Zawgyi>>>
လက္ထိပ္ေတြကတစ္ဆင့္ သူေခါ္ရာေနာက္ က်ြန္ေတာ္ပါလာရတယ္...
ခဏျကာေတာ့ သူနဲ့အတူပါလာတဲ့လူအခ်ိဳ့လဲ က်ြန္ေတာ္တို့ေရွ့ကိုေရာက္လာျကသည္...
သူနဲ့က်ြန္ေတာ္ လက္ထိပ္ပူးခတ္ထားတာကိုျမင္ေတာ့ သူတို့ထဲက အသစ္လို့ထင္ရတဲ့တစ္ေယာက္က အလိုက္မသိစြာ စိတ္ပူလြန္ျပီး က်ြန္ေတာ့္ကိုေသနတ္နဲ့ခ်ိန္လာတယ္...
ရုတ္တရပ္မို့က်ြန္ေတာ္ ေျကာင္အသြားကာ Mr.Byun ကိုေမာ့ျကည့္လိုက္ေတာ့ က်ြန္ေတာ့္ရဲ့လန့္သြားတဲ့ မ်က္ဝန္းကို Mr.Byun သေဘာက်ဟန္မတူေခ်...
~ဒိုင္း
ရုတ္ခ်ည္းဆိုသလို သူ့အိတ္ကပ္ထဲက ေသနတ္ကိုဆြဲထုတ္ကာ က်ြန္ေတာ့္ကိုခ်ိန္ထားတဲ့ ထိုလူကိုပစ္သတ္လိုက္တဲ့ Mr.Byun...
အံ့ျသစြာေမာ့ျကည့္မိတာက က်ြန္ေတာ္တစ္ေယာက္ထဲမဟုတ္...
သူ့လူေတြအပါအဝင္ပါပဲ...
အေျကာင္းျပခ်က္ျကီးျကီးမားမား မရွိပါပဲ ထိုသစၥာရွိသည့္သူကိုေသေစသည္က Mr.Byun ကိုနားမလည္နိုင္ေတာ့ေခ်...
"မင္းသူ့ကိုေသခ်ာသင္ျကားေပးသင့္တယ္ Ravi...ငယ့္ကို လန့္ေအာင္လုပ္ရင္တစ္ေယာက္မွအရွင္မထားဘူး"
လိုက္လာတဲ့အဖြဲ့ရဲ့ေခါင္းေဆာင္ျဖစ္တဲ့ Ravi ကို လွည့္ပင္မျကည့္ပဲ ေျပာလာတဲ့ ေခါင္းေဆာင္ Light...
Light ရဲ့မ်က္နွာဟာ လူတစ္ေယာက္ကိုသတ္ထားသည္နွင့္ပင္မတူေအာင္ ေသြးေအးလြန္းေနသည္...
ထို့ေနာက္ က်ြန္ေတာ့္ကို Phoenix အိမ္ေတာ္ျကီးဆီသြားဖို့ ကားတစ္စီးေပါ္အတင္းတင္လာတယ္...
ဘယ္ေလာက္ပဲရုန္းကန္ဖို့ျကိဳးစားပါေစ လက္ေကာက္ဝတ္က ေသြးေျကာေတြျပတ္မတတ္နာက်င္မွုကို အံမတုနိုင္ခဲ့...
က်ြန္ေတာ္ေတာင္ဒီေလာက္နာေနတာ
သူ့လက္ေကာက္ဝတ္ဆို က်ြန္ေတာ္ရုန္းလြန္းလို့ ေသြးေတြပါတေတာက္ေတာက္စီးက်ေနျပီ...
သူကေတာ့မနာဘူးလားမသိေခ်...
အခုခ်ိန္ထိမ်က္နွာေသနဲ့ က်ြန္ေတာ့္ကိုျပန္ေခါ္သြားဖို့သာ ျကိဳးစားေနဆဲ...
ဒီလူဟာအေတာ္ေလးေခါင္းမာတဲ့သူပဲ...
*****************************
Chan ကုတင္နားမွာထိုင္ကာ သတိလစ္ေနတဲ့ Mr.Byun ကိုစိုက္ျကည့္ေနတာျကာျပီ...
သာမာန္လူဆိုေသေစနိုင္ေလာက္တဲ့ ဒဏ္ရာမ်ိဳးရထားေပမဲ့ Mr.Byun ကေတာ့ ကိုယ္ခံအားေကာင္းသူပီပီ အေျခအေနေကာင္းမြန္တာျမန္သည္...
ဝမ္းဗိုက္ကဓားထိုးဒဏ္ရာေျကာင့္ အက်ႌခ်ြတ္ထားရတဲ့ Mr.Byun ရဲ့ ေက်ာျပင္နဲ့ တျခားေနရာေတြမွာ အျခားဓားဒဏ္ရာ...ေသနတ္ဒဏ္ရာ... အမာရြတ္ေတြအျပင္ ျကာပြတ္နဲ့ရိုက္ခံထားရသလို အမာရြတ္မ်ိဳးပါရွိေနသည္...
ခင္ဗ်ားဘဝက ဘယ္ေလာက္ထိျကမ္းတမ္းခဲ့တာလဲ Mr.Byun ရယ္...
အဲ့တာေျကာင့္ ဒီေလာက္ထိေသြးေအးျပီး အရယ္အျပံဳးမရွိရတာလား?
လူတစ္ေယာက္ကို ျကက္ကေလးငွက္ကေလးေတြပစ္သလို ခပ္ေအးေအးသတ္နိုင္တဲ့အထိ ရက္စက္နိုင္ေလာက္ေအာင္ ခင္ဗ်ားဘာေတြျကံဳေတြ့ခဲ့ရတာလဲ??
"Umm...မလုပ္ပါနဲ့...ေတာင္း..ေတာင္းပန္ပါတယ္......."
Mr.Byun နွုတ္ခမ္းပါးမွထြက္လာတဲ့ညည္းသံေတြက အေတာ္ေလးေျကာက္မက္စရာအျဖစ္မ်ိဳးကို ျကံုေတြ့ေနရဟန္ရွိသည္
နွုတ္ခမ္းတစ္ခုလံုးေဖြးစုတ္ျပီး ေခ်ြးေစးေတြပါျပန္လာတဲ့ Mr.Byun ရဲ့လက္ေတြက ေျကာက္ရြံ့ေနဟန္ တဆတ္ဆတ္တုန္ရီလို့ေနတယ္...
"Mr.Byun...Mr.Byun...ဘာျဖစ္တာလဲ?သတိထားပါဦး...Mr.Byun.."
Chan ေခါ္ေနေသာ္လဲ Baekhyun သတိလည္မလာေသးေခ်...
ေခါင္းကိုတြင္တြင္ခါယမ္းရင္း မ်က္ဝန္းထပ္မွမ်က္ရည္စေတြပါ တလွိမ့္လွမ့္စီးက်လာတာကို ျမင္ရတာေျကာင့္ Chan ရဲ့ ဝဲဘက္ရင္အံုက နာက်င္စျပဳလာတယ္
ဘာေတြဒီေလာက္ေတာင္ ခံစားေနရတာလဲ Mr.Byun...
"Umm ငယ္...မင္းဘယ္မွာလဲ ငယ္...ကိုယ့္..ကိုယ့္ကိုထားမသြားပါနဲ့ ေတာင္းပန္ပါတယ္ ..."
"Mr.Byun...က်ြန္ေတာ္ဒီမွာရွိတယ္ေလ Mr.Byun..."
"ငယ္..."
သူ့လက္ေတြကိုအတင္းဆုပ္ကိုင္ကာ လြတ္ထြက္သြားမတတ္ဆြဲထားတာေျကာင့္ chan အလိုက္တသိ Mr.Byun ရဲ့လက္ေတြကို ျပန္လည္ဆုပ္ကိုင္ထားမိတယ္...
အတိတ္ရဲ့အရိပ္ေတြထဲ ပိတ္မိေနတဲ့ Mr.Byun ဟာ သူ့ကိုစြန့္လြွတ္ေပးနိုင္တဲ့ပံု လံုးဝမေပါ္ေခ်...
ေပ်ာက္ဆံုးသြားတဲ့သူတစ္ေယာက္ကို ျပန္ရွာေနသလို ပါးစပ္ကတဖြဖြေရရြတ္ရင္း ထြက္မသြားဖို့ေတာင္းပန္ေနတဲ့ Mr.Byun ရဲ့ပံုရိပ္ေတြ...
"ခ်စ္တယ္...ခ်စ္တယ္ ငယ္..."
ေအာ္...ေယာင္တာေတာင္ က်ြန္ေတာ့္နာမည္က မပါမျဖစ္ပဲလား Mr.Byun ရယ္...
ခင္ဗ်ားကိုခါးခါးသီးသီးျဖစ္ေနတဲ့သူ့ကိုမွ ဘာလို့ဒီေလာက္ထိစြဲလန္းေနရတာလဲ?
က်ြန္ေတာ္မရွိရင္ေရာ ခင္ဗ်ားဘယ္လိုေနထိုင္မွာတဲ့လဲ?
ခင္ဗ်ားရဲ့အခ်စ္ေတြက က်ြန္ေတာ္နဲ့မတန္ပါဘူး Mr.Byun...
က်ြန္ေတာ္ဆိုတာက ခင္ဗ်ားကိုယ္တိုင္သတ္ခဲ့တဲ့သူေတြရဲ့သား...ျပီးေတာ့ ခင္ဗ်ားကိုယ္တိုင္ကလဲ အရာရာကို အသက္နဲ့ေလာင္းေျကးထပ္ျပီး အလုပ္လုပ္ေနရတဲ့သူ...
က်ြန္ေတာ္တို့နွစ္ေယာက္က အဆံုးသတ္ထိေပ်ာ္ရြွင္သြားနိုင္မယ္လို့ ဘယ္သူကအာမခံမွာတဲ့လဲ Mr.Byun...
ခင္ဗ်ားက်ြန္ေတာ့္ကိုမခ်စ္ေတာ့မဲ့ေန့အထိေစာင့္ေနမယ္...
အဲ့အခါက်ရင္ ခင္ဗ်ားလဲက်ြန္ေတာ့္ကို အလြယ္တကူ စြန့္ပစ္လို့ရသလို က်ြန္ေတာ္လဲ ခင္ဗ်ားကိုမုန္းတယ္ဆိုတဲ့စကားကို သူက္ေတာင့္သက္သာေျပာနိုင္ျပီေလ
နွစ္ေယာက္လံုးမနာက်င္ရေတာ့ဘူးေပါ့ Mr.Byun ရယ္...
က်ြန္ေတာ့္နာမည္ကို တဖြဖြေရရြတ္ေနတဲ့သူ့ကို မ်က္ရည္ျကားက ျပံဳးျပီးျကည့္မိတယ္...
"က်ြန္ေတာ္လဲခ်စ္ခဲ့ပါတယ္ Mr.Byun..."
***************************
မ်က္ဝန္းေတြကို ဖြင့္လိုက္တဲ့အခါ အလင္းေရာင္စူးစူးက မ်က္နွာေပါ္က်ေရာက္လာသည္...
လက္နဲ့ကာဖို့ ျပင္လိုက္ေတာ့ ဝမ္းဗိုက္က ဆူးနစ္ေနတဲ့ နာက်င္မွုေျကာင့္ လက္ေျမွာက္လို့ပင္မရခဲ့...
ပတ္ဝန္းက်င္ကိုတစ္ခ်က္ေငးျကည့္လိုက္ေတာ့ အခန္းေထာင့္မွာရပ္ေနတဲ့ Ravi နဲ့ သူ့ေဘးကထိုင္ခံုမွာ ထိုင္ေနတဲ့ K ကိုသာေတြ့ရသည္...
ငယ္...သူနိုးလာရင္ ငယ့္ကိုရွိေနေစခ်င္ခဲ့တာ...
အနည္းဆံုးေတာ့ ခဏေလာက္ျဖစ္ျဖစ္လာျကည့္မယ္လို့ ထင္ထားခဲ့တာ...
ဟက္!စိတ္ကူးယဥ္လိုက္တာ
Byun Baekhyun!
ငယ္က မင္းကိုေသေစခ်င္ေနတာေလ...
"နိုးျပီလား Light... သက္သာရဲ့လား?"
ေခါင္းေဆာင္ K ရဲ့အေမးကို Baekhyun ေခါင္းသာျငိမ့္ျပလိုက္ျပီး ထဖို့ျကိုးစားေတာ့ Ravi ကပါလာကူကာ တြဲထူေပးတယ္
သူ့အတြက္ေတာ့ ဒီဒဏ္ရာမ်ိဳးဆိုတာ ရိုးေနပါျပီေလ...
"K..."
"Chanyeol အခုေလးတင္ထြက္သြားတာ Light..."
ေခါင္းေဆာင္ Light ရဲ့နွုတ္ခမ္းမ်ား ပြင့္ဟသြားသည္အထိ အံ့ျသသြားတာကို Ravi ျမင္လိုက္ရပါသည္...
သူတို့ရဲ့ေခါင္းေဆာင္ျကီး Light ဘယ္ေလာက္ေတာင္ ေပ်ာ္သြားသလဲဆိုတာ ေမးမျကည့္ပဲေတာင္ခံစားနိုင္ပါတယ္...
တကယ္ေတာ့ ေခါင္းေဆာင္ နဲ့ သခင္ေလး ဟာ ပြင့္လင္းမွုအရမ္းနည္းလြန္းတယ္...
တစ္ေယာက္နဲ့တစ္ေယာက္ သိပ္ခ်စ္ျကေပမဲ့ ထုတ္ေဖာ္ေျပာဖို့ကိုက် ဝန္ေလးေနျကတယ္ေလ...
အခုလဲ ျကည့္ပါလား...
ေခါင္းေဆာင္ K သာမေျပာဘူးဆိုရင္ သခင္ေလး သူ့ကိုလာမျကည့္ဘူးအထင္နဲ့ ေခါင္းေဆာင္ဝမ္းနည္းဦးမွာအေသအခ်ာ...
တကယ္ဆို လာေစခ်င္ရင္ သခင္ေလး ကိုသူ့ေရွ့မွာ ျကိဳးတုပ္ျပီး ေခါ္ထားရင္ေတာင္ ရနိုင္တဲ့အေျခအေနမ်ိဳးပါ..
ဘာလို့ဒီေလာက္ေတာင္ သခင္ေလး ေပ်ာ္ဖို့ဆိုတာကိုပဲေတြးျပီး သူေပ်ာ္ဖို့က်မလုပ္ရတာလဲ နားမလည္နိုင္ေတာ့ေခ်...
~က်ြီ
တံခါးဖြင့္သံတစ္ခုနဲ့အတူ သခင္ေလး ဝင္လာတာေျကာင့္ Ravi နဲ့ ေခါင္းေဆာင္ k တို့ အလိုက္တသိ အခန္းထဲကထြက္လာခဲ့ျကသည္...
သခင္ေလး အခန္းထဲဝင္လာေတာ့ ေခါင္းေဆာင္ရဲ့နိုးေနတာကိုျမင္ျပီး စိတ္ခ်သြားဟန္ရွိတဲ့ ပံုစံေလးကို ျမင္ျဖစ္ေအာင္ျမင္လိုက္ပါေသးသည္...
အလကား...
သခင္ေလးလဲ ေခါင္းေဆာင္ကို ခ်စ္ရက္သားနဲ့ ဟန္ေဆာင္ေကာင္းေနတာ...
****************************
Unicode>>>
လက်ထိပ်တွေကတစ်ဆင့် သူခေါ်ရာနောက် ကျွန်တော်ပါလာရတယ်...
ခဏကြာတော့ သူနဲ့အတူပါလာတဲ့လူအချို့လဲ ကျွန်တော်တို့ရှေ့ကိုရောက်လာကြသည်...
သူနဲ့ကျွန်တော် လက်ထိပ်ပူးခတ်ထားတာကိုမြင်တော့ သူတို့ထဲက အသစ်လို့ထင်ရတဲ့တစ်ယောက်က အလိုက်မသိစွာ စိတ်ပူလွန်ပြီး ကျွန်တော့်ကိုသေနတ်နဲ့ချိန်လာတယ်...
ရုတ်တရပ်မို့ကျွန်တော် ကြောင်အသွားကာ Mr.Byun ကိုမော့ကြည့်လိုက်တော့ ကျွန်တော့်ရဲ့လန့်သွားတဲ့ မျက်ဝန်းကို Mr.Byun သဘောကျဟန်မတူချေ...
~ဒိုင်း
ရုတ်ချည်းဆိုသလို သူ့အိတ်ကပ်ထဲက သေနတ်ကိုဆွဲထုတ်ကာ ကျွန်တော့်ကိုချိန်ထားတဲ့ ထိုလူကိုပစ်သတ်လိုက်တဲ့ Mr.Byun...
အံ့သြစွာမော့ကြည့်မိတာက ကျွန်တော်တစ်ယောက်ထဲမဟုတ်...
သူ့လူတွေအပါအဝင်ပါပဲ...
အကြောင်းပြချက်ကြီးကြီးမားမား မရှိပါပဲ ထိုသစ္စာရှိသည့်သူကိုသေစေသည်က Mr.Byun ကိုနားမလည်နိုင်တော့ချေ...
"မင်းသူ့ကိုသေချာသင်ကြားပေးသင့်တယ် Ravi...ငယ့်ကို လန့်အောင်လုပ်ရင်တစ်ယောက်မှအရှင်မထားဘူး"
လိုက်လာတဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Ravi ကို လှည့်ပင်မကြည့်ပဲ ပြောလာတဲ့ ခေါင်းဆောင် Light...
Light ရဲ့မျက်နှာဟာ လူတစ်ယောက်ကိုသတ်ထားသည်နှင့်ပင်မတူအောင် သွေးအေးလွန်းနေသည်...
ထို့နောက် ကျွန်တော့်ကို Phoenix အိမ်တော်ကြီးဆီသွားဖို့ ကားတစ်စီးပေါ်အတင်းတင်လာတယ်...
ဘယ်လောက်ပဲရုန်းကန်ဖို့ကြိုးစားပါစေ လက်ကောက်ဝတ်က သွေးကြောတွေပြတ်မတတ်နာကျင်မှုကို အံမတုနိုင်ခဲ့...
ကျွန်တော်တောင်ဒီလောက်နာနေတာ
သူ့လက်ကောက်ဝတ်ဆို ကျွန်တော်ရုန်းလွန်းလို့ သွေးတွေပါတတောက်တောက်စီးကျနေပြီ...
သူကတော့မနာဘူးလားမသိချေ...
အခုချိန်ထိမျက်နှာသေနဲ့ ကျွန်တော့်ကိုပြန်ခေါ်သွားဖို့သာ ကြိုးစားနေဆဲ...
ဒီလူဟာအတော်လေးခေါင်းမာတဲ့သူပဲ...
*****************************
Chan ကုတင်နားမှာထိုင်ကာ သတိလစ်နေတဲ့ Mr.Byun ကိုစိုက်ကြည့်နေတာကြာပြီ...
သာမာန်လူဆိုသေစေနိုင်လောက်တဲ့ ဒဏ်ရာမျိုးရထားပေမဲ့ Mr.Byun ကတော့ ကိုယ်ခံအားကောင်းသူပီပီ အခြေအနေကောင်းမွန်တာမြန်သည်...
ဝမ်းဗိုက်ကဓားထိုးဒဏ်ရာကြောင့် အကျႌချွတ်ထားရတဲ့ Mr.Byun ရဲ့ ကျောပြင်နဲ့ တခြားနေရာတွေမှာ အခြားဓားဒဏ်ရာ...သေနတ်ဒဏ်ရာ... အမာရွတ်တွေအပြင် ကြာပွတ်နဲ့ရိုက်ခံထားရသလို အမာရွတ်မျိုးပါရှိနေသည်...
ခင်ဗျားဘဝက ဘယ်လောက်ထိကြမ်းတမ်းခဲ့တာလဲ Mr.Byun ရယ်...
အဲ့တာကြောင့် ဒီလောက်ထိသွေးအေးပြီး အရယ်အပြုံးမရှိရတာလား?
လူတစ်ယောက်ကို ကြက်ကလေးငှက်ကလေးတွေပစ်သလို ခပ်အေးအေးသတ်နိုင်တဲ့အထိ ရက်စက်နိုင်လောက်အောင် ခင်ဗျားဘာတွေကြုံတွေ့ခဲ့ရတာလဲ??
"Umm...မလုပ်ပါနဲ့...တောင်း..တောင်းပန်ပါတယ်......."
Mr.Byun နှုတ်ခမ်းပါးမှထွက်လာတဲ့ညည်းသံတွေက အတော်လေးကြောက်မက်စရာအဖြစ်မျိုးကို ကြုံတွေ့နေရဟန်ရှိသည်
နှုတ်ခမ်းတစ်ခုလုံးဖွေးစုတ်ပြီး ချေွးစေးတွေပါပြန်လာတဲ့ Mr.Byun ရဲ့လက်တွေက ကြောက်ရွံ့နေဟန် တဆတ်ဆတ်တုန်ရီလို့နေတယ်...
"Mr.Byun...Mr.Byun...ဘာဖြစ်တာလဲ?သတိထားပါဦး...Mr.Byun.."
Chan ခေါ်နေသော်လဲ Baekhyun သတိလည်မလာသေးချေ...
ခေါင်းကိုတွင်တွင်ခါယမ်းရင်း မျက်ဝန်းထပ်မှမျက်ရည်စတွေပါ တလှိမ့်လှမ့်စီးကျလာတာကို မြင်ရတာကြောင့် Chan ရဲ့ ဝဲဘက်ရင်အုံက နာကျင်စပြုလာတယ်
ဘာတွေဒီလောက်တောင် ခံစားနေရတာလဲ Mr.Byun...
"Umm ငယ်...မင်းဘယ်မှာလဲ ငယ်...ကိုယ့်..ကိုယ့်ကိုထားမသွားပါနဲ့ တောင်းပန်ပါတယ် ..."
"Mr.Byun...ကျွန်တော်ဒီမှာရှိတယ်လေ Mr.Byun..."
"ငယ်..."
သူ့လက်တွေကိုအတင်းဆုပ်ကိုင်ကာ လွတ်ထွက်သွားမတတ်ဆွဲထားတာကြောင့် chan အလိုက်တသိ Mr.Byun ရဲ့လက်တွေကို ပြန်လည်ဆုပ်ကိုင်ထားမိတယ်...
အတိတ်ရဲ့အရိပ်တွေထဲ ပိတ်မိနေတဲ့ Mr.Byun ဟာ သူ့ကိုစွန့်လွှတ်ပေးနိုင်တဲ့ပုံ လုံးဝမပေါ်ချေ...
ပျောက်ဆုံးသွားတဲ့သူတစ်ယောက်ကို ပြန်ရှာနေသလို ပါးစပ်ကတဖွဖွရေရွတ်ရင်း ထွက်မသွားဖို့တောင်းပန်နေတဲ့ Mr.Byun ရဲ့ပုံရိပ်တွေ...
"ချစ်တယ်...ချစ်တယ် ငယ်..."
အော်...ယောင်တာတောင် ကျွန်တော့်နာမည်က မပါမဖြစ်ပဲလား Mr.Byun ရယ်...
ခင်ဗျားကိုခါးခါးသီးသီးဖြစ်နေတဲ့သူ့ကိုမှ ဘာလို့ဒီလောက်ထိစွဲလန်းနေရတာလဲ?
ကျွန်တော်မရှိရင်ရော ခင်ဗျားဘယ်လိုနေထိုင်မှာတဲ့လဲ?
ခင်ဗျားရဲ့အချစ်တွေက ကျွန်တော်နဲ့မတန်ပါဘူး Mr.Byun...
ကျွန်တော်ဆိုတာက ခင်ဗျားကိုယ်တိုင်သတ်ခဲ့တဲ့သူတွေရဲ့သား...ပြီးတော့ ခင်ဗျားကိုယ်တိုင်ကလဲ အရာရာကို အသက်နဲ့လောင်းကြေးထပ်ပြီး အလုပ်လုပ်နေရတဲ့သူ...
ကျွန်တော်တို့နှစ်ယောက်က အဆုံးသတ်ထိပျော်ရွှင်သွားနိုင်မယ်လို့ ဘယ်သူကအာမခံမှာတဲ့လဲ Mr.Byun...
ခင်ဗျားကျွန်တော့်ကိုမချစ်တော့မဲ့နေ့အထိစောင့်နေမယ်...
အဲ့အခါကျရင် ခင်ဗျားလဲကျွန်တော့်ကို အလွယ်တကူ စွန့်ပစ်လို့ရသလို ကျွန်တော်လဲ ခင်ဗျားကိုမုန်းတယ်ဆိုတဲ့စကားကို သူက်တောင့်သက်သာပြောနိုင်ပြီလေ
နှစ်ယောက်လုံးမနာကျင်ရတော့ဘူးပေါ့ Mr.Byun ရယ်...
ကျွန်တော့်နာမည်ကို တဖွဖွရေရွတ်နေတဲ့သူ့ကို မျက်ရည်ကြားက ပြုံးပြီးကြည့်မိတယ်...
"ကျွန်တော်လဲချစ်ခဲ့ပါတယ် Mr.Byun..."
***************************
မျက်ဝန်းတွေကို ဖွင့်လိုက်တဲ့အခါ အလင်းရောင်စူးစူးက မျက်နှာပေါ်ကျရောက်လာသည်...
လက်နဲ့ကာဖို့ ပြင်လိုက်တော့ ဝမ်းဗိုက်က ဆူးနစ်နေတဲ့ နာကျင်မှုကြောင့် လက်မြှောက်လို့ပင်မရခဲ့...
ပတ်ဝန်းကျင်ကိုတစ်ချက်ငေးကြည့်လိုက်တော့ အခန်းထောင့်မှာရပ်နေတဲ့ Ravi နဲ့ သူ့ဘေးကထိုင်ခုံမှာ ထိုင်နေတဲ့ K ကိုသာတွေ့ရသည်...
ငယ်...သူနိုးလာရင် ငယ့်ကိုရှိနေစေချင်ခဲ့တာ...
အနည်းဆုံးတော့ ခဏလောက်ဖြစ်ဖြစ်လာကြည့်မယ်လို့ ထင်ထားခဲ့တာ...
ဟက်!စိတ်ကူးယဉ်လိုက်တာ
Byun Baekhyun!
ငယ်က မင်းကိုသေစေချင်နေတာလေ...
"နိုးပြီလား Light... သက်သာရဲ့လား?"
ခေါင်းဆောင် K ရဲ့အမေးကို Baekhyun ခေါင်းသာငြိမ့်ပြလိုက်ပြီး ထဖို့ကြိုးစားတော့ Ravi ကပါလာကူကာ တွဲထူပေးတယ်
သူ့အတွက်တော့ ဒီဒဏ်ရာမျိုးဆိုတာ ရိုးနေပါပြီလေ...
"K..."
"Chanyeol အခုလေးတင်ထွက်သွားတာ Light..."
ခေါင်းဆောင် Light ရဲ့နှုတ်ခမ်းများ ပွင့်ဟသွားသည်အထိ အံ့သြသွားတာကို Ravi မြင်လိုက်ရပါသည်...
သူတို့ရဲ့ခေါင်းဆောင်ကြီး Light ဘယ်လောက်တောင် ပျော်သွားသလဲဆိုတာ မေးမကြည့်ပဲတောင်ခံစားနိုင်ပါတယ်...
တကယ်တော့ ခေါင်းဆောင် နဲ့ သခင်လေး ဟာ ပွင့်လင်းမှုအရမ်းနည်းလွန်းတယ်...
တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြပေမဲ့ ထုတ်ဖော်ပြောဖို့ကိုကျ ဝန်လေးနေကြတယ်လေ...
အခုလဲ ကြည့်ပါလား...
ခေါင်းဆောင် K သာမပြောဘူးဆိုရင် သခင်လေး သူ့ကိုလာမကြည့်ဘူးအထင်နဲ့ ခေါင်းဆောင်ဝမ်းနည်းဦးမှာအသေအချာ...
တကယ်ဆို လာစေချင်ရင် သခင်လေး ကိုသူ့ရှေ့မှာ ကြိုးတုပ်ပြီး ခေါ်ထားရင်တောင် ရနိုင်တဲ့အခြေအနေမျိုးပါ..
ဘာလို့ဒီလောက်တောင် သခင်လေး ပျော်ဖို့ဆိုတာကိုပဲတွေးပြီး သူပျော်ဖို့ကျမလုပ်ရတာလဲ နားမလည်နိုင်တော့ချေ...
~ကျွီ
တံခါးဖွင့်သံတစ်ခုနဲ့အတူ သခင်လေး ဝင်လာတာကြောင့် Ravi နဲ့ ခေါင်းဆောင် k တို့ အလိုက်တသိ အခန်းထဲကထွက်လာခဲ့ကြသည်...
သခင်လေး အခန်းထဲဝင်လာတော့ ခေါင်းဆောင်ရဲ့နိုးနေတာကိုမြင်ပြီး စိတ်ချသွားဟန်ရှိတဲ့ ပုံစံလေးကို မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်...
အလကား...
သခင်လေးလဲ ခေါင်းဆောင်ကို ချစ်ရက်သားနဲ့ ဟန်ဆောင်ကောင်းနေတာ...
****************************