Zawgyi>>>
"ခိုင္းထားတဲ့ကိစၥေဆာင္ရြက္ျပီးပါျပီ Light..."
ေခါင္းညြွတ္အရိုအေသေပးကာ ေျပာလာေသာ black suit နွင့္သူအား Baekhyun ေခါင္းျငိမ့္ျပမိသည္...
Light...
Baekhyun ကို ဂိုဏ္းသားေတြနဲ့ အိမ္ေတာ္ကအေစခံေတြအကုန္လံုးက ဒီလိုပဲေခါ္ျကတယ္...
Demonic ဂိုဏ္းရဲ့ေခါင္းေဆာင္ေတြကို နာမည္တပ္ေခါ္ပိုင္ခြင့္မရွိသလို ေတာ္ရံုဂိုဏ္းသားေတြေတာင္ ေခါင္းေဆာင္ေတြရဲ့နာမည္ကို မသိျကရဘူး...
ေျကးစားလူသတ္ဂိုဏ္းပီပီ လွိ်ဳ့ဝွက္ခ်က္ေတြကအရမ္းမ်ားတယ္...
ဖံုးကြယ္မွုနဲ့ နွုတ္ဆိတ္ျခင္းကို သူတို့ဟာအေျခခံအျဖစ္သင္ျကားျကရတယ္...
Demonic ဂိုဏ္းသားတိုင္းဟာ Demonic ဆိုတဲ့နာမည္ပီပီ ဆိုးသြမ္းျကတယ္...ျကမ္းတမ္းခက္ထန္ျကတယ္...
ကဗ်ာဆန္စရာမရွိတဲ့ဘဝမွာ သူတို့လူသတ္ရင္းက်င္လည္ျကရတယ္...
ေသြးစြန္းေနတဲ့ဘဝကိုလဲ ျငီးေငြ့လို့မရျပန္ဘူး...
ဘာလို့လဲဆိုေတာ့ အေမွာင္ေလာကကိုဝင္လာျပီးရင္
ကိုယ္ကလူသတ္ရင္သတ္ မသတ္ရင္ကိုယ့္ကိုသတ္တာခံရမွာ...
အဲ့တာေျကာင့္အေသမခံခ်င္တဲ့အတြက္ လူသတ္ဖို့လက္မရြံ့ျကေတာ့ဘူး...
ေခါင္းေဆာင္နွစ္ေယာက္ဟာလဲ ထိုနည္းတူ... စည္းကမ္းတင္းျကပ္တယ္... ရက္စက္တာထက္ပိုတဲ့နည္းလမ္းေတြကိုသံုးျကတယ္...
အရယ္အျပံဳးမရွိတဲ့ ေခါင္းေဆာင္Light နဲ့ ေႏြးေထြးျကင္နာတတ္တဲ့ ေခါင္းေဆာင္ k ဟာ သီးျခားရပ္တည္မွုဆိုေသာ္လဲ အလုပ္နဲ့ပက္သက္ရင္ေတာ့ ေသြးေအးလူသတ္သမားမ်ားသာ...
Light ကျပတ္သားတယ္...
လိုတာထက္စကားပိုမေျပာဘူး ရက္စက္တယ္... သူ့မ်က္နွာဟာအျမဲလိုလိုခက္ထန္ေနတတ္တယ္...
အရယ္အျပံဳးမရွိဘူး...
သူစကားဟာသူ့အမိန့္ပဲ...
ဒါကိုလက္မခံနိုင္တဲ့သူတိုင္းေသရမယ္...
Phoenix အိမ္ေတာ္မွာေလွာင္ပိတ္ထားတဲ့ light ရဲ့ေကာင္ေလးကေတာ့ျခြင္းခ်က္ေပါ့...
K...တစ္နည္းအားျဖင့္ Kim kai... သူကေတာ့ ထင္သေလာက္မခက္ထန္ဘူး ခပ္ျပံဳးျပံဳးဆက္ဆံတယ္ အေရာအေနွာမရွိေပမဲ့ စကားခ်ိဳခ်ိိဳနဲ့ပဲ စည္းရံုးနိုင္တယ္...
သူ့စကားခ်ိဳခ်ိဳေတြကအသံုးမဝင္ဘူးဆိုရင္ေတာ့ K ရဲ့ ဓားေျမွာင္ေတြဟာ လည္ပင္းမေရြးတတ္ဘူး...
K ကလဲ light နဲ့သိပ္မျခားလွပါဘူး...
နည္းနည္းေလးပိုစိတ္ရွည္တာကလြဲလို့ေပါ့...
K နဲ့ Light ကသာမာန္ထက္ပိုတဲ့ ရင္းနွီးမွုမ်ိဳး...နားလည္မွုအေပးနိုင္ဆံုးေပါ့...
~ေဒါက္ ေဒါက္
"Light...က်ြန္ေတာ္ Ravi ပါ..."
"ဝင္ခဲ့"
စကားအဆံုး Ravi ဝင္လာသည္...
အပ်က္ပ်က္အယြင္းယြင္းမ်က္နွာအရ သိပ္ေတာ့ေကာင္းလွသည့္အေျခအေနမဟုတ္...
Ravi ဆိုတာက ငယ့္ကိုေစာင့္ေရွာက္ဖို့ Phoenix အိမ္ေတာ္မွာထားတဲ့ သက္ေတာ္ေစာင့္...
"သခင္ေလးအရမ္းစိတ္တိုျပီး ေသာင္းက်န္းေနပါတယ္ Light"
ထိုသူရဲ့စကားသံအဆံုး Light ရဲ့မ်က္ခံုးမ်ားပင့္တက္သြားကာ မ်က္ဝန္းနက္နက္တို့က အလိုမက်မွုကိုထုတ္ေဖာ္ျပလို့ေနသည္...
ငယ္....သူ့ရဲ့ငယ္က ဘာေတြအလိုမက်ျဖစ္ရသည္လဲ??
ပိုးေမြးသလိုေမြးကာ မင္းသားေလးတစ္ပါးလို အလိုလိုက္၍ လိုခ်င္တာခ်က္ခ်င္းလုပ္ေဆာင္ေပးရန္ မွာထားေသာ္လဲ ငယ္ဘာကိုအလိုမက်သည္လဲမသိနိုင္ေခ်...
ေျခလွမ္းက်ဲတို့က ငယ္ရွိရာအခန္းထဲသို့ ခပ္ျမန္ျမန္လွမ္းလာရင္း နွုတ္ခမ္းပါးအစံုဟာလဲခပ္တင္းတင္းစိထားလ်က္...
အခန္းနားေရာက္သည္နွင့္ ငယ့္ရဲ့ေသာင္းက်န္းေနေသာ အသံတို့အား ျကားရသည္...
အေနာက္မွလိုက္ပါလာသူတို့အား ေနခဲ့ရန္လက္ျပလိုက္ျပီး ငယ့္အခန္းထဲဝင္လာေတာ့ အခန္းတစ္ခုလံုးဟာ ရစရာမရွိေအာင္ ပ်က္ဆီးလို့ေနတယ္...
ထိုအပ်က္အဆီးေတြျကားမွာေတာ့ အလိုမက်ေသာမ်က္ဝန္းေတြနဲ့အတူ ခ်စ္ရေသာငယ္က သူ့ကိုစိုက္ျကည့္ေနသည္...
Baekhyun အေရွ့တိုးသြားေတာ့ အိမ္ေစေတြအကုန္အေနာက္ဆုတ္သြားျပီး ငယ့္ရဲ့လက္နုနုကို အသာဆုပ္ကိုင္လိုက္ေသာ ေခါင္းေဆာင္ Light...
"လြွတ္!"
ပယ္ခ်ျခင္းခံလိုက္ရေသာ္လဲ မ်က္နွာပင္မပ်က္တဲ့ Light က ေကာင္ေလးရဲ့လက္ကိုတစ္ဖန္ျပန္ယူကာ ေသာင္းက်န္းမွုေျကာင့္ အနည္းငယ္ ေပသြားေသာလက္ကေလးကို တယုတယ သုတ္ေပးေနျပန္သည္...
"ခင္ဗ်ားျကီးသက္သက္လုပ္တာမလား Mr. Byun..."
"ဘာကိုလဲ ငယ္..."
"မသိခ်င္ေယာင္ေဆာင္မေနစမ္းပါနဲ့! က်ြန္ေတာ့္ကိုအျပင္မထြက္ခိုင္းတာခင္ဗ်ားအမိန့္ပဲမဟုတ္လား!"
"ဟုတ္တယ္ ငယ္...အျပင္မွာအႏၲရာယ္ေတြမ်ားလို့ ကိုယ္ငယ့္ကိုအခန္းထဲမွာပဲေနခိုင္းတာ"
"ခင္ဗ်ားလြန္လြန္းတယ္!Mr.Byun!"
"စိတ္ကိုေလ်ာ့ပါငယ္...အခုေတာ့ အနားယူလိုက္ဦး...ကိုယ္အခန္းကိုျပန္ရွင္းဖို့လူလြွတ္လိုက္မယ္ေနာ္"
ေသြးေအးစြာ ခပ္ေအးေအးေျပာေနတဲ့ထိုလူျကီးကို Chan ခါးခါးသီးသီးစိုက္ျကည့္ေနမိသည္...
အျမဲလိုလိုဂရုမစိုက္တဲ့ပံုစံနဲ့ အဲ့လိုေအးစက္စက္အျကည့္ေတြကိုမုန္းတာ...
အဲ့တင္းတင္းစိထားတဲ့နွုတ္ခမ္းပါးက က်ြန္ေတာ့္အတြက္ေတာ့ အျမဲ ကံဆိုးမွုေတြကိုပဲေပးတတ္တဲ့အမိန့္ေတြရဲ့လားရာ...
မုန္းတယ္...
Mr.Byun...
အဲ့လူျကီးကိုက်ြန္ေတာ္မုန္းတယ္...
က်ြန္ေတာ့္ရဲ့လြတ္လပ္ခြင့္ေတြကို ကန့္သတ္ျပီး ေလွာင္ပိတ္ထားတဲ့သူ့ကို က်ြန္ေတာ္မုန္းတယ္...
ဟင့္အင္းမျကိဳက္ဘူး...
သူ့ရဲ့ဒီပံုစံ...လူတ္သမားဆိုတာကိုေရာ...ျပီးေတာ့ ဒီစိတ္ရွုပ္စရာေကာင္းတဲ့ Phoenix အိမ္ေတာ္...အကုန္လံုးကိုက်ြန္ေတာ္ မနွစ္ျမိဳ့ဘူး...
သူ့အတၲေတြျကား က်ြန္ေတာ္ပိတ္ေလွာင္ခံမျဖစ္ခ်င္ဘူး...
သူ...Byun ဆိုတဲ့သူေပါ့...
တစ္ခ်ိန္ကက်ြန္ေတာ့္ရဲ့ခ်စ္သူ...
က်ြန္ေတာ္သိပ္ခ်စ္ခဲ့ရတဲ့ gentle man ဆန္ဆန္ သာမာန္လူတစ္ေယာက္ေပါ့...
အခုေတာ့ ရက္စက္တဲ့ေျကးစားလူသတ္ Demonic ဂိုဏ္းရဲ့ေခါင္းေဆာင္ light...တဲ့ေလ...
***************************
"ငယ္...မင္းဘယ္မွာလဲ?! ငယ္! ကိုယ္ေခါ္တာျကားရလား..."
ေတာအုပ္နက္နက္ရဲ့ သစ္ပင္ေတြျကားမွာ ေကာင္ေလးတစ္ေယာက္ကို ပိုက္စိတ္တိုက္ရွာေနျကတဲ့ suit ဆင္တူဝတ္စံုေတြနဲ့လူမ်ား...
အေယာက္ ၃၀ ေက်ာ္ေလာက္ရွိမဲ့ ထိုသူေတြျကားထဲမွ ခဲေရာင္ဆံပင္ကိုသပ္တင္ထားေသာ ေခါင္းေဆာင္ျဖစ္ဟန္ဟူသည့္ လူ၏မ်က္နွာမွာ အေတာ္ေလးပ်က္ယြင္းေနေတာ့သည္...
"ငယ္...မင္းဘယ္မွာလဲ?? ကိုယ့္ကိုထားမသြားပါနဲ့...ငယ္...."
အရူးတစ္ေယာက္လို နွုတ္ခမ္းပါးမွတတြတ္တြတ္ေရရြတ္ေနေသာ သူ့ေျကာင့္ သစ္ပင္ေတြအေနာက္မွာ ပုန္းကြယ္ကာ ရပ္ေနေသာ ေကာင္ေလးမ်က္ဝန္းမွမ်က္ရည္ေတြျပည့္လာခဲ့သည္...
~ေတာင္းပန္ပါတယ္ Mr.Byun က်ြန္ေတာ္ခင္ဗ်ားနဲ့မေနခ်င္ဘူး
ပါးစပ္ကိုလက္ျဖင့္အတင္းအုပ္ကာ အသံမထြက္ေအာင္ ျကိတ္မွိတ္ေနရင္း ထိုလူေတြထြက္သြားေလာက္မည္အထင္မွ အသက္ကိုဝဝရွုရဲေတာ့သည္...
သူထြက္ေျပးလာတာ အခုဆို ညသန္းေခါင္ေတာင္ေရာက္ေနျပီ....
တစ္ေနကုန္ေျပးလြွားေနရတာေတာင္ Demonic ဂိုဏ္းပိုင္တဲ့ ျခံဧရိယာထဲကမလြတ္နိုင္ေသး...
နဲနဲပဲလိုေတာ့တယ္...
ဒီထက္ပိုျပီး နည္းနည္းပဲဆက္သြားလိုက္ရင္ Demonic ပိုင္တဲ့ဧရိယာကိုေက်ာ္ျပီ...
ျပီးရင္...ျပီးရင္ သူလြတ္ေျမာက္ေတာ့မယ္ေလ...
ပင္ပန္းနံုးခ်ိကာ အားပ်က္ေန၍ ယိုင္နဲ့ခ်င္ေနေသာကိုယ္ကို Chan မနည္းထိန္းထားရသည္...
အဆင္ေျပသြားမွာပါ....မင္းလုပ္နိုင္တယ္ Chan...
Chan ကိုယ့္ကိုကိုယ္ျပန္လည္အားေပးရင္း တစ္ဖန္ထပ္ေျပးရန္ျပင္ေတာ့ မိမိအေရွ့မွလာရပ္သည့္ ေျခေထာက္အစံုအားေတြ့လိုက္ရသည္...
"M..Mr.Byun..."
"ကိုယ့္ဆီကလြတ္ေျမာက္ျပီလို့ထင္ေနတာလား ငယ္??"
*****************************
"အားးး"
အိပ္မက္ဆိုးမွလန့္နိုးလာေသာအခါ Chan ေခ်ြးေစးေတြျပန္၍ တစ္ကိုယ္လံုးရြွဲနစ္ေနသည္...
ေဘးမွေနရာကြက္လပ္ကိုျကည့္မိေတာ့ ေအးစက္ေနတဲ့ အိပ္ယာေျကာင့္ Mr.Byun ဒီညျပန္မအိပ္တာ သိလိုက္ရသည္...
အိပ္မက္ဆိုးေတြ... အတိတ္ဆိုးေတြ...Chan ကိုအျမဲေျခာက္လွန့္ေနတဲ့ အဲ့အရိပ္ေတြက Mr.Byun ဆိုတဲ့သူ့ေျကာင့္ပဲျဖစ္လာခဲ့တာေလ...
ေျကာက္တယ္...
Mr.Byun ကိုေရာ...သူ့ရဲ့အရိပ္ဆိုးေတြကိုေရာပဲ...
*****************************
Unicode>>>
"ခိုင်းထားတဲ့ကိစ္စဆောင်ရွက်ပြီးပါပြီ Light..."
ခေါင်းညွှတ်အရိုအသေပေးကာ ပြောလာသော black suit နှင့်သူအား Baekhyun ခေါင်းငြိမ့်ပြမိသည်...
Light...
Baekhyun ကို ဂိုဏ်းသားတွေနဲ့ အိမ်တော်ကအစေခံတွေအကုန်လုံးက ဒီလိုပဲခေါ်ကြတယ်...
Demonic ဂိုဏ်းရဲ့ခေါင်းဆောင်တွေကို နာမည်တပ်ခေါ်ပိုင်ခွင့်မရှိသလို တော်ရုံဂိုဏ်းသားတွေတောင် ခေါင်းဆောင်တွေရဲ့နာမည်ကို မသိကြရဘူး...
ကြေးစားလူသတ်ဂိုဏ်းပီပီ လှိျု့ဝှက်ချက်တွေကအရမ်းများတယ်...
ဖုံးကွယ်မှုနဲ့ နှုတ်ဆိတ်ခြင်းကို သူတို့ဟာအခြေခံအဖြစ်သင်ကြားကြရတယ်...
Demonic ဂိုဏ်းသားတိုင်းဟာ Demonic ဆိုတဲ့နာမည်ပီပီ ဆိုးသွမ်းကြတယ်...ကြမ်းတမ်းခက်ထန်ကြတယ်...
ကဗျာဆန်စရာမရှိတဲ့ဘဝမှာ သူတို့လူသတ်ရင်းကျင်လည်ကြရတယ်...
သွေးစွန်းနေတဲ့ဘဝကိုလဲ ငြီးငွေ့လို့မရပြန်ဘူး...
ဘာလို့လဲဆိုတော့ အမှောင်လောကကိုဝင်လာပြီးရင်
ကိုယ်ကလူသတ်ရင်သတ် မသတ်ရင်ကိုယ့်ကိုသတ်တာခံရမှာ...
အဲ့တာကြောင့်အသေမခံချင်တဲ့အတွက် လူသတ်ဖို့လက်မရွံ့ကြတော့ဘူး...
ခေါင်းဆောင်နှစ်ယောက်ဟာလဲ ထိုနည်းတူ... စည်းကမ်းတင်းကြပ်တယ်... ရက်စက်တာထက်ပိုတဲ့နည်းလမ်းတွေကိုသုံးကြတယ်...
အရယ်အပြုံးမရှိတဲ့ ခေါင်းဆောင်Light နဲ့ နွေးထွေးကြင်နာတတ်တဲ့ ခေါင်းဆောင် k ဟာ သီးခြားရပ်တည်မှုဆိုသော်လဲ အလုပ်နဲ့ပက်သက်ရင်တော့ သွေးအေးလူသတ်သမားများသာ...
Light ကပြတ်သားတယ်...
လိုတာထက်စကားပိုမပြောဘူး ရက်စက်တယ်... သူ့မျက်နှာဟာအမြဲလိုလိုခက်ထန်နေတတ်တယ်...
အရယ်အပြုံးမရှိဘူး...
သူစကားဟာသူ့အမိန့်ပဲ...
ဒါကိုလက်မခံနိုင်တဲ့သူတိုင်းသေရမယ်...
Phoenix အိမ်တော်မှာလှောင်ပိတ်ထားတဲ့ light ရဲ့ကောင်လေးကတော့ခြွင်းချက်ပေါ့...
K...တစ်နည်းအားဖြင့် Kim kai... သူကတော့ ထင်သလောက်မခက်ထန်ဘူး ခပ်ပြုံးပြုံးဆက်ဆံတယ် အရောအနှောမရှိပေမဲ့ စကားချိုချိိုနဲ့ပဲ စည်းရုံးနိုင်တယ်...
သူ့စကားချိုချိုတွေကအသုံးမဝင်ဘူးဆိုရင်တော့ K ရဲ့ ဓားမြှောင်တွေဟာ လည်ပင်းမရွေးတတ်ဘူး...
K ကလဲ light နဲ့သိပ်မခြားလှပါဘူး...
နည်းနည်းလေးပိုစိတ်ရှည်တာကလွဲလို့ပေါ့...
K နဲ့ Light ကသာမာန်ထက်ပိုတဲ့ ရင်းနှီးမှုမျိုး...နားလည်မှုအပေးနိုင်ဆုံးပေါ့...
~ဒေါက် ဒေါက်
"Light...ကျွန်တော် Ravi ပါ..."
"ဝင်ခဲ့"
စကားအဆုံး Ravi ဝင်လာသည်...
အပျက်ပျက်အယွင်းယွင်းမျက်နှာအရ သိပ်တော့ကောင်းလှသည့်အခြေအနေမဟုတ်...
Ravi ဆိုတာက ငယ့်ကိုစောင့်ရှောက်ဖို့ Phoenix အိမ်တော်မှာထားတဲ့ သက်တော်စောင့်...
"သခင်လေးအရမ်းစိတ်တိုပြီး သောင်းကျန်းနေပါတယ် Light"
ထိုသူရဲ့စကားသံအဆုံး Light ရဲ့မျက်ခုံးများပင့်တက်သွားကာ မျက်ဝန်းနက်နက်တို့က အလိုမကျမှုကိုထုတ်ဖော်ပြလို့နေသည်...
ငယ်....သူ့ရဲ့ငယ်က ဘာတွေအလိုမကျဖြစ်ရသည်လဲ??
ပိုးမွေးသလိုမွေးကာ မင်းသားလေးတစ်ပါးလို အလိုလိုက်၍ လိုချင်တာချက်ချင်းလုပ်ဆောင်ပေးရန် မှာထားသော်လဲ ငယ်ဘာကိုအလိုမကျသည်လဲမသိနိုင်ချေ...
ခြေလှမ်းကျဲတို့က ငယ်ရှိရာအခန်းထဲသို့ ခပ်မြန်မြန်လှမ်းလာရင်း နှုတ်ခမ်းပါးအစုံဟာလဲခပ်တင်းတင်းစိထားလျက်...
အခန်းနားရောက်သည်နှင့် ငယ့်ရဲ့သောင်းကျန်းနေသော အသံတို့အား ကြားရသည်...
အနောက်မှလိုက်ပါလာသူတို့အား နေခဲ့ရန်လက်ပြလိုက်ပြီး ငယ့်အခန်းထဲဝင်လာတော့ အခန်းတစ်ခုလုံးဟာ ရစရာမရှိအောင် ပျက်ဆီးလို့နေတယ်...
ထိုအပျက်အဆီးတွေကြားမှာတော့ အလိုမကျသောမျက်ဝန်းတွေနဲ့အတူ ချစ်ရသောငယ်က သူ့ကိုစိုက်ကြည့်နေသည်...
Baekhyun အရှေ့တိုးသွားတော့ အိမ်စေတွေအကုန်အနောက်ဆုတ်သွားပြီး ငယ့်ရဲ့လက်နုနုကို အသာဆုပ်ကိုင်လိုက်သော ခေါင်းဆောင် Light...
"လွှတ်!"
ပယ်ချခြင်းခံလိုက်ရသော်လဲ မျက်နှာပင်မပျက်တဲ့ Light က ကောင်လေးရဲ့လက်ကိုတစ်ဖန်ပြန်ယူကာ သောင်းကျန်းမှုကြောင့် အနည်းငယ် ပေသွားသောလက်ကလေးကို တယုတယ သုတ်ပေးနေပြန်သည်...
"ခင်ဗျားကြီးသက်သက်လုပ်တာမလား Mr. Byun..."
"ဘာကိုလဲ ငယ်..."
"မသိချင်ယောင်ဆောင်မနေစမ်းပါနဲ့! ကျွန်တော့်ကိုအပြင်မထွက်ခိုင်းတာခင်ဗျားအမိန့်ပဲမဟုတ်လား!"
"ဟုတ်တယ် ငယ်...အပြင်မှာအန္တရာယ်တွေများလို့ ကိုယ်ငယ့်ကိုအခန်းထဲမှာပဲနေခိုင်းတာ"
"ခင်ဗျားလွန်လွန်းတယ်!Mr.Byun!"
"စိတ်ကိုလျော့ပါငယ်...အခုတော့ အနားယူလိုက်ဦး...ကိုယ်အခန်းကိုပြန်ရှင်းဖို့လူလွှတ်လိုက်မယ်နော်"
သွေးအေးစွာ ခပ်အေးအေးပြောနေတဲ့ထိုလူကြီးကို Chan ခါးခါးသီးသီးစိုက်ကြည့်နေမိသည်...
အမြဲလိုလိုဂရုမစိုက်တဲ့ပုံစံနဲ့ အဲ့လိုအေးစက်စက်အကြည့်တွေကိုမုန်းတာ...
အဲ့တင်းတင်းစိထားတဲ့နှုတ်ခမ်းပါးက ကျွန်တော့်အတွက်တော့ အမြဲ ကံဆိုးမှုတွေကိုပဲပေးတတ်တဲ့အမိန့်တွေရဲ့လားရာ...
မုန်းတယ်...
Mr.Byun...
အဲ့လူကြီးကိုကျွန်တော်မုန်းတယ်...
ကျွန်တော့်ရဲ့လွတ်လပ်ခွင့်တွေကို ကန့်သတ်ပြီး လှောင်ပိတ်ထားတဲ့သူ့ကို ကျွန်တော်မုန်းတယ်...
ဟင့်အင်းမကြိုက်ဘူး...
သူ့ရဲ့ဒီပုံစံ...လူတ်သမားဆိုတာကိုရော...ပြီးတော့ ဒီစိတ်ရှုပ်စရာကောင်းတဲ့ Phoenix အိမ်တော်...အကုန်လုံးကိုကျွန်တော် မနှစ်မြို့ဘူး...
သူ့အတ္တတွေကြား ကျွန်တော်ပိတ်လှောင်ခံမဖြစ်ချင်ဘူး...
သူ...Byun ဆိုတဲ့သူပေါ့...
တစ်ချိန်ကကျွန်တော့်ရဲ့ချစ်သူ...
ကျွန်တော်သိပ်ချစ်ခဲ့ရတဲ့ gentle man ဆန်ဆန် သာမာန်လူတစ်ယောက်ပေါ့...
အခုတော့ ရက်စက်တဲ့ကြေးစားလူသတ် Demonic ဂိုဏ်းရဲ့ခေါင်းဆောင် light...တဲ့လေ...
***************************
"ငယ်...မင်းဘယ်မှာလဲ?! ငယ်! ကိုယ်ခေါ်တာကြားရလား..."
တောအုပ်နက်နက်ရဲ့ သစ်ပင်တွေကြားမှာ ကောင်လေးတစ်ယောက်ကို ပိုက်စိတ်တိုက်ရှာနေကြတဲ့ suit ဆင်တူဝတ်စုံတွေနဲ့လူများ...
အယောက် ၃၀ ကျော်လောက်ရှိမဲ့ ထိုသူတွေကြားထဲမှ ခဲရောင်ဆံပင်ကိုသပ်တင်ထားသော ခေါင်းဆောင်ဖြစ်ဟန်ဟူသည့် လူ၏မျက်နှာမှာ အတော်လေးပျက်ယွင်းနေတော့သည်...
"ငယ်...မင်းဘယ်မှာလဲ?? ကိုယ့်ကိုထားမသွားပါနဲ့...ငယ်...."
အရူးတစ်ယောက်လို နှုတ်ခမ်းပါးမှတတွတ်တွတ်ရေရွတ်နေသော သူ့ကြောင့် သစ်ပင်တွေအနောက်မှာ ပုန်းကွယ်ကာ ရပ်နေသော ကောင်လေးမျက်ဝန်းမှမျက်ရည်တွေပြည့်လာခဲ့သည်...
~တောင်းပန်ပါတယ် Mr.Byun ကျွန်တော်ခင်ဗျားနဲ့မနေချင်ဘူး
ပါးစပ်ကိုလက်ဖြင့်အတင်းအုပ်ကာ အသံမထွက်အောင် ကြိတ်မှိတ်နေရင်း ထိုလူတွေထွက်သွားလောက်မည်အထင်မှ အသက်ကိုဝဝရှုရဲတော့သည်...
သူထွက်ပြေးလာတာ အခုဆို ညသန်းခေါင်တောင်ရောက်နေပြီ....
တစ်နေကုန်ပြေးလွှားနေရတာတောင် Demonic ဂိုဏ်းပိုင်တဲ့ ခြံဧရိယာထဲကမလွတ်နိုင်သေး...
နဲနဲပဲလိုတော့တယ်...
ဒီထက်ပိုပြီး နည်းနည်းပဲဆက်သွားလိုက်ရင် Demonic ပိုင်တဲ့ဧရိယာကိုကျော်ပြီ...
ပြီးရင်...ပြီးရင် သူလွတ်မြောက်တော့မယ်လေ...
ပင်ပန်းနုံးချိကာ အားပျက်နေ၍ ယိုင်နဲ့ချင်နေသောကိုယ်ကို Chan မနည်းထိန်းထားရသည်...
အဆင်ပြေသွားမှာပါ....မင်းလုပ်နိုင်တယ် Chan...
Chan ကိုယ့်ကိုကိုယ်ပြန်လည်အားပေးရင်း တစ်ဖန်ထပ်ပြေးရန်ပြင်တော့ မိမိအရှေ့မှလာရပ်သည့် ခြေထောက်အစုံအားတွေ့လိုက်ရသည်...
"M..Mr.Byun..."
"ကိုယ့်ဆီကလွတ်မြောက်ပြီလို့ထင်နေတာလား ငယ်??"
*****************************
"အားးး"
အိပ်မက်ဆိုးမှလန့်နိုးလာသောအခါ Chan ချေွးစေးတွေပြန်၍ တစ်ကိုယ်လုံးရွှဲနစ်နေသည်...
ဘေးမှနေရာကွက်လပ်ကိုကြည့်မိတော့ အေးစက်နေတဲ့ အိပ်ယာကြောင့် Mr.Byun ဒီညပြန်မအိပ်တာ သိလိုက်ရသည်...
အိပ်မက်ဆိုးတွေ... အတိတ်ဆိုးတွေ...Chan ကိုအမြဲခြောက်လှန့်နေတဲ့ အဲ့အရိပ်တွေက Mr.Byun ဆိုတဲ့သူ့ကြောင့်ပဲဖြစ်လာခဲ့တာလေ...
ကြောက်တယ်...
Mr.Byun ကိုရော...သူ့ရဲ့အရိပ်ဆိုးတွေကိုရောပဲ...
*****************************