ကားစပယ်ယာလေး အသံကြောင့် ပြန်နိုးလာခဲ့
သည်
ပြင်ဦးလွင် ပန်းမြို့တော်ကြီးဆီတော့ ရောက်ပေပြီ
ဘေးကို ကြည့်လိုက်တော့လဲ ကိုရှင်းသန့် က
လက်ပိုက်ပြီး အိပ်လျက်သား
~~တော်တော် အိပ်နိုင်တဲ့ လူကြီး ဟွန်း
အိမ်ကိုမရရအောင် ခေါ်သွားဦးမှာ ဟင်းဟင်း~~
ကောက်ကျစ်တဲ့ အပြုံးလေး ပြုံးလိုက်မိသည်
ခနနေတော့....
"ကိုရှင်းသန့် ထတော့ ရောက်ပြီ"
"ဟမ် ရောက်ပြီလား"
"အင်း"
ကျွန်တော်တို့နှစ်ယောက် ကားအောက်ရောက်တော့
"ကိုရှင်းသန့် ဘာအထုပ်တွေ ပါသေးလဲ"
"ဘာမှ မပါဘူး လွယ်အိတ်တစ်လုံးပဲ ပါတယ်"
"Taxi"
ကျွန်တော်လဲ Taxi သမားတစ်ယောက်ကို
လှမ်းအော်ခေါ်လိုက်သည်
"အကိုလေးတို့ ဘယ်သွားကြမလို့လဲ"
အိမ်လိပ်စာပြောပြလိုက်ပြီး luggage ကို ကား box ထဲထည့်လိုက်သည်
ကိုရှင်းသန့်ကတော့ အခုထိ မသွားရသေး
ဖုန်းဆက်ကာ ဘာတွေပြောနေမှန်း မသိ
~~ဟင်းဟင်း လင်းရဲမာန် ပါဆိုနေ~~
"လာ ကိုရှင်းသန့် သွားမယ်"
ကျွန်တော်လဲ ကိုရှင်းသန့် လက်ကို ဆွဲကာ ကားထဲ ဆွဲထည့်လိုက်သည်
ရုတ်တရတ်မို့လို့သာ ပြီးတော့ ဖုန်းပြောနေလို့
နောက်မို့ဆို ကျွန်တော့် အားလေးနဲ့ ကိုရှင်းသန့် ကို ဘယ်လိုမှ ဆွဲခေါ်နိုင်မည်မဟုတ်
"ဟာ ဟျောင့် ငါမင်းနဲ့ မလိုက်ဘူးလို့ ပြောပြီးပြီလေ"
"Taxi အကိုကြီး မောင်းလို့ရပြီ"
ကျွန်တော်လဲ Taxi သမားကို ခပ်မြန်မြန်ပဲ ပြော
လိုက်သည်
"လင်းရဲမာန် မင်းဘာလို့ ငါ့ကို မင်းအိမ် အတင်းခေါ်
ချင်နေရတာလဲ"
ကားထွက်တာနဲ့ ကိုရှင်းသန့်က အော်တော့
သည်
အော်လဲမတတ်နိုင်....
အစကတည်းက အော်မယ်ဆိုတာသိပြီးသား.....
"ကျွန်တော်ပြောပြီးပြီလေ Hotel တွေက ဈေးကြီး
ပါတယ်ဆို ပြီးတော့ အစားအသောက်တွေကလည်း
ညံ့သေး ကျွန်တော့်အိမ်လိုက်နေရမှာ ကိုရှင်းသန့်
ဘာတွေ အဲ့လောက် ကြောက်နေရတာလဲ"
ကိုရှင်းသန့် ဘာမှ မပြောတော့...
ငြိမ်သွားလေပြီ.....
~~ဟီးဟီး ငါကွ~~
စိတ်ထဲ ကြိတ်တွေးကာ ရယ်နေလိုက်သည်
************
"အား ဘွားဘွား"
ဘွားဘွားကို တွေ့တော့ အပြေးလေးသွားကာ
ပြေးဖက်လိုက်မိသည်
"ငါ့မြေးလေးတောင် တော်တော်ထွားလာပြီပဲ
ဘွားဘွားက မြေးလေးကိုလွမ်းနေတာ"
မြေးအဘွားနှစ်ယောက် အလွမ်းသယ်ရင်း
ကိုရှင်းသန့်ကို မေ့နေကြသည်
"အော် ဖွားဖွား ဧည့်သည့်ပါလာတယ်
ကိုရှင်းသန့် လာလေ"
သူအိမ်ပေါက်ဝတွင် ငူငူကြီးရပ်နေသော ကိုရှင်းသန့်ကို အထဲခေါ်လိုက်သည်
"ဘွားဘွားဒါက သားကို ဆယ်တန်းတုန်းက
Guide လုပ်ပေးတဲ့ ဆရာလေ ရှင်းသန့်ကိုကိုတဲ့
ကိုရှင်းသန့် ဒါက ကျွန်တော့်အဘွား ဒေါ်သီရိ"
ကိုရှင်းသန့် ကဘွားဘွားကို ပြုံးပြသည်
~~ကြည့် ပြုံးလိုက်ရင် ပိုချောတာကို ဘာလို့ မပြုံးဘဲ
တည်တည်ကြီးနေမှန်းမသိဘူး ဒီလူကြီးကတော့လေ~~
"မြေးလေးဆရာက ချောလိုက်တာကွယ်"
"အဘွားကတော့ မြှောက်နေပြန်ပြီ"
ကိုရှင်းသန့်က ပြုံးပြီး ပြန်ပြောသည်
"အာ့ဆို ဘွားဘွား ကျွန်တော် ကိုရှင်းသန့်ကို
အခန်းလိုက်ပြ ပေးလိုက်ဦးမယ်နော်"
"အေးကွယ် မနက်စာ မစားကြရသေးဘူးမလား
ပြီးရင် ဆင်းလာခဲ့ကြ ဘွားဘွား ဒေါ်လုံးကို ပြင်
ခိုင်းထားလိုက်မယ်"
"ဟုတ်"
ကျွန်တော်လဲ ပြောပြီး luggage အိတ်ကို ဆွဲကာ ကိုရှင်းသန့်ကို လက်တစ်ဖက်က အပေါ်ထပ်ကို ဆွဲခေါ်လာခဲ့လိုက်သည်
**********
"မင်း ငါ့လက်ကို လွှတ်သင့်နေပြီထင်တယ်"
ထိုအခါမှ ကျွန်တော်လဲ သတိရကာ ကိုရှင်းသန့်လက်ကို လွှတ်ပေးလိုက်သည်
"ဒါက ကိုရှင်းသန့် နေရမဲ့ အခန်း ဒီဘက်ဘေးအခန်း
ကတော့ ကျွန်တော့် အခန်း"
"အင်း ငါသိပြီ မင်းသွားလို့ရပြီ"
"အင်း အဲ့တာဆို ကျွန်တော် ခနနေ မနက်စာစားဖို့
လာခေါ်မယ်နော် ကိုရှင်းသန့် ရေချိုးချင် ချိုးထားလိုက်
လေ"
ကိုရှင်းသန့် ခေါင်းသာညိမ့်ပြသည်
luggage အိတ်ကို ဆွဲပီး ဘေးက ကျွန်တော့်
့အခန်းဆီကို လာခဲ့လိုက်သည်
အခန်းထဲ ရောက်တော့ ကုတင်ပေါ် ခြေပစ်လက်ပစ်
လှဲချလိုက်သည်
ဘယ်လိုမှ မထင်ထားခဲ့
ကိုရှင်းသန့်နဲ့ ဒီလိုပြင်ဦးလွင်ကို တူတူလာဖြစ်မယ်လို့
သူစိတ်ထဲ တွေးကာကြိတ်ပျော်နေမိသည်
ထိုအခိုက် စားပွဲပေါ်တင်ထားသော ဓာတ်ပုံလေး
ဆီသို့ အကြည့်ကရောက်သွားသည်
ကလေးဘ၀က ကိုကို နှင့် တွဲရိုက်ထားသော
ပုံလေး
ရင်ထဲ နင့်ခနဲ ခံစားလိုက်ရသည်
တစ်ပြိုင်နက်ထဲ မျက်ရည်ပူများကလဲ ပါးပြင်ပေါ်
စီးဆင်းလာသေးသည်
တစ်ခါတစ်လေ စိတ်ခံစားလွယ်သော ကို့ကိုယ်ကို
ဒေါသထွက်မိသည်
တစ်ခုခုဆို ဒီမျက်ရည်တွေက ကျလာမြဲ
ငယ်ငယ်ထဲက အဖေဆိုတဲ့ လူသားတစ်ယောက်
မပါပဲ ဘ၀ကို ဖြတ်သန်းခဲ့ရတော့ တစ်ခါတစ်လေ အားငယ်မိသည် ကြောက်ရွံမိသည်
အပြင်ပန်းက သန်မာသူတစ်ယောက်လို ဟန်ဆောင်ထားသော်လည်း စိတ်ဓာတ်ကတော့ ပျော့ညံ့လှ
သည်
ဒါကိုလဲ ကို့ကိုယ်ကို သိသည်......
သို့သော် ကိုကိုလင်းလက်သူရ ဆိုသော လူသား
တစ်ဦးကြောင့်လဲ သူဒါတွေကို မမှုခဲ့
သူရှေ့မှာ အဖေလိုတစ်မျိုး အကိုလိုတစ်မျိုး မားမား
ရပ်ပြီး ကာကွယ်ပေးခဲ့သည်သာ
တွေးရင်း အတိတ်က အကြောင်းတွေက
ခေါင်းထဲ ရောက်လာသည်......
*************
သုံးတန်းအရွယ်လောက်က
"မင်းခဲတံလေးက လှလိုက်တာ ငါ့ကို
ပေးပါလားဟင်"
သူတခြားဟာတွေဆိုရင် တွန့်တို တတ်သူမဟုတ်
သို့သော် ဒီခဲတံလေးကတော့ ကိုကိုပေးထားသော
ခဲတံလေး
ပြီးတော့ ကိုကို ကိုယ်တိုင် ချွန်ပေးလိုက်သော
ခဲတံ....
"အဲ့ ခဲတံတော့ မယူပါနဲ့ကွာ တခြားဟာယူပါကွာ
နော်"
"မရဘူးကွာ မင်းမပေးလဲယူမှာပဲ ငါက ဒီခဲတံပဲ
ကြိုက်တာ"
ကျွန်တော်လဲ ကိုကို ပေးထားသော ခဲတံလေးမို့ သွားပြန် လုလိုက်သည်
"ဟာကွာ ဒီကောင် ဘာလာရှုပ်နေတာလဲ"
တွန်းထုတ်လိုက်သောကြောင့် သူဖင်ထိုင်
လျက်လေး နောက်ပြန်လဲကျသွားသည်
ရွယ်တူချင်း ဖြစ်သော်လည်း ခန္ဓာကိုယ်ချင်းမမျှ
အင်အားချင်း မမျှ သောကြောင့် သူများအနိုင့်ကျင့်
လျှင် သူခံရမြဲ
"မင်းအဲ့လောက်တောင် ပြန်လိုချင်နေတယ်ဟုတ်လား ရော့ကွာ"
~~ဖြောင်း~~
ကျွန်တော့်ရှေ့ရောက်လာသည်က နှစ်ပိုင်းကျိုးသွား
ပြီဖြစ်သော ခဲတံလေး
"အီးဟီးဟီး ပြန်လုပ်ပေး ငါ့ခဲတံကို ပြန်လုပ်ပေး"
"ဟျောင့် ငိုမနေနဲ့ မင်းဆက်ငိုနေရင် မင်းဘောင်းဘီ
ဆွဲချွတ်မှာနော်"
ပြောရင်း သူ့ဘောင်းဘီစကို လာကိုင်သဖြင့် လန့်
သွားသည်
"ဟျောင့် ငါ့ညီကို လွှတ်လိုက်စမ်း"
အသံကြားရာ ကြည့်လိုက်တော့ ကိုကို
မုန့်စားဆင်းချိန်ဖြစ်သောကြောင့် သူ့ဆီလာတာ
ဖြစ်လိမ့်မည်
လက်ထဲမှာလည်းထမင်းဘူးကြီးကိုင်လျက်
ပြီးတော့သူ့ဆီ ပြေးလာကာ
"လင်းလေး ဘာဖြစ်သွားသေးလဲဟင် ကိုကို့ကို
ပြော"
"အီးဟီးဟီး ကိုကိုပေးထားတဲ့ ခဲတံလေး ကျိုးသွားပြီ"
"ခဲတံက ဘာမှမဖြစ်ပါဘူး လင်းလေးရာ ပြန်ဝယ်လို့
ရတယ် လင်းလေးဘာမှ မဖြစ်ရင်ပဲ တော်ပါပြီ
မငိုနဲ့တော့ တိတ်တော့ ကိုကို ရှိနေသရွေ့
လင်းလေးကို ဘယ်သူမှ အနိုင်မကျင့်စေရဘူး
ဟုတ်ပြီလား"
"ဟျောင့်တွေ မင်းတို့ကို ငါကြိုပြောထားမယ်နော်
ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်
နောက်တစ်ခါ ငါ့ညီကို အနိုင်ကျင်လို့ကတော့
ငါ့နဲ့တွေ့ပြီမှတ် လာလင်းလေး ထမင်းသွားစား
မယ်"
ကိုကိုက ကျွန်တော့်လက်ကို ဆွဲခေါ်သွားသည်
အရွယ်နှင့် မလိုက်အောင်ပင် ရင့်ကျက်လှသော
ကိုကို ကြောင့် မျက်နှာမငယ်ခဲ့ရ
ကျွန်တော့်အပေါ် ဂရုစိုက်လှသော ကိုကို့ ကြောင့်လဲ
အမြဲပျော်ခဲ့ရသည်
ပြသနာဖြစ်တိုင်း ရှေ့က မားမားမတ်မတ် ရပ်ခဲ့
သော ကိုကိုကြောင့် အားငယ်မှုတွေ
ကြောက်ရွံမှုတွေ ပျောက်ခဲ့ရသည်
ကျွန်တော်ကတော့ ကိုကို အလိုလိုက် ဂရုစိုက်ပေးတာတွေကို အခွင့်ကောင်းယူပြီး ကိုကို့အပေါ် ဆိုးနွဲ့နေကျ အနိုင်ယူနေကျ
သူငယ်ငယ်တုန်းက အရမ်းခင်တွယ်ခဲ့ရသော
ကိုကို လင်းလက်သူရ
***********