Annoy But I Love

By Flying___S

112K 14.5K 755

ကျောင်းရဲ့ဗရုတ် Park Chanyeol ဟာ အတန်းရဲ့ စာအတော်ဆုံး စည်းကမ်းအရှိဆုံး ကျောင်းသား Byun Baekhyun ကို ချစ်မိသွာ... More

2
3
4
5
6
7
8
9
hey guys
10
11
12
13
14
!
15
16
Final (Zawji)
Final (Unicode)

1

17K 1.2K 32
By Flying___S





......................

Baekhyun ဖေဖေက ဘူဆန် မြို့လေးကို ရာထူးတိုးကျတာမလို့ Baekhyunတို့မိသားစုပါ လိုက်ပါပြောင်းရွှေ့ခဲ့ရပြီး Byun Baekhyun ရဲ့အထက်တန်းနှစ်တွေကို ဘူဆန်မှာ ကုန်ဆုံးဖို့ အကြောင်းဖန်လာတယ်။


"ဝင်ခွင့်ပြုပါ Sam''


"ရက်စ်ဆား''

အတန်းထဲ စဝင်လာကတည်းက ထောင့်မကျိုး ပြောင်စပ်စပ်နဲ့မလို့ Baekhyun ထိုအုပ်စုကို စစတွေ့ချင်းမှာပင် ကြည့်မရ...




"ဘာကြီး?''



"မဟုတ်တာကွာ မင်းကလည်း''







.........................


အဆိုးဆုံးစိတ်အနှောင့်အယှက်ကတော့ ကျောင်းဝန်းထဲမဝင်ခင်ကနေ အတန်းထဲရောက်ဖို့အထိ သွားရတဲ့အကွာအဝေးတလျှောက်လုံး စိုက်ကြည့်နေတတ်တဲ့ မျက်ဝန်းတစ်စုံ....













...........................




"ဘာမှမဖြစ်ပါဘူးကွာ''





.................................................



TBC

Unicode

"မျက်လုံးကြီးလည်း ကျွတ်ပြီး ပြေးကပ်သွားဦးမယ် ငါ့ကောင်ကြီးရာ''

အတန်းထဲတွင် ဆရာ မလာသေးသဖြင့် ကမ္ဘာပျက်သလို ဆူညံပွက်လောရိုက်နေသည်။ Park Chanyeol ကတော့ နောက်ပြန်လှည့်ထိုင်ပြီး စာတတွတ်တွတ်ကျက်နေသော ကောင်လေးကို တစိမ့်စိမ့်ထိုင်ကြည့်နေသည်...ဘေးက Kim Jongin တို့ကလည်း Chanyeolကို လှမ်းစနေကြတယ်... Chanyeol ရဲ့အကြည့်စူးစူးကို လက်ခံနေရတဲ့ ကောင်လေး မျက်နှာကတော့ ဒေါသကြောင့်လား ရှက်တာကြောင့်လား နီရဲလို့...

"မင်းတို့ကလည်း ငါ့အကောင်ပေါက်လေး ရှက်သွားပြီကွ မစကြပါနဲ့''

ပတ်ချန်ယောရဲ့ စကားသံအဆုံး ဝုန်းခနဲ မတ်တပ်ထရပ်ပြီး ပြေးထွက်သွားသော Byun Baekhyun....

......................

Baekhyun ဖေဖေက ဘူဆန် မြို့လေးကို ရာထူးတိုးကျတာမလို့ Baekhyunတိ့ုမိသားစုပါ လိုက်ပါပြောင်းရွှေ့ခဲ့ရပြိီး Byun Baekhyun ရဲ့အထက်တန်းနှစ်တွေကို ဘူဆန်မှာ ကုန်ဆုံးဖို့ အကြောင်းဖန်လာတယ်။

မြို့လေးက အေးချမ်းပါတယ် ကျောင်းတက်ရက်တွေလည်း အွန်း အစပိုင်း နှစ်ရက်သုံးရက်တော့ ပုံမှန်ပါပဲ အတန်းဖော်တွေကလည်း ဖော်ရွေသဘောကောင်းကြတာမလို့ အရာရာ အဆင်ပြေမယ်ထင်ခဲ့တယ်... အဲ Park Chanyeolဆိုတဲ့ ဗရုတ်တို့အုပ်စု ကျောင်းမတက်ခင်အထိပေါ့

"ဝင်ခွင့်ပြုပါ Sam''

"မင်းတို့က ထုံးစံအတိုင်း ကျောင်းဖွင့်ပြီး နှစ်ရက်လောက်မှ တက်၊ လာပြီဆိုလည်း နောက်ကျ
ဒီရက်တော့ထားလိုက်မယ် နောက်ရက်တွေဆိုရင်တော့ သိတယ်မလား ဘောလုံးကွင်းသုံးပတ်''

"ရက်စ်ဆား''

အတန်းထဲ စဝင်လာကတည်းက ထောင့်မကျိူး ပြောင်စပ်စပ်နဲ့မလို့ Baekhyun ထိုအုပ်စုကို စစတွေ့ချင်းမှာပင် ကြည့်မရ...
ထိုဗရုတ်အုပ်စုကို ဘုကြည့်ကြည့်နေမိစဉ် အဲအုပ်စုထဲက အရပ်ရှည်ရှည်နားကားကားနဲ့တစ်ယောက်က ဖြတ်ခနဲလှည့်အကြည့်...ဇာတ်လမ်းက ထိုသို့ထိုပုံ စခဲ့ပါတယ်

ယောက်ျားလေးသီးသန့်ကျောင်းဆိုပေမယ့်လို့ ပေါက်ပေါက်အရမ်းဖောက်တဲ့ကောင်တွေ စုထားတဲ့ Baekhyunတို့အတန်းကတော့ ထုံးစံအတိုင်း စကားသံတွေနဲ့ဆူညံလို့ ...
အတန်းထဲ မုန့်ထုပ်တွေကိုင် ဝင်လာတဲ့ Sehunက Baekhyun ရှေ့ခုံကို ဝင်ထိုင်လိုက်ပြီး စကားစလာသည်။

"Baekhyun မင်းကို Chanyeolက ကြိုက်လို့တဲ့''

Sehunက မုန့်ပလုတ်ပလောင်း စားရင်း ပြောလာတာမလို့ Baekhyun သေချာ မကြားလိုက်...Sehunကလည်း ကျောင်းပြောင်းတစ်ယောက်ပါ ကျောင်းသားအသစ်ချင်းပေါင်းမိပြီး Sehun နဲ့ အတော်အသင့်ခင်နေပြီ

"ဘာကြီး?''

"မင်းကို Park Chanyeol က ကြိုက်လို့တဲ့''

Omma!!!မဆီမဆိုင် အိမ်ကအမေကိုတောင် တမိသွားတယ်။ဒီကောင် ဘယ်က မဟုတ်မဟတ်တွေကြားလာပြန်ပြီလဲ

"မဟုတ်တာကွာ မင်းကလည်း''

"တကယ်ပြောတာ ငါ ကန်တင်းမှာ မုန့်ဝယ်နေတုန်း ကြားခဲ့တာ Hyuneeက ချစ်စရာလေး ငါ ကြိုက်တယ်ဆိုပြီး Park Chanyeol ပါးစပ်ကကိုပြောနေတာ''

"အာ Hyunee ဆိုတိုင်း ငါဟုတ်ချင်မှဟုတ်မှာပါကွာ Jaehyun တို့လည်းရှိတာပဲ''

"အာ ဟုတ်သားပဲနော် ဆောရီး ဟီး''

Sehun က အားနာပြီး ရှေ့ပြန်လှည့်သွားသည်။ Baekhyun စာရေးခုံပေါ် တင်ထားတဲ့ မုန့်တွေကို ယူသွားဖို့တော့ မမေ့ဘူး သူ့မုန့်ထုပ်တွေအကုန်ရှေ့ပြန်ပိုက်သယ်သွားသည်.... သူ့မုန့်တွေကဖြင့် ကလေးတွေတောင်စားတော့မှာမဟုတ်တဲ့ ကွတ်ကီးတွေကိုများ ><

"ကိုယ့်မုန့်ကိုတောင် တစ်ယောက်တည်း လုစားနေတဲ့ကောင်''
Sehun ကို တိုးတိုးလေး ဟားလိုက်ရင်း ခုရက်ပိုင်း သူ့ဆီရောက်ရောက်လာပြီး တော်တော်နဲ့ခွာမသွားတဲ့ မျက်လုံးတစ်စုံကို Baekhyun ဖြတ်ခနဲ မြင်ယောင်လိုက်မိသည်...

သူ့အနီးအနားတစ်ဝိုက်မှာ အသေးစားရင်ခုန်မှုလေးဟာ ကြိမ်နှုန်းဖြည်းဖြည်းလေးနဲ့ လှုပ်ရှားသွားတာကို ပဲနို့ဘူးလေး တပြွတ်ပြွတ်စုပ်နေတဲ့ Sehyun တစ်ယောက် မသိလိုက်ပါ xD

.........................

ကျောင်းရှေ့ အုတ်ခုံပေါ်မှာ ထိုင်ပြီး ရယ်မောနေကြတဲ့ Park Chanyeol တို့ ဗရုတ်အုပ်စုကို မြင်လိုက်တော့ Baekhyun တစ်ယောက် ထိုင်ငိုချင်သွားသည်...ဒီကောင်တွေ ကျောင်းရှေ့ကခုံပေါ်မှာ ထိုင်ထိုင်နေတတ်တာ သုံးရက်လောက်ရှိပြီ...

လူကြောက်တာတော့မဟုတ် ဒါပေမယ့် လူရှုပ်ရှုပ်ကို Baekhyun မကြိုက်တာ ဟိုးငယ်ငယ်လေးတည်းက... လူများများရှိလျှင် ထိုနေရာကို ရှောင်တတ်တဲ့ Baekhyun အတွက် အဲဒီ့အုပ်စုက ကြီးမားတဲ့ စိတ်အနှောင့်အယှက်ပဲ...
အဆိုးဆုံးစ်ိတ်အနှောင့်အယှက်ကတော့ ကျောင်းဝန်းထဲမဝင်ခင်ကနေ အတန်းထဲရောက်ဖို့အထိ သွားရတဲ့အကွာအဝေးတလျှောက်လုံး စိုက်ကြည့်နေတတ်တဲ့ မျက်ဝန်းတစ်စုံ....

"ချစ်လိုက်ရတာ အကောင်ပေါက်လေးရယ်''

သူတို့ရှေ့တည့်တည့်ရောက်ကာမှ ထွက်လာသော အသံသြသြကြီး...ဘယ်သူအော်လိုက်တာလဲ လှမ်းကြည့်စရာမလို တစ်ကျောင်းလုံးမှာ လူနဲ့လိုက်တဲ့ အသံသြသြကြီးရဲ့ပိုင်ရှင်က Park Chanyeol တစ်ယောက်ပဲရှိတာ

မရပ်နဲ့ လန့်ပြီး မင်းခြေလှမ်းတွေကို မရပ်လိုက်မိစေနဲ့ >< Baekhyun ကိုယ့်ကိုယ်ကို သတိပေးရင်း အားတင်းပြီး လျှောက်နေဖို့ကြိုးစားလိုက်တယ်

"ဟိုနေ့ကတော့ သူ့နှူတ်ခမ်းပိစိလေးပေါ်က မှဲ့လေးကို အသည်းယားလို့ မှဲ့ပိစိလေးရေလို့ ခေါ်မှာဆို ဟျောင့်''

သူ့ဘော်ဒါတစ်ယောက်က အာပြဲကြီးနဲ့ထအော်တော့ ''ချစ်သူတွေဖြစ်မှ မှဲ့လေးလို့ခေါ်မယ်ကွာ''ဆိုပြီး ပြောရင်း Chanyeolက သူ့စကားသူ သဘောကျသွားတဲ့ပုံပဲ တဟီးဟီးနဲ့

ငါ့ကိုရိသဲ့သဲ့လုပ်နေတာလားဆိုပြီး ဒေါသထောင်းခနဲထွက်လာတာနဲ့ လျှောက်နေတဲ့ ခြေလှမ်းတွေကို ရပ်တန့်ပြီး Baekhyun ခပ်တည်တည်လှည့်ကြည့်လိုက်တယ်...တဟီးဟီး ရယ်နေတဲ့ Park Chanyeol က အရယ်ရပ်သွားပြီး ရုတ်တရက် ရင်ဘက်ကို လက်တစ်ဖက်နဲ့ အုပ်ကိုင်ရင်း အုတ်ခုံပေါ် လဲကျသွားတယ် ဝုန်းခနဲ

"ဟား တစ်ချက်ပဲ ကြည့်ရသေးတယ် ငါ့ကောင်ကတော့ ဟတ်အကြီးကြီးထိသွားပြီ ခွီးခွီးခွီး''

Baekhyun မျက်ရည်တွေပါ ဝဲတက်လာသည်...ငါက မင်းတို့ စနောက်တိုင်းခံမယ့် ပျော့ညံ့တဲ့ကောင်မဟုတ်ဘူးလို့ ရင်ထဲမှာ အခါခါအော်နေရင်းကပဲ Park Chanyeol တို့ အုပ်စုနဲ့ ဝေးရာစီ ပြေးထွက်ခဲ့မိသည် ... တကယ်ချစ်တာလည်းမဟုတ်ပဲ ဘာလို့ လိုက်နှောင့်ယှက်နေရတာလဲ

"သူ စိတ်ဆိုးသွားပြီ ထင်တယ် မင်းတို့ကလည်းကွာ အရမ်းပဲရယ်နေစနေတာကို''

ပြေးသွားတဲ့ ကျောပြင်သေးသေးလေးကို ကြည်ပြီး ထွက်လာတဲ့ Chanyeol အသံက ဆူဆောင့်ဆောင့်... အောင်မာ သူ့အတွက်လည်း လုပ်ပေးရသေးတယ် Jongin လည်း စိတ်ပေါက်ပေါက်ရှိတာနဲ့ Chanyeol ကို နားရင်းတစ်ချက်တီးလိုက်သည်။

"မင်းပဲ လှော်ပေးဆို ဟျောင့်ရ''

"ငါ့အကောင်ပေါက်လေး စိတ်ဆိုးသွားမယ် မထင်လို့ပေါ့ကွာ မင်းတို့ကိုက အရမ်းပဲ''

...........................

ကျောင်းပေါက်ကနေ အတန်းထဲရောက်တဲ့အထိ
ပြေးခဲ့တာမလို့ ရင်ဘက်တစ်ခုလုံး ပေါက်ထွက်မတတ် မောလိုက်တာ ...

"Baekhyun ဘာဖြစ်လာတာလဲ''

မျက်ရည်မကျအောင် ထိန်းထားလို့ Baekhyun ရဲ့ မျက်လုံးအစုံဟာ ရဲလို့ ...

"ဘာမှမဖြစ်ပါဘူးကွာ''

ဝမ်းနည်းစိတ်နဲ့ စားပွဲပေါ်ကို မှောက်အိပ်နေလိုက်သည်။ Baekhyun က psycho တစ်မျိုးရှိတယ် လူတွေက သူ့ကို ဘယ်လိုမြင်မလဲဆိုပြီး အရမ်းအတွေးများတဲ့ Psycho...

Humm! အလုပ်ပင်ပန်းတာအကြောင်းပြ အရက်သောက်ပြီး မူးပြန်လာတိုင်း ဖေဖေ ပြောနေကြ ''မင်းက ပျော့ညံ့တဲ့ကောင် မအေတူသား''ဆိုပြီး ခဏခဏ စွပ်စွဲ ငေါက်ငမ်းနေတာ မှန်များမှန်နေလား ...

မေမေ ပါ သူ့ကြောင့်အနှိမ်ခံရမစိုးလို့ ဘယ်နေရာမှာမဆို သူများထက်မသာတောင် မနိမ့်အောင် ကြိုးစားခဲ့တာမလို့ Baekhyun ကပညာရေးမှာလည်း ထိပ်ဆုံးက... လူမှုရေးပိုင်းမှာလည်း အတော်အတန်ကောင်းတဲ့စာရင်းထဲပါသည်....

ဒါပေမယ့်  ဖေဖေကတော့ ငေါက်မြဲပဲ
အလိုလိုမှ စိတ်ခံက မကောင်းရတဲ့ကြားထဲ ဒီကိစ္စနဲ့ပတ်သတ်ပြီးပဲ Baekhyunအတွက် အတွေးများစရာ တစ်ခုတိုးလာပြန်ပြီ
Park Chanyeol တို့အုပ်စုရဲ့ အမြင်မှာရော ငါ လွယ်လွယ်နဲ့ ရမယ့် ပျော့ညံ့ညံ့ကောင်ပဲလား....
မင်းထင်တာ မှားနေကြောင်း မင်းသိလာစေရမယ် Park Chanyeol

.................................................

လုံးလုံး လုံးလုံးနဲ့ ပြေးထွက်သွားတဲ့ ကျောလေးကို နှမြောတသ ငေးကြည့်ပြီး ဆွေးနေရ....

ကိုယ့်ဆီကနေ တစ်ခါပဲ ထွက်ပြေးခွင့်ပြုမယ်
ပြီးရင်တော့ ရင်ဘက်ကြီးထဲမှာ တစ်သက်လုံး ဖမ်းသိမ်းထားတော့မှာ သဲလေးရ

TBC

Continue Reading

You'll Also Like

393K 81.5K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...
267K 55.6K 76
නිරූ .....සදාකාලික ආදරයක් තියන හාදුවකින් පුලුවන්ලු.....මැරුනත් ආපහු පන පොවන්න.....!!
55.1K 7.7K 29
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
109K 26.4K 76
හීන ........ හැමෝගෙම හිත්වල හීන තියෙනවා .... ඒත් විවිධාකාරයි.... සමහර හීන අහසට පොළොව වගේ...... ඒත් කොතනකදි හරි මේ හීන එකට මුණගැහුනොත්...... එහෙම වෙ...