နေပြည်တော်က အမှန်တော့သာယာပါတယ်။ ဒါပေမဲ့ အပူတွေ အလွမ်းတွေကိုသယ်လာခဲ့တဲ့ ကျွန်တော့်လို လူတစ်ယောက်အတွက်တော့ မက်မောစရာ သိပ်မရှိလှပါ။
တက်နေရတဲ့အတန်းကလည်း တက္ကသိုလ်ဝင်ခွင့်အတွက် ဆိုတော့ အသေအချာကိုကြိုးစားနေရတယ်။ စာတွေဘယ်လောက်များများ ခေါင်းထဲထည့်ပြီး ကျက်နေပေမဲ့ ဇွဲ လေးကိုသတိရတတ်တဲ့ စိတ်တွေကို ထိန်းချုပ်လို့်မရ။
သတိရလို့ လိုင်းပေါ်တက်လိုက်တိုင်း သူ့ရဲ့ feel postတွေသာ တွေ့နေရတယ် စိတ်မပျက်တဲ့အပြင် ပိုပြီးတော့တောင် သနားနေမိတယ်။ဒါပေမဲ့လည်း အခုချိန်မှာ စိတ်အလိုအတိုင်း ပြုမူချင်လို့မှမရတာ။ လူကသာ ဇွဲ နဲ့ဝေးတဲ့ နေရာကိုရောက်နေပေမဲ့ စိတ်တွေကတော့ ဇွဲရဲ့အရိပ်ပမာ။ အရမ်းလွမ်းလိုက်တာကွာ။
တစ်ချိန်ချိန်ရောက်ရင်တော့ ပြန်ဆုံဆည်းမှာပါဆိုပေမဲ့ အဲ့နေ့မရောက်ခင် အချိန်ရဲ့ကုစားမှုကြောင့် မေ့ပစ်လိုက်မှာ အရမ်းစိုးရိမ်နေမိတယ်။
တက္ကသိုလ်ဝင်ခွင့်ဖြေပြီးတော့ ကျွန်တော့်ရဲ့ကြိုးစားမှု ရလဒ်ထွက်လာခဲ့တယ်။ ဂုဏ်ထူး၅ဘာသာနဲ့အောင်မြင်ခဲ့တဲ့ ကျွန်တော် ဆေးကျောင်းအမှတ်မမီပေမဲ့ နိုင်ငံခြားဘာသာ တက္က္ကသိုလ်မှာ အင်္ဂလိပ်စာအထူးပြုယူဖို့ဆုံးဖြတ်လိုက်တယ်။
အိမ်ကတော့နေပြည်တော်မှာ ဆက်နေဖို့အကြံပေးပေမဲ့ ဇွဲ လေးနဲ့မခွဲချင်တော့ဘူး။ ကျွန်တော်နေပြည်တော်ကို ကျောင်းလာတက်တဲ့နှစ်မှာပဲ ဇွဲ တို့အိမ်ပြောင်းသွားကြတယ်လို့သတင်းကြားထားတယ်။ ကျွန်တော့်အတွက် မျှော်လင့်ချက်တွေမဲ့ခဲ့တယ် ဒါပေမဲ့ဇွဲကိုရှာဖို့က ကျွန်တော့်နှလုံးသားလေးရဲ့ အမိန့်တော်တစ်ခုဖြစ်နေတယ်။
ဆုတောင်းတစ်ခုက ဇွဲ လေးကျွန်တော့်ကိုစောင့်နေပါစေ။ ရန်ကုန်ကအိမ်ကိုပြန်ရောက်ရောက်ချင်း ဇွဲ နေခဲ့အိမ်လေးကို သွားကြည့်သေးတယ်။ လူသစ်တွေတောင် နေသားကျနေကြပြီ။ ကျွန်တော်ဇွဲကိုပစ်ထားခဲ့တာ အချိန်တော်တော်ကြာသွားပြီပဲ။စာနဲ့ပဲလုံးပမ်းနေရတော့ အချိန်တွေကုန်မှန်းမသိကုန်ခဲ့ပြီ။. . . . . . . . .
. . . .. . . . . . . . . . .. . . . .. . . . .
အချိန်တွေကုန်ပြီး ရာသီတွေပြောင်းလာတာတောင် ကျွန်တော့်ရင်ထဲမှာမေ့မရတဲ့ သူတစ်ယောက်ရှိနေသေးတယ်။
အဲ့လူကိုမေ့အောင် ကျွန်တော် အပျော်ရီးစားတွေတစ်ယောက်ပြီးတစ်ယောက် ထားခဲ့တယ်။ အခုတော့ မမေ့နိုင်ပေမဲ့ သတိမရအောင်တော့အနည်းငယ် ထိန်းချုပ်နိုင်ခဲ့ပြီလေ။ အဲ့ဒါ အချိန်ရဲ့ ကုစားနည်းတစ်မျိုးပေါ့။
အမှန်ပြောရရင် ကျွန်တော်က စော်ကြည်ဘဲဗျ။ လာကြိုက်တဲ့ မိန်းခလေးတွေကလည်း အလန်းလေးတွေပဲ။ဒါပေမဲ့ ကျွန်တော့်အချစ်တွေကို ပထမဦးဆုံး ပေးခဲ့သူကယောက်ျားလေးဖြစ်နေလို့လားမသိ၊ ပထမဆုံးအကြိမ် ရင်ခုန်ုခြင်းတွေ ဖြစ်ပေါ်စေခဲ့တာက ယောက်ျားလေးတစ်ယောက်ကြောင့်မို့နဲ့တူတယ် ကောင်မလေးတွေကို ကျွန်တော် ရင်မခုန်တတ်တော့ဘူး။
ကျွန်တော်ပေါင်းသင်းတဲ့ ကောင်မလေးတွေက fujoshiလေးတွေသာ များတယ်။ ကျွန်တော့်ဘဝရဲ့ ရင်ဖွင့်ဖော်လေးတွေလို့လဲ ပြောလို့ရတယ်ဗျ။ သူတို့က ကိုပြည့်နဲ့အကြောင်းကို သိနှင့်ပြီးဖြစ်တဲ့ ကျောင်းတုန်းက သူငယ်ချင်းမလေးတွေပါ။
ကျွန်တော်တောင် ဘာလိုလိုနဲ့အရွယ်ရောက်လာပြီ။ သို့သော် ရင့်ကျက်လာတာတော့မဟုတ်။ အခုဆို ဒဂုံတက္ကသိုလ်မှာ ဓာတုဗေဒ ကိုပထမနှစ်အနနဲ့ သင်ကြားနေတာ။ အခုဆို ကိုပြည့်ရော ဘယ်မှာ ဘာတွေတက်နေပြီလဲမသိဘူး တစ်ခါတစ်ခါ သတိရတတ်တယ် ဆိုတာတော့ ဝန်ခံပါတယ်။
တစ်နေ့တော့ ကျွန်တော်တို့လို ပထမနှစ်လေးတွေကို ကြိုဆိုတဲ့ပွဲလေးတစ်ခုမှာ အမှတ်မထင် ကိုပြည့်ချစ်သူလို့ မိတ်ဆက်ပေးတဲ့ အမကြီးကို တွေ့ခဲ့တယ်။မြင်မြင်ချင်း ကျွန်တော် ခြေတွေတုံ့ဆိုင်းသွားရင်း စိုက်ကြည့်နေမိတယ်။ အမကြီးက မုန့်စားကဒ်ကို လှမ်းပေးရင်း ပြုံးပြတယ်။ သေချာတာက သူကျွန်တော့်ကို မမှတ်မိခဲ့ဘူး။
"အမယ် ချစ်စရာလေး ခလေးက uke လေးလား"
ဘာပြောရမှန်းမသိတာနဲ့ ခေါင်းငုံ့ပြီး ခပ်သွက်သွက် လျှောက်လာလိုက်တယ်လူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်နိုင်တော့ဘူး. . . . ဒါပေမဲ့ ဖြစ်ချင်တော့. .သူငယ်ချင်းက
"ဇွဲ နင်မုန့်စားကဒ်မယူရသေးဘူးဟ"
"Aww ဇွဲ တဲ့လား ချစ်စရာလေး သူက ukeမလား ရှက်သွားတာနဲ့တူတယ်နော်"
"ဟုတ်တယ်နဲ့တူတယ် ရှက်သွားတာနေမှာ"
"သူ့ပြောပေးပါ အမကလည်းfujoshiပါ ရှက်စရာမှမဟုတ်တာ
"ဟုတ် ဟဲ့ ဇွဲမင်းမြတ် နေဦးဟ"
"အမ် ဘယ်လို ဇွဲ. . ဘယ်လိုဘယ်လို"
"ဟုတ် အမသွားပြီနော်"
စကားကိုခပ်ပြတ်ပြတ်ပြောပြီး အခန်းထဲဝင်ထိုင်နေလိုက်တယ် တစ်ယောက်ယောက်ကြည့်နေသလို ခံစားရပြီး ဘေးကိုဝဲကြည့်လိုက်တော့ ဟုတ်ပါတယ် ကျွန်တော့်ကို ပဟေဋိ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတဲ့ အမကြီးတစ်ယောက်။
ဖြစ်နိုင်ရင် ကျွန်တော့်ကိုအတိတ်မှာ နာကျင်အောင်လုပ်ခဲ့ဖူးတဲ့ သူတွေနဲ့ မတွေ့ချင်တော့ဘူး တစ်ယောက်သောသူကတော့ ခြွင်းချက်တစ်ခုပေါ့။
အဲ့အချိန်ကစပြီး ကိုပြည့်နဲ့များပြန်တွေ့နိုင်မလား မျှော်လင့်ချက်လေးတွေရှိခဲ့တယ်။
. . . . . . . . . . .
"တီ. . .တီ. . ."
"ဟယ်လို"
"အေး ဖိုးပြည့်လား အယ် ပြည့်ဖြိုးအောင်လား"
"ဟုတ်ပါတယ် နင် နင် ရတနာမဟုတ်လား"
"အေး ဟုတ်တယ် တော်သေးတာပေါ့ဟယ် ငါ့မှာနင်နံပါတ်ပြောင်းသွားပြီထင်နေတာ"
"အေးဟာ ငါနင်တို့နဲ့တွေ့ချင်သေးတယ် တစ်ရက်လောက်ချိန်းရအောင်"
"အမလေး ငါ့စကားတစ်ခွန်းထဲနဲ့ နင်သာငါတို့ကျောင်းကိုလာရမှာပါနော်"
ကျွန်တော် သူပြောတာကို နားမလည်စွာပဲပြနိမေးလိုက်တယ်
"နင်တို့ကျောင်းကိုဘာလို့လာရမှာလဲ တစ်နေရာမှာပဲဆုံကြတာပေါ့"
"သေချာလို့လား မလာဘူးဆိုတာ ဟဟ"
ပထမဆုံးဖုန်းဆက်ထဲက လျို့ဝှက်မှုတွေနဲ့ . . .
"အေးပါအေးပါ နင်ရော ကလေး အယ် ဇွဲလေးအကြောင်း ဘာကြားမိသေးလဲ"
"ရမလားဟ မုန့်ကျွေးလေကွယ် ပြေပြမယ်"
အရေးထဲဘိုးတော်ဘုရားလက်ထပ်ထဲက အငတ်တစ်လိုင်းနဲ့ လာတွေ့နေတယ် သိချင်နေတဲ့သူကကျွန်တော်ဆိုတော့
"အေးဘယ်ကိုလာရမလဲပြော "
"ငါတို့ကျောင်းကိုပဲလာခဲ့ပါဟာ ငါစောင့်နေမယ်"
. . . . . . . . . . . .
မနက်ခင်းတစ်ခုမှာပျော်ရွှင်ကြည်နူးမိနေတယ် အကြောင်းရင်းရှာလိုက်တော့ ဇွဲ လေးသတင်းကို ကြားဖို့ သူငယ်ချင်းဆီသွားရမယ်လေ။
မတွေ့ရတာ နှစ်နဲ့ချီနေပေမဲ့ ကျွန်တော့်ကို ပျော်ရွှင်စေတတ်တဲ့ အိန်ဂျယ်လေးက ဇွဲ လေးပါပဲ။
ကျောင်းကိုပထမဦးဆုံးအကြိမ်ဆိုတော့ ဝင်ဝင်ချင်းပဲ လမ်းသွားလမ်းလာ ကျောင်းသားတွေကို လှမ်းမေးရတာပေါ့။ အဲ့မှာ ကောင်လေးတစ်ယောက် ကျွန်တော့်ထက်တော့ ငယ်မဲ့ပုံလေး ဆံပင်လေးကို နှဖူးအပြည့်လေးအုပ်ထားတဲ့ ကေလေးနဲ့ တီရှက်အစင်းကြားလေးပြီးတော့ ဂျင်းဘောင်းဘီ အရောင်အဖျော့လေးနဲ့ အမယ် ဒူးလေးမှာဖြဲထားသေးတယ်။ ပေါ်နေတဲ့အသားလေးကလည်း ဖြူစုတ်နေတာမဟုတ်ပေမဲ့ ဝင်းနေတယ်။ ယောက်ျားလေးသာဆိုတယ် အသားအရေလေးကလှသား။ ကျောပိုးအိတ် အနီရောင်စိုစို လေးကို တစ်ဖက်ထဲ လွယ်ပြီး လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲကိုထည့်ထားတယ်။ ကျွန်တော်လှမ်းခေါ်လိုက်တော့. . . . .maskတပ်ထားတဲ့ အပေါ်မှာ တောက်ပနေတဲ့ မျက်ဝန်းလေးက အရောင်လင်းလက်သွားတယ်.. . . .။
"ညီလေး. . .အကိုတစ်ခုလောက်မေးချင်လို့"
. . . . . . . . . . . .
အော်ခေါ်သံကြားလိုက်တော့ ရင်းနှီးပြီးသားအသံမို့လို့ လှည့်ကြည့်မိလိုက်တယ်. . .မရတော့ဘူး ကျွန်တော့်ရင်ထဲ မုန်တိုင်းဝင်သလို ယောက်ယက်ခတ်သွားပြီ။ သူငယ်ချင်းတွေကလည်း တစ်ယောက်မှမရောက်သေးတော့ ခုန်နေသောရင်ကို ကြိုးစားတည်ငြိမ်အောင်ထားပြီး. . .
"ညီလေး ကိုယ်မေးနေတာ ကြားလား"
"ဘာများ. . .? ? ?"
ထင်ပါတယ် ကျွမ်တော်မေးခဲ့တာတွေလည်း ကြားမဲ့ပုံမပေါ် တစ်ခုခုစိုးရိမ်နေသလို. . .
"ကိုယ်မေးတာက ဓာတုဗေဒအဆောင်ကို ဘယ်လမ်းကသွားရလဲလို့ပါ?"
"ဒီလမ်းတည့်တည့်သွား ပြီးရင် ဘယ်ချိုးလိုက် ရောက်ပြီ"
"Aww ဘယ်ကိုနော် ဟုတ်ပြီ ကျေးဇူးပါကွာ"
"Omm"
ဟမ် ဒီအသံ ဒီအသံ ကျွန်တော် အရမ်းရင်းနှီးခဲ့တဲ့အသံ သူက ကျွန်တော် တွေ့ချင်နေတဲ့တစ်ယောက်သောသူ များလား သေချာအောင် မေးမလို့ လှမ်းကြည့်လိုက်တော့ သူကအုပ်စုလိုက်ကြီး ကန်တင်းထဲဝင်သွားပြီ။ အနောက်က လိုက်မယ်လုပ်တော့ တစ်လမ်းသွားပေါ်ရောက်နေတဲ့ ကျွန်တော့်ကားအခက်တွေ့နေတယ်။ ဒီတစ်ခါတော့ ရှိပါစေတော့ဆိုပြီး ရတနာဆီကိုပဲလှည့်ထွက်လာခဲ့တော့တယ်. . . . .
သူက ဇွဲ လေးများလား မဖြစ်နိုင်တာ ပုံစံလေးက အတော်လေး ပြောင်းလဲသွားတယ်. . ။
အပြင်မှာအခုမှတွေ့ဖူးနေပေမဲ့ အသံလေးကတော့ နှလုံးသားနဲ့ ကျွမ်းဝင်ပြီးသားဖြစ်နေခဲ့တယ်. . . ။
To be continue