(Zawgyi)
သီဟ လက္ထဲမွာကိုင္ထားတဲ႔ ပန္းကန္ထဲကထမင္းေတြ ကုန္သြားတာနဲ႔မင္းရာဇာနဲ႔အတူ အိပ္ယာဝင္ေလေတာ့တယ္။
ခုဏကကဲ႔သို႕ ေနာက္တစ္ခါ ထပ္မျဖစ္ေစရန္အတြက္ အခန္းမီးကိုလင္းေနေအာင္ဖြင့္ထားေပးရျပီး ျပတင္းေပါက္ကိုလည္းပိတ္ေပးထားရသည္။သီဟ၏အက်င့္က မီးဖြင့္ထားလွ်င္ဘယ္လိုမွမအိပ္တတ္ ခါတို္င္းဆိုလွ်င္ မီးပိတ္ထားျပီး နာရီဝက္ေလာက္ျကာမွသာအိပ္ေပ်ာ္တတ္သည္။
သို႕ေသာ္ ယခုသာမီးျပန္ပိတ္လိုက္မည္ဆိုပါက မင္းရာဇာ ထပ္ေျကာက္လွ်င္ သူပဲဒုကၡေရာက္ရမည္ျဖစ္သည္။
သီညေတြးေနရင္း ပက္လက္အေနအထားမွ ေဘးေစာင္းအေနအထားသို႔ေျပာင္းလိုက္ျပီး ေဘးနားမွာမ်က္လံုးစံုမွိတ္ထားတဲ႔ မင္းရာဇာကိုလွမ္းျကည့္လိုက္ေလတယ္။
"မင္းအိပ္ျပီလား"
မင္းရာဇာ တင္းေနေအာင္မွိတ္ထားတဲ႔ မ်က္လံုးအစံုကိုေျဖးေျဖးခ်င္းဖြင့္လိုက္တယ္။
"ဘာလဲ မအိပ္ေသးဘူး"
"ေန႕ခင္းက ငါ့ကိုေသနတ္နဲ႔ပစ္မွာ မင္းဘယ္လိုသိတာလဲ"
"ေသနတ္ကရိုင္ဖယ္အမ်ိဳးအစား ေျပာင္းပါတယ္ အဲ႔မွာပါတဲ႔မွန္ကို ေနေရာင္ထိုးေတာ့ ငါ့မ်က္လံုးကို အလင္းျပန္ျပီး လာရိုက္လို႔"
"ေအးေနာ္ မင္းျကည့္ရတာ ဒါေတြနဲ႕ရင္းႏွီးတဲ႔ပံုပဲ"
မင္းရာဇာ အေျဖျပန္မေပးပဲမ်က္လံုးမွိတ္ထားလိုက္တယ္။
"ေအး ဒါနဲ႔မင္းနာမည္ေကာ"
"ငါ့နာမည္ကအဲ႔ေလာက္ေတာင္ စိတ္ဝင္စားဖို႕ေကာင္းလား"
"မဟုတ္ဘူးေလကြာ ကိုသိတဲ႔လူတစ္ေယာက္ကို သူ႕ရဲ႕နာမည္ေလးေတာ့သိခ်င္တာေပါ့"
"ငါ့နာမည္ကို လြယ္လြယ္နဲ႔ဘယ္သူမွမသိရဘူး"
"ေသာက္က်င့္မေကာင္းတဲ႔ေကာင္"
"ဒါနဲ႕...မင္းကအေမွာင္ေျကာက္တတ္တာလား"
"မင္းနဲ႔ဘာဆိုင္လဲ"
"မသိဘူးေလကြာ ဒီတိုင္းပဲေမးျကည့္တာ မင္းစိတ္ကလဲ"
"ေအး"
"ပံုမွန္ဆို ငါ အခန္းမီးပိတ္ျပီး ျပတင္းေပါက္ကေန လကိုျကည့္ေနက်"
"မုန္းဖို႔ေကာင္းတဲ႔လကို မင္းပဲျကည့္"
"ငါျကိုက္လို႕ငါျကည့္တာေလ မင္းျကိုက္လို႔ငါျကည့္တာမဟုတ္ဘူး"
မင္းရာဇာ ဘာမွဆက္မေျပာေတာ့ပဲ မ်က္လံုးျပန္မွိတ္ထားလိုက္တယ္။
"မင္းတို႔ သူေ႒းေတြ ဘာလို႔ေသာက္ျကီးေသာက္က်ယ္နိုင္ရတာလဲ"
"ဒါေတာ့မင္းသူေ႒းျဖစ္လာရင္သိလိမ့္မယ္"
သီဟ မင္းရာဇာကို ေဘးေစာင္းလွည့္ျပီး ေသခ်ာစိုက္ျကည့္ေနမိတယ္။မင္းရာဇာကေတာ့ ေဘးေစာင္းအေနအထားတိုင္းပင္ သီဟေမးသမွ်ကို ျပန္ေျဖေပးေနေလတယ္။ဒီတစ္ခါေတာ့ သီဟတစ္စံုတစ္ရာကို ေသခ်ာစဥ္းစားျပီးေမးလိုက္သည္။
"ငါ့ကို သတ္ခ်င္ေနတာဘယ္သူမ်ားလဲ"
"ငါမသိဘူး"
ခ်က္ခ်င္းဆိုသလို တံုးတိျကီးျပန္ေျဖတဲ႔ မင္းရာဇာေျကာင့္ သီဟဘာဆက္ေျပာရမွန္းမသိျဖစ္သြားသည္။
"မင္း......"
"မင္းစကားေျပာတာ ဘယ္ေတာ့ရပ္မွာလဲ"
သီဟရဲ႕ စကားမဆံုးခင္မွာပဲ မင္းရာဇာ ေဘးေစာင္းအေနထားကေန သူ႕ဘက္ကို မ်က္လံုးခ်င္းဆိုင္ လွည့္ျကည့္ျပီး ေျပာလိုက္တယ္။
"ငါအိပ္မရလို႔ပါကြာ"
"မင္းေသာက္က်င့္ေတာ္ေတာ္မေကာင္းတာပဲ မင္းအိပ္မရတိုင္း တစ္ဖက္သားကိုပါအိပ္မရေအာင္လုပ္တယ္"
"ငါသာ ေသာက္က်င့္မေကာင္းရင္ ငါ့ဘာသာ မီးပိတ္အိပ္ျပီး မင္းဘာသာေသေသရွင္ရွင္ လႊတ္ေပးထားလိုက္တယ္"
"မင္းေျကာက္တာဘာရွိလဲ"
"ငါလား ဖား ေျကာက္တတ္တယ္"
"ေအး ေနာက္ေန႕မင္းကိုတုပ္ျပီး ဖားကန္ထဲပစ္ခ်ေပးမယ္"
"ေသာက္ခြက္မေျပာင္နဲ႕"
"ငါ့ကိုအဲ႔လို လုပ္ရင္ေျပာတာ"
"မင္းနာမည္ေျပာ ငါဒီတိုင္းစကားေျပာရတာအဆင္မေျပဘူး"
"ငါ့ကိုနမ္းရဲတဲ႕လူကိုပဲ ငါ့နာမည္ေျပာျပေလ့ရွိတယ္"
"ထြီ မင္းနာမည္သိရဖို႔ မင္းကိုေတာင္နမ္းရဦးမယ္ဟုတ္လား ေပါက္ေပါက္ရွာရွာ"
"ဒါဆိုလည္းမသိခ်င္နဲ႔ေတာ့ ငါအိပ္ျပီ"
"အိပ္ေတာ့မလို႔လား"
"ေအး..."
သီဟသက္ပ်င္းအရွည္ျကီး တစ္ခ်က္ ခ်လိုက္တယ္။
"မင္းမိဘေတြအစံုရွိလား"
သီဟေမးေသာ္လည္း မင္းရာဇာျပန္မေျဖေပ။
"ဒီေန႕ငါ့ကိုသတ္ဖို႔လုပ္တာ ငါ့အေဖျဖစ္မယ္ထင္တယ္"
မင္းရာဇာမွိတ္ထားတဲ႔ မ်က္လံုးကိုျပန္ထပ္ဖြင့္လိုက္ျပီး သီဟေျပာတာကိုေသခ်ာနားေထာင္ေနလိုက္တယ္။
"မင္းအေဖက..."
"ငါ့အေမနဲ႔ငါ့အေဖနဲ႔က ငါငယ္ငယ္ေလးထဲကကြဲသြားတာေလ ငါ့အေဖကလူဆိုး လူမိုက္ တစ္ေန႕တစ္ေန႕ မူးျပီးရမ္းကားတယ္ ရစ္တယ္ ငါ့အေမနဲ႔ငါ့ကိုျပသနာရွာတယ္
ငါတို႕သူ႕ကိုတစ္ခ်က္ကေလးမွ မျငိဳျငင္ခဲ႔ဘူး ဒါေပမယ့္ တစ္ေန႕သူ႕ဘာသာ ငါတို႔သားအမိကိုေက်ာခိုင္းသြားတယ္
ေနာက္မိသားစုအသစ္မွာ ေပ်ာ္ေနတယ္ထင္ပါတယ္"
"အဲ႔ဒါနဲ႔ မင္းကိုသတ္ခ်င္တာနဲ႔ဘာဆိုင္လဲ"
"သူ႕ရဲ႕မိန္းမမွာ ငါ့လိုအရြယ္သားတစ္ေယာက္ရွိတယ္။ သူကငါ့အေဖကို သူ႕အေဖအရင္းအရမ္းျဖစ္ေစခ်င္တာ ငါ့အေဖက ငါ့မွာသားတစ္ေယာက္ပဲရွိတယ္ လို႔ေျပာေနေတာ့ အဲ႔ဒီသားတစ္ေယာက္က ငါပဲျဖစ္ရမယ္ဆိုျပီး ငါ့ကိုသတ္ဖို႔ ျကိဳးစားတယ္ေလ ဒါနဲ႔ဆိုလုပ္ျကံခံရတာ ၄ျကိမ္ေျမာက္ပဲ ဒီတစ္ခါကအဆိုးဆံုးပဲ မင္းသာမကယ္ရင္ ငါေသျပီ"
"အဲ့လိုေျပာလို႔ ငါကေပ်ာ္ျပီး မင္းဆီကဘာမွျပန္မယူဘူးမထင္နဲ႔ေနာ္ ဒါကအေပးအယူ"
"မင္းကိုငါေဆးထည့္ေပးတယ္ ဂရုစိုက္ေပးတယ္ ငါ့အခန္းထဲေခၚသိပ္တယ္ ထမင္းခြံ႕ေကြ်းတယ္ေလ ဒါနဲ႔တင္မေက်ေသးဘူးလား"
"မင္းနဲ႔ငါ အေပးအယူလုပ္ကထဲက ငါလိုခ်င္တာတစ္ခုျပန္ယူမယ္လို႔ေျပာထားျပီးသား အဲ႔ဒါေတြထဲငါလိုခ်င္တာတစ္ခုမွမပါဘူး"
"မင္းကမွတကယ္ေသာက္က်င့္မေကာင္းတဲ႔ေကာင္"
"ငါ့ကိုအိပ္ခြင့္မေပးေတာ့ဘူးလား"
"အိပ္ခ်င္လို႔လား"
"မအိပ္ခ်င္ဘူး ဒါေပမယ့္ ငါအိပ္မွ မီးပိတ္လို႕ရမွာေလ အဲ႔အခ်ိန္က်မွ မင္းအိပ္လို႕ရမွာေပါ့"
"မင္းလျကည့္မလား"
"နိုး မင္းျကည့္ခ်င္ ျပတင္းေပါက္ဖြင့္လိုက္ ငါျပတင္းေပါက္ကို ေက်ာခိုင္းျပီးအိပ္လိုက္မယ္ "
"အဲ႕လိုလုပ္လို႔ရလား"
"ေအး"
သီဟဆက္ ေပ်ာ္ျပီး မင္းရာဇာရဲ႕အေနာက္ကျပတင္းေပါက္ကိုထဖြင့္လိုက္တယ္။ မင္းရာဇာကေတာ့ထိုအခ်ိန္မွာပဲ ျပတင္းေပါက္ကိုေက်ာေပးျပီးသားျဖစ္ေနေလတယ္။
သီဟသူ႕ေနရာမွာျပန္လာလွဲလိုက္တယ္။သို႕ေပမယ့္ ျပတင္းေပါက္အျပင္ကလကို သူအိပ္ေနသည့္ေနရာမွမျမင္ရေပ။ခါတိုင္းသူအိပ္ေနက် သူ႕အိပ္ယာကသာ လကိုျမင္နိုင္ရန္ သူကို္ယ္တိုင္ေနရာခ်ထားေသာေျကာင့္ ထိုေနရာမွာအိပ္မွ ျမင္ရေပမည္ျဖစ္သည္။
သီဟသူအိပ္ေနတဲ႔ေနရာကေန မင္းရာဇာေဘးနားသို႔နည္းနည္းေရႊ႕လိုက္သည္။သူနဲ႕နဲနဲကပ္သြားမွပဲ ေကာင္းကင္ေပၚက ျကယ္ေတြျကားထဲေတာက္ပေနတဲ႔လမင္းကို ျမင္ရေတာ့တယ္။အနားကပ္လိုက္ေတာ့မွ ေခြ်းေတြထြက္ေနခဲ႔ေပမယ့္ ဘယ္ဘဝက ဆုေတာင္းေျကာင့္လဲေတာ့မသိ မင္းရာဇာရဲ႕ကိုယ္ရနံ႔က ေမႊးလို႔ေနတယ္။
သီဟအေတာ္အတန္ျကာေအာင္ မင္းရာဇာရဲ႕ ေျပျပစ္ေခ်ာေမာလွတဲ႔မ်က္နွာပံုစံကို စိုက္ျကည့္ေနမိတယ္။
မ်က္နွာေပၚတြင္လည္း အဖုအထစ္ဟူ၍မရွိ မ်က္ခံုးဆိုမ်က္ခံုး မ်က္ေတာင္ဆိုမ်က္ေတာင္ ႏႈတ္ခမ္းဆိုႏႈတ္ခမ္း သူ႕ဟာနဲ႔သူ အခ်ိဳးက်ျပီး သပ္ရပ္ေနတယ္။
"ငါ့မ်က္နွာေပၚမွာ လေပၚေနလို႔လား"
ရုတ္တရက္ မ်က္လံုးဖြင့္လိုက္ျပီး မ်က္လံုးဆိုင္ျကည့္၍ ေျပာလိုက္တာေျကာင့္ သီဟဆက္တစ္ေယာက္လန္႔သြားေလတယ္။
"အာ မဟုတ္ပါဘူး...
မင္းတို႔သူေ႒းသားေတြက ဘာလို႔အဲ႕ေလာက္ေတာင္ျပည့္စံုရတာလဲ ပိုက္ဆံရွိရင္ေတာ္ေရာေပါ့ ရုပ္ရည္ပါျပည့္စံုဖို႔မလိုဘူးထင္တယ္"
"ငါကိုကျပည့္စံုေနတာ ဒါနဲ႔ မင္းလက္ သက္သာလား"
"ဘယ္ လက္လဲ"
"ခုဏက ထမင္းစားေနရင္း ညာလက္မွာဓားရွထားတာေတြ႕လိုက္တယ္"
"ေအး သက္သာတယ္ အိပ္ခ်င္အိပ္ေတာ့ေလ"
"ေအး"
သီဟ မင္းရာဇာ၏ ေဘးနားလွဲေလ်ာင္းရင္း လမင္းကိုဆက္ျကည့္ေနတယ္။သို႕ေပမယ့္ ဘယ္လိုေျကာင့္လဲမသိ မ်က္လံုးက မင္းရာဇာရဲ႕ မ်က္နွာျပင္ေပၚကိုပဲ ေရာက္ေရာက္သြားေလတယ္။ သူ႕ရဲ႕ေခ်ာမြတ္ေနတဲ႔ မ်က္နွာကို မျကည့္ရပဲမေနနိုင္ျဖစ္ေနမိတယ္။သူသည္ ပံုမွန္ ေယာကၤ်ားေလးတစ္ေယာက္ကို ထိုသို႔အနီးကပ္ကပ္ျကာျကာ စိုက္မျကည့္ဖူးခဲ့ ျကည့္ခ်င္စိတ္လည္း မေပၚဖူးခဲ႕ လိင္တူစိတ္ဝင္စားစိတ္လည္း အခုထိ မရွိတာေျကာင့္ သူကိုမွျကည့္ခ်င္စိတ္ေပၚေနတာက စိတ္ထဲနဲနဲထူးဆန္းေနေလတယ္။
"မင္းရာဇာ..."
မင္းရာဇာ ပါးစပ္မွ ခ်က္ခ်င္းဆိုသလို ထြက္လာေသာနာမည္ေျကာင့္ သီဟ အံ႔အားသင့္စြာျကည့္လိုက္တယ္။
"ငါ့နာမည္ မင္းရာဇာ"
"ေအးပါ ေနာက္ဆံုးေတာ့ေျပာျပီေပါ့"
"ေအး မင္းငါ့အေပၚေနာက္တစ္ခုထပ္အေျကြးတင္သြားျပန္ျပီ"
မင္းရာဇာျပံဳးရင္းအေျဖျပန္ေပးလိုက္ေလတယ္။
သီဟကံေကာင္းသည္။ မင္းရာဇာကိုယ္တိုင္သူ႕နာမည္ကို အဲ႔လိုထုတ္မိတ္ဆက္ဖူးသူ လက္ခ်ိဳးေရနိုင္ေလာက္ေအာင္ နည္းေသာေျကာင့္ပင္။သူကိုယ္တိုင္လဲ ဘာ့ေျကာင့္ေျပာလိုက္ မိမွန္း သူ႕ကိုယ္သူမသိေပ။
(Unicode)
သီဟ လက်ထဲမှာကိုင်ထားတဲ့ ပန်းကန်ထဲကထမင်းတွေ ကုန်သွားတာနဲ့မင်းရာဇာနဲ့အတူ အိပ်ယာဝင်လေတော့တယ်။
ခုဏကကဲ့သို့ နောက်တစ်ခါ ထပ်မဖြစ်စေရန်အတွက် အခန်းမီးကိုလင်းနေအောင်ဖွင့်ထားပေးရပြီး ပြတင်းပေါက်ကိုလည်းပိတ်ပေးထားရသည်။သီဟ၏အကျင့်က မီးဖွင့်ထားလျှင်ဘယ်လိုမှမအိပ်တတ် ခါတိုင်းဆိုလျှင် မီးပိတ်ထားပြီး နာရီဝက်လောက်ကြာမှသာအိပ်ပျော်တတ်သည်။
သို့သော် ယခုသာမီးပြန်ပိတ်လိုက်မည်ဆိုပါက မင်းရာဇာ ထပ်ကြောက်လျှင် သူပဲဒုက္ခရောက်ရမည်ဖြစ်သည်။
သီညတွေးနေရင်း ပက်လက်အနေအထားမှ ဘေးစောင်းအနေအထားသို့ပြောင်းလိုက်ပြီး ဘေးနားမှာမျက်လုံးစုံမှိတ်ထားတဲ့ မင်းရာဇာကိုလှမ်းကြည့်လိုက်လေတယ်။
"မင်းအိပ်ပြီလား"
မင်းရာဇာ တင်းနေအောင်မှိတ်ထားတဲ့ မျက်လုံးအစုံကိုဖြေးဖြေးချင်းဖွင့်လိုက်တယ်။
"ဘာလဲ မအိပ်သေးဘူး"
"နေ့ခင်းက ငါ့ကိုသေနတ်နဲ့ပစ်မှာ မင်းဘယ်လိုသိတာလဲ"
"သေနတ်ကရိုင်ဖယ်အမျိုးအစား ပြောင်းပါတယ် အဲ့မှာပါတဲ့မှန်ကို နေရောင်ထိုးတော့ ငါ့မျက်လုံးကို အလင်းပြန်ပြီး လာရိုက်လို့"
"အေးနော် မင်းကြည့်ရတာ ဒါတွေနဲ့ရင်းနှီးတဲ့ပုံပဲ"
မင်းရာဇာ အဖြေပြန်မပေးပဲမျက်လုံးမှိတ်ထားလိုက်တယ်။
"အေး ဒါနဲ့မင်းနာမည်ကော"
"ငါ့နာမည်ကအဲ့လောက်တောင် စိတ်ဝင်စားဖို့ကောင်းလား"
"မဟုတ်ဘူးလေကွာ ကိုသိတဲ့လူတစ်ယောက်ကို သူ့ရဲ့နာမည်လေးတော့သိချင်တာပေါ့"
"ငါ့နာမည်ကို လွယ်လွယ်နဲ့ဘယ်သူမှမသိရဘူး"
"သောက်ကျင့်မကောင်းတဲ့ကောင်"
"ဒါနဲ့...မင်းကအမှောင်ကြောက်တတ်တာလား"
"မင်းနဲ့ဘာဆိုင်လဲ"
"မသိဘူးလေကွာ ဒီတိုင်းပဲမေးကြည့်တာ မင်းစိတ်ကလဲ"
"အေး"
"ပုံမှန်ဆို ငါ အခန်းမီးပိတ်ပြီး ပြတင်းပေါက်ကနေ လကိုကြည့်နေကျ"
"မုန်းဖို့ကောင်းတဲ့လကို မင်းပဲကြည့်"
"ငါကြိုက်လို့ငါကြည့်တာလေ မင်းကြိုက်လို့ငါကြည့်တာမဟုတ်ဘူး"
မင်းရာဇာ ဘာမှဆက်မပြောတော့ပဲ မျက်လုံးပြန်မှိတ်ထားလိုက်တယ်။
"မင်းတို့ သူဋ္ဌေးတွေ ဘာလို့သောက်ကြီးသောက်ကျယ်နိုင်ရတာလဲ"
"ဒါတော့မင်းသူဋ္ဌေးဖြစ်လာရင်သိလိမ့်မယ်"
သီဟ မင်းရာဇာကို ဘေးစောင်းလှည့်ပြီး သေချာစိုက်ကြည့်နေမိတယ်။မင်းရာဇာကတော့ ဘေးစောင်းအနေအထားတိုင်းပင် သီဟမေးသမျှကို ပြန်ဖြေပေးနေလေတယ်။ဒီတစ်ခါတော့ သီဟတစ်စုံတစ်ရာကို သေချာစဉ်းစားပြီးမေးလိုက်သည်။
"ငါ့ကို သတ်ချင်နေတာဘယ်သူများလဲ"
"ငါမသိဘူး"
ချက်ချင်းဆိုသလို တုံးတိကြီးပြန်ဖြေတဲ့ မင်းရာဇာကြောင့် သီဟဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်။
"မင်း......"
"မင်းစကားပြောတာ ဘယ်တော့ရပ်မှာလဲ"
သီဟရဲ့ စကားမဆုံးခင်မှာပဲ မင်းရာဇာ ဘေးစောင်းအနေထားကနေ သူ့ဘက်ကို မျက်လုံးချင်းဆိုင် လှည့်ကြည့်ပြီး ပြောလိုက်တယ်။
"ငါအိပ်မရလို့ပါကွာ"
"မင်းသောက်ကျင့်တော်တော်မကောင်းတာပဲ မင်းအိပ်မရတိုင်း တစ်ဖက်သားကိုပါအိပ်မရအောင်လုပ်တယ်"
"ငါသာ သောက်ကျင့်မကောင်းရင် ငါ့ဘာသာ မီးပိတ်အိပ်ပြီး မင်းဘာသာသေသေရှင်ရှင် လွှတ်ပေးထားလိုက်တယ်"
"မင်းကြောက်တာဘာရှိလဲ"
"ငါလား ဖား ကြောက်တတ်တယ်"
"အေး နောက်နေ့မင်းကိုတုပ်ပြီး ဖားကန်ထဲပစ်ချပေးမယ်"
"သောက်ခွက်မပြောင်နဲ့"
"ငါ့ကိုအဲ့လို လုပ်ရင်ပြောတာ"
"မင်းနာမည်ပြော ငါဒီတိုင်းစကားပြောရတာအဆင်မပြေဘူး"
"ငါ့ကိုနမ်းရဲတဲ့လူကိုပဲ ငါ့နာမည်ပြောပြလေ့ရှိတယ်"
"ထွီ မင်းနာမည်သိရဖို့ မင်းကိုတောင်နမ်းရဦးမယ်ဟုတ်လား ပေါက်ပေါက်ရှာရှာ"
"ဒါဆိုလည်းမသိချင်နဲ့တော့ ငါအိပ်ပြီ"
"အိပ်တော့မလို့လား"
"အေး..."
သီဟသက်ပျင်းအရှည်ကြီး တစ်ချက် ချလိုက်တယ်။
"မင်းမိဘတွေအစုံရှိလား"
သီဟမေးသော်လည်း မင်းရာဇာပြန်မဖြေပေ။
"ဒီနေ့ငါ့ကိုသတ်ဖို့လုပ်တာ ငါ့အဖေဖြစ်မယ်ထင်တယ်"
မင်းရာဇာမှိတ်ထားတဲ့ မျက်လုံးကိုပြန်ထပ်ဖွင့်လိုက်ပြီး သီဟပြောတာကိုသေချာနားထောင်နေလိုက်တယ်။
"မင်းအဖေက..."
"ငါ့အမေနဲ့ငါ့အဖေနဲ့က ငါငယ်ငယ်လေးထဲကကွဲသွားတာလေ ငါ့အဖေကလူဆိုး လူမိုက် တစ်နေ့တစ်နေ့ မူးပြီးရမ်းကားတယ် ရစ်တယ် ငါ့အမေနဲ့ငါ့ကိုပြသနာရှာတယ်
ငါတို့သူ့ကိုတစ်ချက်ကလေးမှ မငြိုငြင်ခဲ့ဘူး ဒါပေမယ့် တစ်နေ့သူ့ဘာသာ ငါတို့သားအမိကိုကျောခိုင်းသွားတယ်
နောက်မိသားစုအသစ်မှာ ပျော်နေတယ်ထင်ပါတယ်"
"အဲ့ဒါနဲ့ မင်းကိုသတ်ချင်တာနဲ့ဘာဆိုင်လဲ"
"သူ့ရဲ့မိန်းမမှာ ငါ့လိုအရွယ်သားတစ်ယောက်ရှိတယ်။ သူကငါ့အဖေကို သူ့အဖေအရင်းအရမ်းဖြစ်စေချင်တာ ငါ့အဖေက ငါ့မှာသားတစ်ယောက်ပဲရှိတယ် လို့ပြောနေတော့ အဲ့ဒီသားတစ်ယောက်က ငါပဲဖြစ်ရမယ်ဆိုပြီး ငါ့ကိုသတ်ဖို့ ကြိုးစားတယ်လေ ဒါနဲ့ဆိုလုပ်ကြံခံရတာ ၄ကြိမ်မြောက်ပဲ ဒီတစ်ခါကအဆိုးဆုံးပဲ မင်းသာမကယ်ရင် ငါသေပြီ"
"အဲ့လိုပြောလို့ ငါကပျော်ပြီး မင်းဆီကဘာမှပြန်မယူဘူးမထင်နဲ့နော် ဒါကအပေးအယူ"
"မင်းကိုငါဆေးထည့်ပေးတယ် ဂရုစိုက်ပေးတယ် ငါ့အခန်းထဲခေါ်သိပ်တယ် ထမင်းခွံ့ကျွေးတယ်လေ ဒါနဲ့တင်မကျေသေးဘူးလား"
"မင်းနဲ့ငါ အပေးအယူလုပ်ကထဲက ငါလိုချင်တာတစ်ခုပြန်ယူမယ်လို့ပြောထားပြီးသား အဲ့ဒါတွေထဲငါလိုချင်တာတစ်ခုမှမပါဘူး"
"မင်းကမှတကယ်သောက်ကျင့်မကောင်းတဲ့ကောင်"
"ငါ့ကိုအိပ်ခွင့်မပေးတော့ဘူးလား"
"အိပ်ချင်လို့လား"
"မအိပ်ချင်ဘူး ဒါပေမယ့် ငါအိပ်မှ မီးပိတ်လို့ရမှာလေ အဲ့အချိန်ကျမှ မင်းအိပ်လို့ရမှာပေါ့"
"မင်းလကြည့်မလား"
"နိုး မင်းကြည့်ချင် ပြတင်းပေါက်ဖွင့်လိုက် ငါပြတင်းပေါက်ကို ကျောခိုင်းပြီးအိပ်လိုက်မယ် "
"အဲ့လိုလုပ်လို့ရလား"
"အေး"
သီဟဆက် ပျော်ပြီး မင်းရာဇာရဲ့အနောက်ကပြတင်းပေါက်ကိုထဖွင့်လိုက်တယ်။ မင်းရာဇာကတော့ထိုအချိန်မှာပဲ ပြတင်းပေါက်ကိုကျောပေးပြီးသားဖြစ်နေလေတယ်။
သီဟသူ့နေရာမှာပြန်လာလှဲလိုက်တယ်။သို့ပေမယ့် ပြတင်းပေါက်အပြင်ကလကို သူအိပ်နေသည့်နေရာမှမမြင်ရပေ။ခါတိုင်းသူအိပ်နေကျ သူ့အိပ်ယာကသာ လကိုမြင်နိုင်ရန် သူကိုယ်တိုင်နေရာချထားသောကြောင့် ထိုနေရာမှာအိပ်မှ မြင်ရပေမည်ဖြစ်သည်။
သီဟသူအိပ်နေတဲ့နေရာကနေ မင်းရာဇာဘေးနားသို့နည်းနည်းရွှေ့လိုက်သည်။သူနဲ့နဲနဲကပ်သွားမှပဲ ကောင်းကင်ပေါ်က ကြယ်တွေကြားထဲတောက်ပနေတဲ့လမင်းကို မြင်ရတော့တယ်။အနားကပ်လိုက်တော့မှ ချွေးတွေထွက်နေခဲ့ပေမယ့် ဘယ်ဘဝက ဆုတောင်းကြောင့်လဲတော့မသိ မင်းရာဇာရဲ့ကိုယ်ရနံ့က မွှေးလို့နေတယ်။
သီဟအတော်အတန်ကြာအောင် မင်းရာဇာရဲ့ ပြေပြစ်ချောမောလှတဲ့မျက်နှာပုံစံကို စိုက်ကြည့်နေမိတယ်။
မျက်နှာပေါ်တွင်လည်း အဖုအထစ်ဟူ၍မရှိ မျက်ခုံးဆိုမျက်ခုံး မျက်တောင်ဆိုမျက်တောင် နှုတ်ခမ်းဆိုနှုတ်ခမ်း သူ့ဟာနဲ့သူ အချိုးကျပြီး သပ်ရပ်နေတယ်။
"ငါ့မျက်နှာပေါ်မှာ လပေါ်နေလို့လား"
ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်လုံးဆိုင်ကြည့်၍ ပြောလိုက်တာကြောင့် သီဟဆက်တစ်ယောက်လန့်သွားလေတယ်။
"အာ မဟုတ်ပါဘူး...
မင်းတို့သူဋ္ဌေးသားတွေက ဘာလို့အဲ့လောက်တောင်ပြည့်စုံရတာလဲ ပိုက်ဆံရှိရင်တော်ရောပေါ့ ရုပ်ရည်ပါပြည့်စုံဖို့မလိုဘူးထင်တယ်"
"ငါကိုကပြည့်စုံနေတာ ဒါနဲ့ မင်းလက် သက်သာလား"
"ဘယ် လက်လဲ"
"ခုဏက ထမင်းစားနေရင်း ညာလက်မှာဓားရှထားတာတွေ့လိုက်တယ်"
"အေး သက်သာတယ် အိပ်ချင်အိပ်တော့လေ"
"အေး"
သီဟ မင်းရာဇာ၏ ဘေးနားလှဲလျောင်းရင်း လမင်းကိုဆက်ကြည့်နေတယ်။သို့ပေမယ့် ဘယ်လိုကြောင့်လဲမသိ မျက်လုံးက မင်းရာဇာရဲ့ မျက်နှာပြင်ပေါ်ကိုပဲ ရောက်ရောက်သွားလေတယ်။ သူ့ရဲ့ချောမွတ်နေတဲ့ မျက်နှာကို မကြည့်ရပဲမနေနိုင်ဖြစ်နေမိတယ်။သူသည် ပုံမှန် ယောင်္ကျားလေးတစ်ယောက်ကို ထိုသို့အနီးကပ်ကပ်ကြာကြာ စိုက်မကြည့်ဖူးခဲ့ ကြည့်ချင်စိတ်လည်း မပေါ်ဖူးခဲ့ လိင်တူစိတ်ဝင်စားစိတ်လည်း အခုထိ မရှိတာကြောင့် သူကိုမှကြည့်ချင်စိတ်ပေါ်နေတာက စိတ်ထဲနဲနဲထူးဆန်းနေလေတယ်။
"မင်းရာဇာ..."
မင်းရာဇာ ပါးစပ်မှ ချက်ချင်းဆိုသလို ထွက်လာသောနာမည်ကြောင့် သီဟ အံ့အားသင့်စွာကြည့်လိုက်တယ်။
"ငါ့နာမည် မင်းရာဇာ"
"အေးပါ နောက်ဆုံးတော့ပြောပြီပေါ့"
"အေး မင်းငါ့အပေါ်နောက်တစ်ခုထပ်အကြွေးတင်သွားပြန်ပြီ"
မင်းရာဇာပြုံးရင်းအဖြေပြန်ပေးလိုက်လေတယ်။
သီဟကံကောင်းသည်။ မင်းရာဇာကိုယ်တိုင်သူ့နာမည်ကို အဲ့လိုထုတ်မိတ်ဆက်ဖူးသူ လက်ချိုးရေနိုင်လောက်အောင် နည်းသောကြောင့်ပင်။သူကိုယ်တိုင်လဲ ဘာ့ကြောင့်ပြောလိုက် မိမှန်း သူ့ကိုယ်သူမသိပေ။