(Zawgyi)
"ဟမ္း……"
သီဟပ်င္းရိစြာသက္ပ်င္းခ်လိုက္ျပီးလက္ထဲမွာကိုင္ထားတဲ႔ေဘာပင္ကိုႏႈတ္ခမ္းဆူျပီးတင္ထားလိုက္ လက္နဲ႔လွည့္လိုက္နဲ႔အပ်င္းေျပေဆာ့ကစားေနေလတယ္။
"ကိုသီဟ မျပန္ေသးဘူးလား"
အခန္းထဲမွခ်ယ္သျပင္ဆင္ျပီးထြက္လာတဲ႔အပ်ိဳေတာ္နွင္းသဒၵါျဖဴ၏ပါးျပင္မွသနပ္ခါးနံ႔ကအခန္းတစ္ခန္းလံုးကိုေမႊးပ်ံ႕သြားေစသည္။
"အင္း သဒၵါ ကိုခဏေနပဲျပန္ေတာ့မလို႔ ဒီမွာဒီကေလးမစာမျပီးေသးလို႔"
"ကိုသီဟေရာ့…"
သဒၵါလက္ထဲမွာကိုင္ထားတဲ႔စာအိတ္ကေလးကိုသီဟလက္ထဲထည့္ေပးလိုက္တယ္။
"ဒါဘာလဲ သဒၵါ"
"က်ဴရွင္ခေလ သဒၵါကရက္ေက်ာ္သြားလို႔အားနာေနတာ"
"မလိုပါဘူး သဒၵါရယ္ "
"အဟင္းဟင္း…"
ရုတ္တရက္ေခ်ာင္းထဟန္႕လိုက္တဲ႔ပိုးသဒၵါျဖဴေျကာင့္သီဟ နဲ႔သဒၵါတို႔ျကားထဲက အျကည့္ခ်င္းဆက္သြယ္ထားတဲ႔ျကိုးေလးပ်က္ေတာက္သြားရသည္။
"ပိစိမ ဘာျဖစ္တာလဲ"
"မဟုတ္ပါဘူးဆရာရဲ႕ ျပီးျပီလို႔ေျပာမလို႔"
"ဟင္းဟင္း ငါသိတယ္ေနာ္"
သီဟ ေဘးနားမွာ စပ္ျဖီးျဖီးျဖစ္ေနတဲ႔ပိစိမရဲ႕ပါးကိုလွမ္းဆြဲလိုက္တယ္။
"ကဲ ဒါဆိုဆရာျပန္ျပီ…ကိုျပန္ျပီေနာ္သဒၵါ"
"သဒၵါအဝထိလိုက္ပို႔ေပးမယ္ေလ"
"ေကာင္းပါျပီဗ်ာ"
မည္သူမဆိုမိမိခ်စ္သူ၏ဂရုစိုက္မႈ႕နွင့္ျကင္နာယုယမႈ႕ကိုရလွ်င္ေပ်ာ္ေနတတ္သည္မွာထံုးစံပင္။ယခုအခ်ိန္မွာခ်စ္သူကမိမိအားဂရုတစိုက္လိုက္ပို႔ေပးတဲ႔အတြက္သီဟမ်က္နွာကျပံဳးလ်က္ျဖီးလ်က္ျဖစ္ေနေလတယ္။
* * * * * * *
မင္းရာဇာကားကိုသူေမာင္းေနက်အတိုင္းလေပၚပ်ံေတာ့့မည့္သဖြယ္အရွိန္တင္ေမာင္းေနေလတယ္။ကားထဲကသီခ်င္းသံကလည္းတိုးတိုးေလးဖြင့္ထားျပီးေအးေအးေဆးေဆးခပ္ျကမ္းျကမ္းကားေမာင္းေနတတ္သူပင္ျဖစ္သည္။သူညဘက္ေကာင္းေမာင္းလွ်င္လည္းကားအထဲမီးေရာအျပင္မီးပါလင္းထိန္ေနေအာင္ဖြင့္ထားေလ့ရွိတယ္။
10:10 PM (ျမန္မာစံေတာ္ခ်ိန္)……
မင္းရာဇာတစ္ေယာက္ျပန္ေနက်လမ္းကဒီအခ်ိန္ဆိုသူသိပ္သြားေလ့မရွိေတာ့။ထိုအခ်ိန္ ထိုကဲ့သို႔အရွိန္တင္ေမာင္းခ်င္းက
မည္သူ႕ကိုမွထိခိုက္ေစနိုင္လိမ့္မည္မဟုတ္ေပ။
မျကာခင္မွာပဲအေရွ႕နားလမ္းေဘးနားမွာေလွ်ာက္ေနတဲ႔လူတစ္ေယာက္ကိုမင္းရာဇာကားမီးရဲ႕အကူအညီနဲ႔သတိထားမိလိုက္တယ္။
အက်ၤီအျဖဴ ပုဆိုးအညိဳ နဲ႕ပံုစံအေနအထား…
မင္းရာဇာျကည့္ျပီးျပံဳးမိလိုက္တယ္။ထိုအျပံဳးကေအးခ်မ္းေစတဲ့ပံုစံမ်ိဳးမဟုတ္ပဲ ယုတ္မာေကာက္က်စ္မႈ႕ေတြျပည့္ေနတဲ႔အျပံဳးပင္ျဖစ္တယ္။
မင္းရာဇာကားကိုထိုလူေဘးနားေကာက္ရပ္လိုက္ျပီးကားမွန္ကိုေျဖးေျဖးခ်င္းခ်လိုက္တယ္။
တီ…တီ…
"ကိုသီဟ ျပန္ေတာ့ေလ "
"အင္း အထဲအရင္ဝင္ေလ သဒၵါ"
"အရင္ျပန္ပါကြာ…"
မင္းရာဇာသူတို႕ႏွစ္ေယာက္ကိုမ်က္ေမွာင္ကုတ္ျပီးျကည့္လိုက္တယ္။
"ဟိုမိန္းကေလး ဝင္ဆိုလည္းဝင္ေတာ့ေလ အထာေတြေပးမေနနဲ႔ေတာ့"
ကားအေရွ႕မွာရပ္လိုက္ျပီး ဟြန္းတီးလိုက္တဲ႔အထိသီဟထိုကားပိုင္ရွင္ဘယ္သူဆိုတာမသိေသး။ယခုကားထဲကခ်ဥ္ျပံဳးျပံဳးအသံထြက္လာေတာ့မွထိုကားပိုင္ရွင္ကိုသိေတာ့တယ္။
"ငါ့ေကာင္မေလးကိုဒီလိုေျပာရေအာင္ဒါမင္းကိစၥမပါဘူး"
"ကားေပၚတက္"
ကမၻာေပၚကမည္သည့္ေယာကၤ်ားမဆိုမိမိေကာင္မေလးကိုထိလွ်င္ရန္ရွာခ်င္ျကသည္။သူတို႕ေကာင္မေလးကိုကာကြယ္နိုင္ေျကာင္းျပလိုျကသည္။
ထို႕ေျကာင့္သီဟလွည့္ျပီးရန္ေတြ႕သည္မွာမဆန္း။
"မင္းေျပာတိုင္းငါလုပ္စရာမလိုဘူး ငါ့မွာေျခေထာက္ပါတယ္ ငါ့ဘာသာျပန္နိုင္တယ္"
"မင္းကိုငါကားေပၚပဲတက္ခိုင္းတာ လိုက္ပို႕ေပးမယ္လို႔မေျပာဘူး"
"မင္း…"
လက္သီးနဲ႕ရြယ္လိုက္တဲ႔လက္ကိုသဒၵါလွမ္းဆြဲျပီးတားလိုက္ေလတယ္။
"ရန္မျဖစ္ပါနဲ႔ ကိုသီဟရယ္ သူကစတာေနမွာပါ သဒၵါအိမ္ထဲဝင္ေတာ့မယ္ေနာ္ သူငယ္ခ်င္းလာျကိုတာမလား လိုက္သြားလိုက္ေလ"
"ရတယ္ သဒၵါဝင္ေတာ့ ကိုမလိုက္ဘူးဒီေကာင္နဲ႔"
"မင္းေသခ်ာလား "
မင္းရာဇာရဲ႕အျကည့္ေတြကစူးရွျပတ္သားေနတယ္။
"10ခါျပန္ေသခ်ာတယ္"
"ေကာင္းျပီေလ "
မင္းရာဇာေခါင္းျငိမ့္ျပျပီးကားဟြန္းခလုတ္ကိုလက္နဲ႔အျကာျကီးဖိထားလိုက္တယ္။က်ယ္ေလာင္လွတဲ႔ကားဟြန္းသံကသဒၵါတို႔ပတ္ဝန္းက်င္တစ္ခုလံုးကိုတုန္လႈပ္သြားေစတယ္။ျကာလာေတာ့တစ္ျခားအိမ္မွလူမ်ားကလည္းသဒၵါတိုု႔အိမ္ကိုျကည့္ျပီးဝိုင္းဝန္းဆဲျကေစာင္းေျမာင္းေျပာေနျကတဲ႔အထိပါျဖစ္ကုန္တယ္။
"ကဲပါ ကိုသီဟရယ္ တက္သြားလိုက္ပါ"
"မင္း……"
မတတ္နိုင္ေတာ့တဲ႔အဆံုးသီဟဆက္ကားတံခါးကိုေဆာင့္ဖြင့္ျပီးကားေပၚတက္ထိုင္လိုက္တယ္။
"မင္းခ်စ္သူေလးကိုႏႈတ္ဆက္လိုက္ဦး"
"မင္းေစာက္ပူမပါဘူး"
ဘာမွမေျပာပဲပတ္ဝန္းက်င္ကစကားသံေတြေျကာင့္ရွက္ျပီးအိမ္ထဲေျပးဝင္သြားတဲ႔သဒၵါကိုျကည့္ရင္းမင္းရာဇာျပံဳးလိုက္တယ္။
"ဟိုဘက္တံခါးကျပန္ဆင္း……"
"ဘာ……"
"နားေလးေနတာလားမင္း ဟိုဘက္တံခါးကျပန္ဆင္းလို႔"
"F**k You"
သီဟတျခားဘက္ကတံခါးကိုဖြင့္ဆင္းျပီးဖေနာင့္နဲ႔ေပါက္၍ျပန္ပိတ္လိုက္သည္။
"ထြီ…"
မင္းရာဇာကားဘက္လွည့္ျပီးတံေတြးက်ယ္က်ယ္ေထြးသြားတဲ႔သီဟကိုျကည့္ျပီးရယ္လိုက္သည္။ျပီးမွခုဏကအတိုင္းကားဟြန္းခလုတ္ကိုျပန္ဖိထားလိုက္တယ္။
"မင္းဘာျဖစ္ခ်င္ေနတာလဲ"
အခ်ိန္ျကာလာသည္နွင့္အမွ်သီဟမခံစားနိုင္ေတာ့ပဲလူသတ္ပစ္ခ်င္ေနေသာစိတ္ကိုထိန္းျပီးစကားစေျပာလိုက္သည္။
"မင္းတံေတြးေထြး တာျကိုက္တယ္မလား"
"မင္း……"
"မအံ႔ျသသြားပါနဲ႔ မင္းတစ္ခါတံေတြးေထြးရင္ ငါကားဟြန္းေပၚကေနလက္ကို ၅ စကၠန္႕ဖယ္ေပးမယ္
မင္းအိမ္မေရာက္မခ်င္း သေဘာတူလား"
"F**k B**tch"
"ကဲစျပီ……"
မင္းရာဇာကားဟြန္းကိုဆက္ျပီးလက္နဲ႔ဖိထားလိုက္တယ္။တခ်ိဳ႕လူေတြဆိုသဒၵါတို႔အိမ္ကိုေျပာဖို႔အိမ္ကေနထြက္လာျကျပီကိုသီဟျမင္လိုက္ရတယ္။ေနာက္ဆံုးေတာ့မိမိခ်စ္သူကိုကာကြယ္ေပးခ်င္စိတ္ကသီဟကိုလႊမ္းမိုးသြားေတာ့တယ္။
"ထြီ"
မင္းရာဇာလက္ခုပ္တီးျပီးရယ္လိုက္တယ္။
"ဟားဟား ေကာင္းတယ္ေကာင္းတယ္"
မင္းရာဇာ သီဟရဲ႕အေနာက္ကေနေတာက္ေလွ်ာက္လိုက္ျပီးသူတံေတြးေထြးတာကိုထိုင္ျကည့္လိုက္ရယ္လိုက္လုပ္ေနတယ္။
"ေဝးသြားလို႔ ရပ္မယ္ မျကံနဲ႔ေနာ္ ကားစက္သံတစ္ခ်က္နဲ႔တင္မင္းေကာင္မေလးအိမ္ျပန္သြားလို႕ရတယ္"
သီဟလက္သီးဆုပ္ျပီးေဘးနားကိုတံေတြးတစ္ခ်က္ေထြးထုတ္လိုက္တယ္။တဆတ္ဆတ္တုန္ေနတဲ႔အသားေတြနဲ႔မဲေမွာင္ေနတဲ႔မ်က္နွာထားတို႔ကသူဘယ္ေလာက္ေဒါသထြက္ေနလဲဆိုတာကိုေဖာ္ျပေနေလသည္။
"အရမ္းကိုသစၥာရွိတဲ႔ေကာင္ေလးပဲ မင္းေကာင္မေလးေတာ့အခုခ်ိန္အိမ္မွာေပ်ာ္ေနေတာ့မွာပဲေနာ္"
သီဟသူ႕အိမ္ကိုမေရာက္မခ်င္း လမ္းမွာ၅စကၠန္႕တစ္ျကိမ္တံေတြးေထြးထုတ္ေနရသည္။ျကာလာေတာ့ပါးစပ္ထဲေတာင္ေျခာက္ကပ္ကပ္ျဖစ္လာသလိုခံစားရျပီးႏႈတ္ခမ္းေတြပါေျခာက္လာတယ္။
မျကာခင္မွာပဲသီဟနွင့္အတူေဘးမွေျဖးေျဖးခ်င္းေမာင္းလာတဲ႔ကားျဖဴျဖဴျကီးကပါအိမ္ေရွ႕ဆိုက္ေရာက္လို႕လာတယ္။အိမ္ေရွ႕မွာရပ္ေနျပီးပုဝါေလးပုခံုးေပၚတင္ကာေစာင့္ေနတဲ႔သီဟအေမရဲ႕မ်က္နွာကခ်က္ခ်င္းဆိုသလိုပင္အျပံဳးပန္းေဝသြားေတာ့တယ္။
"သား သားသူငယ္ခ်င္းျပန္လိုက္ပို႔တာလား"
မ်က္နွာျကီးနီရဲျပီးအေျကာေတြေထာင္ေနေအာင္လက္သီးဆုပ္ထားတဲ႔သီဟဘာမွမေျပာပဲအိမ္ထဲတရွဴးရွဴးနွင့္တန္းဝင္သြားေလသည္။
"လိုက္ပို႔ေပးတဲ႔အတြက္ေက်းဇူးပါသားရယ္"
"ရပါတယ္ သူကဆိုးတယ္ လိုက္ပို႕ေပးမလို႔ကိုကားေပၚမတက္ခ်င္ဘူးတဲ႔ေလ အဲ႔ဒါနဲ႔ေဘးနားကေနေခၚလာတာဗ်ာ ဟားဟား"
"သူကေခါင္းမာတယ္သားရဲ႕"
"အခုေပ်ာ့ေနေလာက္ပါျပီ သူ႕ကိုေရမ်ားမ်ားတိုက္လိုက္ဦးအန္တီ ေရာ့ဒါပါတိုက္လိုက္"
မင္းရာဇာကားအေနာက္ခန္းထဲကသူေသာက္ေနက်Energy Drink တစ္ကဒ္ကိုေဒၚနွင္းဆီလက္ထဲထည့္ေပးခဲ႔လိုက္တယ္။
"ဒါက ဘယ္မွာမွဝယ္လို႕မရတဲ႔ ကိုယ္ပိုင္ Energy Drink ကြ်န္ေတာ့အတြက္သီးသန္႕ထုတ္ထားတာ ေရဓာတ္ကိုျပန္ျဖည့္ေပးတယ္ တစ္လမ္းလံုးလမ္းေလွ်ာက္လာရေတာ့သူေမာေနမွာေပါ့ အန္တီဝယ္ထားတာလို႔ေျပာျပီးမွတိုက္ဦး"
"ေက်းဇူးပါသားရယ္ ဂရုစိုက္ျပန္ဦး"
"ဒီတစ္ခါလဲ အဲ႔ဒီေက်းဇူးကိုအန္တီပဲျပန္ယူထားလိုက္ေတာ့"
ကားမွန္ျပန္ပိတ္ျပီးအရွိန္ျပင္းစြာေမာင္းနွင္သြားတဲ႔ကားအျဖဴျကီးထြက္ခြာသြားခဲ႔ျပီးေနာက္ေဒၚနွင္းဆီမွာေတာ့အေအးဘူးကဒ္ကေလးကိုင္ကာအိမ္ေရွ႕၌က်န္ရစ္ခဲ႔ေလေတာ့သည္။
(Unicode)
"ဟမ်း"
သီဟပျင်းရိစွာသက်ပျင်းချလိုက်ပြီးလက်ထဲမှာကိုင်ထားတဲ့ဘောပင်ကိုနှုတ်ခမ်းဆူပြီးတင်ထားလိုက် လက်နဲ့လှည့်လိုက်နဲ့အပျင်းပြေဆော့ကစားနေလေတယ်။
"ကိုသီဟ မပြန်သေးဘူးလား"
အခန်းထဲမှချယ်သပြင်ဆင်ပြီးထွက်လာတဲ့အပျိုတော်နှင်းသဒ္ဒါဖြူ၏ပါးပြင်မှသနပ်ခါးနံ့ကအခန်းတစ်ခန်းလုံးကိုမွှေးပျံ့သွားစေသည်။
"အင်း သဒ္ဒါ ကိုခဏနေပဲပြန်တော့မလို့ ဒီမှာဒီကလေးမစာမပြီးသေးလို့"
"ကိုသီဟေရာ့"
သဒ္ဒါလက်ထဲမှာကိုင်ထားတဲ့စာအိတ်ကလေးကိုသီဟလက်ထဲထည့်ပေးလိုက်တယ်။
"ဒါဘာလဲ သဒ္ဒါ"
"ကျူရှင်ခလေ သဒ္ဒါကရက်ကျော်သွားလို့အားနာနေတာ"
"မလိုပါဘူး သဒ္ဒါရယ် "
"အဟင်းဟင်း"
ရုတ်တရက်ချောင်းထဟန့်လိုက်တဲ့ပိုးသဒ္ဒါဖြူကြောင့်သီဟ နဲ့သဒ္ဒါတို့ကြားထဲက အကြည့်ချင်းဆက်သွယ်ထားတဲ့ကြိုးလေးပျက်တောက်သွားရသည်။
"ပိစိမ ဘာဖြစ်တာလဲ"
"မဟုတ်ပါဘူးဆရာရဲ့ ပြီးပြီလို့ပြောမလို့"
"ဟင်းဟင်း ငါသိတယ်နော်"
သီဟ ဘေးနားမှာ စပ်ဖြီးဖြီးဖြစ်နေတဲ့ပိစိမရဲ့ပါးကိုလှမ်းဆွဲလိုက်တယ်။
"ကဲ ဒါဆိုဆရာပြန်ပြီကိုပြန်ပြီနော်သဒ္ဒါ"
"သဒ္ဒါအဝထိလိုက်ပို့ပေးမယ်လေ"
"ကောင်းပါပြီဗျာ"
မည်သူမဆိုမိမိချစ်သူ၏ဂရုစိုက်မှု့နှင့်ကြင်နာယုယမှု့ကိုရလျှင်ပျော်နေတတ်သည်မှာထုံးစံပင်။ယခုအချိန်မှာချစ်သူကမိမိအားဂရုတစိုက်လိုက်ပို့ပေးတဲ့အတွက်သီဟမျက်နှာကပြုံးလျက်ဖြီးလျက်ဖြစ်နေလေတယ်။
* * * * * * *
မင်းရာဇာကားကိုသူမောင်းနေကျအတိုင်းလပေါ်ပျံတော့့မည့်သဖွယ်အရှိန်တင်မောင်းနေလေတယ်။ကားထဲကသီချင်းသံကလည်းတိုးတိုးလေးဖွင့်ထားပြီးအေးအေးဆေးဆေးခပ်ကြမ်းကြမ်းကားမောင်းနေတတ်သူပင်ဖြစ်သည်။သူညဘက်ကောင်းမောင်းလျှင်လည်းကားအထဲမီးရောအပြင်မီးပါလင်းထိန်နေအောင်ဖွင့်ထားလေ့ရှိတယ်။
10:10 PM (မြန်မာစံတော်ချိန်)
မင်းရာဇာတစ်ယောက်ပြန်နေကျလမ်းကဒီအချိန်ဆိုသူသိပ်သွားလေ့မရှိတော့။ထိုအချိန် ထိုကဲ့သို့အရှိန်တင်မောင်းချင်းက
မည်သူ့ကိုမှထိခိုက်စေနိုင်လိမ့်မည်မဟုတ်ပေ။
မကြာခင်မှာပဲအရှေ့နားလမ်းဘေးနားမှာလျှောက်နေတဲ့လူတစ်ယောက်ကိုမင်းရာဇာကားမီးရဲ့အကူအညီနဲ့သတိထားမိလိုက်တယ်။
အကျၤီအဖြူ ပုဆိုးအညို နဲ့ပုံစံအနေအထား
မင်းရာဇာကြည့်ပြီးပြုံးမိလိုက်တယ်။ထိုအပြုံးကအေးချမ်းစေတဲ့ပုံစံမျိုးမဟုတ်ပဲ ယုတ်မာကောက်ကျစ်မှု့တွေပြည့်နေတဲ့အပြုံးပင်ဖြစ်တယ်။
မင်းရာဇာကားကိုထိုလူဘေးနားကောက်ရပ်လိုက်ပြီးကားမှန်ကိုဖြေးဖြေးချင်းချလိုက်တယ်။
တီတီ
"ကိုသီဟ ပြန်တော့လေ "
"အင်း အထဲအရင်ဝင်လေ သဒ္ဒါ"
"အရင်ပြန်ပါကွာ"
မင်းရာဇာသူတို့နှစ်ယောက်ကိုမျက်မှောင်ကုတ်ပြီးကြည့်လိုက်တယ်။
"ဟိုမိန်းကလေး ဝင်ဆိုလည်းဝင်တော့လေ အထာတွေပေးမနေနဲ့တော့"
ကားအရှေ့မှာရပ်လိုက်ပြီး ဟွန်းတီးလိုက်တဲ့အထိသီဟထိုကားပိုင်ရှင်ဘယ်သူဆိုတာမသိသေး။ယခုကားထဲကချဉ်ပြုံးပြုံးအသံထွက်လာတော့မှထိုကားပိုင်ရှင်ကိုသိတော့တယ်။
"ငါ့ကောင်မလေးကိုဒီလိုပြောရအောင်ဒါမင်းကိစ္စမပါဘူး"
"ကားပေါ်တက်"
ကမ်ဘာပေါ်ကမည်သည့်ယောင်္ကျားမဆိုမိမိကောင်မလေးကိုထိလျှင်ရန်ရှာချင်ကြသည်။သူတို့ကောင်မလေးကိုကာကွယ်နိုင်ကြောင်းပြလိုကြသည်။
ထို့ကြောင့်သီဟလှည့်ပြီးရန်တွေ့သည်မှာမဆန်း။
"မင်းပြောတိုင်းငါလုပ်စရာမလိုဘူး ငါ့မှာခြေထောက်ပါတယ် ငါ့ဘာသာပြန်နိုင်တယ်"
"မင်းကိုငါကားပေါ်ပဲတက်ခိုင်းတာ လိုက်ပို့ပေးမယ်လို့မပြောဘူး"
"မင်း"
လက်သီးနဲ့ရွယ်လိုက်တဲ့လက်ကိုသဒ္ဒါလှမ်းဆွဲပြီးတားလိုက်လေတယ်။
"ရန်မဖြစ်ပါနဲ့ ကိုသီဟရယ် သူကစတာနေမှာပါ သဒ္ဒါအိမ်ထဲဝင်တော့မယ်နော် သူငယ်ချင်းလာကြိုတာမလား လိုက်သွားလိုက်လေ"
"ရတယ် သဒ္ဒါဝင်တော့ ကိုမလိုက်ဘူးဒီကောင်နဲ့"
"မင်းသေချာလား "
မင်းရာဇာရဲ့အကြည့်တွေကစူးရှပြတ်သားနေတယ်။
"10ခါပြန်သေချာတယ်"
"ကောင်းပြီလေ "
မင်းရာဇာခေါင်းငြိမ့်ပြပြီးကားဟွန်းခလုတ်ကိုလက်နဲ့အကြာကြီးဖိထားလိုက်တယ်။ကျယ်လောင်လှတဲ့ကားဟွန်းသံကသဒ္ဒါတို့ပတ်ဝန်းကျင်တစ်ခုလုံးကိုတုန်လှုပ်သွားစေတယ်။ကြာလာတော့တစ်ခြားအိမ်မှလူများကလည်းသဒ္ဒါတို့အိမ်ကိုကြည့်ပြီးဝိုင်းဝန်းဆဲကြစောင်းမြောင်းပြောနေကြတဲ့အထိပါဖြစ်ကုန်တယ်။
"ကဲပါ ကိုသီဟရယ် တက်သွားလိုက်ပါ"
"မင်း"
မတတ်နိုင်တော့တဲ့အဆုံးသီဟဆက်ကားတံခါးကိုဆောင့်ဖွင့်ပြီးကားပေါ်တက်ထိုင်လိုက်တယ်။
"မင်းချစ်သူလေးကိုနှုတ်ဆက်လိုက်ဦး"
"မင်းစောက်ပူမပါဘူး"
ဘာမှမပြောပဲပတ်ဝန်းကျင်ကစကားသံတွေကြောင့်ရှက်ပြီးအိမ်ထဲပြေးဝင်သွားတဲ့သဒ္ဒါကိုကြည့်ရင်းမင်းရာဇာပြုံးလိုက်တယ်။
"ဟိုဘက်တံခါးကပြန်ဆင်း"
"ဘာ"
"နားလေးနေတာလားမင်း ဟိုဘက်တံခါးကပြန်ဆင်းလို့"
"F**k You"
သီဟတခြားဘက်ကတံခါးကိုဖွင့်ဆင်းပြီးဖနောင့်နဲ့ပေါက်၍ပြန်ပိတ်လိုက်သည်။
"ထြီ"
မင်းရာဇာကားဘက်လှည့်ပြီးတံတွေးကျယ်ကျယ်ထွေးသွားတဲ့သီဟကိုကြည့်ပြီးရယ်လိုက်သည်။ပြီးမှခုဏကအတိုင်းကားဟွန်းခလုတ်ကိုပြန်ဖိထားလိုက်တယ်။
"မင်းဘာဖြစ်ချင်နေတာလဲ"
အချိန်ကြာလာသည်နှင့်အမျှသီဟမခံစားနိုင်တော့ပဲလူသတ်ပစ်ချင်နေသောစိတ်ကိုထိန်းပြီးစကားစပြောလိုက်သည်။
"မင်းတံတွေးထွေး တာကြိုက်တယ်မလား"
"မင်း"
"မအံ့သြသွားပါနဲ့ မင်းတစ်ခါတံတွေးထွေးရင် ငါကားဟွန်းပေါ်ကနေလက်ကို ၅ စက္ကန့်ဖယ်ပေးမယ်
မင်းအိမ်မရောက်မချင်း သေဘာတူလား"
"F**k B**tch"
"ကဲစျပီ"
မင်းရာဇာကားဟွန်းကိုဆက်ပြီးလက်နဲ့ဖိထားလိုက်တယ်။တချို့လူတွေဆိုသဒ္ဒါတို့အိမ်ကိုပြောဖို့အိမ်ကနေထွက်လာကြပြီကိုသီဟမြင်လိုက်ရတယ်။နောက်ဆုံးတော့မိမိချစ်သူကိုကာကွယ်ပေးချင်စိတ်ကသီဟကိုလွှမ်းမိုးသွားတော့တယ်။
"ထြီ"
မင်းရာဇာလက်ခုပ်တီးပြီးရယ်လိုက်တယ်။
"ဟားဟား ကောင်းတယ်ကောင်းတယ်"
မင်းရာဇာ သီဟရဲ့အနောက်ကနေတောက်လျှောက်လိုက်ပြီးသူတံတွေးထွေးတာကိုထိုင်ကြည့်လိုက်ရယ်လိုက်လုပ်နေတယ်။
"ဝေးသွားလို့ ရပ်မယ် မကြံနဲ့နော် ကားစက်သံတစ်ချက်နဲ့တင်မင်းကောင်မလေးအိမ်ပြန်သွားလို့ရတယ်"
သီဟလက်သီးဆုပ်ပြီးဘေးနားကိုတံတွေးတစ်ချက်ထွေးထုတ်လိုက်တယ်။တဆတ်ဆတ်တုန်နေတဲ့အသားတွေနဲ့မဲမှောင်နေတဲ့မျက်နှာထားတို့ကသူဘယ်လောက်ဒေါသထွက်နေလဲဆိုတာကိုဖော်ပြနေလေသည်။
"အရမ်းကိုသစ္စာရှိတဲ့ကောင်လေးပဲ မင်းကောင်မလေးတော့အခုချိန်အိမ်မှာပျော်နေတော့မှာပဲနော်"
သီဟသူ့အိမ်ကိုမရောက်မချင်း လမ်းမှာ၅စက္ကန့်တစ်ကြိမ်တံတွေးထွေးထုတ်နေရသည်။ကြာလာတော့ပါးစပ်ထဲတောင်ခြောက်ကပ်ကပ်ဖြစ်လာသလိုခံစားရပြီးနှုတ်ခမ်းတွေပါခြောက်လာတယ်။
မကြာခင်မှာပဲသီဟနှင့်အတူဘေးမှဖြေးဖြေးချင်းမောင်းလာတဲ့ကားဖြူဖြူကြီးကပါအိမ်ရှေ့ဆိုက်ရောက်လို့လာတယ်။အိမ်ရှေ့မှာရပ်နေပြီးပုဝါလေးပုခုံးပေါ်တင်ကာစောင့်နေတဲ့သီဟအမေရဲ့မျက်နှာကချက်ချင်းဆိုသလိုပင်အပြုံးပန်းဝေသွားတော့တယ်။
"သား သားသူငယ်ချင်းပြန်လိုက်ပို့တာလား"
မျက်နှာကြီးနီရဲပြီးအကြောတွေထောင်နေအောင်လက်သီးဆုပ်ထားတဲ့သီဟဘာမှမပြောပဲအိမ်ထဲတရှူးရှူးနှင့်တန်းဝင်သွားလေသည်။
"လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးပါသားရယ်"
"ရပါတယ် သူကဆိုးတယ် လိုက်ပို့ပေးမလို့ကိုကားပေါ်မတက်ချင်ဘူးတဲ့လေ အဲ့ဒါနဲ့ဘေးနားကနေခေါ်လာတာဗျာ ဟားဟား"
"သူကခေါင်းမာတယ်သားရဲ့"
"အခုပျော့နေလောက်ပါပြီ သူ့ကိုရေများများတိုက်လိုက်ဦးအန်တီ ရော့ဒါပါတိုက်လိုက်"
မင်းရာဇာကားအနောက်ခန်းထဲကသူသောက်နေကျEnergy Drink တစ်ကဒ်ကိုဒေါ်နှင်းဆီလက်ထဲထည့်ပေးခဲ့လိုက်တယ်။
"ဒါက ဘယ်မှာမှဝယ်လို့မရတဲ့ ကိုယ်ပိုင် Energy Drink ကျွန်တော့အတွက်သီးသန့်ထုတ်ထားတာ ရေဓာတ်ကိုပြန်ဖြည့်ပေးတယ် တစ်လမ်းလုံးလမ်းလျှောက်လာရတော့သူမောနေမှာပေါ့ အန်တီဝယ်ထားတာလို့ပြောပြီးမှတိုက်ဦး"
"ကျေးဇူးပါသားရယ် ဂရုစိုက်ပြန်ဦး"
"ဒီတစ်ခါလဲ အဲ့ဒီကျေးဇူးကိုအန်တီပဲပြန်ယူထားလိုက်တော့"
ကားမှန်ပြန်ပိတ်ပြီးအရှိန်ပြင်းစွာမောင်းနှင်သွားတဲ့ကားအဖြူကြီးထွက်ခွာသွားခဲ့ပြီးနောက်ဒေါ်နှင်းဆီမှာတော့အအေးဘူးကဒ်ကလေးကိုင်ကာအိမ်ရှေ့၌ကျန်ရစ်ခဲ့လေတော့သည်။