Zawgyi>>>
ေမွာင္မိုက္ေနေသာ အခန္းက်ဥ္းထဲက အိပ္ယာေပါ္မွာ Chan တစ္ေယာက္ထဲ သက္ျပင္းေတြခ်ေနမိတယ္...
မိုးသည္းတဲ့ညမို့လားေတာ့မသိ သူေကာင္းေကာင္းအိပ္မေပ်ာ္နိုင္ေခ်...
ေအးစိမ့္ေနေသာ ရာသီဥတုနဲ့အတူ မိုးျခိမ္းသံက်ယ္က်ယ္ေတြကလဲ ရံဖန္ရံခါထြက္ေပါ္လာတတ္သည္မို့ ခပ္ထူထူေစာင္ကို ကိုယ္ေပၚလႊားရင္းမွ တစ္ေယာက္ထဲျငိမ္သက္ေနမိတယ္...
Chan မိုးရြာတာကိုေျကာက္တယ္... မိုးျခိမ္းတာကိုေရာပဲ...
တစ္ေယာက္ထဲရွိေနတဲ့အခ်ိန္မို့လားမသိ ေျကာက္စိတ္ကပိုဆိုးလာျပီး ေစာင္ကိုသာလက္နဲ့တင္းတင္းဆုပ္ထားမိသည္...
အရင္ကဆို ဒီလိုမိုးရြာရင္ Omma ကက်ြန္ေတာ့္အခန္းထဲကိုလာျပီး လာဖက္ေပးထားတတ္တာ...
က်ြန္ေတာ္ေျကာက္တယ္ Omma...
တစ္ေယာက္ထဲဘယ္လိုေနရမွာလဲ??
မ်က္ဝန္းတို့အား မွိတ္ခ်လိုက္ေသာအခါ မ်က္ရည္ပူပူတို့စီးက်လာျကသည္...
လြမ္းလိုက္တာ Omma ရယ္...
"ငယ္...."
တိုးလ်တဲ့ေခါ္သံနဲ့အတူ က်ြန္ေတာ့္ခါးကို ရစ္ပတ္လာတဲ့ သန္မာေသာလက္အစံု...
နူးညံတာလားမသဲကြဲတဲ့ ညွင္သာေသာေထြးေပြ့မွုနဲ့အတူ က်ြန္ေတာ္ဟာသူ့ရဲ့ရင္ခြင္က်ယ္ထဲေရာက္ေနခဲ့ျပီ...
"Mr.Byun..."
"အရမ္းေျကာက္ေနလားငယ္...ကိုယ္ေနာက္က်သြားလို့ေတာင္းပန္ပါတယ္"
သူ...က်ြန္ေတာ္ ေျကာက္ေနတာကို ဘယ္လိုသိတာလဲ?
ဘယ္လိုျဖစ္ျပီး ခ်က္ခ်င္းေရာက္လာနိုင္ရတာလဲ?
"ဒီတစ္ညေတာ့ မင္းကိုေထြးေပြ့ထားခြင့္ျပဳပါငယ္...
မင္းရဲ့အေျကာက္တရားေတြကေန၊ကိုယ္ကာကြယ္ေပးပါရေစ..."
Mr.Byun...ခင္ဗ်ားက်ြန္ေတာ့္ကို ရူးေအာင္ျပဳေနသလားပဲ...
ေႏြးေထြးတဲ့သူ့ရင္ခြင္က က်ြန္ေတာ့္ရဲ့ေျကာက္စိတ္ေတြကို ဖယ္ရွားေပးျပီး လံုျခံဳမွုရွိသြားသလိုခံစားလိုက္ရတယ္...
Mr.Byun ရဲ့အထိအေတြ့ကို ျငင္းဆန္ခ်င္ေပမဲ့ တကယ္တမ္းလက္ေတြ့မွာ သူ့ရင္ခြင္ထဲက်ြန္ေတာ္ျငိမ္သက္ေနမိသည္...
ေႏြးေထြးလြန္းတယ္... ျပီးေတာ့ နူးညံ့တယ္...
အေနာက္ကသိုင္းဖက္ထားတဲ့ Mr.Byun ရဲ့အသက္ရွုသံကလဲ
က်ြန္ေတာ့္လည္တိုင္နားကို ရိုက္ခတ္လို့ေနသည္...
အေလာတျကီးေျပးလာရလို့ထင္ရဲ့...
Mr.Byun ရဲ့အသက္ရွုသံမွာ ေမာဟိုက္ေနဟန္ရွိတယ္...
ေက်းဇူးပါ Mr.Byun...
က်ြန္ေတာ္ေျကာက္ေနတဲ့အခ်ိန္ အနားကိုေရာက္လာေပးလို့...
****************************
ေမွးစက္ထားေသာ မ်က္ဝန္းမ်ားကို ျဖည္းညွင္းစြာဖြင့္ဟလိုက္တဲ့အခါ ရင္းနွီးေနေသာ မ်က္နွာက်က္အစံုကိုသာ ေတြ့လိုက္ရသည္...
ခါးတစ္ဝိုက္ထံုက်င္သလိုျဖစ္ေနကာ အနည္းငယ္နာေနတာေျကာင့္ ျကည့္မိေတာ့ မိမိ၏ခါးမွာ လက္ရာပင္ထင္ေလာက္ေအာင္ နီရဲကာေနတယ္
Mr.Byun...ထိုလူျကီးဟာ အခြင့္အေရးေပးလို့မရတဲ့ သားရဲေကာင္တစ္ေကာင္ပင္...
ျကည့္ပါဦး...
လူတစ္ေယာက္ကိုဖက္သည္လား ခါးကိုပိုင္းျဖတ္မည္လား မသဲမကြဲ...
ထိုသန္မာလြန္းေနေသာ လက္အစံုကိုသာအျပစ္တင္ရေပေတာ့မည္...
Mr.Byun က သံေခ်ာင္းေတြကို သူ့လက္ကိုပဲအသံုးျပဳျပီး ေကြးညြွတ္နိုင္တာ Chan အသိေပပဲ...
"နိူးျပီလားငယ္..."
တံခါးဖြင့္ဝင္လာေသာ Mr.Byun ဟာ Demonic ဂိုဏ္းရဲ့ထံုးစံအတိုင္း suit အနက္ေရာင္ကို ဝတ္စံုျပည့္ဝတ္ဆင္ျပီးသား...
သူ့ရဲ့ေငြမွင္ေရာင္ဆံႏြယ္တို့ကိုလဲ gel နဲ့ျဖီးလိမ္းကာ အေပၚသို့လွန္တင္ထားသည္...
အျမဲျမင္ေနက်ပံုစံမ်ိဳးျဖစ္ေသာ္လဲ ဒီေန့မွ Mr.Byun ကပိုျကည့္လို့ေကာင္းေနသေယာင္...
ဒီေလာက္အေစာျကီးရွိေသးတာကို အဆင္သင့္ျဖစ္ေနပံုအရ Mr.Byun ညက အိပ္ခဲ့ရဲ့လားေတာင္မသိေခ်...
"ကိုယ္ဒီေန့အျပင္သြားရမယ္ ငယ္..."
Mr.Byun စကားေျကာင့္ Chanyeol ျပန္လည္ေမာ့ျကည့္လိုက္မိသည္...
အျပင္?သူေျပာတဲ့အျပင္ဆိုတာက တစ္ေယာက္ေယာက္ကိုသတ္ဖို့သြားတာမ်ိဳးလား?
Light ကိုယ္တိုင္သတ္ရမည္ဆိုေတာ့ ဒီေန့အသတ္ခံရမည့္သူဟာလဲ ေခသူမဟုတ္နိုင္ေခ်...
ဘာေျကာင့္မွန္းမသိ ရင္ထဲပူေနကာ စိတ္ေလးသလိုျဖစ္ေနျပန္တယ္...
ရဲဖမ္းလို့မရတဲ့သူကိုမွ ဘာေျကာင့္စိတ္ပူေနမိပါလိမ့္ေနာ္...
"Mr.Byun..."
"အင္း ငယ္"
က်ြန္ေတာ္ေခၚလိုက္တိုင္း ခ်က္ခ်င္းဆိုသလိုျပန္ထူးတတ္တဲ့သူက နာရီပတ္ေနရာမွ ကြၽန္ေတာ့္ကိုေမာ့ျကည့္လာသည္...
ထိုင္ေနတဲ့အိပ္ယာေပၚမွ ထလိုက္ျပီး Mr.Byun ရဲ့အနားကိုေလွ်ာက္သြားကာ သူရဲ့ပံုစံမက်ေသးတဲ့ necktie ကိုျပန္ျပင္ေပးလိုက္ေတာ့ ထိုလူျကီးဟာ က်ြန္ေတာ့္ကိုမယံုနိုင္သလိုစိုက္ျကည့္ေနတယ္...
အင္းေပါ့ေလ...ဒီလိုမ်ိဳးအနားမကပ္တာ ျကာခဲ့ျပီကိုး...
အမွန္တိုင္းေျပာရရင္ေတာ့ သူ့မ်က္နွာနားကပ္ေနတဲ့ က်ြန္ေတာ့္ကိုယ္က်ြန္ေတာ္လဲ ရင္ခုန္သံေတြထိန္းမရျဖစ္ေနသည္...
မေတာ္လို့မ်ား ျပဳတ္က်သြားမလားစိုးရိမ္ရေလာက္ေအာင္ မေမာမပန္းခုန္ေနလိုက္တာ...
"ကိုယ္...ကိုယ့္ကိုဘာေျပာစရာရွိလို့လဲငယ္?"
အသံကိုမတုန္ေအာင္မနည္းထိန္းေျပာရသည္မွာ Baekhyun အတြက္ အသားမက်ေသး...
သူ့ necktie ေပၚမွာရွိေနတဲ့ ငယ့္ရဲ့လက္ေခ်ာင္းသြယ္သြယ္ေလးေတြမွ ဆြဲယူကာ နွုတ္ခမ္းပါးေလးကို
ု တရိွုက္တမက္နမ္းပစ္ခ်င္လိုက္သည္...
ဘာလို့ရင္ခုန္ေအာင္လုပ္ေနရသလဲ ကေလးငယ္....
"ဒဏ္ရာမရဘဲ အေကာင္းအတိုင္းျပန္လာခဲ့ေပးပါ Mr.Byun..."
အံ့ျသသြားေသာ ထိူလူျကီးမ်က္ဝန္းေတြအား Chanyeol ရင္မဆိုင္ရဲတာေျကာင့္ ခ်က္ခ်င္းအျကည့္ေတြကိုလႊဲကာ မသိဟန္ေဆာင္လိုက္မိတယ္
ဘာေျကာင့္ဒီအသံုးမက်တဲ့ပါးစပ္ဟာ အမွန္တိုင္းေျပာထြက္သြားသလဲေတာ့မသိေခ်...
"ငယ္..."
ငယ္...အခုသူ့ကိုစိတ္ပူေပးလိုက္တာလား?
ငယ္ကေလ...
က်ြန္ေတာ့္ရဲ့ငယ္ကေလ??
ဟားး ဝမ္းသာလိုက္တာ...
သူက်ြန္ေတာ့္ကိုမထိခိုက္ေစခ်င္တဲ့သေဘာေပါ့ေနာ္...
ဒီစကားေလး...ဒီလိုစိတ္ပူမွုမ်ိဳး မရခဲ့တာနွစ္နဲ့ခ်ီခဲ့ျပီ...
ေက်းဇူးတင္ပါတယ္ငယ္ရယ္...
ကိုယ္အရမ္းေက်းဇူးတင္ပါတယ္...
ကိုယ့္ကိုေပ်ာ္ေအာင္လုပ္ေပးလို့...
"ေက်းဇူးတင္ပါတယ္ငယ္...ကိုယ္... ကိုယ့္ကိုအဲ့လိုေျပာေပးတာ..."
အစီစဥ္မက်စြာထြက္လာတဲ့ တုန္ယင္ေသာအသံေတြက Mr.Byun ထံမွျကားေနရသည္...
ေသခ်ာတာတစ္ခုကေတာ့ ဟိုလူျကီးရဲ့အျပံဳးက အရမ္းကိုေတာက္ပေနျပီေလ...
ခင္ဗ်ားအဲ့ေလာက္ေတာင္ေပ်ာ္သလား Mr.Byun...
*****************************
Mr.Byun ထြက္သြားတာ ၁နာရီေလာက္ရွိသည့္တိုင္ Chanyeol ျခံဝင္းထဲကိုေငးျကည့္ေနဆဲ...
က်ယ္ျပန့္လြန္းတဲ့ Demonic ဂိုဏ္းရဲ့ျခံဝင္းရဲ့အဆံုးကို သူမျမင္နိုင္ေခ်...
သို့ေသာ္...Mr.Byun ဘယ္ေနရာေလာက္ထိေရာက္ေနျပီလဲဆိုတာေတာ့ အရူးထစြာခန့္မွန္းခ်င္မိေသးတယ္...
"Ravi hyung..."
ခပ္ေဆြးေဆြးေခါ္လာတဲ့သူ့အသံေျကာင့္ Ravi hyung ကနားေထာင္ေနတဲ့ဟန္ ေခါင္းငံု့အရိုအေသေပးသည္
"ဘာအလိုရွိလို့ပါလဲသခင္ေလး..."
"က်ြန္ေတာ္ Sehun ကိုလြမ္းတယ္..."
တစ္ေယာက္ထဲရွိေသာ က်ြန္ေတာ့္ညီေလးအား တမ္းတလိုက္မိပါသည္...
အိမ္ေတာ္တစ္ခုထဲမွာ အတူရွိေနျကေပမဲ့ က်ြန္ေတာ့္အတြက္က တစ္ခါတစ္ေလ Mr.Byun ခြင့္ျပဳမွသာ အခန္းျပင္ထြက္ရတာမို့ Sehunnie ကိုမေတြ့ရတာျကာေပါ့...
"သူလာေနပါျပီသခင္ေလး"
"ဗ်ာ...တကယ္လား Hyung?"
"ဟုတ္ပါတယ္ သခင္ေလး...Light ကသခင္ေလးေတြ့ခ်င္ေနမယ္ဆိုတာသိလို့ မသြားခင္စီစဥ္ေပးသြားတာပါ"
Mr.Byun ဘာလို့က်ြန္ေတာ့္ကိုအဲ့ေလာက္ထိနားလည္ေပးေနရတာလဲဟင္?
ဘာလို့က်ြန္ေတာ့္အတြင္းစိတ္ထဲထိပါ နက္နက္ရိွုင္းရိွုင္း သိေနရတာလဲ?
"Hyung..."
သူေတြးေနတုန္း အခန္းထဲဝင္လာေသာ ေကာင္ေလးတစ္ေယာက္ေျကာင့္ Chanyeol ျကည့္လိုက္မိတယ္...
"Hun ah..."
မ်က္လံုးေလးေတြမွိတ္တဲ့ထိရယ္ျပေနေသာ
Sehun ၏ဆံပင္ေတြကိုဆြဲဖြကာ Chanyeol ျပံဳးမိတယ္...
"Hyung မေကာင္းဘူး...ဘာလို့က်ြန္ေတာ့္ကိုလာမေတြ့ရတာလဲ?"
"Haha အရူးေလး..."
"ဟာ..Hyung..."
မေက်နပ္ဟန္ စူပုတ္သြားတဲ့သူ့ညီေလးေျကာင့္ နဖူးျပင္ကိုခပ္ဖြဖြေတာက္မိတယ္
"Hyung ကကိုယ့္ကိုကိုယ္မွမပိုင္တာ"
"Hyung ေနရတာအဆင္ေျပရဲ့လားဟင္?"
စိုးရိမ္တျကီးေမးလာတဲ့ sehun ရဲ့မ်က္နွာငယ္ေလးေျကာင့္ က်ြန္ေတာ္ခပ္ယဲ့ယဲ့ျပံဳးမိတယ္
"Hyung ကအဆင္ေျပပါတယ္ Hun ရဲ့...Hun ေလးကေရာအဆင္ေျပရဲ့လား?"
"က်ြန္ေတာ့္ကို k ကေနွာင့္ယွက္တယ္ Hyung"
"K?ေခါင္းေဆာင္ k ကိုေျပာတာလား Hun?"
"အင္း ဟုတ္တယ္...က်ြန္ေတာ္သူ့ကို တကယ္မျကိဳက္ဘူး Hyung..."
"အဆင္ေျပသြားမွာပါ Hun ရယ္... Hyung တို့ဘဝကသည္းခံရံုကလြဲျပီး ဘာမွမရွိတာပဲကို"
Sehun ရဲ့ မ်က္ဝန္းတြင္ အားနာရိပ္အျပည့္ုျဖစ္သြားကာ chanyeol ကိုေမာ့ျကည့္လာေတာ့သည္
"ေတာင္းပန္ပါတယ္ Hyung...က်ြန္ေတာ့္ေျကာင့္သာမဟုတ္ရင္ Light ကို Hyung လက္ထပ္ရမွာမဟုတ္ဘူးေနာ္"
"အဲ့လိုမေတြးပါနဲ့ Hun ah...မဟုတ္ရင္ေတာင္ Demonic ဂိုဏ္းက hyung ကိုလိုခ်င္ရင္သိမ္းလို့ရတာပဲေလ hun ေျကာင့္မဟုတ္ပါဘူး...အဲ့တာေျကာင့္စိတ္ေကာင္းမျဖစ္နဲ့ေနာ္"
"Hyung ရယ္..."
Sehun သိပါသည္ Hyung ဘယ္ေလာက္နာက်င္ေနရသလဲဆိုတာကို...
Hyung က သူ့ေျကာင့္ မုန္းတဲ့သူနဲ့လက္ထပ္ရတယ္....
သူ့ကိုကာကြယ္ဖို့အတြက္ ေခါင္းေဆာင္ Light ကိုလက္ခံခဲ့ရတယ္...
အမ်ားျကီးပဲ...Hyung စြန့္လြွတ္ခဲ့ရတာေတြအမ်ားျကီးပါပဲ...
ဒါေပမဲ့ hun ဘက္ကေတာ့ ဘာမွလုပ္မေပးနိုင္ခဲ့ဘူး...
က်ြန္ေတာ္ Hyung အေပၚအေျကြးေတြမ်ားေနျပီေလ...
**************************
Unicode>>>
မှောင်မိုက်နေသော အခန်းကျဉ်းထဲက အိပ်ယာပေါ်မှာ Chan တစ်ယောက်ထဲ သက်ပြင်းတွေချနေမိတယ်...
မိုးသည်းတဲ့ညမို့လားတော့မသိ သူကောင်းကောင်းအိပ်မပျော်နိုင်ချေ...
အေးစိမ့်နေသော ရာသီဥတုနဲ့အတူ မိုးခြိမ်းသံကျယ်ကျယ်တွေကလဲ ရံဖန်ရံခါထွက်ပေါ်လာတတ်သည်မို့ ခပ်ထူထူစောင်ကို ကိုယ်ပေါ်လွှားရင်းမှ တစ်ယောက်ထဲငြိမ်သက်နေမိတယ်...
Chan မိုးရွာတာကိုကြောက်တယ်... မိုးခြိမ်းတာကိုရောပဲ...
တစ်ယောက်ထဲရှိနေတဲ့အချိန်မို့လားမသိ ကြောက်စိတ်ကပိုဆိုးလာပြီး စောင်ကိုသာလက်နဲ့တင်းတင်းဆုပ်ထားမိသည်...
အရင်ကဆို ဒီလိုမိုးရွာရင် Omma ကကျွန်တော့်အခန်းထဲကိုလာပြီး လာဖက်ပေးထားတတ်တာ...
ကျွန်တော်ကြောက်တယ် Omma...
တစ်ယောက်ထဲဘယ်လိုနေရမှာလဲ??
မျက်ဝန်းတို့အား မှိတ်ချလိုက်သောအခါ မျက်ရည်ပူပူတို့စီးကျလာကြသည်...
လွမ်းလိုက်တာ Omma ရယ်...
"ငယ်...."
တိုးလျတဲ့ခေါ်သံနဲ့အတူ ကျွန်တော့်ခါးကို ရစ်ပတ်လာတဲ့ သန်မာသောလက်အစုံ...
နူးညံတာလားမသဲကွဲတဲ့ ညှင်သာသောထွေးပွေ့မှုနဲ့အတူ ကျွန်တော်ဟာသူ့ရဲ့ရင်ခွင်ကျယ်ထဲရောက်နေခဲ့ပြီ...
"Mr.Byun..."
"အရမ်းကြောက်နေလားငယ်...ကိုယ်နောက်ကျသွားလို့တောင်းပန်ပါတယ်"
သူ...ကျွန်တော် ကြောက်နေတာကို ဘယ်လိုသိတာလဲ?
ဘယ်လိုဖြစ်ပြီး ချက်ချင်းရောက်လာနိုင်ရတာလဲ?
"ဒီတစ်ညတော့ မင်းကိုထွေးပွေ့ထားခွင့်ပြုပါငယ်...
မင်းရဲ့အကြောက်တရားတွေကနေ၊ကိုယ်ကာကွယ်ပေးပါရစေ..."
Mr.Byun...ခင်ဗျားကျွန်တော့်ကို ရူးအောင်ပြုနေသလားပဲ...
နွေးထွေးတဲ့သူ့ရင်ခွင်က ကျွန်တော့်ရဲ့ကြောက်စိတ်တွေကို ဖယ်ရှားပေးပြီး လုံခြုံမှုရှိသွားသလိုခံစားလိုက်ရတယ်...
Mr.Byun ရဲ့အထိအတွေ့ကို ငြင်းဆန်ချင်ပေမဲ့ တကယ်တမ်းလက်တွေ့မှာ သူ့ရင်ခွင်ထဲကျွန်တော်ငြိမ်သက်နေမိသည်...
နွေးထွေးလွန်းတယ်... ပြီးတော့ နူးညံ့တယ်...
အနောက်ကသိုင်းဖက်ထားတဲ့ Mr.Byun ရဲ့အသက်ရှုသံကလဲ
ကျွန်တော့်လည်တိုင်နားကို ရိုက်ခတ်လို့နေသည်...
အလောတကြီးပြေးလာရလို့ထင်ရဲ့...
Mr.Byun ရဲ့အသက်ရှုသံမှာ မောဟိုက်နေဟန်ရှိတယ်...
ကျေးဇူးပါ Mr.Byun...
ကျွန်တော်ကြောက်နေတဲ့အချိန် အနားကိုရောက်လာပေးလို့...
****************************
မှေးစက်ထားသော မျက်ဝန်းများကို ဖြည်းညှင်းစွာဖွင့်ဟလိုက်တဲ့အခါ ရင်းနှီးနေသော မျက်နှာကျက်အစုံကိုသာ တွေ့လိုက်ရသည်...
ခါးတစ်ဝိုက်ထုံကျင်သလိုဖြစ်နေကာ အနည်းငယ်နာနေတာကြောင့် ကြည့်မိတော့ မိမိ၏ခါးမှာ လက်ရာပင်ထင်လောက်အောင် နီရဲကာနေတယ်
Mr.Byun...ထိုလူကြီးဟာ အခွင့်အရေးပေးလို့မရတဲ့ သားရဲကောင်တစ်ကောင်ပင်...
ကြည့်ပါဦး...
လူတစ်ယောက်ကိုဖက်သည်လား ခါးကိုပိုင်းဖြတ်မည်လား မသဲမကွဲ...
ထိုသန်မာလွန်းနေသော လက်အစုံကိုသာအပြစ်တင်ရပေတော့မည်...
Mr.Byun က သံချောင်းတွေကို သူ့လက်ကိုပဲအသုံးပြုပြီး ကွေးညွှတ်နိုင်တာ Chan အသိပေပဲ...
"နိူးပြီလားငယ်..."
တံခါးဖွင့်ဝင်လာသော Mr.Byun ဟာ Demonic ဂိုဏ်းရဲ့ထုံးစံအတိုင်း suit အနက်ရောင်ကို ဝတ်စုံပြည့်ဝတ်ဆင်ပြီးသား...
သူ့ရဲ့ငွေမှင်ရောင်ဆံနွယ်တို့ကိုလဲ gel နဲ့ဖြီးလိမ်းကာ အပေါ်သို့လှန်တင်ထားသည်...
အမြဲမြင်နေကျပုံစံမျိုးဖြစ်သော်လဲ ဒီနေ့မှ Mr.Byun ကပိုကြည့်လို့ကောင်းနေသယောင်...
ဒီလောက်အစောကြီးရှိသေးတာကို အဆင်သင့်ဖြစ်နေပုံအရ Mr.Byun ညက အိပ်ခဲ့ရဲ့လားတောင်မသိချေ...
"ကိုယ်ဒီနေ့အပြင်သွားရမယ် ငယ်..."
Mr.Byun စကားကြောင့် Chanyeol ပြန်လည်မော့ကြည့်လိုက်မိသည်...
အပြင်?သူပြောတဲ့အပြင်ဆိုတာက တစ်ယောက်ယောက်ကိုသတ်ဖို့သွားတာမျိုးလား?
Light ကိုယ်တိုင်သတ်ရမည်ဆိုတော့ ဒီနေ့အသတ်ခံရမည့်သူဟာလဲ ခေသူမဟုတ်နိုင်ချေ...
ဘာကြောင့်မှန်းမသိ ရင်ထဲပူနေကာ စိတ်လေးသလိုဖြစ်နေပြန်တယ်...
ရဲဖမ်းလို့မရတဲ့သူကိုမှ ဘာကြောင့်စိတ်ပူနေမိပါလိမ့်နော်...
"Mr.Byun..."
"အင်း ငယ်"
ကျွန်တော်ခေါ်လိုက်တိုင်း ချက်ချင်းဆိုသလိုပြန်ထူးတတ်တဲ့သူက နာရီပတ်နေရာမှ ကျွန်တော့်ကိုမော့ကြည့်လာသည်...
ထိုင်နေတဲ့အိပ်ယာပေါ်မှ ထလိုက်ပြီး Mr.Byun ရဲ့အနားကိုလျှောက်သွားကာ သူရဲ့ပုံစံမကျသေးတဲ့ necktie ကိုပြန်ပြင်ပေးလိုက်တော့ ထိုလူကြီးဟာ ကျွန်တော့်ကိုမယုံနိုင်သလိုစိုက်ကြည့်နေတယ်...
အင်းပေါ့လေ...ဒီလိုမျိုးအနားမကပ်တာ ကြာခဲ့ပြီကိုး...
အမှန်တိုင်းပြောရရင်တော့ သူ့မျက်နှာနားကပ်နေတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်လဲ ရင်ခုန်သံတွေထိန်းမရဖြစ်နေသည်...
မတော်လို့များ ပြုတ်ကျသွားမလားစိုးရိမ်ရလောက်အောင် မမောမပန်းခုန်နေလိုက်တာ...
"ကိုယ်...ကိုယ့်ကိုဘာပြောစရာရှိလို့လဲငယ်?"
အသံကိုမတုန်အောင်မနည်းထိန်းပြောရသည်မှာ Baekhyun အတွက် အသားမကျသေး...
သူ့ necktie ပေါ်မှာရှိနေတဲ့ ငယ့်ရဲ့လက်ချောင်းသွယ်သွယ်လေးတွေမှ ဆွဲယူကာ နှုတ်ခမ်းပါးလေးကို
ု တရှိုက်တမက်နမ်းပစ်ချင်လိုက်သည်...
ဘာလို့ရင်ခုန်အောင်လုပ်နေရသလဲ ကလေးငယ်....
"ဒဏ်ရာမရဘဲ အကောင်းအတိုင်းပြန်လာခဲ့ပေးပါ Mr.Byun..."
အံ့သြသွားသော ထိူလူကြီးမျက်ဝန်းတွေအား Chanyeol ရင်မဆိုင်ရဲတာကြောင့် ချက်ချင်းအကြည့်တွေကိုလွှဲကာ မသိဟန်ဆောင်လိုက်မိတယ်
ဘာကြောင့်ဒီအသုံးမကျတဲ့ပါးစပ်ဟာ အမှန်တိုင်းပြောထွက်သွားသလဲတော့မသိချေ...
"ငယ်..."
ငယ်...အခုသူ့ကိုစိတ်ပူပေးလိုက်တာလား?
ငယ်ကလေ...
ကျွန်တော့်ရဲ့ငယ်ကလေ??
ဟားး ဝမ်းသာလိုက်တာ...
သူကျွန်တော့်ကိုမထိခိုက်စေချင်တဲ့သဘောပေါ့နော်...
ဒီစကားလေး...ဒီလိုစိတ်ပူမှုမျိုး မရခဲ့တာနှစ်နဲ့ချီခဲ့ပြီ...
ကျေးဇူးတင်ပါတယ်ငယ်ရယ်...
ကိုယ်အရမ်းကျေးဇူးတင်ပါတယ်...
ကိုယ့်ကိုပျော်အောင်လုပ်ပေးလို့...
"ကျေးဇူးတင်ပါတယ်ငယ်...ကိုယ်... ကိုယ့်ကိုအဲ့လိုပြောပေးတာ..."
အစီစဉ်မကျစွာထွက်လာတဲ့ တုန်ယင်သောအသံတွေက Mr.Byun ထံမှကြားနေရသည်...
သေချာတာတစ်ခုကတော့ ဟိုလူကြီးရဲ့အပြုံးက အရမ်းကိုတောက်ပနေပြီလေ...
ခင်ဗျားအဲ့လောက်တောင်ပျော်သလား Mr.Byun...
*****************************
Mr.Byun ထွက်သွားတာ ၁နာရီလောက်ရှိသည့်တိုင် Chanyeol ခြံဝင်းထဲကိုငေးကြည့်နေဆဲ...
ကျယ်ပြန့်လွန်းတဲ့ Demonic ဂိုဏ်းရဲ့ခြံဝင်းရဲ့အဆုံးကို သူမမြင်နိုင်ချေ...
သို့သော်...Mr.Byun ဘယ်နေရာလောက်ထိရောက်နေပြီလဲဆိုတာတော့ အရူးထစွာခန့်မှန်းချင်မိသေးတယ်...
"Ravi hyung..."
ခပ်ဆွေးဆွေးခေါ်လာတဲ့သူ့အသံကြောင့် Ravi hyung ကနားထောင်နေတဲ့ဟန် ခေါင်းငုံ့အရိုအသေပေးသည်
"ဘာအလိုရှိလို့ပါလဲသခင်လေး..."
"ကျွန်တော် Sehun ကိုလွမ်းတယ်..."
တစ်ယောက်ထဲရှိသော ကျွန်တော့်ညီလေးအား တမ်းတလိုက်မိပါသည်...
အိမ်တော်တစ်ခုထဲမှာ အတူရှိနေကြပေမဲ့ ကျွန်တော့်အတွက်က တစ်ခါတစ်လေ Mr.Byun ခွင့်ပြုမှသာ အခန်းပြင်ထွက်ရတာမို့ Sehunnie ကိုမတွေ့ရတာကြာပေါ့...
"သူလာနေပါပြီသခင်လေး"
"ဗျာ...တကယ်လား Hyung?"
"ဟုတ်ပါတယ် သခင်လေး...Light ကသခင်လေးတွေ့ချင်နေမယ်ဆိုတာသိလို့ မသွားခင်စီစဉ်ပေးသွားတာပါ"
Mr.Byun ဘာလို့ကျွန်တော့်ကိုအဲ့လောက်ထိနားလည်ပေးနေရတာလဲဟင်?
ဘာလို့ကျွန်တော့်အတွင်းစိတ်ထဲထိပါ နက်နက်ရှိုင်းရှိုင်း သိနေရတာလဲ?
"Hyung..."
သူတွေးနေတုန်း အခန်းထဲဝင်လာသော ကောင်လေးတစ်ယောက်ကြောင့် Chanyeol ကြည့်လိုက်မိတယ်...
"Hun ah..."
မျက်လုံးလေးတွေမှိတ်တဲ့ထိရယ်ပြနေသော
Sehun ၏ဆံပင်တွေကိုဆွဲဖွကာ Chanyeol ပြုံးမိတယ်...
"Hyung မကောင်းဘူး...ဘာလို့ကျွန်တော့်ကိုလာမတွေ့ရတာလဲ?"
"Haha အရူးလေး..."
"ဟာ..Hyung..."
မကျေနပ်ဟန် စူပုတ်သွားတဲ့သူ့ညီလေးကြောင့် နဖူးပြင်ကိုခပ်ဖွဖွတောက်မိတယ်
"Hyung ကကိုယ့်ကိုကိုယ်မှမပိုင်တာ"
"Hyung နေရတာအဆင်ပြေရဲ့လားဟင်?"
စိုးရိမ်တကြီးမေးလာတဲ့ sehun ရဲ့မျက်နှာငယ်လေးကြောင့် ကျွန်တော်ခပ်ယဲ့ယဲ့ပြုံးမိတယ်
"Hyung ကအဆင်ပြေပါတယ် Hun ရဲ့...Hun လေးကရောအဆင်ပြေရဲ့လား?"
"ကျွန်တော့်ကို k ကနှောင့်ယှက်တယ် Hyung"
"K?ခေါင်းဆောင် k ကိုပြောတာလား Hun?"
"အင်း ဟုတ်တယ်...ကျွန်တော်သူ့ကို တကယ်မကြိုက်ဘူး Hyung..."
"အဆင်ပြေသွားမှာပါ Hun ရယ်... Hyung တို့ဘဝကသည်းခံရုံကလွဲပြီး ဘာမှမရှိတာပဲကို"
Sehun ရဲ့ မျက်ဝန်းတွင် အားနာရိပ်အပြည့်ုဖြစ်သွားကာ chanyeol ကိုမော့ကြည့်လာတော့သည်
"တောင်းပန်ပါတယ် Hyung...ကျွန်တော့်ကြောင့်သာမဟုတ်ရင် Light ကို Hyung လက်ထပ်ရမှာမဟုတ်ဘူးနော်"
"အဲ့လိုမတွေးပါနဲ့ Hun ah...မဟုတ်ရင်တောင် Demonic ဂိုဏ်းက hyung ကိုလိုချင်ရင်သိမ်းလို့ရတာပဲလေ hun ကြောင့်မဟုတ်ပါဘူး...အဲ့တာကြောင့်စိတ်ကောင်းမဖြစ်နဲ့နော်"
"Hyung ရယ်..."
Sehun သိပါသည် Hyung ဘယ်လောက်နာကျင်နေရသလဲဆိုတာကို...
Hyung က သူ့ကြောင့် မုန်းတဲ့သူနဲ့လက်ထပ်ရတယ်....
သူ့ကိုကာကွယ်ဖို့အတွက် ခေါင်းဆောင် Light ကိုလက်ခံခဲ့ရတယ်...
အများကြီးပဲ...Hyung စွန့်လွှတ်ခဲ့ရတာတွေအများကြီးပါပဲ...
ဒါပေမဲ့ hun ဘက်ကတော့ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး...
ကျွန်တော် Hyung အပေါ်အကြွေးတွေများနေပြီလေ...
**************************