အပိုင်း(၇)

518 11 0
                                    

ီလူသားအများစုမှာ ရင်​ခုန်​စရာကိစ္စ​တော်​​တော်​ များများကိုဖြတ်​သန်းကြုံကြိုက်​ကြရသည်​။ ပထမဦးဆုံး ရင်​ခုန်​သံ၏ လတ်​ဆတ်​လန်းဆန်းမှုမျိုးကို​တော့ ​နောက်​တစ်​ကြိမ်​ပြန်​မရနိုင်​ဘူးလို့ ​ပြောတတ်​ကြ​သော်​လည်း ကျွန်​​တော်​ သူနဲ့ဆုံလိုက်​တိုင်း ရင်​ခုန်​သံ​တွေနုပျို​နေဆဲပါလား. . . .  ။

ရင်​တွေခုန်​လွန်း​နေသဖြင့်​ သူငယ်​ချင်း​​တွေ စ​နောက်​​နေကြသည်​များကိုလည်း မကြားနိုင်​။

"ဟဲ့ ဇွဲ အဲ့ဘီးကြဲကြီးနဲ့နင်​နဲ့က သိလို့လား"

"​အေး​လေ နင့်​ကိုကြည့်​​နေတာက တစ်​မျိုးပဲ"

"နင်​ကလည်း သူ့ကိုကြည့်​​နေတာ မရိုးသားဘူး​နော်​"

"ဟဲ့ ဇွဲ ငါတို့​ပြော​နေကြတာကို ကြားရဲ့လား"

ခဏ​နေ ရင်​​ခုန်​သံ​တွေ ပုံမှန်​အတိုင်းပြန်​ဖြစ်​​သွား​တော့မှ. . .

"အမ်​ အဲ့ဒါက နင်​မမှတ်​မိဘူးလား မာလာ"

"ဟာ ဘာကိုလဲဟ ငါကဘာမှတ်​မိရမှာလဲ"

"သူက ငါရဲ့အချစ်​ဦး​လေဟာ"

သူငယ်​ချင်းမ​တွေအားလုံး မျက်​လုံးအဝိုင်းသား​တွေ ဖြစ်​ပြီးအဲ့အားသင့်​​နေချိန်​ မာလာက

"ဟယ်​ အဲ့ဒါဆို သူကကိုပြည့်​​ပေါ့"

"​အေး ဟုတ်​တယ်​ ပို​ချောလာတယ်​​နော်​ "

"​အေးဟ သူကနင့်​ကိုမမှတ်​မိဘူးနဲ့တူတယ်​​နော်​"

"သူ့ရုပ်​​မ​ပြောင်းလဲတာ​တောင်​ နင်​ကမမှတ်​မိတာ ငါ့လို ပုံစံ​ပြောင်းသွားတာဆို သူဘယ်​လိုလုပ်​ မှတိမိနိုင်​မှာလဲဟ"

"​အေးပါဟာ​ ​အေးပါ နင်​ဟာ​လေ သူနဲ့ပက်​သတ်​ရင်​ ငါ့ကိုပြန်​​အော်​ဖို့ပဲသိတယ်​"

"အဟက်​ အဲ့လိုမဟုတ်​ပါဘူးဟာ ငါကစတာပါ"

ရီ​မောသံ​တွေနဲ့ ကန်​တင်းထဲဝင်​ထိုင်​ပြီး အချိန်​ကုန်​​နေတတ်​တာ ကျွန်​​တော်​တို့အဖွဲ့ရဲ့ တစ်​​နေ့တာလုပ်​​ဆောင်​ချက်​​ပေါ့။

ကျွန်​တော့ချစ်​သူ လူဆိုး​လေးWhere stories live. Discover now