Beyond the galaxy(ZG+Uni)

By Zeon_Limit

22.8K 2.8K 522

တစ္ေန႕ငါတို႕စျကာဝ႒ာရဲ႕အစြန္းတစ္ေနရာကိုေရာက္ေအာင္သြားျကမယ္ မင္းရယ္ငါရယ္ဆိုတာပဲရွိတဲ႔ေနရာကိုေပါ့......! (Unicod... More

Introduction
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34

Part-13

476 78 16
By Zeon_Limit

(Zawgi)

ရုတ္တရက္ဆိုသလိုပဲလႊင္႔စင္လာတဲ႔ေသြးေတြက သီဟေက်ာျပင္ေပၚက်ဆင္းသြားျပီးေက်ာျပင္တစ္ခုလံုးေႏြးကနဲျဖစ္သြားေစတယ္။အျဖစ္အပ်က္အကုန္လံုးမွာသီဟအသက္၅ျကိမ္ရွဴ၍မျပည့္ေသးခင္အတြင္းမွာျဖစ္သြားတဲ႔အတြက္မ်က္လံုးေျကာင္ျပီး ေခါင္းကိုလွမ္းကာထားတဲ႔မင္းရာဇာရဲ႕ရင္ခြင္ထဲမွာမွင္သက္လို႔ေနတယ္။

မင္းရာဇာ နီရဲေနတဲ႔ေသြးမ်ားယိုစိမ့္ေနျကသည့္ပုခံုးအေနာက္ေက်ာျပင္အေပၚပိုင္းကိုလက္ျဖင့္လွမ္းဖိလိုက္တယ္။မျကာေသးခင္ပဲေနာက္ထပ္က်ည္ဆံတစ္ခုထပ္ေရာက္လာမည္ဆိုတာကိုသိသည့္အတြက္ေျကာင့္သီဟကိုျပတင္းေပါက္ကြယ္ရာသို႔လွမ္းတြန္းပို႔လိုက္သည္။ေနာက္က်ည္ဆံတစ္ေတာင့္ထပ္ေရာက္လာခ်ိန္မွာေတာ့ ျပန္ရုတ္သိမ္းခ်ိန္မရေတာ့တဲ့သူ႕ရဲ႕ညာဘက္လက္ကိုထိမွန္သြားေတာ့တယ္။

မင္းရာဇာမ်က္နွာအေနအထာူအနည္းငယ္ပ်က္သြားရံုကလြဲျပီးတျခားမည္သည့္အသံ မည္သည့္ဟန္မွမရွိေပ။ခဏအျကာတြင္ထိုေနရာ၌ပင္ထုိင္က်သြားေလေတာ့တယ္။ေနာက္ထပ္က်ည္ဆံအရိပ္အေယာင္ေတာ့ထပ္ေရာက္မလာေတာ့ေပ။

သီဟအေရွ႕မွာျမင္လိုက္ရတဲ႔ေသြးထြက္သံယိုျမင္ကြင္းေတြကိုျကည့္ျပီးသူ႕မ်က္လံုးအေပၚယံမွာေရလႊာအပါးေလးကတင္လို႔ေနတယ္။နားထင္ေပၚကေခြ်းေစးမ်ားကတေျဖးေျဖးက်ဆင္းေနျပီးလက္ဖ်ားေျခဖ်ားမ်ားကလဲေအးစက္ေနတယ္။

"ေဟ့ေရာင္…မင္း…မင္းေသျပီလား"

သီဟတုန္တုန္ရီရီနဲ႔မင္းရာဇာေဘးနားေလွ်ာက္လာျပီးပုခံုးကိုလက္နဲ႔ကိုင္လႈပ္ေမးလိုက္တယ္။

"မင္းဘာမွမျဖစ္ဘူးမလား"

သီဟေခါင္းကိုတဆတ္ဆတ္ျငိမ့္ျပလိုက္သည္။
မင္းရာဇာရဲ႕အေနာက္ဘက္လက္ျပင္နဲ႔ညာဘက္လက္တစ္ဘက္လံုးအျဖတ္ခံလိုက္ရသိုထံုက်ဥ္ေနတယ္။နာက်င္မႈ႕ကိုေအာ္မျပဘူးဆိုေပမယ့္အနည္းငယ္တြန္႔ေနတဲ႔မ်က္ခံုးနဲ႔ႏႈတ္ခမ္းမွာေပၚလြင္လို႔ေနတယ္။

"ငါ…ဘာ လုပ္ရမွန္းမသိဘူး"

"ငါမင္းကိုဘာလုပ္ခိုင္းေနလို႕လဲ"

"မင္းျဖစ္ေနတဲ႔အေျခအေနကိုလည္းျကည့္ဦး ေသာက္စကားမ်ားမေနနဲ႔"

"လွဲစရာေနရာလိုတယ္ ဒီဧည့္ခန္းမွာလုပ္လို႔မျဖစ္ဘူး"

"လာငါ့အခန္းရွိတယ္"

"မင္းအခန္းကသန္႕လို႕လား"

"ေသာက္ျကီးေသာက္က်ယ္ေတြလာလုပ္မေနနဲ႔ထ"

သီဟထိုင္လ်က္ျဖစ္ေနတဲ႔႔မင္းရာဇာဘယ္ဘက္လက္ေမာင္းကိုဆြဲထူျပီးသူ႕အခန္းထဲသို႔ေခၚလာခဲ႔ေလသည္။ျပီးမွအခန္းထဲကသူ႕အိပ္ယာေဘးမွာမင္းရာဇာကိုထိုင္ဖို႔ေနရာေပးလိုက္ေလတယ္။

"ကဲ ငါဘာလုပ္ေပးရမလဲေျပာ"

"ေရရယ္ သန္႔တဲ႔အဝတ္ရယ္ ပိုးသတ္ေဆးရယ္ ဇာကနာရွည္ရွည္တစ္ခုရယ္ အရင္ယူလာေပး"

"ေအး…"

သီဟထိုေနရာကေနထျပီးအခန္းျပင္ခပ္သြက္သြက္ထြက္သြားေလတယ္။မျကာခင္မွာပဲအခန္းထဲျပန္ေျပးဝင္လာခဲ႔ျပီးလက္ထဲမွာေရတစ္ပံုးကိုဆြဲထားလ်က္အထုတ္တစ္ထုတ္ကိုတစ္ဖက္မွကိုင္ထားေလတယ္။

"ေရာ့ မင္းေျပာတဲ႔ဟာေတြ အဝတ္ကေတာ့ငါ့အဝတ္ထဲကတစ္ခုသာသံုးလိုက္"

"ေရေလးတစ္ဗံုးသယ္ရတာအဲ႔ေလာက္ေတာင္ပင္ပန္းစရာလိုလား"

မင္းရာဇာ သူ႕အေရွ႕တြင္ထိုင္လိုက္ေသာ အသက္ရွဴသံမ်ားျမန္ေနျပီးႏွာဖူးျပင္ေပၚမွာေခြ်းစက္ေတြတင္ေနတဲ႔သီဟကိုျကည့္ျပီးေမးလိုက္ေလတယ္။

"ဒီေဆးေတြက ငါဖန္ဆင္းလိုက္တယ္ထင္ေနတာလား စကားမမ်ားပဲလုပ္မွာသာလုပ္…"

"ငါ့အက်ၤီကူခြ်တ္ေပး"

"ေအး လာဒီကို"

"ေျဖးေျဖးလုပ္"

သီဟ ေသြးမ်ားစြန္းထင္းေပက်ံေနတဲ႔မင္းရာဇာရဲ႕အက်ၤီကိုကူညီျပီးဆြဲခြ်တ္ေပးလိုက္တယ္။ဒဏ္ရာနွစ္ခုျဖစ္ေသာေျကာင့္မင္းရာဇာရဲ႕ခႏၶာကိုယ္တစ္ခုလံုးပါေသြးေတြေပက်ံလို႔ေနတယ္။ဒဏ္ရာတစ္ဝိုက္နားကအသားေတြကညိဳမဲေနျပီးေသြးေတြတစိမ့္စိမ့္စီးက်ေနေလတယ္။

"ငါ့ဒဏ္ရာေတြကိုေရေဆးျပီး ေဘးနားကိုပိုးသတ္ေဆးထည့္လိုက္ အရက္ပ်ံနဲ႔အဲ႔ဇာကနာကိုစိမ္ထားလိုက္"

သီဟ သူေျပာတဲ႔အတုိင္းဇာကနာကိုအရက္ပ်ံစိမ္…အနာကိုပါေရေဆးေပးျပီးဒဏ္ရာတစ္ဝိုက္နားကိုပိုးသတ္ေဆးသုတ္လိမ္းေပးလိုက္တယ္။တစ္ခ်က္တစ္ခ်က္ပိုးသတ္ေဆးနဲ႔ဒဏ္ရာကိုထိမိလွ်င္မင္းရာဇာတြန္႕တြန္႕သြားတဲ႔အတြက္ေျကာင့္ဒဏ္ရာကိုမထိမိေအာင္ေသခ်ာဂရုစိုက္ေနရတယ္။

"ျပီးျပီ"

"အဝတ္တစ္ခုေပး…"

သီဟသူ႕အဝတ္ဗီရိုထဲကတီရွပ္တစ္ထည္ကိုထုတ္ေပးလိုက္တယ္။

"သန္႕လား"

"သန္႕တယ္ မသန္႕ဘူးထင္လဲျပီးရင္ပိုးသတ္ေဆးထပ္ထည့္ေပးမယ္"

"ငါ့ပါးစပ္နဲ႔ကိုက္မွာမို႕လို႔ေမးတာ"

"ေသာက္ဖင္ေခါင္းကက်ယ္ျပန္ျပီ"

"ငါ့ကိုအဲ႔ဇာကနာနဲ႔အထဲကက်ည္ဆံကိုဆြဲထုတ္ေပး"

"ဘာ…ငါမလုပ္နိုင္ဘူး"

"မလုပ္နိုင္ဘူးဆိုေတာ့ မင္းမလုပ္ေပးရင္ဘယ္သူကလုပ္ေပးမွာလဲ"

"ငါလုပ္ရင္နာမွာေနာ္"

"ရတယ္ မင္းပဲလုပ္ေပးရမွာ နာလဲ အိုေကတယ္"

သီဟခပ္တုန္တုန္နဲ႔အရက္ျပန္ခြက္ထဲကဇာကနာကိုဆယ္ယူလိုက္တယ္။မင္းရာဇာကေတာ့သီဟရဲ႕တီရွပ္ကိုလိပ္ျပီးပါးစပ္နဲ႔ကိုက္ထားေလတယ္။

က်ည္ဆံဝင္သြားတဲ႔အေပါက္နားကိုသီဟနဲနဲျဖဲျကည့္လိုက္တယ္။သိပ္ေတာ့မနက္ေပ။နည္းနည္းေလးဆြဲျပီးဇာကနာနဲ႔ထုတ္လိုက္လွ်င္ရသည္။
သို႕ေသာ္အနာကိုဆြဲျဖဲလိုက္တဲ႔ဒဏ္ကိုမင္းရာဇာခံနိုင္ပါ့မလားေတြးေနမိတယ္။

ဇာကနာကိုင္ရင္းေတြေဝေနတဲ႔သူ႕ကိုမင္းရာဇာလွည့္ျကည့္ျပီးလက္ေမာင္းကိုအနည္းငယ္တြန္႔ျပလိုက္တယ္။

"ေအးပါ ငါလုပ္ေနပါတယ္"

သီဟေခါင္းနွစ္ခ်က္ေလာက္ခါလိုက္ျပီးသတၱိေမြးလိုက္သည္။
ျပီးမွဒဏ္ရာကိုဆြဲျဖဲျပီးဇာကနာကိုအထဲထိုးထည့္လိုက္တယ္။

"အင္းမ္……ဟူး"

နာက်င္လြန္းတဲ႔အတြက္ေျကာင့္ညည္းတဲ႔အသံကပါးစပ္မွာသာအဝတ္မကိုက္ထားလွ်င္ေတာ္ေတာ္က်ယ္ေပမည္။
အနာထဲမွာဇာကနာကိုခဏတာမွ်လွည့္ေမႊျပီးအခါမွာေတာ့အထဲကက်ည္ဆန္ထိပ္ဖူးကိုစမ္းမိေလေတာ့တယ္။သီဟ ထိုက်ည္ဆံထိပ္ဖူးကိုေျဖးေျဖးခ်င္းဂရုတစိုက္ဆြဲထုတ္လိုက္ေလတယ္။တစ္ျပိဳင္နက္ထဲမွာပဲမင္းရာဇာရဲ႕ညည္းသံအက်ယ္ျကီးတစ္သံကက်ယ္ေလာင္စြာထြက္ေပၚလာေလသည္။

သီဟဇာကနာမွာပါလာတဲ႔က်ည္ဆံထိပ္ဖူးေလးကိုေဘးနားကအရက္ျပန္ခြက္ထဲပစ္ထည့္လိုက္ေလတယ္။

"ရလား…"

မင္းရာဇာသူ႕လက္ကိုလွမ္းျပျပီးလက္ကက်ည္ဆံကိုပါထုတ္ဖို႔လွမ္းျပလိုက္တယ္။

"ေအးပါ ငါကမင္းမခံနိုင္ေတာ့မွာစိုးလို႕။လုပ္ေပးမယ္"

သီဟ မင္းရာဇာရဲ႕လက္ကိုလွမ္းဆြဲလိုက္ျပီးလက္ေပၚကဒဏ္ရာထဲကက်ည္ဆံကိုပါထပ္ဆြဲထုတ္ေပးလိုက္သည္။က်ည္ဆံမထြက္မခ်င္းမင္းရာဇာရဲ႕က်ယ္ေလာင္စြာညည္းညဴေသာအသံကအခန္းထဲျပည့္နွက္လို႔ေနသည္။ေဆးထည့္ေပးျပီးအကုန္လံုးျပီးဆံုးသြားတဲ႔အခ်ိန္မွာေတာ့မင္းရာပါးစပ္ထဲမွာကိုက္ထားတဲ႔အဝတ္ကိုသီဟဆြဲထုတ္ေပးလိုက္ေလတယ္။

"ေတာ္ေတာ္နာေနလား"

မင္းရာဇာေျဖးေျဖးခ်င္းေခါင္းျငိမ့္ျပလိုက္သည္။နားထင္ေပၚကေခြ်းေစးေတြကိုသီဟလက္ထဲမွာကိုင္ထားတဲ႔အဝတ္တစ္ခုနဲ႕သုတ္ေပးလိုက္တယ္။ေနဝင္ခ်ိန္မွာေတြ႕ရေလ့ရွိတဲ႔လိေမၼာ္ေရာင္ေနမင္းျကီးကအခန္းတစ္ခုလံုးသို႔အလင္းျဖာေနေလသည္။

ေနေရာင္ေအာက္မွာေရႊဝါေရာင္သမ္းေနတဲ့မင္းရာဇာရဲ႕မ်က္နွာကိုသီဟေသခ်ာစိုက္ျကည့္လိုက္သည္။ဆြဲေဆာင္မႈ႕ရွိလွတဲ႔သူ႕ရဲ႕ခႏၶာကိုယ္ကလည္းေယာကၤ်ားခ်င္းေတာင္မနာလိုျဖစ္ရသည္။

"Thank you"

ဟုေျပာျပီးသီဟေဘးနားကပစၥည္းေတြကိုေကာက္သိမ္းေနလိုက္သည္။

"မလိုဘူး ငါကလူတစ္ေယာက္ကိုတစ္ခုခုေပးျပီးရင္ ငါလိုခ်င္တဲ႔တစ္ခုျပန္ယူတတ္တဲ႔အက်င့္ရွိတယ္"

"မင္းဘာလိုခ်င္တာလဲ"

"ငါမစဥ္းစားရေသးဘူးေလ"

"သိမ္းထားလိုက္ ေနာက္မွေျပာငါေပးနိုင္တဲ႔ဟာဆိုျပန္ေပးမယ္ ေစ်းျကီးတဲ႔ဟာေတာ့မျဖစ္ေစနဲ႔"

"ေကာင္းျပီေလ"

သီဟအခန္းကိုရွင္းလင္းျပီးတာနဲ႔အမိႈက္ေတြနဲ႔တျခားေသးေပေနတဲ႔ပစၥည္းေတြကိုအိတ္တစ္ခုထဲထည့္ျပီးလႊင့္ပစ္ရန္အျပင္သို႕ထြက္လာခဲ႔ေလသည္။အခန္းတံခါးအျပင္သို႔မေရာက္ခင္မွာပဲသီဟတစ္ဖန္ျပန္လွည့္ျပီးမင္းရာဇာလက္ကိုလွမ္းျကည့္လိုက္တယ္။

"မင္းဒဏ္ရာနဲ႔ကားေမာင္းနိုင္မွာမဟုတ္ဘူးဒီေန႔ငါ့အိမ္မွာပဲအိပ္လိုက္ေတာ့…"

"ေအး…"

မင္းရာဇာစကားဆံုးတာနဲ႔သီဟအခန္းတံခါးကိုပိတ္ျပီးဧည့္ခန္းထဲမ်က္နွာလွည့္လိုက္သည္။ျကမ္းျပင္နဲ႔နံရံေတြေပၚမွာေပေနတဲ့ေသြးကြက္ေတြနဲ႕ရႈပ္ပြေနတဲ႔ပစၥည္းကိုျကည့္ျပီးရွင္းရေတာ့မည္ကိုေတြး၍သက္ပ်င္းရွည္ျကီးတစ္ခ်က္ခ်မိလိုက္ေလေတာ့သည္။

(Unicode)

ရုတ်တရက်ဆိုသလိုပဲလွှင့်စင်လာတဲ့သွေးတွေက သီဟကျောပြင်ပေါ်ကျဆင်းသွားပြီးကျောပြင်တစ်ခုလုံးနွေးကနဲဖြစ်သွားစေတယ်။အဖြစ်အပျက်အကုန်လုံးမှာသီဟအသက်၅ကြိမ်ရှူ၍မပြည့်သေးခင်အတွင်းမှာဖြစ်သွားတဲ့အတွက်မျက်လုံးကြောင်ပြီး ခေါင်းကိုလှမ်းကာထားတဲ့မင်းရာဇာရဲ့ရင်ခွင်ထဲမှာမှင်သက်လို့နေတယ်။

မင်းရာဇာ နီရဲနေတဲ့သွေးများယိုစိမ့်နေကြသည့်ပုခုံးအနောက်ကျောပြင်အပေါ်ပိုင်းကိုလက်ဖြင့်လှမ်းဖိလိုက်တယ်။မကြာသေးခင်ပဲနောက်ထပ်ကျည်ဆံတစ်ခုထပ်ရောက်လာမည်ဆိုတာကိုသိသည့်အတွက်ကြောင့်သီဟကိုပြတင်းပေါက်ကွယ်ရာသို့လှမ်းတွန်းပို့လိုက်သည်။နောက်ကျည်ဆံတစ်တောင့်ထပ်ရောက်လာချိန်မှာတော့ ပြန်ရုတ်သိမ်းချိန်မရတော့တဲ့သူ့ရဲ့ညာဘက်လက်ကိုထိမှန်သွားတော့တယ်။

မင်းရာဇာမျက်နှာအနေအထာူအနည်းငယ်ပျက်သွားရုံကလွဲပြီးတခြားမည်သည့်အသံ မည်သည့်ဟန်မှမရှိပေ။ခဏအကြာတွင်ထိုနေရာ၌ပင်ထိုင်ကျသွားလေတော့တယ်။နောက်ထပ်ကျည်ဆံအရိပ်အယောင်တော့ထပ်ရောက်မလာတော့ပေ။

သီဟအရှေ့မှာမြင်လိုက်ရတဲ့သွေးထွက်သံယိုမြင်ကွင်းတွေကိုကြည့်ပြီးသူ့မျက်လုံးအပေါ်ယံမှာရေလွှာအပါးလေးကတင်လို့နေတယ်။နားထင်ပေါ်ကချွေးစေးများကတဖြေးဖြေးကျဆင်းနေပြီးလက်ဖျားခြေဖျားများကလဲအေးစက်နေတယ်။

"ဟေ့ရောင်မင်းမင်းသေပြီလား"

သီဟတုန်တုန်ရီရီနဲ့မင်းရာဇာဘေးနားလျှောက်လာပြီးပုခုံးကိုလက်နဲ့ကိုင်လှုပ်မေးလိုက်တယ်။

"မင်းဘာမှမဖြစ်ဘူးမလား"

သီဟခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။
မင်းရာဇာရဲ့အနောက်ဘက်လက်ပြင်နဲ့ညာဘက်လက်တစ်ဘက်လုံးအဖြတ်ခံလိုက်ရသိုထုံကျဉ်နေတယ်။နာကျင်မှု့ကိုအော်မပြဘူးဆိုပေမယ့်အနည်းငယ်တွန့်နေတဲ့မျက်ခုံးနဲ့နှုတ်ခမ်းမှာပေါ်လွင်လို့နေတယ်။

"ငါဘာ လုပ်ရမှန်းမသိဘူး"

"ငါမင်းကိုဘာလုပ်ခိုင်းနေလို့လဲ"

"မင်းဖြစ်နေတဲ့အခြေအနေကိုလည်းကြည့်ဦး သောက်စကားများမနေနဲ့"

"လှဲစရာနေရာလိုတယ် ဒီဧည့်ခန်းမှာလုပ်လို့မဖြစ်ဘူး"

"လာငါ့အခန်းရှိတယ်"

"မင်းအခန်းကသန့်လို့လား"

"သောက်ကြီးသောက်ကျယ်တွေလာလုပ်မနေနဲ့ထ"

သီဟထိုင်လျက်ဖြစ်နေတဲ့့မင်းရာဇာဘယ်ဘက်လက်မောင်းကိုဆွဲထူပြီးသူ့အခန်းထဲသို့ခေါ်လာခဲ့လေသည်။ပြီးမှအခန်းထဲကသူ့အိပ်ယာဘေးမှာမင်းရာဇာကိုထိုင်ဖို့နေရာပေးလိုက်လေတယ်။

"ကဲ ငါဘာလုပ်ပေးရမလဲပြော"

"ရေရယ် သန့်တဲ့အဝတ်ရယ် ပိုးသတ်ဆေးရယ် ဇာကနာရှည်ရှည်တစ်ခုရယ် အရင်ယူလာပေး"

"အေး"

သီဟထိုနေရာကနေထပြီးအခန်းပြင်ခပ်သွက်သွက်ထွက်သွားလေတယ်။မကြာခင်မှာပဲအခန်းထဲပြန်ပြေးဝင်လာခဲ့ပြီးလက်ထဲမှာရေတစ်ပုံးကိုဆွဲထားလျက်အထုတ်တစ်ထုတ်ကိုတစ်ဖက်မှကိုင်ထားလေတယ်။

"ရော့ မင်းပြောတဲ့ဟာတွေ အဝတ်ကတော့ငါ့အဝတ်ထဲကတစ်ခုသာသုံးလိုက်"

"ရေလေးတစ်ဗုံးသယ်ရတာအဲ့လောက်တောင်ပင်ပန်းစရာလိုလား"

မင်းရာဇာ သူ့အရှေ့တွင်ထိုင်လိုက်သော အသက်ရှူသံများမြန်နေပြီးနှာဖူးပြင်ပေါ်မှာချွေးစက်တွေတင်နေတဲ့သီဟကိုကြည့်ပြီးမေးလိုက်လေတယ်။

"ဒီဆေးတွေက ငါဖန်ဆင်းလိုက်တယ်ထင်နေတာလား စကားမများပဲလုပ်မှာသာလုပ်"

"ငါ့အကျၤီကူချွတ်ပေး"

"အေး လာဒီကို"

"ဖြေးဖြေးလုပ်"

သီဟ သွေးများစွန်းထင်းပေကျံနေတဲ့မင်းရာဇာရဲ့အကျၤီကိုကူညီပြီးဆွဲချွတ်ပေးလိုက်တယ်။ဒဏ်ရာနှစ်ခုဖြစ်သောကြောင့်မင်းရာဇာရဲ့ခန္ဓာကိုယ်တစ်ခုလုံးပါသွေးတွေပေကျံလို့နေတယ်။ဒဏ်ရာတစ်ဝိုက်နားကအသားတွေကညိုမဲနေပြီးသွေးတွေတစိမ့်စိမ့်စီးကျနေလေတယ်။

"ငါ့ဒဏ်ရာတွေကိုရေဆေးပြီး ဘေးနားကိုပိုးသတ်ဆေးထည့်လိုက် အရက်ပျံနဲ့အဲ့ဇာကနာကိုစိမ်ထားလိုက်"

သီဟ သူပြောတဲ့အတိုင်းဇာကနာကိုအရက်ပျံစိမ်အနာကိုပါရေဆေးပေးပြီးဒဏ်ရာတစ်ဝိုက်နားကိုပိုးသတ်ဆေးသုတ်လိမ်းပေးလိုက်တယ်။တစ်ချက်တစ်ချက်ပိုးသတ်ဆေးနဲ့ဒဏ်ရာကိုထိမိလျှင်မင်းရာဇာတွန့်တွန့်သွားတဲ့အတွက်ကြောင့်ဒဏ်ရာကိုမထိမိအောင်သေချာဂရုစိုက်နေရတယ်။

"ပြီးပြီ"

"အဝတ်တစ်ခုပေး"

သီဟသူ့အဝတ်ဗီရိုထဲကတီရှပ်တစ်ထည်ကိုထုတ်ပေးလိုက်တယ်။

"သန့်လား"

"သန့်တယ် မသန့်ဘူးထင်လဲပြီးရင်ပိုးသတ်ဆေးထပ်ထည့်ပေးမယ်"

"ငါ့ပါးစပ်နဲ့ကိုက်မှာမို့လို့မေးတာ"

"သောက်ဖင်ခေါင်းကကျယ်ပြန်ပြီ"

"ငါ့ကိုအဲ့ဇာကနာနဲ့အထဲကကျည်ဆံကိုဆွဲထုတ်ပေး"

"ဘာငါမလုပ်နိုင်ဘူး"

"မလုပ်နိုင်ဘူးဆိုတော့ မင်းမလုပ်ပေးရင်ဘယ်သူကလုပ်ပေးမှာလဲ"

"ငါလုပ်ရင်နာမှာနော်"

"ရတယ် မင်းပဲလုပ်ပေးရမှာ နာလဲ အိုကေတယ်"

သီဟခပ်တုန်တုန်နဲ့အရက်ပြန်ခွက်ထဲကဇာကနာကိုဆယ်ယူလိုက်တယ်။မင်းရာဇာကတော့သီဟရဲ့တီရှပ်ကိုလိပ်ပြီးပါးစပ်နဲ့ကိုက်ထားလေတယ်။

ကျည်ဆံဝင်သွားတဲ့အပေါက်နားကိုသီဟနဲနဲဖြဲကြည့်လိုက်တယ်။သိပ်တော့မနက်ပေ။နည်းနည်းလေးဆွဲပြီးဇာကနာနဲ့ထုတ်လိုက်လျှင်ရသည်။
သို့သော်အနာကိုဆွဲဖြဲလိုက်တဲ့ဒဏ်ကိုမင်းရာဇာခံနိုင်ပါ့မလားတွေးနေမိတယ်။

ဇာကနာကိုင်ရင်းတွေဝေနေတဲ့သူ့ကိုမင်းရာဇာလှည့်ကြည့်ပြီးလက်မောင်းကိုအနည်းငယ်တွန့်ပြလိုက်တယ်။

"အေးပါ ငါလုပ်နေပါတယ်"

သီဟခေါင်းနှစ်ချက်လောက်ခါလိုက်ပြီးသတ္တိမွေးလိုက်သည်။
ပြီးမှဒဏ်ရာကိုဆွဲဖြဲပြီးဇာကနာကိုအထဲထိုးထည့်လိုက်တယ်။

"အင်းမ်ဟူး"

နာကျင်လွန်းတဲ့အတွက်ကြောင့်ညည်းတဲ့အသံကပါးစပ်မှာသာအဝတ်မကိုက်ထားလျှင်တော်တော်ကျယ်ပေမည်။
အနာထဲမှာဇာကနာကိုခဏတာမျှလှည့်မွှေပြီးအခါမှာတော့အထဲကကျည်ဆန်ထိပ်ဖူးကိုစမ်းမိလေတော့တယ်။သီဟ ထိုကျည်ဆံထိပ်ဖူးကိုဖြေးဖြေးချင်းဂရုတစိုက်ဆွဲထုတ်လိုက်လေတယ်။တစ်ပြိုင်နက်ထဲမှာပဲမင်းရာဇာရဲ့ညည်းသံအကျယ်ကြီးတစ်သံကကျယ်လောင်စွာထွက်ပေါ်လာလေသည်။

သီဟဇာကနာမှာပါလာတဲ့ကျည်ဆံထိပ်ဖူးလေးကိုဘေးနားကအရက်ပြန်ခွက်ထဲပစ်ထည့်လိုက်လေတယ်။

"ရလား"

မင်းရာဇာသူ့လက်ကိုလှမ်းပြပြီးလက်ကကျည်ဆံကိုပါထုတ်ဖို့လှမ်းပြလိုက်တယ်။

"အေးပါ ငါကမင်းမခံနိုင်တော့မှာစိုးလို့။လုပ်ပေးမယ်"

သီဟ မင်းရာဇာရဲ့လက်ကိုလှမ်းဆွဲလိုက်ပြီးလက်ပေါ်ကဒဏ်ရာထဲကကျည်ဆံကိုပါထပ်ဆွဲထုတ်ပေးလိုက်သည်။ကျည်ဆံမထွက်မချင်းမင်းရာဇာရဲ့ကျယ်လောင်စွာညည်းညူသောအသံကအခန်းထဲပြည့်နှက်လို့နေသည်။ဆေးထည့်ပေးပြီးအကုန်လုံးပြီးဆုံးသွားတဲ့အချိန်မှာတော့မင်းရာပါးစပ်ထဲမှာကိုက်ထားတဲ့အဝတ်ကိုသီဟဆွဲထုတ်ပေးလိုက်လေတယ်။

"တော်တော်နာနေလား"

မင်းရာဇာဖြေးဖြေးချင်းခေါင်းငြိမ့်ပြလိုက်သည်။နားထင်ပေါ်ကချွေးစေးတွေကိုသီဟလက်ထဲမှာကိုင်ထားတဲ့အဝတ်တစ်ခုနဲ့သုတ်ပေးလိုက်တယ်။နေဝင်ချိန်မှာတွေ့ရလေ့ရှိတဲ့လိမေ္မာ်ရောင်နေမင်းကြီးကအခန်းတစ်ခုလုံးသို့အလင်းဖြာနေလေသည်။

နေရောင်အောက်မှာရွှေဝါရောင်သမ်းနေတဲ့မင်းရာဇာရဲ့မျက်နှာကိုသီဟသေချာစိုက်ကြည့်လိုက်သည်။ဆွဲဆောင်မှု့ရှိလှတဲ့သူ့ရဲ့ခန္ဓာကိုယ်ကလည်းယောင်္ကျားချင်းတောင်မနာလိုဖြစ်ရသည်။

"Thank you"

ဟုပြောပြီးသီဟဘေးနားကပစ္စည်းတွေကိုကောက်သိမ်းနေလိုက်သည်။

"မလိုဘူး ငါကလူတစ်ယောက်ကိုတစ်ခုခုပေးပြီးရင် ငါလိုချင်တဲ့တစ်ခုပြန်ယူတတ်တဲ့အကျင့်ရှိတယ်"

"မင်းဘာလိုချင်တာလဲ"

"ငါမစဉ်းစားရသေးဘူးလေ"

"သိမ်းထားလိုက် နောက်မှပြောငါပေးနိုင်တဲ့ဟာဆိုပြန်ပေးမယ် ဈေးကြီးတဲ့ဟာတော့မဖြစ်စေနဲ့"

"ကောင်းပြီလေ"

သီဟအခန်းကိုရှင်းလင်းပြီးတာနဲ့အမှိုက်တွေနဲ့တခြားသေးပေနေတဲ့ပစ္စည်းတွေကိုအိတ်တစ်ခုထဲထည့်ပြီးလွှင့်ပစ်ရန်အပြင်သို့ထွက်လာခဲ့လေသည်။အခန်းတံခါးအပြင်သို့မရောက်ခင်မှာပဲသီဟတစ်ဖန်ပြန်လှည့်ပြီးမင်းရာဇာလက်ကိုလှမ်းကြည့်လိုက်တယ်။

"မင်းဒဏ်ရာနဲ့ကားမောင်းနိုင်မှာမဟုတ်ဘူးဒီနေ့ငါ့အိမ်မှာပဲအိပ်လိုက်တော့"

"အေး"

မင်းရာဇာစကားဆုံးတာနဲ့သီဟအခန်းတံခါးကိုပိတ်ပြီးဧည့်ခန်းထဲမျက်နှာလှည့်လိုက်သည်။ကြမ်းပြင်နဲ့နံရံတွေပေါ်မှာပေနေတဲ့သွေးကွက်တွေနဲ့ရှုပ်ပွနေတဲ့ပစ္စည်းကိုကြည့်ပြီးရှင်းရတော့မည်ကိုတွေး၍သက်ပျင်းရှည်ကြီးတစ်ချက်ချမိလိုက်လေတော့သည်။

Continue Reading

You'll Also Like

2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
569K 46.8K 22
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
682K 35.6K 30
𝐓𝐡𝐞 𝐔𝐧𝐞𝐱𝐩𝐞𝐜𝐭𝐞𝐝 𝐬𝐞𝐫𝐢𝐞𝐬 ~ 𝐁𝐨𝐨𝐤 𝟐 Sara Zafar, once a vibrant, effervescent spirit, embarks on a new chapter of her life in New Y...
3M 87.2K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...