြန်ရောက်တော့ တစ်ယောက်တည်း အထီးကျန်သလို ဖြစ်နေတာကြောင့်  သက်သာရာသက်သာကြောင်း TV ကောက်ဖွင့်ထားလိုက်သည်။ အိမ်ပြန်နေဖို့ လိုအပ်တာတွေ ထုပ်ပိုးရမလား စဉ်းစားနေမိသည်။ ပြန်ရမလား…? ဆက်နေရမလား…?

Changmin ကိုလည်း အပြစ်တင်လို့မရပါ… ပြဿနာ အရင်းခံက သူကိုယ်တိုင်သာ ဖြစ်ပါသည်။ သူဘာလို့ အဲလို အားနည်းတဲ့ လူတစ်ယောက်ဖြစ်သွားရတာလဲ…? အထိအတွေ့ကို ဘာလို့ အဲလောက် သာယာမက်မောသွားရတာလဲ…?

ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

Changmin က အဲ့အမျိုးသမီး အကြောင်းပဲ အမြဲတမ်း တွေးနေတာလား…?

Yunho ကို ထိတွေ့နေတဲ့ အချိန်မှာ Changmin စိတ်ထဲ အစားထိုးမြင်ယောင်နေတာ သူမကိုလား…?

Yunho ကို အိပ်ယာပေါ် ပစ်တင်လိုက်စဉ်မှာ Yunho နေရာမှာ ဖြစ်စေချင်တာက သူမလား…?

အထိအတွေ့မှန်သမျှမှာ Changmin တွေးနေတာက Yunho မဟုတ်ဘဲ သူမလို့ပဲ မှတ်ယူနေခဲ့တာပဲလား…?

ဟုတ်မှာပါ…!

သူမ နာမည်ကိုပဲ Changmin ရေရွတ်ခဲ့တာပဲလေ။

Sunyoung…တဲ့!

သူ ဟိုတစ်ခါ ကော်ဖီဆိုင်မှာ လှမ်းတွေ့ခဲ့ရတဲ့ တစ်ယောက်လား…? Changmin ကို ဆယ်ကျော်သက် ကောင်လေးတစ်ယောက်လို ရှက်သွေးဖြာသွားစေတဲ့ တစ်ယောက်…အချစ်မှာ ရူးရူးမူးမူးတွယ်ငြိသွားအောင် ဖမ်းစားနိုင်တဲ့ သူမက Sunyoung လား…?

"…မြေနှင့် ပိုင်ဆိုင်မှုမှန်သမျှကို An Sunyoung နာမည်နဲ့ ထားရှိခဲ့ပါတယ်…"

Sunyoung…!!?

TV ကို ကြည့်မိစဉ်…သတင်းမှာ အဂတိ လိုက်စားမှုအကြောင်း ထုတ်လွှင့်နေသည်။ ထပ်ဖြစ်ပြန်ပြီလား…? ဝမ်သန်းပေါင်း ၈သောင်းထက်မနည်း ခြစားမှုထဲ ပါဝင်နေသည်။ထိုအမှုမျိုး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း ဖြစ်ဖူးခဲ့ပါသည်။

ဒါပေမယ့် သူ့ စိတ်အစဉ်က သတင်းထဲမှာ အပြည့်မရှိပါ …ဘာလို့လည်း ဆိုတော့ အဲဒါ…!

အဲဒါ Sunyoung…မလား…? An Sunyoung ဆိုတာ အဲဒီ Sunyoung …! Changmin ရဲ့ Sunyoung မလား…?!

သူမမျက်နှာကိုတော့ သူသေချာမမှတ်မိပါ။ သူမက မျက်နှာမှာ နေကာမျက်မှန်အမည်းကြီး တပ်ထားသေးသည်။ သဲသဲကွဲကွဲ မြင်ရအောင် TV နားတိုးကပ်ပြီး သေချာကြည့်မိသည်။

ကံကောင်းစွာပဲ သတင်းက ရုပ်သံလိုင်းတိုင်းမှာ ပြသနေသည်။ လိုင်း တစ်ခုပြီးတစ်ခု ပြောင်းကြည့်ရင်း သတင်းတိုင်းမှာ Moon Heejun က သူ့ရဲ့ တရားမဝင်ငွေကြေးတွေကို အသုံးပြုပြီး An Sunyoung နာမည်နဲ့ ဝယ်ထားခဲ့သော မြေတွေ…ပိုင်ဆိုင်မှုတွေ…နောက်ဆုံးတစ်ခေါက်က ဝယ်ထားသည့် အပန်းဖြေအိမ်ယာ…တွေ အကြောင်း ထုတ်လွှင့်နေသည်။

ထို့နောက် An Sunyoung ဓာတ်ပုံကို ထုတ်ဖော်ပြသထားသည်။သေချာပါတယ်…သူမမှ သူမအစစ်ပါပဲ…။

သူမလို့ ထင်ချင်ခဲ့လို့ မြင်နေရတာမျိုးလည်း မဟုတ်ရပါ။ အဲဒီ မျက်လုံးတွေ…သေးသွယ်တဲ့ နှာတံ…ဖြူဝင်းတဲ့ အသားအရည်နဲ့ အနက်ရောင် ဆံနွယ်ရှည်ရှည်တွေ…က သူမဖြစ်ကြောင်း ဖော်ပြနေသည်။

တကယ်က သူမ မျက်လုံးတွေ ကြောင့်ဖြစ်သည်။ သူမ မျက်လုံးတွေက သူမရဲ့ အသက်ကြီးရင့်မှုကို ပိုမို ပေါ်လွင်စေသည်။ မျက်လုံးအောက်က အရေးအကြောင်းတွေက သူမဟာ Changmin ထက် အသက်များစွာကြီးရင့်ကြောင်းဖော်ပြနေသကဲ့သို့ ရှိသည်။

လိုင်းတွေ တစ်ခုပြီးတစ်ခုပြောင်းကြည့်မိသည်။ Moon Heejun က ရွေးကောက်ပွဲ ဝင်ပြိုင်ထားသေးတာပဲ…ဘယ်လောက်တောင် အရှက်ကင်းမဲ့လိုက်သလဲ…? ရွေးကောက်ပွဲမတိုင်မီကလေးတင် သူ့ရဲ့လုပ်ရပ်ကို စစ်ဆေးတွေ့ရှိခဲ့ကြသည်။ ပြီးတော့ ရွေးကောက်ပွဲအတွက်သုံးစွဲသည့် ရံပုံငွေတွေရဲ့လမ်းကြောင်းကိုပါ သိရပြီဖြစ်သည်။

ထိုအချိန်မှာပဲ Changmin ကို သူသတိထားမိသွားခဲ့သည်။

Changmin တစ်ယောက် TV ကို မယုံနိုင်သလို ငေးကြည့်နေစဉ်မှာ သူ့ဘက်က မလုံမလဲ နှုတ်ဆက်လိုက်သည်။

Changmin ဆီမှာ စိတ်ဆိုးခြင်း…စိတ်ပျက်ခြင်း…ကြောက်ရွံ့ခြင်းနှင့် နာကျင်မှုဝေဒနာတွေကို တပြိုင်တည်း မြင်တွေ့နေရသည်။ တဆတ်ဆတ်တုန်နေသည့် နှုတ်ခမ်းပါးတွေနှင့် မလှုပ်မယှက် ငြိမ်သက်နေသည်။

"ကျွန်တော် အပြင်သွားဦးမယ်…" ဟု သူပြောသည်။

ထို့နောက် အခန်းထဲမှ ထွက်ခွာသွားသည်။

Changmin ရဲ့ အမူအယာအရ ထိုအမျိုးသမီးဟာ Changmin ရဲ့ Sunyoung ဖြစ်ကြောင်း သူသေချာသွားခဲ့ပါသည်။

***************












































































Continue Reading

You'll Also Like

143K 14.4K 27
Zhang Chenfi(ကျန်းချန်ဖေး)ဟာ Car Accidentကြောင့် ဦးနှောက်ကိုထိသွားပြီး သူ့ကိုယ်သူ Novelထဲက ဇာတ်ကောင်လို့ ထင်သွားပါတော့တယ် Jiao Qi(ကျောင်းချီ)ကလဲ...
14.8K 2K 33
Original author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Source: https://allnovelfull.com/ Status in COO : 507 chapters
2.5M 250K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
92.8K 12.3K 23
အချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....