zawgyi>>>
သူဒဏ္ရာရေနစဥ္အတြင္း ငယ္အနားမွာရွိေပးေနတာေျကာင့္ Baekhyun အရမ္းေပ်ာ္ေနမိတယ္...
က်ြန္ေတာ့္ရဲ့ငယ္...
က်ြန္ေတာ့္ကိုသိပ္မုန္းေနခဲ့တဲ့ငယ္...
အခုလိုဂရုစိုက္ေပးတာ ေက်းဇူးတင္ပါတယ္ငယ္...
ငယ့္အေပါ္မေကာင္းတဲ့ ကိုယ့္လိုလူအေပါ္ ဒီလိုနည္းနည္းေလးငဲ့ျကည့္ေပးလို့ အရမ္းေက်းဇူးတင္တယ္...
ငယ္သိလား?အခုကိုယ္အရမ္းေပ်ာ္ေနတာ...
ငယ္ကေလ...ကိုယ့္ကို တစ္သက္လံုးတစိမ္းဆန္ဆန္ပဲ ဆက္ဆံသြားေတာ့မယ္လို့ ထင္ျပီးအျမဲနာက်င္ခဲ့ရတယ္...
ငယ္သိမွာမဟုတ္ဘူး...
ဟင့္အင္း...ငယ္မသိပါနဲ့...
နာက်င္မွုဆိုတာမ်ိဳးေတြကို ကိုယ္ပဲခံယူမွာမို့ ကိုယ့္ရဲ့ငယ္ေလးကေတာ့ ေသခ်ာေပါက္အျမဲျပံဳးေနရမယ္ေလ...
ကိုယ့္အေတြးနဲ့ ကိုယ္လုပ္ရပ္ေတြက ငယ့္အေပါ္အတၲဆန္လြန္းနိုင္ပါတယ္...
ဒါေပမဲ့ ဒါေတြအားလံုးက မင္းအတြက္လုပ္ခဲ့တာပါ ငယ္...
"Mr.Byun..."
အရင္လို Byun လို့ျပန္ေခါ္ဖို့ မျဖစ္နိုင္ေတာ့ဘူးလားငယ္?
ငယ္စိတ္မဝင္စားခဲ့ေပမဲ့ ဒီနာမ္စားကိုကိုယ္သိပ္မုန္းတာ...
ဒါေပမဲ့ ငယ္ကဒီလိုေခါ္ရတာ ေပ်ာ္တယ္ဆိုရင္ေတာ့ ငယ္ေပ်ာ္ရာကို ကိုယ္ေရြးခ်ယ္မိဦးမယ္ထင္တယ္...
"ေျပာေလ ငယ္..."
"ခင္ဗ်ားဒဏ္ရာရထားတာ က်ြန္ေတာ့္ကိုျကိဳေျပာသင့္တယ္မလား? ဘာလို့ဖံုးထားခဲ့တာလဲ?"
သက္ျပင္းတစ္ခ်က္ခ်ကာ ေျပာလာေသာ ငယ့္စကားတြင္ Mr.Byun ခပ္ယဲ့ယဲ့ျပံဳးသည္...
Mr.Byun ရဲ့နွုတ္ခမ္းသားေတြက ေသြးမရွိသလိုျဖဴစုတ္ေနျပီး အနည္းငယ္ႏြမ္းလ်ေနတဲ့ပံုစံက ေခါင္းေဆာင္ Light နဲ့ပင္မတူလွ...
သို့ေသာ္...
အခုခ်ိန္ထိအျပံဳးမပ်က္ပဲ ဘာနာက်င္မွုမွမရွိသလို ေနျပေနတဲ့ Mr.Byun ကေတာ့ က်ြန္ေတာ့္ရဲ့ Mr.Byun အသြင္ကေနေျပာင္းလဲမသြားခဲ့ဘူး...
"က်ြန္ေတာ္ေမးတာေျဖေလ..."
"ငယ္ကေသြးေတြကို မုန္းတယ္မလား? ေသြးအလိမ္းလိမ္းနဲ့ ကိုယ့္ပံုစံကိုငယ့္ကိုမျပခ်င္လို့ပါ..."
က်ြန္ေတာ္မုန္းတဲ့ေသြးဆိုတာက ခင္ဗ်ားတျခားတစ္ေယာက္ကို ထိခိုက္ေအာင္လုပ္တဲ့အခါ သူတစ္ပါးနာက်င္ရတာကိုမုန္းတယ္လို့ေျပာခဲ့တာ...
အခုလိုခင္ဗ်ားထိခိုက္လာရင္ေတာ့...
Mr.Byun သိလား?
အဲ့ေသြးေတြကိုေတာ့ က်ြန္ေတာ့္နာက်င္မွုအျဖစ္သတ္မွတ္တယ္...
"အဲ့တာနဲ့ပဲ ခင္ဗ်ားကမနာေတာ့ဘူးလား...တစ္ခုခုျဖစ္ရင္ ခင္ဗ်ားေသမယ္ဆိုတာ သိရဲ့လား Mr.Byun!"
စိတ္ပူသလိုေလး ဆူေငါက္ေနတဲ့ ငယ့္ကို Baekhyun ပီတိျပံဳးေလးနဲ့စိုက္ျကည့္ေနမိတယ္...
အခုခ်ိန္မွာ ငယ္ သူ့ကိုစိတ္ပူေနတယ္လို့ပဲ မွတ္ယူထားပါရေစေလ...
"က်ြန္ေတာ္ေျပာတဲ့အထဲမွာ ရီစရာပါလို့လား Mr.Byun..."
"ငယ္.."
"အင္း"
"ကိုယ့္ကိုစိတ္မဆိူးပါနဲ့...
ကိုယ့္အသက္ထက္ ငယ္မုန္းတဲ့ဟာကိုမျမင္ရဖို့က ပိုအေရးျကီးလို့ပါ..."
ငယ္အတန္ျကာတဲ့အထိ တိတ္ဆိတ္သြားတာကို ျမင္နိုင္သည္...
သက္ျပင္းခ်သံတစ္ခုနဲ့အတူ မ်က္ဝန္းမွမ်က္ရည္ေတြကလဲ ေဝ့သီလာခါနီးပင္...
ခင္ဗ်ားနာက်င္ရင္ က်ြန္ေတာ္နာက်င္ရတယ္ဆိုတာကိုေရာ ေတြးခဲ့မိရဲ့လား Mr.Byun...
"ခင္ဗ်ားကသိပ္တစ္ကိုယ္ေကာင္းဆန္တာပဲ..."
ခပ္တိုးတိုးေရရြတ္ကာ ထထြက္သြားဟန္ျပင္ေနတဲ့ ငယ့္ရဲ့လက္ကို Baekhyun တင္းျကပ္စြာဆုပ္ကိုင္ထားမိတယ္...
"ကိုယ့္ကိုစိတ္ဆိုးသြားတာလား ငယ္?"
"အင္း က်ြန္ေတာ္ခင္ဗ်ားကိုစိတ္ဆိုးတယ္ Mr.Byun..."
ခင္ဗ်ားရဲ့အရာအားလံုးကို မသိရတဲ့အတြက္...က်ြန္ေတာ့္ကို အေလးမေပးတဲ့အတြက္ စိတ္ဆိုးတယ္...
"ကိုယ္...ကိုယ္ဘာလုပ္ေပးရမလဲဟင္? ငယ္ေက်နပ္ေအာင္ ဘယ္လိုေတာင္းပန္ရမလဲ?"
အသည္းအသန္ေမးလာတဲ့ ထိုလူျကီးအေျဖကို Chan မေျဖနိုင္ေသးပါ...
Mr.Byun ဟာ သူစိတ္ဆိုးတာကို ေသရမွာထက္ေျကာက္တယ္လို့ ေျပာခဲ့ဖူးတာကိုျပန္ေတြးမိတယ္...
က်ြန္ေတာ့္ရဲ့အရာအားလံုးက ခင္ဗ်ားအသက္ထက္ အေရးျကီးေနသေလာက္ ခင္ဗ်ားကက်ြန္ေတာ့္ရဲ့အရာရာျဖစ္ေနတယ္ Mr.Byun ရဲ့...
မတ္တပ္ရပ္ေနေသာ ငယ္က သူရွိေနတဲ့ ကုတင္ေဘးတြင္ တင္လြွဲထိုင္လိုက္ကာ သူ့မ်က္ဝန္းတို့အားစိုက္ျကည့္လာသည္...
Baekhyun ထိုကဲ့သို့ တစ္ခါမွအျကည့္မခံရဖူးတာေျကာင့္ နွလံုးသားတစ္ခုလံုး ေပါက္ထြက္ေတာ့မတတ္ပင္...
ေကာင္ေလးရဲ့အရာရာဟာ သူ့ကိုျပဳစားနိုင္သည္...
"က်ြန္ေတာ့္ကိုကတိေပးမလား Mr.Byun?"
"ကတိ?"
"အင္း...တကယ္လို့ခင္ဗ်ားရဲ့အရာအားလံုး က်ြန္ေတာ့္ကိုထပ္ျပီးမဖံုးကြယ္ပါဘူးလို့ ကတိေပးရင္ က်ြန္ေတာ္စိတ္မဆိုးပဲေနမယ္"
Mr.Byun အတန္ျကာတိတ္ဆိတ္သြားျပီးေနာက္ ေဝခြဲရခက္ဟန္ စဥ္းစားေနသည္...
ထို့ေနာက္မွ သက္ျပင္းတစ္ခုကိုခ်ကာ ေခါင္းျငိမ့္ျပလာတယ္...
"အင္း...ကိုယ္ကတိေပးတယ္ငယ္..."
Chanyeol တစ္ခ်က္ျပံဳးလိုက္ျပီးေနာက္
Mr.Byun ရဲ့အက်ႌျကယ္သီးတို့အား
ျပီးေအာင္ျပန္တပ္ေပးလိုက္သည္...
ဝမ္းဗိုက္မွဒဏ္ရာကို ေဆးေသခ်ာလိမ္းေပးတာလဲ သူပဲမဟုတ္လား...
"ငယ္?!ဒါကဘယ္လိုျဖစ္တာလဲ"
Chanyeol ရဲ့ခါးမွ ဒဏ္ရာကို ဘယ္လိုေတြ့သြားတယ္ရယ္မသိေခ်... သူအျမန္ျပန္ဖံုးဖို့ျကိဳးစားလိုက္ေသာ္လဲ လ်င္ျမန္လွတဲ့ Mr.Byun ရဲ့မ်က္လံုးေျကာင့္ ဘယ္လိုမွဖံုးမရခဲ့...
Chanyeol ဘာမွမေျပာေတာ့ပဲ သက္ျပင္းသာခ်သည္...
"ခင္ဗ်ားတကယ္ပဲမမွတ္မိတာလား Mr.Byun..."
Baekhyun ေခါင္းျငိမ့္ျပသည္
ငယ္...သိပ္ခ်စ္ရတဲ့ ငယ့္ရဲ့ခါးမွာ ညိဳမဲစြဲရာလိုမ်ိဳး ဒဏ္ရာေလးျဖစ္ေနတယ္...
ငယ့္ကိုထိခိုက္မခံနိုင္လြန္းလို့ အိမ္အျပင္ေတာင္ မထြက္ခိုင္းခဲ့တာ... ဘာလို့ငယ္ကထိခိုက္ရတာလဲ?
ငယ့္နာက်င္မွုက သူ့နွလံုးသားကို ဓားနဲ့မြွန္းေနသလို ထပ္တူနာက်င္ရျပန္သည္...
"ဒါက..."
အေတြးထဲေပါ္လာတဲ့ ပံုရိပ္ေျကာင့္ မိမိကိုယ္ကိုပင္သတ္ပစ္ခ်င္စိတ္ ထြက္လာရသည္...
ငယ္...သူ့ရဲ့ငယ္ကို နာက်င္ေစတာ သူကိုယ္တိုင္ပဲမဟုတ္လား?
"shit!ဒီလက္ေတြက အသံုးမက်တာ..."
ေျပာရင္း သူ့လက္ဖဝါးကို ေဘးမွာရွိတဲ့ ဓားနဲ့စိုက္ခ်လိုက္ေသာ Mr.Byun...
စားပြဲခံုေအာက္အထိ ေဖာက္ထြက္သြားတဲ့ ဓားေျကာင့္
Chanyeol လန့္သြားေပမဲ့ ေသြးအလိမ္းလိမ္းစီးက်ေနတဲ့ လက္ကိုမမွိန္မသုတ္စိုက္ျကည့္ေနေသာ Mr.Byun ကေတာ့တစ္ခ်က္ေတာင္မမဲ့ေခ်...
"Mr.Byun!ခင္ဗ်ားရူးေနတာလား?!ဘာလို့အဲ့လိုလုပ္ရတာလဲ!"
"ဒီလက္ေတြက ငယ့္ကိုနာက်င္ေစလို့ အျပစ္ေပးတာပါငယ္..."
"ခင္ဗ်ားရူးေနျပီ Mr.Byun..."
"အဲ့တာငယ့္ေျကာင့္ေလ..."
Mr.Byun စကားေျကာင့္ Chanyeol ေခါင္းကိုသာခါမိသည္...
အဲ့လိုမွမဟုတ္တာ Mr.Byun...
ခပ္ေသးေသး ဒဏ္ရာေလးေတြကအစ ခင္ဗ်ားဒီေလာက္ဂရုစိုက္ေနဖို့...
ျပီးေတာ့ ခင္ဗ်ားနာက်င္ရဖို့ က်ြန္ေတာ္ဒီမွာရွိေနတာမဟုတ္ဘူးေလ...
ဒါကိုဘယ္လိုရွင္းျပသင့္လဲ Mr.Byun ရယ္...
ခင္ဗ်ားကသိပ္ရူးမိုက္လြန္းတယ္...
"အရမ္းနာေနလားငယ္...ကိုယ္ေတာင္းပန္ပါတယ္ေနာ္"
"က်ြန္ေတာ္ဘာမွမျဖစ္တာမို့ ေနာက္တစ္ခါဒီလိုထပ္မလုပ္ပါနဲ့... မဟုတ္ရင္ က်ြန္ေတာ္ဘာလုပ္မိမလဲ အာမမခံဘူးေနာ္..."
တိတ္ဆိတ္သြားေသာ အခန္းငယ္ေလးထဲတြင္ လူတစ္ေယာက္၏ ေသြးေတာက္ေတာက္စီးက်ေနေသာ လက္ကို တယုတယကိုင္တြယ္ရင္း ေဆးလိမ္းေပးေနေသာ ေကာင္ေလးတစ္ေယာက္ရွိတယ္...
ခ်စ္ျခင္းတရားဟူသည္ ထုတ္ေဖာ္ျပီးမေျပာျပရင္ေတာင္ အလိုလိုေလးနက္လြန္းေနတာမ်ိဳး...
***************************
Unicode>>>
သူဒဏ်ရာရနေစဉ်အတွင်း ငယ်အနားမှာရှိပေးနေတာကြောင့် Baekhyun အရမ်းပျော်နေမိတယ်...
ကျွန်တော့်ရဲ့ငယ်...
ကျွန်တော့်ကိုသိပ်မုန်းနေခဲ့တဲ့ငယ်...
အခုလိုဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်ငယ်...
ငယ့်အပေါ်မကောင်းတဲ့ ကိုယ့်လိုလူအပေါ် ဒီလိုနည်းနည်းလေးငဲ့ကြည့်ပေးလို့ အရမ်းကျေးဇူးတင်တယ်...
ငယ်သိလား?အခုကိုယ်အရမ်းပျော်နေတာ...
ငယ်ကလေ...ကိုယ့်ကို တစ်သက်လုံးတစိမ်းဆန်ဆန်ပဲ ဆက်ဆံသွားတော့မယ်လို့ ထင်ပြီးအမြဲနာကျင်ခဲ့ရတယ်...
ငယ်သိမှာမဟုတ်ဘူး...
ဟင့်အင်း...ငယ်မသိပါနဲ့...
နာကျင်မှုဆိုတာမျိုးတွေကို ကိုယ်ပဲခံယူမှာမို့ ကိုယ့်ရဲ့ငယ်လေးကတော့ သေချာပေါက်အမြဲပြုံးနေရမယ်လေ...
ကိုယ့်အတွေးနဲ့ ကိုယ်လုပ်ရပ်တွေက ငယ့်အပေါ်အတ္တဆန်လွန်းနိုင်ပါတယ်...
ဒါပေမဲ့ ဒါတွေအားလုံးက မင်းအတွက်လုပ်ခဲ့တာပါ ငယ်...
"Mr.Byun..."
အရင်လို Byun လို့ပြန်ခေါ်ဖို့ မဖြစ်နိုင်တော့ဘူးလားငယ်?
ငယ်စိတ်မဝင်စားခဲ့ပေမဲ့ ဒီနာမ်စားကိုကိုယ်သိပ်မုန်းတာ...
ဒါပေမဲ့ ငယ်ကဒီလိုခေါ်ရတာ ပျော်တယ်ဆိုရင်တော့ ငယ်ပျော်ရာကို ကိုယ်ရွေးချယ်မိဦးမယ်ထင်တယ်...
"ပြောလေ ငယ်..."
"ခင်ဗျားဒဏ်ရာရထားတာ ကျွန်တော့်ကိုကြိုပြောသင့်တယ်မလား? ဘာလို့ဖုံးထားခဲ့တာလဲ?"
သက်ပြင်းတစ်ချက်ချကာ ပြောလာသော ငယ့်စကားတွင် Mr.Byun ခပ်ယဲ့ယဲ့ပြုံးသည်...
Mr.Byun ရဲ့နှုတ်ခမ်းသားတွေက သွေးမရှိသလိုဖြူစုတ်နေပြီး အနည်းငယ်နွမ်းလျနေတဲ့ပုံစံက ခေါင်းဆောင် Light နဲ့ပင်မတူလှ...
သို့သော်...
အခုချိန်ထိအပြုံးမပျက်ပဲ ဘာနာကျင်မှုမှမရှိသလို နေပြနေတဲ့ Mr.Byun ကတော့ ကျွန်တော့်ရဲ့ Mr.Byun အသွင်ကနေပြောင်းလဲမသွားခဲ့ဘူး...
"ကျွန်တော်မေးတာဖြေလေ..."
"ငယ်ကသွေးတွေကို မုန်းတယ်မလား? သွေးအလိမ်းလိမ်းနဲ့ ကိုယ့်ပုံစံကိုငယ့်ကိုမပြချင်လို့ပါ..."
ကျွန်တော်မုန်းတဲ့သွေးဆိုတာက ခင်ဗျားတခြားတစ်ယောက်ကို ထိခိုက်အောင်လုပ်တဲ့အခါ သူတစ်ပါးနာကျင်ရတာကိုမုန်းတယ်လို့ပြောခဲ့တာ...
အခုလိုခင်ဗျားထိခိုက်လာရင်တော့...
Mr.Byun သိလား?
အဲ့သွေးတွေကိုတော့ ကျွန်တော့်နာကျင်မှုအဖြစ်သတ်မှတ်တယ်...
"အဲ့တာနဲ့ပဲ ခင်ဗျားကမနာတော့ဘူးလား...တစ်ခုခုဖြစ်ရင် ခင်ဗျားသေမယ်ဆိုတာ သိရဲ့လား Mr.Byun!"
စိတ်ပူသလိုလေး ဆူငေါက်နေတဲ့ ငယ့်ကို Baekhyun ပီတိပြုံးလေးနဲ့စိုက်ကြည့်နေမိတယ်...
အခုချိန်မှာ ငယ် သူ့ကိုစိတ်ပူနေတယ်လို့ပဲ မှတ်ယူထားပါရစေလေ...
"ကျွန်တော်ပြောတဲ့အထဲမှာ ရီစရာပါလို့လား Mr.Byun..."
"ငယ်.."
"အင်း"
"ကိုယ့်ကိုစိတ်မဆိူးပါနဲ့...
ကိုယ့်အသက်ထက် ငယ်မုန်းတဲ့ဟာကိုမမြင်ရဖို့က ပိုအရေးကြီးလို့ပါ..."
ငယ်အတန်ကြာတဲ့အထိ တိတ်ဆိတ်သွားတာကို မြင်နိုင်သည်...
သက်ပြင်းချသံတစ်ခုနဲ့အတူ မျက်ဝန်းမှမျက်ရည်တွေကလဲ ဝေ့သီလာခါနီးပင်...
ခင်ဗျားနာကျင်ရင် ကျွန်တော်နာကျင်ရတယ်ဆိုတာကိုရော တွေးခဲ့မိရဲ့လား Mr.Byun...
"ခင်ဗျားကသိပ်တစ်ကိုယ်ကောင်းဆန်တာပဲ..."
ခပ်တိုးတိုးရေရွတ်ကာ ထထွက်သွားဟန်ပြင်နေတဲ့ ငယ့်ရဲ့လက်ကို Baekhyun တင်းကြပ်စွာဆုပ်ကိုင်ထားမိတယ်...
"ကိုယ့်ကိုစိတ်ဆိုးသွားတာလား ငယ်?"
"အင်း ကျွန်တော်ခင်ဗျားကိုစိတ်ဆိုးတယ် Mr.Byun..."
ခင်ဗျားရဲ့အရာအားလုံးကို မသိရတဲ့အတွက်...ကျွန်တော့်ကို အလေးမပေးတဲ့အတွက် စိတ်ဆိုးတယ်...
"ကိုယ်...ကိုယ်ဘာလုပ်ပေးရမလဲဟင်? ငယ်ကျေနပ်အောင် ဘယ်လိုတောင်းပန်ရမလဲ?"
အသည်းအသန်မေးလာတဲ့ ထိုလူကြီးအဖြေကို Chan မဖြေနိုင်သေးပါ...
Mr.Byun ဟာ သူစိတ်ဆိုးတာကို သေရမှာထက်ကြောက်တယ်လို့ ပြောခဲ့ဖူးတာကိုပြန်တွေးမိတယ်...
ကျွန်တော့်ရဲ့အရာအားလုံးက ခင်ဗျားအသက်ထက် အရေးကြီးနေသလောက် ခင်ဗျားကကျွန်တော့်ရဲ့အရာရာဖြစ်နေတယ် Mr.Byun ရဲ့...
မတ်တပ်ရပ်နေသော ငယ်က သူရှိနေတဲ့ ကုတင်ဘေးတွင် တင်လွှဲထိုင်လိုက်ကာ သူ့မျက်ဝန်းတို့အားစိုက်ကြည့်လာသည်...
Baekhyun ထိုကဲ့သို့ တစ်ခါမှအကြည့်မခံရဖူးတာကြောင့် နှလုံးသားတစ်ခုလုံး ပေါက်ထွက်တော့မတတ်ပင်...
ကောင်လေးရဲ့အရာရာဟာ သူ့ကိုပြုစားနိုင်သည်...
"ကျွန်တော့်ကိုကတိပေးမလား Mr.Byun?"
"ကတိ?"
"အင်း...တကယ်လို့ခင်ဗျားရဲ့အရာအားလုံး ကျွန်တော့်ကိုထပ်ပြီးမဖုံးကွယ်ပါဘူးလို့ ကတိပေးရင် ကျွန်တော်စိတ်မဆိုးပဲနေမယ်"
Mr.Byun အတန်ကြာတိတ်ဆိတ်သွားပြီးနောက် ဝေခွဲရခက်ဟန် စဉ်းစားနေသည်...
ထို့နောက်မှ သက်ပြင်းတစ်ခုကိုချကာ ခေါင်းငြိမ့်ပြလာတယ်...
"အင်း...ကိုယ်ကတိပေးတယ်ငယ်..."
Chanyeol တစ်ချက်ပြုံးလိုက်ပြီးနောက်
Mr.Byun ရဲ့အကျႌကြယ်သီးတို့အား
ပြီးအောင်ပြန်တပ်ပေးလိုက်သည်...
ဝမ်းဗိုက်မှဒဏ်ရာကို ဆေးသေချာလိမ်းပေးတာလဲ သူပဲမဟုတ်လား...
"ငယ်?!ဒါကဘယ်လိုဖြစ်တာလဲ"
Chanyeol ရဲ့ခါးမှ ဒဏ်ရာကို ဘယ်လိုတွေ့သွားတယ်ရယ်မသိချေ... သူအမြန်ပြန်ဖုံးဖို့ကြိုးစားလိုက်သော်လဲ လျင်မြန်လှတဲ့ Mr.Byun ရဲ့မျက်လုံးကြောင့် ဘယ်လိုမှဖုံးမရခဲ့...
Chanyeol ဘာမှမပြောတော့ပဲ သက်ပြင်းသာချသည်...
"ခင်ဗျားတကယ်ပဲမမှတ်မိတာလား Mr.Byun..."
Baekhyun ခေါင်းငြိမ့်ပြသည်
ငယ်...သိပ်ချစ်ရတဲ့ ငယ့်ရဲ့ခါးမှာ ညိုမဲစွဲရာလိုမျိုး ဒဏ်ရာလေးဖြစ်နေတယ်...
ငယ့်ကိုထိခိုက်မခံနိုင်လွန်းလို့ အိမ်အပြင်တောင် မထွက်ခိုင်းခဲ့တာ... ဘာလို့ငယ်ကထိခိုက်ရတာလဲ?
ငယ့်နာကျင်မှုက သူ့နှလုံးသားကို ဓားနဲ့မွှန်းနေသလို ထပ်တူနာကျင်ရပြန်သည်...
"ဒါက..."
အတွေးထဲပေါ်လာတဲ့ ပုံရိပ်ကြောင့် မိမိကိုယ်ကိုပင်သတ်ပစ်ချင်စိတ် ထွက်လာရသည်...
ငယ်...သူ့ရဲ့ငယ်ကို နာကျင်စေတာ သူကိုယ်တိုင်ပဲမဟုတ်လား?
"shit!ဒီလက်တွေက အသုံးမကျတာ..."
ပြောရင်း သူ့လက်ဖဝါးကို ဘေးမှာရှိတဲ့ ဓားနဲ့စိုက်ချလိုက်သော Mr.Byun...
စားပွဲခုံအောက်အထိ ဖောက်ထွက်သွားတဲ့ ဓားကြောင့်
Chanyeol လန့်သွားပေမဲ့ သွေးအလိမ်းလိမ်းစီးကျနေတဲ့ လက်ကိုမမှိန်မသုတ်စိုက်ကြည့်နေသော Mr.Byun ကတော့တစ်ချက်တောင်မမဲ့ချေ...
"Mr.Byun!ခင်ဗျားရူးနေတာလား?!ဘာလို့အဲ့လိုလုပ်ရတာလဲ!"
"ဒီလက်တွေက ငယ့်ကိုနာကျင်စေလို့ အပြစ်ပေးတာပါငယ်..."
"ခင်ဗျားရူးနေပြီ Mr.Byun..."
"အဲ့တာငယ့်ကြောင့်လေ..."
Mr.Byun စကားကြောင့် Chanyeol ခေါင်းကိုသာခါမိသည်...
အဲ့လိုမှမဟုတ်တာ Mr.Byun...
ခပ်သေးသေး ဒဏ်ရာလေးတွေကအစ ခင်ဗျားဒီလောက်ဂရုစိုက်နေဖို့...
ပြီးတော့ ခင်ဗျားနာကျင်ရဖို့ ကျွန်တော်ဒီမှာရှိနေတာမဟုတ်ဘူးလေ...
ဒါကိုဘယ်လိုရှင်းပြသင့်လဲ Mr.Byun ရယ်...
ခင်ဗျားကသိပ်ရူးမိုက်လွန်းတယ်...
"အရမ်းနာနေလားငယ်...ကိုယ်တောင်းပန်ပါတယ်နော်"
"ကျွန်တော်ဘာမှမဖြစ်တာမို့ နောက်တစ်ခါဒီလိုထပ်မလုပ်ပါနဲ့... မဟုတ်ရင် ကျွန်တော်ဘာလုပ်မိမလဲ အာမမခံဘူးနော်..."
တိတ်ဆိတ်သွားသော အခန်းငယ်လေးထဲတွင် လူတစ်ယောက်၏ သွေးတောက်တောက်စီးကျနေသော လက်ကို တယုတယကိုင်တွယ်ရင်း ဆေးလိမ်းပေးနေသော ကောင်လေးတစ်ယောက်ရှိတယ်...
ချစ်ခြင်းတရားဟူသည် ထုတ်ဖော်ပြီးမပြောပြရင်တောင် အလိုလိုလေးနက်လွန်းနေတာမျိုး...
***************************